Myanmar K-Power Group Company Limited

Myanmar K-Power Group Company Limited Clothing, Sport Wears & Sport Gears Distribution.

 🎄​ပျော်ရွှင်​​သော ခရစ်စမတ်​နေ့ဖြစ်ပါ​စေ❤️🎁✨
25/12/2025

🎄
​ပျော်ရွှင်​​သော ခရစ်စမတ်​နေ့ဖြစ်ပါ​စေ❤️🎁✨

လုပ်ငန်းခွင်မှာ Professional ကျတယ်ဆိုတာ  လုပ်ငန်းကျွမ်းကျင်မှုတင်မဟုတ်ဘဲ ကိုယ့်ရဲ့ attitude , skill , behavior  အားလုံးက...
12/09/2025

လုပ်ငန်းခွင်မှာ Professional ကျတယ်ဆိုတာ လုပ်ငန်းကျွမ်းကျင်မှုတင်မဟုတ်ဘဲ ကိုယ့်ရဲ့ attitude , skill , behavior အားလုံးကိုပါ ပေါင်းစပ်ပြီး စွမ်းဆောင်နိုင်ခြင်းကိုခေါ်ပါတယ် ။
-အချိန်ကိုလေးစားပြီးပေးတဲ့တာဝန်ကိုသက်မှတ်ချိန်အတွင်းပြီးပြတ်အောင်လုပ်ဆောင်နိုင်ခြင်း
-လုပ်ငန်းခွင်အတွင်း Communication ကောင်းမွန်ခြင်း
-ပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့အဝတ်အစားကိုသပ်ရပ်စွာဝတ်ဆင်ခြင်း
-ကိုယ့်ရဲ့ Mental ပိုင်းကိုထိန်းချုပ်နိုင်ပြီးအပြုသဘောဆောင်တဲ့စိတ်နေစိတ်ထားထားရှိခြင်း
-တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း

အနှစ်ချုပ်ရရင်တော့ လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ်ကျတာဟာ ကိုယ့်ရဲ့အောင်မြင်မှုအတွက် အရေးကြီးတဲ့အုတ်မြစ်တစ်ခုပါပဲ။ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ လေးစားမှုနဲ့ ယုံကြည်မှုတွေကို ရရှိလာမှာအသေအချာပဲဖြစ်ပါတယ်။

Work Ethicဆိုတာ အလုပ်တစ်ခုကိုဘယ်လိုလုပ်ကိုင်သလဲဆိုတာကို ပြသတဲ့ ကိုယ်ကျင့်တရားနဲ့အတွေးအခေါ်တစ်ခုလို့ဆိုနိုင်ပါတယ်  👌Work ...
10/09/2025

Work Ethicဆိုတာ အလုပ်တစ်ခုကိုဘယ်လိုလုပ်ကိုင်သလဲဆိုတာကို ပြသတဲ့ ကိုယ်ကျင့်တရားနဲ့အတွေးအခေါ်တစ်ခုလို့ဆိုနိုင်ပါတယ် 👌

Work Ethic ကောင်းတဲ့သူတွေမှာ ဒီလိုအရည်အချင်းတွေ ရှိတာကိုတွေ့ရတတ်ပါတယ်

-ကိုယ့်ရဲ့တာဝန်တွေကို အကောင်းဆုံးဖြစ်အောင် အချိန်နဲ့အမျှအားစိုက်ထုတ်ပြီး လုပ်ဆောင်တယ်
-သတ်မှတ်ထားတဲ့အချိန်နဲ့ အလုပ်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတယ်
-ကတိပေးထားတဲ့အတိုင်း အလုပ်ပြီးမြောက်အောင် လုပ်နိုင်တယ်
-အလုပ်အပေါ်မှာတာဝန်ယူမှုရှိပြီး (Responsibility) အပြည့်ရှိတယ်
-အလုပ်ကိုတလေးစားနဲ့( Professional) ဆန်ဆန်လုပ်ကိုင်နိုင်တယ်

