Paung Su Arr Ltd

Paung Su Arr Ltd Rural Business Development Services & Training For MSME

မန္တလေးမြို့ ရဲ့ ၃ရက်တာ သင်တန်းအပြီး ရင်ထဲမှာပီတိအပြည့်နဲ့ ကျေနပ်ခဲ့ရတယ်။Communication skills  လူမှုဆက်ဆံရေး၊စီးပွားရေး အပ...
24/08/2023

မန္တလေးမြို့ ရဲ့ ၃ရက်တာ သင်တန်းအပြီး ရင်ထဲမှာပီတိအပြည့်နဲ့ ကျေနပ်ခဲ့ရတယ်။

Communication skills လူမှုဆက်ဆံရေး၊စီးပွားရေး အပိုင်းမှာတကယ်လိုအပ်တဲ့ အရည်အချင်းတွေ၊

စိတ်ဓာတ်ကျလာတဲ့အချိန် စိတ်ခွန်အားလိုအပ်တဲ့အချိန်
ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ
"motivation Skills "

စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါမှာ တကယ်ကိုလိုအပ်တဲ့ အခြေခံ နည်းစနစ်တွေ၊

စီးပွားရေးဆိုတာဘာလဲ စီးပွားရေးလုပ်ရင် ဘယ်အချက်ကိုအဓိက သိရမလဲ၊

ငွေကြေးတွက်ချက်နည်း၊ကုန်ကျစရိတ်တွက်ချက်နည်း၊

ကိုယ့်ပစ္စည်းရောင်းကောင်းအောင်၊ဈေးကွက်ထဲနေရအောင်၊လူသိများအောင်လုပ်တဲ့ "Marketing Skills "

ကိုယ့်လုပ်ငန်းအခြေအနေ ဘယ်လိုအခြေအနေရောက်နေလဲ၊ဘာတွေလိုအပ်နေလဲ၊
ရှေ့ဆက်တိုးတက်အောင်ဘယ်လိုလုပ်ဖို့လိုအပ်နေလဲသိရအောင် ဆန်းစစ်တဲ့နည်း " SWOT analysis"

စီးပွားရေးလုပ်နေတဲ့အချိန် လုပ်ငန်းစတဲ့အချိန် ငွေကြေးကို ဘယ်လိုချိန်ဆစီမံခန့်ခွဲမလဲ ဆိုတဲ့အချက်တွေကို တက်တက်ကြွကြွအားပါးတရ
ဆွေးနွေးနိုင်ကြတဲ့အတွက် တကယ်အကျိုးရှိပြီး
အားရတဲ့ သင်တန်းလေးပါ။

သင်တန်းအပြီး ရွေစာရံဘုရားသွားပြီး ကုသိုလ်ပြုခဲ့ရလို့လည်း ပိုပျော်ခဲ့ရပါတယ်။

ကိုယ်မျှဝေခဲ့သော ပညာများဖြင့် စီးပွားရေးလုပ်ငန်းများ
ဒီထက်မကတိုးတက်အောင်လုပ်ဆောင်နိုင်ကြပါစေလို့
ဆုမွန်တောင်းပေးပါရစေ။

အားလုံးကိုသတိရနေအုံးမယ်နော်

24.8.2023
လရိပ်လေး( မောင်းမကန်)

ထားဝယ်မြို့က လူငယ်လုပ်ငန်းများ ပေါ်ထွက်လာဖို့ဆိုပြီးBusiness start-up campaign တစ်ခုကို  2019 ခုနှစ်လောက်က ပြုလုပ်ပေးဖြစ်...
19/04/2023

ထားဝယ်မြို့က လူငယ်လုပ်ငန်းများ ပေါ်ထွက်လာဖို့ဆိုပြီး
Business start-up campaign တစ်ခုကို 2019 ခုနှစ်လောက်က ပြုလုပ်ပေးဖြစ်ခဲ့တယ်။

