Thuta Nyana Co., Ltd.

Thuta Nyana Co., Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thuta Nyana Co., Ltd., Consulting Agency, Oak Zanar 9th Street, Yangon.

We are a group of social researchers who try to promote the research knowledge and capacity of local youth and assist them on job opportunity in developmental research services.

28/08/2024

ဒီ နှစ်ထဲ NGO အဖွဲ့အစည်း ၂-ခု နဲ့ Research Related Topics နဲ့ နှီးနွယ်တဲ့ သုတေသနသင်တန်း နှစ်ခု ပြုလုပ်ဖြစ်ပါတယ်။

ပထမတစ်ခုက Qualitative Data Collection, Analysis and Visualization Training (QDA) အတွက် ၅-ရက် သင်တန်းပါ။ သင်တန်း Design က သီအိုရီ နည်းနည်း နဲ့ လက်တွေ့ပိုများတဲ့ စတိုင်သွားခဲ့ပြီး interacted based discussion and Q&A တွေများများထည့်သွင်း အသုံးပြုထားပါတယ်။ တနည်းအားဖြင့် tailored made or customized design ဖြစ်ပါတယ်။ သင်တန်းသားအများစုက MEAL staff တွေ Program ပိုင်းက Manager level တွေထိပါဝင်ခဲ့ပါတယ်။ မိမိတို့ သက်ဆိုင်ရာ program and implementation ပိုင်းတွေမှာ အရင်ကထက် ကြီးကြပ် စီမံခန့်ခွဲ နိုင်ဖို့ Qualitative research based Findings ပိုင်း တင်ပြနိုင်စေဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာလို့ ပြောနိုင်ပါတယ်။

ဒုတိယတစ်ခု က ပြီးခဲ့တဲ့ ဩဂုတ်လ ကမှပြုလုပ်ပပေးဖြစ်ခဲ့တာပါ။ ဒီသင်တန်း ခေါင်းစဉ်က Introduction to Quantitative Research Training for CSO ပါ။ ဒီသင်တန်း ရဲ့ ထူးခြားမှု လို့ပြောရမလား သင်တန်းသား တွေထဲမှာ Person with Disabilities (PWD) တွေပါ တက်ရောက်တာဖြစ်ပါတယ်။ မတူညီတဲ့ trainees background type ရှိသူတွေကို ပြောပြရတာ သည် သင်တန်းပေးသူတွေအတွက် challenges ဖြစ်ခဲ့သလို inclusivity အရတော့ ကာင်းတဲ့ရလဒ် တစ်ခုလို့ ဆိုရမှာပါ။၃ ရက်တာ သင်တန်းကာလမှာ သုတေသနကို စိတ်ဝင်တစား သိလိုတတ်လိုတဲ့ PWD တွေရဲ့ Motivation and participating ပိုင်းကိုတော့ အတော်လေး လေးစားသတိပြုမိရသည်အထိပါပဲ။

သင်တန်းအပြီး သုံးသပ်ချက်တွေ နဲ့ Direct Observation results အရ သင်တန်းပါ ဦးတည်ချက်တွေကို ရာနှုန်းပြည့် မဟုတ်ရင်တောင် 80% မက ထိမိတယ်လို့ သင်တန်းသားများနဲ့ သင်တန်းပေးသူများက လက်ခံကြပါတယ်။

သင်တန်းနှစ်ခုစလုံးမှာ Research Process or Elements of Research ကို Sharing လုပ်တာဖြစ်လို့ သုတေသနဆိုတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးနဲ့ အဆင့်တိုင်းမှာ ရှိသင့်ရှိအပ်တဲ့ Norms and Characteristics တွေအပါ်မှာ အရင်ကထက် သိမြင်သွားကြတာကတော့ သင်တန်း ရဲ့ Immediate Result လို့ဆိုနိုင်ပါလိမ့်မယ်။ သို့သော်လည်း သုတေသန ပညာရပ် နဲ့ လုပ်နည်းလုပ်ဟန်များသည် သင်တန်းပေးရုံနဲ့ လွယ်လင့်တကူတတ်မြောက်ကြတာ မဟုတ်လေတော့ concept ချော်တာ အဆင့်တစ်ခုနဲ့တစ်ခု Alignment မဖြစ်တာလေးတွေတော့ ရှိနေတာ သတိပြုမိပါတယ်။

မည်သို့ဆိုစေ သုတေသနပညာကို အလေးပေးတဲ့ သင်တန်းစီစဉ်ဖိတ်ကြားသူများရဲ့ ခံယူချက်၊ စိတ်ဝင်တစား ရှိတဲ့ သင်တန်းသားများနဲ့ ဆုံရတဲ့အတွက် သုတဉာဏ အဖွဲ့အနေနဲ့ အထူးကျေးဇူးတင်ရသလို ဝမ်းသာ‌ေကျနပ်မှုလည်းဖြစ်ခဲ့ရပါတယ်။ လိုအပ်နေတဲ့ သုတေသန ဆိုင်ရာကွက်လပ်အကြီးကြီးတစ်ခုကို သေးသေးလေးဖြည့်နိုင်လိုက်တာကလည်း မင်္ဂလာရှိသော ပညာဖြန့်ဝေနိုင်ခြင်း အလုပ်လို့ ကျနော်တို့ အဖွဲ့ဘက်က ရှုမြင်ပါတယ်။

