26/08/2026
Online Trading စျေးကွက်မှာ .. စျေးအလှုတ်
အခတ်များများဖြစ်ခါနီးရင် (သို့) Big Move နဲ့ Trend တခု ပုံဖော်ခါနီးရင် .. ကြိုပြီးဖြစ်လေ့ရှိတဲ့ Sign တွေကို ပြောပြပေးပါမယ်ခင်ဗျာ။
စျေးကွက်က တဖက်ဖက်ကို .. အရှိန်ပါပါနဲ့ .. ထိုးဖောက်ထွက်ခါနီးရင် .. ဘာ Sign တွေကို ရှေ့ပြေးအနေနဲ့ တွေ့ရတတ်သလဲဆိုတာကို .. နားလည်ထားဖို့ကလဲ .. Trading မှာ လိုအပ်တဲ့ Skill တခုဖြစ်ပါတယ်။
ဒါမှသာ .. စျေးကွက်က တဟုန်ထိုး .. အတက်အကျသွားတဲ့အခါ .. လွတ်မှာစိုးရိမ်ပြီး .. ကြုံသလိုဝင်လိုက်တာမျိုးတွေကို .. သတိပြုလို့ရမှာပါ။
ကျွန်တော်တို့ Trader တွေ .. သိထားရမှာ တခုက .. စျေးကွက်ကို ကြိုမှန်းဖို့ မကြိုးစားပါနဲ့ .. ကြိုတင် ပြင်ဆင်ဖို့ပဲ ကြိုးစားပါ .. ဘာဖြစ်လာရင် ဘာဆက်လုပ်မလဲဆိုတဲ့ Plan ကိုသာ .. ပြင်ဆင်ထားပါ။
ဒါဆိုရင် စျေးကွက်မှာ .. Big Move မဖြစ်ခင် .. ကြိုပေါ်လေ့ရှိတဲ့ Characteristics တွေကို လေ့လာကြည့်ရအောင်။
I. Consolidation (Sideways)
စျေးကွက်က .. Resistance စျေးတန်းတခုနဲ့ .. Support စျေးတန်းတခုကြားမှာ .. Range ကျဉ်းကျဉ်းကလေးနဲ့ .. ငြိမ်ပြီး စျေးအီနေပြီဆိုရင် .. ဒါဟာ ဘယ်ဘက်ကို ဖောက်ထွက်ရမလဲဆိုတဲ့ .. Decision ကို ချတော့မယ့် အချိန်ဖြစ်ပါတယ်။
ဒါကို “ Quiet Zone “ လို့သတ်မှတ်လို့ရပါတယ်။
ကျွန်တော်တို့ ကြိုသိထားရမှာက .. Quiet Zone ဖြစ်ပြီးရင် .. Strong Breakout ပါပဲ။
ဒါကို သေချာနားမလည်ထားပဲ .. စျေးငြိမ်နေတုန်းမှာ .. မရမက ရှာကြံဝင်ပြီး .. ရောင်းလိုက်၊ ဝယ်လိုက်၊ ရှုံးလိုက်နဲ့ .. ကျွန်တော်တို့ အလုပ်တွေရှုပ်ပြီး ပင်ပန်းနေပြီဆိုရင် .. တဖက်ဖက်ကို Break သွားတဲ့အချိန် .. တကယ် အမြတ်တွေ တစီတတန်း ရရမယ့် အချိန်လဲရောက်ရော .. ကျွန်တော်တို့ ပင်ပန်းပြီး.. နား ကျန်ခဲ့လိုက်ကြရော .. ပိုက်ဆံကုန်သွားလို့ ထိုင်ကြည့်နေလိုက်ရရော ။
ဒါဟာ ကျွန်တော်တို့ သတိပြုရမယ့် ပထမဆုံးအချက်ဖြစ်ပါတယ် .. Breakout ဖြစ်ရင် ဘာဆက်လုပ်မလဲ .. ကြိုတင်ပြင်ဆင်ပြီး .. Quiet Zone မှာ ခဏစောင့်ပါ .. စိတ်ရှည်ပါ။
II. Low Volatility
စျေးကွက်က .. Candle သေးသေးကလေးတွေ ၊ Movement နှေးနှေးလေးတွေ၊ Volume က မပါသလောက် နည်းနည်းလေးတွေနဲ့ .. စိတ်ရှုပ်စရာကောင်းလောက်အောင် .. ငြိမ်အီပြီး ပြနေရင် .. သတိထားလိုက်ပါ။
