Pyi Pai Printing Service

Pyi Pai Printing Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyi Pai Printing Service, Printing Service, Yangon.

Happy New year ❄️❄️❄️ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း  ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ .....  နှစ်ဟောင်းမှာ ကံမကောင်းခြ...
31/12/2023

Happy New year ❄️❄️❄️

နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း

ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ .....

နှစ်ဟောင်းမှာ ကံမကောင်းခြင်းတွေကို ထားခဲ့ပြီး

နှစ်သစ်မှာ ကံကောင်းခြင်းတွေဆီပြောင်းလာနိူင်ပါစေ

စိုးရိမ်ကြောင့်ကျမှု/ နာကျင်မှုတွေကွယ်ပျောက်ပြီး
ပျော်ရွှင်မှုတွေကျရောက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာ
ပို့သလိုက်ပါတယ်🙏🙏🙏

National Day🇲🇲🇲🇲🇲🇲
06/12/2023

National Day🇲🇲🇲🇲🇲🇲

တန်ဆောင်မုန်း လပြည့်နေ့ အကြောင်း (သာမညဖလ အခါတော်နေ့)===+===တန်ဆောင်မုန်း လပြည့်နေ့သည် နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အ...
26/11/2023

တန်ဆောင်မုန်း လပြည့်နေ့ အကြောင်း
(သာမညဖလ အခါတော်နေ့)
===+===
တန်ဆောင်မုန်း လပြည့်နေ့သည် နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့် နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် တန်ဆောင်မုန်း လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်က အဇာတသတ် မင်းကြီး အမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော် ခေါ် ရဟန်းပြုရ အကျိုးပြ တရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ် ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

သာမညဖလ အခါတော်နေ့
=======+=====
မြန်မာ့ရိုးရာ ၁၂-လရာသီပွဲတော်များအနက် တန်ဆောင်မုန်းလသည် တမူထူးခြားသည်။ ထိုလတွင် တန်ဆောင်တိုင် မီးထွန်းပွဲတော်၊ ကထိန်သင်္ကန်း အလှူပွဲတော်၊ မသိုးသင်္ကန်း ယက်လုပ်ပူဇော်ပွဲတော်၊ မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊ ကျီးမနိုးပွဲတော်၊ သာမညဖလအခါတော်နေ့ ပွဲတော်တို့ကို ကျင်းပလေ့ရှိသောကြောင့်ဖြစ်သည်။ ယင်းတို့အနက် သာမညဖလ အခါတော်နေ့ ပွဲတော် ကျင်းပခြင်း၏ အကြောင်းရင်းကို တင်ပြလိုသည်။

အဇာတသတ်မင်းသည် ဒေဝဒတ်နှင့် ပေါင်းမိသဖြင့် ခမည်းတော် ဗိမ္ဗိသာရမင်းကို သတ်ခဲ့မိသော အချိန်မှစ၍ အိပ်မပျော်သော ရောဂါဝေဒနာ စွဲကပ်ခဲ့သည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အရာအထောင်တို့ဖြင့် ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့သည်။ ထိုဝေဒနာ ပျောက်ကင်းအောင် မည်သည့်ဆေးနှင့်မှ ကုစား၍မရ ဖြစ်နေသည်။ ထိုအခါ ဝေဒနာကို ကုစားရန်အတွက် အမတ်များ၏ အကြံပေးချက်အရ တိတ္ထိဆရာကြီး ၆-ယောက်တို့ထံ ရှေးဦးစွာ ရောက်သွားသည်။

သို့ရာတွင် တိတ္ထိဆရာကြီး ၆-ဦးသည် အဇာတသတ်မင်း၏ ရောဂါဝေဒနာကို ပျောက်ကင်းရန် နည်းပေးလမ်းညွှန်မှု မပြုနိုင်ပေ။ ထိုမျှသာမက အဇာတသတ်မင်း စိတ်ချမ်းသာရာ ချမ်းသာကြောင်းလည်း မဟောပြောနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သမားတော်ကြီး ဇီဝက၏ အကူအညီဖြင့် အဇာတသတ်မင်းသည် မြတ်စွာဘုရားထံသို့ ရောက်သွားခဲ့သည်။ ဤတွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမညဖလ တရားတော်ကို ဟောပြောတော်မူသည်။

