23/06/2026
🚨 လူကြီးမင်းတို့ ရဲ့လုပ်ငန်း အခြေအနေ မှာ ၃ မှတ်နှင့် အောက်ရတယ် ဆိုရင်တော့ လုပ်ငန်းရဲ့ ဘဏ္ဍာရေးဟာ အန္တရာယ် ရှိတဲ့ အခြေအနေကို ရောက်နေတယ် လို့ သတ်မှတ်လို့ ရနိုင်ပါတယ်။
အရောင်းစာရင်းတစ်ခုတည်း ရှိနေရုံနဲ့ ကိုယ့်လုပ်ငန်းရဲ့ စာရင်းစနစ် ကောင်းမွန်နေပြီလို့ ပြောလို့မရပါဘူး။
𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐜𝐨𝐧𝐭𝐫𝐨𝐥 𝐬𝐲𝐬𝐭𝐞𝐦 မှာ ယိုပေါက်တွေ ရှိမရှိဆိုတာကို တိတိကျကျ သိနိုင်ဖို့ “ လက်တွေ့စံနှုန်း (၅) ချက်" ( တချက်လျင် အများဆုဖံး(၂) မှတ်နုန်း )နဲ့ တိုက်စစ်ကြည့်လိုက်ပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်း အမှတ်ဘယ်လောက် ရှိလဲဆိုတာ တိုင်းတာကြည့်ကြပါစို့ …
📦 ၁။ စတော့ခ်စာရင်း တိကျမှု (𝐈𝐧𝐯𝐞𝐧𝐭𝐨𝐫𝐲 𝐀𝐜𝐜𝐮𝐫𝐚𝐜𝐲)
၂ မှတ်:
စနစ်ထဲက အရေအတွက်နဲ့ ဂိုဒေါင်ထဲက ပစ္စည်းအစစ်အမှန်ဟာ တစ်ခုမလွဲ ကွက်တိကိုက်ညီတယ်။
၁ မှတ်:
စာရင်းတော့ ရှိတယ်၊ ဒါပေမဲ့ လိုက်စစ်ရင် အမြဲတမ်း ပိုလိုက် လိုလိုက် ဖြစ်နေတတ်တယ်။
၀ မှတ်:
ဂိုဒေါင်ထဲမှာ ဘာပစ္စည်း ဘယ်လောက်ကျန်မှန်း လုံးဝမသိ၊ စာရင်းလည်း မရှိဘူး။
💵 ၂။ ကုန်ကျစရိတ် တိကျမှု (𝐄𝐱𝐩𝐞𝐧𝐬𝐞 𝐓𝐫𝐚𝐜𝐤𝐢𝐧𝐠)
၂ မှတ် :
လုပ်ငန်းခွင်ထဲက သေးငယ်တဲ့ လေလွင့်စရိတ်တွေ၊ မမြင်ရတဲ့ စရိတ်တွေအထိ စာရင်းထဲမှာ နေ့စဉ်ကျကျနန ရှိနေတယ်။
၁ မှတ်:
စရိတ်ကြီးကြီးမားမားတွေကိုပဲ မှတ်ထားပြီး အသေးအမွှားစရိတ်တွေကိုတော့ လွှတ်ထားမိတယ်။
၀ မှတ်:
ပိုက်ဆံတွေ ဘယ်ပျောက်ကုန်မှန်းမသိ၊ လကုန်လို့ လက်ကျန်နည်းမှ မှန်းဆနေရတယ်။