Work Ethic ကောင်းတာက တစ်ဦးချင်းစီအတွက်ရော၊ အဖွဲ့အစည်းအတွက်ပါကောင်းမွန်တာကြောင့် ကိုယ့်ရဲ့အလုပ်အပေါ်လေးစားပြီး တာဝန်ယူမှုရှိတာက တိုးတက်အောင်မြင်မှုရဖို့ ပိုနီးစပ်စေမှာပဲဖြစ်ပါတယ်ဗျာ✌️

ယနေ့ကျရောက်တဲ့( ဂရုဓမ္မအခါတော်‌နေ့) တော်သလင်းလပြည့်နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာကင်းကွာပြီး ဗုဒ္ဓရဲ့အဆုံး...
06/09/2025

ယနေ့ကျရောက်တဲ့( ဂရုဓမ္မအခါတော်‌နေ့) တော်သလင်းလပြည့်နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာကင်းကွာပြီး ဗုဒ္ဓရဲ့အဆုံးအမတွေကိုလိုက်နာကျင့်သုံးရင်း အေးချမ်းကြပါစေကြောင်း Myanmar K-Power မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏😍

-K-Power #တော်သလင်းလပြည့်နေ့

ပျော်ရွှင်အေးချမ်းမှုတွေကိုယူဆောင်လာတဲ့ September လလေးဖြစ်ပါစေ...💕 ဒိလလေးမှာမွေးဖွားခဲ့ကြတဲ့မွေးနေ့ရှင်များအားလုံး စိတ်ခ...
04/09/2025

ပျော်ရွှင်အေးချမ်းမှုတွေကိုယူဆောင်လာတဲ့ September လလေးဖြစ်ပါစေ...💕

ဒိလလေးမှာမွေးဖွားခဲ့ကြတဲ့မွေးနေ့ရှင်များအားလုံး စိတ်ချမ်သာကိုယ်ကျန်းမာကြပြီး လိုတိုင်းတရနိုင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့
Myanmar K-Power မိသားစုမှ ဆုတောင်းလိုက်ပါတယ် 🙏😍

-K-Power

Team တစ်ခုမှာ (Internal) အဖွဲ့သားအချင်းချင်း သဘောထားမတိုက်ဆိုင်တာ၊ Conflict ဖြစ်တာမျိုးတွေဟာ အဖွဲ့အစည်းတိုင်း ကြုံတွေ့လေ...
31/08/2025

Team တစ်ခုမှာ (Internal) အဖွဲ့သားအချင်းချင်း သဘောထားမတိုက်ဆိုင်တာ၊ Conflict ဖြစ်တာမျိုးတွေဟာ အဖွဲ့အစည်းတိုင်း ကြုံတွေ့လေ့ရှိတဲ့ ပြဿာနာတစ်ခုပါ။

Team player အချင်းချင်း Conflict ဖြစ်တာကို အလေးမထားဘဲ ကျော်သွားကြမယ်ဆိုရင်
ရေရှည်မှာ အဖွဲ့အစည်းတိုးတက်မှုအတွက် အနှောက်အယှက် ဖြစ်စေနိုင်တာကို သတိပြုဖို့ လိုပါတယ်။

Team Conflict ကို ဘယ်လိုကိုင်တွယ် ဖြေရှင်းလို့ရမလဲ?

