Bagan Management Institute

Call Directions Website Contact the business

Bagan Management Institute Raise Your Potential

25/09/2026

ခေတ်သစ် HR... HR Career ထဲ
စတင်ဝင်ရောက်လိုသူတွေအတွက်
ကြိုတင်ပြင်ဆင်ရမယ့်အချက်…………။

HR ဆိုတာ ဝန်ထမ်းခေါ်တယ်၊
ခွင့်ရက်စာရင်းမှတ်တယ်၊
လစာတွက်ပေးတယ်ဆိုတဲ့
စာရွက်စာတမ်း အလုပ်သက်သက်ပဲ
မဟုတ်တော့ပါဘူး…………………….။

ဒီနေ့ခေတ် ကော်ပိုရိတ်လောကမှာ
HR (Human Resources) ရဲ့
အခန်းကဏ္ဍဟာ အရင်ကထက်
အဆပေါင်းများစွာ ပြောင်းလဲသွားပါပြီ။
သာမန် Administration အဆင့်ကနေ
လုပ်ငန်းတစ်ခုလုံးရဲ့ မဟာဗျူဟာကို
ဝန်ထမ်းအင်အားနဲ့ ပေါင်းစပ်မောင်းနှင်
ရတဲ့ Strategic Business Partner
ဖြစ်လာပါတယ်။

HR နယ်ပယ်ထဲကို အောင်မြင်စွာ
ခြေလှမ်းစတင်ချင်တဲ့ လူငယ်တွေနဲ့ Career
ပြောင်းလဲလိုသူတွေအတွက် မဖြစ်မနေ
ပြင်ဆင်ထားသင့်သည့် အဓိက အချက်တွေ
ကို Nay Bagan ကနေပြီး မျှဝေပေးလိုက်
ပါတယ်။

အခြေခံ HR Core Functions တွေကို
သဘောတရားအရ နားလည်ထားပေးပါ။
HR အလုပ်တစ်ခုကို စတင်လျှောက်ထား
တော့မယ်ဆိုရင်တော့ အဓိက အစိတ်အပိုင်း
တွေကို ခြုံငုံသိမြင်ထားရပါမယ်။Talent
Acquisition ဆိုတဲ့ Recruitment မှာ
လူမှန်နေရာမှန် ရှာဖွေရွေးချယ်ရတာတွေ။
Compensation & Benefits မှာ လစာ၊ ခံစား
ခွင့်နဲ့ လူမှုဖူလုံရေး စီမံရတာတွေ။Learning
& Development မှာ ဝန်ထမ်းတွေအရည်
အချင်း တိုးတက်စေဖို့ သင်တန်းပေးရတာ
တွေနဲ့။ Employee Relations မှာ လုပ်ငန်းခွင်
စည်းမျဉ်းစည်းကမ်းနဲ့ ဝန်ထမ်းဆက်ဆံရေး
ထိန်းသိမ်းဆောင်ရွက်ရတာတွေကိုမဖြစ်မနေ
လေ့လာရပါမယ်။

အလုပ်သမားဥပဒေ Labor Law အခြေခံကို
လည်းမဖြစ်မနေ လေ့လာရပါမယ်။ HR
တစ်ယောက်ရဲ့ အဓိက တာဝန်တစ်ခုကတော့
လုပ်ငန်းရှင်ရော ဝန်ထမ်းပါ ဥပဒေဘောင်
အတွင်း စနစ်တကျ အလုပ်လုပ်နိုင်စေဖို့
ထိန်းကျောင်းပေးတာပါ။ အလုပ်ခန့်ထားမှု
ဆိုင်ရာ စာချုပ် EC Contract၊ ခွင့်ရက်နဲ့ အလုပ်
ပိတ်ရက် ဥပဒေတွေ၊ အချိန်ပိုနဲ့ အလုပ်ချိန်
သတ်မှတ်ချက်တွေ၊ လူမှုဖူလုံရေး မူဝါဒတွေကို
ကြိုတင်ဖတ်ရှု လေ့လာထားပေးပါ။

Tech Skills တွေကိုလည်း တွဲဖက်လေ့လာပေး
ပါ။ HR Tech & Analytics လုပ်ကိုင်ဆောင်
ရွက်နိုင်ဖို့အနည်းဆုံး Excel မကျွမ်းကျင်ဘဲ
ခေတ်သစ် HR ကောင်းတစ်ယောက် မဖြစ်နိုင်
တော့ပါဘူး။Advanced Excel ရဲ့ VLOOKUP,
XLOOKUP, Pivot Table တွေနဲ့ ဝန်ထမ်းတွေရဲ့
Turnover Rate, Attendance တွေနဲ့ Headcount
Data တွေကို ရှင်းရှင်းလင်းလင်း ခွဲခြမ်းစိတ်ဖြာ
နိုင်ရပါမယ်။ HRIS ဆိုတဲ့ ဒစ်ဂျစ်တယ် စနစ်တွေ
HR Software, Notion, Google Workspace
စတာတွေ ကိုလဲ စမတ်ကျကျ အသုံးချနိုင်စွမ်း
ရှိထားရပါမယ်။

HR ဆိုတာက လူအများနဲ့ အမြဲထိတွေ့ဆက်
ဆံရတဲ့ နေရာဖြစ်တာကြောင့် နားထောင်မှုစွမ်း
ရည် Active Listening ကောင်းမွန်ရပါမယ်။
ဝန်ထမ်းတွေရဲ့ အခက်အခဲကို စာနာနားလည်
ပေးနိုင်ရမှာဖြစ်သလို၊ အခြားတစ်ဖက်မှာလည်း
ကုမ္ပဏီရဲ့ မူဝါဒတွေနဲ့ လုပ်ငန်းအကျိုးစီးပွားကို
ဘက်လိုက်မှုကင်းပြီး၊ Confidentiality ကိုလည်း
တိကျစွာ ကိုင်တွယ်နိုင်တဲ့ စိတ်ဓာတ်ရင့်ကျက်
မှု ရှိရပါမယ်။

Nay Bagan ရဲ့ အကြံပြုချက်ကတော့ အတွေ့
အကြုံ မရှိသေးတဲ့ Fresher ဖြစ်ပါက HR Intern
သို့မဟုတ် HR Admin / Assistant လိုမျိုး Entry-
Level ရာထူးတွေကနေမှတစ်ဆင့် လက်တွေ့
စာရွက်စာတမ်းနဲ့ Recruitment လုပ်ငန်းစဉ်တွေ
ကို အောက်ခြေကနေ စတင်လေ့လာပါ။ အတွေ့
အကြုံနဲ့အတူ လူ့စွမ်းအားအရင်းအမြစ် စီမံ
ခန့်ခွဲမှု ဆိုင်ရာ Professional Diploma တွေ
ဆက်လက်ဆည်းပူးခြင်းက Career ကို အမြန်ဆုံး
အထောက်အကူပြုပါလိမ့်မယ်။

🌟 HR နယ်ပယ်ထဲကို စတင်ဝင်ရောက်ဖို့ သင့်တော်တဲ့
အခွင့်အလမ်းတွေကို ရှာဖွေနေပါသလား?

