Htet -Online Marketing Trainer

Htet -Online Marketing Trainer Let's share what I know💜

ကိုယ်တိုင်က​ရောင့်ရဲတာနဲ့ပျင်းတာကိုမသဲကွဲတဲ့အခါမှာပျင်း​နေတာကို ​ရောင့်ရဲတယ်လို့ထင်​နေတတ်ကြတယ်တစ်ကယ်က အမှန်တစ်ကယ် တိုးတက...
14/01/2024

ကိုယ်တိုင်က​ရောင့်ရဲတာနဲ့ပျင်းတာကိုမသဲကွဲတဲ့အခါမှာ
ပျင်း​နေတာကို ​ရောင့်ရဲတယ်လို့ထင်​နေတတ်ကြတယ်

တစ်ကယ်က
အမှန်တစ်ကယ် တိုးတက်လိုစိတ် မရှိတာက​နေပြီး
ပျင်းတာကို ​ခေါင်းစဥ်​တွေ​​လျှောက်တပ်​နေကြ​မိတာပဲ

သူများပဲလိမ်လို့ရမယ် ကိုယ့်ကိုကိုယ်လိမ်လို့မရဘူး
ပျင်းတာလား ​ရောင့်ရဲတာလား ​
ကိုယ့်ကိုကိုယ် ​​သေချာ​မေးခွန်းထုတ်ဖို့ လိုပါပြီ​နော်

စျေး​ရောင်း​ကောင်းချင်တယ် ဆိုရင်ကိုယ်တိုင်က ဝယ်သူလာဝယ်ဖို့အဆင်သင့်ဖြစ်​နေတဲ့အ​ရောင်းသမားတစ်​ယောက် အတိအကျဖြစ်​နေရပါမယ်ဘာက...
28/12/2023

စျေး​ရောင်း​ကောင်းချင်တယ် ဆိုရင်
ကိုယ်တိုင်က
ဝယ်သူလာဝယ်ဖို့အဆင်သင့်ဖြစ်​နေတဲ့အ​ရောင်းသမားတစ်​ယောက် အတိအကျဖြစ်​နေရပါမယ်
ဘာကိုဆိုလိုတာလဲဆိုရင်
၁.​ရောင်းချ​နေရမယ်
၂.​ရောင်းတဲ့ကုန်အသင့်ရှိရမယ်
၃.​ရောင်းကုန်အ​ကြောင်း​သေချာသိရှိနားလည်ထားရမယ်
၄.ဝယ်သူပြသနာ​ဖြေရှင်း​ပေးနိုင်ရမယ်
၅.အ​ကောင်းဆုံးဝန်​ဆောင်မှု​တွေ​ပေးနိုင်ဖို့အမြဲအားထုတ်​နေရပါမယ်

လူတိုင်းထီပေါက်ချင်တယ် လူတိုင်းထီမထိုးကြဘူး လူတိုင်းအောင်မြင်ချင်တယ် လူတိုင်းမကြိုးစားကြဘူးသူကကံကောင်းတာကိုး အခွင့်အရေးရ...
27/12/2023

လူတိုင်းထီပေါက်ချင်တယ် လူတိုင်းထီမထိုးကြဘူး

လူတိုင်းအောင်မြင်ချင်တယ် လူတိုင်းမကြိုးစားကြဘူး

သူကကံကောင်းတာကိုး အခွင့်အရေးရတာကိုး လို့အလွယ်တကူ​တွေးတတ်ကြတယ်
တစ်ကယ်​တော့ ကံဆိုတာအလုပ်ပါ
အခွင့်အရေးဆိုတာရှာရတာပါ ထိုင်နေရင်တော့ ဘာမှဖြစ်မလာပါဘူး

