Shwe Wutt Yone Garment & Silk Screen Printing

Shwe Wutt Yone Garment &  Silk Screen Printing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Wutt Yone Garment & Silk Screen Printing, Business service, Yangon.

📢၀န်ထမ်းအလိုရှိပါသည်📢Marketing မ ၅ ဦးပါ🍀လစာ 250000🍀ရက်မှန်ကြေး 20000🍀%ခံစားခွင့်ရှိ🔹️အလုပ်ချိန် မနက် 9:00 မှ ညနေ 5:00 ထ...
28/11/2023

📢၀န်ထမ်းအလိုရှိပါသည်📢

Marketing မ ၅ ဦးပါ
🍀လစာ 250000
🍀ရက်မှန်ကြေး 20000
🍀%ခံစားခွင့်ရှိ

🔹️အလုပ်ချိန် မနက် 9:00 မှ ညနေ 5:00 ထိ

🔹️တနင်္ဂနွေနေ့တိုင်းအလုပ်ပိတ်ရက်ပါ။

🔹️အသက်၁၈ နှစ် မှ၂၈ နှစ် အတွင်း

🔹️အနိမ့်ဆုံးပညာအရည်အချင်း ၁၀တန်း ဆိုလည်းလာလျှောက်နိုင်ပါတယ်။

🔹️Marketing အတွေ့အကြုံရှိသူဆိုပိုအဆင်ပြေပါမယ်။

အထည်ချုပ် နှင့် တံဆိပ်ရိုက်လုပ်ငန်းအတွက် marketing ၀န်ထမ်းခေါ်တာပါ။

စိတ်၀င်စားလျှင် 09961818402 သို့ viberမှတဆင့်မေးပေးပါရှင့်။

သာကေတမှာအလုပ်ဆင်းရမှာပါ။

Messengerနဲ့ယခုpostအောက်မှာမမေးပါနဲ့နော်။တစ်ခါတစ်ရံမှfbသုံးလို့ပါ😊✌️

📢 ၀န်ထမ်းအလိုရှိပါသည် 📢အထည်ချုပ်လုပ်ငန်းအတွက် Marketing ၀န်ထမ်းခေါ်တာပါ။ Marketing မ (၃) ဦးပါ။သာကေတမှာအလုပ်ဆင်းရမှာပါ။✅...
10/05/2023

📢 ၀န်ထမ်းအလိုရှိပါသည် 📢

အထည်ချုပ်လုပ်ငန်းအတွက် Marketing ၀န်ထမ်းခေါ်တာပါ။ Marketing မ (၃) ဦးပါ။

သာကေတမှာအလုပ်ဆင်းရမှာပါ။

✅ တစ်ရက် 7500 (နေ့စား လရှင်းပါ)

✅ ရက်မှန်ကြေး 20000

✅ ကော်မရှင် ခံစားခွင့်ရှိ

အသက် ၁၈ နှစ် မှ ၃၀ နှစ် အတွင်း

အနိမ့်ဆုံးပညာအရည်အချင်း ၁၀ တန်း လောက်ဆိုလည်းလာလျှောက်နိုင်ပါတယ်။

စိတ်၀င်စားလျှင် 09961818402 သို့ Viber မှ တဆင့်မေးပေးပါရှင့်။

#အလုပ်အကိုင်
#ဝန်ထမ်းအလိုရှိသည်

#အထည်ချုပ်

ကောင်းကြွယ်မိသားစု စီးပွားပွင့်လန်းလို့ဆိုင်ခွဲ​ပေါင်းများစွာဖွင့်လှစ်နိုင်ပါ​စေ🙏🙏🙏လုပ်ငန်းအပ်နှံမှုအတွက်လည်း အထူးကျေးဇူ...
18/01/2023

ကောင်းကြွယ်မိသားစု စီးပွားပွင့်လန်းလို့
ဆိုင်ခွဲ​ပေါင်းများစွာဖွင့်လှစ်နိုင်ပါ​စေ🙏🙏🙏

လုပ်ငန်းအပ်နှံမှုအတွက်လည်း အထူးကျေးဇူးတင်ပါတယ်ရှင့်🥰😍

🥰အထည် ၁၅၀🥰

လုပ်ငန်းရှင်ကြီးများအတွက် ၀န်ထမ်းတွေ၀တ်ဖို့ပဲဖြစ်ဖြစ်၊ Customerများကိုလက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် စျေးသင့်သော အသားလေးပေါ့န...
10/01/2023

