Zin Min Wai - Marketing Expert & Strategic Business Consultant

Zin Min Wai - Marketing Expert & Strategic Business Consultant Marketing Can Make Profitable and Sustainable your Business Only.
(1)

Author Of No Marketing No Sales (Global Recommended), World Marketing Guru Professor Dr Philip Kotler's Partner)
Office Contact - 09421000546
Make Rapid Business Growth With KOS 👨‍💼ကျနော့်ရဲ့အဓိကရည်ရွည်ချက်က
မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းရှင်တွေရဲ့အဓိကအားနည်းချက်ဖြစ်တဲ့
လုပ်ငန်း ကိုစနစ်ကျအောင် ၊ ရေရှည်ရပ်တည်နိုင်အောင်
၊ပြောင်းလဲမှုနောက်အမှီလိုက်နိုင်အောင် ၁၀ နှစ်ကျော် ကျနော်လေ့လာထားတဲ့ Applie

d Marketing Strategy တွေ ၊ လူတိုင်းနဲ့မတူတဲ့ ဘ၀အတွေ့အကြုံတွေ ကိုအသုံးချပြီး ကူညီပေးဖို့ဖြစ်တယ်�
📊SME လုပ်ငန်းရှင်အများစုက လုပ်ငန်းသဘောတရား အနည်း ငယ် သိတာနဲ့ကိုယ်ပိုင်လုပ်ငန်းလေး စလုပ်ကြတယ် ၊ အလုပ်ကသင်ယူမယ်ဆိုတဲ့ အတွေးနဲ့ ကြိုးစားကြတယ်
ဒီစိတ်ကူးလေးနဲ့စလိုက်တာကောင်းပါတယ် ပြီးတော့ အချိန်နည်းနည်းကြာလာတာနဲ့
ကိုယ့်ရဲ့အားနည်းချက်တွေကြောင့်မဆုံးရှုံးသင့်တဲ့ အချိန်နဲ့ငွေကြေးတွေ ဆုံးရှုံးရတယ်
ဉပမာ - ကိုယ့်ရဲ့Idea ကောင်းလို့ လုပ်ငန်းလေးအဆင်ပြေလာတယ် ၊ သိပ်မကြာဘူး
ပြိုင်ဘက်တွေပေါ်လာတယ် ၊ ကိုယ့်ရဲ့ Market Share ကို ပေးလိုက်ရတယ် ၊ ဒီအချက်တွေကို သေချာမကိုင်တွယ်နိုင်ရင် လုပ်ငန်း ပါ ပြိုလဲသွားနိုင်တယ်
လုပ်ငန်းတစ်ခု လုပ်တဲ့အခါ ​​​စျေး​ကွက်ထဲမှာကိုယ့်လုပ်ငန်းပဲရှိတယ်လို့သဘောမထားပါနဲ့
အချိန်မရွေးကိုယ့်လုပ်ငန်းက ပြိုလဲသွားနိုင်ပါတယ်
ဒါကြောင့် အရှိန်နဲ့သွားနိုင်ရပါမယ်
အဲ့လို မသွားနိုင်ရင် ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး
ဒီအချက်တွေကြောင့် SME လုပ်ငန်း ၉၀ % က ၅ နှစ်အတွင်းပြိုလဲကြတာပါ
ပြိုလဲတဲ့လုပ်ငန်းထဲ မှာ ကိုယ့်လုပ်ငန်းပါမသွားအောင်
မဖြစ်မနေသိရမယ့် Knowledge တွေ Skills တွေကို ဖြည့်ဖို့လိုပါတယ်
လုပ်ငန်းတစ်ခု စတင်ဖို့မလုပ်ခင် Marketing နည်းလမ်းတွေကို အသုံးချရပါမယ် ၊ လုပ်ငန်း စတင်ပြီး အချိန်မှာလည်း Marketing နည်းလမ်းတွေကို အသုံးချနိုင်ရပါမယ် လုပ်ငန်းမှာရောင်းအားတက်နေရင်တောင် ဒါက တဒင်ဂပဲဆိုတာကို လက်ခံထားနိုင်မှ
မိတ်ဆွေရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီး သင့်တော့်တဲ့Marketing နည်းလမ်းတွေကို အသုံးချချင်ရင်
ကျနော့် Sales Team ကိုဆက်သွယ် လိုက်ပါ ၊ မိတ်ဆွေကိုယ်တိုင်သိပြီးအသုံးချနိုင်ဖို့အတွက်
Online Training တွေလည်းစီစဉ်ပေးထားပါတယ်
📲09421000546 (My Director)