သုတေသန အဆင်းများလှ လို့ အမွှးရနံ့များ ဆက်လက်မွှေးပျံ့နေပါစေ 🙏

ပြည်သူပြည်သားအားလုံး စိတ္တသုခ ကာယသုခ နှစ်ဌာန နဲ့ ပြည့်စုံ ကြ ပါစေ🙏

ရှိသမျှ ဘေးကင်းကြပါစေ 🙏

26/03/2024

အသုံးချသုတေသနတစ်ခုရဲ့ အရည်အသွေးကိုသေချာစေဖို့
===================================
Applied Research အသုံးချသုတေသနဖြစ်စဉ်တစ်ခုမှာ လေ့လာတွေ့ရှိချက်များ၏ ခိုင်မာမှုနှင့် ကိုးစားယုံကြည်စိတ်ချရမှုအတွက် အရည်အသွေးထိန်းချုပ်မှု Quality Control(QC) သေချာစေရေးက သုတေသနအဆင့်တိုင်းမှာ အရေးကြီးပြီး မဖြစ်မနေလုပ်ရမယ့်အစိတ်အပိုင်းအနေနဲ့ပါဝင်နေပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့တတွေအသုံးများပြီး (ကိုယ်တိုင်အသုံးချခဲ့ဖူးသည်များအခြေခံထားခြင်းကိုဆိုလိုပါသည်) အရေးပါတဲ့ QC အဆင့်များနှင့် ထည့်သွင်းစဉ်းစားထားချက်အချို့ကို ဖော်ပြလိုပါတယ်။သို့ပါသော်လည်း သုတေသီရဲ့ လုပ်ကိုင်သော သုတေသနအမျိုးအစား ၊ ရည်ရွယ်ချက် ၊ ကျယ်ပြန့်မှု ၊ဒီဇိုင်း ၊ နည်းနာဗေဒ အလိုက် တစ်ခုနှင့်တစ်ခု အနည်းငယ်ကွဲပြားနေပေမယ့် ကွင်းဆင်းအချက်အလက်ကောက်ယူမှုပါတဲ့ သုတေသနအများစု ကတော့ အောက်က ကျွန်တော်ပြောပြမယ့် နည်းလမ်းနဲ့ ထိန်းချုပ်မှုစနစ်တွေလုပ်ဆောင်ကြတာတွေ့ရပါတယ်။ သို့ပါသော်လည်း ခေတ်စနစ်အရ QC ထိန်းချုပ်တဲ့ နည်းစနစ် နဲ့ ဗျူဟာတွေကလည်း တိုးတက် လာသလို အချိန်နဲ့တပြေးညီ ပြောင်းလဲကျင့်သုံးလျက်ရှိနေပါလိမ့်မယ်။
Research Title, Objectives, Research Questions, and Design
ကိုယ်ပါဝင်လုပ်ဆောင်တဲ့ သုတေသနဖြစ်စဉ်မှာ ဒီအဆင့်တွေကို သေချာ ချမှတ်ရေးဆွဲပြီးပြီ ဆိုတာနဲ့ သူ့ကိုထိန်းကြောင်းတည့်မှတ်ဖို့ အရည်အသွေးထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်တွေကိုလည်းတပါတည်း လုပ်ဆောင်ကျင့်သုံးရပါတော့မယ်။ ဒီအဆင့်တွေမှာတော့ တစ်ဦးချင်းပြုလုပ်တဲ့သုတေသနတစ်ခုကို စဉ်းစားတာကနေ သက်ဆိုင်ရာအဖွဲ့အစည်းများကို ဝန်ဆောင်မှုပေးရတဲ့ သုတေသနအမျိုးအစားအလိုက် လေ့လာရှာဖွေကြတဲ့ သုတေသနခေါင်းစဉ်၊ သုတေသနမေးခွန်း အမျိုးအစား/အနည်းအများသတ်မှတ်ချက် နဲ့ သုတေသနဒီဇိုင်း နည်းနာသတ်မှတ်တာတွေကတော့ တစ်ခုနဲ့တစ်ခု ကွာခြားမှုရှိနေနိုင်ပါတယ်။ခေါင်းစဉ်သတ်မှတ်ချက်၊ ဦးတည်ချက်ချမှတ်မှု၊ တွေးဆချက်များဖော်ထုတ်ခြင်းတို့မှာ သီအိုရီပိုင်း နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများ (ကျောင်း၊တက္ကသိုလ်များ အပါအဝင်) ရဲ့သတ်မှတ်စံနှုန်းအလိုက်ကွဲပြားတဲ့ မူတွေ ၊လုပ်ထုံးတွေ ရှိနေတာမို့ အကျယ်ချဲ့ မပြောတော့ပါ။ တနည်းအားဖြင့် ဒီအဆင့်တွေမှာ သက်ဆိုင်ရာ အတွေ့အကြုံရှိသော သုတေသီ သို့မဟုတ် ဆရာ/ဆရာမ၊ စီမံခန့်ခွဲသူများ ပါဝင်လေ့ရှိပြီး သီအိုရီနဲ့ မူဝါဒပိုင်းမှာတာဝန်ထမ်းဆောင်နေကြသူတွေပါဝင် လေ့ရှိတာကြောင့် လူ ကြောင့်ဖြစ်တတ်တဲ့ အမှားပါဝင်မှုနည်းတာတွေ့ရပါတယ်။ သို့သော် လုံးဝအမှားကင်းသော ထုတ်ဖော်မှု ၊ သုတေသန စီမံခန့်ခွဲမှုပုံစံဖြစ်တယ်လို့ တော့ ဆိုလိုတာမဟုတ်ပါဘူး။ ရှာဖွေဖော်ထုတ်လိုတဲ့ အကြောင်းအရာအလိုက် အသုံးပြုသော သုတေသနနည်းနာ နဲ့ ဘယ်လောက်လက်တွေ့ကျကျ ပေါင်းစပ်ဖော်ထုတ်ထားသလဲ ဆိုတာကတော့ ခု ချိန်ထိ သုတေသနအလုပ် (ဝါ) သုတေသနဖြစ်စဉ်ကို ထဲထဲဝင်ဝင်ပါဝင် လုပ်နေသူတိုင်းအတွက် စိန်ခေါ်ချက်တစ်ခုလို ဖြစ်နေဆဲပါပဲ။
Mode of Data Collection (ဒေတာအချက်အလက်ကို ဘယ်လိုနည်းနဲ့ကောက်ယူစုဆောင်းမှာလဲ)
အထက်က အဆင့်တွေအားလုံးကို လုပ်ရမယ့်နည်းလမ်းတွေအတိုင်း ၊အသုံးပြုရမယ့် method တွေသုံးဖို့ အတည်ပြုပြီးရင် အဲဒီလမ်းကိုရောက်ဖို့ လိုချင်တဲ့အချက်အလက် ဒေတာစုဆောင်းမှု လမ်းကြောင်းကိုလည်း ထည့်သွင်းထားပြီးဖြစ်ရပါမယ်။ အချိန်နဲ့ အမျှပြောင်းလဲနေတဲ့ စီးပွားရေး၊နိုင်ငံရေး၊ လူမှုရေး ပထဝီဝင် အနေအထားများအလိုက် ငါတို့လုပ်မည့် သုတေသနအတွက် လိုအပ်တဲ့ အချက်အလက်ကို ဘယ်နည်းနဲ့ ကောက်ယူစုဆောင်းမှ သင့်မယ်၊ရမယ်ဆိုတာ ကြိုတင်စဉ်းစားထားဖို့၊စီမံထားဖို့လိုပါမယ်။ မြင်သာတဲ့ ဥပမာပေးရရင် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်လို အခြေအနေမျိုးထဲမှာ အရည်အသွေးအခြေပြုဒေတာရော Qualitative data နဲ့ အရေအတွက်အခြေပြုအချက်အလက် Quantitative data နှစ်ခုလုံးကို ကောက်ယူဖို့လိုတဲ့ သုတေသနအမျိုးအစားကို အကောင်အထည်ဖော်ရမယ်ဆိုရင် ဒေတာကောက်ယူစုဆောင်းခြင်းကိစ္စ က အင်မတန် အရေးပါတဲ့ နေရာမှာ ရှိလာပါတယ်။ လုံခြုံရေးအရ ကိုယ်သွားရမည့် ဒေသကို ခရီးသွားလာနိုင်ဖို့ရန်မဖြစ်လို့ လူတွေ့ In person နဲ့ မဖြစ်နိုင်တော့ဘူး။ လူကိုယ်တိုင် ဒေတာမကောက်နိုင်လို့ Online သုံးပြီး ဒေတာကောက်မယ် ဆိုပြန်တော့ Internet access မရဘူးဆိုရင် အခြားဘယ်နည်းကိုသုံးပြီး ဒေတာကောက်မလဲဆိုတာက အတော်လေး ခေါင်းခြောက်စရာကိစ္စဖြစ်လာပါတယ်။ အဲသလိုကြုံလာရင် မိတ်ဆွေဆိုရင်ရော ဘယ်လို ဖြေရှင်းမလဲပေါ့။ အပေါ်မှာပြောခဲ့တဲ့ အဆင့်တွေမှာတော့ သေချာချမှတ်ပြင်ဆင်ခဲ့ပြီးသော်ငြား ကိုယ်ကိုယ်တိုင် မခန့်မှန်း၊မစီစဉ်နိုင်တဲ့ ပြင်ပကအရာတွေကဝင်ရောက်နှောက်ယှက်တဲ့ အခါ အပေါ်ကချမှတ်ခဲ့ပြီးသားအဆင့်တွေကို ပြန်ပြီး ပြင်ဆင်ရတာ၊ ပါဝင်သူတွေကြား အချင်းချင်း အတည်ပြူချက်ယူရတာထိ လုပ်ကြရလို့ သတ်မှတ်Timebound မထိမိတာ ၊မူလအစီအစဉ်ဒီဇိုင်း ကနေသွေဖီတာတွေထိ ကြုံရတတ်ပါတယ်။ ပြီးတော့ အခြေအနေအရ data collection ကို လူကိုယ်တိုင်တွေ့ဆုံမေးမြန်းမှု In person ကနေ အွန်လိုင်း /တယ်လီဖုန်း လမ်းကြောင်းကို ပြောင်းလဲလိုက်တဲ့ အခါမှာလည်း ကောက်ခံရရှိတဲ့ အချက်အလက်ရဲ့ ခိုင်မာတိကျမှု ပိုင်းကလည်း ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုဖြစ်ပါတယ်။ မေးတယ် ဖြေတယ် အဲသလိုကနေရလာတဲ့ အရာတိုင်းက တကယ်ပဲ ခိုင်လုံမှု၊ သေချာတိကျမှု ဖြစ်ရဲ့လား ဆိုတာက သုတေသနရဲ့ အရည်အသွေးကို အများကြီးလွှမ်းမိုးနေပါတယ်။
