Win Family အရက်၊ဘီယာနှင့်စားသောက်ကုန် လက်လီ/လက်ကားရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • Win Family အရက်၊ဘီယာနှင့်စားသောက်ကုန် လက်လီ/လက်ကားရောင်းဝယ်ရေး

Win Family အရက်၊ဘီယာနှင့်စားသောက်ကုန် လက်လီ/လက်ကားရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win Family အရက်၊ဘီယာနှင့်စားသောက်ကုန် လက်လီ/လက်ကားရောင်းဝယ်ရေး, Wholesale & Supply Store, Siggaing Street, Yangon.

Customer တွေရဲ့ bargaining power အကြောင်း Michael Porter ရဲ့ 5forces ထဲမှာ လုပ်ငန်းစုindustry က attractiveဖြစ်ဖို့ဆိုရင်...
18/09/2025

Customer တွေရဲ့ bargaining power အကြောင်း

Michael Porter ရဲ့ 5forces ထဲမှာ လုပ်ငန်းစုindustry က attractiveဖြစ်ဖို့ဆိုရင် bargaining power of buyer/customerက နည်းရမယ်လို့ပြောပါတယ်။

ဒီတော့ customerတွေရဲ့ bargaing powerဆိုတာဘာလဲဆိုတော့ ကိုယ်လုပ်ငန်းမှာ ရောင်းချနေတဲ့ productတွေကို ဝယ်တဲ့ customerတွေက အရည်အတွက်နည်းပြီး တစ်ဦးချင်းစီက အများကြီးဝယ်ပေးတာလား ဒါမှမဟုတ် ဝယ်တဲ့ customerတွေက အရည်အတွက်များပြီး တစ်ဦးကို အသင့်အတင်ပဲ ဝယ်ကြတာလားအပေါ်မှုတည်ပါတယ်။

End userဖြစ်တဲ့ consumerတွေကတော့များသော အားဖြင့်အရည်အတွက်များတာကြောင့် end userသမားတွေထက်စာရင် ကိုယ့်ပစ္စည်းကို channelမှာ ပြန်လည်ရောင်းချပေးတဲ့ distributorတွေ၊ wholesalerတွေ၊ dealerတွေ၊ retailerတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။

တကယ်လို့ ကိုယ်က မုန့်ထုပ်ပြီးရောင်းတယ် distributor ၂ ဦးကိုပေးထားပါမယ် distributor ပေးခြင်းအားဖြင့် ကိုယ်အတွက်ဖြန့်ဖြူးရေးမှာ ကားတွေ လူတွေ ဂိုထောင်တွေမလိုပဲ distribitorကိုပဲ အမြတ် margin တစ်ခုပေးပြီး လွယ်လွယ်ပေးရောင်းလို့ရပါတယ်။ခုန distributor ၂ဦးက ကိုယ်ထုပ်တဲ့ ပစ္စည်းတွေကို 50%စီရောင်းပေးတယ် ဆိုရင် သူတို့ ၂ဦးဟာ ကိုယ့်လုပ်ငန်းအပေါ် bargaining power အများကြီး ကြီးနေပါတယ် သူတို့ထဲက တစ်ဦးက ကိုယ်productကို ဆက်မရောင်းတော့ရင် ကိုယ့်ရဲ့ total အရောင်းရဲ့ 50%ကကျသွားမှာဖြစ်ပါတယ် ပြီးတော့ သူတို့က တခြား ကိုယ်ထုပ်တဲ့ productတူတွေစီကလည်း စျေးပိုပေါရင် ကိုယ်ဟာမရောင်းပေးတော့ပဲ သူများဟာပဲ ထိုးရောင်းနိုင်ပါတယ် ဘာလို့လဲ ဆိုတော့ distributor အများစုက product များစွားကိုင်ထားပြီး ဖြန့်ဖြူးလေ့ရှိပါတယ်။နောက် distributor က backward integrationကိုယ်လိုမျိုး ထုပ်လုပ်တဲ့ လုပ်ငန်းလည်း လုပ်ကိုင်လာနိုင်ပြီး ကိုယ်နဲ့ပြိုင်ဘက်ပုံစံထိတောင် ဖြစ်လာနိုင်ပါတယ် ဘာလို့လဲဆိုတော့ သူမှာchannel coverageကောင်းကောင်းရှိထားတာကြောင့် သူက ဖြန့်ဖြူးလို့ရပြီး ကိုယ်မှာ ဘာchannelမှာ ကောင်းကောင်းမရှိပဲ သူတို့မရောင်းပေးတော့မှ ကိုယ်က တိုင်ပတ်ပြီး channelကို အစက စရတော့မှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုး မဖြစ်အောင် ကိုယ်က အရင်ဆုံးကိုယ်လက်လှမ်းမိတဲ့နေရာတွေကို ကိုယ်တိုင်ဖြန့်ရပါမယ် wholesalesတွေနဲ့ retailတွေကို ကိုင်ထားရပါမယ် နောက် လက်လှမ်းမမှီတဲ့ တချို့နယ်တွေကို areaလမ်းကြောင်း သက်မှတ်ပြီး distributorပေးတာမျိုးရှိသလို dealerတွေလည်း မြို့အလိုက်ပေးလို့ရပါတယ်။ဒါဆိုရင် ကိုယ့်စီက ဝယ်တဲ့သူတွေက wholesalesတွေကော ၊retailတွေကော dealerတွေကော ၊distributorတွေကော များစွာရှိပြီး တစ်ဦးမရောင်းတော့လို့ ကြီးကြီးမားမား မထိခိုက်တော့ပါဘူး ဒါဆို ကိုယ်က customerတွေရဲ့ bargaining powerကို လျော့ထားပြီး marketကို controlလုပ်ထားလိုက်ခြင်းဖြစ်ပါတယ် နောက် market အခြေအနေကိုလည်း အမြဲမပြတ်ပိုပြီး သိရှိနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ ကိုယ့်ရဲ့ brandက ပေါက်လား မပေါက်ဘူးအပေါ်မှုတည်ပါတယ် ကိုယ်ပစ္စည်းက စျေးကွက်ထဲမှာ မပေါက်တဲ့ အချိန်မျိုးမှာ distributorတွေဘက်က powerပိုများပြီး ကိုယ်ပစ္စည်းက marketထဲမှာ ပေါက်ထားတဲ့ productဆိုရင် ကိုယ်က powerပိုများမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် distributorတွေနဲ့ကော ၊ကျန်wholesales ၊retailတွေနဲ့ပါ အားလုံး win win အနေနဲ့ပဲ သေချာpowerကို ထိန်းကစားသင့်ပါတယ် ကိုယ့်ဘက်က အရမ်းတဖက်ဘက်ကြီးpowerယူထားတာမကောင်း သလို သူ့ဘက်က အရမ်းpowerကြီးရင်လည်းမကောင်းပါဘူး powerကို ညှီပြီး ထိန်းကစားခြင်းသာ အကောင်းဆုံးဖြစ်ပါတယ်။


Myint Maung Maung Tun

18/09/2025

အရက်အေးဂျင့်ဆိုင်ဖွင့်ရန် နည်းလမ်းများ။
ကျနော် သိသလောက် share လုပ်ပေးချင်းပါခင်ဗျာ။

16/09/2025

သားသားရဲ့မွေးနေ့ ၊ မိဘမဲ့ဂေဟာ ထမင်းကျွေး ၊ ဘုရားသွား ကုသို့လ်ယူ။

အိပ်ရမှာတောင် မဟုတ်ဘူး။
17/12/2023

အိပ်ရမှာတောင် မဟုတ်ဘူး။

30/04/2023
လူတစ်ယောက် ပြောင်းလဲသွားတယ် ဆိုတာဟာသူဘယ်လောက် နာကျင်ခဲ့ရသလဲ ဆိုတာနဲ့သက်ဆိုင်နေလေ့ရှိပါတယ်။လူ့ဘဝမှာနေရတဲ့ လူတိုင်း လူတိုင...
28/02/2023