လုပ်ငန်းရှင်ကြီးများအတွက် ၀န်ထမ်းတွေ၀တ်ဖို့ပဲဖြစ်ဖြစ်၊ Customerများကိုလက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် စျေးသင့်သော အသားလေးပေါ့နော်။
"ချည်နိုင်လွန်ရောအသားလေးပါ"

PPP uPVC PIPE Co., အားအထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လုပ်ငန်းများလည်း ဆထက်ထမ်းပိုးအောင်မြင်မှုများစွာရရှိပိုင်ဆိုင်နိုင်ပါစေရှင့်🙏🙏🙏

02/01/2023

#အထည်ချုပ်နှင့်တံဆိပ်ရိုက်လုပ်ငန်းအတွက်


(မ) ဝန်ထမ်း ၅ ဦး အလိုရှိသည်
အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း

မိမိအလုပ်ပေါ်စိတ်ဝင်စား၍ ဖုန်းပြောကျွမ်းကျင်ပြီး ကားမမူးတတ်သူ(Marketing ဖြစ်သည့်အတွက်အပြင်သွားလာနိုင်ရမည်။)

ပညာအရည်အချင်းအနိမ့်ဆုံး ၁၀ တန်း။
ကျောင်းမတတ်သူဦးစားပေးမည်။

လစာ 170000
ရက်မှန်ကြေး 20000
မိမိရသောအလုပ်၀င်ငွေ၏ 1%အကျိုးခံစားခွင့်ရှိသည်။

တပတ် 1 ရက် ပိတ်သည်။(Sunday)

အလုပ်ကြိုးစား၍တာ၀န်ကျေဂရုစိုက်မှုပေါ်မူတည်ပြီး ၃လပြည့်လျှင်လစာတိုးပေးမည်။
၆လအနည်းဆုံးအလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။

အလုပ်ချိန် 8:30 am to 5:30

ဆက်သွယ်ရန်
09 961818402 (or) cb / viber သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

#အလုပ်ရှာမယ်ဝန်ထမ်းခေါ်မယ်
#ဝန်ဆောင်မှုလုပ်ငန်းများ
#အထည်ချုပ်

31/12/2022

🎉Happy New Year & Welcome 2023🎉

🎉၂၀၂၃ နှစ်သစ်ဆုတောင်း 🎉

၂၀၂၃ နှစ် သစ်မှာ ချစ်ရသော customer များ အားလုံး ကပ်ကြီးသုံးပါးဘေးမှကင်းဝေးပြီး ကိုယ်​၏ကျန်းမာခြင်း၊စိတ်၏ချမ်းသာခြင်းများနဲ့ ပြည့်စုံ ပြီး စီးပွား လာဘ်လာဘများဆထပ်တပိုး တိုးတက်ပြီး လုပ်ငန်းများ အားလုံး အောင်မြင်ကြပါစေ​ ကြောင်း Shwe Wutt Yone မိသားစု မှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ရှင့်။

ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေရှင့်🎉🎉🎉

ကန့်လန့်တိုက်ကြစို့😁👍
28/12/2022

ကန့်လန့်တိုက်ကြစို့😁👍

*🎼 နားကြပ် ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

ဈေးကွက်မှာ ရှိတဲ့ နားကြပ်တိုင်းလိုလိုက အမည်းရောင်ဖြစ်နေချိန်တုန်းက Apple ကုမ္မဏီကနေ အဖြူရောင်ကြိုးနဲ့နားကြပ်တွေထွက်လာတာ မှတ်မိသေးတယ်။ အဖြူရောင် နားကြပ်တပ်ထားတော့ လူတွေ သတိထားမိတာပေါ့။ အနည်းဆုံးတော့ စက္ကန့်(၃၀) လောက် ကြည့်မိတာပေါ့။ နည်းပညာလဲကောင်းသလို၊ ဒီဇိုင်းကလဲ လှတာကြောင့် သတိထားမိနိုင်တဲ့စက္ကန့်ပိုင်းပဲလေ။ တကယ်တော့ အဖြူရောင်ဖြစ်နေတာကိုက .. အဲဒီ စက္ကန့်ပိုင်းလေးရဲ့ အသက်။