📩 Nay Bagan (Talent Sourcing) ဆီကို
CV ကို အခုပဲ ပေးပို့ထားလိုက်နိုင်ပါပြီ။








25/09/2026


SME တွေရှင်သန်စေဖို့………….

လက်ရှိ မြန်မာနိုင်ငံရဲ့ မခန့်မှန်းနိုင်တဲ့
စီးပွါးရေး မူဝါဒအပြောင်းအလဲတွေကြားမှာ
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း
SME တွေအတွက် ရှင်သန်ရပ်တည်နိုင်ရေး
Business Survival နဲ့ ရေရှည်ခိုင်မာမှု Resilience
ဟာ အဓိက စိန်ခေါ်မှု ဖြစ်လာပါတယ်။

SME လုပ်ငန်းရှင်တွေ မဖြစ်မနေ သတိပြု
ပြင်ဆင်ထားရမယ့် အဓိက အချက် တွေကို
Bagan Consultancy Service ကနေဖော်ပြ
ပေးလိုက်ပါတယ်။

ငွေကြေးစီးဆင်းမှုနဲ့ ငွေဖြစ်လွယ်မှု Cash
Flow နဲ့ Liquidity Management ကိုအဓိက
ထားစဉ်းစားရပါမယ်။ အမြတ်ငွေထက် ငွေသား
စီးဆင်းမှုက အဓိကဖြစ်လာပါတယ်။ စာရင်းအရ
အမြတ်ပြနေပေမဲ့ လက်ထဲ ငွေသားမကျန်ရင်
လုပ်ငန်း ရပ်တန့်သွားနိုင်ပါတယ်။ အနည်းဆုံး
၃ လ ကနေ ၆ လစာ အရေးပေါ် လည်ပတ်ငွေ
Cash Reserves ကို အမြဲ ဖယ်ထားဖို့လိုပါတယ်။

နိုင်ငံခြားငွေနဲ့ ကုန်ဈေးနှုန်း မတည်ငြိမ်မှု
ကလဲသတိထားရမယ့်အရာပါ။ ငွေလဲလှယ်နှုန်း
အတက်အကျနဲ့ ငွေဖောင်းပွမှုကို မျက်ခြည်မပြတ်
စောင့်ကြည့်ပြီး မှကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှု
စျေးနှုန်းသတ်မှတ်ချက် Pricing Strategy ကို
အချိန်နှင့်တစ်ပြေးညီ ညှိယူရမှာပါ။

ဝန်ထမ်းအင်အား မတည်ငြိမ်မှုနဲ့ အရည်
အချင်း စီမံခန့်ခွဲမှု Workforce Retention
& Reskilling ကလဲအရေးပါပြန်ပါတယ်။
ပြည်ပထွက်ခွါမှုတွေ မူဝါဒဆိုင်ရာ အပြောင်း
အလဲတွေကြောင့် ဝန်ထမ်းထွက်နှုန်း Turnover
Rate မြင့်မားနေချိန်ဖြစ်ပါတယ်။ လူတစ်ယောက်
တည်းကိုပဲ အားမကိုးရဘဲ တစ်ယောက်မရှိလျှင်
တစ်ယောက်အစားထိုး လုပ်ကိုင်နိုင်တဲ့ Cross-
Training ဆိုတဲ့ အပြန်အလှန် ကျွမ်းကျင်မှုလေ့
ကျင့်ပေးခြင်း ကို စနစ်တကျ ပြုလုပ်ထားရပါ
မယ်။ အခြေခံ SOP တွေကို သေချာ မှတ်တမ်း
တင်ထားဖို့ လိုအပ်ပါတယ်။

ကုန်ကြမ်းနဲ့ ထောက်ပံ့ပို့ဆောင်ရေး လမ်း
ကြောင်းSupply Chain Diversification
ကိုလဲမျက်ချေမပျက်ဖို့လိုပါတယ်။ ကုန်ကြမ်း
သို့မဟုတ် ကုန်ပစ္စည်း ပေးသွင်းသူ Supplier
တစ်ခုတည်းအပေါ် လုံးလုံးလျားလျား မှီခို
မနေဖို့လိုပါတယ်။ပို့ဆောင်ရေးလမ်းကြောင်း
အခက်အခဲတွေနဲ့ သွင်းကုန်မူဝါဒ ကန့်သတ်
ချက်တွေကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကုန်ပစ္စည်း
ပြတ်လပ်မှုတွေအတွက် အရန် Supplier နဲ့
Backup Sources တွေ ဒေသတွင်း အစားထိုး
ကုန်ကြမ်းတွေကို ရှာဖွေပြင်ဆင်ထားရပါမယ်။

လုပ်ငန်းလည်ပတ်စရိတ် လျှော့ချခြင်းတွေ
နည်းပညာ အသုံးချမှု တွေဖြစ်တဲ့ Lean
Operations နဲ့ Digital Tools ကတော့အရေး
ပါတဲ့အချက်တစ်ခုပါ။ မလိုအပ်တဲ့ အသုံးစရိတ်
Overhead Costs တွေကို အတတ်နိုင်ဆုံး လျှော့
ချဖို့လိုပါတယ်။ငွေကုန်ကြေးကျများတဲ့ စနစ်ကြီး
တွေအစား လုပ်ငန်းစဉ်တွေကို အထောက်အကူ
ပြုမယ့် အခမဲ့ သို့မဟုတ် ကုန်ကျစရိတ်သက်သာ
တဲ့ Digital Tools တွေ ကို ပေါ့ပေါ့ပါးပါး စတင်
အသုံးချပေးပါ။

ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်း လိုက်နာမှု ဆိုတဲ့
Legal & Regulatory Compliance ကတော့အ
ရေးအကြီးဆုံးပါ။ အခွန်မူဝါဒတွေ၊ အလုပ်သမား
ရေးရာ ညွှန်ကြားချက်တွေနဲ့ ဒေသန္တရ ဥပဒေ
အပြောင်းအလဲတွေကို အမြဲမပြတ် လေ့လာစောင့်
ကြည့်ရပါမယ်။စာချုပ်စာတမ်း၊ ငွေစာရင်းနဲ့ ဝန်
ထမ်းမှတ်တမ်းများကို စနစ်တကျ မထားရှိရင်
မလိုလားအပ်တဲ့ ဒဏ်ကြေးငွေနဲ့ ဥပဒေကြောင်း
အရ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