လူငယ် လုပ်ငန်းရှင် (၁၆) ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်။

အဲဒီလို လုပ်ငန်းရှင်တွေဖြစ်လာဖို့ စာတွေ့ လက်တွေ့ အင်တာဗျူး လုပ် ရွေးချယ်ပြီးမှ

Communication skill
Business Idea
Start your business
Operation, production, plan
Marketing plan
Costing
Action plan စသဖြင့် လုပ်ငန်းတစ်ခုမှာ လိုအပ်တဲ့
အခြေခံအချက်တွေကို လက်တွေ့ကျကျ ကန့်သွင်းပြီး
စနစ်တကျ သင်ကြားဆွေးနွေးပေးဖြစ်ခဲ့တယ်။

အဲလိုသင်ကြားပေးတဲ့ အပြင် စီးပွားရေး စလုပ်ရင် မဖြစ်မနေလုပ်ဖို့ လိုအပ်တဲ့ လိုင်စင်၊မှတ်ပုံတင်၊FDA၊
ဘဏ် ချေးငွေ အကြောင်းတွေကအစ သိနားလည်အောင်
လက်တွေ့ချိတ်ဆက်ပေးခဲ့တယ်။

နောက်တစ်ခုအနေနဲ့ စီးပွားရေးလုပ်တဲ့အချိန် သီအိုရီက အရေးပါသလို အတွေ့အကြုံကလည်း လက်တွေ့ကျတာမို့ ကျွန်မတို့အနေနဲ့ အောင်မြင်ပြီး လူငယ်လုပ်ငန်းရှင်တွေ တွေကို ဖိတ်ပြီး သူတို့နဲ့ အပြန်အလှန် ဆွေးနွေး အဖြေရှာစေခဲ့တယ်။

အဲဒီမှာ လူငယ်တွေရဲ့ စိတ်နေစိတ်ထားကို ကွက်ကွက်ကွင်းကွင်းမြင်လိုက်ရပြီး ရင်သပ်ရှူမော
အံ့ဩရင်း ရီရခက်ငိုရခက် ဖြစ်စေခဲ့တယ်။

ကျွန်မတို့က အတွေ့အကြုံတွေရယူစေချင်လို့
မေးခွန်းတွေမေးဖို့ အကြံဥာဏ်တွေတောင်းပြီး ကိုယ့်လုပ်ငန်းမှာ အသုံးချလို့ရအောင် ဆိုပြီး လုပ်ခဲ့တာပါ။

ဘယ်ပြောကောင်းမလဲ အောင်မြင်ပြီးသားလုပ်ငန်းရှင်က
သူ့လုပ်ငန်းအကြောင်း စပြောရုံလေးပဲရှိသေး နားထောင်ပြီး မေးခွန်းမေးရမဲ့အစား ကျွန်မတို့ သင်တန်းသားတွေက အကြံဥာဏ်တွေ ဝိုင်းပေးလိုက်ကြတာ ဟိုကလုပ်ငန်းရှင်ကြီးက ပြောစရာစကားမရှိ😁

ကျွန်မနဲ့ ကျွန်မဆရာမ ထိုင်ကြည့်ပြီး ရီနေမိတော့တယ်။

လုပ်ငန်းရှင် ပြန်သွားမှ လုပ်ငန်းရှင်တစ်ယောက်နဲ့ဖြစ်စေ၊
ပညာရှင်နဲ့ဖြစ်စေတွေ့တဲ့အခါ ကိုယ်က သူတို့ဆီက အတွေ့ကြုံတွေရအောင် ဘယ်လိုမေးခွန်းမေးလဲ သူတို့ကျော်ဖြတ်ခဲ့ရတဲ့အခက်ခဲပေါ်မှာ ကိုယ်ဘယ်လိုသင်ခန်းစာယူမလဲ ဆိုတာသိဖို့ မေးခွန်းမေးတတ်ဖို့ နားထောင်တတ်ဖို့ ဖိတ်ပေးတာပါလို့ ပြန်ရှင်းပြရပါတော့တယ်။