အာရုံစိုက်စေတဲ့အရာပေါ့။ အများနဲ့မတူဘူးလေ။

နားကြပ်ဆိုတာ ပုံမှန်အားဖြင့် အမည်းပဲ။ ဒါက အဲဒီအချိန်တုန်းက သမားရိုးကျအမြင်တစ်ခု၊
အဖြူ လုပ်လိုက်တော့ .. သမားရိုးကျ ကို ကန့်လန့်တိုက်တာပဲ။

*💻Software ဖြင့် သမားရိုးကျကို ကန့်လန့်တိုက်ခြင်း

ဆော့ဝဲ ဆိုတာ အရင်တုန်းက ပုဒ်ပြတ်ရောင်းတာ။ ကုမ္မဏီလုပ်ငန်းတစ်ခုကိုရေးဆွဲပေးပြီး ဈေးကြီးကြီးနဲ့ တစ်ခါတည်း ရောင်းလိုက်တာ။ တစ်ချိန်မှာ Saleforce က ဆော့ဝဲကို ဈေးသက်သက်သာသာထားပြီး လစဉ်ကြေး နဲ့လုပ်ပစ်လိုက်တယ်။ SaaS ပေါ့။ Software as a Service ဆိုပြီး လစဉ်ကြေးနဲ့သူ့ဆော့ဝဲကို ပေးသုံးတယ်။ နှစ်ဦးနှစ်ဘက်အဆင်ပြေပေါ့။ လစဉ်ကြေးသက်သက်သာသာနဲ့ကုမ္မဏီလုပ်ငန်းကြီးတွေသာသုံးနိုင်တဲ့ နည်းပညာကို လစဉ်ကြေးနဲ့အသုံးပြုလို့ရတော့ လုပ်ငန်းငယ်တွေအတွက် အဆင်ပြေတော့ အသုံးပြုသူများလာတယ်။ အခု အဲဒီ လုပ်ငန်းက ဘီလီယံနဲ့ချီတဲ့လုပ်ငန်းဖြစ်နေပြီ။ ပုံသေဈေးနဲ့ ရောင်းနေကျ သမားရိုးကျ ကို လစဉ်ကြေး နဲ့ကန့်လန့်တိုက်တာပဲ။

*💡 ​​စျေးကွက်ထဲမှာ အသားကျနေတဲ့ သမားရိုးကျအမြင် တွေရှိတယ်။

အဲဒီ သမားရိုးကျအမြင် တွေကို ကန့်လန့်တိုက်ပြီး အမြင်သစ်တစ်ခုနဲ့ ဈေးကွက်ဝင်ကြည့်ပါ။

*🥣 စားသောက်ဆိုင်

ထမင်းဆိုင်ဆိုတာ ပန်းကန် နဲ့ရောင်းရမယ်ဆိုတဲ့ သမားရိုးကျ ကို ဇလုံ နဲ့ရောင်းပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။
တစ်ခါပြင် ဆိုတဲ့ သမားရိုးကျအိုင်ဒီယာ ကို အဝစား ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။
တစ်ပွဲမှာတစ်ပွဲရှင်း ဆိုတဲ့ သမားရိုးကျ ကို ဘူဖေး (မမှာလဲအကုန်ရှင်း) ဆိုပြီး ကန့်လန့်တိုက်ခဲ့ကြတယ်။

*👕ဖက်ရှင်စတိုးဆိုင်

အရင်တုန်းက စတိုးဆိုင်တွေမှာ အဝတ်အထည် တွေကို ဗွီဒို ထဲမှာ ခေါက်ထည့်ပြထားပြီးရောင်းတာ၊ စမ်းဝတ်ကြည့်ချင်ရင် ခွင့်တောင်းရတယ်။ စမ်းဝတ်ဖို့ခွင့်တောင်းရတယ်။ စမ်းဝတ်ပြီးလို့မဝယ်ပဲ ထွက်သွားရင် ပြောခံရသေးတယ်။
ယနေ့ခေတ်မှာ... အဝတ်ထည်တွေကို အပြင်မှာ ဖြန့်ချိတ်ထားပြီး တစ်ထည်ပြီးတစ်ထည်ဝတ်ကြည့် ခိုင်းထားတယ်။ အကုန်ဝတ်ကြည့်ပြီး မဝယ်ပဲထွက်သွားလဲ ဆိုင်ရှင်က အေးဆေးပဲ။
သမားရိုးကျ ကို အဲ့လို ကန့်လန့်တိုက်ခဲ့ကြတာ။

