Women Transforming Myanmar

Directions Website Contact the business

Women Transforming Myanmar Women Transforming Myanmar (WTM) is 5000 members women network. Our mission is to support women in building sustainable businesses.

A dynamic and impactful organization dedicated to empowering women entrepreneurs and advancing gender equality in Myanmar.

13/10/2026

✨ **SN@IL Batch 3 Participant — EcoCycle Bio** ✨

Women Transforming Myanmar မှ ဖွင့်လှစ်သည့် **SN@IL Batch 3** တွင် ပါဝင်တက်ရောက်ခဲ့သော **EcoCycle Bio** ရဲ့ Pitching Video လေးကို အား လုံးကြည့်ရှုနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

**EcoCycle Bio** ဟာ စွန့်ပစ်အမှိုက်များကို အမှိုက်သက်သက်အဖြစ် မမြင်ဘဲ ပြန်လည်အသုံးချနိုင်တဲ့ အရင်းအမြစ်များအဖြစ် ပြောင်းလဲပေးရန် ရည်ရွယ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

အမှိုက်များကို ပြန်လည်အသုံးချခြင်းမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးနိုင်ရန်၊ အမျိုးသမီးများနဲ့ လူ ငယ်များအတွက် အခွင့်အလမ်းများ ဖန် တီးပေးရန်နဲ့ ရေရှည်တည်တံ့တဲ့ အနာ
ဂတ်တစ်ခု တည်ဆောက်နိုင်ရန် **EcoCycle Bio** က ကြိုးပမ်းနေပါတယ်။

**ဒီ Pitching Video လေးကတဆင့် SN@IL Batch 3 Participant တစ်ဦးဖြစ်တဲ့ EcoCycle Bio ရဲ့ လုပ်ငန်းအ ကြောင်းနဲ့ သဘာဝပတ်ဝန်းကျင်အတွက် ကြိုးပမ်းအားထုတ်မှုများကို သိရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။** 💙

09/10/2026

✨ SN@IL Batch 3 Participant — AURA ရေမွှေး ✨

Women Transforming Myanmar မှ ဖွင့်လှစ်သည့် SN@IL Batch 3 တွင် ပါဝင်တက်ရောက်ခဲ့သော AURA ရေမွှေး ရဲ့ Pitching Video လေးကို အားလုံးကြည့်ရှုနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

AURA ရေမွှေး ကို အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသင့်တင့်တဲ့ ရေမွှေးများကို သုံးစွဲသူများထံ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ ကုန်ကြမ်းများကို အသုံးပြုကာ ကျွမ်းကျင်တဲ့ Certified Perfumer များဖြင့် ထုတ်လုပ်ထားပြီး ဓာတ်ခွဲခန်းစစ်ဆေးချက် အဖြေများရရှိထားတဲ့ ထုတ်ကုန်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေပါတယ်။
စတင်ချိန်မှာ ရနံ့ ၃ မျိုးနဲ့ Body Mist ၁ မျိုးကို ထုတ်လုပ်ခဲ့ပြီး လက်ရှိမှာတော့ လူကြိုက်များတဲ့ ရနံ့အမျိုးအစားများနဲ့ Body Mist Size အမျိုးမျိုးကို တိုးချဲ့ထုတ်လုပ် ရောင်းချလျက်ရှိပါတယ်။ လက်လီဆိုင်များ၊ Modern Trade များ၊ တိုက်ရိုက်ရောင်းချသည့် Channel များနဲ့ Online Page များမှတစ်ဆင့် သုံးစွဲသူများထံ ဖြန့်ဖြူးရောင်းချနေပါတယ်။
ထို့အပြင် အမျိုးသမီးများနဲ့ ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေပါတယ်။
ဒီ Pitching Video လေးကတဆင့် SN@IL Batch 3 Participant တစ်ဦးဖြစ်တဲ့ AURA ရေမွှေးရဲ့ လုပ်ငန်းအကြောင်းနဲ့ ကြိုးစားအားထုတ်မှုများကို သိရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ 💙

ေမွှေး

08/10/2026

🏆 SN@IL Batch 3 1st Grant Winner — MIO Car ARMREST Box ✨

SN@IL Batch 3 Grant Awarding Ceremony မှာ 1st Grant Award ရရှိခဲ့တဲ့ MIO Car ARMREST Box ရဲ့ Pitching Video လေးကို အားလုံးကြည့်ရှုနိုင်အောင် အမှတ်တရ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