မြန်မာနိုင်ငံရဲ့ Corporate စီးပွါးရေး ပညာ လေ့လာ အသုံးချချင်တဲ့ သူတွေအတွက် ပထမဦးဆုံး Global Project တစ်ခုအတွက် Interview ...
12/05/2026

မြန်မာနိုင်ငံရဲ့ Corporate စီးပွါးရေး ပညာ လေ့လာ အသုံးချချင်တဲ့ သူတွေအတွက် ပထမဦးဆုံး Global Project တစ်ခုအတွက် Interview Session ကို Eye Drop လောကမှာရော Personal Care လောကမှာပါ စျေးကွက်လွှမ်းမိုးမှု အများဆုံးရထားတဲ့ Rohto-Mentholatum Myanmar မှ Smart & Intelligence ဖြစ်တဲ့ Managing Director မ Sandar Shwe နှင့် တာဝန်ရှိသူများကိုမေးဖြစ်ပါတယ်
လက်ဆောင်နှင့် ယခု Project အကောင်အထည်ဖော်ဖို့ အဓိကနေရာမှ ကူညီဝန်းရံပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ




11/05/2026

ဒီကာလမှာ မြန်မာနိုင်ငံရဲ့ လုပ်ငန်းရှင်ကြီးတွေအတွက် အရမ်းအရေးကြီးတဲ့ Project တစ်ခု လုပ်နေရလို့ မျှဝေမှုတွေ နဲ့ သင်တန်း ကိစ္စတွေကို ရပ်ထားပါတယ်

🌕ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဓမ္မလက်ဆောင်နှင့် ကုသိုလ်မျှဝေခြင်း 🙏🏻မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ ယနေ့သည် မြတ်စွာဘု...
30/04/2026

🌕ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဓမ္မလက်ဆောင်နှင့် ကုသိုလ်မျှဝေခြင်း 🙏🏻

မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ

ယနေ့သည် မြတ်စွာဘုရားရှင် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်ခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်ခြင်းတည်းဟူသော ထူးခြားချက် လေးအင် နှင့် ပြည့်စုံသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ဤကဲ့သို့ မင်္ဂလာရှိသော နေ့ရက်တွင် တောင်ကြီးမြို့ရှိ **စူဠာမုနိ လောကချမ်းသာ ဘုရားကြီး**သို့ သွားရောက်၍ အောက်ပါကုသိုလ်ကောင်းမှုအစုစုတို့ကို ပြုလုပ်ပူဇော်ခဲ့ပါသည် -
* **တရားဘာဝနာပွားများခြင်း** တရားတော်ကို တစ်နာရီကြာ ငြိမ်းချမ်းစွာ ထိုင်မှတ်ပူဇော်ခြင်း။

* **ပဌာန်းဒေသနာတော် ရွတ်ဖတ်ခြင်း:** မဟာပဌာန်းကျမ်းမြတ်၏ ပစ္စယနိဒေသ ပါဠိတော်များကို ရွတ်ဖတ်ပူဇော်ခြင်း။

* **ညောင်ရေသွန်းလောင်းခြင်း:** ကဆုန်လပြည့်၏ ချမ်းမြေ့ဖွယ် အစဉ်အလာအတိုင်း ဗောဓိညောင်ပင်အား ရေစင်သွန်းလောင်း ပူဇော်ခြင်း။

