Starlit Solar Energy

Starlit Solar Energy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Starlit Solar Energy, Solar Energy Company, 51/53 U Pho Hman Street, Hlaing, Yangon.

“စက်ရုံ၊ အလုပ်ရုံကြီးများ၊လုပ်ငန်းရှင် များအတွက် လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို စရိတ်သက်သာစွာဖြင့် အကောင်းဆုံး ဖြေရှင်း န...
23/05/2026

“စက်ရုံ၊ အလုပ်ရုံကြီးများ၊လုပ်ငန်းရှင် များအတွက် လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို စရိတ်သက်သာစွာဖြင့် အကောင်းဆုံး ဖြေရှင်း နိုင်မည့်နည်းလမ်း" ⚡🔋

ပြိုင်ဆိုင်မှုပြင်းထန်လာ တဲ့ ယနေ့ခေတ် စီးပွားရေးလောက နှင့်အတူ လျှပ်စစ် စွမ်းအင် လိုအပ်မှု ပိုမို မြင့်မားလာတဲ့ စက်ရုံ အလုပ်ရုံ ကြီးများ အတွက် Starlit Solar Energy မှ ဝာာ၀န်ယူ ဆောင်ရွက်ပေးနေတဲ့ Solar System များကို တပ်ဆင်ခြင်း ဖြင့် -

၁။ Operational Cost (လည်ပတ်မှုစရိတ်) ကို သိသိသာသာ လျှော့ချပေးနိုင်ခြင်း

စက်ရုံများနှင့် လုပ်ငန်းကြီးများတွင် အမြင့်ဆုံးဖြစ်လေ့ရှိသည့် လစဉ် Operational Cost များကို Solar စွမ်းအင်ဖြင့် အစားထိုးလိုက်ခြင်းဖြင့် လစဉ်ပုံသေကုန်ကျစရိတ် (Fixed Cost) ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ် ။

၂။ Uninterrupted Production (အနှောင့်အယှက်ကင်းသော ကုန်ထုတ်လုပ်မှု)

အဆင့်မြင့် Industrial-Grade Inverter စနစ်များအသုံးပြုခြင်းဖြင့် ရာသီဥတု (သို့) ကိစ္စရပ်တစ်ခုခုကြောင့် Grid fault ဖြစ်ချိန်တွင် စက်ယန္တရားများ ရုတ်တရက် ရပ်တန့်သွားခြင်း လုံးဝ (လုံးဝ) မရှိ တဲ့အတွက် Production continuity ကို ပိုမိုတိုးတက်စေပါတယ်။


၃။ ရေရှည်ရင်းနှီးမြှုပ်နှံမှု နှင့် ROI

C&I Solar Project များသည် များသောအားဖြင့် လျှပ်စစ်စွမ်းအင်သုံးစွဲမှု ကုန်ကျစရိတ် ပေါ်မူတည်၍ အနည်းဆုံး ၃ နှစ်မှ ၅ နှစ်အတွင်း (Payback Period) အရင်းကျေနိုင်ပြီး၊ တပ်ဆင်ထားသည့် Solar System ကို နှစ် ၂၀ ကျော်အထိ သုဲးစွဲနိုင်သောကြောင့် ကျန်ရှိသည့် နှစ်ပေါင်းများစွာတွင် အခမဲ့ လျှပ်စစ်စွမ်းအင်ကို ရရှိခံစားရမှာ ဖြစ်ပါတယ်။

🛠️ လူကြီးမင်းတို့ လုပ်ငန်းနှင့် ကိုက်ညီမယ့် စနစ်ကို ဘယ်လိုရွေးချယ်မလဲ။

ကျွန်တော်တို့ Starlit Solar Energy မှ ကမ္ဘာ့အဆင့်မီ Tier-1 Solar Panel များနှင့် အရည်အသွေးမြင့် စက်ပစ္စည်းများကိုသာ အသုံးပြုပြီး၊ ကျွမ်းကျင် C&I Engineer များကိုယ်တိုင် သင့်လုပ်ငန်းခွင်အထိ လာရောက်ကာ Load Profile (လျှပ်စစ်သုံးစွဲမှုပမာဏ) များကို စနစ်တကျ တိုင်းတာတွက်ချက် ဒီဇိုင်းထုတ်ပေးနေတဲ့ အတွက် “လူကြီးမင်းတို့လုပ်ငန်းခွင်များ ရဲ့ စွမ်းအင်လိုအပ်ချက်” ကို စနစ်တကျ ဆွေးနွေးတိုင်ပင်လိုပါက ကျွန်တော်တို့၏ Corporate Sales Team ထံသို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ 𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ရဲ့ ဝန်ဆောင်မှုများကို ရယူလိုပါက…

📱 Project Sales - 09 755 525 432
📱 Showroom Sales - 09 760 332 295
📱 Retail Sales - 09 760 332 260
📱 After Sales Service – 09 760 332 281
📱 Business Development - 09 755 598 263

📩 Email Address : [email protected]

📍 Address : No.51/53, Parami Road, 16 Ward, Hlaing Township, Yangon

📍 Address:No.42, 27th St, Between 72nd and 73rd St, Chan Aye Thazan Township, Mandalay