နေ့စဉ် အချိန်ကြာမြင့်စွာ ကားမောင်းနှင်ရသူများအတွက် သက်တောင့်သက်သာရှိစေရန်နဲ့ လိုအပ်တဲ့ပစ္စည်းများကို အလွယ်တကူ သိမ်းဆည်းနိုင်စေရန် ရည်ရွယ်ပြီး MIO Car ARMREST Box များကို ထုတ်လုပ်ရောင်းချနေပါတယ်။

မိမိတို့ရဲ့ လိုအပ်ချက်ကနေ စတင်ခဲ့တဲ့ MIO Car ARMREST Box ဟာ ယနေ့မှာတော့ အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနေတဲ့ လုပ်ငန်းတစ်ခုအဖြစ် တိုးတက်လာခဲ့ပါတယ်။

SN@IL Program ကနေ ရရှိခဲ့တဲ့ အသိပညာ၊ အတွေ့အကြုံနဲ့ အခွင့်အလမ်းများကို အသုံးချပြီး မိမိတို့လုပ်ငန်းကို ပိုမိုတိုးတက်အောင် ကြိုးစားနေတဲ့ MIO Car ARMREST Box ရဲ့ အောင်မြင်မှုကို ဂုဏ်ပြုပါတယ်။ 💙

ဒီ Pitching Video လေးကို ကြည့်ရှုရင်း SN@IL Batch 3 ရဲ့ အမှတ်တရများနဲ့ MIO Car ARMREST Box ရဲ့ လုပ်ငန်းအကြောင်းကိုလည်း သိရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

Car ARMREST Box

05/10/2026

🏆 SN@IL Batch 3 2nd Grant Winner — မုံရွာ အညာမုန့် ✨

SN@IL Batch 3 Grant Awarding Ceremony မှာ 2nd Grant Award ရရှိခဲ့တဲ့ မုံရွာ အညာမုန့် ရဲ့ Pitching Video လေးကို အားလုံးကြည့်ရှုနိုင်အောင် အမှတ်တရ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မုံရွာ အညာမုန့် မှာ အညာဒေသထွက် ကုန်ကြမ်းများကို အသုံးပြုပြီး ကုလားပဲဘယာကျော်မုန့်၊ မတ်ပဲဘယာကျော်မုန့်နဲ့ ၅ မိနစ်အတွင်း ပြုလုပ်နိုင်တဲ့ တိုဖူးအနှစ် စတဲ့ အာဟာရပြည့်ဝပြီး အရသာကောင်းမွန်တဲ့ အစားအစာများကို ထုတ်လုပ်ရောင်းချနေပါတယ်။

အိမ်တွင်းလုပ်ငန်းလေးကနေ စတင်ခဲ့ပြီး အစားအစာအရည်အသွေးနဲ့ ဘေးကင်းလုံခြုံမှုကို အလေးထားကာ ထုတ်ကုန်များကို စနစ်တကျ ထုတ်လုပ်နေတဲ့ မုံရွာ အညာမုန့် ရဲ့ ကြိုးစားအားထုတ်မှုကို ဂုဏ်ပြုပါတယ်။

SN@IL Program ကနေ ရရှိခဲ့တဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို အသုံးချပြီး မိမိလုပ်ငန်းကို ပိုမိုတိုးတက်အောင် ကြိုးစားနေတဲ့ မုံရွာ အညာမုန့် ကို ဂုဏ်ပြုပါတယ်။

ဒီ Pitching Video လေးကို ကြည့်ရှုရင်း SN@IL Batch 3 ရဲ့ အမှတ်တရများနဲ့ မုံရွာ အညာမုန့်ရဲ့ လုပ်ငန်းအကြောင်းကိုလည်း သိရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ 💙

#မုံရွာအညာမုန့်

🚀 လူငယ် အယောက် ၁၀၀ အတွက် Scholarship & Internship program Vol:2  အခွင့်အလမ်းကြီး ပြန်လာပါပြီ! ✨Rotary Club of Central Ya...
05/10/2026

🚀 လူငယ် အယောက် ၁၀၀ အတွက် Scholarship & Internship program Vol:2 အခွင့်အလမ်းကြီး ပြန်လာပါပြီ! ✨

