20/09/2025
AI နှင့် စဉ်းစားဖွယ်
ဒီရက်ပိုင်း hot ဖြစ်နေတာကတော့ Kpay slip တွေကို AI နဲ့ရေးခိုင်းပြီး ထပ်တူထုတ်ခိုင်းလို့ရတယ်ဆိုတာပါပဲ။
ဒီနေရာမှာ ကျွန်မတို့ စာရင်းကိုင်တွေအတွက်ကတော့ ပြသာနာမဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။ Due care, Check and Balance ဖြစ်တာဟာ ကျွန်မတို့စာရင်းကိုင်တွေ အကျွမ်းကျင်ဆုံးအလုပ်ပါ။ ဘဏ်ထဲငွေဝင်တာနဲ့ transaction ဝင်စစ်ပြီးမှသာ ငွေလက်ခံရရှိကြောင်းက confirm ပေးနေကြမို့ပါ။
စာရင်းကိုင်မဟုတ်တဲ့ သာမန်လူတွေအတွက်လည်း
ပိုပြီးသတိထားရမယ့်အချက်ဖြစ်သွားတာပေါ့နော်။ နည်းပညာတိုးတက်လာခြင်းရဲ့ကောင်းကျိုးရဲ့နောက်ကွယ်မှာ ဆိုးကျိုးက ဒွန်တွဲနေမြဲပါ။
သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်ဘေးဆိုသလိုမျိုးပေါ့။
ကျွန်မတယောက်တည်းအမြင်နဲ့ ပြောရရင် AI လို့ခေါ်တဲ့ Artificial Intelligence ဟာ လူတွေကတီထွင်ထားတဲ့အရာပါပဲ။ Authentic ဖြစ်မနေတာလည်း အမှန်တရားပါပဲ။ တကယ်တော့ လူ့ရဲ့စိတ်စွမ်းအား၊ ဥာဏ်ရည်ထက်မြင့်မားတာ၊ တန်ဖိုးကြီးတာ ဘယ်အရာမှမရှိပါဘူး။
AI ကို repetitive tasks လိုမျိုး ထပ်ခါထပ်ခါလုပ်ရတဲ့အရာမျိုး - ဥပမာ စာရင်းကိုင်တွေအတွက်ဆို Monthly report ရေးတာ အစရှိသဖြင့်တွေကလွဲရင် ကျန်တဲ့ Analytical, Logical thinking skills လိုမျိုးတွေက လူ့ဥာဏ်အားနဲ့သာ သုံးသင့်ပါတယ်။
ဥာဏ်ဆိုတာလည်း မသုံးရင် တုံးတတ်တာမဟုတ်လားရှင်။ နည်းပညာကို ခေတ်မီအောင် ရင်ဘောင်တန်းနိုင်အောင် သိထားတတ်ထားသင့်
ပေမယ့် အရမ်းကြီး မှီခို rely မလုပ်ဖို့တော့ သတိပြုမိဖွယ်ပါ။
Warmly welcome for any constructive feedbacks or comments.
မေတ္တာဖြင့်
Photo credit: Pinterest