*🃏ဖုန်းဆိုင်

အရင်က ဖုန်းဆိုင်တွေမှာ ဖုန်းတွေကို မှန်ကောင်တာထဲမှာ ထဲ့ထားတာ၊ အပြင်က ပဲရှိုး၊ ကြည့်ချင် ကိုင်ချင်ရင် ခွင့်တောင်း ၊ ဆိုင်ရှင်က ထုတ်ပြပြီး ခွင့်ပြုတော့မှ ထိခွင့်ကိုင်ခွင့်ရတာ၊ ခွင့်မတောင်းပဲ စိတ်ကြိုက် ကောင်တာထဲလက်နိုင်ပြီး ကိုင်ကြည့်လို့မရဘူး။ ပွတ်ကြည့်လို့မရဘူး။

နောက်တော့ apple ကုမ္မဏီက ဖုန်းနမူနာကို စားပွဲပေါ်တင်ပေးထားတယ်၊ ကိုင်ကြည့်ချင် ကြည့်၊ ပွတ်ကြည့်ချင်ကြည့်၊ ကလိချင်တာကလိ၊ အိမ်တော့ယူမသွားနဲ့ ကြိုးနဲ့ချိတ်ထားတယ်။
အဲဒီလို သမားရိုးကျ အမြင်တစ်ခုကို ကန့်လန့်တိုက်တာ။

*🍣မုန့်ဆိုင်

မုန့်စားချင်ရင် အရင်ဝယ်ပေါ့၊ မဝယ်သေးပဲနဲ့စားချင်လို့မရဘူး၊ ဒါက သမားရိုးကျ အမြင်။
ထိုးမုန့်ဆိုင်တစ်ဆိုင်က အဲဒီ သမားရိုးကျ ကို ကန့်လန့်တိုက်ပစ်လိုက်တယ်။
မဝယ်သေးလဲ စားကြည့် ၊ စားကြည့်ပြီး မဝယ်ပဲ ခန့်တည်တည် နဲ့ပြန်ထွက်လာလဲ ဘာမှမဖြစ်ဘူး။ အဝစားတော့ မတွယ်နဲ့ပေါ့ဗျာ။ ( ကျွန်တော်ဆို မန်းလေး တက္ကသိုလ်တက်တုန်းက ငွေပြတ်ပြီးထမင်းသာငတ်ချင်ငတ်မယ်၊ ထိုးမုန့်တော့ ဘယ်တုန်းကမှ မငတ်ခဲ့ဘူး၊ အဲဒီ ထိုးမုန့်ဆိုင်ကိုသိပ်ကျေးဇူးတင်တာ 😁 ကြုံလို့ရင်ဖွင့်တာပါ။ )

လုပ်ငန်းတိုင်းမှာ သမားရိုးကျ အမြင် ဆိုတာ ရှိကြတယ်။

သမားရိုးကျ အမြင် ဆိုတာရှိရင် … ကန့်လန့်တိုက်စရာ ဆိုတာ ရှိတယ်။

✨ဒါကြောင့် လုပ်ငန်းတိုင်း မှာ ကန့်လန့်တိုက် စရာတွေရှိတယ်။

ဆေးဆိုင်လား .. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။
ကုန်မာဆိုင်လား.. ကန့်လန့်တိုက်စရာတွေအများကြီးပဲ။
ဖက်ရှင်ဆိုင်လား …
စာသင်ကျောင်းလား ..
အလှကုန်ဆိုင်လား…
ဆေးရုံလား…
ထုတ်ကုန်လား…
ဝန်ဆောင်မှုလား….

လုပ်ငန်းတိုင်းမှာ သမားရိုးကျ အမြင် တစ်ခု ကို ကန့်လန့်တိုက်စရာရှိတယ်။

ကန့်လန့်တိုက်တော့ ဘာဖြစ်လဲဆိုရင်.. ပြောစရာဖြစ်တာပေါ့။
ပြောစရာဖြစ်ကတည်းက .. ကြော်ငြာသလိုဖြစ်နေပြီ။
ကြော်ငြာတစ်ခုက..လူအများပြောကြတော့ .. ပြန့်တာပေါ့။
ပြန့်တော့ … ပေါက်တာပေါ့။

ပေါက်တယ် .. ဆိုတာ စီးပွားရေးလုပ်သူတိုင်း ကြိုက်တာပဲ။ ရောင်းကောင်းလာတာကိုး။

ဒီလို .. ပေါက်ချင်လို့ပဲ ငွေတွေ သိန်းချီကုန်ခံပြီး ကြော်ငြာနေကြ၊ မားကက်တင်းလုပ်နေကြတာလေ။ ခုဟာက ကြော်ငြာစရာမလိုပဲ ပေါက်တာလေ။