Rotary Club of Central Yangon (RCCY) မှ ဦးဆောင်ပြုလုပ်တဲ့ ဒီ Program ကတော့ Fully Funded ( ၁၀၀% အခမဲ့) ဖြစ်ပြီး လူငယ်တွေရဲ့ အနာဂတ်အတွက် ပညာရေးနဲ့ လုပ်ငန်းခွင်တံခါးတွေကို ဖွင့်ပေးသွားမှာပါ။ 🚀

ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ နေထိုင်ပြီး
(1)ပညာသင်ယူဖို့ငွေကြေးခက်ခဲနေသူများ
(2) လုပ်ငန်းခွင်ဝင်ရောက်ဖို့ အခွင့်အလမ်းတွေ နည်းပါးနေသောလူငယ်များ
(3) စိတ်ဓာတ်ခွန်အားပြည့်ဝပြီး ကြိုးစားချင်စိတ်အပြည့်ရှိတဲ့ လူငယ်တွေအတွက် အထူးရည်ရွယ်ထားတာဖြစ်ပါတယ်။ 💡
ဒီ Program မှာ ပထမဆုံး ၃ လတာကာလအတွင်း:
🔸️ English Language Skill
🔸️ Digital Skill & AI Skill
🔸️ Communication & Soft Skill

စတဲ့ သင်တန်းတွေကို ကျွမ်းကျင်ပညာရှင်တွေနဲ့ အသေးစိတ်၊ လက်တွေ့ကျကျ လေ့လာသင်ယူခွင့်ရမှာပါ။

✅ သင်တန်းပြီးဆုံးတဲ့အခါ ၃ လတာကာလ လုပ်ငန်းခွင်အတွေ့အကြုံ (Internship Training):
ရရှိထားတဲ့ အသိပညာတွေနဲ့ စွမ်းရည်တွေကို လက်တွေ့အသုံးချနိုင်ဖို့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး၊ ထိပ်တန်းလုပ်ငန်းကြီးတွေနဲ့ ကုမ္ပဏီတွေမှာ လုပ်ငန်းခွင် Internship အတွေ့အကြုံ ရရှိမှာဖြစ်ပါတယ်။ 💼

🎯ရွေးချယ်မည့် လူငယ်အရေအတွက်
- ရန်ကုန် (၆၀) ဦး
- မန္တလေး (၄၀) ဦး

ဒီအစီအစဉ်ကိုတော့ Rotary Club of Central Yangon မှ အဓိကဦးဆောင်ပြုလုပ်တာဖြစ်ပြီး Strategy First International College၊ SIGMA ACE၊ Women Transforming Myanmar (WTM)၊ Chindwin Technological University နှင့် DBU International College တို့လို ထိပ်တန်းအဖွဲ့အစည်းတွေနဲ့ ကောလိပ်ကြီးတွေကလည်း ပါတနာအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ထားတာဖြစ်ပါတယ်🤝

📝 လျှောက်ထားရန်
👉 https://docs.google.com/forms/d/e/1FAIpQLSc_IQSPysMMEpfe29Wc9nDeNDlZxfoAaLmNZV2HOkjJ09ijRg/viewform?usp=sharing

📞 အသေးစိတ် သိရှိလိုပါက
- That Htoo (Project Coordinator) — 09 775574420
- Nang (Executive Secretary) — 09 792167881