လူငယ်ဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် နားထောင်တတ်ဖို့ မေးခွန်းမေးတတ်ဖို့ ကျင့်ဝတ်နဲ့အညီ စီးပွားရေးလုပ်တတ်ဖို့သာခက်ကြတာ လူတကာကို အကြံပေးရမယ်ဆိုရင်တော့ ကိုက်ညီတယ် မကိုက်ညီဘူး မတွေးတော့ပဲ ဇွတ်အတင်း အကြံပေးတောမျိုး မဖြစ်အောင် သတိထားဆင်ခြင်ဖို့ ဆွေးနွေးပေးရင်း သူတို့ကို ကျွန်မတို့နှစ်ယောက်က ပညာရှင်ကြီးများလို့ စနောက်အမည်ပေးရင်း ကျွန်မတို့လည်း ပညာတွေအများကြီးရလိုက်ပါတယ်လို့ ။

အခုတော့လည်း ပညာတွေအများကြီးရစေခဲ့တဲ့ ပညာရှင်ကြီးများကို သတိရလျက်။

လရိပ်လေး( မောင်းမကန်)
19.4.2023

**တောင်ကြီးမြို့အတွက် ထူးခြားတဲ့ အခွင့်အရေးလက်မလွှတ်ကြေးနော်***• အခုလိုချိန် အိမ်မှာနေရင်း အသေးစားစီးပွားရေးလုပ်ငန်းတစ်ခု...
14/01/2023

**တောင်ကြီးမြို့အတွက် ထူးခြားတဲ့ အခွင့်အရေး
လက်မလွှတ်ကြေးနော်***

• အခုလိုချိန် အိမ်မှာနေရင်း အသေးစားစီးပွားရေး
လုပ်ငန်းတစ်ခုစတင်မလား၊

• online Marketing လုပ်ရင်းဝင်ငွေရှာမလား၊

• အရောင်းအဝယ်လုပ်ရင်း ဝင်ငွေရှာမလား၊

ဘာစီးပွားရေးပဲလုပ်လုပ် အမြတ်ရမှ၊ရောင်းအား
ကောင်းမှ ဖြစ်မယ်လေ။

ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခုစတင်မယ်ဆိုရင်
မသိမဖြစ်သိထားရမဲ့

* အမြတ်ရအောင်လုပ်နည်း၊
* Customer ရွေးချယ်နည်း
* Marketing လုပ်နည်း၊
* ကုန်ကျစရိတ်တွက်ချက်နည်း၊
* လုပ်ငန်းကို တိုးချဲ့သင့်မသင့် သုံးသပ်နည်းတွေကို
အခြေခံကျကျ ဆွေးနွေးသင်ကြားပေးမဲ့

ကိုတက်ရောက်ပြီး

အကြပ်အတည်းလွန်ကာလမှာ အောင်မြင်တဲ့
စီးပွားရေးလုပ်ငန်း‌ရှင်တယောက်အဖြစ်
ရပ်တည်လိုက်ပါ။

" Business Eye Opening Training" ဆိုတာဘာလဲ❓

💠 စီးပွားရေးဆိုင်ရာ အကြံဉာဏ်တွေ လမ်းညွှန်
ပေးနိုင်ရုံတင်မကဘဲ
✅ကိုယ်တိုင်စဉ်းစားတွေးတောရခြင်း။
✅ကိုယ်တိုင် လုပ်ဆောင်ရခြင်း။
✅အတူတကွ ဆွေးနွေးတိုင်ပင်ရခြင်း စတဲ့
သင်ခန်းစာတွေ အများကြီးပါဝင်တဲ့ စီးပွားရေး
ဆိုင်ရာ အခြေခံ လမ်းညွှန်သင်တန်းဖြစ်ပါတယ်။