Bagan Consultancy Insights ကတော့လက်ရှိ
ကာလဟာ အတွင်းပိုင်း စနစ် Internal Systems
ကို စနစ်တကျ ပြန်လည်စုစည်းပြီး အပြောင်းအလဲ
ကို လျင်မြန်စွာ တုံ့ပြန်နိုင်စွမ်း Agility ကို တည်
ဆောက်ရမယ့် အချိန်ပဲဖြစ်ပါတော့တယ်။




HR Professional တိုင်း သိထားသင့်တဲ့ Competency Framework……………။Competency Framework ဆိုတာ ဝန်ထမ်းတစ်ယောက်အနေနဲ့ သက်ဆိုင်ရ...
21/09/2026

HR Professional တိုင်း သိထားသင့်တဲ့
Competency Framework……………။

Competency Framework ဆိုတာ
ဝန်ထမ်းတစ်ယောက်အနေနဲ့ သက်ဆိုင်ရာ
ရာထူးတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်
နိုင်ဖို့ လိုအပ်တဲ့ အသိပညာKnowledge၊
ကျွမ်းကျင်မှု Skills နဲ့ စိတ်နေသဘောထား နဲ့
လက်တွေ့အပြုအမူ Attitude, Behaviors
စတာတွေကို စနစ်တကျ သတ်မှတ်ထားတဲ့
စံနှုန်းလမ်းညွှန် Blueprint ပဲ ဖြစ်ပါတယ်။

အရိုးရှင်းဆုံး ပြောရရင် လုပ်ငန်းခွင်မှာ
အောင်မြင်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့
ဘာတွေ တတ်မြောက်ပြီး ဘယ်လို ပြုမူ
နေထိုင်ရမလဲဆိုတဲ့ တိုင်းတာမှု ပေတံပါပဲ။

Competency Framework မှာအဓိက
မဏ္ဍိုင် ၃ ရပ်ရှိပါတယ်။Core Competencies
ဆိုတဲ့အဖွဲ့အစည်းတစ်ခုလုံးဆိုင်ရာ တန်ဖိုးထား
ရတဲ့အခြေခံစံနှုန်းကစပါတယ်။ရာထူးမရွေး၊
ဌာနမရွေး ဝန်ထမ်းတိုင်းမှာ မဖြစ်မနေ ရှိရမယ့်
တန်ဖိုးထားမှုတွေနဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်
ပါတယ်။ဥပမာ အနေနဲ့ အဖွဲ့အစည်းအပေါ်
သစ္စာရှိမှု ဆိုတဲ့Integrity၊ အသင်းအဖွဲ့ဖြင့် ပူး
ပေါင်းလုပ်ဆောင်မှု Teamwork၊ စတာတွေပါပဲ။

ဒုတိယအချက်ကတော့ Functional / Technical
Competencies ဆိုတဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်း
ကျင်မှုတွေပဲဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာန
သို့မဟုတ် ရာထူးအလိုက် အလုပ်ပြီးမြောက်ဖို့
လိုအပ်တဲ့ သီးခြား Hard Skills တွေ ဖြစ်ပါတယ်။
HR အတွက် Labor Law နဲ့ Payroll ကျွမ်းကျင်မှု၊
Marketing အတွက် Digital Ad Optimization
ကျွမ်းကျင်မှု အစရှိတာတွေပါ။

နောက်ဆုံးအချက်ကတော့ Leadership / Managerial
Competencies ဆိုတဲ့ခေါင်းဆောင်မှုဆိုင်ရာ
အရည်အသွေးတွေပဲဖြစ်ပါတယ်။အဖွဲ့ကို ဦးဆောင်
ရသူတွေ၊ Manager တွေနဲ့ Executive တွေမှာ ရှိရ
မည့် ဗျူဟာမြောက် အရည်အချင်းတွေပဲ ဖြစ်ပါ
တယ်။မဟာဗျူဟာမြောက် တွေးခေါ်နိုင်စွမ်း
Strategic Thinking တို့၊ ဆုံးဖြတ်ချက်ပြတ်သားမှု
Decision Making တို့၊ အခြားသူတွေကို လေ့ကျင့်
ပျိုးထောင်ပေးနိုင်စွမ်း Coaching & Developing
Others အစရှိတာတွေပါ။

HR အတွက် လက်တွေ့အသုံးဝင်ပုံကတော့ခိုင်မာတဲ့
Competency Framework ရှိထားရင် HR လုပ်ငန်း
စဉ်တွေအားလုံးနဲ့ ချိတ်ဆက်မိသွားပါတယ်။

Recruitment Function အနေနဲ့ အလုပ်ခေါ်စာရေး
တဲ့နေရာမှာရော Job Description ရေးဆွဲရာမှာရော၊
Behavioral Interview မေးခွန်းတွေ ထုတ်ရာမှာပါ
တိကျတဲ့ စံနှုန်းရရှိစေပါတယ်။

Performance Management မှာလည်း ခံစားချက်
နဲ့ အကဲဖြတ်တာမျိုး မဟုတ်ဘဲ ဝန်ထမ်းရဲ့ သတ်မှတ်
ထားတဲ့Competency အဆင့်အလိုက် မျှမျှတတ
အမှတ်ပေးနိုင်ပါတယ်။

Learning & Development ဆိုတဲ့ L&D မှာလည်းဝန်
ထမ်းတစ်ယောက်မှာ ဘယ် Competency တွေ အား
နည်းနေသလဲ Skill Gap ကို အလွယ်တကူ သိနိုင်ပြီး
ထိရောက်တဲ့ Training Plan တွေ ရေးဆွဲပေးနိုင်ပါ
တယ်။

Succession Planning မှာလည်း အနာဂတ် ခေါင်း
ဆောင်နေရာတွေအတွက် ဘယ်သူက Leadership
Competency ပြည့်မီနေပြီလဲဆိုတာ ကြိုတင်ရွေးချယ်
ထားနိုင်ပါတယ်။

"Skills get the job done, but Competencies
determine how well and how sustainably
it is done."

Competency Framework ဆိုတာ စာရွက်ပေါ်က
သီအိုရီသက်သက် မဟုတ်ဘဲ ကုမ္ပဏီရဲ့ ရည်မှန်းချက်
တွေ ပြည့်မီစေဖို့ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို
လမ်းညွှန်ထိန်းကျောင်းပေးတဲ့ အဓိက အင်ဂျင်တစ်ခု
ဖြစ်ပါတော့တယ်။






Exit Interview မှာဘာတွေမေးသင့်လဲ?Exit Interview မှာ ဝန်ထမ်းတွေထွက်ရတဲ့ အကြောင်းရင်းမှန်ကို ဖော်ထုတ်ရန်နဲ့ အဖွဲ့အစည်း တို...
09/09/2026

Exit Interview မှာဘာတွေမေးသင့်လဲ?