🌎 Google Maps
https://maps.app.goo.gl/Cs1cLNks9HqUm9iE6

Solar တပ်ဆင်တော့မယ်ဆိုရင် Mounting Structure ကို ဘာကြောင့် အသုံးပြုသင့်တာလဲ ❓Solar System တစ်ခု ရေရှည်ခိုင်ခံ့ပြီး ကိုယ့...
21/05/2026

Solar တပ်ဆင်တော့မယ်ဆိုရင် Mounting Structure ကို ဘာကြောင့် အသုံးပြုသင့်တာလဲ ❓

Solar System တစ်ခု ရေရှည်ခိုင်ခံ့ပြီး ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်အေးရဖို့ Solar Panel တွေအပြင် အောက်က ထောက်ကန်ပေးထားတဲ့ Mounting Structure ကလည်း အရေးကြီးပါတယ်။

ဒီနေ့မှာတော့ စနစ်တကျ ထုတ်လုပ်ထားတဲ့ Aluminium Mounting Accessories (Rails, Mid/End Clamps) တွေကို အသုံးပြုခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူး လေးတွေကို မျှဝေပေးချင်ပါတယ်။



✅ စနစ်တကျ ထုတ်လုပ်ထားသော Aluminium Mounting Structure သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ရေရှည်ခိုင်ခံ့ပြီး သံချေးမတက်တဲ့ (Anti-Corrosion) Anodized Aluminium Rails နဲ့ Stainless Steel (SUS304) Bolts/Clamps တွေကို အသုံးပြုခြင်းကြောင့် ရာသီဥတုဒဏ်ကို ကောင်းကောင်းခံနိုင်ပြီး သံချေးတက်မှာကို လုံးဝ စိုးရိမ်စရာ မလိုတော့ပါဘူး။

အင်ဂျင်နီယာစံနှုန်းမီ စိတ်ချရမှု (Structural Safety) ခိုင်ခံ့တဲ့ Mid Clamp, End Clamp များဖြင့် စနစ်တကျ တပ်ဆင်ထားခြင်းကြောင့် လေပြင်းတိုက်ခတ်မှုကို အကောင်းဆုံး ခံနိုင်ရည်ရှိပြီး ဆိုလာပြားတွေကို ခိုင်ခိုင်မာမာ ထိန်းပေးထားနိုင်လို့ ဘေးအန္တရာယ် ကင်းရှင်းစေပါတယ်။



✅ Structure အသုံးပြုပြီး တပ်ဆင်တဲ့အခါ လေဝင်လေထွက်ကောင်းခြင်း၊ Rail များ ခံပြီး တပ်ဆင်ခြင်းကြောင့် Panel အောက်ခြေနှင့် အမိုးကြားတွင် လုံလောက်တဲ့ အကွာအဝေး (Clearance) ရရှိသွားပါတယ်။ လုံလောက်တဲ့ အကွာအဝေး ရရှိပြီး လေဝင်လေထွက် ကောင်းမွန်ခြင်းကြောင့် ပူပြင်းတဲ့ ရာသီဥတုမှာလည်း ဆိုလာပြားတွေ အပူမလွန်ကဲဘဲ စွမ်းအင် အပြည့်အဝ ထွက်ရှိစေပါတယ်။



✅Mounting Structure တွေက နေရောင်ခြည် အပြည့်အဝရရှိအောင် သင့်တော်တဲ့ တိမ်းစောင်းမှု့ထောင့်နဲ့ နေရောင်ခြည် မျက်နှာမူရာအရပ် (Orientation) ကို အတိအကျ ချိန်ညှိပေးနိုင်လို့ နေရောင်ခြည်ကို အပြည့်အဝ စုပ်ယူနိုင်စေပါတယ်။

✅လှပသပ်ရပ်ပြီး ရေရှည်ပြုပြင်ထိန်းသိမ်းရ လွယ်ကူခြင်း အမြင်အားဖြင့် Professional ကျကျ လှပသပ်ရပ်နေမည့်အပြင်၊ နောင်တစ်ချိန် ဝိုင်ယာကြိုးတွေ စစ်ဆေးဖို့၊ သန့်ရှင်းရေးလုပ်ဖို့ ဒါမှမဟုတ် Panel လဲလှယ်ဖို့ လိုအပ်ပါကလည်း Clamp များကို အလွယ်တကူ ဖြုတ်ရွှေ့နိုင်ပါတယ်။

ဆိုလာပြား ထုတ်လုပ်တဲ့ ကုမ္ပဏီအများစုရဲ့ စနစ်တကျ တပ်ဆင်မှုလမ်းညွှန် (Installation Manual) လိုအပ်ချက်တွေနဲ့ အပြည့်အဝ ကိုက်ညီတဲ့အတွက် ကိုယ့်ရဲ့ Panel အာမခံချက်တွေကို စိတ်ချလက်ချ ရရှိစေနိုင်ပါတယ်။