- ပြဿနာကို လျစ်လျုမရှုဘဲ ပြေလည်အောင် ဖြေရှင်းဖို့ကြိုးစားပါ။
- Conflict ထဲမှာ ပါဝင်တဲ့ Member များနဲ့ သေသေချာချာ စကားပြောကြည့်ပြီး ဆွေးနွေးကြည့်ပါ။
- သဘောထားကွဲလွဲမှုကို တုံ့ပြန်မှုမလုပ်ခင် တစ်ဖက်လူရဲ့ အမြင်ကို အေးအေးဆေးဆေး နားထောင်ပြီးမှ တုံ့ပြန်ပါ။
- အဖွဲ့ဝင်အချင်းချင်း အပြစ်မဖို့ဘဲ အတူတူ ဝိုင်းဝန်းဖြေရှင်းခြင်းက ရင်းနှီးတဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေပြီး Intertnal Relationship ကို တိုးတက်စေနိုင်ပါတယ်။
-အပြုသဘောဆောင်တဲ့ စကားတွေကိုသာပြောမယ်ဆို Work Environment ကောင်းတစ်ခုကိုလည်း ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

တစ်ကယ်တော့ အဖွဲ့ဝင်အချင်းချင်း သဘောထားမတိုက်ဆိုင်တာ၊ ပဠိပက္ခဖြစ်တာဟာ တိုးတက်မှုကို ဦးတည်တဲ့ Direction ဖြစ်တာကြောင့် Handle ကောင်းကောင်း လုပ်နိင်မယ်ဆိုရင် ကောင်းမွန်တဲ့ အဖွဲ့အစည်းကောင်းတစ်ခု အဖြစ်ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

-Power

"You may never know what results come of your actions.But if you do nothing, there will be no result." "မင်းလုပ်လိုက်တဲ့...
27/08/2025

"You may never know what results come of your actions.
But if you do nothing, there will be no result."

"မင်းလုပ်လိုက်တဲ့ အရာက ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး...
ဒါပေမယ့် ဘာမှ မလုပ်ကြည့်ဘဲနဲ့တော့ ဘယ်လိုရလဒ်မျိုးမှ ရလာမှာမဟုတ်ဘူး"

မဟတမဂန္ဓီရဲ့ အဆိုအတိုင်း တစ်စုံတစ်ခုကို လုပ်လိုက်လို့ အောင်မြင်တာ ကျရှုံးတာကို တွေးကြောက်နေပြီး ဘာမှမလုပ်ဘဲနေလိုက်မယ်ဆိုရင်တော့ ဘယ်လိုရလဒ်မျိုးမှ ရနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် တွေးကြောက်မနေပဲ လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့နဲ့ လုပ်လိုက်ပါလို့ အကြံပြုပေးပါရစေ။

IQ နဲ့ EQ ဆိုတာ လူတစ်ယောက်ရဲ့ အရည်အချင်းတွေကို တိုင်းတာတဲ့ စံနှုန်းတွေဖြစ်သလို  ဒီနှစ်ခုစလုံးဟာ ဘဝရဲ့  အောင်မြင်မှုနဲ့ ပ...
26/08/2025

IQ နဲ့ EQ ဆိုတာ လူတစ်ယောက်ရဲ့ အရည်အချင်းတွေကို တိုင်းတာတဲ့ စံနှုန်းတွေဖြစ်သလို ဒီနှစ်ခုစလုံးဟာ ဘဝရဲ့ အောင်မြင်မှုနဲ့ ပျော်ရွှင်မှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်💫

IQ (Intelligence Quotient)
IQ ဆိုတာ ပညာရပ်ဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေး ဖြစ်ပြီး ပြဿနာဖြေရှင်းခြင်း၊ ဆင်ခြင်တွေးခေါ်ခြင်းနဲ့ သင်ယူနိုင်စွမ်းတို့ကို တိုင်းတာပါတယ်။

EQ (Emotional Quotient)
IQ ကတော့ စိတ်ခံစားမှု ဉာဏ်ရည် ဖြစ်ပြီး ကိုယ်တိုင်အပြင် သူတစ်ပါးရဲ့စိတ်ခံစားမှုတွေကို နားလည်ခြင်း၊ ထိန်းချုပ်ခြင်းနဲ့ လူမှုဆက်ဆံရေး ကျွမ်းကျင်မှုတို့ကို တိုင်းတာခြင်းပဲဖြစ်ပါတယ်။ စိတ်ခံစားမှု ထိန်းချုပ်နိုင်ခြင်း၊ ကိုယ်ချင်းစာခြင်းနဲ့ ဆက်ဆံရေး ကောင်းမွန်ခြင်းတို့ ဒီအထဲမှာပါဝင်ပါတယ်။