ထိုသို့ ပြုလုပ်ခဲ့သမျှသော ကုသိုလ်ကောင်းမှု အစုစုတို့ကို မိဘ၊ဆွေမျိုးသားချင်းညီကိုမောင်နှမ၊လုပ်ငန်းရှင်မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့်တကွ ချစ်ခင်ရပါသော မိတ်ဆွေအပေါင်းတို့အား **"အမျှ... အမျှ... အမျှ..."** ပေးဝေငှလိုက်ပါသည်။

🙏 ဆုတောင်းမေတ္တာ
ဤကုသိုလ်အကျိုးကြောင့် မိတ်ဆွေများအားလုံး:
၁။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။
၂။ ဆောင်ရွက်သမျှသော စီးပွားရေးလုပ်ငန်းများအဆင်ပြေချောမွေ့ပြီး အောင်မြင်မှုအသစ်များ ပိုင်ဆိုင်နိုင်ကြပါစေ။
၃။ ဘေးဘယာဝေးကွာ၍ ငြိမ်းချမ်းသာယာသော ဘဝများကို ထာဝရပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကုသိုလ်အမျှ ရကြပါစေသော်... သာဓု... သာဓု... သာဓု…🙏🏻

🚀 Marketing 7.0 နည်းပညာခေတ်မှာ "ကိုယ်ချင်းစာတရား" နဲ့ ဈေးကွက်ကို ဘယ်လိုစိုးမိုးမလဲ? 🤝✨ယနေ့ခေတ် Marketing လောကဟာ Digital ...
19/04/2026

🚀 Marketing 7.0 နည်းပညာခေတ်မှာ "ကိုယ်ချင်းစာတရား" နဲ့ ဈေးကွက်ကို ဘယ်လိုစိုးမိုးမလဲ? 🤝✨

ယနေ့ခေတ် Marketing လောကဟာ Digital Transformation ကနေတစ်ဆင့် Marketing 7.0 (Empathetic Marketing) ဆိုတဲ့ အဆင့်ကို တက်လှမ်းလာပါပြီ။ 📈 AI နဲ့ နည်းပညာတွေ ဘယ်လောက်ပဲ ကမ္ဘာကြီးကို လွှမ်းမိုးနေပါစေ၊ နောက်ဆုံးမှာ လူသားတွေ တကယ်တမ်း တောင့်တနေတာက "လူသားဆန်တဲ့ နွေးထွေးမှု (Human Touch)" နဲ့ "နားလည်ပေးမှု (Empathy)" ပဲ ဖြစ်ပါတယ်။

Marketing 7.0 ရဲ့ အနှစ်သာရကို လုပ်ငန်းရှင်တိုင်း ချက်ချင်း Apply လုပ်နိုင်မယ့် အဓိက Pillar (၄) ခုနဲ့ အကျယ်ချဲ့ ဆွေးနွေးပေးချင်ပါတယ်။

၁။ Data ထက် "Empathy" ကို ရှေ့တန်းတင်ပါ 🧠❤️
Marketing 5.0 က Data ကို အခြေခံခဲ့ရင် 7.0 ကတော့ အဲ့ဒီ Data တွေရဲ့ နောက်ကွယ်က "စိတ်ခံစားမှု (Emotion)" ကို ပိုပြီး အာရုံစိုက်ပါတယ်။