✨ Empowering Youth, Building a Brighter Future✨


03/10/2026

📣 အောက်တိုဘာလမှာလည်း Women Transforming Myanmar (WTM) က SME လုပ်ငန်းရှင်များအတွက် AI ဖြင့် ကိုယ့်ရဲ့ Product Photo များကို ဆွဲဆောင်မှုရှိသော Short Video များအဖြစ် အလွယ်တကူ ဖန်တီးနိုင်မည့် In-Person Practical AI Training စီစဉ်ပေးထားပါတယ်နော်။
‎
‎ဒီတစ်ခေါက် သင်တန်းမှာတော့ Google Flow နဲ့ Google AI Studio ကို အသုံးပြုပြီး Social Media ပေါ်မှာ Customer တွေရဲ့ စိတ်ဝင်စားမှုကို ရရှိစေမည့် Product Marketing Video တိုများ လက်တွေ့ ဖန်တီးနည်းကို သင်ယူသွားရမှာဖြစ်ပါတယ်။
‎
‎ဒီ AI Practical Training မှာ ဘာတွေ သင်ယူရမလဲ?
‎- Product photo တစ်ပုံတည်းမှ စတင်၍ Google Flow ဖြင့် ရွေ့လျားနေသော Video clip အဖြစ် ပြောင်းလဲနည်း
‎- Camera movement နှင့် Subject movement များအတွက် Motion prompts ရေးသားနည်းနှင့် Start/End frame သတ်မှတ်နည်း
‎- 3-scene structure (Hook → Product → Call to Action) ဖြင့် Storyboard ရေးဆွဲပြီး Product consistency ထိန်းသိမ်းနည်း
‎- Google AI Studio ကို အသုံးပြု၍ မြန်မာလို AI Voiceover ထည့်သွင်းနည်း
‎
‎အသုံးပြုမည့် Tools များ: Google Flow | Google AI Studio
‎
‎သင်ကြားပေးမည့် Instructor: ကိုရဲမြင့်စိုး
‎Founder of Hornbill Information Technology - HiT Myanmar & Ziigwat Business / Senior Software Engineer / Technical Educator
‎
‎Training အသေးစိတ်:
‎နေ့ရက်: ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်၊ စနေနေ့
‎
‎အချိန်: နံနက် ၁၀:၀၀ နာရီ မှ ၁:၀၀ နာရီအထိ
‎နေရာ: အမှတ် ၆၉၊ ၅လွှာ၊ ဗိုလ်မှူးဗထူး လမ်း၊
‎ ၄၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။ ရန်ကုန်။
‎
‎သင်တန်းကြေး: အခမဲ့ (Free)
‎သတ်မှတ်လူဦးရေ: ၃၀ ဦး (လူဦးရေ ကန့်သတ်ထားပါသည်)
‎
‎ဘာလို့ တက်ရောက်သင့်တာလဲ? ဒီသင်တန်းက ခက်ခဲတဲ့ နည်းပညာတွေကို သင်ပေးမှာ မဟုတ်ပါဘူး။ နည်းပညာနဲ့ အလှမ်းဝေးတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအတွက် လွယ်လွယ်ကူကူ လက်တွေ့လိုက်ပါ ပြုလုပ်နိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။
‎
‎👉 Register ပြုလုပ်ရန် Link: https://forms.gle/3uCHEUcHyC1kCnb27
‎
‎🤝 WTM members များအတွက် AI သင်တန်းများကို ပိုမိုထိရောက်စွာ သင်ကြားပေးနိုင်ရန်အ တွက် SME Hub Asia Myanmar မှ ပါဝင်ပံ့ပိုးထားပါသည်။
‎
‎AIM ASEAN Program အကြောင်း: AIM ASEAN Program ကို ASEAN Foundation က ဦးဆောင်ပြီး AVPN နဲ့ ပူးပေါင်းကာ AI Opportunity Fund: Asia-Pacific ရဲ့ အစိတ်အပိုင်းအဖြစ် Google.org နှင့် Asian Development Bank (ADB) တို့၏ ပံ့ပိုးကူညီမှုဖြင့် SME Hub Asia Myanmar မှ မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
‎
‎

03/10/2026

🏆 SN@IL Batch 3 3rd Grant Winner — တွံတေးလေး ဝါးလက်မှု✨

SN@IL Batch 3 Grant Awarding Ceremony မှာ 3rd Grant Award ရရှိခဲ့တဲ့ တွံတေးလေး ဝါးလက်မှု့ ရဲ့ Pitching Video လေးကို အားလုံးကြည့်ရှုနိုင်အောင် အမှတ်တရ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 💙

တွံတေးလေး ဝါးလက်မှု မှာ ရိုးရာဝါးလက်မှုပညာကို အခြေခံပြီး အသုံးဝင်လှပတဲ့ ဝါးထုတ်ကုန်များကို ဖန်တီးထုတ်လုပ်ရောင်းချနေပါတယ်။ ရိုးရာလက်မှုပညာကို ထိန်းသိမ်းရင်း ခေတ်မီဒီဇိုင်းများနဲ့ ပေါင်းစပ်ပြီး လုပ်ငန်းကို ပိုမိုတိုးတက်အောင် ကြိုးစားနေတဲ့ တွံတေးလေး ဝါးလက်မှုကို ဂုဏ်ပြုပါတယ်။ 🌿

SN@IL Program ကနေ ရရှိခဲ့တဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို အသုံးချပြီး မိမိလုပ်ငန်းအတွက် ဆက်လက်ကြိုးစားနေတဲ့ တွံတေးလေး ဝါးလက်မှု ရဲ့ Pitching Video လေးကို ကြည့်ရှုလိုက်ကြရအောင်။ ✨