အမှန်တကယ်တော့ IQ နဲ့ EQ နှစ်ခုစလုံးဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အရေးပါပြီး တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပဲဖြစ်ပါတယ်။ IQ က အသိပညာတွေ သင်ယူဖို့နဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ကူညီပေးသလို၊ EQ ကတော့ အဲ့ဒီအသိပညာတွေကို လက်တွေ့ဘဝမှာ ဘယ်လို အကျိုးရှိရှိ အသုံးချမလဲနဲ့ တခြားသူတွေနဲ့ ဘယ်လို ကောင်းမွန်စွာ ဆက်ဆံမလဲဆိုတာကို ကူညီပေးပါတယ်။

ဒါကြောင့် ပညာရပ်ပိုင်းဆိုင်ရာ ဉာဏ်ရည် (IQ) ကို မြှင့်တင်ဖို့ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည် (EQ) ကိုလည်း Strong ဖြစ်အောင် လေ့ကျင့်ဖို့ လိုအပ်ကြောင်း အကြံပြုပေးပါရစေ......

-Power

အားကစားပဲဖြစ်ဖြစ်...လုပ်ငန်းခွင်ပဲဖြစ်ဖြစ် တခြားဘယ်အဖွဲ့အစည်းမှာမဆို အောင်မြင်မှုဆိုတာ တစ်ယောက်တည်း ရယူလို့မရပါဘူး။ အချင...
25/08/2025

အားကစားပဲဖြစ်ဖြစ်...လုပ်ငန်းခွင်ပဲဖြစ်ဖြစ် တခြားဘယ်အဖွဲ့အစည်းမှာမဆို အောင်မြင်မှုဆိုတာ တစ်ယောက်တည်း ရယူလို့မရပါဘူး။ အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ ရှေ့ဆက်နိုင်မှသာ အောင်မြင်မှု ပန်းတိုင်ကိုရောက်ရှိနိုင်မှာပါ။ ဒါဆို အကောင်းဆုံး Teammate ဖြစ်ဖို့ ဘာတွေလိုအပ်မလဲဆိုတာ လေ့လာကြည့်ရအောင်....✌️

၁။ ပွင့်လင်းမြင်သာစွာ ဆက်သွယ်ပါ

ကိုယ့်ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သလို၊ သူများရဲ့ အမြင်တွေကိုလည်း နားထောင်ပါ။ ပြဿနာတစ်စုံတစ်ရာ ရှိလာရင် အချိန်မီ ပြောဆိုဖြေရှင်းခြင်းက နားလည်မှုလွဲတာတွေကို ရှောင်ရှားနိုင်ပြီး လုပ်ငန်းခွင်မှာ ပိုမိုချောမွေ့စေပါတယ်။ အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံခြင်းက ယုံကြည်မှုကိုလည်း တည်ဆောက်ပေးပါတယ်။

၂။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါ

ကိုယ့်ရဲ့အပိုင်းကို တာဝန်ယူပြီး အကောင်းဆုံးလုပ်ဆောင်ပါ။ ပေးအပ်ထားတဲ့ အလုပ်တွေကို အချိန်မီပြီးစီးအောင် လုပ်ဆောင်ခြင်း၊ ကတိတည်ခြင်းက အသင်းဖော်တွေရဲ့ ယုံကြည်မှုကို ရရှိစေပါတယ်။ ကိုယ်မှားသွားရင်လည်း ဝန်ခံပြီး ပြန်လည်ပြင်ဆင်ဖို့ တာဝန်ယူပါ။