Manpower Allocation and Management (ဘယ်လိုလူတွေနဲ့ ဒေတာအချက်အလက်ကောက်မှာလဲ HR Management)
ကိုယ်လိုအပ်တဲ့ ဒေတာအချက်အလက်ကို ကောက်ယူမယ့် နည်းလမ်း အတည်ပြုပြီး ပြီ ဆိုရင်တော့ အဲဒီဒေတာကို ဘယ်သူတွေက ကောက်ယူမှာလဲဆိုတာကလည်း ကွင်းဆင်းလေ့လာမှုပြုလုပ်ရတဲ့ သုတေသနတိုင်း အတွက် အရေးပါတဲ့နေရာမှာရှိနေပါတယ်။ တချို့သော အလုပ်အပ်တဲ့ အဖွဲ့အစည်းတွေဆိုရင် ဒီအချက်ကို သေချာအလေးဂရုပြုတာတွေ့ရပြီး ကွင်းဆင်းလေ့လာမှုမှာ ပါမည့် အောက်ဆုံးအဆင့် Data collector or Enumerator or Interviewer များရဲ့ အတွေ့အကြုံရှိမှု၊ မည်သည့်သုတေသနအမျိုးအစားတွေမှာပါဝင်လုပ်ဆောင်ခဲ့ဖူးသလဲ၊ ထိုသူတွေရဲ့ ကျား/မ အသက်အရွယ်ကွဲပြားမှု အထိ သတ်မှတ်တောင်းဆိုတတ်ကြပါတယ်။ ဒီအချက်တွေကို သေချာစိစစ်တာကလည်း သုတေသနအရည်အသွေးထိန်းချုပ်ရေးအတွက် မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့မြင်ပါတယ်။ ဥပမာ ဆိုပါစို့ စပါးစိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့သုတေသန အကြောင်းလေ့လာတဲ့ အခါမှာ… သုတေသန ဖြစ်စဉ်မှာပါဝင်မည့်သူတွေသည် စပါးအကြောင်းသိရှိထားသူ၊ ယခင်က သုတေသနလေ့လာမှုမျိုးမှာ ပါဝင်ဖူးသူတစ်ယောက်က စပါးအကြောင်း တခါမျှမကြားဖူးသူ၊ ကွင်းဆင်းသုတေသနပြုလေ့လာမှုမပြုဖူးသူထက်တော့ subject / field of study အကြောင်းအရာ နဲ့ သုတေသနနည်းနာတွေကိုရင်းနှီးကျွမ်းဝင်မှုပိုင်း ပိုသာနေမှာကတော့ ငြင်းမရတဲ့ ကိစ္စတစ်ခုပါ ။ အခြေအနေအရ စပါးအကြောင်း တခါမျှမလေ့လာဖူးသူ တွေကိုပဲသုံးပြီး ကွင်းဆင်းအချက်အလက်ကောက်ယူရတော့မယ်ဆိုရင်တော့ ဒီသုတေသနကို ဦးဆောင်ရမယ့်သူ (သို့မဟုတ်) သင်တန်းနဲ့ ကွင်းကို ကြီးကြပ်ရမည့်သူရဲ့ စွမ်းဆောင်ရည် နဲ့ အတွေ့အကြုံပိုင်းက အရေးပါလာပါတယ်။ကွင်းဆင်းအဖွဲ့ဝင်တွေရဲ့ ဗဟုသုတ နဲ့ အတွေ့အကြုံပိုင်း (လိုအပ်ချက်တွေကို သင်တန်းချိန်အတွင်း မှာ ကိုယ့်လေ့လာတဲ့ ရည်ရွယ်ချက် နဲ့ ဒီဇိုင်းပြည့်မီအောင် လေ့ကျင့်ပျိုးထောင်ပေးလို့ရနိုင်ပါတယ်။ ကိုယ်လေ့လာသောသုတေသနအတွက် ပညာရပ်ပိုင်း၊အကြောင်းအရာပိုင်း Subject ကို လိုအပ်ရင် ပြင်ပက သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် (ဥပမာ-စပါး၊ရေအကြောင်း၊ဆေးဝါးအကြောင်း၊ အင်ဂျင်နီယာ၊ စီးပွားရေးပညာ စသည်) တွေ အကြံပေးအရာရှိတွေကို ငှားရမ်းပြီး ပံ့ပိုးတာတွေအထိ လုပ်ဆောင်ရင်း သုတေသနအရည်အသွေး တက်လာအောင်လုပ်လို့ ရနိုင်ပါတယ်။
Training and Practice (ကွင်းဆင်းအဖွဲ့ဝင်တွေကို လေ့ကျင့်သင်တန်းပေးခြင်း)
ဒီအဆင့်က အပေါ်က ပြောခဲ့တဲ့ အပိုင်းတွေနဲ ဆက်စပ်လျက်ရှိနေပါတယ်။ရေးဆွဲထားတဲ့ သုတေသန ဒီဇိုင်း အတိုင်း အရည်အသွေးရှိတဲ့ အချက်အလက်တွေကောက်ယူနိုင်ဖို့ သင်တန်းတွင်း လေ့ကျင်းသင်ကြားပေးမှုတွေက အလွန်အရေးပါတာတွေ့ရပါတယ်။ ကိုယ့်လေ့လာမှုမှာပါဝင်ကြသော Manpower တိုင်းသည် ကိုယ့်လေ့လာမှုရဲ့ အကြောင်းအရာများကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းထားသူများ မဖြစ်နိုင်သလို သုတေသနနည်းနာတွေကို ကျွမ်းကျင်စွာအသုံးချနိုင်သူများကို စုဆောင်းရရှိနိုင်ဖို့ဆိုတာ လက်တွေ့မှာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်လို့ပါ။ သတ်မှတ်ထားတဲ့ လေ့လာမှုတွင်ပါဝင်သော ဝေါဟာရများ၊ စကားလုံးများ ၊ အဓိပ္ပါယ်ဖွင့်ဆိုမှု definitions များ ၊ sampling methods နမူနာရွေးနည်းလမ်းများ ၊ ကွင်းဆင်းဒေတာကောက်စဉ်ကြုံဆုံနိုင်တဲ့ အခက်အခဲများ နဲ့ သုတေသနကျင့်ဝတ်များ ကို သင်တန်းတက်ရောက်သူများအားလုံး သိရှိအောင်၊ လိုက်နာကျင့်သုံးအောင် အာရုံစိုက်ပြီးထိန်းချုပ် ပံ့ပိုးပေးဖို့လိုပါတယ်။ လိုအပ်ရင် ယခင်က ပြုလုပ်ခဲ့သော ပုံစံတူ သုတေသနဖြစ်စဉ်များ ကို ဥပမာ ပြ ပြီး ရှင်းလင်းတာ ၊ အပြန်အလှန်ဆွေးနွေးတာတွေကို အချိန်ပေး လုပ်ဆောင်သင့်ပါတယ်။ မမေ့သင့်သော အချက်တစ်ခုက ကိုယ်လေ့လာ ကောက်ယူမယ့်အချက်အလက် ဒေတာတွေက အဆိုပါ သင်တန်းမှာ တက်ရောက်နေသူတွေဆီကနေတဆင့် ဖြတ်သန်းရရှိလာမှာဖြစ်တယ် ဆိုတဲ့ အချက်ပါ။ဒေတာကောက်ယူရေးဖြစ်စဉ်မှာ ပါဝင်ကြသော အဖွဲ့ဝင်အားလုံးရဲ့ အကြောင်းအရာနဲ့ သုတေသနနည်းနာပိုင်း ကျွမ်းကျင်နေမှုသည် ဒေတာအရည်အသွေးကို များစွာလွှမ်းမိုးနေပြီး နောင်တချိန် သုတေသနပြုလုပ်သူများအတွက်လည်း မှီငြမ်းစရာ လမ်းပြမြေပုံတစ်ခုလိုဖြစ်နေမယ်ဆိုတာပါပဲ။ သုတေသန အမျိုးအစား နဲ့ အရွယ်အစားအလိုက် သုတေသီ တစ်ဦးတည်းလုပ်ဆောင်ဖို့ မစီမံမခန့်ခွဲနိုင်တဲ့ အခါမျိုးမှာ ဒီအဆင့်ကနေ ကောက်ယူရရှိလာတဲ့ ရလဒ်တွေကို များစွာလွှမ်းမိုးတာ အတွေ့အကြုံရှိဖူးသူတိုင်း နားလည်လက်ခံကြပါတယ်။ နောက်ဆက်တွဲ data collection training ကွင်းဆင်းသူများအတွက်သင်တန်း အရေးပါမှုအနေနဲ့ သင်တန်းပေးမှုပုံစံ ၊ သင်တန်းကပံ့ပိုးပေးမယ့် စာရွက်စာတမ်း၊အချက်အလက်များ၊ သင်တန်းတည်နေရာ နဲ့ အခန်းဖွဲ့စည်းပုံ facilities တွေဖြစ်ပါတယ်။ တချို့သော စနစ်ကျတဲ့ သုတေသန အေဂျင်စီ နဲ့ သုတေသီတွေက ကွင်းဆင်းအချက်အလက်ကောက်ရာမှာသုံးတဲ့ လက်စွဲစာအုပ်တွေဖြစ်သော field manual , questionnaire manual နဲ့ လိုအပ်ရင်လိုအပ်သလို ကိုးကားလို့ရတဲ့ စာရွက်စာတမ်းတွေထိ ပြင်ဆင်ပံ့ပိုးပေးကြပါတယ်။ တချို့သော အဖွဲ့တွေကြပြန်တော့လည်း ကွင်းဆင်းမှုဖြစ်စဉ်မှာ ပါတဲ့ အဖွဲ့ဝင်ဖြစ်သူတွေကို သက်ဆိုင်ရာ ဒေသသို့ သွားတဲ့ လမ်းခရီးကြမှ (အဝေးပြေးကားကြီးပေါ် ၊ သင်္ဘောပေါ်၊ ရထားပေါ် စသည်) မေးခွန်းပါအကြောင်းအရာတွေကို အတွေ့အကြုံရှိသူတစ်ဦးဦးက ရှင်းပြတာမျိုးလောက်သာ လုပ်တတ်ကြကြောင်းသိရပါတယ်။ မည်သို့ ဆိုစေ စနစ်တကျ သင်တန်းပေး လေ့ကျင့်ထားတဲ့ သူတွေကောက်ယူတဲ့ အချက်အလက်နဲ့ သိသင့်သိထိုက်တာတွေကိုသင်တန်းသေချာမတက်ရဘဲ ကောက်ယူလာတဲ့ သူတွေရဲ့ အရည်အသွေးကတော့ တူနိုင်စရာမရှိပါဘူး။ တူနေရင်တော့ တစ်ခုခု ရှာဖွေဆန်းစစ်ဖို့ နဲ့ အကြောင်းရင်းကို တိုက်ဆိုင်စစ်ဆေးတာမျိုးလုပ်သင့်ပါတယ်။ ဆိုလိုတာက cost – effective ဖြစ်မဖြစ်နဲ့ သုတေသနအရည်အသွေးထိန်းချုပ်မှူအတွက် ပိုပြီးကောင်းမွန် တဲ့ စနစ်ကိုရှာဖွေဖို့အတွက်လမ်းစရနိုင်မှာ ဖြစ်ပါတယ်။