💡 ရေရှည်အတွက် အကြံပြုချက်

Solar စနစ်တစ်ခု တပ်ဆင်တယ်ဆိုတာ ရေရှည်ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ကနဦးမှာ Aluminium Mounting Structure သုံးဖို့ ကုန်ကျစရိတ် အနည်းငယ် ပိုနိုင်ပေမယ့်၊ ရေရှည်မှာတော့ "ဆိုလာပြား သက်တမ်းပိုခံခြင်း"၊ "မီးအား ပိုထွက်ခြင်း" နဲ့ "စိတ်အေးရခြင်း" တို့ကြောင့် ပိုမိုတွက်ချေကိုက်ပြီး အကာအကွယ်အပေးနိုင်ဆုံး ရွေးချယ်မှု ဖြစ်မှာပါဗျာ။



"မီးစက်သံ ဆူညံတာနဲ့ တရိပ်ရိပ်တက်လာတဲ့လောင်စာဆီကုန်ကျစရိတ် ကြောင့် ငြီးငွေ့နေပြီလား?" 💸❌မီးပျက်တိုင်း မီးစက်နှိုးပြီး ပြဿ...
19/05/2026

"မီးစက်သံ ဆူညံတာနဲ့ တရိပ်ရိပ်တက်လာတဲ့လောင်စာဆီကုန်ကျစရိတ် ကြောင့် ငြီးငွေ့နေပြီလား?" 💸❌

မီးပျက်တိုင်း မီးစက်နှိုးပြီး ပြဿနာကို ဖြေရှင်းနေရဆဲလား?

မီးပျက်တဲ့အချိန်တိုင်း မီးစက်နှိုးဖို့ ပြင်ဆင်ရတာ၊ နေ့စဉ်နဲ့အမျှ တိုးပွားလာတဲ့ မီးစက်လောင်စာဆီ အသုံးစရိတ်တွေကို လိုက်ညှိနေရတာဟာ “စက်ရုံ အလုပ်ရုံတွေမှာရော နေအိမ်တွေမှာပါ” တကယ့်ကို ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်လာနေပါပြီ..."
ဒီဒုက္ခတွေအားလုံးကို 𝐒𝐨𝐥𝐚𝐫 𝐒𝐲𝐬𝐭𝐞𝐦 တစ်ခုတည်းနဲ့ ဘယ်လိုအပြီးတိုင် ကျောခိုင်းမလဲ❓

𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ကို စတင်အသုံးပြုခြင်းဖြင့် အသံဆူညံမှု လုံးဝ မရှိ၊ ရေရှည်အတွက် ဆီဖိုးကုန်ကျစရိတ်လည်း သက်သာ တဲ့ အပြင် ကျွန်တော်တို့ သုံးပေးထားတဲ့ 𝐒𝐦𝐚𝐫𝐭 𝐇𝐲𝐛𝐫𝐢𝐝 𝐒𝐲𝐬𝐭𝐞𝐦 က မီးပျက်သွားတာနဲ့ 𝐒𝐨𝐥𝐚𝐫/𝐁𝐚𝐭𝐭𝐞𝐫𝐲 စနစ်ကိုအလိုအလျောက် ပြောင်းလဲ အသုံးပြုပေးမှာ ဖြစ်တဲ့အတွက် မိမိ လုပ်ငန်းခွင် ရပ်တန့် သွားခြင်း မရှိပါဘူး...

𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 နှင့် လည်ပတ်ခဲ့သော 𝐏𝐚𝐢𝐧𝐭 𝐅𝐚𝐜𝐭𝐨𝐫𝐲 တစ်ခုမှာ ယခင်က 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 ရဲ့ 𝐃𝐢𝐞𝐬𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 တစ်လလျှင် “𝟏𝟓𝟐𝟎 လီတာ” ဝန်းကျင်အထိ အသုံးပြုခဲ့ခြင်းမှ “𝟏𝟔𝟎𝐤𝐖 𝐇𝐲𝐛𝐫𝐢𝐝 𝐒𝐲𝐬𝐭𝐞𝐦 + 𝟐𝟒𝟓.𝟕𝟔 𝐤𝐖𝐡 𝐁𝐚𝐭𝐭𝐞𝐫𝐲 𝐂𝐚𝐩𝐚𝐜𝐢𝐭𝐲 ကို ပြောင်းလဲခဲ့သော ကြောင့်” 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 လုံးဝ သုံးစရာ မလိုလောက်အောင် ဖြစ်သွားတဲ့အတွက် 𝐃𝐢𝐞𝐬𝐞𝐥 𝐂𝐨𝐧𝐬𝐮𝐦𝐩𝐭𝐢𝐨𝐧 အတွက် ကုန်ကျစရိတ် မရှိသလောက်ထိ သက်သာစေပါတယ်....
ဒါကြောင့် 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 ရဲ့ 𝐌𝐚𝐢𝐧𝐭𝐞𝐧𝐚𝐧𝐜𝐞 𝐜𝐨𝐬𝐭 ကိုလည်းလျှော့ချပေး နိုင်တဲ့ အပြင် 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐨𝐫 အသုံးပြုခြင်း မှ ထွက်လာတဲ့ မီးခိုးနဲ့ ဓာတ်ငွေ့ အဆိပ် အတောက်တွေကြောင့် ဖြစ်လာနိုင်တဲ့ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းနဲ့ လူတွေရဲ့ ကျန်းမာရေးကိုထိခိုက်စေခြင်းမှလည်း လျှော့ချပေးနိုင်ပါတယ်...