သာမညဖလ တရားတော်ကို နာကြားလိုက်ရသည့်အတွက် အဇာတသတ်မင်းအဖို့ အိပ်မပျော်သော ရောဂါဝေဒနာလည်း ငြိမ်းအေးပျောက်ကွယ်သွားသည်။ ထိုမျှမက ခမည်းတော်ကို သတ်ခဲ့မိသော သူ၏အမှားကိုလည်း ကြီးစွာ နောင်တရခဲ့သည်။ သတိတရားရခဲ့သည်။ ထိုမှတဆင့်တက်၍ ဗုဒ္ဓသာသနာတော်ကို အသက်ပေး ကြည်ညိုသူ ဖြစ်လာသည်။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကူညီခဲ့သည်။

နှောင်းခေတ် ဗုဒ္ဓဘာသာဝင်များအတွက် ဓာတ်တော် များကို စနစ်တကျ သိမ်းဆည်းထားခဲ့သည်။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးခဲ့သည်။ ခမည်းတော်ကို သတ်ခဲ့သဖြင့် အပြစ်ကြီးလေးသော မဟာအဝီစီငရဲ၌ မခံရတော့ဘဲ အပြစ်ပေါ့သော လောဟကုမ္ဘီငရဲ၌ အနှစ်ခြောက်သောင်းသာ ခံရတော့သည်။ ငရဲမှလွတ်ပြီး နောက်အနာဂတ်ကာလ၌ ဝိဇိတာဝီအမည်ဖြင့် ပစ်စကေဗုဒ်ဓါဖွဈပွီး ကျွတ်တမ်းဝင်ပေတော့မည်။

ဤကား သာမညဖလသုတ်ကို နာကြားရသဖြင့် အကျိုးကျေးဇူးကို ရရှိသော အဇာတသတ်မင်း၏ ဖြစ်ရပ်မှန်ပင် ဖြစ်သည်။ ဤတွင် သာမညဖလတရားတော်နှင့် ပတ်သက်၍ ကြှနျုပျတို့ သိနားလည်သင့်သည်ဟု ခံယူမိသည်။ သာမညဖလဟူသည် ရဟန်းပြုခြင်း၏ အကျိုးများကို ဖော်ပြချက်ဖြစ်သည်။

ရဟန်းပြုခြင်းဖြင့်-
===========
၁၊ မင်းခစားဘဝနှင့် မင်းပြစ်မင်းဒဏ်မှ ကင်းလွတ်ခြင်း။
၂၊ အခွန်ထမ်းဆောင်မှု ကင်းလွတ်ခြင်း။
၃၊ ပါတိမောက္ခ သံဝရသီလနှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း။
၄၊ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက်ဒုက္ခမှ ကင်းလွတ်၍ စူဠသီလနှင့် ပြည့်စုံခြင်း။
၅၊ ပွဲသဘင်အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး၊ မကောင်းသော စကား အမျိုးမျိုးတို့မှ ရှောင်ကြဉ်သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ ပဉ္စမသီလနှင့် ပြည့်စုံခြင်း။
၆၊ နက္ခတ်၊ ဗေဒင်၊ ယတြာ၊ လက္ခဏာ၊ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝပါရိသုဒ္ဓိသီလနှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်း။
၇၊ ဣန္ဒြေ ခြောက်ပါး၌ အကုသိုလ်မဖြစ်အောင် စောင့်စည်းနိုင်ခြင်း။ သတိနှင့်ပြည့်စုံခြင်း။
၈၊ သမ္ပဇင်-(ဆင်ခြင်တုံ)-တရားနှင့် ပြည့်စုံခြင်း။
၉၊ သန္တောသ-(ရောင့်ရဲခြင်း)-ရှိခြင်း။
၁၀၊ နီဝရဏ-ဈာန်အစရှိသော ကုသိုလ်တရားများကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား-ငါးပါးမှ ကင်းလွတ်ခြင်း။
၁၁၊ ဈာန်တရား ရနိုင်ခြင်း။
၁၂၊ ဝိဇ္ဇာရှစ်ပါးနှင့်ပြည့်စုံ၍ မဂ်ဖိုလ်ရနိုင်ခြင်း အကျိုးတရားတို့ ဖြစ်ပေသည်။

ဤရဟန်းပြုခြင်း၏ အကျိုးများကို မြတ်စွာဘုရားက ဟောပြောတော်မူခဲ့သည်။ အဇာတသတ်မင်းနှင့်တကွ ကြားနာရသူအပေါင်းသည်၎င်း၊ ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာဝင်တို့သည်၎င်း၊ ရဟန်းပြုခြင်း၏ အကျိုးများကို နာယူမှတ်သားခွင့် ရခဲ့ကြသည်။ ထိုသို့ နာယူမှတ်သားခွင့်ရသဖြင့်လည်း ခေတ်အဆက်ဆက် ပါရမီရှင် ပုဂ္ဂိုလ်များသည် ရဟန်းပြုလာခဲ့ကြသည်။ ထိုရဟန်းများကိုလည်း ကြှနျုပျတို့ ဗုဒ္ဓဘာသာဝင်များက ဆည်းကပ်ကိုးကွယ်လာခဲ့ကြသည်။