Exit Interview မှာ ဝန်ထမ်းတွေ
ထွက်ရတဲ့ အကြောင်းရင်းမှန်ကို
ဖော်ထုတ်ရန်နဲ့ အဖွဲ့အစည်း တိုး
တက်စေရန် မေးသင့်တဲ့ မရှိမဖြစ်
မေးခွန်း ၅ မျိုးကို BMI ကနေပြီး
မျှဝေပေးလိုက်ပါတယ်။

ပထမဦးဆုံးမေးရမှာကတော့
Primary Reason ဖြစ်တဲ့ ထွက်
ရတဲ့ အဓိက အကြောင်းရင်း ပါပဲ။
အလုပ်သစ်ရှာဖို့ ဘာက အဓိက
တွန်းအားဖြစ်စေခဲ့တာလဲ? ဆိုတာရယ်
အလုပ်အသစ်မှာ လက်ရှိကုမ္ပဏီက
မပေးနိုင်တဲ့ ဘယ်လို အခွင့်အလမ်းတွေ
ရရှိသွားတာလဲ? ဆိုတာရယ်မေးရမှာပါ။

ဒုတိယအနေနဲ့ကတော့ ရာထူးနဲ့ တာဝန်
အပေါ် စိတ်ကျေနပ်မှု Role & Growth
အကြောင်းပါ။ အလုပ်လုပ်နေစဉ်အတွင်း
ကိုယ့်ရဲ့ အရည်အချင်းတွေကို အပြည့်အဝ
အသုံးချနိုင်ခဲ့တယ်လို့ ခံစားရလား? ဆိုတာ
ရယ် ရာထူးတိုးတက်ဖို့ အခွင့်အလမ်းတွေ
လုံလုံလောက်လောက် ရှိခဲ့ရဲ့လား? ဆိုတာ
ရယ်ပါ။

စီမံခန့်ခွဲမှုနဲ့ အထက်လူကြီး ဆက်ဆံရေး
Management & Culture ကတော့ တတိယ
မြောက်မေးသင့်ပါတယ်။ ကိုယ့်ရဲ့ Direct
Manager ဆီကနေ လိုအပ်တဲ့ ပံ့ပိုးမှု၊ လမ်း
ညွှန်မှုနဲ့ တိကျတဲ့ Feedback တွေ ပုံမှန် ရရှိ
ခဲ့ရဲ့လား? ဆိုတာမေးသင့်ပါတယ်။

လုပ်ငန်းခွင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေမှု ဆို
တဲ့ Workplace Environment ကိုလဲမေးရမှာ
ပါ။အလုပ်လုပ်ဖို့ လိုအပ်တဲ့ Tools တွေ၊ အရင်း
အမြစ်တွေ အပြည့်အစုံ ရခဲ့ရဲ့လား? ဆိုတာရယ်
ရုံးတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ Culture ပိုင်းမှာ
ဘာတွေ တိုးတက်လာသင့်တယ်လို့ မြင်လဲ? ဆို
တာရယ်မေးသင့်ပါတယ်။ အရေးကြီးပါတယ်။

အကြံပြုချက်နဲ့ ရှေ့ဆက်ရန် အခြေအနေ Future
Recommendation အနေနဲ့ ဒီကုမ္ပဏီမှာ အခြားသူ
တွေကို အလုပ်လုပ်ဖို့ တိုက်တွန်း အကြံပြုလိုပါ
သလား? ဆိုတာနဲ့နောင်တစ်ချိန်မှာ အခြေအနေပေးရင်
ဒီကုမ္ပဏီကို ပြန်လာလုပ်ဖို့ စိတ်ကူးရှိမလား? ဆိုတာကို
တော့ နောက်ဆုံးမေးသင့်ပါတယ်။

ရရှိလာတဲ့အဖြေအပေါ်မှာမူတည်ပြီး ဆက်လက်ဆောင်
ရွက်စရာရှိတာတွေကို ဆောင်ရွက်နိုင်ပါတယ်။





07/09/2026

HR တွေ Presentation Skills လိုတယ်……….==============================HR ဆိုတာ ရုံးခန်းထဲမှာ စာရွက်စာတမ်းကြည့်ရုံ၊ မူဝါဒတွေ...
02/09/2026

HR တွေ Presentation Skills လိုတယ်……….
==============================

HR ဆိုတာ ရုံးခန်းထဲမှာ စာရွက်စာတမ်းကြည့်ရုံ၊
မူဝါဒတွေ ရေးဆွဲရုံသက်သက် မဟုတ်ပါဘူး။
ကိုယ်ရေးဆွဲထားတဲ့ မူဝါဒတွေ၊ ဝန်ထမ်းခန့်အပ်မှု
အစီအစဉ်တွေနဲ့ လေ့ကျင့်ရေး ပရောဂျက်တွေကို
Board of Directors တွေ လက်ခံအတည်ပြုလာ
အောင် ချပြနိုင်ဖို့ရော၊ ဝန်ထမ်းတွေ လိုက်နာဖို့
စိတ်အားထက်သန်လာအောင် ပြောဆိုစည်းရုံးနိုင်
ဖို့ပါ Presentation Skills ဆိုတဲ့ တင်ဆက်ပြောဆို
နိုင်စွမ်း ဟာ ခေတ်သစ် HR Professional တိုင်း
အတွက် မရှိမဖြစ် အရည်အချင်းတစ်ခု ဖြစ်
ပါတယ်။

HR တစ်ယောက်မှာ Presentation Skills ကောင်းမွန်
ဖို့ ဘာကြောင့် မဖြစ်မနေ လိုအပ်သလဲဆိုတဲ့ အဓိက
အကြောင်းရင်း တွေကို Bagan Management Institute
ကနေ မျှဝေပေးလိုက်ပါတယ်။လေ့လာကြည့်ရအောင်.…

