Khaing Si Lwin Myint

Call Directions Contact the business

Khaing Si Lwin Myint Financial Consultant

Thank you so much for sending me the lovely congratulatory cake. I really appreciate it. ❤️ 2025,2026
25/09/2026

Thank you so much for sending me the lovely congratulatory cake. I really appreciate it. ❤️


2025,2026

ကိုယ့်ဘဝကို အာမခံချက်ပေးလို့ဘဝအာမခံလို့ခေါ်တာ အခုလိုကာလမှာ စိုးရိမ်ပူပန်မှုတွေများနေတယ်မလား?မမျော်လင့်တာတွေ ဖြစ်လာခဲ့ရင်...
23/09/2026

ကိုယ့်ဘဝကို အာမခံချက်ပေးလို့
ဘဝအာမခံလို့ခေါ်တာ

အခုလိုကာလမှာ စိုးရိမ်ပူပန်မှုတွေများနေတယ်မလား?

မမျော်လင့်တာတွေ ဖြစ်လာခဲ့ရင် ....ရင်ဆိုင်ရမှာ
ကိုယ့်ရှေ့ရေး အိုစာနာစာ အတွက်လား? သားသမီးပညာရေး ခါးမပြတ်စေရေးလား??
stress များပြီး အိပ်လို့တောင်မပျော်ဘူးနော်

အဲဒါ Future Plan မရှိလ်ု့ပါ
Protection Fund တစ်ခုက်ု Create မလုပ်ရသေးလ်ု့ပါ
Life Insurance မထားရေသးလို့ပါ

ဝင်ငွေမရှိလို့ နည်းသွားလို့ ဆင်ခြေတွေပေးနေရင်
Secure Future နဲ့ ဝေးနေအုန်းမှာပါ

ဒီပို့စ်ဖတ်ပြီး အခုလ အသုံးစားရိတ် ပြန်စစ်ကြည့်ပါအုန်း
မလိုပဲသုံးထားတာတွေ တွေ့လာမှာပါ
ဒီတော့ မလိုတာတွေ မသုံးပဲ
တလ အနည်းဆုံး ၂ သောင်းကျော် ကနေ ကိုယ်နိူင်သရွေ့ save လုပ်ပြီး ဘဝအာမခံရယူနိူင်ပါပြီ
ဘယ်လို Benefit တွေရမှာလဲ ဆိုတာကတော့

အသေးစိတ်ပြောပြချင်လို့
09 43049925 ဟယ်လိုပေးပါရှင့်
Ma Khaing Si Lwin Myint
Manulife Myanmar

လူတစ်ဦးတစ်ယောက် တမိသားစု ဘဝအဆင်ပြေရင် သူတို့ပါတ်ဝန်းကျင်ကို အကူအညီပိုပေးနိူင်ပါလိမ့်မယ်

21/09/2026

အနာဂတ်ဆိုတာ ကြိုတင်မှန်းဆလို့ မရနိုင်ပေမဲ့... ဒီနေ့ လုပ်ဆောင်လိုက်တဲ့ ခြေလှမ်းသေးသေးလေးတွေကနေ အေးချမ်းတဲ့ မနက်ဖြန်တွေကို ပုံဖော်ပေးနိုင်ပါတယ်။ 🌿✨

ဒါဆိုရင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ Self-Reflection Quiz လေးတွေကိုဖြေကြည့်လိုက်ရအောင်။

အခုပြောပြထားတဲ့ အချက် (၄) ချက်ထဲက ဘယ်နှစ်ချက်ကို သင် ရဲရဲဝံ့ဝံ့ "Yes" လို့ ဖြေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင် -

📊 လစဉ် ကိုယ် ဘယ်လောက်သုံးပြီး ဘယ်လောက်ကျန်လဲဆိုတာ အတိအကျ သိတယ်

🛡️မထင်မှတ်ထားတာတွေ ဖြစ်လာရင် စိုးရိမ်စရာမလိုတဲ့ Emergency Fund ပြင်ဆင်ထားတယ်

💰နောင်တစ်ချိန်အတွက် ငွေကြေးစုဆောင်းမှုကို ပုံမှန် မပျက်မကွက် ပြုလုပ်တယ်

💚အလုပ်တွေ ဘာပဲရှုပ်ရှုပ် ကိုယ့်ကျန်းမာရေးအတွက် အချိန်သီးသန့် ပေးတယ်

ဒီနေ့မှာ အချက်တိုင်းကို အမှန်ခြစ် မခြစ်နိုင်ခဲ့ရင်လည်း ဘာမှ မဖြစ်ပါဘူး...