လူတစ်ယောက် ပြောင်းလဲသွားတယ် ဆိုတာဟာ
သူဘယ်လောက် နာကျင်ခဲ့ရသလဲ ဆိုတာနဲ့
သက်ဆိုင်နေလေ့ရှိပါတယ်။

လူ့ဘဝမှာနေရတဲ့ လူတိုင်း လူတိုင်း
နာကျင်စရာတွေနဲ့ ကြုံကို ကြုံရမှာပါ။
တချို့က နည်းနည်းလေး ကြုံရမယ် ..
တချို့က အများကြီး ကြုံရမယ် ..
တချို့က ခံစားရတာ နည်းမယ် ..
တချို့က ခံစားရတာ များမယ် ..
ဒီလိုတော့ ကွာခြားပါတယ်။

နာကျင်စရာနဲ့ ပတ်သက်ပြီး
မှန်ကန်တဲ့ theory လေး တစ်ခု ရှိပါတယ်။

Every pain gives a lesson 💔
and every lesson changes a person 💖

နာကျင်စရာတစ်ခု ခံစားရတိုင်းမှာ
သင်ခန်းစာတစ်ခု ပါလာမှာဖြစ်ပြီး
သင်ခန်းစာတစ်ခု ရရှိတိုင်းမှာ
လူတစ်ယောက်မှာ ပြောင်းလဲနေမှာ ဖြစ်ပါတယ်တဲ့။

ပုံမှန် နာကျင်စရာ ရှိတဲ့အခါ
ပုံမှန် သင်ခန်းစာကို ရရှိပြီး
လူတစ်ယောက်ဟာ
ပြောင်းလဲသင့်တာလေးတွေ ပြောင်းလဲနိုင်ပါတယ်။
တခြားသူတွေရဲ့အမြင်မှာ
သိသိသာသာကြီး ပြောင်းလဲတာမျိုးတော့
ရှိချင်မှ ရှိပါလိမ့်မယ်။

ဒါပေမယ့် နာကျင်စရာဟာ သိပ်ကို ကြီးမားတဲ့အခါ
သင်ခန်းစာတွေ အများကြီး ရရှိမှာဖြစ်ပြီး
လူတစ်ယောက်ဟာ
သိသိသာသာကြီး ပြောင်းလဲသွားတတ်ပါတယ်။
နောက်လူတစ်ယောက်လို ဖြစ်သွားတတ်ပါတယ်။

နာကျင်မှုရဲ့ source ဟာ
အခြားလူတစ်ယောက် ဖြစ်ကောင်းဖြစ်မယ်။
အဖြစ်အပျက်တစ်ခု ဖြစ်ကောင်းဖြစ်မယ်။
ဘယ်လိုပုံစံနဲ့ နာကျင်ရမလဲ
ဘယ်အရာက နာကျင်စေမှာလဲ ဆိုတာ
ဘယ်သူမှ မသိနိုင်ပါဘူး။

ကိုယ့်ဘဝထဲ နာကျင်စရာရောက်လာတဲ့အခါ
နာကျင်စရာကို ပယ်ချလို့ မရပါဘူး။
လက်ခံလို့ပဲ ရပါမယ်။
နာကျင်စရာကို လက်ခံလိုက်ပါ။

ပြီးရင် နာကျင်စေတဲ့ source ကို စဉ်းစားပါ။
ဖြတ်တောက်လို့ရရင် ဖြတ်တောက်ပါ။
နောင်တမရပါနဲ့ .. အစွဲတွေမထားပါနဲ့ ..
သင်ခန်းစာတွေသာ အကုန်ယူသိမ်းခဲ့ပါ။

ဒီလိုကနေ ရှေ့ဆက်တဲ့အခါ ကိုယ်ဟာ
ပြောင်းလဲသော သူတစ်ယောက် ဖြစ်သွားမှာပေါ့။
ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့တော့
အထူးအရေးကြီးပါတယ်။

တချို့က တည်ငြိမ်အေးချမ်းသွားကြတယ်
တချို့က တိတ်ဆိတ်ငြိမ်သက်သွားကြတယ်
တချို့က အများကြီး ပိုအောင်မြင်သွားကြတယ်
တချို့က အများကြီး ပိုလှပသွားကြတယ်

ဘယ်လို ပြောင်းလဲ ပြောင်းလဲ
ကောင်းသော ပြောင်းလဲခြင်းသာ ဖြစ်ပါစေ။

နာကျင်စရာကြောင့်
အဆိုးတွေထဲ နစ်မွန်းသွားရသူ
အမှောင်တွေထဲ ပျောက်ကွယ်သွားရသူ
အပူတွေထဲ လောင်မြိုက်နေရသူ

ဒီလိုတွေ မပြောင်းလဲသွားဖို့တော့
အထူး ဂရုပြုစေချင်ပါတယ်။

နာကျင်စရာမှသည်
ကောင်းသော သင်ခန်းစာများရရှိပြီး
ကောင်းသော ပြောင်းလဲခြင်းတွေနဲ့
ရှင်သန်နိုင်ကြပါစေ။

# Credit to AD
February 27, 2023

#ကိုယ်တိုင်ဖတ်ဖို့

ရှယ်ယာ စာချုပ် ချုပ်ဆိုမယ်ဆိုရင်=========================စီးပွားရေး လုပ်ငန်း တစ်ခုခုလုပ်ကိုင်ခြင်းဟာ ရင်းနှီးမြုပ်နှံမှု...
09/02/2023

ရှယ်ယာ စာချုပ် ချုပ်ဆိုမယ်ဆိုရင်
=========================
စီးပွားရေး လုပ်ငန်း တစ်ခုခုလုပ်ကိုင်ခြင်းဟာ ရင်းနှီးမြုပ်နှံမှု အမျိုးအစားတွေ ထဲမှာ တွက်ခြေကိုက်တဲ့ အမျိုးအစားထဲ ပါဝင်လေ့ရှိပါတယ်။

ဒါကြောင့် အမြတ်အစွန်းများတဲ့ လုပ်ငန်း တွေကို ထူထောင် လုပ်ကိုင် ကြဖို့ လူတိုင်း ကြိုးစားကြလေ့ရှိပါတယ်။

ဒီလို လုပ်ငန်းတစ်ခုထူထောင်ရာမှာ အရင်းအနှီး လိုအပ် ချက်တွေကြောင့် တစ်ဦးထဲ စိုက်ထုတ် မလုပ်ကိုင်နိုင်ပဲ ယုံကြည်ရင်းနှီးရာ အသိမိတ်ဆွေ တွေကိုပါ စည်းရုံးဆွဲဆောင်ပြီး စပ်တူရှယ်ယာ အနေနဲ့ ဆောင် ရွက်ကြလေ့ရှိလာပါတယ်။

ဒါဟာ တကယ်တော့ ကောင်းမွန်တဲ့ ကိစ္စ တစ်ခုပါပဲ။ ငွေပမာဏ နည်းနည်းလေးတွေ တစ်ဦးစီ ကိုင်ထားရင် တန်ဖိုးကျနေမယ့်အစား ကိုက်လောက်တဲ့ လုပ်ငန်းတစ်ခုကို စုလုပ်လိုက်တာက အတော် အဆင်ပြေနိုင် ပါတယ်။

ဒါပေမယ့် 'အခုရှုပ်မှနောင်ရှင်း' ဆိုသလို စပ်တူ ရှယ်ယာ လုပ်ကိုင်တာ ဖြစ်တဲ့အတွက် အစုရှယ်ယာ သဘောတူ စာချုပ် ကို ရှင်းရှင်းလင်းလင်းသေသေချာချာ ချုပ်ဆိုထားကြဖို့လဲ လိုအပ်ပါတယ်။

ဒါ့အပြင် ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေကိုပါ ရှင်းလင်း ပိုင်းဖြတ်ထားဖို့လိုပါတယ်။

ဒီနေ့မှာ တော့ လုပ်ငန်းတစ်ခု အတွက် အစုရှယ်ယာ ထည့်ပြီး လုပ်ကြတော့မယ်ဆိုရင် ချုပ်ဆိုရမယ့်စာချုပ်မှာ ဘယ်လို သဘောတူညီချက်တွေ ပါဝင်သင့်တယ်ဆိုတာကို မျှဝေပေးလိုပါတယ်။

(၁) ဘယ်လိုရှယ်ယာ အမျိုးအစားလဲ?

