24/06/2026
HR တွေဖတ်သင့်တဲ့စာအုပ်ကောင်းတွေ
===========================
HR Professional တစ်ယောက်အနေနဲ့
ကိုယ့်ရဲ့ Career ကို တဆင့် မြှင့်တင်ဖို့ဆိုရင်
အတွေ့အကြုံအပြင် ခေတ်နဲ့အညီ ပြောင်းလဲ
နေတဲ့ HR Concept တွေကို စဉ်ဆက်မပြတ်
လေ့လာနေဖို့ လိုအပ်ပါတယ်။ဒါကြောင့် HR
နယ်ပယ်ထဲက လူတိုင်း နဲ့ HR လောကထဲကို
စတင်ဝင်ရောက်မယ့်သူတွေ ဖတ်သင့်တဲ့
စာအုပ်ကောင်းတွေ ကို BMI ကနေပြီး အကြံ
ပြုမျှဝေပေးလိုက်ပါတယ်။
Work Rules! – Laszlo Bock ဆိုတဲ့စာအုပ်
ကတော့Google ရဲ့ People Operations VP
ဟောင်း ရေးသားထားတဲ့ ဒီစာအုပ်က HR
လောကမှာ ကျော်ကြားပါတယ်။ဘာကြောင့်
ဖတ်သင့်လဲ ဆိုတော့ Google က ဘယ်လို
လူမျိုးတွေကို ရှာဖွေခန့်အပ်သလဲ၊ ဝန်ထမ်း
တွေကို ဘယ်လိုမျိုး ပျော်ရွှင်အောင် ထားသလဲ
ဆိုတဲ့ Google ရဲ့ HR လျှို့ဝှက်ချက်တွေကို
ဖော်ပြထားပါတယ်။ သင်ယူရမည့်အချက်
တွေကတော့ Data-driven HR ဖြစ်ဖို့နဲ့ Culture
တစ်ခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာ
လေ့လာနိုင် ပါတယ်နော်။
ဒုတိယ စာအုပ်ကတော့ HR from the Outside In
– Dave Ulrich စာအုပ်ပါ။Dave Ulrich ကို Father
of Modern HR လို့တောင် တင်စားကြပါတယ်။
ဒီစာအုပ်က HR တွေဟာ ရုံးခန်းထဲမှာတင်
အလုပ်လုပ်နေရုံနဲ့ မလုံလောက်တော့ဘူးဆို
တာကို ထောက်ပြထားပါတယ်။စီးပွားရေးလုပ်ငန်း
တစ်ခုလုံးရဲ့ အောင်မြင်မှုအတွက် HR က ဘယ်လို
နေရာကနေ ပံ့ပိုးပေးရမလဲ ဆိုတာနဲ့ Business
Partner ဖြစ်ဖို့ အတွက်ကို လမ်းညွှန်ပေးထားပါတယ်။
HR Competencies တွေအကြောင်းနဲ့ လုပ်ငန်းရဲ့
Target Customer တွေကို နားလည်ပြီးမှ HR Strategy
ဆွဲတတ်လာပါလိမ့်မယ် ဆိုတာတွေကို သင်ယူရပါ
လိမ့်မယ်။
နောက်တအုပ်ကတော့ Crucial Conversations
– Patterson, Grenny, McMillan, Switzler ပါ။
HR အလုပ်ဟာ ညှိနှိုင်းရတာတွေ၊ ခက်ခဲတဲ့ စကား
ဝိုင်းတွေကို ရင်ဆိုင်ရတာတွေ များပါတယ်။ ဥပမာ
ဝန်ထမ်းကို အလုပ်ထုတ်ရခြင်းတွေ၊ လစာတိုးဖို့
ငြင်းပယ်ရခြင်းတွေပေါ့။စိတ်ဖိစီးမှုများတဲ့ အခြေ
အနေတွေမှာ ဒေါသထွက်မသွားဘဲ ထိရောက်တဲ့
ရလဒ်ထွက်အောင် ဘယ်လို ပြောဆိုဆက်ဆံရမလဲ
ဆိုတာကို သင်ပေးပါတယ်။ Communication Skill ကို
အဆင့်မြင့်တင်ပေးပြီး ပဋိပက္ခတွေကို ဖြေရှင်းနိုင်စွမ်း
တိုးတက်လာပါလိမ့်မယ်။
ပြီးတော့ First, Break All the Rules – Marcus
Buckingham ပါ။Gallup ရဲ့ လေ့လာမှုပေါင်းများစွာကို
အခြေခံပြီး ရေးထားတဲ့ ဒီစာအုပ်က ရိုးရာ HR
အယူအဆအဟောင်းတွေကို စိန်ခေါ်ထားပါတယ်။
လူတစ်ယောက်ရဲ့ အားနည်းချက်ကို ပြင်ပေးတာထက်
သူ့ရဲ့ အားသာချက် Strengths ကို ပိုကောင်းအောင်
လုပ်ပေးတာက ပိုထိရောက်တယ် ဆိုတဲ့ အမြင်သစ်ကို
ပေးပါတယ်။ Talent Management နဲ့ ဝန်ထမ်းတွေရဲ့
စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်း
တွေ ပါဝင်ပါတယ်။
The HR Scorecard – Brian Becker, Mark Huselid,
Dave Ulrich ကတော့ HR ရဲ့ အလုပ်တွေဟာ ကုမ္ပဏီအတွက်
တကယ်ပဲ အကျိုးအမြတ် ROI ကိုက်ရဲ့လားဆိုတာကို
တိုင်းတာဖို့ လိုအပ်ပါတယ်။HR ရဲ့ လုပ်ဆောင်ချက်တွေကို
ကိန်းဂဏန်း Metrics တွေနဲ့ ဘယ်လို တိုင်းတာရမလဲဆိုတာကို
ဖော်ပြထားပါတယ်။ Strategy၊ People နဲ့ Performance တို့ကို
ဘယ်လို ချိတ်ဆက်ရမလဲဆိုတာကို နားလည်လာမှာပါ။
HR Professional တစ်ယောက်ဟာ စာရွက်စာတမ်းကိုင်ရသူ
Administrator အဆင့်ကနေ လုပ်ငန်းရဲ့ မဟာဗျူဟာ
မြောက် မိတ်ဖက် Strategic Partner ဖြစ်လာဖို့ဆိုရင်
အထက်ပါစာအုပ်တွေက အများကြီး အထောက်အကူပြုမှာပါ။
အင်္ဂလိပ်စာအုပ်တွေ ဖြစ်ပေမယ့် ဒီစာအုပ်အများစုကို
မြန်မာဘာသာပြန်နဲ့ဖြစ်စေ၊ အနှစ်ချုပ် Summary
နဲ့ဖြစ်စေ ရှာဖွေဖတ်ရှုနိုင်ပါတယ်။
ကဲ BMI က မိတ်ဆွေ HR Professional တွေ ကိုယ့်ရဲ့
Career Development အတွက်Self Study လေ့လာ
သင်ယူနိုင်ပါတယ်……။