အရေးကြီးတာက "အခုချက်ချင်း စတင်လိုက်ဖို့" ပါပဲ။

ဘဝရဲ့ လုံခြုံစိတ်အေးရမှုဆိုတာ တစ်ထိုင်တည်း ဖန်တီးလို့ရတာမဟုတ်ပါဘူး။ စနစ်တကျ စတင်လိုက်တဲ့ ခြေလှမ်းသေးသေးလေးတွေကနေ စုစည်းပုံဖော်သွားတာပါ။

စိတ်အေးချမ်းရတဲ့ အနာဂတ်ဆီကို ခြေတစ်လှမ်းချင်း စတင်လျှောက်လှမ်းနိုင်ဖို့ Manulife က အမြဲအဆင်သင့် ရှိနေပါတယ်။

While the future remains unpredictable, the small steps we take today can shape a peaceful tomorrow. 🌿✨

Let's take a moment for self-reflection with a quick quiz!

How many of these 4 statements can you confidently answer "Yes"?

📊 I know exactly how much I spend and save each month. 🛡️ I have an emergency fund ready, so I don't need to worry about unexpected events. 💰 I consistently save money for the future. 💚 No matter how busy work gets, I always make time for my health.

It's completely okay if you couldn't check every box today... What matters most is taking action right now.

True peace of mind isn't created overnight; it is built through small, well-structured steps started today.

Manulife is always here to support you as you take each step toward a secure and peaceful future.



#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

At Nay Pyi Daw LIAS Seminar
19/09/2026

At Nay Pyi Daw
LIAS Seminar

အာမခံအမျိုးအစား အများကြီးမှတ်ရမှာခက်နေရင် ဒီအမျိုးအစားတွေကိုပဲမှတ်ထား(၁) ကျန်းမာရေးအာမခံကျန်းမာရေးအာမခံက ဆေးရုံတက်ရတဲ့အခ...
17/09/2026

အာမခံအမျိုးအစား အများကြီးမှတ်ရမှာခက်နေရင်
ဒီအမျိုးအစားတွေကိုပဲမှတ်ထား

(၁) ကျန်းမာရေးအာမခံ

ကျန်းမာရေးအာမခံက
ဆေးရုံတက်ရတဲ့အခါ အာမခံလျော်ကြေးရတယ်
အမှန်တကယ်လိုအပ်တဲ့ကုသမှုဖြစ်ရမယ်
ကုသထားတဲ့အချက်အလက်ဆေးစာတွေအကုန်တင်ပြရတယ် ။ အာမခံမထားခင်ကရှိနေပြီးသားရောဂါတွေအတွက် ဆေးရုံတက်ကုသတာမျိုးမဖြစ်ရဘူး ။ တစ်နှစ်တစ်ခါဝယ်ရတယ် ။
တစ်နှစ်အတွင်း ဆေးရုံတက်တာမျိုးတွေအတွက် အာမခံလျော်ကြေးရတယ် ။ တစ်နှစ်အတွင်း ဘာမှမဖြစ်ရင် သွင်းထားတဲ့ငွေပြန်မရဘူး။

ဘယ်လောက်သွင်းရမလဲဆိုတာ သူ့ plan နဲ့သူရှိတယ် ။ plan သေးသေးဝယ်ထားရင် လျော်ကြေးနည်းမယ် ။ plan ကြီးကြီးဝယ်ထားရင်လျော်ကြေးများမယ်။ အသေးဆုံး plan ဝယ်ထားရင်တောင် တကယ်ဖြစ်လာတဲ့အခါ ဆေးရုံစရိတ်အနေနဲ့အဆင်ပြေတယ် ။ အသက်အပေါ်မူတည်တယ် ။
အသက်မပြောပြဘူးဆို plan ရွေးလို့မရဘူး ။
ကျန်းမာရေးအာမခံဖြစ်တဲ့အတွက် သေဆုံးတဲ့အခါ လျော်ကြေးအနည်းငယ်ပဲရမယ် ။ တချို့ မရဘူး။
အသက်ကြီးလေ ဈေးကြီးလေ ....