ဒီ Pitching Video လေးကို ကြည့်ရှုရင်း SN@IL Batch 3 ရဲ့ အမှတ်တရများနဲ့ တွံတေးလေး ဝါးလက်မှုရဲ့ လုပ်ငန်းအကြောင်းကိုလည်း သိရှိနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ 💙

#တွံတေးလေးဝါးလက်မှု

03/10/2026

⏳ ၅ ရက်သာ လိုပါတော့တယ်! 🚀
AI ခေတ်မှာ သင့်ရဲ့ ခေါင်းဆောင်မှုကို ဘယ်လို ရှေ့သို့ ဦးဆောင်မလဲ။

Artificial Intelligence (AI) နည်းပညာတွေ မြန်ဆန်စွာ ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာ အောင်မြင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ နည်းပညာထက် လူတွေကို နားလည်နိုင်ခြင်း၊ ပြောင်းလဲမှုကို ဦးဆောင်နိုင်ခြင်းနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခြင်းတို့က ပိုမို အရေးပါလာပါတယ်။

CCI France Myanmar မှ စီစဉ်ကျင်းပမယ့် “Leading in the AI Era: Becoming a Transformative Leader” Masterclass မှာ တက်ရောက်ပြီး သင့်ရဲ့ Leadership Mindset ကို မြှင့်တင်လိုက်ပါ။

💡 သင်ယူလေ့လာရမည့် အဓိက အကြောင်းအရာများ -

Changing Role of Leadership:AI ခေတ်တွင် ပြောင်းလဲလာသော ခေါင်းဆောင်မှု အခန်းကဏ္ဍ
Transformative Leadership: Transformative နဲ့ အခြား Leadership Styles များ ကွာခြားချက်
Emotional Intelligence & Empathy: ခေါင်းဆောင်မှုတွင် စိတ်ခံစားမှုဆိုင်ရာ ပါးနပ်လိမ္မာမှု (EI) ၏ အရေးပါပုံ
Decision-Making in AI Era: AI သုံး လုပ်ငန်းခွင်အတွင်း မှန်ကန်မြန်ဆန်သော ဆုံးဖြတ်ချက်များ ချမှတ်နည်း
Personal Leadership Action Plan: မိမိကိုယ်ပိုင် Leadership Action Plan တည်ဆောက်ခြင်း

🎙️ Speaker: Daw Thiri Aung (CEO & Founder, Women Transforming Myanmar)

(U.S. Department of State’s IVLP နှင့် Germany နိုင်ငံ IAF သင်တန်းဆင်း)

📅 Date: Wednesday, 7 October 2026

⏰ Time: 1:30 PM – 4:30 PM

📍 Venue: The Moon Gallery Cafe (Bagan Room) — 591 Pyay Road, Yangon

🗣️ Language: Burmese

💰 Fees: 30,000 MMK (CCI France Myanmar Members) | 45,000 MMK (Non-Members)

👉 Registration Link: https://tinyurl.com/jpvy4s56

📞 FMCCI Office: 09 425 450 546

✉️ Email: [email protected]

⏳ Only 7 Days Left! 🚀
How Will You Lead in the Age of AI?

Artificial Intelligence is fundamentally reshaping how we work and lead. In today's tech-driven landscape, true leadership requires more than understanding technology—it demands empathy, adaptability, and the power to inspire human potential.

CCI France Myanmar cordially invites you to the exclusive Masterclass: “Leading in the AI Era: Becoming a Transformative Leader.”

💡 Key Topics Covered:

Changing Role of Leadership: Navigating new leadership dynamics in the age of AI
Transformative Leadership: Traditional vs. Transformative Leadership styles
Emotional Intelligence & Empathy: Harnessing EI and empathy as core leadership drivers
Decision-Making in an AI Era: Strategic decision-making in AI-enabled workplaces
Personal Action Plan:Designing your actionable personal leadership roadmap

🎙️ Speaker: Daw Thiri Aung (CEO & Founder, Women Transforming Myanmar)

(Alumna of U.S. Department of State’s IVLP and IAF Germany)

02/10/2026

📣 Women-Led Business Growth Boost Camp – Entrepreneur Package
နိုဝင်ဘာလမှာ ပြန်စတင်ပါပြီ! 🚀