ဒီလို လောင်စာဆီဖိုးတွေ ထပ်ခါတလဲလဲ ပေးနေရမယ့်အစား 𝐒𝐨𝐥𝐚𝐫 𝐒𝐲𝐬𝐭𝐞𝐦 ပြောင်းလိုက်ရင်
စက်သုံးဆီ ကုန်ကျစရိတ် တွေနဲ့ အတူ မီးစက်သံ ဆူညံမှုတွေ၊ကျန်းမာရေး ထိခိုက်စေတဲ့ မီးခိုး ငွေ့ တွေ စတဲ့ ဒုက္ခ တွေကို ရေရှည်အတွက် ဖြေရှင်းနိုင်မှာပဲဖြစ်ပါတယ်….

ကျွန်ဝောာ်တို့ 𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ဟာဆိုရင် အရည်အသွေးမြင့် 𝐒𝐨𝐥𝐚𝐫, 𝐈𝐧𝐯𝐞𝐫𝐭𝐞𝐫, 𝐁𝐚𝐭𝐭𝐞𝐫𝐲 တွေနဲ့ စနစ်တကျ တပ်ဆင်‌ေပးတာ‌ေကြာင့် ရေရှည်မှာ အလွန်တွက်ခြေကိုက်တဲ့ ရွေးချယ်မှု ဖြစ်စေမှာပါ...

ဒါကြောင့် မီးစက်ဆီဖိုးတွေနဲ့တင် ခေါင်းကိုက်မခံပါနဲ့တော့ ရေရှည်မှာ စိတ်အေးချမ်းမှုပေးနိုင်မယ့် အိမ်သုံး/လုပ်ငန်းသုံး 𝐒𝐨𝐥𝐚𝐫 စနစ်အကြောင်း အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက ကျွန်တော်တို 𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ကို အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ....

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ 𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ရဲ့ ဝန်ဆောင်မှုများကို ရယူလိုပါက…

📱 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐒𝐚𝐥𝐞𝐬 - 𝟎𝟗 𝟕𝟓𝟓 𝟓𝟐𝟓 𝟒𝟑𝟐
📱 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 𝐒𝐚𝐥𝐞𝐬 - 𝟎𝟗 𝟕𝟔𝟎 𝟑𝟑𝟐 𝟐𝟗𝟓
📱 𝐑𝐞𝐭𝐚𝐢𝐥 𝐒𝐚𝐥𝐞𝐬 - 𝟎𝟗 𝟕𝟔𝟎 𝟑𝟑𝟐 𝟐𝟔𝟎
📱 𝐀𝐟𝐭𝐞𝐫 𝐒𝐚𝐥𝐞𝐬 𝐒𝐞𝐫𝐯𝐢𝐜𝐞 – 𝟎𝟗 𝟕𝟔𝟎 𝟑𝟑𝟐 𝟐𝟖𝟏
📱 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 - 𝟎𝟗 𝟕𝟓𝟓 𝟓𝟗𝟖 𝟐𝟔𝟑

📩 Email Address : [email protected]

📍 Address : No.51/53, Parami Road, 16 Ward, Hlaing Township, Yangon

📍 Address:No.42, 27th St, Between 72nd and 73rd St, Chan Aye Thazan Township, Mandalay



Solar Panel တပ်ဆင်ဖို့ စဉ်းစားနေသူတွေအတွက် အမြဲတမ်း ဝေခွဲမရဖြစ်စေတဲ့ Monofacial နဲ့ Bifacial Solar Panel များMonofacial ...
16/05/2026

Solar Panel တပ်ဆင်ဖို့ စဉ်းစားနေသူတွေအတွက် အမြဲတမ်း ဝေခွဲမရဖြစ်စေတဲ့ Monofacial နဲ့ Bifacial Solar Panel များ

Monofacial vs Bifacial Solar Panels: ဘယ်ဟာက သင့်အတွက် ပိုကိုက်ညီမလဲ?

Solar Panel တပ်တော့မယ်ဆိုရင် နည်းပညာအမျိုးအစားပေါ်မူတည်ပြီး ရရှိမယ့် စွမ်းအင်ပမာဏ ကွာခြားသွားနိုင်ပါတယ်။

လက်ရှိမှာ လူသုံးအများဆုံး နည်းပညာ (၂) ခုဖြစ်တဲ့ Monofacial နဲ့ Bifacial ရဲ့ ကွာခြားချက်တွေကို နှိုင်းယှဉ်ကြည့်ရအောင်။