ပထမဦးဆုံးအချက်ကတော့ စီမံခန့်ခွဲမှုအဆင့်ကို
စည်းရုံးနိုင်ရန် ဖြစ်ပါတယ်။ Getting Buy-in from
C-Suite ပေါ့။ HR ရဲ့ အကြံဉာဏ်တွေ ဖြစ်တဲ့ လစာ
တိုးမြှင့်ရေးတွေ၊ သင်တန်းဘတ်ဂျက်တောင်းခံရေးတွေ
ကို CEO နဲ့ အမှုဆောင်တွေ သဘောပေါက်လက်ခံဖို့
စာရင်းဇယားတွေ၊ Presentation Slide တွေနဲ့ တိုတိုနဲ့
ရှင်းရှင်း၊ ထိထိမိမိ ချပြနိုင်ရပါမယ်။ ပြီးတော့ Data
တွေကို စီးပွားရေးအမြင် Business Impact နဲ့ ချိတ်
ဆက်ပြီး ဆွဲဆောင်မှုရှိရှိ တင်ပြနိုင်မှသာ လိုအပ်တဲ့
ဘတ်ဂျက်နဲ့ ထောက်ခံမှုကို ရရှိမှာ ဖြစ်ပါတယ်။

နောက်ထပ်အချက်ကတော့ ဝန်ထမ်းသစ် ကြိုဆိုခြင်း
နဲ့ သင်တန်းပေးခြင်း ဖြစ်တဲ့ Engaging Onboarding
& Training လိုမျိုးတွေအတွက်ပေါ့။ဝန်ထမ်းသစ်
ကြိုဆိုပွဲ Orientation တွေနဲ့ In-house Training တွေမှာ
ပျင်းစရာကောင်းတဲ့ စာရွက်ဖတ်ပြတာမျိုး မဖြစ်စေဘဲ
စိတ်ဝင်စားစရာ ကောင်းအောင် တင်ဆက်နိုင်ဖို့ လိုပါ
တယ်။ဆွဲဆောင်မှုရှိတဲ့ Presentation ဟာ ကုမ္ပဏီ
အပေါ် ဝန်ထမ်းသစ်တွေရဲ့ ပထမဆုံး အထင်ကြီး
လေးစားမှု Employer Branding ကို တည်ဆောက်
ပေးပါတယ်။

မူဝါဒအပြောင်းအလဲတွေကို ရှင်းလင်းချပြနိုင်ရန် ဆိုတဲ့
Communicating Policy Changes ကတော့အရေးကြီး
ပါတယ်။ ကုမ္ပဏီရဲ့ စည်းမျဉ်းအသစ်တွေ၊ အကျိုးခံစား
ခွင့် အပြောင်းအလဲတွေကို ဝန်ထမ်းတွေ နားလည်သဘော
ပေါက်ပြီး အငြင်းပွားမှု ကင်းရှင်းစေဖို့ အချက်အလက်တွေ
ကို ပွင့်လင်းမြင်သာ၊ လိုရင်းတိုရှင်း ရှင်းပြတတ်ရပါမယ်။
ထိရောက်တဲ့ တင်ဆက်မှုဟာ ဝန်ထမ်းတွေကြား စိုးရိမ်
ပူပန်မှုနဲ့ ငြင်းဆန်တုံ့ပြန်မှု Resistance to Change ကို
လျှော့ချပေးပါတယ်။

နောက်ဆုံးအချက်ကတော့ ပရော်ဖက်ရှင်နယ် ဆန်မှုကို
မြှင့်တင်ဖို့ရန်ပဲဖြစ်ပါတယ်။ Building Personal
Credibilityပါ။စင်ပေါ်မှာ ဒါမှမဟုတ် အစည်းအဝေး
ခန်းမထဲမှာ ယုံကြည်မှုရှိရှိနဲ့ ရှင်းလင်းပြတ်သားစွာ ပြောဆို
နိုင်တဲ့ HR တစ်ယောက်ကို အဖွဲ့အစည်းတစ်ခုလုံးက လေး
စားအားကိုးရတဲ့ Strategic Partner အဖြစ် သတ်မှတ်
လာကြပါတယ်။

"Great ideas have no power if they cannot be
communicated effectively." ဆိုသလို ဘယ်လောက်ပဲ
ကောင်းမွန်တဲ့ HR မူဝါဒ ဖြစ်ပါစေ၊ ထိရောက်စွာ မတင်ပြ
နိုင်ရင် အရာထင်လာမှာ မဟုတ်ပါဘူး။

Presentation Skill ဆိုတာ ပင်ကိုယ်ပါရမီထက် လေ့ကျင့်
ယူလို့ရတဲ့ စွမ်းရည်တစ်ခုဖြစ်ပြီး၊ ဒီအရည်အချင်း ပြည့်စုံ
မှသာ HR Professional ဘဝမှာ ပိုမိုမြင့်မားတဲ့ ခေါင်းဆောင်မှု
ရာထူးတွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတော့တယ်။





High Turnover ဘယ်လိုထိမ်း====================ဝန်ထမ်းအထွက်များခြင်း High Turnover Rate က ကုမ္ပဏီအတွက် ငွေကြေးနဲ့ အချိန်ကု...
27/08/2026

High Turnover ဘယ်လိုထိမ်း
====================

ဝန်ထမ်းအထွက်များခြင်း High Turnover
Rate က ကုမ္ပဏီအတွက် ငွေကြေးနဲ့
အချိန်ကုန်ကျမှု ကြီးမားစေရုံသာမက
လုပ်ငန်းခွင် စိတ်ဓာတ် Team Morale
ကိုပါ ထိခိုက်စေပါတယ်။

လူတော်တွေ အခြားကုမ္ပဏီကို မပြောင်း
သွားဘဲ ရေရှည်လက်တွဲလာစေဖို့ Turnover
Rate ကို ထိထိရောက်ရောက် လျှော့ချနိုင်မယ့်
ဗျူဟာမြောက် နည်းလမ်း ၅ သွယ် ကို
BMI ကနေပြီးမျှဝေပေးလိုက်ပါတယ်။

အစကတည်းက လူမှန်နေရာမှန် ရွေးချယ်
ရမှာဖြစ်ပါတယ်။Hire for Cultural Fit ပါ။
အရည်အချင်း (Skill) တစ်ခုတည်း
ကို မကြည့်ဘဲ ကုမ္ပဏီရဲ့ တန်ဖိုးထားမှု၊
လုပ်ငန်းခွင် ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု ရှိ၊
မရှိကို စစ်ဆေးဖို့လိုပါတယ်။Job Description
JD ကို ရှင်းရှင်းလင်းလင်း ချပြပြီး အလုပ်
သဘောသဘာဝအပေါ် လျှောက်ထားသူ
ဘက်က အထင်အမြင်လွဲမှားမှု မရှိအောင်
ကြိုတင်ရှင်းပြထားရပါမယ်။