Business လုပ်ရင်း "ဘယ်ကနေ ဘယ်လိုတိုးချဲ့ရမလဲ" "ဘာကို ပြင်ရမလဲ" ဆိုပြီး တွေးမိနေပါသလား? 🤔
အဲဒီအတွက် အဖြေရှာပေးမယ့် နေရာပါ။

🎥 အရင် SN@IL Program ကပါဝင်ခဲ့တဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေရဲ့ အတွေ့အကြုံကို Testimonial Video မှာ ကြည့်လိုက်ပါ။ သူတို့ Business တိုးတက်ဖို့ ဘာတွေသင်ယူခဲ့လဲ၊ လက်တွေ့ ဘယ်လိုအသုံးချနိုင်ခဲ့လဲဆိုတာ သူတို့ကိုယ်တိုင်ပြောပြထားပါတယ်။ 💬

🌱 ဒီ Boot Camp မှာ ဘာတွေရမလဲ
✅ Business ကို Next Level ရောက်စေမယ့် Knowledge နဲ့ Skills
✅ ချက်ချင်း အသုံးပြုလို့ရမယ့်လက်တွေ့ Learning Experience
✅ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ Network
✅ စနစ်တကျ စီစဉ်ထားတဲ့ ၂ လတာ သင်ကြားမှု

💙 တစ်ယောက်တည်း ရုန်းကန်နေစရာမလိုပါဘူး။ အတူသင်၊ အတူတိုးတက်ကြမယ်။

🔥 လူဦးရေ ၂၅ ဦးသာ လက်ခံမှာပါ!
နေရာအကန့်အသတ်ရှိလို့ စောစောစာရင်းသွင်းမှ နေရာရမှာပါ။

💰 သင်တန်းကြေး
🐦 Early Bird ( အောက်တိုဘာ ၂၀ ရက်အတွင်း စာရင်းသွင်းလျှင်) – ၆၅၀,၀၀၀ ကျပ်
🏷️ ပုံမှန်သင်တန်းကြေး – ၇၅၀,၀၀၀ ကျပ်

📅 စတင်မည့်ရက် – နိုဝင်ဘာ ၇၊ ၂၀၂၆
⏳ ကြာချိန် – ၂ လ
📍 နေရာ – WTM Office

👉 အောက်တိုဘာ ၁၅ မတိုင်ခင် စာရင်းသွင်းပြီး ၁၀၀,၀၀၀ ကျပ် သက်သာလိုက်ပါ၊ သင့် Business ရဲ့ နောက်တစ်ဆင့်ကို စတင်လိုက်ပါ!
🔗 https://docs.google.com/forms/d/e/1FAIpQLSdgFw4SeKQKFyCtIoFphcPKt29mcInIpPWOjJ5A1lJ47l6hVA/viewform?usp=header

30/09/2026

🏆 SN@IL Batch 3 Grant Awarding Ceremony

SN@IL Program Batch 3 ရဲ့ Grant Awarding Ceremony မှာ Grant ဆုများ လက်ခံရယူခဲ့ကြတဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များရဲ့ အမှတ်တရအခိုက်အတန့်များကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

မိမိလုပ်ငန်းအတွက် ကြိုးစားအားထုတ်ပြီး Grant ဆုများ ရရှိခဲ့ကြတဲ့ အမျိုးသမီးများအားလုံးကို WTM မှ ဂုဏ်ပြုအပ်ပါတယ်။ ဒီ Grant များက လုပ်ငန်းများကို ပိုမိုတိုးတက်အောင် ဆက်လက်ကြိုးစားနိုင်ဖို့ အထောက်အပံ့ကောင်းတစ်ခု ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဆုလက်ခံရယူနေကြတဲ့ အချိန်တွေ၊ ပျော်ရွှင်နေကြတဲ့ အပြုံးတွေနဲ့ အတူတကွ ရိုက်ကူးထားတဲ့ အမှတ်တရအခိုက်အတန့်များကို ဒီဗီဒီယိုလေးမှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။ ✨

Congratulations to all SN@IL Batch 3 Grant Winners! 🎉

Address

အမှတ် ၆၉၊ ၅လွှာ၊ , ဗိုလ်မှူးဗထူးလမ်း၊ ၄၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်။
Yangon
11081

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00

Alerts

Be the first to know and let us send you an email when Women Transforming Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Women Transforming Myanmar:

Shortcuts

Share