အရှုံးအမြတ်ဆိုတာ လုပ်ကြည့်မှသိတာ
တိုးတက်မှုဆိုတာ လုပ်ဖူးမှသိတာပါ

အပြေးပြိုင်ပွဲမှာ ပထမနဲ့ ဒုတိယ က ​ခြေ၁လှမ်းပဲကွာတာပါကြိုးစားမှု​​လေး တစ်လှမ်းစာအား​လျော့သွားရင် ပထမဆုနဲ့လွဲနိုင်သလို ကို...
23/12/2023

အပြေးပြိုင်ပွဲမှာ ပထမနဲ့ ဒုတိယ က ​ခြေ၁လှမ်းပဲကွာတာပါ
ကြိုးစားမှု​​လေး တစ်လှမ်းစာအား​လျော့သွားရင် ပထမဆုနဲ့လွဲနိုင်သလို ကိုယ်အပင်ပန်းခံ​ပြေးခဲ့ရတဲ့​ခြေလှမ်း​တွေကိုအားနာရင်အလွယ်တကူလက်မ​လျော့ပါနဲ့

ရောင်းအား အမြတ် တိုးတက်မှု​တွေက ကိုယ်နဲ့ပဲဆိုင်ပါတယ် - အလုပ်ကို အလုပ်နဲ့တူ​အောင်လုပ်ရပါမယ်- ဆင်​ခြေ အ​ကြောင်းပြချက်​တွေ ...
22/12/2023

ရောင်းအား အမြတ် တိုးတက်မှု​တွေက ကိုယ်နဲ့ပဲဆိုင်ပါတယ်

- အလုပ်ကို အလုပ်နဲ့တူ​အောင်လုပ်ရပါမယ်
- ဆင်​ခြေ အ​ကြောင်းပြချက်​တွေ ​ပေး​နေလို့မရပါဘူး
- အခက်အခဲ ပြသနာ​တွေကြုံမှာ ​တွေးပူ​နေလို့မရပါဘူး
- အ​ရေးကြီးဆုံးက ဖြစ်ချင်တဲ့စိတ် တစ်ကယ်ရှိ​နေဖို့ပါ ဖြစ်​တော့ဖြစ်ချင်တယ် စိတ်ပါမှ ထလုပ်မယ်ဆို တိုးတက်လာမှာမ​ဟုတ်ပါဘူး
ပို​ကြိုးစားတဲ့သူက ပို​အောင်မြင်မှာပါ

တစ်ကယ်ရချင်သူ ကြိုးစား​နေသူတိုင်းအတွက် သင်ပြ​ပေးဖို့ အသင့်ပါပဲ
03/12/2023

တစ်ကယ်ရချင်သူ
ကြိုးစား​နေသူ
တိုင်းအတွက် သင်ပြ​ပေးဖို့ အသင့်ပါပဲ

နေ​ကောင်းတာနဲ့ Team ကိုအချိန်​ပေးဖြစ်တယ် ​မေးထားတာ​လေး​တွေ ပြန်ပြီးအကြံပြု​ဆွေး​နွေး​ပေး​နေပါပြီ​နော်💜💜💜
03/12/2023

နေ​ကောင်းတာနဲ့ Team ကိုအချိန်​ပေးဖြစ်တယ် ​မေးထားတာ​လေး​တွေ ပြန်ပြီးအကြံပြု​ဆွေး​နွေး​ပေး​နေပါပြီ​နော်💜💜💜

မင်္ဂလာနံနက်ခင်း​လေးပါ ​ကောင်း​သောအရာ​တွေကို တ​နေ့တာလုံးကြုံ​တွေ့ရပါ​စေ 🙏🙏🙏ဒီ​နေ့အတွက် စကားလက်​ဆောင်​လေးအ​နေနဲ့💜💜💜💜💎Role...
01/10/2023

မင်္ဂလာနံနက်ခင်း​လေးပါ ​ကောင်း​သောအရာ​တွေကို တ​နေ့တာလုံးကြုံ​တွေ့ရပါ​စေ 🙏🙏🙏
ဒီ​နေ့အတွက် စကားလက်​ဆောင်​လေးအ​နေနဲ့💜💜💜💜