အခုဟာက ကြော်ငြာစရာမလိုတော့ ငွေမကုန်ပဲ .. မားကက်တင်းဆင်းတဲ့နည်း။ အရင်ဆောင်းပါးတွေမှာ ပြောခဲ့တယ်..
“မရောင်းပါနဲ့ …. ဝယ်စေပါ”… လို့။
ပြီးတော့ " မကြော်ငြာ နဲ့.. ပြန့်နှံ့ စေပါ" .. လို့။

ပြန့်နှံ့ခြင်း ဆိုတာ မားကက်တင်း ရဲ့Key ပဲ။

ပြန့်နှံ့စေတဲ့ နည်းလမ်းတစ်ခု က .. စီးပွားရေးလုပ်ငန်းရဲ့သမားရိုးကျအမြင်တစ်ခုကို ကန့်လန့်တိုက်တဲ့ နည်းပဲ.. ငွေမကုန်ပဲ ပေါက် တဲ့နည်းပေါ့။

“ဗျို့.. ကိုမာသင် .. ငွေမကုန်ပဲ ဘယ်လိုမားကက်တင်း လုပ်မတုန်း” လို့ဆိုရင် … စာဖတ်သူတိုင်းက ဒီဆောင်းပါးကို သမားရိုးကျ တစ်ခေါက်ပဲ ဖတ်ကြတာ.. ကိုယ်က သမားရိုးကျကို ကန့်လန့်တိုက်ပြီး အစဆုံး နှစ်ခေါက်ပြန်ဖတ်ကြည့်ပေါ့။

ပြီးရင်..
ကိုယ့်လုပ်ငန်းရဲ့သမားရိုးကျ တွေကို တစ်ခုပြီးတစ်ခု စဉ်းစားပြီး ချရေး၊ အဲဒီ သမားရိုးကျ တွေကို တစ်ခု ပြီး တစ်ခု ကန့်လန့် တိုက် ကြည့်ပေတော့။

ပုံမှန်အားဖြင့် ကျွန်တော့် အကြံဉာဏ်လေးတစ်ခု ကြောင့် အဆင်ပြေသွားကြသူတွေက ကျွန်တော့်ကို ကျေးဇူးတင်ပြီး စားစရာမုန့်တွေ ၊ လက်ဆောင်တွေ .. ပို့ပေးလေ့မရှိဘူး၊ ပို့ကို မပို့တာ ..ပေးကို မပေးတာ..
ကိုယ်က အဲဒီသမားရိုးကျ ကို ကန့်လန့်တိုက်ပြီး .. အင်း. .. ဘာတွေလုပ်ချင်တုန်းဗျ.. ။ 😀

အဖြေရရင် .. အောက်မှာမန့်ခဲ့လိုက်တော့ဗျာ။ ။ 😀
-
-
အင်းပါ.. ပို့ချင်လဲ... ပို့ပါ၊ ပေးချင်လဲ ပေးပါ။
သိပ်တော့ မများစေနဲ့၊ လက်ဆောင်ဆိုလဲ မကြီးစေနဲ့ .. လို့ပြောပါရစေ၊ ကျွန်တော့်အပြောကို ကန့် လန့်တိုက်ချင်လဲ တိုက်ဗျာ..
-
-
.ဪ .. ခက်ပြီ.. မကြီးစေနဲ့၊ မများပါစေ နဲ့ဆို ... ..ကဲ ကဲ .. ကန့်လန့်တိုက်ချင်လဲ တိုက်.. တိုက်။ ။ 😁😂

#မာသင်

😍ပိတ်စအကြောင်းလေးရှင်းပြမယ်😍🛑203 (အားကစား တီရှပ်ပိတ်) 🛑100% polyester ဖြစ်ပြီး စျေးနှုန်းနဲ့ quality ပေါ်ရွေးချယ်လို့ရအေ...
27/12/2022

😍ပိတ်စအကြောင်းလေးရှင်းပြမယ်😍

🛑203 (အားကစား တီရှပ်ပိတ်) 🛑

100% polyester ဖြစ်ပြီး စျေးနှုန်းနဲ့ quality ပေါ်ရွေးချယ်လို့ရအောင် 203 ရိုးရိုး နဲ့ 203 G-1(Grade one) ဆိုပြီး ၂မျိုး ရွေးချယ်နိုင်ပါတယ်။

