20/04/2021
ဖတ်ရန်ကြာမြင့်ချိန် (၄) မိနစ်။
ဗဟုသုတဖြစ်စေရန်ရည်ရွယ်၍မျှဝေရခြင်းဖြစ်ပါသည်။ သိပြီးသားသူများ ကျော်သွားပေးကြပါ။ ဗဟုသုတပြန်လည်မျှဝေလိုသူများအနေဖြင့် အပြုသဘောဆောင်သော ထင်မြင်ယူဆချက်များပေးနိုင်ပါသည်။
"အားလုံးပဲမင်္ဂလာပါ"
ဘိလပ်မြေလောင်းရာတွင် မိမိတို့တည်ဆောက်မည့် အဆောက်အဦး၏ ခံနိုင်၀န်အားကို ထိန်းထားနိုင်ရန်အတွက် အရည်အသွေး တိကျမှန်ကန်သော ဘိလပ်မြေဖျော်စပ်မှုနှင့် လိုအပ်သောပမာဏတွက်ချက်မှုသည် Bored Piling အတွက်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
တွင်းတူးခြင်း၊ သံခြင်းချခြင်းတို့ပြီးသောအခါတွင် ဘိလပ်မြေလောင်းခြင်းလုပ်ငန်းကို မိမိ၏လုပ်ငန်းပြီးစီးမှုအပေါ်မူတည်၍ချိန်ဆ၍ပြုလုပ်ရမည်ဖြစ်သည်။ တစ်ဆက်တည်းပြုလုပ်မည်ဆိုပါက အကောင်းဆုံးဖြစ်ပြီး တွင်းပြိုကျမှုအခြေအနေကို လျော့ချနိုင်စေမည်ဖြစ်သည်။
ကွန်ကရစ်ဖျော်စပ်မှုအချိုးကို ဥပမာအနေဖြင့် ဘိလပ်မြေအမှုန့်၊ သဲ၊ ကျောက်စရစ် တို့ကို (၁: ၂: ၄) သို့မဟုတ် ( ၂: ၂: ၄) စသည်တို့ဖြင့် လိုအပ်သလိုဖျော်စပ်ကြသည်။ သို့တည်းမဟုတ် အရည်အသွေးပြည့်မီသော အသင့်သုံးကွန်ကရစ်များကို မှာယူအသုံးပြုကြသည်။
ဘိလပ်မြေလောင်းရာတွင် တွင်း၀အကျယ်အ၀န်းနှင့် သံခြင်းအနေအထားပေါ်မူတည်၍ သင့်တော်သော လောင်းပိုက်အားအသုံးပြုရမည်ဖြစ်သကဲ့သို့ ကွန်ကရစ်ဖျော်စပ်ရာတွင် အသုံးပြုသည် ကျောက်စရစ်ခဲများ၏ လုံး၀န်းမှု (Rounding) သည်လဲ အရေးပါလှသည်။ ပုံ (၁)
ကျောက်စရစ်များ၏လုံး၀န်းမှု (Rounding) ကောင်းသောကြောင့် ကွန်ကရစ်လောင်းရာတွင် အဆင်ပြေချောမွေ့စေပြီး တွင်းနေရာအနှံ့ ကွန်ကရစ်များအား ကောင်းစွာပျံ့နှံ့စေပါသည်။ သို့သော် လောင်းပိုက်၏ေအာက်ေခြမျက်နှာ၀သည် တွင်းအောက်ခြေတွင်ရှိသော ကွန်ကရစ်ထဲတွင် ရှိနေစေရန် အထူးသတိပြုရမည်။
အချင်း (၁) မီတာရှိေသာ ဆလင်ဒါပံုစံတွင်း ပုံ (၂) အတွက်လိုအပ်သောကွန်ကရစ်အားတွက်ယူရာတွင် အောက်ပါအတိုင်းဖြစ်သည်။
အနက် (၁) မီတာ = ၀.၇၈၅ ကျူ့ပစ်မီတာ (၇၈၅လီတာ)
အနက် (၂) မီတာ = ၁.၅၇၁ ကျူ့ပစ်မီတာ (၁၅၇၁လီတာ)
အနက် (၃) မီတာ = ၂.၃၅၆ ကျူ့ပစ်မီတာ (၂၃၅၆လီတာ)
အနက် (၄) မီတာ = ၃.၁၄၂ ကျူ့ပစ်မီတာ (၃၁၄၂လီတာ)
အနက် (၅) မီတာ = ၃.၉၂၇ ကျူ့ပစ်မီတာ (၃၉၂၇လီတာ)
တွင်းတူးရန်လိုအပ်သော ရေပမာဏအားတွက်မည်ဆိုပါက အထက်ပါအတိုင်း တွက်ယူနိုင်သည်။
ပုံ (၃) တွင် အချင်း (၀.၈) မီတာ နှင့် အနက် (၁၀) မီတာရှိသော တွင်းအတွက် အနည်းဆုံး (၅.၀၂၇) ကျူ့ပစ်မီတာ (၅၀၂၇ လီတာ)ရှိသော ကွန်ကရစ်ပမာဏလိုအပ်မည်ဖြစ်သည်။ အထက်ပါအချက်အလက်အတိုင်း (၁: ၂: ၄) အချိုးအစားဖြင့်တွက်သော် တစ်အိပ်လျှင် (၅၀) ကီလိုဂရမ်ရှိသော ဘိလပ်မြေအမှုန့်အိပ်ပေါင်း (၃၁) အိပ်ခန့် လိုအပ်မည်ဖြစ်သည်။
မှတ်ချက်။ ။ သံခြင်းတွင်အသုံးပြုသော သံချောင်းအရွယ်အစား၊ လွန်သွားတိုက်စားမှုကြောင့် တွင်းနံရံပဲ့ကျမှုနှင့် တွင်းပြိုကျမှုတို့ကြောင့် လိုအပ်သောပမာဏအနည်းငယ် ကွဲလွဲမှုများရှိနိုင်ပါသည်။
ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့၍ နယ်မြေတည်ငြိမ်အေးချမ်းကြပါစေ။
ဓါတ်ပုံနေရာများ
ပုံ (၁) = အင်တာနက်
ပုံ (၂) = အင်တာနက်
ပုံ (၃) = ပေါက်မြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မြန်မာ။