၁။ Monofacial Solar Panel
ဒါကတော့ ကျွန်တော်တို့ မြင်နေကျ ပုံမှန် Solar Panel တွေပါ။‌ နေရောင်ခြည် အလင်းရောင်ကို အရှေ့ဘက်မျက်နှာပြင် တစ်ဖက်တည်းကနေပဲ စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။
အားသာချက်အနေနဲ့ စျေးနှုန်းသက်သာတယ်၊ တပ်ဆင်ရလွယ်ကူတယ်၊ အိမ်ခေါင်မိုးပေါ်မှာ ကပ်ပြီးတပ်ဆင်ဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
အားနည်းချက်က တော့ အလင်းရောင်ရရှိမှု တစ်ဖက်တည်းပေါ်မှာပဲ မူတည်တဲ့အတွက် စွမ်းအင်ထုတ်လုပ်နိုင်စွမ်း အကန့်အသတ်ရှိပါတယ်။

၂။ Bifacial Solar Panel
သူကတော့ ထူးခြားပါတယ်။ အရှေ့ဘက်တင်မကဘဲ အနောက်ဘက်မျက်နှာပြင်ကနေပါ မြေပြင်က ပြန်ကန်လာတဲ့ အလင်းရောင် (Albedo Light) ကို ဖမ်းယူပြီး စွမ်းအင် ထုတ်လုပ်ပေးနိုင်ပါတယ်။
အားသာချက်အနေနဲ့ Monofacial ထက် စွမ်းအင် ၅% ကနေ ၂၀% အထိ နေရောင်ခြည်စွမ်းအင် ကို ပိုစုပ်ယူနိုင်ပါတယ်။ ပိုပြီး ခိုင်ခံ့သလို သက်တမ်းလည်း ပိုရှည်ပါတယ်။
အားနည်းချက်ကတော့ Monofacial ထက် အလေးချိန် ပိုများသလို အနောက်ဘက်က အလင်းရောင်ရဖို့ နေရာလွတ် ချန်ပြီး တပ်ဆင်ရတာမျိုး လိုအပ်ပါတယ်။

ဘယ်သူတွေအတွက် ဘယ်အမျိုးအစားက ပိုသင့်တော်သလဲ?

Monofacial - အိမ်ခေါင်မိုးပေါ်မှာ ကပ်တပ်မယ့်သူတွေ၊ အရင်းအနှီး သိပ်မသုံးချင်သူတွေနဲ့ နေရာကျဉ်းကျဉ်းမှာ တပ်မယ့်သူတွေအတွက် အဆင်ပြေပါတယ်။

Bifacial - မြေပြင်မှာ စင်နဲ့ထောင်တပ်မယ့်သူတွေ ၊Roof Top၊ခြံ/အိမ်ဝင်းအနောက်ဘက်မှာ အလင်းပြန်အားကောင်းတဲ့ မျက်နှာပြင် (White Roof သို့မဟုတ် ကွန်ကရစ်) ရှိသူတွေအတွက် ပိုတွက်ခြေကိုက်ပါတယ်။

ဒါကြောင့် မကုန်ခမ်းနိုင်တဲ့ စွမ်းအင်ကို မိမိတို့ အိမ် / ရုံး / စက်ရုံမှာ တပ်ဆင်ချင်ရင် ⚡𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲ကို ဆက်သွယ်ပြီး အကြံဥာဏ်ရယူလိုက်ပါ။

📱Project Sales - 09 755 525 432

📱Showroom Sales - 09 760 332 295

📱Retail Sales - 09 760 332 260

📱After Sales Service – 09 760 332 281

📱Business Development - 09 755 598 263

📩Email Address : [email protected]

📍Address : No. 51 /53, Parami Road, 16 Ward, Hlaing Township, Yangon

📍 Address:No-42,27th St, Between 72×73st,Chan Aye Thar Zan Township, Mandalay

🌎Google Maps🌎
https://maps.app.goo.gl/Cs1cLNks9HqUm9iE6






လုပ်ငန်းခွင်‌တစ်ခု မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိဘဲ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် Solar စနစ်က အကောင်းဆုံး အထောက...
16/05/2026

လုပ်ငန်းခွင်‌တစ်ခု မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိဘဲ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် Solar စနစ်က အကောင်းဆုံး အထောက်အပံ့ ဖြစ်စေမှာပါ။ နေရောင်ခြည်ကရတဲ့ စွမ်းအင်ကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ အတွက် ကျွန်တော်တို့ Starlit Solar Energy အဖွဲ့သားတွေက Solar Panel တွေကို တိကျသေချာစွာ ဖြင့် အကောင်းဆုံး တပ်ဆင်ပေးခဲ့ပါတယ်..

မကြာခင်မှာပဲ ဒီထက်ပိုပြီး ပြည့်စုံသွား‌ စေမယ့် စနစ်တစ်ခုလုံးရဲ့ ပုံရိပ်တွေကို တင်ပေးသွားဦးမှာ ဖြစ်လို့
စောင့်မျှော်ပေးကြပါဦးခင်ဗျာ ....