🏦 ၃။ ဘဏ်စာရင်း တိုက်စစ်မှု (𝐁𝐚𝐧𝐤 𝐑𝐞𝐜𝐨𝐧𝐜𝐢𝐥𝐢𝐚𝐭𝐢𝐨𝐧)
၂ မှတ်:
လစဉ်စာရင်းချုပ်တဲ့အခါ ကိုယ့်စာအုပ်ထဲက ငွေသားလက်ကျန်နဲ့ ဘဏ်အကောင့်ထဲက ငွေအစစ်ဟာ တစ်ကျပ်မလွဲ ကွက်တိကိုက်ညီတယ်။
၁ မှတ်:
ဘဏ်ထဲကငွေနဲ့ စာရင်းစာအုပ် ကွဲလွဲနေတာမျိုး အမြဲရှိပြီး ဘယ်နေရာမှာမှားလဲ ရှာရခက်တယ်။
၀ မှတ်:
စာရင်းကိုင်စာအုပ်ထဲကငွေနဲ့ ဘဏ်ထဲကပိုက်ဆံဟာ ဘယ်တော့မှ မကိုက်ညီဘဲ ကမောက်ကမ ဖြစ်နေတယ်။
👥 ၄။ ငွေကိုင်နှင့် စာရင်းသွင်းသူ ခွဲခြားခြင်း (𝐒𝐞𝐠𝐫𝐞𝐠𝐚𝐭𝐢𝐨𝐧 𝐨𝐟 𝐃𝐮𝐭𝐢𝐞𝐬)
၂ မှတ်:
ငွေ သားတိုက်ရိုက်ကိုင်သူ (𝐂𝐚𝐬𝐡𝐢𝐞𝐫) နဲ့ စာရင်းသွင်းသူ (𝐀𝐜𝐜𝐨𝐮𝐧𝐭𝐚𝐧𝐭) က လုံးဝသီးသန့်စီ ဖြစ်ပြီး အချင်းချင်းထိန်းကျောင်းထားတယ်။
၁ မှတ်:
ခွဲထားပေမယ့် တစ်ခါတလေ တစ်ယောက်ကပဲ နှစ်ဖက်လုံး ဝင်ကိုင်တာမျိုး ရှိနေတယ်။
၀ မှတ်:
လူတစ်ယောက်တည်းကပဲ ငွေလည်းကိုင်၊ စာရင်းလည်း ဝင်သွင်းနေတယ်။
📝 ၅။ ဘဏ္ဍာရေး ခွင့်ပြုချက်စနစ် (𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐜𝐜𝐞𝐬𝐬 & 𝐀𝐩𝐩𝐫𝐨𝐯𝐚𝐥𝐬)
၂ မှတ်:
စာရင်းထဲက ကိန်းဂဏန်းတွေကို ပြန်ပြင်တာ (𝐉𝐨𝐮𝐫𝐧𝐚𝐥 𝐄𝐧𝐭𝐫𝐢𝐞𝐬) ကအစ ငွေအလွှဲအပြောင်းတိုင်းမှာ အထက်လူကြီးရဲ့ အတည်ပြုချက် (𝐀𝐩𝐩𝐫𝐨𝐯𝐚𝐥) သေချာပါရတယ်။
၁ မှတ်:
စာရွက်ပေါ်မှာပဲ အတည်ပြုချက်ယူပြီး စနစ် (𝐒𝐲𝐬𝐭𝐞𝐦) ထဲမှာတော့ ဘယ်သူမဆို ဝင်ပြင်လို့ ရနေတယ်။
၀ မှတ်:
ဘာခွင့်ပြုချက်မှ မလိုဘဲ စာရင်းကိုင်က စိတ်ကြိုက် စာရင်းသွင်း၊ စိတ်ကြိုက် ပြင်ဆင်နေတယ်။
📊 ရမှတ်ချင်းပေါင်းပြီးပြီဆိုရင်... သင့်လုပ်ငန်းက ဘယ်အဆင့်မှာ ရှိနေလဲ?