203 G1 က အသားကိုင်ကြည့်ရင် ပိုနူးညံ့ပြီး ပိုပြောင်ပိုတောက်ပိုလည်းထူပါတယ်။

Sport Type ချုပ်မည့်သူများ အတွက် သင့်တော်ပါတယ်။

အဖြူနဲ့ အရောင်အနုတွေပေါ်မှာ Sublimation Printing လည်းရိုက်လို့ရပါတယ်။

🛑205 (နိုင်လွန်အသား)🛑

205မှာတော့ 205ရိုးရိုးနဲ့ 205 G1(G1=Grade one)ဆိုပြီး အသားနှစ်မျိုးရွေးချယ်နိုင်ပါသေးတယ်.........customer တွေ တွက်ရတဲ့စျေးနှုန်းနဲ့ qualityပေါ်မှာရွေးချယ်လို့ရအောင် ဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်။

205 ရိုးရိုးနဲ့ 205 G1 ရဲ့ အဓိက ခြားနားချက် အသားကိုင်ကြည့်ရင်ပိုနူးညံ့ပြီး ပိုပြောင်ပိုတောက်ပါတယ်။205 G1ကတော့ အသားလည်း ပိုထူတယ်ခံစားရစေပါတယ်ရှင့်။

အဖြူနဲ့ အရောင်အနုတွေပေါ်မှာ Sublimation Printing လည်းရိုက်လို့ရပါတယ်။

🛑S ဂွင်း (တီရှပ် ပိတ်သား) 🛑

ချည်နဲ့နိုင်လွန်အနည်းငယ်ရောသောအသားလေးပါ။
တီရှပ်အတွက်စျေးသက်သက်သာသာနဲ့ချုပ်မည့်သူများအတွက်သင့်​တော်ပါသည်။

အဖြူနဲ့ အရောင်အနုတွေပေါ်မှာ Sublimation Printing လည်းရိုက်လို့ရပါတယ်။

🛑CVC (တီရှပ် ပိတ်သား) 🛑

ချည်ပါဝင်ပြီး အသားအေးအေး ​စျေးပုံမှန် တီရှပ်ပိတ်သား အသုံးပြုချင်သူများ အတွက် သင့်တော်ပါတယ်ရှင့်။

🛑Com-30 (တီရှပ် ပိတ်သား)🛑

100% ချည်သား တီရှပ်ပိတ်သား အသုံးပြုချင်သူများ အတွက် သင့်တော်ပါတယ်ရှင့်။

🛑PK2 (ပိုလိုပိတ်သား)🛑

100% polyester တရုတ်နိုင်ငံထုတ်ပိတ်သား အမျိုးအစား ဖြစ်ပါသည်။

ပိုလိုအတွက်စျေးသက်သာသည့် ပိတ်သား အသုံး
ပြုချင်သည့် သူများအတွက်သင့်​တော်ပါသည်။

အဖြူနဲ့ အရောင်အနုတွေပေါ်မှာ Sublimation Printing လည်းရိုက်လို့ရပါတယ်။

🛑TK (ပိုလိုပိတ်သား)🛑

100% polyester ယိုးဒယားနိုင်ငံထုတ် အမျိုးအစား ဖြစ်ပါသည်။

ပိုလိုအတွက်စျေးသက်သာပြီး ယိုးဒယား ပိတ်သား အသုံးပြုချင်သည့် သူများအတွက်သင့်​တော်ပါသည်။

အဖြူနဲ့ အရောင်အနုတွေပေါ်မှာ Sublimation Printing လည်းရိုက်လို့ရပါတယ်။

🛑CPK G-1(ပိုလိုပိတ်သား)🛑

ချည် ပါဝင်မှုများသော တရုတ်နိုင်ငံထုတ်ပိတ်သား အမျိုးအစား ဖြစ်ပါသည်။

ချည်ပါဝင်သည့် polo ပိတ်သား အသုံး
ပြုချင်သည့် သူများအတွက်သင့်တော်ပါသည်။

🛑TPK (ပိုလိုပိတ်သား)🛑

ချည် ပါဝင်မှုများသော ယိုးဒယားနိုင်ငံထုတ် ပိတ်သား အမျိုးအစား ဖြစ်ပါသည်။

ချည်ပါဝင်သည့် ယိုးဒယား polo ပိတ်သား အသုံးပြုချင်သည့် သူများအတွက်သင့်​တော်ပါသည်။

👇👇👇👇👇👇👇👇👇👇👇👇👇

😍မိတ်ဟောင်း မိတ်သစ် အားလုံးအတွက်
Update စျေးနှင့်တကွလာပြီနော်😍

🔮၀န်ထမ်းတွေအတွက်ယူနီဖောင်းအသစ်လေး ဆင်ချင်ပါသလား

🔮မိမိကုန်ပစ္စည်းများကို ၀ယ်ယူအားပေးတဲ့ ကာကာလေးတွေအတွက် လက်ဆောင်ပေးဖို့ ဘာပေးရမလဲ စဥ်းစားနေပါသလား