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ 𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ရဲ့ ဝန်ဆောင်မှုများကို ရယူလိုပါက…

📱 Project Sales - 09 755 525 432
📱 Showroom Sales - 09 760 332 295
📱 Retail Sales - 09 760 332 260
📱 After Sales Service – 09 760 332 281
📱 Business Development - 09 755 598 263

📩 Email Address : [email protected]

📍 Address : No.51/53, Parami Road, 16 Ward, Hlaing Township, Yangon

📍 Address:No.42, 27th St, Between 72nd and 73rd St, Chan Aye Thazan Township, Mandalay

🌎 Google Maps
https://maps.app.goo.gl/Cs1cLNks9HqUm9iE6


Solar Power အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ အသုံးချနိုင်မည့် ENcombi Smart Control SystemSolar System တစ်ခု တပ်ဆင်ရာမှာ S...
13/05/2026

Solar Power အလေအလွင့်မရှိစေဘဲ အကျိုးရှိရှိ အသုံးချနိုင်မည့် ENcombi Smart Control System

Solar System တစ်ခု တပ်ဆင်ရာမှာ System Capacity ကြီးမားရုံတင်မကဘဲ ရရှိလာတဲ့ Solar Power တွေကို အလေအလွင့်မရှိ အပြည့်အဝ အသုံးချနိုင်ဖို့ကလည်း အလွန်အရေးကြီးပါတယ်။

ယခု Project တွင် Solar 625W (574 PCs) နှင့် 620W (248 PCs) စုစုပေါင်း Total Solar Power 512.51 kWp ကို Huawei SUN2000 Inverters များအသုံးပြု၍ တပ်ဆင်ထားပါသည်။

⏩ပုံမှန်အားဖြင့် Feeder (၂) ခုခွဲ၍ သုံးစွဲရာတွင် ကြုံတွေ့ရလေ့ရှိသော အခက်အခဲများ
🔹 Solar Power အလေအလွင့်ဖြစ်ခြင်း - ရုံးပိတ်ရက်တွေလို Load အသုံးနည်းတဲ့အချိန်မှာ Feeder (၂) ခုကို ပေါင်းပြီး မသုံးနိုင်တဲ့အတွက် ထွက်ရှိလာတဲ့ Solar စွမ်းအင်တွေကို အပြည့်အဝ အသုံးမချနိုင်ဘဲ အလဟဿ ဖြစ်သွားတတ်ပါတယ်။
🔹 Backup မပေးနိုင်ခြင်း - အကြောင်းအမျိုးမျိုးကြောင့် Feeder တစ်ခု ချို့ယွင်းသွားတဲ့အခါမျိုးမှာလည်း ကျန်ရှိနေတဲ့ အခြား Feeder ဆီကို Solar Power ကူးပြောင်းပေးပို့ (Supply) မပေးနိုင်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။
ဒီလို အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင်တော့ စနစ်တကျ Design ထုတ်ထားတဲ့ Switching System တွေနဲ့ Load Management တွေ လိုအပ်မှာပဲ ဖြစ်ပါတယ်။

ထိုပြဿနာများကို ဖြေရှင်းရန်အတွက် ENcombi Controller နှင့် IO Module တို့ကို ပေါင်းစပ်အသုံးပြုပြီး Scenario (၆) မျိုးဖြင့် စနစ်တကျ Design ပြုလုပ်ထားပါသည်။

🔹 Scenario 1: ပုံမှန်အခြေအနေတွင် Solar Power အား Feeder 2 သို့ Support ပေးထားမှာဖြစ်ပါတယ်…

🔹 Scenario 2: မီးမလာချိန်တွင် Generator (၃) လုံးနှင့် Solar Power ပေါင်းစပ်ပြီး Feeder 1 နှင့် 2 ကို Supply ပေးမှာဖြစ်ပါတယ်..

🔹 Scenario 3 & 4: Transformer တစ်ခုခု Fail ဖြစ်သွားပါက Coupler ချိတ်ဆက်ပြီး Solar Power အား Feeder နှစ်ခုလုံးသို့ Support ပေးမှာဖြစ်ပါတယ်..

🔹 Scenario 5 & 6: Transformer Fail ဖြစ်ပြီး Solar Power မလုံလောက်ပါက Feeder တစ်ခုကို Solar + Transformer ဖြင့်ပေးပြီး ကျန် Feeder တစ်ခုကို Generator သီးသန့်ဖြင့် ခွဲဝေပေးမှာဖြစ်ပါတယ်..

ထူးခြားချက်အနေနဲ့

✅ ရုံးပိတ်ရက်များတွင် Feeder နှစ်ခုကို Coupler ချိတ်ဆက်ပေးသဖြင့် Solar Power ကို အပြည့်အဝ အသုံးချနိုင်ပြီး အလေအလွင့်ကို အနည်းဆုံးဖြစ်စေပါတယ်..

✅Feeder တစ်ခု ချို့ယွင်းပါက အခြား Feeder သို့ Solar Power အား Supply ပေးနိုင်သဖြင့် Customer အတွက်အကျိုးအမြတ်ဖြစ်စေပါတယ်….

✅ Cost-Saving: ENcombi Controller (၂) ခု သုံးရမည့်အစား IO Module ဖြင့် ချိတ်ဆက်ထားသဖြင့် Customer အတွက် ကုန်ကျစရိတ်ကို သက်သာစေပါတယ်…

နည်းပညာပိုင်းဆိုင်ရာ တိကျမှုနှင့် ကုန်ကျစရိတ်သက်သာမှုကို ရှေ့ရှုပြီး ကျွန်ုပ်တို့မှ အကောင်းဆုံး Design ပြုလုပ်ပေးခဲ့ပါတယ်..