🥇 ၈ မှတ် မှ ၁၀ မှတ်အထိ (𝐒𝐭𝐫𝐨𝐧𝐠 𝐒𝐲𝐬𝐭𝐞𝐦 အဆင့်):
သင့်လုပ်ငန်းရဲ့ ဘဏ္ဍာရေးနဲ့ စာရင်းစနစ်ဟာ အတော်လေး ခိုင်မာမှုရှိပြီး ယိုပေါက်နည်းပါတယ်။ ဒီအခြေအနေကို ဆက်ထိန်းထားပြီး 𝐖𝐈𝐍 𝐁𝐈𝐆 ရဲ့ 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰𝐭𝐡 & 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 ဝန်ဆောင်မှုတွေနဲ့ အတူ လုပ်ငန်းကို ဒီထက်မက တိုးချဲ့ (𝐒𝐜𝐚𝐥𝐞 𝐮𝐩) နိုင်မှာဖြစ်ပါတယ်။
⚠️ ၄ မှတ် မှ ၇ မှတ်အထိ (𝐖𝐚𝐫𝐧𝐢𝐧𝐠 𝐙𝐨𝐧𝐞 အဆင့်):
အပေါ်ယံ အရောင်းစာရင်းရှိပေမဲ့ အတွင်းပိုင်းမှာ "ငွေယိုပေါက်တွေနဲ့ စာရင်းမကိုက်ညီမှုတွေ" စတင်ဖြစ်ပေါ်နေပါပြီ။ ရေရှည်မှာ အန္တရာယ်ကြီးမားလာနိုင်လို့ 𝐖𝐈𝐍 𝐁𝐈𝐆 ရဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐥 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐒𝐲𝐬𝐭𝐞𝐦 𝐒𝐞𝐭𝐮𝐩 ဝန်ဆောင်မှုကို ရယူပြီး စနစ်ကို အမြန်ဆုံး အချောသတ် ပြန်လည်တည်ဆောက်သင့်ပါတယ်။
🚨 ၃ မှတ်နှင့် အောက်ရတယ် ဆိုရင်တော့ 𝐃𝐚𝐧𝐠𝐞𝐫 အဆင့်ရောက်နေတာ ဖြစ်တဲ့အတွက် စာရင်းအမှားအယွင်းနဲ့ လိမ်လည်မှုတွေကို ချက်ချင်းဖော်ထုတ် တားဆီးနိုင်ဖို့ အတွက် 𝐖𝐈𝐍 𝐁𝐈𝐆 ရဲ့ ကျွမ်းကျင် 𝐀𝐜𝐜𝐨𝐮𝐧𝐭𝐢𝐧𝐠 ဝန်ဆောင်မှုတွေကို အရေးပေါ် ရယူရန် လိုအပ်နေပြီ ဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းက အမှတ် ၁၀ မှာ ဘယ်နှစ်မှတ် ရပါသလဲ? ကိုယ့်လုပ်ငန်းရဲ့ ရမှတ်လေးနဲ့ လက်ရှိ အခက်ခဲဆုံးဖြစ်နေတဲ့ အချက်ကို 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ပွင့်ပွင့်လင်းလင်း ချရေးခဲ့ပေးနိုင်ပါတယ် … 💬👇
“ကြီးကြီးမားမားအောင်မြင်ဖို့ 𝐖𝐈𝐍 𝐁𝐈𝐆 နဲ့လက်တွဲစို့”
𝗙𝗶𝗻𝗮𝗻𝗰𝗶𝗮𝗹 𝗰𝗼𝗻𝘁𝗿𝗼𝗹 𝘀𝘆𝘀𝘁𝗲𝗺 မှာ ယိုပေါက်တွေ ရှိမရှိဆိုတာကို တိတိကျကျ သိနိုင်ဖို့ “ လက်တွေ့စံနှုန်း (၅) ချက်" ( တချက်လျင် အများဆုံး(၂) မှတ်)နဲ့ တိုက်စစ်ကြည့်လိုက်ပြီး လူကြီးမင်းတို့ရဲ့ လုပ်ငန်း အမှတ်ဘယ်လောက် ရှိလဲဆိုတာ တိုင်းတာကြည့်ကြပါစို့ …
📞 Phone: 09 891746528, 09 43089348
📞 Viber: 09 891746528, 09 43089348
🏠 Address: MICT Park, Building 15, 1st Floor