The Concept: ဝယ်သူတွေကို Data point တစ်ခု၊ ဖုန်းနံပါတ်တစ်ခုအနေနဲ့တင် မကြည့်ပါနဲ့။ သူတို့မှာ နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။
Action Plan: "ဘာရောင်းရမလဲ" ဆိုတာထက် "ဝယ်သူ ဘာတွေ စိုးရိမ်နေလဲ၊ သူတို့ဘဝ တကယ်တက်သွားဖို့ ငါတို့က ဘယ်လို အဖော်မွန် ဖြစ်ပေးနိုင်မလဲ" ဆိုတာကို အရင်စဉ်းစားပါ။ ကိုယ်ချင်းစာတရားကနေ လာတဲ့ Marketing ကမှ တစ်သက်တာ ယုံကြည်မှုကို ရစေမှာပါ။ 🤝
၂။ Purpose-Driven Branding (ရည်ရွယ်ချက်ရှိသော အမှတ်တံဆိပ်) 🌍🌱
အခုခေတ် စားသုံးသူ (အထူးသဖြင့် Gen Z နဲ့ Alpha) တွေဟာ ပစ္စည်းကောင်းရုံနဲ့ မဝယ်တော့ပါဘူး။ အဲ့ဒီ Brand က ကမ္ဘာကြီး ဒါမှမဟုတ် လူ့အဖွဲ့အစည်းအပေါ် ဘယ်လောက်အကျိုးပြုသလဲဆိုတဲ့ "Purpose" ကို ကြည့်ပြီးမှ အားပေးကြတာပါ။
The Concept: Profit (အမြတ်) တစ်ခုတည်းကို ကြည့်တဲ့ခေတ် ကုန်သွားပါပြီ။ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ Brand တွေကသာ ရေရှည်ရှင်သန်မှာပါ။
Action Plan: သင့်လုပ်ငန်းရဲ့ Value ကို Profit တစ်ခုတည်းမှာ မထားဘဲ Social Impact (လူမှုရေးရာ အကျိုးပြုမှု) ပေါ်မှာပါ တည်ဆောက်ပါ။ ဥပမာ- စိုက်ပျိုးရေးလုပ်ငန်းဆိုရင် လယ်သမားတွေရဲ့ ဘဝကို တကယ်ပြောင်းလဲပေးနိုင်တဲ့ ရည်မှန်းချက်မျိုး ရှိရပါမယ်။ 🚜🌾
၃။ Human-Machine Sympathy (AI ကို လူသားဆန်စွာ အသုံးချခြင်း) 🤖🤝🧑‍💼
AI ဆိုတာ လူသားတွေကို အစားထိုးဖို့ မဟုတ်ပါဘူး။ လူသားတွေရဲ့ ဝန်ဆောင်မှုကို ပိုပြီး နွေးထွေးစေဖို့၊ ပိုပြီး ကောင်းမွန်မြန်ဆန်အောင် ကူညီပေးမယ့် လက်တွဲဖော် (Partner) အဖြစ် သုံးရမှာပါ။
The Concept: AI က Data တွေကို Analyse လုပ်ပေးမယ်၊ လူသားတွေကတော့ အဲ့ဒီ Data ပေါ်မှာ မူတည်ပြီး "မေတ္တာနဲ့ ကိုယ်ချင်းစာတရား" ပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ပေးမှာပါ။
Action Plan: AI Chatbots တွေ သုံးရင်တောင် စက်ရုပ်ဆန်ဆန် မဟုတ်ဘဲ ဝယ်သူရဲ့ အခြေအနေကို နားလည်ပေးတဲ့ စကားလုံးမျိုးတွေ သုံးပြီး Hyper-Humanized ဖြစ်အောင် ပြုလုပ်ပါ။ 💬✨
၄။ Meaningful Economy & Experiences 💎✨
Marketing 7.0 မှာ ကျွန်တော်တို့ဟာ ကုန်ပစ္စည်းသက်သက်ကို ရောင်းနေတာ မဟုတ်ပါဘူး။ စားသုံးသူရဲ့ ဘဝအတွက် "အဓိပ္ပာယ်ရှိတဲ့ အတွေ့အကြုံ (Meaningful Experience)" ကို ရောင်းချနေတာ ဖြစ်ပါတယ်။
The Concept: ဝယ်သူဟာ ပစ္စည်းတစ်ခုကို ဝယ်လိုက်လို့ သူ့ရဲ့ Status၊ သူ့ရဲ့ စိတ်ခံစားမှုနဲ့ သူ့ရဲ့ တန်ဖိုးထားမှုတွေ တက်သွားဖို့ လိုအပ်ပါတယ်။
Action Plan: Customer Journey တစ်လျှောက်မှာ ဝယ်သူကို "အထူးဂရုစိုက်ခံရတယ်" ဆိုတဲ့ Feeling မျိုးရအောင် Service Design ကို ပြန်လည်ဆန်းစစ်ပါ။