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ 𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ရဲ့ ဝန်ဆောင်မှုများကို ရယူလိုပါက…

📱 Project Sales - 09 755 525 432
📱 Showroom Sales - 09 760 332 295
📱 Retail Sales - 09 760 332 260
📱 After Sales Service – 09 760 332 281
📱 Business Development - 09 755 598 263

📩 Email Address : [email protected]

📍 Address : No. 51 /53, Parami Road, 16 Ward, Hlaing Township, Yangon

📍 Address:No-42, 27th St, Between 72nd st and 73rd st,Chan Aye Thar Zan Township, Mandalay

🌎 Google Maps
https://maps.app.goo.gl/Cs1cLNks9HqUm9iE6





10/04/2026

Starlit Solar က တာဝန်ယူတပ်ဆင်ပေးတဲ့ True Hybrid System မှာ ဘာကောင်းကျိုးတွေရှိနေလဲ

ဘာလို့ ဒီ System က Load အသုံးများတဲ့ Site တွေက အရမ်းအသုံးဝင်တာလဲ

လူကြီးမင်းတို့လုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေအတွက် လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ကုန်ကျစရိတ်သက်သာစွာနဲ့ ထိရောက်အကျိုးရှိစွာ ထောက်ပံ့ကူညီပေးနိုင်မယ့် Solar System တပ်ဆင်ချင်တယ်ဆိုရင်တော့ Starlit Solar ရှိနေပါတယ်နော်။

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ 𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 ရဲ့ ဝန်ဆောင်မှုများကို ရယူလိုပါက…

📱 Project Sales - 09 755 525 432
📱 Showroom Sales - 09 760 332 295
📱 Retail Sales - 09 760 332 260
📱 After Sales Service – 09 760 332 281
📱 Business Development - 09 755 598 263

📩 Email Address : [email protected]

📍 Address : No. 51 /53, Parami Road, 16 Ward, Hlaing Township, Yangon

📍 Address:No-42,27th St, Between 72×73st,Chan Aye Thar Za Township, Mandalay

🌎 Google Maps
https://maps.app.goo.gl/Cs1cLNks9HqUm9iE6

💦 သင်္ကြန်ပိတ်ရက် ကြေညာခြင်း 💦  ⏩ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့မှ (၁၉) ရက်နေ့အထိ Starlit Solar Energy အား ပိတ်ထားမည်ဖြစ...
10/04/2026

💦 သင်္ကြန်ပိတ်ရက် ကြေညာခြင်း 💦

⏩ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၂) ရက်နေ့မှ (၁၉) ရက်နေ့အထိ Starlit Solar Energy အား ပိတ်ထားမည်ဖြစ်ပြီး

⏩ ဧပြီလ (၂၀) ရက်နေ့မှာ ပုံမှန်ရုံးဖွင့်ချိန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်...




16/03/2026

Starlit Solar Energy အတွက် ဂုဏ်ယူစရာသတင်း‌ကောင်းတစ်ခုမျှဝေချင်ပါတယ်ရှင်...

ကျွန်မတို့ Starlit Solar Energy အနေဖြင့် MiSHA မှ ပေးအပ်ချီးမြှင့်သော "MiSHA Asia Excellence Awards on OSH Principles of Prevention (OSHPoP) 2025" တွင် Working At Height Management GOLD Award ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်ရှင်..

MiSHA (Malaysian Industrial Safety and Health Association) အကြောင်းကို သိရှိနိုင်အောင် မျှဝေပေးချင်ပါတယ်..

MiSHA ကို ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်မှာ အခြေစိုက်တဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး (Occupational Safety and Health - OSH) အဆင့်အတန်းမြင့်မားလာအောင်ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

⏩ MiSHA ရဲ့ အဓိက လုပ်ဆောင်ချက် တွေကတော့...

✅ ဘေးကင်းရေး အသိပညာပေးခြင်း: လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရမှုနဲ့ ရောဂါရရှိမှုတွေ လျော့နည်းသွားအောင် ကာကွယ်ရေး နည်းလမ်းတွေကို မျှဝေပေးပါတယ်။
✅ စံနှုန်းများ မြှင့်တင်ခြင်း: ကုမ္ပဏီတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းတွေကို လိုက်နာဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ တိုက်တွန်းပေးပါတယ်။
✅ ဆုချီးမြှင့်ခြင်း (Excellence Awards): လုပ်ငန်းခွင် ဘေးကင်းရေးမှာ ထူးထူးခြားခြား ဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီတွေကို နှစ်စဉ် ဆုတွေ ပေးအပ်လေ့ရှိပါတယ်။
✅ ASEAN ကွန်ရက်: မလေးရှားနိုင်ငံတင်မကဘဲ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေနဲ့လည်း ပူးပေါင်းပြီး ဒေသတွင်း ဘေးကင်းရေး အသိပညာတွေကို ဖလှယ်ပေးပါတယ်။