လက်တွေ့ဘဝအတွက် အသုံးဝင်တဲ့ သင်ခန်းစာတွေကို စာတွေ့/ လက်တွေ့ အကြံဉာဏ်တွေ ရရှိစေဖို့
စီးပွားရေးလုပ်ငန်းအတွေ့အကြုံရှိတဲ့ လူတွေနဲ့ အချင်းချင်းမျှဝေဆွေးနွေးရင်း ထိရောက်လွယ်ကူပြီးလက်တွေ့ကျတဲ့ နည်းပညာတွေနဲ့အတူ

သင့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့
စိတ်ကူးရှိနေပြီဆိုရင် တစ်ရက်တာအချိန်ပေးပြီး
"Paung Su Arr" နဲ့ ချိတ်ဆက်လိုက်ပါ‼️

***ဘယ်သူတွေတက်သင့်လဲ***

• စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ချင်ပြီး
ဘာလုပ်ရမလဲ တွေဝေနေသူတွေ၊
• အသေးစားစီးပွားရေလုပ်ငန်းတစ်ခုကို စတင်ချင်သူတွေ၊
• လက်ရှိ စီးပွားရေးလုပ်ငန်းကို စနစ်တကျ
လည်ပတ်ဖို့ စိတ်အားထက်သန်သူတွေ၊
• စီးပွားရေး Network တည်ဆောက်ချင်သူတွေ၊
မဖြစ်မနေ တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုပါ။

***စီးပွားရေးနည်းပညာကို တစ်ရက်တည်းနဲ့
ဘာတွေရမလဲ အတွေးမများနေပါနဲ့ ......

ဒီသင်တန်းတက်ဖူးပြီးလို့
**လုပ်ငန်းစချင်သူတွေ အတွေးအမြင်သစ်တွေနဲ့
စလုပ်ဖြစ်သွားပြီ။
** လုပ်နေသူတွေ စနစ်တကျလုပ်ကိုင်ပြီး တိုးချဲ့မဲ့
နည်းလမ်းတွေရသွားလို့ လက်တွေ့လည်းပြောင်းလဲလုပ်ကိုင်နိုင်သွားကြပြီ။

ကိုယ်ကလည်း ဒီလိုအခွင့်အရေးတွေရချင်တယ်ဆို
အချိန်မဆွဲပဲ ဒီသင်တန်းကို အမြန်ချိတ်ဆက်လိုက်
တော့နော်။

*** ဘယ်သူသင်မှာလဲ 👇👇👇

စွန့်ဦးတီထွင် စီးပွားရေးနည်းပညာ Trainer အဖြစ်
လုပ်သက် (၈) နှစ်နီးပါးရှိပြီး၊
စီးပွားရေးနည်းပညာ Trainer များ မြန်မာပြည်အနှံ့ ပြုစုပျိုးထောင်ထားတဲ့ အတွေ့အကြုံရှိတဲ့အပြင်
လူငယ်လုပ်ငန်းရှင်များဖော်ထုတ် ပံ့ပိုးခြင်း၊
စီးပွားရေးလုပ်ငန်းရှင်များအားအကြံဥာဏ်ပေးခြင်း၊
အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များကို အစဉ်တစ်စိုက် ကူညီလမ်းပြခြင်းများ ပြုလုပ်ပေးနေတဲ့

Trainer : - Daw Thandar Kyi
SIYB Global License Trainer
BEO Master Trainer
Ph - .09795544005.

Place : YMCA ရုံးခန်း
ဗိုလ်ချုပ်ပန်းခြံ တောင်ဘက်ကပ်ရပ်
သစ်တောရပ်၊ တောင်ကြီးမြို့။

Date : 4.2.2023 ( စနေနေ့ )
Time : 9 :00 ~ 4:00PM
Fee : 20,000 ks တည်းနဲ့ ကော်ဖီနဲ့မုန့်ပါစီစဉ်ပေးထားပါတယ်။
လူဦးရေ (၂၅) ယောက်ပဲ ကန့်သတ်ထားတဲ့အတွက်
အမြန်သာ စာရင်းသွင်းလိုက်တော့နော်📞

***စာရင်းသွင်းရန်***
Contact : Naw Thaw Thi 09796172175 , 09795544005.

ငွေလွှဲရန် : Kpay 09428311163
Naw Thaw Thi.