နိဂုံးချုပ်အနေနဲ့
နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်ပါစေ၊ Marketing ရဲ့ နှလုံးသားဟာ "လူသားချင်း စာနာနားလည်မှု (Empathy)" ပဲ ဖြစ်ပါတယ်။ Marketing 7.0 ကို ကျင့်သုံးတဲ့ လုပ်ငန်းတွေဟာ Customer ရဲ့ "ဝယ်ယူအားပေးမှု" တင်မကဘဲ "နှလုံးသား" ကိုပါ ပိုင်ဆိုင်ခွင့် ရရှိမှာ သေချာပါတယ်။ 💖✨

👑 Zin Min Wai - Marketing Expert In Myanmar 🇲🇲
📘Author Of No Marketing No Sales Book
📊Founder & CEO Of KOS BusinessGroup
📊Founder & CEO Of We Power Business Group
🔹2023 ASEAN Marketing Mentor & Coach
🎤 2024 World Marketing Summit Speaker
🤝 Exclusive Partner Of Philip Kotler
🥇 Professional Marketing Trainer
🥇High Paid Marketing Consultant Myanmar

.O

17/04/2026
မြန်မာနိုင်ငံ၏ ပထမဆုံး Refinery Oil Plant GGPG(စံချိန်ဆီစက်)မှ  အခုလို လက်ဆောင်ပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ် မြန်မာနိ...
09/04/2026

မြန်မာနိုင်ငံ၏ ပထမဆုံး Refinery Oil Plant GGPG(စံချိန်ဆီစက်)မှ အခုလို လက်ဆောင်ပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်
မြန်မာနိုင်ံငံမှာ အခုလို ဆီစက်မျိုး ရှိလာတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူရပါတယ် 🤝


 #  လူ ဆိုတာ   #လူဆိုတာ တန်ဖိုးရှိလေလေ တိတ်ဆိတ်လေလေပဲ။ တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။လူဆိုတာမြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ။ ယုတ်...
23/03/2026

# လူ ဆိုတာ #

လူဆိုတာ တန်ဖိုးရှိလေလေ တိတ်ဆိတ်လေလေပဲ။
တန်ဖိုးမဲ့လာလေ ဆူညံလေပဲ။

လူဆိုတာမြင့်မြတ်လာလေ တည်ငြိမ်လာလေပဲ။
ယုတ်နိမ့်လာလေ ဗရုတ်ကျလေပဲ။

လူဆိုတာ သီလရှိလေ စကားနည်းလေပဲ။
သီလမဲ့လာလေ စကားများလေပဲ။

လူဆိုတာ အမှားများလာလေ ဖုံးဖိနေရလေပဲ။
အမှားနည်းလာလေ တည်ငြိမ်အေးချမ်းလာလေပဲ။

လူဆိုတာ အလိုကြီးလေ ရန်သူပေါလေပဲ။
အလိုနည်းလေ မိတ်ဆွေပေါလေပဲ။

လူဆိုတာ အတ္တကြီးလေ ခက်ထန်လာလေပဲ။
အတ္တနည်းလေ မျက်နှာချိုအေးလာလေပဲ။

ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
ပါမေက္ခချုပ်ဆရာတော်ကြီး

14/03/2026

AI ကို လုပ်ငန်းအတွက် 100 ရာခိုင်နှုန်း ယုံကြည်လို့မရဘူး ကိုယ်ကတခုမေးလိုက်ရင် သူကရှိသမျှ Web ပေါ်က Data Combines လုပ်ပေးယုံပဲ…