ဒါဟာ .. မုန်တိုင်း မလာခင် .. လေငြိမ်နေတဲ့ အခြေအနေ (“Calm before the storm “ ) နဲ့တူပါတယ် .. မကြာခင် Strong Breakout လာတော့မှာပါ။
After Breakout အခြေအနေအတွက် .. ပြင်ဆင်ထားပါ .. ဖောက်ထွက်ခါမှ .. ကြုံသလို အမြန် မလိုက်ပါနဲ့ .. အမြင့်စျေးတွေမှာ အဝယ်မိ၊ အနိမ့်စျေးတွေတွေမှာ အရောင်းမိ .. နေပါလိမ့်မယ်။
ကံကောင်းလို့ မြတ်သွားရင်တောင် .. ရင်တုန်
စိတ်လှုပ်ရှားပြီး .. ကြောက်ကြောက်လန့်လန့်နဲ့ ဘယ်အချိန်ပိတ်ရမလဲ .. လက်တန်း ထိုင်စောင့်ပြီးမှ .. တရစပ်ဝင်ပြီး ရလာတဲ့ အမြတ်ပဲ .. ဖြစ်ပါလိမ့်မယ်။
Prepared plan မရှိတဲ့အတွက် .. စိတ်ချလက်ချ ယုံကြည်မှုရှိရှိနဲ့ .. TP, SL ထားထားတဲ့ အမြတ်မျိုးတော့ မရပါဘူး .. ဒီနည်းကို .. ရေရှည်လဲ သုံးလို့မရပါဘူး။
III. Triangle Patterns or Flag Patterns
Trader အားလုံးနီးပါး .. သိပြီးသား Pattern တွေဖြစ်တဲ့ .. Symmetric Triangle Patterns တွေ၊ Bull or Bear Flag Patterns တွေ .. ပေါ်လာတတ်ပါတယ်။
Symmetric Triangle ကတော့ .. တဖက်ဖက်ကို ဖောက်ထွက်ဖို့ .. Pressure တခုကို စုနေသလိုမျိုး .. Range တွေကျဉ်းပြီး .. စုဆုံလာပါတယ်။
Flag ကတော့ .. Trend တခုဖြစ်ပြီးရင် .. ခဏနားပြီး .. Rectangle လို Pattern အသေးလေး ပေါ်လာမယ် .. Pressure တခုကို စုမယ် (Bull flag ဆို Buying pressure, Bear flag ဆို Selling pressure ပေါ့) .. ပြီးရင် နဂို Trend အတိုင်း .. Continuous Breakout နဲ့ .. ဖောက်ထွက်သွားပါတယ်။
ဒီလို Pattern တွေကို .. Breakout Confirmation နဲ့ သေချာစောင့် Trade တတ်ရင်လဲ .. Target ကောင်းကောင်းရနိုင်ပါတယ်။
ဒါပေမယ့် .. Pattern ဖွဲ့နေတဲ့ Range ကျဉ်းကျဉ်းကလေးထဲမှာ .. Trade မကောင်းတာကို .. ရှာကြံ Trade နေမိရင်လဲ .. Emotions ဝင်လာပြီး .. Breakout အခွင့်အရေးကို .. မရတော့တာမျိုး ကြုံတတ်လို့ .. သတိထားရပါမယ်။
IV . Decreasing Volume
စျေးက Ranging သွားနေရင် .. Volume လဲ တဖြည်းဖြည်း ကျလာပါတယ်။
ဒါဟာ .. Trader တွေက .. ဘယ် Direction ကို လိုက်ရမလဲဆိုတာ .. စောင့်ကြည့်နေကြတဲ့ အခြေအနေတခုပါ။
ဒါကြောင့် .. ကိုယ်လဲ စောင့်ကြည့်နေလိုက်ပါ။
Big move မဖြစ်ခင်မှာ .. Candle တွေဟာ …Volume နဲ့ Spike အရှည်ကြီးတွေနဲ့ ရိုက်ပြပြီး Liquidate လုပ်တာမျိုး ရှိတတ်ပါတယ်။