၃။ ကူညီရိုင်းပင်းပါ

အခက်အခဲကြုံနေတဲ့အခါ၊ အကူအညီလိုတဲ့အခါ ကူညီပေးဖို့ ဝန်မလေးပါနဲ့။ ကိုယ်က သူများကို ကူညီဖူးမှ သူများကလည်း ကိုယ့်ကို ပြန်ကူညီမှာပါ။ အချင်းချင်း ကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်က အဖွဲ့အစည်းကို ပိုမိုခိုင်မာစေပါတယ်။ ကိုယ့်အလုပ်မဟုတ်ရင်တောင် တစ်ဖက်က အခက်အခဲရှိနေတာကို တွေ့ရင် ဝင်ကူညီပေးခြင်းက အကောင်းဆုံး Team member ရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။

၄။ အပြုသဘောဆောင်ပါ

အပြုသဘောဆောင်တဲ့ စိတ်ဓာတ်ရှိဖို့က အရမ်းအရေးကြီးပါတယ်။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြုံလာတဲ့အခါ ညည်းညူနေမယ့်အစား အကောင်းမြင်စိတ်နဲ့ ဖြေရှင်းနည်းတွေကို ရှာဖွေပါ။ ကိုယ့်ရဲ့ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်က တခြားအသင်းဖော်တွေကိုလည်း ကူးစက်ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေပါတယ်။

၅။ လေးစားမှုရှိပါ

အသင်းဖော်တွေရဲ့ ကွဲပြားခြားနားတဲ့ အမြင်တွေ၊ စွမ်းရည်တွေကို လေးစားပါ။ တစ်ဦးချင်းစီရဲ့ အားသာချက်တွေကို အသိအမှတ်ပြုပြီး အားနည်းချက်တွေကို နားလည်ပေးပါ။ အသက်၊ ရာထူး၊ အတွေ့အကြုံ စတာတွေ ဘယ်လိုပဲကွာခြားပါစေ၊ အချင်းချင်း လေးစားမှုရှိခြင်းက အသင်းအဖွဲ့ကို သဟဇာတဖြစ်စေပါတယ်။

အချုပ်ပြောရမယ်ဆို...အကောင်းဆုံး အသင်းဖော်တစ်ယောက်ဖြစ်ဖို့ဆိုတာ တစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်က အဓိကကျပါတယ်။ ဒီအချက်တွေကို လိုက်နာမယ်ဆို ဘယ်အဖွဲ့အစည်းအတွက်မဆို မရှိမဖြစ်လိုအပ်တဲ့ တန်ဖိုးရှိတဲ့ Teammate ဖြစ်လာမှာအသေအချာပါနော်...

-Power

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပဲ ခံယူချက်နဲ့ Mindset တွေကွဲပြားလို့တိုးတက်မှုတွေလည်း ကွာသွားတာဖြစ်ပါတယ်။Growth Mindse...
18/08/2025

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလိုပဲ ခံယူချက်နဲ့ Mindset တွေကွဲပြားလို့
တိုးတက်မှုတွေလည်း ကွာသွားတာဖြစ်ပါတယ်။

Growth Mindset ရှိတဲ့လူဟာ စိန်ခေါ်မှုတွေကို လက်ခံတတ်ပြီး အပြုသဘောဆောင်တဲ့
တုံ့ပြန်မှုတွေနဲ့ ဖြေရှင်းဖို့ကြိုးစားပြီး Fixed Mindset ရှိတဲ့သူကတော့ အပျက်သဘောဆောင်တဲ့ ရှုထောင့်ကနေ ပြဿနာကို ရှောင်ဖယ်ဖို့ ကြိုးစားတတ်ကြပါတယ်။

အခက်အခဲ၊ ရှုံးနိမ့်မှုများနဲ့ ကြုံတွေ့တဲ့အခါ အလွယ်တကူ လက်လျှော့ပြီး
စိတ်ဓာတ်ကျလွယ်တာဟာ Fixed Mindset သမားများရဲ့ လက္ခဏာဖြစ်ပါတယ်။