အရင်ဆုံးကတော့ ရှယ်ယာ ဆိုတာမှာ သဘောသဘာ၀ အားဖြင့် နှစ်မျိုး ရှိပါတယ်။

"Common Share" နဲ့ "Preferred Share" တို့ ဖြစ်ပါတယ်။ "Common Share" ဆိုတာက လုပ်ငန်းပိုင်ဆိုင်မှု ရှိတဲ့ အတွက် ဈေးအတက်အကျရှိပြီး နှစ် လုပ်ငန်း ကမြတ်စွန်းသလောက် အချိုးကျ အမြတ်ကို ရရှိနိုင်ပါတယ်။

ဒီတော့ဈေးလဲ ကျနိုင်သလို အရှုံးပေါ်တဲ့ နှစ်မှာလည်း ဘာမှ မရနိုင်ပါဘူး။ "Preferred Share" ကတော့ ငွေချေးထားတာနဲ့ တူပါတယ်။ လုပ်ငန်းပိုင်ဆိုင်မှု မရှိပဲ လစဉ် သို့မဟုတ် နှစ်စဉ် သတ်မှတ် ထားတဲ့ ငွေပမာဏ တစ်ခုကိုသာ ပုံမှန်ရပါတယ်။

အားနည်းချက်ကတော့ လုပ်ငန်းကတိုးမြတ်လို့ ပိုတိုးမရပါဘူး။ ဒီလိုပါပဲအားသာတာက လုပ်ငန်းက ရှုံးလို့ တစ်ပြားမှ မရတာမျိုးလဲ မဟုတ်ပဲ ပုံသေ ပမာဏ တစ်ခုကို အမြဲရနေတာပါပဲ။

နောက်တစ်ခါ "Preferred Share" အားသာချက်က လုပ်ငန်းရှုံး လို့ ရှိသမျှ ကိုရောင်းချလိုက်ပြီးအကြွေးဆပ်မယ်ဆိုရင် Preferred Share သမား တွေကို အရင် အပြည့်အ၀ ပေးရပါတယ်။ ဒါကြောင့် Preferred Share သမား တွေက Safe ဖြစ်ပါတယ်။

ဆိုတော့က မိမိ ထည့်ဝင်မယ့်ရှယ်ယာ က ဘယ်လိုရှယ်ယာအမျိုးအစားလဲ "Common Share" ဆိုရင် အမြတ် ခွဲဝေမှုလဲရနိုင်ရမှာ ဖြစ်သလို လုပ်ငန်းပိုင်ဆိုင်မှုလဲ ရရမယ်၊

ဈေးအတက်အကျရှိရမယ် ဆိုတာတွေ သဘောတူ ချုပ်ဆိုဖို့လိုပါတယ်။ ဒီလိုမဟုတ်ပဲ Prefered Share ငွေချေးသလို ရှယ်ယာ ဆိုရင်တော့ Preferred Share ရဲ့ အားသာချက်ဖြစ်တဲ့ လုပ်ငန်းရှုံးလဲ ပုံသေ ပမာဏရမယ်၊

ဒေဝါလီခံရရင် ပိုင်ဆိုင်မှုတွေကို ရောင်းပြီး Preferred Share တွေကို အပြည့်ပေးရမယ် စာတာတွေ အပြည့်အစုံ သဘောတူချုပ်ဆိုဖို့လိုပါတယ်။

(၂) လုပ်ငန်းပိုင်ဆိုင်မှု ကို ဘယ်လိုညိနှိုင်းကြမလဲ?

Common Shareဆိုရင် လုပ်ငန်းရဲ့ ရှယ်ယာ အစု ၁၀၀မှာ တစ်စု ထဲကိုပဲပိုင်ဆိုင်သည်ဖြစ်စေ ဒီလုပ်ငန်း ရဲ့ ၁၀၀ ပုံ ၁ ပုံကို ပိုင်ဆိုင် တာဖြစ်ပါတယ်။

ဒီအတွက် အရင်ဆုံး ရှယ်ယာ ထည့်ဝင်မယ့်သူတွေ နဲ့ လုပ်ငန်းရှင်နဲ့ တွေ့ဆုံပြီး လုပ်ငန်းတန်ဖိုးကို ညှိနှိုင်းဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

မလည်ပတ်ရသေးတဲ့ လုပ်ငန်း ဆိုရင်တော့ ရင်းနှီးမတည်ငွေ ဘယ်လောက်လိုမယ် ရှယ်ယာ တစ်စုကို ဘယ်လောက်၊ ဘယ်သူ ဘယ်နှစ်စု ထည့်မယ်ဆိုရင် ရှင်းလင်းသွားပေမယ့် လည်ပတ်လက်စ လုပ်ငန်းဆိုရင်တော့ လုပ်ငန်းတန်ဖိုး ကို ညှိနှိုင်း တွက်ချက် ဖို့လိုလာပါတယ်။

လုပ်ငန်းရဲ့ Fixed assets, Tangible assets တွေသာမက လုပ်ငန်းရဲ့ Intangible Assets တွေဖြစ်တဲ့ Brand တန်ဖိုး ကိုပါ ထည့်တွက် ဖို့လိုလာပါတယ်။

ဒီအတွက် နှစ်ဦးနှစ်ဖက် သင့်တော်မယ့် ပမာဏ တစ်ခုကို ဆုံးဖြတ်ကာ လုပ်ငန်း တန်ဖိုးက ဘယ်လောက်ရှိတယ်။

ရှယ်ယာ ရှင်က ဘယ်လောက်ထည့်ဝင်မယ်ဆိုရင် လုပ်ငန်းရဲ့ ဘယ်လောက် ရာခိုင်နှုန်းကိုတော့ ပိုင်ဆိုင်မှု အဖြစ် ရရှိမယ် ဆိုတာ ကို သဘောတူစာချုပ်မှာ သီးသန့် တစ်ပိုဒ် ရှင်းရှင်း လင်းလင်း ရေးသားဖို့လိုပါတယ်။

(၃) ထည့်ဝင်ငွေ သုံးစွဲမှုနဲ့ အခြားလုပ်ငန်းများကို ဘယ်လို သတ်မှတ်ကြမလဲ?