Field Management and Logistical Support (ကွင်းဆင်းမှုစီမံခိန့်ခွဲခြင်း နဲ့ ထောက်ပို့ပိုင်း )
သက်ဆိုင်ရာ ရွေးချယ်ဧရိယာများကို ကွင်းဆင်းဒေတာကောက်ယူရတော့မည်ဆိုကတည်းက လိုအပ်သော စီမံခန့်ခွဲရမည့်အလုပ်တွေက သုတေသန အရည်အသွေးကို ထိန်းချုပ်လိုရင်ထိန်းချုပ်ချင်သလောက် များတယ်လို့တောင်ပြောနိုင်မယ်ထင်ပါတယ်။ communication management or channel ကိုဘယ်လိုစီမံခန့်ခွဲမှာလဲ၊ဘယ်သူတွေကအဓိကဆုံးဖြတ်မှာလဲ၊ ကောက်ယူနေတဲ့ဒေတာတွေကို ဘယ်သူကလိုက်လံစစ်ဆေးမှာလဲ ၊ ဘယ်စနစ်ကိုသုံး ပြီး စစ်မှာလဲ နဲ့ ဘယ်လောက်မြန်မြန် အသိပေးပြုပြင်ပေးနိုင်မှာလဲ။ ပြီးတော့ ကွင်းဆင်းမှုအတွက်လိုအပ်သော ငွေကြေး၊အသုံးအဆောင်များပံ့ပိုးမှု၊ ယာဉ်ရထားပိုင်း စီစဉ်ပေးနိုင်မှု(လေယာဉ်နဲ့ သွားသောခရီးနဲ့ ရထား/ကားသုံးသွားရသော ခရီးကြာချိန်နှင့် ကုန်ကျစရိတ်မတူညီမှု စသည်) စတဲ့အချက်တွေကို ကွင်းဆင်းလေ့လာမှုမစတင်မီကတည်းက တိကျရှင်းလင်းသော လမ်းညွှန်ချက်များချမှတ်ပေးခြင်း၊ တာဝန်ယူမှုတာဝန်ခံမှုပိုင်းကို သဘောတူအတည်ပြု ချက်ရယူထားခြင်း များသည် သုတေသနလုပ်ငန်းစဉ်ကို ချောမွေ့စေရုံသာမက အမှားအယွင်းများကို လျှော့ချနိုင်ရန် ကူညီပေးလျက်ရှိပါတယ်။ Logistic ထောက်ပံ့ပေးသောဝန်ဆောင်မှုများ လုံလောက်နေခြင်း နဲ့ ကောင်းမွန်မှန်ကန်တဲ့ Management ကြောင့် ကွင်းဆင်းအဖွဲ့ဝင်တွေအနေနဲ့ ဒေတာအချက်အလက်ကို အာရုံစိုက်ကောက်ယူခြင်းသည် သုတေသနရလဒ်ကောင်းကို ရရှိရန်ဦးတည်ကြောင်း Project Manager and Researcher အားလုံးနီးပါးက လက်ခံထားကြပြီးလည်းဖြစ်ပါတယ်။
Data Analysis and Quality Control (ဒေတာအချက်အလက်စိစစ်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အရည်အသွေးထိန်းချုပ်ခြင်း)
ကွင်းဆင်းဒေတာ မကောက်ယူခင်ကတည်းက ကောက်နေစဉ် နဲ့ ကောက်ယူပြီး ဒေတာကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာနဲ့ ဘယ်လိုထိန်းသိမ်းထားမလဲ အစီအစဉ်ကိုချမှတ်ရေးဆွဲပြီးဖြစ်နေရပါတယ်။ ကွင်းဆင်းသင်တန်းများ ဆောင်ရွက်စဉ် (သို့မဟုတ် သီးခြား လိုအပ်ရင်လိုအပ်သလို) ကောက်ယူလာသောဒေတာကို ဘယ်လိုထည့်သွင်းရမည်၊ ဘယ်လိုနောက်ဆုံး အတည်ပြုဆုံးဖြတ်မည် နှင့် ဒေတာစနစ်လုံခြုံရေးအတွက် သိမ်းဆည်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များအပါအဝင် ခွဲခြမ်းစိတ်ဖြာမှုအတွက် သုံးမည့် software များ ကိုင်တွယ်အသုံးချပုံများကို ရှင်းလင်းသော ပရိုတိုကောများနှင့် လုပ်ထုံးလုပ်နည်းများချမှတ်ပြီးဆောင်ရွက်ကြရပါတယ်။ ဒေတာကောက်ယူနေစဉ် မေးခွန်းမှဦးတည်ထားသော Variable များ နှင့် မေးခွန်းတိုင်း ပြီးစီးအောင်မေးမမေး နှင့် တိကျမှု၊ခိုင်လုံမှုကို စစ်ဆေးတဲ့ Live check စစ်ဆေးမှုမျိုးပြုလုပ်ကြသလို ကောက်ယူလာသော ဒေတာအချက်အလက်ကို နောင်တစ်ကြိမ် ပြန်လည်ကောက်ယူပြီး ဒေတာရဲ့ accuracy and reliability ကို တိုက်ဆိုင်စစ်ဆေးတဲ့ Back check ကို သက်ဆိုင်ရာ QC Supervisor သို့မဟုတ် Field Supervisor/Team Leader တစ်ဦးဦးကို တာဝန်ပေးဆောင်ရွက်တာမျိုးဖြစ်ပါတယ်။ သို့ပါသော်လည်း ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ဒေတာနဲ့ သုတေသနအရည်အသွေး ကိုထိန်းချုပ်နိုင်မှန်းသိပါလျက် ငွေကြေးကုန်ကျမှု၊ လူအင်အားအခြေအနေ နဲ့ အခြားသော အခက်အခဲများကြောင့် ထိုအဆင့်များထိ လိုက်နာကျင့်သုံးရန် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပါတယ်။ ရိုးရိုးသားသား ဝန်ခံရပါလျှင် ကျွန်တော် ပါဝင်ခဲ့ဖူးသော ကွင်းဆင်းသုတေသန (၁၀၀) ခု လျှင် (၁၅) ခု ထက် ပိုပြီး မလုပ်နိုင်ဟု ပြောချင်ပါသည်။ အထက်က ဆိုခဲ့ပြီးသည့် အတိုင်း နည်းပညာတိုးတက်နေသည့် ခေတ်မှာ ဒေတာကို ခြေရာခံခြင်း နဲ့ အရည်အသွေးကို ထိန်းချုပ်သော နည်းလမ်းများ မှာလည်း ပြောင်းလဲတိုးတက်လျက်ရှိနေမှာသေချာပါတယ်။
အချုပ်အားဖြင့်ပြောရရင် ကွင်းဆင်းအချက်အလက်ကောက်မှုပါတဲ့ အသုံးချသုတေသနတစ်ခု ရဲ့ အရည်အသွေးထိန်းချုပ်မှုအစီအမံများလို့ဆိုရာမှာ ကနဦးအဆင့် သုတေသန ခေါင်းစဉ်ရွေးချယ်သတ်မှတ်ခြင်း၊ ဒီဇိုင်းရွေးဆွဲခြင်းအဆင့်၊သုတေသနနည်းနာများသတ်မှတ်ခြင်း နှင့် ကွင်းဆင်းအဖွဲဝင်များကိုလေ့ကျင့်ပေးခြင်း ၊အချက်အလက်ဒေတာစုဆောင်းမှု၊ ကွင်းဆင်းလေ့လာမှုကို စီမံခန့်ခွဲမှုနှင့် ကောက်ယူလာတဲ့အချက်လက်ဒေတာခွဲခြမ်းစိတ်ဖြာမှုပိုင်းထိ အဆင့်တိုင်းလိုလို နဲ့အကျုံးဝင်နေပါတယ်။ ဒီအစီအမံများအားလုံးကို ဦးစားပေးအနေနဲ့လုပ်ဆောင်ခြင်းဖြင့် သုတေသီများ၊သုတေသနဖြစ်စဉ်မှာပါဝင်ကြသူများ သည် ၎င်းတို့လေ့လာတွေ့ရှိချက်များရဲ့ ခိုင်လုံမှုနှင့် ကိုးစားယုံကြည်စိတ်ချရမှု (Validity and Reliability) ကို အာမခံချက်ပေးနိုင်ပြီး သက်ဆိုင်ရာနယ်ပယ်များတွင် အသိပညာများ တိုးတက်လာစေရန်အတွက် များစွာအထောက်အကူဖြစ်စေမှာပဲ ဖြစ်ပါတယ်။ အရည်အသွေးရှိတဲ့ အချက်အလက် နဲ့ အရည်အသွေးရှိတဲ့ သုတေသနရလဒ်ရဖို့ဆိုရင် လိုအပ်တဲ့ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ ကိုသုတေသနအဆင့်တိုင်းမှာ ထည့်သွင်းလိုက်နာကျင့်သုံးမှသာ ရရှိလာမှာဖြစ်ကြောင်း အတွေ့အကြုံအခြေပြု ပြန်လည်မျှဝေလိုက်ရပါသည်ခင်ဗျား။ ။
25/3/2024
Control