❤️ဘာမှစိတ်ရှုပ်မနေနဲ့တော့ စျေးတန် စျေးမှန် တဲ့ ရွှေ၀တ်ရုံကိုသာ ဆက်သွယ်လိုက်ပါနော်❤️

Sublimation Mug
🛑ရိုးရိုးခွက် - အလုံး 30 စျေး - 3300 ks
အလုံး 50 စျေး. - 3100 ks
အလုံး 100 စျေး - 3000 ks
အလုံး 300 စျေး - 2900 ks

🛑Magic ခွက် - အလုံး 30 စျေး - 4100 ks

👉 T Shirt (ရှေ့+နောက်ကျော) ဆေးရိုက် ၂ရောင် ပါအပြီးစီးစျေး

🛑နိုင်လွန်သား (203) - 3200 ks
🛑ချည်နိုင်လွန်ရော S ဂွင်း - 3700 ks
🛑တရုတ်ချည် CVC - 5200 ks
🛑Com 30 ယိုးဒယားချည်သား - 8700 ks
➡ T shirt အထည်ရေအနည်းဆုံး ၅၀ မှစ၍ လက်ခံဆောင်ရွက် ပေးပါတယ်။

👉 Polo Shirt (ရှေ့+နောက်ကျော) ဆေးရိုက် ၂ရောင် ပါအပြီးစီးစျေး

🛑တရုတ် ချည်နိုင်လွန်ရော PK2 - 8300 ks
🛑ယိုးဒယား ချည်နိုင်လွန်ရော TK - 9300 ks
🛑တရုတ် ချည် CPK - 12000 ks
🛑ယိုးဒယား ၁၀၀% ချည် TPK - 13900 ks
➡ Polo shirt အထည်ရေအနည်းဆုံး ၃၀ မှစ၍ လက်ခံဆောင်ရွက် ပေးပါတယ်။

➡ အများစျေး ရာချီ ထောင်ချီ သီးသန့်​စျေးရှိပါတယ်နော်😊

အသေးစိတ်သိချင်ပါကလည်း Viber (သို့)Cb တွင်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်😍

🚛 မြို့တွင်း - အရောက်ပို့
🚛 နယ် - အဝေးပြေးကားဂိတ်ထိ တာဝန်ယူပို့ဆောင်ပေးပါသည်။

☎ 09961818402 (viber), 09796607453,
fb messenger ကလည်းမှာယူနိုင်ပါသည်။

မိတ်ဟောင်း မိတ်သစ် မိတ်ဆွေများအားလုံးကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာ၍ စီးပွားလာဘ်လာဘများ ထာ၀ရပွင့်လန်းနိုင်ပါစေလို့ ရွှေ၀တ်ရုံအထည်ချုပ် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏🙏🙏❤️❤️❤️

မိတ်ဟောင်း မိတ်သစ် အားလုံးအတွက် Update စျေးနှင့်တကွလာပြီနော်😍🔮၀န်ထမ်းတွေအတွက်ယူနီဖောင်းအသစ်လေး ဆင်ချင်ပါသလား🔮မိမိကုန်ပစ္...
27/12/2022

မိတ်ဟောင်း မိတ်သစ် အားလုံးအတွက်
Update စျေးနှင့်တကွလာပြီနော်😍

🔮၀န်ထမ်းတွေအတွက်ယူနီဖောင်းအသစ်လေး ဆင်ချင်ပါသလား

🔮မိမိကုန်ပစ္စည်းများကို ၀ယ်ယူအားပေးတဲ့ ကာကာလေးတွေအတွက် လက်ဆောင်ပေးဖို့ ဘာပေးရမလဲ စဥ်းစားနေပါသလား

❤️ဘာမှစိတ်ရှုပ်မနေနဲ့တော့ စျေးတန် စျေးမှန် တဲ့ ရွှေ၀တ်ရုံကိုသာ ဆက်သွယ်လိုက်ပါနော်❤️