ရှင်းလင်းသော ရာထူးတိုးလမ်းကြောင်း
ဖန်တီးပေးဖို့လဲလိုပါတယ်။ Clear Career
Path Way တစ်ခုရှိထားတာပိုကောင်း
ပါတယ်။ဝန်ထမ်းတွေ အလုပ်ထွက်ရတဲ့
အဓိကအကြောင်းရင်းတစ်ခုက ရှေ့ဆက်
တိုးတက်လမ်း မမြင်ရခြင်းကြောင့် ဖြစ်ပါ
တယ်။တစ်ဦးချင်းစီအတွက် Individual
Development Plan IDP တွေ ချမှတ်ပေးပြီး
၃ နှစ်၊ ၅ နှစ်အတွင်း ဘယ်အဆင့်ထိ တက်လှမ်း
နိုင်မလဲဆိုတဲ့ အနာဂတ်မျှော်မှန်းချက်ကို ချပြပေး
ဖို့လိုပါတယ်။

မျှတတဲ့ လစာနှင့် ခံစားခွင့်များ စီစဉ်ပေး
ထားခြင်းCompetitive Total Rewards
ရှိထားခြင်းက ဝန်ထမ်းမြဲစေပါတယ်။
လစာကို ဈေးကွက်ပေါက်ဈေး Market
Benchmark နဲ့ အညီ ပုံမှန် ပြန်လည်ဆန်းစစ်
ရမှာပါ။ငွေသားအပြင် ကျန်းမာရေးအာမခံ၊
ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ အလုပ်ချိန် Flexible
Working Hours နဲ့ ကျန်းမာရေးဆိုင်ရာ
ခံစားခွင့်တွေထည့်သွင်းပေးရပါမယ်။

ကြိုးစားမှုကို ချက်ချင်း အသိအမှတ်ပြုတဲ့
Continuous Recognition & Feedback
System ကောင်းတွေထားရှိရပါမယ်။
တစ်နှစ် တစ်ကြိမ် စစ်ဆေးသည့် Performance
Review အစား ပုံမှန် အပြုသဘောဆောင်တဲ့
Feedback များ ပေးဖို့လိုပါတယ်။ဝန်ထမ်းတွေရဲ့
လုပ်ဆောင်ချက်ကောင်းတွေကို လူအများရှေ့မှာ
ချီးကျူးပေးခြင်းနဲ့ သင့်တင့်တဲ့ ဆုလာဘ် ပေးအပ်
ခြင်းဖြင့် တန်ဖိုးထားခံရကြောင်း ခံစားရစေနိုင်
ပါတယ်။

Stay Interview များကို ပုံမှန် ပြုလုပ်ဖို့လဲလို
ပါတယ်။ HR အများစုကထွက်မှ Exit Interview
လုပ်ပေမယ့် Proactive Retention ဖြစ်တဲ့Stay
Interview လုပ်လေ့မရှိကြပါဘူး။ အလုပ်ထွက်
ခါနီးမှ စစ်ဆေးတဲ့ Exit Interview ထက်
လက်ရှိရှိနေတဲ့ Top Performers တွေကို
ကုမ္ပဏီမှာ ဘာကြောင့် ဆက်လုပ်နေတာလဲ၊
ဘာတွေ ပိုကောင်းလာစေချင်လဲ ဆိုတာကို
မေးမြန်းတဲ့ Stay Interview များကို ပုံမှန်
လုပ်ဆောင်ဖို့လိုပါတယ်။

"Employees don't leave companies;
they leave poor management
and lack of growth." ဆိုသလို
Turnover Rate ကို လျှော့ချခြင်းက
လစာတိုးပေးရုံနဲ့ မလုံလောက်ဘဲ ဝန်ထမ်းတွေ
တန်ဖိုးထားခံရပြီး ရှင်သန်တိုးတက်နိုင်မယ့်
လုပ်ငန်းခွင် ပတ်ဝန်းကျင်ကို တည်ဆောက်
ပေးခြင်းဖြင့်သာ ရေရှည် အောင်မြင်နိုင်မှာ
ဖြစ်ပါတော့တယ်။





CV တစ်စောင်မှာ မပါမဖြစ် Core Sections ၅ ခု…..အလုပ်ခေါ်စာတွေ မြင်သမျှ လျှောက်နေပေမဲ့ ဘာအကြောင်းမှ ပြန်မလာလို့ စိတ်ဓာတ်ကျမ...
24/08/2026

CV တစ်စောင်မှာ မပါမဖြစ် Core Sections ၅ ခု…..

အလုပ်ခေါ်စာတွေ မြင်သမျှ လျှောက်နေပေမဲ့
ဘာအကြောင်းမှ ပြန်မလာလို့
စိတ်ဓာတ်ကျမနေပါနဲ့တော့….

HR နဲ့ Recruiter တစ်ယောက်ဟာ
CV တစ်စောင်ကို ပျမ်းမျှ ၆ စက္ကန့်ကနေ ၈ စက္ကန့် ပဲ
ကြည့်ပြီး ရွေးချယ်လေ့ရှိပါတယ်။ ဒီအချိန်တိုအတွင်းမှာ
ကိုယ့်ရဲ့ တန်ဖိုးနဲ့ အရည်အချင်းကို ချက်ချင်း မြင်သာ
စေဖို့အတွက် CV ထဲမှာ အောက်ပါ Core Sections ၅ ခု ကို
စနစ်တကျ ထည့်သွင်းထားဖို့ လိုအပ်တာကြောင့်
Nay Bagan ကနေ မျှဝေပေးလိုက်ပါတယ်နော်။

Professional Summary အနှစ်ချုပ် မိတ်ဆက် က
CV ရဲ့ ထိပ်ဆုံးမှာ ထားရှိပြီး ကိုယ့်ရဲ့ လုပ်သက်၊
အဓိက Skill နဲ့ အကြီးမားဆုံး အောင်မြင်မှု
Achievement တွေကို စာ ၃-၄ ကြောင်းနဲ့ လိုတိုရှင်း
ဆွဲဆောင်ဖို့လိုပါတယ်။

Work Experience လုပ်ငန်း အတွေ့အကြုံ အနေနနဲ့
နောက်ဆုံးလုပ်ခဲ့တဲ့ အလုပ်ကနေ စတင်ပြီး အစဉ်လိုက်
ရေးပြီး တာဝန် Responsibilities တွေကိုချည်း
စာရင်းချရေးမည့်အစား ကိုယ်တိုင် ဖန်တီးပေးနိုင်ခဲ့တဲ့
ရလဒ်တွေ ဖြစ်တဲ့ Results & Numbers တွေကို
Action Verbs တွေနဲ့ Highlight လုပ်ရပါမယ်။