26/03/2024

အဓိပ္ပာယ်ပြည့်ဝသော လူမှုဘဝနေထိုင်မှုဆီ ဦးတည်တဲ့လမ်း (သို့မဟုတ်) သုတေသနအခြေပြု သော တွေးခေါ်မှုကို လက်ခံကျင့်သုံးခြင်း
================================================

ယနေ့ခေတ်မှာ နေထိုင်ကြသူတွေအတွက် စဉ်ဆက်မပြတ်ဆိုသလို စိန်ခေါ်မှုဖြစ်နေတဲ့အရာကတော့ သတင်းအချက်အလက်တွေက လိုတာထက် ပိုလျှံနေအောင်ရနေတာပဲဖြစ်ပါတယ်။ ခုပြောင်းသွားပြန်ပြီ တော်ကြာနေ ဘာဖြစ်ဦးမယ်မသိဆိုသလိုမျိုးထိပါပဲ။ အဲလိုမျိုးလျင်မြန်သောအခြေအနေတွေနဲ့ ကြုံနေရလေလေ ကျွန်တော်တို့ရဲ့ ဘဝများကိုပုံဖော်ဖို့ရာအတွက် သုတေသနအခြေပြုတွေးခေါ်မှုနှင့် အလေ့အထရဲ့ အခန်းကဏ္ဍ အရေးပါလာမှုကို မဖြစ်မနေသတိပြုကြရမှာပါ။ ကျွန်ုပ်တို့နေ့စဉ်လုပ်ကိုင်ဆောင်ရွက်နေရတဲ့ နိစ္စဓူဝကိစ္စလေးတွေကနေ ခေတ်စနစ်အလိုက်ဖြစ်ပျက်နေတဲ့ ရှုပ်ထွေးတဲ့ ဘဝပြဿနာ၊လူမှုဒုက္ခသုက္ခ တွေကို ဖြေရှင်းဖို့အထိ သုတေသနအခြပြုသော အတွေးနဲ့ အလေ့အထတွေက အားကောင်းကောင်းနဲ့ ကူညီပေးနေလျက်ရှိနေပါတယ်။
လူတစ်ဦးဟာ သူ့ရဲ့နေ့စဉ်ဘဝမှာ သုတေသနအခြေပြုတဲ့ တွေးခေါ်မှု နဲ့ အလေ့အထတွေကျင့်သုံးလိုက်တာနဲ့ စနစ်တကျတွေးခေါ်တတ်သလို ဆုံးဖြတ်ချက်ချရာမှာလည်း ဘာအကြောင်းကြောင့် ဘာဖြစ်တာဆိုတာကနေ၊ အဲတာကြောင့် ဒီလိုရွေးချယ်ဆုံးဖြတ်တယ် ဆိုသည်အထိ မှန်ကန်ယုတ္တိကျလာပါလိမ့်တယ်။ ဥပမာ ကုန်ခြောက်ပစ္စည်းဝယ်တာလေးကအစ ဘယ်နေရာ နဲ့ ဘယ်ရာသီမှာ ဝယ်ထားရင် ကုန်ကျစရိတ်သက်သာတာကနေ အရည်အသွေးကောင်းတာတွေရနိုင်တာ၊ တာရှည်ခံတာ မျိုးအထိ သူကရွေးချယ်ဆုံးဖြတ်နိုင်ဖို့ကူညီနိုင်သလိုမျိုးပါ။ အခြားသော အိမ်နီးနားချင်းနဲ့အသိမိတ်ဆွေများကို လည်း ကိစ္စတစ်ခုခု အတွက်ရွေးချယ် ဆုံးဖြတ်ဖို့ ဒွိဟဖြစ်နေချိန် အကြောင်း-အကျိုး အကောင်းအဆိုးကို ဆွေးနွေးချပြပြီး ဆုံးဖြတ်မှုပိုင်း မှန်အောင်ကူညီနိုင်သူဖြစ်ပါတယ်။ အဲသလိုမျိုးအခြားသူတွေကို အကြံဉာဏ်နဲ့ ရွေးချယ်စရာ တွေချပြဆွေးနွေးနိုင်ဖို့အတွက်လည်း သူ့အနေနဲ့ အချိန်နဲ့တပြေးညီ ဖြစ်ပျက်နေတဲ့သတင်းအချက်အလက်တွေကို သိရှိထားလို့သာဖြစ်ပါတယ်။ နေ့စဉ်ပြောင်းလဲဖြစ်ပျက်နေတာတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ ကြည့်တာ၊ စဉ်းစားတာ၊ သုံးသပ်တာ တွေက အဲသလိုအလေ့အထလုပ်သူကို အခြားသူတွေနဲ့ မတူကွဲပြားတဲ့ လူမျိုးတစ်ယောက်ဖြစ်အောင်ပံ့ပိုးဖန်တီးပေးနေတာဖြစ်ပါတယ်။ သူအားကိုးသော လက်နက်က ထိုအလေ့အထ များသာဖြစ်ပြီး ထိုအလေ့အထများကြောင့်လည်း သူ့အမြင်အတွေး ၊အလုပ်အကိုင်တွေက အဲသလိုပိုင်ဆိုင်စေတာဖြစ်ပါတယ်။
လူဆိုတဲ့ သတ္တဝါက တစ်ချိန်ချိန်မှာ တစ်စုံတစ်ခုသော အကြောင်းအရာတွေကြောင့် အဆင်မပြေမှု မျိုး ဒါမှမဟုတ် ကျဆုံးမှုလိုမျိုးကတော့ရှိစမြဲပဲမဟုတ်လား။ မိတ်ဆွေသိပြီးသားဖြစ်ရင်လည်းဖြစ်နေနိုင်ပါလိမ့်မယ်။ အဲသလိုပြဿနာတစ်ခုကို ကြုံဆုံတဲ့ အချိန်မှာ လူတစ်ဦးနဲ့တစ်ဦးက ပြဿနာကို ချဉ်းကပ်ဖြေရှင်းပုံ၊ လောကကြီးကို ရှုမြင်ပုံ၊ က မတူကြပြန်ပါဘူး။ လူတစ်ဦးနဲ့တစ်ဦးက ပြဿနာကို ချဉ်းကပ်ဖြေရှင်းပုံ မတူတာကလည်း အကြောင်းတရားခိုင်ခိုင်မာမာရှိနေပါတယ်။ စိတ်ပညာရှင်တွေ ဆိုမိန့်ထားတဲ့ အထဲက "Everybody has unique character" ဆိုသလို ပဲ လူတစ်ဦးချင်းစီရဲ့ စရိုက်၊ကိုယ်ရည်ကိုယ်သွေး အတွေ့အကြုံ၊ ယုံကြည်မှုပိုင်း၊ တန်ဖိုးထားမှု စတာတွေကို ပိုင်ဆိုင်ကြပုံချင်းက မတူကြလို့ ပဲဖြစ်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ သုတေသနကိုအခြေခံသောတွေးခေါ်မှုကိုလက်ခံသူတွေကတော့ ကျဆုံးမှုကိုရင်ဖြေရှင်းနိုင်စွမ်းပိုင်း ပိုအားသာတာကိုတွေ့ရပါသတဲ့။ ဒီအချက်ကလည်း အင်မတန်မြင်သာထင်သာရှိပြီး လက်ခံလို့ ရတဲ့ကိစ္စလို့ ထင်ပါတယ်။ မိတ်ဆွေပဲ စဉ်းစားကြည့်လေ လူတစ်ယောက် ပြဿနာတစ်ရပ်ကို ဆင်ခြင်တုံတရားအပြည့်နဲ့ စဉ်းစားမယ်၊ ဒီပြဿနာက ဘယ်ကစတာလဲ၊ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကနေ…စနစ်တကျ၊ အသေးစိတ်ချဉ်းကပ်အဖြေရှာပြီး မှ ရင်ဆိုင်တယ်။ တစ်ခုခုအတွက် ဖြေရှင်းဖို့ ရွေးချယ်ဆုံးဖြတ်တယ် ဆိုတော့ ရင်ဆိုင်နေရတဲ့ အကြပ်အတည်း ပြဿနာကနေ လွတ်မြောက်ဖို့အကြာကြီးစောင့်ဆိုင်းနေစရာမလိုတော့ဘူးပေါ့။ ပြီးတော့ ပြဿနာတစ်ရပ်ကနေ ဆင့်ပွားရလာစရာဖြစ်တဲ့ နောက်ဆက်တွဲ အကျိုးဆက် Impacts တွေကိုလည်း လျှော့ပြီးသား ၊ ဖြတ်ပြီးသားအလိုလို ဖြစ်သွားစေပါလိမ့်မယ်။ အဆိုပါ လူပုဂ္ဂိုလ်အသုံးချလိုက်တဲ့ အရာတွေက ရှေ့မှ ပြောခဲ့တဲ့ ရိုးရှင်းပြီး အသုံးချလို့ရတဲ့ သုတေသန အခြေပြုတဲ့ တွေးနည်း နဲ့ အလေ့အထကောင်းတွေထဲကအရာတွေချည်းပါပဲ။ သတင်းအချက်အလက်ကို သေချာစနစ်တကျ ရှာတယ်၊ရှုထောင့်စုံအောင် တွေးတယ်၊ သုံးသပ်တယ် ရင်းမြစ်ရနိုင်သမျှကနေ စုတယ် အဲဒီအရာတွေကို အသုံးပြုပြီး ရင်ဆိုင်နေရတဲ့ ပြဿနာကို ချဉ်းကပ်ဖြေရှင်းတာပါပဲ။ အဲသလိုပြုမူလုပ်ဆောင်တဲ့ အတွက် အဲဒီလူဟာ ကြုံလာတဲ့ ပြဿနာတွေကို ထူပေဒဏ်ပေ ရှိရှိနဲ့ လိုက်လျောညီထွေတုန့်ပြန်နိုင်တာပဲဖြစ်ပါတယ်။
သုတေသနအခြေပြုတွေးခေါ်ကျင့်ကြံနေထိုင်သူများသည် မိမိတစ်ဦးတည်း သုတေသနအသီးအပွင့်တွေကို တစ်ကိုယ်ရည်တစ်ကာယ အကျိုးရှိစေတာမျိုးလား ဆိုတော့လည်းမဟုတ်ပါဘူး။ အဲသလိုလူတွေဟာ လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်တဲ့ ပါဝင်ကူညီမှုတွေ၊ မျှဝေဖို့လုပ်ဆောင်ရာမှာ စိတ်ဆန္ဒရှိကြသူတွေဖြစ်ပါတယ်။ လူ့အသိုက်အဝန်းအတွက် အသိအမြင်နဲ့ အလေ့အထကောင်းတွေ ဖြန့်ဝေပေးရမှာဖြစ်သလို အခွင့်အလမ်းကောင်းတွေဖန်တီးပေးဖို့လည်းတာဝန်ရှိကြသူများဖြစ်ပါသတဲ့။ ဒီလို ပြည်သူလူထုအကျိုးရှိတဲ့ အလုပ်တွေပါဝင်ကူညီခြင်းဖြင့် ၎င်းတို့ပတ်ဝန်းကျင်မှာရှိသူများကို ခွန်အားဖြစ်စေပြီး အပြန်အလှန်တိုးတတ်သည့်ယဉ်ကျေးမှုကို မွေးမြူကြရမှာဖြစ်ပါတယ်။ ဒါမှသာ လူတစ်ဦးချင်း မှာရော ရပ်ရွာလူထုတစ်ခုလုံးကိုပါ ပါဝင်လှုပ်ရှားသက်ဝင်လာစေပြီး အားလုံးတိုး တက်ဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်။
အထက်မှာပြောခဲ့ပြီးသည့်အတိုင်းပဲ သုတေသနအခြေပြု အလေ့အကျင့်များကနေ နေ့စဉ်ဘဝအတွေ့အကြုံများမှသည် ပညာရပ်ဆိုင်ရာနယ်ပယ်များလေ့လာ လိုက်စားမှုအထိ အကျိုးကျေးဇူး များပြားလှတာတွေ့ရမှာပါ။ ဒီလို သုတေသနအခြေတည်တဲ့ စိတ်နေသဘောထားကို လက်ခံခြင်းဖြင့်၊ လူတစ်ဦးချင်းစီရဲ့ ဆုံးဖြတ်ချက်ချနိုင်သော စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ရုံသာမက ပြဿနာဖြေရှင်းခြင်း၊ ပေါင်းသင်းပြောဆိုဆက်ဆံရေးနှင့် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းကဲ့သို့သော လူတစ်ဦးချင်းစီမှဦမရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းများကိုပါ ပြုစုပျိုးထောင်ပေးရာရောက်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ အားလုံးပါဝင်သောတိုးတက်မှုကို အထောက်အပံ့ဖြစ်စေပြီး ဉာဏ်ပညာအလင်းနှင့် သာယာဝပြောသော အနာဂတ်ကိုရဖို့အတွက် လမ်းခင်းပေးရာလည်းရောက်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရရင် သုတေသနအခြေပြုတွေးခေါ်မှုကို လက်ခံကျင့်သုံးခြင်းဟာ အဓိပ္ပာယ်ပြည့်ဝသောလူမှုဘဝနေထိုင်မှုဆီကို အသွင်ပြောင်းပေးတဲ့ လမ်းကြောင်းကို ဖော်ဆောင်ပေးဆောင်တာနဲ့တူပါတယ်။ ကျွန်တော်တို့ မလွဲမသေလုပ်ကြရမယ့် ဆုံးဖြတ်ချက်များနှင့် နိစ္စဓူဝလုပ်ဆောင်ချက်တွေဟာ အချက်အလက်သက်သေအထောက်အထားတွေ ကျောထောက်နောက်ခံပြုထားတာဖြစ်တာကြောင့် ကျရှုံးမှုအန္တရာယ်တွေကို လျော့ပါးသက်သာစေရုံမျှသာမကဘဲ လူတစ်ဦးချင်းဖွံ့ဖြိုးတိုးတက်မှု နဲ့ လူမှုအသိုက်အဝန်း တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် တားဆီးနေသောအရာတွေကို ပါ လမ်းဖွင့်ပေးရာရောက်စေပါတယ်။ တနည်းအားဖြင့် ပြောရရင် ကျွန်တော်တို့ရဲ့ဘဝခရီးလမ်းမှာ သုတေသနကို လမ်းပြအလင်းရောင်အဖြစ် လက်ခံယုံကြည်ထားလိုက်သည်နှင့်အမျှ ကျွန်တော်တို့သည် မျိုးဆက်သစ်များအတွက် တိုးတက်မှုနှင့် သာယာဝပြောရေးမျိုးစေ့များကို ကြဲချပေးရာလည်းရောက်ပါတယ်ခင်ဗျား….။
Pathway to Meaningful Living
-Based Thinking