ရှယ်ယာ ထည့်ဝင်တဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ လုပ်ငန်းအတွက်ပဲ သုံးစွဲရမှာ ဖြစ်ပြီး အခြား ကိုယ်ရေးကိုယ်တာ ကိစ္စ၊ အခြား ရှယ်ယာထည့်ဝင်မှုနဲ မသက်ဆိုင်တဲ့ လုပ်ငန်းတွေ မှာ လည်ပတ် သုံးစွဲခြင်း မပြုဖို့ ကိုလဲ စည်းကမ်းသတ်မှတ်ဖို့လိုပါတယ်။

ဒီလိုပဲ ရှယ်ယာခေါ်သူ လုပ်ငန်းရှင်မှာလည်း အခြားသော လည်ပတ်နေတဲ့ လုပ်ငန်းတွေ ရှိနေနိုင်ပြီး ထည့်ဝင်တဲ့ ရှယ်ယာငွေဟာ သတ်မှတ် လုပ်ငန်း တစ်ခုအပေါ်မှာသာ ဖြစ်ပြီးအခြား လုပ်ငန်းတွေ နဲ့ သက်ဆိုင်ခြင်း မရှိဘူး ဆိုတာကိုလဲ သီးသန့် သတ်မှတ် ထည့်သွင်းချုပ်ဆိုသင့်ပါတယ်။

(၄) အမြတ်ခွဲဝေမှုအပေါ် ဘယ်လိုခွဲဝေကြမလဲ?

လုပ်ငန်းလုပ်ကိုင်လို့ ရရှိလာတဲ့ အမြတ်တွေကို ဘယ်နှစ်လ တစ်ကြိမ်ခွဲဝေမယ် ၊ ဘယ်လိုပုံစံ နည်းလမ်း တွေ နဲ့ တွက်ချက် မျှဝေမယ်ဆိုတာတွေကို လဲ သဘောတူ စာချုပ်မှာ ရှင်းလင်း စွာ ထည့်သွင်း ထားဖို့လိုပါတယ်။

ပုံမှန် အားဖြင့်တော့ လုပ်ငန်းတစ်ခု ဟာ လစဉ် အကျိုးအမြတ် ခွဲပေးတာ ထက် သုံးလတစ်ကြိမ် ခြောက်လ တစ်ကြိမ် တစ်နှစ်ကြိမ် ခွဲတာက ပိုပြီး သင့်တော်လေ့ရှိပါတယ်။

ဒါ့အပြင် လုပ်ငန်းရဲ့ အသားတင် အမြတ် ထဲကနေမှ ငွေရင်းအတွက် ထပ်ပေါင်းဖို့ဖြစ်ဖြစ်၊ ဆိုင် တိုးချဲ့ဖို့ဖြစ်ဖြစ် ၊ အသစ်ပြင်ဆင်တာမျိုး ဖြစ်ဖြစ်၊

Upgrade လုပ်ဖို့ဖြစ်ဖြစ် အချိုး တစ်ခု ပုံမှန် ဖယ် ထုတ်ထားတာမျိုး ကိုရော ဆောင်ရွက် ဦးမှာလား စတဲ့ Financial ပိုင်းဆိုင်ရာ ပေါ်လစီတွေ ပါ ရှင်းလင်းအောင် လုပ်ထား သင့်ပါတယ်။

(၅) လုပ်ပိုင်ခွင့်တွေ ဘယ်လိုပိုင်းဖြတ်ကြမလဲ?

လုပ်ငန်းလည်ပတ်ရာမှာ လုပ်ငန်းရှင်နဲ့ ရှယ်ယာ ရှင်တို့ရဲ့ လုပ်ပိုင်ခွင့် တွေ ၊ တောင်းဆိုပိုင်ခွင့်တွေ ကဘယ်သူ့မှာ ဘယ်လိုရှိမယ်ဆိုတာကိုလဲ သေချာ ရှင်းလင်းပိုင်းဖြတ် ထားဖို့လိုပါတယ်။

အချို့လုပ်ငန်းရှင်တွေ ကတော့ သူတို့ကပဲ လုပ်ငန်း Operation and Management ကိုကိုင်တွယ် မယ် လို့ ဆုံးဖြတ်ကြပေမယ့် ရှယ်ယာ ရှင်တွေကလဲ လုပ်ငန်း ရဲ့ အချက်အလက် တွေကို စစ်ဆေးပိုင်ခွင့် တွေ ရှိရပါတယ်။

ဒီအတွက် လစဉ် ဘယ်လို စာရင်းရှင်းတမ်းတွေ လုပ်မယ်၊ ဘာတွေ ကို ရှယ်ယာ ရှင် တွေက သိလိုရင် အချိန် ဘယ်လောက်အတွင်း ပေးအပ်မယ် စသည်ဖြင့် ပိုင်းဖြတ်ထားဖို့လိုပါတယ်။

(၆) အရှုပ်အရှင်းတွေအတွက် ဘယ်သူတွေက ဘယ်လိုတာဝန်တွေယူကြမလဲ?

လုပ်ငန်းကို ရှယ်ယာ ထည့်ဝင် ပြီး ပေမယ့် ယခင်အချိန်တုန်းက အနေအထား တစ်ခုခုကြောင့် ငွေကြေးဆိုင်ရာဖြစ်ဖြစ် ဥပဒေဆိုင်ရာ ဖြစ်ဖြစ် အရှုပ်အရှင်းတစ်ခုခုပေါ်လာခဲ့ရင် ဘယ်လိုရှင်းမယ် ဘယ်သူက ဘယ်လိုတာဝန်ယူမယ်ဆိုတာမျိုးလဲ ထည့်သွင်းဖို့လိုပါတယ်။

ယခင်နှစ်တွေ ကအခွန်မဆောင် ထားတာမျိုးတွေ ၊ ဥပဒေနဲ့ မလွတ်ကင်းတာတွေ စသဖြင့် ရှိတတ်လို့ဖြစ်ပါတယ်။

(၇) လုပ်ငန်းဖွဲ့စည်းပုံတွေ ဘယ်လိုဆုံးဖြတ်ကြမလဲ?

အချို့ Public လုပ်ငန်းကြီးတွေ မှာတော့ ရှယ်ယာ အစောင်ရေ သိန်း နဲ့သန်းနဲ့ချီ အများပြည်သူကို ထုတ်ဝေ ရောင်းချထားလေ့ရှိပါတယ်။

ဒီလိုရှယ်ယာရှင် များစွာထဲကမှ ရှယ်ယာ ဘယ်လောက် ရာခိုင် နှုန်း ပိုင်ဆိုင်တယ်ဆိုရင် Board of Director အဖြစ်လျှောက် ထားနိုင်ခွင့် ရှိတာ၊

ဘယ်လောက် ရာခိုင်နှုန်း နဲ့အထက် ပိုင်ဆိုင်ရင်တော့ လုပ်ငန်းရဲ့ အပြောင်းအလဲ တွေ မှာ မဲပေးဆုံးဖြတ်နိုင်ခွင့်ရရှိတာ၊ စသဖြင့် ရှယ်ယာ ပိုင်ဆိုင်မှုပေါ်မူတည်ပြီး ဖွဲ့စည်းပုံ နဲ့ ဆုံးဖြတ်နိုင်ခွင့်တွေ ခွဲခြားသတ်မှတ် ထားလေ့ရှိပါတယ်။

(၈) အရှုံးပေါ်ရင် ဘယ်လိုဆက်လုပ်ကြမလဲ?

တကယ်လို့ လုပ်ငန်းဟာ ဘယ်နှစ်လ ဆက်တိုက် အမြတ်မရှိပဲ အရှုံးပေါ်နေမယ်၊အရှုံး ကလဲ မတည် ရင်းနှီးငွေရဲ့အဘယ်မျှ လောက် ရာခိုင်နှုန်း အထိ ထိပါး ကုန်ဆုံး သွားမယ် ဆိုရင် လုပ်ငန်းကို ဘယ်လို နည်းလမ်းနဲ့ ဖျက်သိမ်းကြမလဲ၊

ဘာဆက်လုပ်ကြမလဲဆိုတဲ့ Exit Strategy, Exit Plan တွေ သတ်မှတ် ဖို့လိုပါတယ်။

ဥပမာ ခြောက်လဆက်တိုက် အရှုံး ပေါ်နေပြီး ငွေရင်းရဲ့ ၄၀% ထိ ဆုံးရှုံးနေပြီဆိုရင် လုပ်ငန်း ပိုင်ဆိုင်မှုတွေကိုရောင်းချ ပြီး အချိုးကျ ပြန်လည် ခွဲယူမယ် စသဖြင့်ပါပဲ။

(၉) အစုရှယ်ယာ တွေကို ရောင်းချ ပေါင်နှံ လွဲပြောင်း မှုစည်းမျဉ်းတွေ ဘယ်လိုချမှတ်ကြမလဲ?