13/03/2026

သစ်တစ်ပင်ကောင်းရင် ဌက်တစ်သောင်း နားရသလို လုပ်ငန်းတစ်ခု အောင်မြင်ရင် လူ၁ သောင်း မက အလုပ်ပေးနိုင်တယ် အကျိုးပြုနိုင်တယ်

ဒီရက်ပိုင်းတွေ့နေရတဲ့ ဘယ်တော့မှ  မအောင်မြင်မယ့် ရေပေါ်ဆီ လုပ်ငန်းရှင်တွေအကြောင်းပြောမယ် သင်တန်းတွေ တက်ပြီး ဘာမှ ဖြစ်မလာတ...
13/03/2026

ဒီရက်ပိုင်းတွေ့နေရတဲ့ ဘယ်တော့မှ မအောင်မြင်မယ့် ရေပေါ်ဆီ လုပ်ငန်းရှင်တွေအကြောင်းပြောမယ်

သင်တန်းတွေ တက်ပြီး ဘာမှ ဖြစ်မလာတဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ သူတွေ တော်တော်များများတွေ့ရတယ် ဒီထဲမှာ ကိုယ်သင်တဲ့ သင်တန်း ထဲက သူတချို့တောင်ပါတယ် သင်တန်းခန်းမ ထဲမှာတော့ ဘဝကို ဘယ်လိုဖြစ်အောင် ကြိုးစားမယ်၊ လုပ်ငန်းကို ဘယ်လောက်ထိ တိုးတက်အောင် လုပ်ပြီး ချမ်းသာအောင် လုပ်မယ်ဆိုတာ မျိုး သင်တန်းကြေး အနိမ့်ကနေ အမြင့်ဆုံးထိပါလာတဲ့လူတွေတောင်ရှိတယ် အချိန်
တစ်ခုကြာလာတော့ ဘာမှ သိသိသာသာ တိုးတက်သွားတာ မရှိဘူး ဟိုသင်တန်းလည်းတက် ဒီသင်တန်းလည်းတက် နေရာတကာ တွေ့ရတယ် ကြာလာတော့ အဲ့လိုလူတွေရယ် ကြွားချင်လို့ သင်တန်းတက်တဲ့သူတွေရယ် လက်မှတ် ရချင်လို့ တက်တဲ့ သူတွေရယ် တော်တော်ဆိုးဆိုးတွေဖြစ်လာတယ် ကိုယ်လည်း အစက ဒီလိုလူတွေကို မသင်မိအောင် ကြိုးစားတယ် နောက်တော့ လုပ်ငန်းလုပ်တဲ့သူအများစုက ကောက်ရိုးမီး ဖြစ်မှန်းသိလာတယ် သင်တန်းတွေ ကို ဘယ်လောက် ငွေများများ သုံးပြီးတက်တက် တကယ့် အသုံးချပြီး ပြောင်းလဲတိုးတက်မှုကပါမလာဘူး…ဒါနဲ့ လူအများစု ကို စီးပွါးရေး ပညာတွေ၊ စျေးကွက်ရှာဖွေရေး ပညာတွေ မျှဝေလို့ အချည်းနှီးပဲဖြစ်မယ်…တကယ် ပြောင်းလဲ တိုးတက်ပြီး လိုလိုလားလား အချိန်ရော ငွေရော ရင်းနှီးမြှပ်နှံမယ့် ကြိုးစားမယ့် လုပ်ငန်းရှင်တွေကိုပဲ သင်ချင်တော့တယ် ကြာလာတော့ ရေပါ်ဆီ လုပ်ငန်းရှင်တွေ ကိုယ့်သင်တန်း လာတက်မှာ ကြောက်လာတယ် အချိန်တခုရောက်လာလို့ မိတ်ဆွေ တစ်ယောက်ယောက်က သူ့ကို မေးခဲ့လို့ ဘာသင်တန်းတွေ တက်ခဲ့လဲမေးရင် ကိုယ့်သင်တန်း ကိုယ့်နာမည် မှာပါကြောက်လာတယ် အဲ့အတွက် စီးပွါးရေး ဘယ်လောက် လုပ်လုပ် အကြောင်းပြချက်တွေများနေတဲ့ စိန်ခေါ်မှုတွေကို ရှောင်ပြေးနေတဲ့ လုပ်ငန်းရှင်တွေကို သင်တန်းသားအဖြစ် မသက်မှတ်သလို ကျွန်တော့်သင်တန်းတွေကိုလည်း တက်ခိုင်းမှာ မဟုတ်တော့ပါဘူး အစကတော့ အားလုံးတက်နိုင်အောင် လေ့လာသင်ယူနိုင်အောင် သင်တန်းကြေး နည်းနည်း ပဲသက်မှတ်ပြီး သင်ပေးတယ် အခုတော့ တကယ် ရင်းနှီးမြှပ်နှံမှုလို့မြင်တဲ့ သူတွေ ကို ပဲ သင်ပေးမယ် သင်တန်းကြေးလည်း ပေါပေါနဲ့ မသင်တော့သလို အကန့်အသတ်နဲ့သာ သင်ပါတော့မယ် ကိုယ့်သင်တန်းတက်တဲ့သူတိုင်း အချိန်တခုရောက်ရင် လက်ရှိထက်အောင်မြင်ဖို့ နောက်ဆက်တွဲ လိုအပ်တာတွေပါ ထပ်လုပ်ပေးမယ့် ကိုယ့်နာမည် ကိုယ့်သမိုင်း ကောင်းဖို့ ဒီနေ့ 13.3.2026 မှ စပြီး သင်တန်းတက်ချင်တဲ့သူတိုင်းကို လက်ခံသင်ကြားပေးမှာမဟုတ်တော့ပါ အခမဲ့ မျှဝေမှု Video တွေတော့ မကြာမကြာ တင်ပေးပါမယ်
တစ်နှစ်မှာ လူ ၁၀၀ အများဆုံး သာ သင်ပေးပါတော့မယ်