Sublimation Mug
🛑ရိုးရိုးခွက် - အလုံး 30 စျေး - 3300 ks
အလုံး 50 စျေး. - 3100 ks
အလုံး 100 စျေး - 3000 ks
အလုံး 300 စျေး - 2900 ks

🛑Magic ခွက် - အလုံး 30 စျေး - 4100 ks

👉 T Shirt (ရှေ့+နောက်ကျော) ဆေးရိုက် ၂ရောင် ပါအပြီးစီးစျေး

🛑နိုင်လွန်သား - 3200 ks
🛑ချည်နိုင်လွန်ရော S ဂွင်း - 3700 ks
🛑တရုတ်ချည် CVC - 5200 ks
🛑Com 30 ယိုးဒယားချည်သား - 8700 ks
➡ T shirt အထည်ရေအနည်းဆုံး ၅၀ မှစ၍ လက်ခံဆောင်ရွက် ပေးပါတယ်။

👉 Polo Shirt (ရှေ့+နောက်ကျော) ဆေးရိုက် ၂ရောင် ပါအပြီးစီးစျေး

🛑တရုတ် ချည်နိုင်လွန်ရော PK2 - 8300 ks
🛑ယိုးဒယား ချည်နိုင်လွန်ရော TK - 9300 ks
🛑တရုတ် ချည် CPK - 12000 ks
🛑ယိုးဒယား ၁၀၀% ချည် TPK - 13900 ks
➡ Polo shirt အထည်ရေအနည်းဆုံး ၃၀ မှစ၍ လက်ခံဆောင်ရွက် ပေးပါတယ်။

➡ အများစျေး ရာချီ ထောင်ချီ သီးသန့်​စျေးရှိပါတယ်နော်😊

အသေးစိတ်သိချင်ပါကလည်း Viber (သို့)Cb တွင်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်😍

🚛 မြို့တွင်း - အရောက်ပို့
🚛 နယ် - အဝေးပြေးကားဂိတ်ထိ တာဝန်ယူပို့ဆောင်ပေးပါသည်။

☎ 09961818402 (viber), 09796607453,
fb messenger ကလည်းမှာယူနိုင်ပါသည်။

မိတ်ဟောင်း မိတ်သစ်များအားလုံးကို ကျေးဇူးတင်ပါတယ်နော်😍

လုပ်ငန်းရှင်အားလုံးအတွက်လာပြီနော်လို့...Sublimation Mug🛑ရိုးရိုးခွက်🛑Magic ခွက်T Shirt 🛑နိုင်လွန်သား🛑ချည်နိုင်လွန်ရော S ...
25/12/2022

လုပ်ငန်းရှင်အားလုံးအတွက်လာပြီနော်လို့...

Sublimation Mug
🛑ရိုးရိုးခွက်
🛑Magic ခွက်

T Shirt
🛑နိုင်လွန်သား
🛑ချည်နိုင်လွန်ရော S ဂွင်း
🛑တရုတ်ချည် CVC
🛑Com 30 ယိုးဒယားချည်သား

Polo Shirt
🛑တရုတ် ချည်နိုင်လွန်ရော PK2
🛑ယိုးဒယား ချည်နိုင်လွန်ရော TK
🛑တရုတ် ၁၀၀% ချည် CPK
🛑ယိုးဒယား ၁၀၀% ချည် TPK

➡ အထည် ၃၀အနည်းဆုံးလက်ခံဆောင်ရွက်ပေးပါတယ်။

➡ အများစျေး ရာချီ ထောင်ချီ သီးသန့်​စျေးရှိပါတယ်နော်😊

စျေးနှုန်းများကိုတော့ comment box👇👇👇(သို့မဟုတ်) Cb👉👉 တွင်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်😍

🚛 မြို့တွင်း - အရောက်ပို့/ နယ် - အဝေးပြေးကားဂိတ်ထိ တာဝန်ယူပို့ဆောင်ပေးပါသည်။

☎ 09961818402 (viber), 09796607453,
fb messenger ကလည်းမှာယူနိုင်ပါသည်။

ကျေးဇူးတင်ပါတယ်နော်😍

new office address🏡
03/12/2021

new office address🏡

Address

Yangon
959

Telephone

+959961818402

Website

Alerts

Be the first to know and let us send you an email when Shwe Wutt Yone Garment & Silk Screen Printing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share