💎Role Models ထားပါ💎

ထက်တို့​တွေက တစ်ခါတစ်လေအဆင်မ​ပြေမှု​တွေကြုံတဲ့အခါမှာ
စိတ်ဓာတ်ကျတာ ၊ ယုံကြည်မှုကျဆင်းတာတွေ များ​သောအားဖြင့်ဖြစ်တတ်ကြပါတယ်
အဲ့လိုကြုံလာရတဲ့အချိန်မှာ ကိုယ်လေးစားအားကျရသူတစ်ဦးရဲ့ သူဖြတ်သန်းခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ရင်ဆိုင်​​ဖြေရှင်းပုံ​တွေ၊အားသာချက်ကိုအသုံးချပုံ​တွေကို လေ့လာခြင်းအားဖြင့် "motivation" ပိုရစေနိုင်သလို အလုပ်လုပ်ချင်တဲ့ စိတ်ကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်



အောင်မြင်တဲ့သူဖြစ်ဖို့ လိုအပ်တဲ့ အချက် [5]ချက်1 - ကိုယ်ဖြစ်ချင်တာကိုတိတိကျကျ သိအောင်လုပ်ပါ(အရမ်းအရေးကြီးပါတယ်ကိုယ်ဖြစ်ချ...
24/09/2023

အောင်မြင်တဲ့သူဖြစ်ဖို့ လိုအပ်တဲ့ အချက် [5]ချက်

1 - ကိုယ်ဖြစ်ချင်တာကိုတိတိကျကျ သိအောင်လုပ်ပါ
(အရမ်းအရေးကြီးပါတယ်ကိုယ်ဖြစ်ချင်တာကိုကိုယ်တိုင်သေချာမသိရင် ရောက်အောင်သွားနိုင်မယ့်နည်းရှာဖို့ခက်သွားတတ်ပါတယ် ဇဝေဇဝါဖြစ်မယ်လမ်းလွဲမယ်စတာတွေဖြစ်တတ်ပါတယ်
အာ့ကြောင့်ကိုယ်ဘာဖြစ်ချင်တာလဲဘာရချင်တာလဲ ဆိုတာတိတိကျကျသိအောင်လုပ်ဖို့လို့ပါတယ်)

2 - စိတ်ရှည်/သည်းခံရမယ်
(မလွယ်ပါဘူး စိတ်မရှည်တတ်လို့လမ်းတစ်ဝက်မှာရပ်သွားသူ​ေတွတစ်ပုံကြီးပါ။နောက်ပြီးအခက်အခဲ ပြသနာ ကျရှုံးတဲ့ဒဏ်တွေကိုသည်းမခံလို့ရပ်သွားသူတွေပြိုလဲသွားသူတွေလဲအနီးအနားမှာအများကြီးပါ။အဲ့တာကြောင့်ပဲ လူအနည်းစုပဲအောင်မြင်မှုဆီအရောက်သွားနိုင်တာပါ
မလွယ်ပါဘူး စိတ်ရှည်ဖို့ သည်းခံတတ်ဖို့
ဒါပင်မယ့် ကိုယ့်အောင်မြင်ရေးအတွက်လို့စိတ်ထဲမှတ်ယူပြီး ကြိုးစားလေ့ကျင့်သွားပါ)

3 - ဇွဲလုံလဝီရိယနဲ့ကြိုးစားရမယ်
(အပြည့်အဝထုတ်သုံးရမှာပါ ခနတဖြုတ် တို့ အပေါ်ယံတို့က ကိုယ့်ကိုအောင်မြင်ရေးလမ်းကြောင်းပေါ်မတင်ပေးတဲ့အပြင် စိတ်ပျက်ခြင်း အားငယ်ခြင်းတွေဖြစ်စေတတ်ပါတယ်
ကိုယ့်ရဲ့ဇွဲလုံလဝီရိယကို အပြည့်အဝအသုံးချကြည့်ပါ။)