**************

(၂) အသက်အာမခံ (သီးသန့် )

အသက်အာမခံက စုငွေသဘောတရားကိုအခြေခံတယ် ။ တစ်နှစ်ကိုဘယ်လောက်ဆိုပြီးပုံမှန်သွင်းသွားရတယ် ။ သူသတ်မှတ်ထားတဲ့နှစ်အတွင်း သေဆုံးတာမျိုး ၊ ထာဝစဉ်မသန်စွမ်းတာဖြစ်သွားတာမျိုးဆို အသက်အာမခံလျော်ကြေးရတယ်။
ထာဝစဉ်မသန်စွမ်း ( ခြေလက်ဆုံးရှုံး ၊ မျက်စိဆုံးရှုံး) က မိမိအသက်ရှင်နေတုန်းမို့လို့ ကိုယ်တိုင်ရယူခံစားနိုင်တယ် ။ သေဆုံးလျော်ကြေးက ကိုယ့်ရဲ့မိသားစုက ရရှိခံစားနိုင်တယ် ။
အနိမ့်ဆုံးအသက်အာမခံကြေးနဲ့ထားရင်တောင် သေဆုံးခဲ့ရင် သိန်းရာနဲ့ချီပြီးလျော်ကြေးရရှိတယ် ။

အသက်အာမခံဖြစ်တဲ့အတွက် ဆေးရုံတက်ရင်လျော်ကြေးရလား ၊ ဆေးခန်းပြရင် လျော်ပေးလား မေးနေစရာမလိုဘူး ။
ဝယ်ထားတဲ့ခေါင်းစဉ်ကိုက အသက်အာမခံဖြစ်တဲ့အတွက် သေဆုံးရင်ရမယ်
ထာဝရမသန်စွမ်း ( Disable) ဖြစ်ရင်ရမယ် ၊
ကျန်တဲ့ကိစ္စတွေဆို မရဘူး ။
စုငွေဖြစ်တဲ့အတွက် နှစ်ပြည့်တဲ့အထိ ဘာမှမဖြစ်ဘူးဆို စုငွေအားလုံးကို ဝင်ငွေခွန်သက်သာခွင့်ပြုပြီး ပြန်ထုတ်ယူနိုင်တယ် ။

အသက်အာမခံကပုံစံအမျိုးမျိုးရှိတယ်
✅နှစ်အကန့်အသတ်ရှိတဲ့ အသက်အာမခံ နဲ့
✅တသက်လုံးသွင်းသွားရတဲ့အသက်အာမခံ
✅အတိုးထည့်ပေးပါမယ်ဆိုတဲ့အာမခံနဲ့
✅အတိုးမပေးဘူး ဖြစ်လာခဲ့ရင်အများဆုံးလျော်မယ်ဆိုတဲ့အာမခံ
✅ ၃ နှစ် /၅နှစ် /၁၀ နှစ်/ အနှစ် ၂၀ / ကြိုက်တဲ့နှစ်အထိသွင်း / ပုံစံအမျိုးမျိုးရှိတယ်

ဘယ်အသက်အာမခံမဆို နှစ်အပြည့်မသွင်းဘူး /
သတ်မှတ်ထားတဲ့နှစ်မရောက်သေးခင်ပြန်ထုတ်ရင် ရှုံးမယ်