ဒါကို တကယ့်စီးပွါးရေး လမ်းကြောင်းပေါ် လျှောက်နေတဲ့ လုပ်ငန်းရှင်တွေသာ နားလည်ပါလိမ့်မယ်…

“ကျွန်တော့်သင်တန်းတက်တိုင်း မအောင်မြင်စရာ မတိုးတက် စရာ မရှိဘူးဆိုတဲ့ ကတိ” နဲ့ သင်ပါမယ်

“ကိုယ်တိုင်လုပ်ငန်း လုပ်ပြီး သင်တန်းသင် အကြံပေးနေတဲ့အပြင် စစ်မှန်တဲ့ ကမ္ဘာကျော်ဆရာတွေဆီကလေ့လာထားတဲ့ နည်းလမ်းနဲ့ အတွေ့အကြုံတွေဖြစ်လို့ တန်ဖိုးထားသလို တကယ်အသုံးဝင်ပါတယ်”

👑 Zin Min Wai - Marketing Expert In Myanmar 🇲🇲
📘Author Of No Marketing No Sales Book
📊Founder & CEO Of KOS BusinessGroup
📊Founder & CEO Of We Power Business Group
🔹2023 ASEAN Marketing Mentor & Coach
🎤 2024 World Marketing Summit Speaker
🤝 Exclusive Partner Of Philip Kotler
🥇 Professional Marketing Trainer
🥇High Paid Marketing Consultant Myanmar







Address

Https://goo.gl/maps/AzC4yHYQUnWewg7aA
Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959421000546

Website

Alerts

Be the first to know and let us send you an email when Zin Min Wai - Marketing Expert & Strategic Business Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zin Min Wai - Marketing Expert & Strategic Business Consultant:

Share