Thinking
Living

-backed Insights


Development

Basic Research and Data Collection (BaRDaC) Trainingအခြေခံ သုတေသနနှင့် ဒေတာအချက်အလက်ကောက်ယူခြင်း သင်တန်း၂၀၂၄ ခုနှစ် ထဲ သ...
11/03/2024

Basic Research and Data Collection (BaRDaC) Training
အခြေခံ သုတေသနနှင့် ဒေတာအချက်အလက်ကောက်ယူခြင်း သင်တန်း

၂၀၂၄ ခုနှစ် ထဲ သုတဉာဏ အဖွဲ့ ကနေ အခြေခံသုတေသတန နဲ့ နှီးနွယ်တဲ့ သင်တန်းတစ်ခု လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ လူတွေ့သုတေသန သင်တန်းလိုမျိုး မလုပ်ဖြစ်ခဲ့တာက ၂၀၂၀ ခုနှစ်ကတည်းကလိုပြောရပါမယ်။ သင်တန်းသား (၇)ဦး တက်ဖို့ စာရင်းသွင်းလျှောက်ထားပေမင့် အကြောင်းအမျိုးမျိုးကြောင့် (၅) ဦးသာ တက်ရောက်နိုင်ခဲ့ပါတယ်။ သုတဉာဏ အဖွဲ့ က ဆရာ ဒေါက်တာကျော်လင်း ကတော့ ပြောတယ် ..” သင်တန်းမှာ ကျွန်တော်က လူနည်းတာပိုကြိုက်တယ်” တဲ့ ။ သူ့သဘောကတော့ လူနည်းလေ သင်တန်းသားတွေ အတွက် သင်ယူဆွေးနွေးချိန်ပိုရပြီး သူတို့အတွက်ပိုအကျိုးရှိတယ်လို့ လက်ခံယုံကြည်ထားတာကြောင့်လို့ ပြောပါတယ်။ ဆရာ့ဆန္ဒလည်း ပြည့်စေတယ်ထင်ပါရဲ့ …ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ မြန်မာပြည်မှာက သုတေသနကို စိတ်ထဲ အသည်းထဲကနေ လိုလိုချင်ချင် တတ်ချင်သိချင်သူက များမှ မများတာကိုးဗျနော။ အဲတာတွေ ပြောရရင် မိုးမဆုံးလေမဆုံးဖြစ်မှာမို့ လို့ လေကြောမရှည်တော့ပါဘူး။ ခုလိုအချိန် ဒီလို သုတေသန သင်တန်း ကို စိတ်ဝင်တစား လာတက်ကြသူတွေကိုတာင် အတော်လေး ကျေးဇူးတင်ရမှာပါ။ သင်တန်းသားအများစုက သုတေသန လုပ်ငန်းနယ်ပယ်နဲ့ အစိမ်းသက်သက်ဖြစ်နေလင့်ကစား သင်တန်း (၂)ရက်တာအတွင်း မှာ ကြိုးစားပြီး လိုက်လံမှတ်သား ကြတဲ့ သူတို့ရဲ့ စိတ်သဘောထား နဲ့ အားထုတ်မှုကိုတော့ အသိအမှတ်ပြုရမှာပါ။ ဒီတစ်ခေါက် သင်တန်းမှာ အထူးခြားဆုံးလို့ ပြောရမှာက အသက်အတော်အတန်ငယ်တဲ့ သင်တန်းသူ တစ်ယောက်တက်တာပါပဲ။ G-9 Level ကျောင်း သူတစ်ယောက်ရဲ့ အခြေခံသုတေသန အကြောင်းအရာအပေါ်စိတ်ဝင်စားမှုက ကျနော်တို့မြန်မာပြည် အနေနဲ့တော့ ထူးဆန်းမှုကြီးတစ်ခုလို့ ပြောရမှာပါ။
သင်တန်းက ပံ့ပိုးဆွေးနွေးချက်တွေ သူတို့ဘယ်လောက်ရရှိသွားမလဲဆိုတာကတော့ တိုင်းတာဖို့ခက်နေဦးမယ် ထင်ပါတယ်။ သို့သော် သုတေသန အမြင်အသိဦးစီး ပြီး နေ့စဉ်ဘဝမှာ ပြန်သုံးကြရင်တော့ အမှားနည်းလို့ သုံးသပ်၊ဆုံးဖြတ်တတာတွေ အတော်အတန် လျော်ကန်ရာ၏ လို့ မှတ်ယူရတာပါပဲ။ ကျနော်တို့ တတွေလည်း basic research concept/theory and Research process ကို (၂) ရက်တာ အချိန်အတွင်း မျှဝေရတာဖြစ်လို့ ဘယ်လောက်ရသွားရမယ်ဆိုပြီးတော့ လောဘတော့ အရမ်း မကြီးထားပါဘူး။ သင်တန်းအစီအစဉ်မှာ တော့ သင်တန်းကပေးလိုက်တဲ့ Individual and group work activities တွေကို ပြန်လည်သုံးသပ်မယ့် အစီအစဉ်တစ်ခုတော့ ထည့်သွင်းထားပါတယ်။
ပြီးတော့ ဒီသင်တန်း (၂) ရက်တာအတွင်း Logistical support and Facilitation / Experience sharing ပိုင်းတွေကို ကူညီးအားဖြည့် ပေးတဲ့ ကိုသောင်းဝင်းထိုက် Thaung Win Htike နဲ့ မသီတာမြင့် တို့ရဲ့ ပူးပေါင်းကူညီမှုကိုလည်း အရေးပါတဲ့ ပံ့ပိုးမှုနေရာက ရှိကြောင်း သုတဉာဏ က မှတ်တမ်းတင် ချီးကျူးစကားပြောလိုပါတယ်။ အချိန်မအားတဲ့ ကြားက Training Completion of Certificate Design လုပ်ပေးတဲ့ ကိုမင်းသူ Thu ကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

တိုင်းရေးပြည်ရာအဖြာဖြာသာသာယာယာကြီးလည်းဖြစ်လို့၊ ဖွံ့ဖြိုးရေးကိစ္စအထွေထွေတွေ လုပ်ဆောင်နိုင်ဖို့ သုတေသန ဆက်စပ်လုပ်ငန်းတွေတော့ နောင်တချိန်မှာ လုပ်ကိုင်နေချင်ပါသေးတယ်။ (သုတေသနကို ကျွန်တော်တို့ကိုယ်တိုင်အများကြီးတတ်ကျွမ်းမထားသော်ငြား) လေ့လာသိရှိထားတဲ့ သုတေသနအတွေးအခေါ် အယူအဆ၊အလေ့အထကောင်းလေးတွေကိုတော့ တတ်စွမ်းသလောက် မျှဝေပေးချင်ပါသေး၏။
ပုံလေးတွေကတော့ သင်တန်းတွင်း လုပ်ဆောင်မှု မှတ်တမ်းတွေအဖြစ်တင်လိုက်ရခြင်းဖြစ်ပါတယ်။

အားလုံး ကျန်းမာချမ်းသာ၊ဘေးဘယာဝေးကွာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ…။

Research and Data Collection (BaRDaC) Training
.org
#9-10 March 2024

🔍📊 Presenting snapshots from our Basic Research and Data Collection (BaRDaC) Training (Day One)! 📸 We're excited to shar...
09/03/2024

🔍📊 Presenting snapshots from our Basic Research and Data Collection (BaRDaC) Training (Day One)!