Fixed Mindset သမားများဟာ အဆိုးမြင်စိတ်များပြီး အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုများကို
လက်ခံနိုင်စွမ်း မရှိတာကြောင့် တိုးတက်မှုမရှိဘဲ သူများနောက်ကျန်နေခဲ့တတ်ပါတယ်။

မိတ်ဆွေက အခုလို အရာရာတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ခြေနှစ်လှမ်းလောက်
သူများထက် ရှေ့ပိုရောက်ချင်တဲ့သူဆိုရင်တော့ Growth Mindsetဖြစ်ဖို့လည်း လိုအပ်တဲ့အကြောင်း ဝေမျှပေးလိုက်ပါတယ်💪

📢 Job Vacancy Announcement, We're Hiring❗ပျော်ရွှင်စရာကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်နဲ့အတူကိုယ့်ရဲ့အရည်အချင်းတွေကို အပြည့်အဝ...
16/08/2025

📢 Job Vacancy Announcement, We're Hiring❗

ပျော်ရွှင်စရာကောင်းတဲ့ အလုပ်ပတ်ဝန်းကျင်နဲ့အတူ
ကိုယ့်ရဲ့အရည်အချင်းတွေကို အပြည့်အဝထုတ်ပြခွင့်ရမယ့်
အခွင့်အရေးတွေ ရှိနေပါပြီ...

အတူတူလက်တွဲပြီး အောင်မြင်မှုတွေဖန်တီးချင်သူတွေအတွက်
အကောင်းဆုံးအခွင့်အရေးတွေ ရှိနေတာမို့ အခုပဲလာရောက် လျှောက်ထားဖို့
ဖိတ်ခေါ်လိုက်ပါတယ်...

The people who are crazy enough to thinkthey can change the world are the ones who do.”“ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လိ...
14/08/2025

The people who are crazy enough to think
they can change the world are the ones who do.”

“ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့ ရူးသွပ်စွာ တွေးခေါ်တဲ့သူတွေဟာ
တကယ်တမ်း ပြောင်းလဲနိုင်သူတွေပါပဲ”

ဒီစကားက Apple ရဲ့ ပူးတွဲတည်ထောင်သူ Steve Jobs ရဲ့
နာမည်ကျော် အဆိုအမိန့်တစ်ခုဖြစ်ပြီး ရိုးရှင်းပေမယ့်
အဓိပ္ပာယ်တွေနဲ့ ပြည့်နေပါတယ်။

တကယ်တော့ Jobs က ပြောခဲ့သလို ကမ္ဘာကြီးကို ပြောင်းလဲဖို့ဆိုတာ မလွယ်ပါဘူး။
လူအများစုက မဖြစ်နိုင်ဘူးလို့ ထင်ကြတဲ့ အရာတွေကို စိတ်ကူးယဉ်ဖို့၊
လက်တွေ့အကောင်အထည် ဖော်ဖို့ဆိုတာ ရူးသွပ်မှုတစ်ခုလို
ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သမိုင်းတစ်လျှောက်မှာ ကြည့်မယ်ဆိုရင်
လူ့အဖွဲ့အစည်းကို အကြီးအကျယ် ပြောင်းလဲခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာ
တခြားသူတွေ မမြင်နိုင်တဲ့ အခွင့်အလမ်းတွေကို မြင်ပြီး
သူတို့ရဲ့ အိပ်မက်တွေနောက်ကို ရဲရဲဝံ့ဝံ့ လိုက်ခဲ့သူတွေပါပဲ။

ဒါကြောင့်မို့ မိတ်ဆွေတို့လည်း လက်ရှိအခြေအနေမှာ မရပ်နေဘဲ
ကိုယ်သွားချင်တဲ့ Goals ကိုရောက်အောင် လက်တွေ့အကောင်အထည်ဖော်လိုက်ပါလို့
အကြံပြုပါရစေ ..

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959772004319

Website

Alerts

Be the first to know and let us send you an email when Myanmar K-Power Group Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share