ကျွန်မတို့ Starlit Solar Energy အနေနဲ့ Solar Installation လုပ်ငန်းခွင်မှာ ဝန်ထမ်းတိုင်း ဘေးကင်းစေဖို့အတွက် ဝန်ထမ်းတစ်ဦးချင်းဆီကိုလည်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) ဆိုင်ရာ စံချိန်စံနှုန်းမျာနှင့်အညီ Safety Harness နဲဲ့ Safety Equipments များကို စနစ်တကျ ဝတ်ဆင်ပြီး လုပ်ငန်းခ္ငင် ဘေးအန္တရာယ် ကင်းစေရန် ဆောင်ရွက်ခဲ့မှုကြောင့်လည်း အမြင့်ပိုင်းလုပ်ငန်းခွင်စီမံခန့်ခွဲမှုကဏ္ဍမှာ အာရှအဆင့် အသိအမှတ်ပြု MiSHA Awards 2025 ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီအောင်မြင်မှုဟာ ကျွန်မတို့ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကြိုးစားအားထုတ်မှုနဲ့ စည်းကမ်းလိုက်နာမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး (Occupational Safety and Health) ဆိုင်ရာတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့သွား Starlit Solar Energy က ထိပ်တန်းဦးစားပေးအဖြစ် အမြဲတမ်း ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

We have some incredible news to share!

Starlit Solar Energy has been honored with the GOLD Award for "Working At Height Management" at the MiSHA Asia Excellence Awards on OSH Principles of Prevention (OSHPoP) 2025.

At Starlit, we often work at great heights, and the safety of every team member is our absolute priority. We ensure that every technician is equipped with high-quality safety harnesses and essential safety equipment during solar installation.

What is MiSHA?

The Malaysian Industrial Safety and Health Association (MiSHA), founded in 2013 and based in Selangor, Malaysia, is a dedicated volunteer-led organization. They play a vital role in raising Occupational Safety and Health (OSH) standards across the ASEAN region.

⏩ MiSHA’s core missions include:

✅ Raising Safety Awareness: Reducing workplace injuries and illnesses by sharing prevention strategies.

✅ Promoting Standards: Encouraging companies to follow safety regulations and create healthier work environments.

✅ Excellence Recognition: Annually honoring organizations that show outstanding commitment to workplace safety.

✅ ASEAN Networking: Collaborating with neighboring Southeast Asian nations to foster a regional culture of safety knowledge exchange.

This award belongs to every member of our team whose discipline and hard work made it possible.
Starlit Solar Energy remains committed to keeping workplace safety and health as our top priority.







‎📢 We are hiring! 📢Starlit Solar Energy နဲ့ အတူ လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ပါ positions များကို ခေါ်ယူနေပါပြီ။ ✅ Inven...
03/03/2026

‎📢 We are hiring! 📢
Starlit Solar Energy နဲ့ အတူ လက်တွဲလုပ်ကိုင်ရန်အတွက် အောက်ပါ positions များကို ခေါ်ယူနေပါပြီ။

✅ Inventory Accountant (YGN) Urgent
✅ Solar Project engineer (YGN)
✅ Site Engineer (MDY)
✅ Site Technician (MDY)
✅ Sales Admin (MDY)
✅ Sales Representative (MDY)

Office Hours – 8:00 AM – 5:00 PM
Off Day – Sunday & Public Holidays

📍Address : No. 51/53, Parami Road, 16 Ward, Hlaing Township, Yangon

📍Address : No. 42, 27th St, Between 72nd and 73rd, Chan Aye Thazan Township, Mandalay

စိတ်ဝင်စားလို့ လျှောက်ထားမယ်ဆိုပါက [email protected] သို့ CV များပေးပို့ လျှောက်ထား နိုင်ပါသည်။
လိုအပ်သည်များကို သိရှိလိုပါက 09 755 521 017 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း နိုင်ပါသည်။

🧧𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🧧ရက်မြတ်နှစ်သစ် မြင်းနှစ်မင်္ဂလာ တရုတ်နှစ်ကူးသမယလေးမှသည် ချစ်မိတ်ဆွေနှင့် မိသားစုများအားလုံး ကျန်းမာရွှင...
15/02/2026

🧧𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🧧

ရက်မြတ်နှစ်သစ် မြင်းနှစ်မင်္ဂလာ တရုတ်နှစ်ကူးသမယလေးမှသည် ချစ်မိတ်ဆွေနှင့် မိသားစုများအားလုံး ကျန်းမာရွှင်လန်း စိတ်အေးချမ်းပြီး စီးပွားဥစ္စာများ တိုးတက်ကြပါစေကြောင်း
𝐒𝐭𝐚𝐫𝐥𝐢𝐭 𝐒𝐨𝐥𝐚𝐫 𝐄𝐧𝐞𝐫𝐠𝐲 မိသားစုနှင့် အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်

𝐇𝐚𝐩𝐩𝐲 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 2026


#တရုတ်နှစ်ကူး

Address

51/53 U Pho Hman Street, Hlaing
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Starlit Solar Energy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share