ဒီနေရာမှာ Liquidity ရဲ့သဘောကို .. နားလည်ထားဖို့တော့ လိုပါတယ်။
V. Momentum Divergence
“ Market ရဲ့ Price Direction “ နဲ့ “ (RSI, MACD , Stochastic) စတဲ့ Indicator တမျိုးရဲ့ Direction က “ .. ဆန့်ကျင်ဘက် ဖြစ်သွားတာမျိုးဆိုရင်လဲ .. လက်ရှိဖြစ်နေတဲ့ Trend က Weak ဖြစ်လာပြီး .. Reversal or Strong Breakout ဖြစ်တော့မယ့် .. အခြေအနေမျိုးကို ပြတတ်ပါတယ်။
ဒီနေရာမှာ သတိပြုရမှာက .. Divergent Indicators ဖြစ်တိုင်း ..
Breakout ဖြစ်တယ်လို့ .. ဆိုလိုတာမျိုး .. မဟုတ်ပါ။
VI. Liquidity Grabs (Stop Hunts)
Market က .. True Direction တခုကို မသွားခင်မှာ .. Liquidity စုတဲ့အနေနဲ့ .. High or Low Points တွေကို Sweep လုပ်တတ်ပါတယ်။
တနည်းအားဖြင့် .. Stop Loss တွေကို စားလိုက်တာမျိုးပါ။
ဒါကြောင့် Liquidity Grabs တွေကိုလဲ .. သိထားရပါမယ်။
VII. Repeated Level Testing
စျေးက .. Resistance or Support လိုမျိုး .. Price Level တခုခုကို .. ခဏခဏ အကြိမ်ကြိမ် လာပြီး Test လုပ်နေတာမျိုးဆိုရင် .. အဲ့ဒီ Level ဟာ .. Weak ဖြစ်နေပြီ .. မကြာခင် Breakout ဖြစ်နိုင်တယ်ဆိုတာမျိုးကို .. သိထားဖို့လိုအပ်
ပါတယ်။
VIII. Bollinger Band Squeeze
Bollinger Band Indicator သုံးတဲ့ သူတွေဆိုရင်လဲ .. Squeeze ဖြစ်လာရင် .. တဖက်ဖက်ကို Breakout ဖြစ်တော့မယ့် Sign တခုပါ။
ဒီနေရာမှာ .. Bollinger Band Indicator ကို .. မဖြစ်မနေ သုံးရမယ်လို့ မဆိုလိုပါဘူး .. Breakout ကိုပြတဲ့ .. အခြေအနေတခု ဆိုတာကိုပဲ ပြောတာပါ။
IX . Waiting for Major News
NFP, CPI, FOMC , Interest Rate, or Geopolitical News တွေ .. မထွက်ခင်မှာ .. စျေးငြိမ်နေတတ်ပြီး .. News ထွက်ပြီးရင် .. Volatility တွေများလာတာ၊ Breakout ဖြစ်တာတွေ .. ရှိတတ်ပါတယ်။
ဒီ News တွေ ထွက်လာတဲ့အချိန်ရောက်မှ .. ကြုံသလို အမြန် လိုက်ဝင်တာထပ်စာရင် .. After News အခြေအနေမှာ .. ဘာဆက်လုပ်မလဲဆိုတာကို .. Prepared plan လုပ်ထားသင့်ပါတယ်။
X. Order Flow Imbalance
Candle တွေကိုကြည့်လိုက်ရင် .. Buying Pressure နဲ့ Selling Pressure .. မမျှတတော့တဲ့အချိန်တွေရှိပါတယ်။
ဒါကြောင့် Imbalance Candle အခြေအနေတွေကိုလဲ .. နားလည်ထားရပါမယ်။
XI. Smart Money Positioning