Wishing You All The Best ❤️Paing Su Arr team
25/12/2022

Wishing You All The Best ❤️

Paing Su Arr team

အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်လူပ်ငန်းရှင်များ၊စီးပွားရေးစလုပ်မဲ့သူများနဲ့အိမ်တွင်းစီးပွားရေးကိုစနစ်တကျလုပ်ကိုင်ချင်သူေ...
24/10/2022

အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်လူပ်ငန်းရှင်များ၊စီးပွားရေးစလုပ်မဲ့သူများနဲ့
အိမ်တွင်းစီးပွားရေးကိုစနစ်တကျလုပ်ကိုင်
ချင်သူတွေအတွက် ကျွန်မတို့ရဲ့
ပေါင်းစုအား ကုမ္ပဏီက လက်တွဲကူညီဖို့ အဆင်သင့်ပါနော်။

**၁ထောင်တန် ပီတိ***

သာပေါင်းမြို့ နောက်သင်တန်းတစ်နေရာရောက်ပြန်ပါပြီ။

မသန်ပေမဲ့ တကယ်စွမ်းသူတွေ မေးလိုက်တာလေးက
ရင်ကိုထိတယ်။

တစ်ချို့သူတွေက ကျွန်မတို့ကို ခွဲခြားဆက်ဆံကြတယ်တဲ့
ဆရာမဆိုရင် မသန်စွမ်းသူတွေကိုဘယ်လိုမြင်လဲတဲ့။

ဖြေစရာတွေ ရင်မှာအပြည့်

အရာရာပြည့်စုံနေတဲ့ ကလေးတစ်ယောက်ကို
ပြုစုကျွေးမွေးရတဲ့ ဒုက္ခက မိဘတွေအတွက်တကယ်မလွယ်တာမို့
မသန်စွမ်းတဲ့ကလေးကို ပြုစုနေရတဲ့
မိဘတွေရဲ့ နှစ်ဆထူးကဲတဲ့မေတ္တာတရား ကိုပိုလေးစားရတယ်လို့။

ကျွန်မကိုယ်တိုင်အစက လင်ကွဲ ကလေးတစ်ယောက်အမေဆိုပြီး သိမ်ငယ်ခဲ့ဖူးတယ်၊ လူတွေပစ်ပယ်တာခံရဖူးတယ်။ အခု ကျွန်မသမီးရှေ့ကမားမားမတ်မတ်ရပ်ပေးနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိရှိရပ်တည်နိုင်လာတယ်။အများအတွက်လုပ်ပေးနိုင်တယ်ဆိုတာနဲ့

လူတွေက single mother ဖြစ်ပြီးထူးချွန်အောင်လုပ်နိုင်တာလေးစားစရာလို့
ပိုပြီးကူညီဖေးမလာကြတယ်။တန်ဖိုးထားလာကြတယ်။
နေရာပေးလာကြတယ်။

အိမ်ထောင်ရှင်အမျိုးသမီးအောင်မြင်တာထက် သားသမီးရှေ့ကတစ်ယောက်တည်း ရပ်တည်နေတဲ့
အမေလုပ်နိုင်တာကို ပိုအလေးထားကြသလို။

သာမာန်အမျိုးသမီးအောင်မြင်တာထက်
မသန်စွမ်းသူအမျိုးသမီးတွေ အောင်မြင်နေရင် အခုခေတ်မှာ ပိုအလေးထား လေးစားကြတယ်လို့

လင်ကွဲတာ ၊မသန်စွမ်းတာတွေဟာ သိမ်ငယ်စရာ၊
လူတောမတိုးပဲနေစရာမဟုတ်ဘူး၊ တကယ်ကို သူများထက်ထူးကဲတဲ့ အလိုလိုဂုဏ်တစ်ခုကိုရရှိပြီးသား