ရှယ်ယာ ရှင်တစ်ဦးစီပိုင်တဲ့ ရှယ်ယာတွေကို ပေါင်နှံခွင့် ရှိ မရှိ၊ ရောင်းချ မယ်ဆိုရင်လဲ ဘယ်လို အဆင့်ဆင့် ဘယ်သူတွေကို အရင် Offer ပေးရမယ် ၊ စသဖြင့် သတ်မှတ်ဖို့လိုအပ်ပါတယ်။

ဥပမာ အများအားဖြင့်တော့ ရှယ်ယာ ရှင်တစ်ဦးက သူပိုင် ရှယ်ယာတွေကိုရောင်းမယ် ဆိုရင် လုပ်ငန်း ကို ပြန်ဝယ် မဝယ် အရင်ဆုံး Offer ပေးရပါတယ်။

လုပ်ငန်းက မဝယ်ယူနိုင်ရင်လက်ရှိ ရှယ်ယာ ပိုင်ဆိုင်သူ တွေကို offer ပေးရလေ့ရှိပြီး ဝယ်ယူသူမရှိမှ အခြား ပြင်ပကို ထုတ်ရောင်းရလေ့ရှိပါတယ်။

(၁၀) မလွန်ဆန်နိုင်သော အကြောင်းရင်းတွေရှိခဲ့ရင် ဘယ်လိုလုပ်ဆောင်ကြမလဲ?

နောက်ဆုံး တစ်ခုကတော့ မလွန်ဆန်နိုင်သော ဖြစ်ရပ်တွေ အတွက် ဘယ်လိုတွေ လုပ်ကြမယ်ဆိုတာ ကို ကြိုတင်နားလည်မှု ယူညှိနှိုင်းထားဖို့ပါပဲ။

ဥပမာ။ ရေ မီး စတဲ့ သဘာ၀ ဘေးအန္တာရာယ် လိုမျိုး၊ အခြားသော အခြေအနေ တစ်ရပ်ရပ်ကြောင့် လုပ်ငန်းရပ်ဆိုင်းထားရမှု၊ ဆုံးရှုံးမှုတွေ ဖြစ်လာရင် ဘယ်လို လုပ်ဆောင်မယ်ဆိုတာတွေပါပဲ။

ဒါတွေကတော့ လုပ်ငန်း တစ်ခုကို စပ်တူ ရှယ်ယာလုပ်ဆောင်ကြတဲ့အခါမှာ ချုပ်ဆိုကြမယ့် သဘောတူ စာချုပ်မှာ ဘယ်လိုအကြောင်းအရာတွေ ကတော့ မဖြစ်မနေပါဝင်သင့်တယ်ဆိုတာကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

မိတ်ဆွေတို့လည်း လုပ်ငန်းတစ်ခု ရှယ်ယာလုပ်ဆောင်မယ်ဆိုရင် လိုအပ်မဲ့အချက်အလက်များကို သိရှိသွားကြလိမ့်မယ် ထင်ပါတယ်နော်။
အားလုံးကိုကျေးဇူးတင်ပါတယ်လို့။

Credit.Kaung Hein Soe – Strategic

လိုအပ်သည်များဆောင်ရွက်လျှက်ရှိ
01/01/2023

လိုအပ်သည်များဆောင်ရွက်လျှက်ရှိ

တရားဝင် အသေးစားလုပ်ငန်းတစ်ခု ထူထောင်တော့မယ်ဆိုရင် လိုက်နာဆောင်ရွက်ရမယ့် အချက်များ
------------------------------------------------------------------------------------------------------------
တရားဝင် အသေးစားလုပ်ငန်းတစ်ခု ထူထောင်ချင်သူများအတွက် လိုက်နာဆောင်ရွက်ရမယ့် အချက်များကို အဆင့်ဆင့်ဖော်ပြပေးလိုက်ပါတယ်….
(၁) ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း
မိမိလုပ်ငန်းရဲ့ အမှတ်တံဆိပ်ကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ရပါမယ်။ ဒီလို လုပ်ထားတဲ့အတွက်ကြောင့် မိမိထုတ်ကုန်ကို အတုအပထုတ်တဲ့သူတွေပေါ်လာသောအခါ ဥပဒေအရ အကာအကွယ်ရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိထုတ်ကုန် အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားဖို့ လိုအပ်ပါတယ်။
(၂) အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ခြင်း
မိမိကုန်ပစ္စည်းကို စားသုံးသူ/သုံးစွဲသူတွေအတွက် အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး ဌာနကသတ်မှတ် ထားတဲ့အတိုင်း စစ်ဆေးမှုတွေပြုလုပ်ပါတယ်။ City Mart တို့လို ကုန်တိုက်တွေမှာ ကိုယ့်ကုန်ပစ္စည်းကို တင်မယ်ဆိုရင် ဒီမှတ်ပုံတင်လက်မှတ်တင်ပြရပါတယ်။
မှတ်ပုံတင်လုပ်ဖို့အတွက် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန (မြောက်ဥက္ကလာ၊ ကျောက်ရေတွင်း မှတ်တိုင်-OSC ဆေးရုံနား) ကို သွားရပါမယ်။ အရင်ဆုံး မိမိထုတ်ကုန်ဌာနရဲ့ ဓါတ်ခွဲခန်းမှာ စစ်ဆေးရပါမယ်။
ဓါတ်ခွဲခန်းက စစ်ဆေးပြီး အောင်မြင်ပြီဆိုရင် ဓါတ်ခွဲခန်းအောင်မြင်တဲ့ အထောက်အထားစာရွက်၊ လုပ်ငန်းရှင်ဓါတ်ပုံ (၅) ပုံ၊ နိုင်ငံသားမှတ်ပုံတင်မူရင်းနဲ့ မိတ္တူ (၂) စောင်၊ လုပ်ငန်းအစမှ ကုန်ချောထွက်တဲ့အထိ လုပ်ငန်းစဉ်ကို ဖော်ပြနိုင်မယ့် ကာလာဓါတ်ပုံ (၅) ပုံ- (၂) စုံ၊ လုပ်ငန်းလုပ်နေကြောင်း ရပ်ကွက်ထောက်ခံစာ မူရင်း/ မိတ္တူ (၂) စောင်တို့နဲ့အတူ လုပ်ငန်းမှတ်ပုံတင်ရပါတယ်။ ပြီးရင်တော့ လုပ်ငန်းနေရာကို သက်ဆိုင်ရာ အဖွဲ့က လာစစ်ပါလိမ့်မယ်။ နှစ်လလောက်ကြာရင် မှတ်ပုံတင်ရပါပြီ။
လုပ်ငန်းမှတ်ပုံတင်ဖို့အတွက်မဟုတ်ဘဲ မိမိကုန်ပစ္စည်းကို အရည်အသွေးအတွက် ဓါတ်ခွဲစစ်ဆေးချင်ရင် လည်း အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန (မြောက်ဥက္ကလာ) မှာ ဆောင်ရွက်ပေးနေပါတယ်။ ဓါတ်ခွဲခက စစ်ဆေးတဲ့ ပစ္စည်းအမျိုးအစားအလိုက် ကျသင့်တာ ဖြစ်ပါတယ်။ အသေးစိပ်ထပ်မံသိလိုပါက အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန ဖုန်းနံပါတ် ၀၁ ၆၆၅၈၀၆ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
(၃) SME အသင်းဝင်ကတ်ရယူခြင်း
လုပ်ငန်းမှတ်ပုံတင် အမှတ်ကျလာပြီဆိုရင် SME အသင်းဝင်ကတ်ရဖို့အတွက် လုပ်ဆောင်ရပါမယ်။ အဲဒီကတ်ရဖို့အတွက် Myanmar Plaza နဲ့ တရုတ်ဘုံကျောင်းကြားလမ်းကဝင်ရတဲ့ စက်မှုရုံးကို သွားရပါမယ်။ အဲဒီမှာ မိမိလုပ်ငန်းတည်ရှိရာမြို့နယ်ကို ပြောပြ ပြီး SME ကတ်လုပ်ရပါတယ်။
လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ (၁) လုပ်ငန်းမှတ်ပုံတင်မိတ္တူ၊ (၂) လုပ်ငန်းပိုင်ရှင်ရဲ့ ဓါတ်ပုံ၊ (၃) နိုင်ငံသားမှတ်ပုံတင်မိတ္တူ၊ (၄) သန်းခေါင်စာရင်းမိတ္တူတို့ လိုအပ်ပါတယ်။ တစ်လလောက်ကြာရင် ကတ်ရမှာဖြစ်ပြီး၊ ဖုန်းဆက်အကြောင်းကြားပေးပါတယ်။
# Crd
Yangon , MSMEs Development Department , DISI , MOI

