04/01/2020
Congratulations BTS!🎈
🙌😍👏
တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဟာ ၂၀၂၀ခုနှစ်ရဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်တင်မှတ်တမ်းစာအုပ်မှာ ဖော်ပြခြင်းခံခဲ့ရ
၂၀၁၉ ခုနှစ်ထဲမှာ စံချိန်တင်ခဲ့ကြတဲ့ မှတ်တမ်းတွေကို လာမယ့်နှစ်အတွက် ဖြန့်ချိတဲ့စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။ အခုနှစ်အတွက် စံချိန်တင်မှတ်တမ်းတွေထဲမှာတော့ BTS အဖွဲ့ဟာ စံချိန်တင်မှတ်တမ်းများစွာကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဖွဲ့အနေနဲ့ ပထမဆုံး ချိုးဖျက်ခဲ့တဲ့ စံချိန်ကတော့ Youtube မှာ ၂၄ နာရီအတွင်း လူကြည့်အများဆုံး ဗီဒီယို စံချိန်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက ထွက်ရှိခဲ့တဲ့ အဖွဲ့ရဲ့ “Boy with Luv” ဂီတဗီဒီယိုဟာ ၂၄ နာရီအတွင်း Youtube မှာ ကြည့်ရှုတဲ့အကြိမ်ရေ သန်း ၈၀ နီးပါး အထိရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယစံချိန်ကတော့ ၂၄ နာရီအတွင်းလူကြည့်အများဆုံး ဂီတဗီဒီယိုနဲ့ တတိယစံချိန်ကတော့ ၂၄ နာရီအတွင်း လူကြည့်အများဆုံး K-pop ဂီတဗီဒီယိုစံချိန် ဖြစ်ပါတယ်။ အဲ့ဒီစံချိန်တွေကို “Boy with Luv” ဂီတဗီဒီယိုနဲ့ ချိုးဖျက်ခဲ့တာလည်း ဖြစ်ပါတယ်။
စတုတ္ထ စံချိန်ကတော့ ပြီးခဲ့တဲ့ ဧပြီလမှာ ဖြန့်ချိခဲ့ပြီး ကမ္ဘာတဝန်းမှာ ကော်ပီချပ်ရေ ၄ သန်းနီးပါး ရောင်းချခဲ့ရတဲ့ “Map of the Soul: Persona” အယ်လ်ဘမ်နဲ့ ရရှိခဲ့တဲ့ ကိုရီးယားမှာ ရောင်းအားအကောင်းဆုံး အယ်လ်ဘမ် စံချိန်ဖြစ်ပါတယ်။
ပဉ္စမမြောက် စံချိန်ကတော့ TikTok မှာ Follower ၁ သန်းပမာဏကို အမြန်ဆုံးရောက်ရှိခဲ့တဲ့ စံချိန် ဖြစ်ပါတယ်။ BTS အဖွဲ့ဟာ သူတို့ရဲ့ TikTok အကောင့်ကို စက်တင်ဘာလ ၂၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၃ နာရီအတွင်း Follower ၁ သန်းအထိ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဆဋ္ဌမမြောက် စံချိန်ကတော့ Twitter မှာ ပြန်လည်မျှဝေမှုအများဆုံး Tweet စံချိန်ဖြစ်ပြီး သတ္တမစံချိန်ကတော့ Twitter အကောင့်မှာ Follow အများဆုံး စံချိန်ဖြစ်ပါတယ်။
BTS အဖွဲ့ဟာ ဖော်ပြထားတဲ့ စံချိန်တွေအပြင် အခြား ကမ္ဘာ့စံချိန်တွေကိုလည်း ပိုင်ဆိုင်ထားတယ်လို့ ဂင်းနစ် ကမ္ဘာ့စံချိန်တင် မှတ်တမ်းများအဖွဲ့က ဆိုပါတယ်။ လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစလို့ BTS အဖွဲ့ဟာ ကမ္ဘာ့စံချိန်တွေကို ဆက်တိုက် ချိုးဖျက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Ref: koreaboo