ထို သာမညဖလသုတ်ခေါ် (ရဟန်းပြုခြင်း၏ အကျိုးတရားကို) မြတ်စွာဘုရားသည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် ဟောပြောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု သတ်မှတ်ကျင်းပကြခြင်း ဖြစ်သည်။ ထိုထိုအကြောင်းများကို လေ့လာဆည်းပူး၍ ကြှနျုပျတို့ ဗုဒ္ဓဘာသာဝင်များသည် သံဃာတော်များကို ပိုမိုလေးစားကြည်ညို ဆည်းကပ်ကိုးကွယ်ခြင်း ပြုအပ်ပေသည်။

ကထိန်သင်္ကန်း
=========
တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့် ပွဲတော်တခုမှာ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းပင် ဖြစ်သည်။ ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူးငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ဤတွင် အခွင့်သင့်သဖြင့် ကထိန်ခင်းရခြင်း၏ အစပထမဖြစ်ရပ်ကို အကျဉ်းချုပ်၍ တင်ပြလိုပါသေးသည်။

ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ ကိုးကွယ် အားထား မှီခိုဆည်းကပ်ရာဖြစ်သော ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ဖြစ်သည်။ ဘုရားရှင်သည် သာဝတ္ထိပြည်၊ အနာထပိဏ်သူဌေးကြီး ဆောက်လုပ်လှူဒါန်းအပ်သော ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဖြစ်သည်။ ကောသလမင်းကြီးနှင့် ညီနောင်များဖြစ်ကြသော ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မြတ်စွာ ဘုရားရှင်အား ဖူးမြော်ခွင့်ရရန် ပါဝေယျကတိုင်းမှ လာကြရာ လမ်းခရီး အကြားရှိ 'သာကေတမြို့' ၌ ဝါဆို ဝါကပ်ကြသည်။ သီတင်းကျွတ်၍ ခရီးဆက်လာကြရာ ဘုရားရှင် ရှေ့မှောက်အရောက်တွင် ဘုရားရှင် ခွင့်ပြုထားသော သင်္ကန်းသုံးထည်စလုံး စိုစိုစွတ်စွတ် ညစ်ထေးထေး ဖြစ်နေသဖြင့် ထိုရဟန်းတို့၏ ပင်ပန်းဆင်းရဲမှုကို အကြောင်းပြုပြီး ကထိန်သင်္ကန်း ကပ်လှူခြင်းကို ခွင့်ပြုတော်မူခြင်းပင် ဖြစ်သည်။ ဤသည်မှာ ကထိန်ခင်းရခြင်း၏ သမိုင်းအစပင် ဖြစ်သည်ဟု ဆိုသည်။

မသိုးသင်္ကန်း
========
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရာ နိုင်ငံဖြစ်သဖြင့် တန်ဆောင်မုန်းလတွင် ကထိန်ပွဲသာမက မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းသည့် ပွဲတော်များကိုပါ ကျင်းပကြသည်ကို တွေ့ရသည်။ မသိုးသင်္ကန်း ဟူသည် နေ့မကူး၊ ရက်မကူးစေဘဲ တစ်ရက်အတွင်း အပြီးရက်လုပ် လှူဒါန်းရသော သင်္ကန်းဖြစ်သဖြင့် မသိုးသင်္ကန်းဟု ခေါ်ဆိုရခြင်း ဖြစ်သည်။ ရှေးအခါက မသိုးသင်္ကန်း ရက်လုပ်ပုံနှင့် မျက်မှောက်ခေတ် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ်ပုံတို့မှာ အနည်းငယ်မျှ ကွဲပြားလာသည်ကို တွေ့ရသည်။

သို့သော် ပြောပလောက်အောင် ကွဲပြားခြားနားမှုမျိုး မရှိသေးပါချေ။ မသိုးသင်္ကန်းကို ကထိန်ကာလဖြစ်သော သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ နေ့စဉ် ရက်ဆက် ရက်လုပ်ခြင်းမရှိပါ။

ကထိန်ကာလ၏ နောက်ဆုံးနေ့ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ မတိုင်မီ လဆန်း ၁၄ ရက်နေ့ ညနေပိုင်းတွင်မှ စတင်ရက်လုပ်ကြပြီး လပြည့်နေ့ အရုဏ်မတက်မီ အပြီး ချုပ်လုပ်ကာ ကပ်လှူကြသည်ကို တွေ့ရသည်။