4 - စိတ်အားထက်သန်မှုအပြည့်ရှိပါ
(လက်မလျော့တတ်တဲ့သူဖြစ်ရပါမယ်
ကိုယ့်ရဲ့စိတ်အားထက်သန်မှုအလိုက်ကိုယ့်ပန်းတိုင်ကိုမြန်မြန်ရောက်ဖို့ နည်းလမ်းတွေ့ဖို့ကိုသူကအများကြီးအရေးပါပါတယ်)

5 - ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပါ

(ကိုယ့်ကိုကိုယ်ယုံကြည်တဲ့သူက 50% အောင်မြင်နေပြီ ကိုယ့်ကိုကိုယ်မယုံတဲ့သူကတော့ 100%ကျရှုံးဖို့သေချာသလောက်ပါပဲ)


နေ့တစ်​နေမှာ ​ရောင်းချခြင်း​တွေနဲ့မစတင်ပဲ အလုပ်လုပ်ခြင်းနဲ့စတင်​ပေးပါ ​ရောင်း​ကောင်းခြင်း​တွေ​ရောက်ရှိလာပါလိမ့်မယ် ​​   ...
19/08/2023

နေ့တစ်​နေမှာ ​ရောင်းချခြင်း​တွေနဲ့မစတင်ပဲ အလုပ်လုပ်ခြင်းနဲ့စတင်​ပေးပါ ​ရောင်း​ကောင်းခြင်း​တွေ​ရောက်ရှိလာပါလိမ့်မယ် ​​
​ရောင်း​ကောင်းချင်ရုံမဟုတ်ပဲအလုပ်လုပ်ချင်စိတ်အပြည့်နဲ့ ​နေ့ရက်တိုင်းဖြတ်သန်းရပါမယ်
လူ​တွေကို ​ဖော်​ရွေပြူငှာစွာ ဆက်ဆံရပါမယ် ​စျေး​ရောင်း​ကောင်း​ချင်သူရဲ့ မရှိမဖြစ်လိုတဲ့အရာက ​ဖော်​ရွေမှုပါပဲ
အမြဲမပြတ်​လေ့လာသင်ယူ​နေရပါမယ် ​အ​ခြေအ​နေ အချိန်အခါ​တွေ ​ခေတ်​တွေ ​ပြောင်းလဲတိုးတက်လာတာနဲ့အမျှ ကိုယ်ပါလိုက်ပါတိုးတတ်ခြင်တယ်ဆို သင်ယူမှုအမြဲရှိ​နေပါ​စေ
အ​ရေးကြီးဆုံးအ​နေအထား လက်​တွေ့အသုံးချ လုပ်​ဆောင်တတ်ပါ​စေ သိတယ်မလုပ်ဘူးဆို ​သေချာတယ် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး အခုကစ သိထားသမျှ သင်ယူ​လေ့လာထားသမျှ​တွေကို ဆက်တိုက်လုပ်​ဆောင်​ပေးပါ
အချိန်ကို​ကောင်းစွာအသုံးချတတ်ဖို့ အချိန်စီမံခန့်ခွဲမှု သင်တန်း​တွေတတ် အချိန်ဇယား​တွေဆွဲပြီး အတိအကျမလုပ်နိုင်​သေးဘူးဆိုရင်​တောင် လက်ရှိအချိန်ကစ ကိုယ့်အကျိုးရှိမယ့်အရာကို အချိန်ပို​ပေးပါ စိတ်ကူး​ပေါ်ရာ လက်​တွေ့ချလုပ်ပါ ပျင်းရိ​ရှောင်ဖယ်​တွေ​ဝေ​ငေးငိုင်​နေတာ​တွေရပ်လိုက်ပါ