Happy New Year
01/01/2023

Happy New Year

လက်လီစီးပွားရေး စီမံခန့်ခွဲခြင်း Retail management (Part 2) လက်လီစီးပွားရေး လုပ်ငန်းမှာ နောက်အရေးအကြီးဆုံးက merchandisin...
21/04/2022

လက်လီစီးပွားရေး စီမံခန့်ခွဲခြင်း Retail management (Part 2)

လက်လီစီးပွားရေး လုပ်ငန်းမှာ နောက်အရေးအကြီးဆုံးက merchandising ဆိုတဲ့ ကိုယ့်ရဲ့ product တွေကို ခင်းကျင်းပြသတာ အရမ်းအရေးကြီးပါတယ်။ဒီတော့ product တွေကို merchandising လုပ်တဲ့အခါ

(1)Draw store layout plan
ပထမဦးဆုံး စပြီးတော့ ကိုယ်ဖွင့်မယ့် ဆိုင်ရဲ့ store layout plan ကို စာရွက်အပေါ်မှာ ချပြီးဆွဲပါ ပြီးရင်

(2)Separate product category

ကိုယ်ရောင်းမယ့် product တွေကို category ခွဲပါ ဥပမာ အစားအသောက်၊ အဝတ်အထည် ၊ လူသုံးကုန်ပစ္စည်းစသဖြင့် အကြမ်းဖျင်းအရင်ခွဲပါပြီးရင် အဲ့ခွဲထားတဲ့ category အလိုက် sub category တွေပြန်ခွဲပါ ဥပမာ စာသောက်ကုန်ဆိုရင် ခေါက်ဆွဲပြုတ်၊ မုန့်ချောက်၊အချိုရည် ၊ အကြော်များစသဖြင့် ထပ်ပြီးခွဲပါ။နောက်တဆင့်အနေနဲ့

(3)ခုနက ဆွဲထားတဲ့ layout plan နဲ့ product category တွေထားဖို့ စင်တွေကို ပုံထဲမှာ နေရာချကြည့်ပါ ကိုယ်ထားမယ့် shelf တွေက size တွေ ဘယ်လောက်ရှိလဲ အကြမ်းဖျင်းသိရပါမယ် product တွေကို category အလိုက် နေရာချတဲ့ အခါ ရောင်းကောင်းတဲ့ ပစ္စည်းတွေကို အတွင်းထဲမှာထားပါ ဥပမာ အအေးအချိုရည်တွေဖြစ်ပါတယ် နောက်ပြီး promotion ပေးထားတဲ့ productတွေကို အရှေ့ကို ထုပ်ထားရပါမယ်။

နောက်ပြီး shelf မှာစီတဲ့ အခါ product တွေကို category ,sub category အလိုက်စီရပါမယ် ဥပမာ coffee တွေထားရင် coffee categoryတွေပဲ ထားရမည် ၊ခေါက်ဆွဲချောက်တွေထားရင် ခေါက်ဆွဲချောက်တွေပဲ ထားရပါမယ် နောက် အစားအသောက် shelf line ဆို အစားအသောက်၊ လူသုံးကုန်ပစ္စည်းတွေထားရင် သက်သက်တစ် line ထားရပါမယ် ဖြစ်နိုင်ရင် board လေးတွေချိန်ထားပြီး ဒီline မှာ ဘာcategoryတွေရှိလဲ ရေးထားပါ ဒါမှာ ဝယ်တဲ့သူက အစားအသောက်line ထဲဝင်မယ် ခေါက်ဆွဲချောက်ရှာရင် ခေါက်ဆွဲချောက်တန်းတွေ့ပါမယ် ပြီးတော့ shelf အမြင့်level အလိုက်ထားဖို့ဆိုရင် ရောင်းကောင်းတဲ့ brand တွေကို လူတစ်ယောက်ရဲ့ eye levelတွေမှာထားပါ ကလေးproductတွေဆိုရင် ကလေးတွေပူဆာအောင် ကလေးeye levelမှာထားပါ ကျန်တဲ့ အပေါ်ဆုံးနဲ့ အောက်ဘက်တွေကိုတော့ product ရဲ့ brand အပေါ်အခြေခံပြီး ထားပါ။နောက်တစ်ခုကတော့

(4)ဘယ်နေရာတွေက supplier တွေကို promotionလုပ်ဖို့အတွက်နေရာ ဌားလိုရလဲဆိုတာကို စဥ်းစားရပါမယ် ဥပမာ gondola နေရာတွေဌားစားတာ တစ်လ ဘယ်လောက်ဆိုပြီး၊ နောက် ခြင်းတောင်းတွေလိုမျိုးလုပ်ကာ ကိုယ်ဆိုင်ရဲ့ flyer ထုပ်ရင် flyer ထဲ ကြော်ညာကနေ ဝင်ငွေရရှိနိုင်ပါတယ် စျေးကြီးတဲ့ flyer စစချင်းမျက်နှာတွေမှာကြောညာရင် ဘယ်နေရာ free ပေးထားတာမျိုးတွေချိတ်ဆက်ပြီးလုပ်လို့ရပါတယ်။နောက်

(5)ကိုယ့်ရဲ့ဆိုင်ကို သိဖို့ဆိုရင် လူသိအောင်လုပ်ဖို့လိုပါတယ် ဒီအတွက် Digital marketing channelတွေ ဖြစ်တဲ့ Facebook တွေ ၊display ads တွေကိုလည်းသုံးလို့ရပါတယ် Fb မှာဆိုရင် targetရွေးတဲ့အခါ ကိုယ့်ဆိုင်ရဲ့ ၁မိုင်ပတ်လည် ၊ ၂မိုင်ပတ်လည်က လူတွေကိုရွေးပြီးကြောညာလို့ရပါတယ်။ နောက်ကိုယ့်ရဲ့ ဆိုင်ဖွင့်ပွဲမှာ ဆိုင်နီးနားတွေကို လက်ဆောင်တွေပေးတာစသဖြင့်ပြုလုပ်ပေးနိုင်ပါတယ်။
Part (1) link
https://www.facebook.com/1981902718720660/posts/2898768243700765/
အားလုံးကို ကျေးဇူးတင်ပါတယ်
Myint Maung Maung Tun