ကိုယ်ကိုယ့်ကိုယ်ယုံကြည်ချက်နဲ့ အလုပ်လုပ်ချင်စိတ် ရိုးသားကြိုးစားတဲ့စိတ်နဲ့ ဝင်ငွေရရှိအောင်လုပ်နိုင်ပြီ
ဆိုတာနဲ့ သူများနဲ့ မတူတဲ့ ဂုဏ်နှစ်ဆတက်ပြီလို့။

ဒါကြောင့်ကျွန်မတို့က လင်ကွဲ၊ single mother ၊ မသန်စွမ်းဆိုပြီး အားငယ်နေရမှာမဟုတ်ဘူး ပိုပြီး
ဂုဏ်ယူနေရမှာလို့ ဒါကြောင့်ကျွန်မက မသန်စွမ်းသူအမျိုးသား အမျိုးသမီးတွေကို ပိုလေးစားပါတယ်လို့ ဖြေခဲ့တယ်။

သင်တန်းအတွင်း ဈေးရောင်းတတ်အောင် ဝင်ငွေအပိုရှာတတ်အောင် သင်ပေးခဲ့တယ်။
စိတ်ခွန်အားနဲ့ လူတွေကြားဆက်ဆံပေါင်းသင်း
နေထိုင်တတ်ဖို့ လမ်းပြပေးခဲ့တယ်။

သင်တန်းအပြီး ပြန်ခါနီး သင်တန်းသူတစ်ယောက်က ငွေတစ်ထောင်ကိုင်ပြီး "ဆရာမတဲ့ ဆရာမမှာ ပိုက်ဆံရှိမှန်းသိပါတယ်တဲ့ ကျွန်မ ငွေတစ်ထောင်နဲ့ ဆရာမကို ကန်တော့ချင်လို့ "လက်ခံပါဆိုပြီး
အတင်းကန်တော့တယ်။

နောက်ဆုံခွင့်ရရင် လမ်းပြပေးဖို့ မျက်ရည်ဝဲရင်း တောင်းဆိုရှာတယ်။

ကျွန်မရင်ထဲ ထပ်တူကျတဲ့ ချစ်ခြင်းတွေနဲ့ ဆို့နင့်စွာ
လက်ပြနှုတ်ဆက်ခဲ့ရပေမဲ့ ပြန်ဆုံချင်ပါသေးတယ်လို့။

အားလုံးသော လူသားတွေ တန်းတူရည်တူ စိတ်ခံစားချက်နဲ့အတူ ဘဝကိုဖြတ်သန်းနိုင်တဲ့ ခွန်အားတွေရရှိပါစေလို့ ကျွန်မလည်း အသက်ရှည်ပြီး
လိုအပ်တဲ့နေရာမှာ ကူညီခွင့်အများကြီးရရှိပါစေလို့

လရိပ်လေး( မောင်းမကန်)
23.10.2022

မြန်မာပြည်သူ/သားအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ 🙏🙏🙏
09/10/2022

မြန်မာပြည်သူ/သားအပေါင်း
ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ 🙏🙏🙏

BEO စီးပွားရေးအမြင်ဖွင့်သင်တန်း         Business Eye Opening Training 🔰BEO သင်တန်း နောက်ထပ် တန်းသစ်တခု ထပ်ဖွင့်ပါတော့မည်...
09/09/2022

BEO စီးပွားရေးအမြင်ဖွင့်သင်တန်း
Business Eye Opening Training

🔰BEO သင်တန်း နောက်ထပ် တန်းသစ်တခု ထပ်ဖွင့်ပါတော့မည်အကြောင်း သတင်းကောင်းပါးပါရစေ။

"'BEO ဆိုတာ ဘာလဲ""?