Core Skills အဓိက ကျွမ်းကျင်မှုတွေကိုတော့
လျှောက်ထားမယ့် အလုပ်ရဲ့Job Description JD နဲ့
တိုက်ရိုက်ကိုက်ညီတဲ့ Hard Skills တွေဖြစ်တဲ့
Power BI, Financial Analysis, Advanced Excel
စတာတွေနဲ့ Soft Skills တွေဖြစ်တဲ့ Problem Solving,
Team Leadership တွေကို ခွဲခြားဖော်ပြဖို့လိုပါတယ်။

Education နဲ့ Certifications ဖြစ်တဲ့ ပညာ
အရည်အချင်းနဲ့ တတ်ရောက်ခဲ့ဘူးတဲ့ သင်တန်းတွေ
တက္ကသိုလ်ဘွဲ့၊ ဒီပလိုမာ တွေနဲ့ သက်ဆိုင်ရာ
Professional Certificates တွေကို အချိန်ကာလနဲ့
တကွ ဖော်ပြပေးရပါမယ်။

နောက်ဆုံးကတော့ Clean Contact Information
ဆက်သွယ်ရန် အချက်အလက် တွေ အမည်၊
ဖုန်းနံပါတ်၊ Professional Email နဲ့ LinkedIn Profile
Link တွေကို ထည့်သွင်းရပါမယ်။ မှတ်ပုံတင်နံပါတ်၊
ကိုးကွယ်တဲ့ဘာသာ၊ မွေးသက္ကရာဇ် စတဲ့ မလိုအပ်တဲ့
အချက်အလက်တွေကိုတော့ ဖေါ်ပြပေးဖို့မလိုပါဘူး။

Nay Bagan ရဲ့ Pro-Tip အနေနဲ့ ပြောပြရရင်တော့
CV ကို အမြဲတမ်း PDF Format နဲ့ Save လုပ်ပြီးပဲ
ပေးပို့ပါ။ ဖောင့်အရွယ်အစား Font Size ကို 10-12
ကြားထားပြီး ဖတ်ရလွယ်ကူတဲ့ Clean Layout ကို
ရွေးချယ်ပေးပါ။ ကိုယ့်ရဲ့ CV ဟာ ရှင်းလင်းပြတ်သားပြီး
ဖတ်ရလွယ်ကူစေခြင်းအားဖြင့် Recruiter ကိုဆွဲဆောင်
နိုင်ပါလိမ့်မယ်…..။

မိတ်ဆွေတို့ CV ကို အခမဲ့ စိစစ်ပြီး အလုပ်အကိုင်ကောင်းတွေနဲ့ ချိတ်ဆက်လိုပါသလား?

📩 မိတ်ဆွေတို့ CV ကို Nay Bagan (Talent Sourcing) ရဲ့
Messenger သို့မဟုတ် အောက်ပါ Email ကိုပေးပို့ထားနိုင်ပါပြီ!

📧 Email: [[email protected]]
📞 Hotline: [09 4 222 88 703, 09 4 222 88 734]








HR Professional တစ်ယောက်ဖြစ်ဖို့=========================HR Professional တစ်ယောက်ဖြစ်ဖို့ဆိုတာ စာရွက်စာတမ်း ကိုင်တွယ်ရုံ...
24/08/2026

HR Professional တစ်ယောက်ဖြစ်ဖို့
=========================

HR Professional တစ်ယောက်ဖြစ်ဖို့ဆိုတာ
စာရွက်စာတမ်း ကိုင်တွယ်ရုံ Admin tasks
သက်သက်နဲ့ မလုံလောက်တော့ပါဘူး။
လုပ်ငန်းတိုးတက်ဖို့အတွက် ဝန်ထမ်းတွေကို
ဗျူဟာကျကျ စီမံခန့်ခွဲပေးနိုင်တဲ့
Strategic Business Partner တစ်ယောက်
ဖြစ်လာစေဖို့ အဓိက လေ့လာဆည်းပူးရမယ့်
လုပ်ငန်းစဉ်တွေကို BMI ကနေပြီး မျှဝေပေး
လိုက်ပါတယ်။

အဓိက HR လုပ်ငန်းစဉ် Core HR Functions
တွေဖြစ်တဲ့ Recruitment & Selection၊
Compensation & Benefits (C&B)၊
Performance Management (KPI/OKR)၊
Training & Development (L&D) စတာတွေကို
စာတွေ့ရော လက်တွေ့ပါ ကျွမ်းကျင်အောင်
လေ့လာရပါမယ်။

အလုပ်သမားဥပဒေ Labor Law ကိုတော့
လုပ်ငန်းခွင် အငြင်းပွားမှုမဖြစ်စေဖို့
အလုပ်သမားဥပဒေ၊ ခွင့်ရက်စည်းမျဉ်း၊
အချိန်ပိုနှင့် လူမှုဖူလုံရေးဆိုင်ရာ မူဝါဒများကို
လည်းအကျမ်းဖျဉ်းသိထားရပါမယ်။

စီးပွားရေးအမြင်နှင့် မဟာဗျူဟာ ဖြစ်တဲ့
Business Acumen & HR Strategy ကတော့
အရေးကြီးပါတယ်။ ကုမ္ပဏီရဲ့ စီးပွားရေးပုံစံ
Business Model၊ ဝင်ငွေထွက်ငွေ သဘောတရားနဲ့
ဈေးကွက်အခြေအနေကို နားလည်ရပါမယ်။
လုပ်ငန်းရဲ့ ရေရှည်ရည်မှန်းချက်တွေ ပြည့်မီစေဖို့
HR Strategy တွေကို စီးပွားရေးပန်းတိုင်နဲ့
ဘယ်လိုချိတ်ဆက်မလဲဆိုတာ လေ့လာရပါမယ်။

ဒေတာနဲ့ နည်းပညာ ကျွမ်းကျင်မှု HR Analytics
နဲ့ Technology ကတော့ဒီနေ့လိုခေါတ်မှာမရှိ
မဖြစ်ကိုလိုအပ်လာပါပြီ။ စိတ်ခံစားချက်နဲ့
ဆုံးဖြတ်တာထက် ကိန်းဂဏန်းတွေနဲ့ စကားပြော
နိုင်ဖို့ HR Metrics ကို Turnover Rate, Cost per
Hire, Retention Rate စတဲ့ တွက်ချက်နည်းတွေကို
တတ်မြောက်ထားရပါမယ်။ HRIS/HRMS Software
တွေ၊ Data Visualizing Tools တွေဖြစ်တဲ့ Excel,
Power BI တွေနဲ့ ခေတ်ပေါ် AI Tools တွေကို အလုပ်
တွင်ကျယ်အောင် အသုံးချတတ်ဖို့ လိုပါတယ်။