*****Onlineစလုပ်မယ့်သူ​လေး​တွေအတွက်*****ပထမရက်မှာ ​​ပြောခဲ့တဲ့ စိတ်ခံယူချက်​​တွေ ပြင်ပြီးပြီဆိုရင် အလုပ်​တွေကို ယုံကြည်ခ...
18/08/2023

*****Onlineစလုပ်မယ့်သူ​လေး​တွေအတွက်*****

ပထမရက်မှာ ​​ပြောခဲ့တဲ့ စိတ်ခံယူချက်​​တွေ ပြင်ပြီးပြီဆိုရင် အလုပ်​တွေကို ယုံကြည်ချက်အပြည့်​နဲ့ ဆက်တိုက်လုပ်သွားရမယ်​နော်
ဒီ​နေ့လုပ်ရမှာ​တွေမ​ပြောခင် ကြုံရမယ့် အခက်အခဲ​လေး​တွေကို အရင်​ပြောပြချင်ပါတယ် ​သေချာတာက​တော့ ဘယ်သူမှစစချင်း ရောင်း​ကောင်းတဲ့အ​နေအထားတန်းမရပါဘူး

- စိတ်အားမငယ်ပါနဲ့
အ​ရောင်းပို့စ်​တွေတင်တာနဲ့ fri​တွေက​ရှောင်ဖယ်တာ​တွေ အထင်​သေးတတ်ကြတာ​တွေရှိတတ်တယ် အရင်​လောက်likeမရတာ ment​တွေမရ​တော့တာမျိုး​တွေရှိလာနိုင်တယ် စိတ်မ​ကောင်းမဖြစ်ပါနဲ့ ​ကောင်းတဲ့ဘက်က​တွေးရင် ကိုယ်​စျေး​ရောင်း​နေတာ အနည်းဆုံး​တော့ သူတို့သတိထားမိသွားပြီ​လေ ​နောက်ပြီးကိုယ်က အရင်လိုpersonal accမဟုတ်​တော့ပဲbusiness accဖြစ်လာတာမို့အဓိကအရာကlikeထပ် cbမှာ orderတက်ဖို့ပါ

- ​အကျိုးအမြတ်နည်းခြင်း
စစလုပ်ချင်းမှာ အရင်းအနှီးနည်းလို့ အနည်းငယ်ပဲရင်းနိုင်လို့ဖြစ်​စေ ဝယ်လိုအားမမှန်းတတ်လို့ အများမရင်းဖြစ်​သေးသည်ဖြစ်​စေ အ​ခြေအ​နေအချိန်အခါအရ တန်ဆာခ​တွေများလို့ဖြစ်​စေ အကျိုးအမြတ်အပြည့်အဝမရတာ​တွေကြုံရပါတယ် ၁၀ဘူးပဲရင်းနိုင်တဲ့အ​နေအထားမှာ ဘူး ၅၀ ဘူး၁၀၀ leavel up နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပါ ဒီအဆင့်မှာ တခါတ​လေ အမြတ်ထဲကပါသွားတာ ဝယ်သူကိုမိတ်ရ​စေဖို့freeပို့​ပေးရတာ​တွေရှိပါတယ် အမြတ်တစ်ခုထဲမကြည့်ပဲ ရင်းနှီးမြုပ်နှံတယ်လို့သ​ဘောထား​​ပေးပါ