Reading time (4) minutes.
It is shared for the purpose of gaining knowledge. Let those who already know pass by. Those who want to share their knowledge can give positive feedback / comment.
"Hello everyone"
When laying cement, it is important for Bored Piling to have the right mix of quality cement and the required amount of cement to maintain the durability of the building to be constructed.
Drilling holes; After the reinforcing is done, the cementing process must be adjusted depending on the completion of the work. This is the best way to reduce the risk of wall collapse.
For example, the ratio of concrete mix to cement powder, sand, gravel is mixed with (1: 2: 4) or (2: 2: 4) as needed. Or they order high quality ready-made concrete.
Depending on the size of the drill pit and the condition of the rebar installation, a suitable tremie pipe should be used for pouring cement, as well as the rounding of the gravel used in the concrete mix. Figure (1)
Due to the good rounding of the gravel, it is easy to pour concrete and spread the concrete well all over the hole. However, special care must be taken to ensure that the bottom of the tremie's pipe is in the concrete at the bottom of the pit.
The required concrete for the (1) meter diameter cylindrical hole (Figure.2) is calculated as follows.
Depth 1 meter = 0.785 cubic meter (785 liters)
Depth 2 meters = 1.571 cubic meters (1571 liters)
Depth 3 meters = 2.356 cubic meters (2356 liters)
Depth 4 meters = 3.142 cubic meters (3142 liters)
Depth 5 meters = 3.927 cubic meters (3927 liters)
The amount of water required to drill a well can be calculated as above.
(Figure.3) requires a concrete hole with a diameter of at least (5,027) cubic meters (5,027 liters) for a hole (0.8 m) in diameter and (10 m) depth. Based on the above information (1: 2: 4) ratio, you will need about (31) bags of cement powder weighing (50) kg per bag.
Note. : The size of the iron rod (rebar) used in reinforcement; Excessive erosion may result in a small amount of variation due to the collapse of the pit wall and the collapse of the pit.
Let your hearts rejoice!
Photos Source
Figure (1) = Internet
Figure (2) = Internet
Figure (3) = Pauk Township, Magway Division, Myanmar.
More Informations to:
https://sites.google.com/view/geoearthfoundations/home
Email: [email protected]
Hot No: +959 403 518 788/+959 981 026 008
Address: No (678), Thu Nandar Road, (K) Ward, Northern Okkalarpa Township, Postal Code (11032), Yangon, Republic of the Union of Myanmar.
=πr2h
.,Ltd.