လက်လီစီးပွားရေး စီမံခန့်ခွဲခြင်း Retail management (Part 2)

လက်လီစီးပွားရေး လုပ်ငန်းမှာ နောက်အရေးအကြီးဆုံးက merchandising ဆိုတဲ့ ကိုယ့်ရဲ့ product တွေကို ခင်းကျင်းပြသတာ အရမ်းအရေးကြီးပါတယ်။ဒီတော့ product တွေကို merchandising လုပ်တဲ့အခါ

(1)Draw store layout plan
ပထမဦးဆုံး စပြီးတော့ ကိုယ်ဖွင့်မယ့် ဆိုင်ရဲ့ store layout plan ကို စာရွက်အပေါ်မှာ ချပြီးဆွဲပါ ပြီးရင်

(2)Separate product category

ကိုယ်ရောင်းမယ့် product တွေကို category ခွဲပါ ဥပမာ အစားအသောက်၊ အဝတ်အထည် ၊ လူသုံးကုန်ပစ္စည်းစသဖြင့် အကြမ်းဖျင်းအရင်ခွဲပါပြီးရင် အဲ့ခွဲထားတဲ့ category အလိုက် sub category တွေပြန်ခွဲပါ ဥပမာ စာသောက်ကုန်ဆိုရင် ခေါက်ဆွဲပြုတ်၊ မုန့်ချောက်၊အချိုရည် ၊ အကြော်များစသဖြင့် ထပ်ပြီးခွဲပါ။နောက်တဆင့်အနေနဲ့

(3)ခုနက ဆွဲထားတဲ့ layout plan နဲ့ product category တွေထားဖို့ စင်တွေကို ပုံထဲမှာ နေရာချကြည့်ပါ ကိုယ်ထားမယ့် shelf တွေက size တွေ ဘယ်လောက်ရှိလဲ အကြမ်းဖျင်းသိရပါမယ် product တွေကို category အလိုက် နေရာချတဲ့ အခါ ရောင်းကောင်းတဲ့ ပစ္စည်းတွေကို အတွင်းထဲမှာထားပါ ဥပမာ အအေးအချိုရည်တွေဖြစ်ပါတယ် နောက်ပြီး promotion ပေးထားတဲ့ productတွေကို အရှေ့ကို ထုပ်ထားရပါမယ်။

နောက်ပြီး shelf မှာစီတဲ့ အခါ product တွေကို category ,sub category အလိုက်စီရပါမယ် ဥပမာ coffee တွေထားရင် coffee categoryတွေပဲ ထားရမည် ၊ခေါက်ဆွဲချောက်တွေထားရင် ခေါက်ဆွဲချောက်တွေပဲ ထားရပါမယ် နောက် အစားအသောက် shelf line ဆို အစားအသောက်၊ လူသုံးကုန်ပစ္စည်းတွေထားရင် သက်သက်တစ် line ထားရပါမယ် ဖြစ်နိုင်ရင် board လေးတွေချိန်ထားပြီး ဒီline မှာ ဘာcategoryတွေရှိလဲ ရေးထားပါ ဒါမှာ ဝယ်တဲ့သူက အစားအသောက်line ထဲဝင်မယ် ခေါက်ဆွဲချောက်ရှာရင် ခေါက်ဆွဲချောက်တန်းတွေ့ပါမယ် ပြီးတော့ shelf အမြင့်level အလိုက်ထားဖို့ဆိုရင် ရောင်းကောင်းတဲ့ brand တွေကို လူတစ်ယောက်ရဲ့ eye levelတွေမှာထားပါ ကလေးproductတွေဆိုရင် ကလေးတွေပူဆာအောင် ကလေးeye levelမှာထားပါ ကျန်တဲ့ အပေါ်ဆုံးနဲ့ အောက်ဘက်တွေကိုတော့ product ရဲ့ brand အပေါ်အခြေခံပြီး ထားပါ။နောက်တစ်ခုကတော့

(4)ဘယ်နေရာတွေက supplier တွေကို promotionလုပ်ဖို့အတွက်နေရာ ဌားလိုရလဲဆိုတာကို စဥ်းစားရပါမယ် ဥပမာ gondola နေရာတွေဌားစားတာ တစ်လ ဘယ်လောက်ဆိုပြီး၊ နောက် ခြင်းတောင်းတွေလိုမျိုးလုပ်ကာ ကိုယ်ဆိုင်ရဲ့ flyer ထုပ်ရင် flyer ထဲ ကြော်ညာကနေ ဝင်ငွေရရှိနိုင်ပါတယ် စျေးကြီးတဲ့ flyer စစချင်းမျက်နှာတွေမှာကြောညာရင် ဘယ်နေရာ free ပေးထားတာမျိုးတွေချိတ်ဆက်ပြီးလုပ်လို့ရပါတယ်။နောက်

(5)ကိုယ့်ရဲ့ဆိုင်ကို သိဖို့ဆိုရင် လူသိအောင်လုပ်ဖို့လိုပါတယ် ဒီအတွက် Digital marketing channelတွေ ဖြစ်တဲ့ Facebook တွေ ၊display ads တွေကိုလည်းသုံးလို့ရပါတယ် Fb မှာဆိုရင် targetရွေးတဲ့အခါ ကိုယ့်ဆိုင်ရဲ့ ၁မိုင်ပတ်လည် ၊ ၂မိုင်ပတ်လည်က လူတွေကိုရွေးပြီးကြောညာလို့ရပါတယ်။ နောက်ကိုယ့်ရဲ့ ဆိုင်ဖွင့်ပွဲမှာ ဆိုင်နီးနားတွေကို လက်ဆောင်တွေပေးတာစသဖြင့်ပြုလုပ်ပေးနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်
Crd # Myint Maung Maung Tun

မြန်မာနိင်ငံ ယစ်မျိုး နည်းဥပဒေအရ ယစ်မျိုးလိုင်စင်အမျိုးအစားများ၁။ B1- ဗျစ်ရည် စက်ရုံပိုက်ဆိုင်ခွင့်နှင့်ချက်လုပ်ခွင့်(ပု...
20/04/2022

မြန်မာနိင်ငံ ယစ်မျိုး နည်းဥပဒေအရ
ယစ်မျိုးလိုင်စင်အမျိုးအစားများ

၁။ B1- ဗျစ်ရည် စက်ရုံပိုက်ဆိုင်ခွင့်နှင့်ချက်လုပ်ခွင့်(ပုံသေ)

၂။CFL1- ထန်းရည် ဓနိရည်ကို ဥပစာအတွင်းသောက်သုံးရန် သို့မဟုတ် ဥပစာပြင်ပသို့ ယူဆောင်ရန်လက်လီရောင်းချခွင့်(လေလံ)

၃။CFL2- ထန်းရည် ဓနိရည်မှအပ အခြားလှော်စာရည်များကို ထုတ်လုပ်ခွင့်နှင့် ဆိုင်ဥပစာအတွင်း သောက်သုံးရန် သို့မဟုတ် ဥပစာပြင်ပသို့ သယ်ဆောင်ရန် လက်လီရောင်းချခွင့်(လေလံ)

၄။ CFL2A- ထန်းရည် ဓနိရည်မှအပ အခြားလှော်စာည်များက်ု စားသောက်ဆိုင်သို့မဟုတ် နားနေခန်း ဥပစာအတွင်း သောက်သုံးရန် ကောင်တာဖွင့်၍ လက်လီရောင်းချခွင့်(လေလံ)

၅။ CS1- နိင်ငံတွင်း စက်ရုံများမှ ထုတ်လုပ်သော ဖိုထွက် ချက်အရက်ကိုဆိုင်ဖွင့်၍ ဥပစာအတွင်းသောက်သုံးရန်သို့မဟုတ် ဥပစာပြင်ပသို့ယူဆောင်ရန် လက်လီရောင်းချခွင့်(လေလံ)