📸 We're excited to share glimpses from our in-house session. We hope all participants will enrich their understanding of fundamental research concepts and practices.
🧠💡 As you may know, research knowledge & skills are still somewhat unfamiliar to people of all ages in Myanmar. Nevertheless, everyone is eager to absorb as much knowledge as possible.

Let's cheer on their learning journey!

🎉 🌟

သုတဉာဏ မှ သုတေသနအကြောင်းအရာများ မျှဝေဆွေးနွေးဖို့ ကြိုဆိုပါတယ်။  Thaung Win Htike လာမယ့် မတ်လ ၉-၁၀ ရက်မှာ ဖွင့်တဲ့ သုတေသ...
08/03/2024

သုတဉာဏ မှ သုတေသနအကြောင်းအရာများ မျှဝေဆွေးနွေးဖို့ ကြိုဆိုပါတယ်။ Thaung Win Htike လာမယ့် မတ်လ ၉-၁၀ ရက်မှာ ဖွင့်တဲ့ သုတေသနသင်တန်း မှာ ‌အောက်မှာဖော်ပြထားတဲ့ သင်တန်းသားများ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်ခင်ဗျာ။

Kyaw Lin Aung
Su Wai Sar Htut San San Yu
Wint Thu Han
Than Myint Thu
Aung Ko Ko
Tun Aung Hlaing

သင်တန်းစတင်ချိန်ကို နံနက် ၈ နာရီအစား ၈ နာရီခွဲ ကိုပြောင်းလဲထားပါတယ်။

၂၀၂၄ ခုနှစ် မတ်လ ၉/၁၀ ရက်များတွင် ဖွင့်လှစ်မည့် အခြေခံသုတေသနနှင့် ဒေတာအချက်အလက်ကောက်ယူခြင်းသင်တန်း အကြောင်...

သုတေသန ဆက်စပ်အလုပ် ကိုလုပ်ရတာ စိတ်ဝင်စားသူတွေအတွက် အခြခံ သုတေသန သင်တန်း အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသင်တန်းကို ...
26/02/2024

သုတေသန ဆက်စပ်အလုပ် ကိုလုပ်ရတာ စိတ်ဝင်စားသူတွေအတွက် အခြခံ သုတေသန သင်တန်း အစီအစဉ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီသင်တန်းကို သုတဉာဏ Research Services Company ကနေစီစဉ်ပံ့ပိုးပေးမှာဖြစ်ပါတယ်။ "သုတေသနသင်တန်း" အမျိုးအစားဖြစ်လို့ သီအိုရီ ပိုင်း မသိမဖြစ် သိရမှာတွေ ပါဝင်ပေမင့် လက်တွေ့သဘောတရား ပိုင်း Applied Research ကို အဓိက ဆွေးနွေးမျှဝေပေးမယ့် သင်တန်းအမျိုးအစားဖြစ်ပါတယ်။ အဖွဲ့ရဲ့ ပင်မလမ်းကြောင်းဖြစ်တဲ့ Social Enterprise လူမှုအကျိုးပြုစီးပွားရေးပုံစံ ဖြည့်ဆည်းဖို့ ဦးတည်တာဖြစ်လို့ သင်တန်းကြေး များများစားစားယူမထားပါဘူး။ ပြီးတော့ သင်တန်းကာလမှာ ကွင်းဆင်းဒေတာကောက်ယူမှုပိုင်း နဲ့ Research Management ပိုင်းတွေမှာ များစွာအတွေ့အကြုံရှိတဲ့ Volunteers တွေရဲ့ မျှဝေမှု နဲ့ Facilitation တွေလည်း တဆင့်ပြန်လည်သင်ယူနိုင်အောင် စီစဉ်ထားလို့ ကိုယ်ကိုယ်တိုင် သုတေသနအလုပ် ကို လုပ်ကိုင်ဖူးသလို သုတေသန အငွေ့အသက်တွေထိတွေ့ရရှိနိုင်မှာဖြစ်ပါတယ်။ သုတေသနအကြောင်းအရာကို ကိုယ်တိုင် စိတ်ဝင်စားလို့ ဖြစ်စေ အခြားစိတ်ဝင်စားသူတွေ ရှိရင် သင်တန်းအကြောင်းအရာ ၊ သင်တန်းလျှောက်လွှာ၊ အစီအစဉ် ၊ သင်တန်းကနေပံ့ပိုးပေးမှာတွေ ၊ သင်တန်းကြေးစတာတွေကိုအသေးစိတ် လေ့လာနိုင်ပါတယ် ပြီးတော့ ထပ်ဆင့်လည်း မျှဝေပေးနိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သုတဉာဏ Website https://thutanyana.org/1682-2/ မှာလည်း ကြော်ငြာပေးထားပါတယ်ခင်ဗျာ။

Michael Winston
👇👇👇
သင်တန်းလျှောက်လွှာ https://forms.gle/LhDU1HBq5tR3io8p9

သုတေသန အစီရင်ခံစာ/စာတမ်းတစ်ခုမှာဘာတွေပါရမလဲ။ အပိုင်း (၉) နိဂုံးချုပ် (Conclusions section)
13/07/2023

သုတေသန အစီရင်ခံစာ/စာတမ်းတစ်ခုမှာဘာတွေပါရမလဲ။ အပိုင်း (၉) နိဂုံးချုပ် (Conclusions section)

သုတေသန အစီရင်ခံစာ/စာတမ်းတစ်ခုမှာဘာတွေပါရမလဲ။အပိုင်း (၉) နိဂုံးချုပ်Key components of a research articlePart (9) Conclusions section

PhD ဘွဲ့လား..Master ဘွဲ့လား...(ဘယ်ဘွဲ့ကိုယ့်အတွက် ပိုကောင်းမလဲ။) PhD or Master?
13/07/2023

PhD ဘွဲ့လား..Master ဘွဲ့လား...(ဘယ်ဘွဲ့ကိုယ့်အတွက် ပိုကောင်းမလဲ။) PhD or Master?

PhD or Master? ဘွဲ့လွန်သင်တန်းနှစ်မျိုးရဲ့မတူညီတဲ့အချက်တွေနဲ့ မိမိအတွက် ဘယ်လိုဘွဲ့လွန်သင်တန်းမျိုးက ပိုကောင်း/ပိ.....

မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ...လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင် အချိန်ထဲက ၅ မိနစ်လောက် ပေးပြီး ‌"Youth and employment ...
19/02/2023

မိတ်ဆွေများအားလုံး မင်္ဂလာပါခင်ဗျာ...
လူကြီးမင်းတို့ရဲ့ ကိုယ်ပိုင် အချိန်ထဲက ၅ မိနစ်လောက် ပေးပြီး ‌
"Youth and employment opportunities (လူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းမေးခွန်းလွှာ)" လေးကိုဖြေကြားပေးဖို့ မေတ္တာရပ်ခံပါတယ်။
တွေ့ရှိချက် နဲ့ Syndicated Study Report ကို သုတဉာဏ Research Services Company Website မှာ ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျ။ အချိန်ပေးပြီး ဖြေဆိုပေးမည့်သူအားလုံးကို ကြိုတင် ကျေးဇူးတင်ကြောင်း ပြောပါရစေ...။

👇👇👇

လူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်းအကြောင်းကိုသိရှိနိုင်ရန်အတွက် သုတဉာဏသုတေသနကုမ္ပဏီမှ ဤမေးခွန်းလွှာ...

သုတေသန အစီရင်ခံစာ/စာတမ်းတစ်ခုမှာဘာတွေပါရမလဲ။
15/02/2023

သုတေသန အစီရင်ခံစာ/စာတမ်းတစ်ခုမှာဘာတွေပါရမလဲ။

သုတေသန အစီရင်ခံစာ/စာတမ်းတစ်ခုမှာဘာတွေပါရမလဲ။ အပိုင်း (၁) ခေါင်းစဉ်ကောင်းတစ်ခုဆိုတာ Key components of a research articleModule 1:...

Address

Oak Zanar 9th Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959450064401

Alerts

Be the first to know and let us send you an email when Thuta Nyana Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thuta Nyana Co., Ltd.:

Share