👁️‍🗨️BEO
Business Eye opening ဆိုတာ
စီးပွားရေး သဘောတရားများကို တိကျ နားလည်စွာတတ်‌ေမြာက်ဖို့ ၊ စီးပွားရေး နှင့် ပတ်သတ်ပြီး လက်တွေ့ သိထားရမည့် ချက်များကို သင်ကြားပေးသော

👁️‍🗨️အခြေခံစီးပွားရေး အမြင်ဖွင့်👁️‍🗨️ သင်တန်း ဖြစ်ပါတယ်။

🔰စီပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင် ဘယ်လိုချက်တွေ မဖြစ်မ‌နေသိထားရမလဲဆိုသောအချက်များ။

📝ယခုဖွင့်သည့် BEO သင်တန်းမှာ ဘာတွေသင်ယူရမလဲ?

#စီးပွားရေးဆိုတာဘာလဲ?

#ဈေးကွက်ရှာဖွေခြင်း။

#ဝင်ငွေထွက်ငွေစာရင်းဇယား မှတ်သားခြင်း။

#လုပ်ငန်းရဲ့ အခြေအနေသုံးသပ်ဆန်းစစ်ခြင်း။

"လုပ်ငန်းတစ်ခုလုပ်ရင်"

🔰အခြေခံသိထားသင့်တဲ့ ဈေးကွက်ပြင်ဆင်မှု။
🔰ငွေကြေးဆိုင်ရာ အခြေခံ။
🔰စီးပွားရေးရဲ့အဓိကသဘောတရားများကို အဓိကထား သင်ကြားရပါမည်။

✅မှတ်ချက်။ ။
BEOသင်တန်းကို ပြီးဆုံးအောင် တတ်ရောက်သူနိုင်ဖြစ်ရပါမည်။

✍️✍️
အောက်ပါလင့်တွင် စာရင်းပေးသွင်းရန်။
https://forms.gle/S3WjV4WEgPU9mRFUA

Trainer : U Aung Zaw Moe

Fees : 20000 mks

Kpay Number : 09770813005 U Aung Zaw Moe
Wave Number : 09770813005 U Aung Zaw Moe

Contact Us : 09790386847
09770813005

🗓️Date: 26.9.2022 to 28.9.2022ထိ။
🕕Time: 7:00 to 10:00PM
💻Place : Zoom Platform

BEO Business Eye Opening Training

"Food Safety & Finding Market Training"Lae War Distribution မှ အမျိုးသမီးလုပ်ငန်းရှင် မလဲ့ဝါရဲ့ဖိတ်ခေါ်မှုကြောင့် ကျွန်မ...
13/07/2022

"Food Safety & Finding Market Training"

Lae War Distribution မှ အမျိုးသမီးလုပ်ငန်းရှင် မလဲ့ဝါရဲ့ဖိတ်ခေါ်မှုကြောင့် ကျွန်မတို့ရဲ့ Paung Su Arr co.Ltd မှ Master trainerဆရာမများက လုပ်ငန်းရှင် အမျိုးသမီး အယောက်၂၀ကို Food Safety & Finding Market
အကြောင်း တွေ့ဆုံဆွေးနွေး မျှဝေခွင့်ရခဲ့ပါတယ်။

Online ချည်းသင်နေရတာ ငြီးငွေ့နေတဲ့အချိန် တကယ်အားပါးတရ ဆွေးနွေးခွင့်လေးရလိုက်တာမို့
ပီတိဖြစ်ရပါတယ်။

သင်တန်းအဆင်ပြေစေဖို့ ကူညီဆောင်ရွက်ပေးတဲ့ Kyi Kyi's Houseမှ မကြည် နှင့် ပံ့ပိုးကူညီပေးသူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။

ထပ်တူကျသောစိတ်ချမ်းသာမှုရရှိပြီး လုပ်ငန်းများတိုးတက်အောင်မြင်ကြပါစေ။

11~12 June,2022

ကပ်ရောဂါအပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏PSR team
12/07/2022

ကပ်ရောဂါအပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏

PSR team

Address

No (33), Ayarwaddy Street, Htanar Ward, Ahlone Township
Yangon
11121

Telephone

+959954865931

Website

Alerts

Be the first to know and let us send you an email when Paung Su Arr Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Paung Su Arr Ltd:

Share