နောက်ထပ် Soft Skills ဖြစ်တဲ့ လူမှုဆက်ဆံရေး
စိတ်ပညာ Workplace Psychology ကလည်း
အရေးကြီးပါတယ်။ Emotional Intelligence
ဆိုတဲ့ EQ ဖြစ်တဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်
နိုင်စွမ်းနှင့် စာနာနားလည်မှု Empathy ရယ်။
Negotiation နဲ့ Conflict Resolution ကလည်း
အလုပ်ရှင်နဲ့ ဝန်ထမ်းကြား အဆင်ပြေအောင်
ညှိနှိုင်းပေးနိုင်စွမ်းနဲ့ အဖွဲ့တွင်း ပဋိပက္ခ ဖြေရှင်း
နိုင်စွမ်းဖြစ်လို့ လေ့လာသင်ယူသင့်ပါတယ်။

စဉ်ဆက်မပြတ် သင်ယူမှုနဲ့ နိုင်ငံတကာ
အသိအမှတ်ပြု လက်မှတ်တွေ Certifications
တွေကလည်း လုပ်ငန်းခွင်နယ်ပါယ်မှာ လစာမြင့်
အလုပ်ရဖို့၊ ရာထူးတိုးဖို့နဲ့ HR နယ်ပယ်မှာ
ယုံကြည်မှုနဲ့ ရာထူးအခွင့်အလမ်း ပိုမိုရရှိစေနိုင်ပါတယ်။
SHRM (SHRM-CP/SCP) နဲ့ HRCI (aPHRi/PHRi) စတဲ့
International Professional Certifications တွေကို
ဆက်လက် ကြိုးစားရယူသင့်ကြောင်းမျှဝေလိုက်
ပါတယ်။





Charismatic ဆိုတာ….Charismatic Leadership ဆွဲဆောင်မှုစွမ်းအားမြင့် ခေါင်းဆောင်မှုပုံစံဆိုတာ ကတော့ အာဏာ ဒါမှမဟုတ် ရာထူးအရ...
20/08/2026

Charismatic ဆိုတာ….

Charismatic Leadership
ဆွဲဆောင်မှုစွမ်းအားမြင့် ခေါင်းဆောင်မှုပုံစံ
ဆိုတာ ကတော့ အာဏာ ဒါမှမဟုတ်
ရာထူးအရှိန်အဝါကို အသုံးမပြုဘဲ ကိုယ့်ရဲ့
ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေး၊
ဆွဲဆောင်မှုစွမ်းအားနဲ့ စကားပြောစွမ်းရည်တို့ကို
အသုံးချပြီး အဖွဲ့ဝင်တွေဆီကနေ သစ္စာစောင့်သိမှုနဲ့
စိတ်အားထက်သန်မှုကို ရယူနိုင်တဲ့ ခေါင်းဆောင်မှု
ပုံစံတစ်ခု ဖြစ်ပါတယ်။

ဒီခေါင်းဆောင်မှုပုံစံရဲ့ အဓိက ထူးခြားချက်တွေကို
လိုတိုရှင်း ကြည့်ရရင်တော့………

ရှင်းလင်းပြီး ဆွဲဆောင်မှုရှိတဲ့ အနာဂတ်မျှော်မှန်းချက်
Compelling Vision ရှိခြင်းပါ။ Charismatic Leader
တွေဟာ ရှေ့ဆက်သွားမယ့် ပန်းတိုင်နဲ့ အနာဂတ်ရုပ်ပုံ
လွှာကို လူတိုင်း မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်
ယောင်လာအောင် ထိထိမိမိ ချပြနိုင်စွမ်း ရှိပါတယ်။

စိတ်ဓာတ်တက်ကြွစေတဲ့ ပြောဆိုဆက်ဆံရေး
Powerful Communication Skills က သူတို့ရဲ့
စကားပြောဟန်၊ ခန္ဓာကိုယ်အမူအရာနဲ့ လေသံတွေဟာ
နားထောင်သူတွေကို စိတ်ဓာတ်တက်ကြွစေပြီး
ငါတို့ ဒါကို အတူတူ လုပ်နိုင်တယ် ဆိုတဲ့ ယုံကြည်ချက်
မျိုး ဝင်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

ကိုယ်ကျိုးစွန့်ပြီး စံပြဖြစ်အောင် နေထိုင်ခြင်း
Leading by Example က အဖွဲ့အစည်းရဲ့
ရည်မှန်းချက်အတွက် ကိုယ်တိုင် အန္တရာယ်တွေကြားမှာ
တောင်၊ ရှေ့ဆုံးကနေ ဦးဆောင်ရုန်းကန်ပြတာမျိုးတွေ
လုပ်ဆောင်လေ့ရှိတာကြောင့် နောက်လိုက်တွေရဲ့
လေးစားယုံကြည်မှုကို အပြည့်အဝ ရရှိပါတယ်။

လူသားဆန်တဲ့ ဆက်ဆံရေး Strong Emotional
Connection ရှိပြီး အဖွဲ့ဝင်တစ်ဦးချင်းစီကို
အရေးပါကြောင်း ခံစားရစေပြီး လူတွေရဲ့
စိတ်ခံစားမှုကို ကောင်းစွာ နားလည်ကိုင်တွယ်နိုင်တဲ့
စွမ်းရည် (High EQ) ရှိကြပါတယ်။

သတိပြုရန် အချက် ဖြစ်တဲ့ The Dark Side ပိုင်း
မှာတော့ Charismatic Leadership ဟာ အဖွဲ့အစည်း
တစ်ခုလုံးကို အချိန်တိုအတွင်း စိတ်ဓာတ်တက်ကြွစေဖို့
အလွန်ထိရောက်ပေမဲ့ ခေါင်းဆောင်တစ်ဦးတည်းအပေါ်
အလွန်အကဲစွာ မှီခိုမိတဲ့ Over-reliance နဲ့ ခေါင်းဆောင်ရဲ့
အတ္တ Ego ကြီးမားလာပါက လမ်းလွဲသွားနိုင်တဲ့ အန္တရာယ်
ရှိပါတယ်။

စစ်မှန်တဲ့ Charismatic Leader ဆိုတာ ကိုယ့်ကိုကိုယ်
ထင်ပေါ်စေရုံတင် မဟုတ်ဘဲ ကိုယ့်အနားက လူတွေကိုပါ
စွမ်းရည်ထက်မြက်လာအောင် လှုံ့ဆော်ပေးနိုင်သူ ဖြစ်ပါ
တော့တယ်။




Address

Room-306, Building-3, Aung Myay Tharsi 1st Street, Aung Myay Tharsi Housing, Kamaryut Township
Yangon

Alerts

Be the first to know and let us send you an email when Bagan Management Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bagan Management Institute:

Shortcuts

Share