Unusual Wick တွေ၊ Faked Breakout တွေ၊ Manipulation လုပ်တာတွေ .. ဒီလို အခြေအနေတွေဟာ .. Institutions တွေက .. Big Move တွေဖန်တီးဖို့ .. Prepare လုပ်နေတာပဲဖြစ်ပါတယ်။
Institutional Concept တွေကိုလဲ .. စိတ်ဝင်စားရင် လေ့လာထားသင့်ပါတယ်။
Big Move တွေကို ခြေရာကောက်ဖို့ .. အထောက်အကူပြုနိုင်ပါတယ်။
ဒါကတော့ .. ကျွန်တော် သတိပေးချင်တဲ့ .. Strong Breakout မတိုင်ခင် .. တွေ့ရတဲ့ Sign တွေထဲက .. တချို့ဖြစ်ပါတယ်ခင်ဗျာ။
ဒီ Content ကို .. ကျွန်တော် ဖန်တီးဖြစ်တဲ့ အကြောင်းကတော့ .. လက်ရှိ Market နဲ့လဲ တိုက်ဆိုင်နေသလို .. ကျွန်တော်တို့ Trader တွေကို ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရစေတဲ့ .. အကြောင်းအရင်းတွေထဲမှာ .. Before Breakout Conditions တွေကို .. မသိလို့ဖြစ်စေ၊ သိသိရက်နဲ့ မှားနေတဲ့ အခြေအနေတွေက .. အများကြီးသက်ဆိုင်နေတာကြောင့်ပါ။
ဒါလို Early Signal တွေကို သတိပြုမိရင် .. ကျွန်တော်တို့က ….
~ Emotionally Trade ဝင်တာတွေကို .. တားနိုင်မယ်။
~ အရှိန်နဲ့ဖောက်ထွက်ရင် .. လွတ်မှာစိုးလို့ .. ကြုံသလို အမြန်လိုက်ဝင်တတ်တဲ့ .. အမှားတွေ .. နည်းလာမယ်။
~ Breakout မဖြစ်ခင်မှာ ရှာကြံဝင်နေတာထပ် .. Breakout ဖြစ်ပြီးရင် ဘာဆက်လုပ်မလဲဆိုတဲ့ Setup တွေကို .. ကြိုပြင်ဆင်ထားမယ်။
~ ကျွန်တော်တို့ဝင်ထားတဲ့ .. Trade Entry တွေဟာ .. ပိုပြီး Clear ဖြစ်လာပြီး .. Confident ဖြစ်လာစေမယ်။
ကျွန်တော် အကြံပြုလိုတာကတော့ ..
“ Professional traders don’t predict _ they prepare “ ပါ။
အခု ဒီ Content ကို ဖတ်ပြီးသွားရင်တော့ .. အတွေးအမြင်တခုရပြီး .. လူကြီးမင်းတို့ရဲ့ Trading Journey မှာ .. လိုအပ်နေတာတခုခုကို .. သတိပြုနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
Ko Myo
20.11.25 (MMT - 7:00 p.m)
ဒီထဲမှာ အကြံပြုထားတဲ့ အချက်အလက်တွေအတိုင်း .. Market ကို .. လိုအပ်ရင်လိုအပ်သလို .. ဘယ်အအခြေအနေမှာပဲဖြစ်ဖြစ် .. စနစ်တကျချဉ်းကပ် သုံးသပ်တတ်ချင်တယ်ဆိုရင် ..
ကျွန်တော်သင်ကြားပေးနေတဲ့ .. Basic to Advanced Level အထိ .. Online Trading Class များ ရှိတာဖြစ်လို့ .. စနစ်တကျ တက်ရောက်လေ့လာ လိုပါက ယခု Telegram Acc : https://t.me/KoMyo17 မှတဆင့် လာရောက်တိုင်ပင်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။