- Deliခက်ခဲခြင်း
ကိုယ်ကအစမို့ way အပ်တာနည်းလို့ ကိုယ်တိုင်မပို့နိုင်လို့ အခက်အခဲ​တွေရှိတတ်ပါတယ် အကြံ​ပေးချင်တာက ကိုယ်​နေတဲ့​နေရာအနီးက deli service ၂ခု​လောက်ချိတ်ဆက်ထားပါ နယ်မြို့​တွေဆို စာတိုက် နဲ့ကားဂိတ် ​တွေစုံစမ်းထားသင့်တယ်
- အဓိက အချက်၁ခုက ဝယ်သူ​မေးလာတဲ့​မေးခွန်း​တွေ ချက်ကျကျ​​ဖြေတတ်ဖို့ သူတို့ပြသနာ​တွေ​ဖြေရှင်း​ပေးနိုင်ဖို့ ကိုယ်​ရောင်းတဲ့productရဲ့ အ​ကြောင်း အားသာချက်အားနည်းချက်​တွေ ​လေ့လာထားဖို့လိုပါတယ် ဝယ်သူက​မေးလာမှ leaderကိုပြန်​မေးလို့မရဘူးလားဆို​လာရင် ​မေးလို့ရပါတယ် ဒါပင်မယ့်အဲ့အကျင့်ကို​ဖျောက်ပြီး ကိုယ်တိုင်​ဖြေရှင်းနိုင်​အောင် ​လေ့ကျင့်ယူပါ

အခက်အခဲ​တွေအများကြီးရှိတဲ့ထဲက စလုပ်လုပ်ချင်းမှာကြုံရနိုင်တဲ့အခက်အခဲ​တွေပါ ဒီအဆင့်​တွေ​ကျော်နိုင်လာရင် ​​တိုးတက်ဖို့လမ်းစ​တွေ့ပါပြီ

စိတ်ခံယူချက်နဲ့စိတ်စွမ်းအင်  ဒီ​နေ့ပြောပြချင်တဲ့အ​ကြောင်းအရာက​တော့ စိတ်ခံယူချက်ပါ ဟုတ်ပါတယ် ကျမတို့​တွေခံယူချက်​တွေမတူလိ...
17/08/2023

စိတ်ခံယူချက်နဲ့စိတ်စွမ်းအင်
ဒီ​နေ့ပြောပြချင်တဲ့အ​ကြောင်းအရာက​တော့ စိတ်ခံယူချက်ပါ ဟုတ်ပါတယ် ကျမတို့​တွေခံယူချက်​တွေမတူလို့ရလာဒ်​တွေမတူကြတာပါ ဘယ်လိုမျိုးလဲဆိုရင် ကျမတို့သည် online shop ဖြစ်​စေ online business ဖြစ်​စေ စလုပ်ပြီဆိုကြပါစို့ ကိုယ်တိုင်က ကိုယ်ကိုယ့်ကို ကိုယ်လုပ်မယ့်အလုပ်ကို အပြည့်အဝယုံကြည်ပြီး အ​ကောင်းဆုံးလုပ်နိုင်ရမယ်လို့ ခံယူချက်ပြတ်သားဖို့လိုပါတယ် ကိုယ်တိုင်က ဖြစ်ပလား ​ကြောက်စိတ်နဲ့သွားလို့မရသလို ဖိအား​တွေနဲ့ လုပ်​နေလို့မရပါဘူး ဒါ​ကြောင့်ခံယူချက်ပြတ်သားပါ ဒီအလုပ်အ​ပေါ် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိ​​လျှောက်လှမ်းပါ
စိတ်စွမ်းအင်လို့​ပြောလို့ အရမ်းပိုတဲ့မထင်ပါနဲ့ တစ်ကယ်​ရှိကိုရှိပါတယ်ကိုယ့်ကိုယ် ​ဖော်​ဆောင်​ပေး​နေတာက ကိုယ့်ရဲ့စိတ်စွမ်းအင်ပါ ။အတွင်းကလာတဲ့ဒီစွမ်းအင်ကပဲ ​ကောင်းတဲ့အရာ​တွေ​တွေးကောင်းတဲ့အရာ​တွေလုပ်ပြီး ​ကောင်းတဲ့ရလာဒ်​တွေဆက်တိုက်ရလာ​အောင် လုပ်​ဆောင်​ပေးပါလိမ့်မယ်

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Htet -Online Marketing Trainer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share