၆။ CS2- အရက်ဖိုပိုင်ဆိုင်ခွင့် ချက်လုပ်ခွင့်နှင့် ဖိုထွင်ချက်အရက်ကိုဆိုင်ဖွင့်၍ ဆိုင်ဥပစာအတွင်းသောက်သုံးရန် သို့မဟုတ် ဥပစာပြင်ပသို့ယူဆောင်ရန်လက်လီရောင်းချခွင့်(လေလံ)

၇။CS2A -ဖိုထွက်ချက်အရက်ကို စားသောက်ဆိုင် သို့မဟုတ်နားနေခန်းဥပစာအတွက်း သောက်သုံးရန် ကောင်တာဖွင့်၍ လက်လီရောင်းချခွင့်(ပုံသေ)

၈။ CS3- မြန်မာပြည်အတွင်းရှိ အရက်ဖိုများမှ ထုတ်လုပ်သော ဖိုထွက်ချက်အရက်ကိုဆိုင်ဖွင့်၍ ဆိုင်ဥပစာအတွင်းသောက်သုံးရန် သို့မဟုတ် ဥပစာပြင်ပသို့ယူဆောင်ရန်လက်လီရောင်းချခွင့်(လေလံ)

၉။ DI အရက်ချက်စက်ရုံ ပိုင်ဆိုင်ခွင့် နှင့် ချက်လုပ်ခွင့်(ပုံသေ)

၁၀။ DIA - နိင်ငံခြားအရက်ပြင်းကိုထုတ်လုပ်ရန် ရောနှောရန် အရောင်ဆိုးရန် အနံ့ထည့်ရန်နှင့် ပုလင်းသွတ်ရန် အရက်ချက်စက်ရုံပိုင်ဆိုင်ွင့် ချက်လုပ်ခွင့် လိုင်စင်ရ ရောင်းချသူများကိုသာ လက်လီရောင်းချခွင့်(ပုံသေ)

၁၁။ D2- အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်သာရှိပြီး ချက်လုပ်ခွင့်မရှိ(ပုံသေ)

၁၂။ FL6- မြန်မာပြည်အတွင်းရှိ အရက်ချက်စက်ရုံမှ ထုတ်လုပ်နေိင်ငံခြားအရက်ပြင်း ကို လက်ကားရောင်းချခွင့်(ပုံသေ)

၁၃။ FL8- မြန်မာပြည်အတွင်းရှိ ဗျစ်ရည်စက်ရုံမှ ထုတ်လုပ်သောဗျစ်ရည်များကို လက်ကားရောင်းချခွင့်(ပုံသေ)

၁၄။ FL9- မြန်မာပြည်အတွင်းရှိ ဗျစ်ရည်စက်ရုံမှ ထုတ်လုပ်သောဗျစ်ရည်များကို ဆိုင်ဥပစာအတွင်းသောက်သုံးရန် သို့မဟုတ် ဥပစာပြင်ပသို့ယူဆောင်ရန် လက်လီရောင်းချခွင့်( ပုံသေ)

၁၅။FL 10- ဗျစ်ရည်ကို ဆိုင်ဖွင့်၍ ဆိုင်ဥပစာအတွင်း သောက်သုံးရန် သို့မဟုတ် ဥပစာပြင်ပသို့ ယူဆောင်ရန် လက်လီရောင်းချခွင့်(လေလံ)

၁၆။ FL11- နိင်ငံခြားအရက်များကို လက်ကားရောင်းချခွင့်(ပုံသေ)

၁၇။ FL12- နိင်ငံခြားအရက်များကို ကုန်စုံဆိုင်တွင် ါက်လီလက်ကားရောင်းချခွင့်ရှိပြီး ဆိုင်ဥပစာအတွင်းသောက်သုံးခွင့်မရှိ(ပုံသေ)

၁၈။ FL15- နိင်ငံခြားအရက်များကို ဟော်တယ် ဥပစာအတွင်း တည်းခိုသူများနှင့် ခရီးသွားသူများသောက်သုံးရန် ဟိုတယ်ပိုင်ရှင် သို့မဟုတ် မန်နေဂျာက ဆိုင်ဖွင့်၍ လက်လီရောင်းချခွင့်(ပုံသေ)

၁၉။ FL16- နိင်ငံခြားအရက်များကို ကလပ်ဥပစာအတွင်းသောက်သုံးရန် ကလပ်ပိုင်ရှင်က ဆိုင်ဖွင့်၍ လက်လီ ရောင်းချခွင့်(ပုံသေ)

၂၀။ FL17- နိင်ငံခြားအရက်များကို ဟော်တယ်နှင့် နားနေခန်းဥပစာအတွင်း သောက်သုံးရန် ဟော်တယ်ပိုင်ရှင် သို့မဟုတ် မန်နေဂျာက ကောင်တာဖွင့်၍ လက်လီရောင်းချခွင့်( ပုံသေ)

၂၁။ FL21- နိင်ငံခြားအရက်များကို သဘေ်ာ၀န်ထမ်းများနှင့် ခရီးသွားများ သဘေ်ာပေါ်တွင် သောက်သုံးရန် သဘေ်ာမာလိန်မှူး သို့မဟုတ်ဘဏ္ဍာစိုးက ကောင်တာဖွင့်၍ လက်လီရောင်းချခွင့်(ပုံသေ)

၂၂။ FL23-မူးယစ်စေတက်သောဆေးဝါးမဟုတ်သော အရက်ပြန်ရာခိုင်နူန်း 20 မှ 45 ထိ ပါဝင်သည့် ဆေးဘက်ဝင်ဝိုင်နှင့် အလားတူဖျော်ရည်များကို ဆေးဆရာသို့မဟုတ် ကျန်းမာရေးဝန်ထမ်းသို့မဟုတ် ကုန်စုံဆိုင်ပိုင်ရှင်က ရောင်းချခွင့် (ပုံသေ)

၂၃။ FL24- သန့်စင်ပြီး နိင်ငံခြားအရက်ပြင်း ကို ဆေးဆရာများက ရောင်းချခွင့်(ပုံသေ)

၂၄။ FL-2C- သန့်စင်ပြီးအရက်ပြန်များကို သိုလှောင်သိမ်းဆည်းထားနိင်ရန်နှင့် တင်ချာ အရက်ပြင်းနှင့် အခြားအရက်ပြန်ပါဝင်သည့် ဆေးဝါးထုတ်လုပ်နိင်ရန် ကုန်ပစ္စည်းသိုလှောင်ရန် ဆောက်လုပ်ခွင့်(ပုံသေ)

၂၅။ FL-2D- အရက်ပါဝင်သည့်ဆေးဝါးများကို မြန်မာဆေးရာများက ထုတ်လုပ်ခွင့် ပိုင်ဆိုင်ခွင့် နှင့် ရောင်းချခွင့်(ပုံသေ)

၂၆။W-1- ဝိုင်အရက်များထုတ်လုပ်ခွင့် (ပုံသေ)

၂၇။Y-1- တားဆေးများထုတ်လုပ်ခွင့် နှင့် ရောင်းချခွင့်(ပုံသေ)

၂၈။ Y-2- တားဆေးများရောင်းချခွင့်(ပုံသေ)



crd ကောင်းမြတ်သူ

09765472502
0943012432
Ko Win

Address

Siggaing Street
Yangon

Telephone

+95943012432

Website

Alerts

Be the first to know and let us send you an email when Win Family အရက်၊ဘီယာနှင့်စားသောက်ကုန် လက်လီ/လက်ကားရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Win Family အရက်၊ဘီယာနှင့်စားသောက်ကုန် လက်လီ/လက်ကားရောင်းဝယ်ရေး:

Share