ရခိုင် မဟာမြတ်မုနိဘုရား၊ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော် စသော ရန်ကုန်မြို့ရှိ ထင်ရှားသော ဘုရားများတွင် မသိုးသင်္ကန်း ရက်လုပ်ဆက်ကပ် လှူဒါန်းပွဲတော်များကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြသည်။

🙏🏻သီတင်းကျွတ်လပြည့်နေ့ 🙏🏻***********************မြန်မာသက္ကရာဇ် ၁၃၈၅  ခုနစ်၊အောက်တိုဘာလ(၂၉)  ရက်နေ့တွင် ကျရောက်မည့် "ဝါလက...
28/10/2023

🙏🏻သီတင်းကျွတ်လပြည့်နေ့ 🙏🏻
***********************
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနစ်၊အောက်တိုဘာလ(၂၉) ရက်နေ့တွင် ကျရောက်မည့် "ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့” “အဘိဓမ္မာအခါတော်နေ့" တွင် မိတ်ဟောင်း မိတ်သစ်များ အားလုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း
Pyi Pai Printing Service မှဆုမွန်ကောင်း တောင်းအပ်ပါတယ်🙏🙏 🪔🪔

#သီတင်းကျွတ်လပြည့်နေ့

#အဘိဓမ္မာအခါတော်နေ့

ဘယ်လုပ်ငန်းအတွက်မဆို အသုံးပြုရတဲ့ Paper Tent Card လေးတွေပါ👋👋👋Paper Pp boardAll in one
16/09/2023

ဘယ်လုပ်ငန်းအတွက်မဆို အသုံးပြုရတဲ့
Paper Tent Card လေးတွေပါ👋👋👋

Paper
Pp board
All in one

Carbonless Voucher စာအုပ်လေးတွေပါမင်ခံ မလို🙅ဘယ်လုပ်ငန်းအတွက်မဆို မရှိမဖြစ်လေးတွေပေါ့ပုံမှန်အလုပ်မျာကြတဲ့ size လေးတွေက💁 A...
31/08/2023

Carbonless Voucher စာအုပ်လေးတွေပါ
မင်ခံ မလို🙅
ဘယ်လုပ်ငန်းအတွက်မဆို မရှိမဖြစ်လေးတွေပေါ့

ပုံမှန်အလုပ်မျာကြတဲ့ size လေးတွေက
💁 A4 , A5, 6"×8", 4"× 5.5"

မိမိစိတ်ကြိုက် size လေးတွေနဲ့လဲ ရပါတယ်နော်

အရောင်က 💁 1C , 2C, 3C, 4C

အရေအတွက်ကရော 🤔 ဆိုတော့က
💁 အရေအတွက် ၁၀ အုပ် အနည်းဆုံးတော့မှာပေးနော်

Gift box collection 🎁🎁🎀
12/06/2023

Gift box collection 🎁🎁🎀

Label card & Ticket
18/05/2023

Label card & Ticket

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသက်ြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်🙏🙏🙏
13/04/2023

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ အတာသက်ြန်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်🙏🙏🙏

မင်္ဂလာပါခင်ဗျ.🙏ရေစိုခံ🌧 အကြမ်းခံတဲ့ Paper bag လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်🙋‍♂️လူကြီးမင်းတို့စိတ်ကြိုက် Size မျိုးစုံ ပု...
10/03/2023

မင်္ဂလာပါခင်ဗျ.🙏
ရေစိုခံ🌧 အကြမ်းခံတဲ့ Paper bag လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်🙋‍♂️လူကြီးမင်းတို့စိတ်ကြိုက် Size မျိုးစုံ ပုံစံမျိုးစုံကို အရေအသွေးကောင်းမွန်စွာသေသပ်လှပစွာလုပ်ဆောင်ပေးသွားမှာဖြစ်လို့ အခုပဲ လူကြီးမင်းတို့လိုချင်သော Size / Logo / Price များကို ကျွန်တော်တို့ရဲ့ Page Massage Box မှာ လာရောက်စုံစမ်းမေးမြန်းဆက်သွယ်နိုင်ပါပြီခဗျာ.💁‍♂️

🙏🙏🙏🙏🙏
04/03/2023

🙏🙏🙏🙏🙏

Happy New year 🎇🎆🎇🎆🎁🎁
31/12/2022

Happy New year 🎇🎆🎇🎆🎁🎁

Address

Yangon

Telephone

+959973920065

Website

Alerts

Be the first to know and let us send you an email when Pyi Pai Printing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyi Pai Printing Service:

Share