ကိုယ်ကြိုက်တာ ကိုယ်ထားနိုင်တယ်
အားလုံးမှာအားသာချက် အားနည်းချက်ကိုယ်စီရှိတယ် ။
လက်ရှိကုမ္ပဏီအားလုံးက ကမ္ဘာပေါ်မှာယနေ့အထိထိပ်တန်းပြေးနေဆဲ နှစ်ရာနဲ့ချီသက်တမ်းရှိတာမို့
မကောင်းတဲ့ပုံစံ ဘယ်သူမှမထုတ်ဘူး ။

" ငါတို့ကုမ္ပဏီကဟာကမှ အကောင်းဆုံး " လို့ပြောနေရင် ပြောတဲ့သူကလေ့လာအားနည်းလို့ ။

****************

(၃) အသက်အာမခံ + ပြင်းထန်ရောဂါအာမခံ

အသက်အာမခံကို ရောဂါအာမခံတွေနဲ့တွဲထားတာ

ရောဂါအာမခံချည်းပဲ သီးသန့်ယူလို့မရဘူး
အသက်အာမခံနဲ့ တွဲယူရတဲ့ပုံစံ

အသက်အာမခံပါဝင်တော့ သေဆုံးရင်ကျန်ရစ်တဲ့မိသားစုက ရမယ် ။ ထာဝရမသန်စွမ်း ( Disable) ဖြစ်ရင် မိမိကိုယ်တိုင်လျော်ကြေးရမယ် ။ သတ်မှတ်ထားတဲ့ရောဂါတွေဖြစ်လာရင် ကိုယ်တိုင်ဆေးကုသခွင့်ရမယ် ။

အသက်အာမခံအတွက် အာမခံကြေးကပုံမှန်သွင်းရမယ် ။ ရောဂါအတွက်အာမခံကြေးက အနည်းငယ်အပိုဆောင်းသွင်းရမယ် ။ ရောဂါဖြစ်လာရင် အသက်အာမခံကြေးအတိုင်း အဆတူလျော်ကြေးရမယ် ။ ကျန်ရှိနေသေးတဲ့ကာလအတွက် အသက်အာမခံကြေးဆက်သွင်းစရာမလိုတဲ့အခွင့်အရေးရမယ် ။
အသက်အာမခံတည်ရှိနေဆဲဖြစ်တဲ့အတွက် သေဆုံးရင်လည်းအာမခံလျော်ကြေးထပ်မံရဦးမှာဖြစ်သလို ၊ အသက်ဆက်ရှင်နေရင်လည်း ရှင်သန်ခြင်းဆုကြေးအဖြစ် နှစ်ပြည့်တဲ့အခါ အာမခံကြေးအပြည့်အဝထပ်မံရဦးမယ် ။

ရောဂါအားလုံးအကျုံးမဝင်ဘူး
သတ်မှတ်ထားတဲ့ရောဂါတွေအတွက်ပဲအကျုံးဝင်တယ် ။ ဦးနှောက် ၊ ကင်ဆာ ၊နှလုံး ၊ ကျောက်ကပ်၊အသည်း ၊အဆုတ် စတာတွေပါတယ် ။ အဲဒါတွေအစားထိုးကုသတာမျိုးပါတယ် ။

********

အာမခံတစ်စောင်တည်းယူထားပြီး
ဟိုဟာဖြစ်လည်း မလျော်ဘူးလား ၊ ဒီဟာဖြစ်လည်းမလျော်ဘူးလား ၊ မလျော်လို့ fb ပေါ်တက်တက်ရေးတာမျိုး ခဏခဏဖတ်ရမှာပါ ။

တစ်စောင်တည်းနဲ့ ဖြစ်သမျှအကုန်လျော်တဲ့အာမခံ ဘယ်မှာမှမရှိဘူး ။ ဒါ့ကြောင့် နိုင်ငံခြားမှာ အသက်အာမခံကတစ်စောင် ၊ ဆေးရုံတက်ရင်သုံးမယ့်အာမခံက တစ်စောင် သပ်သပ်ဝယ်ကြတာ။
လူတစ်ဦးမှာအနည်းဆုံး အဲဒီနှစ်စောင်တော့ မဖြစ်မနေဝယ်ထားကြတာမျိုး ။

ဒါ့ကြောင့်
လက်ရှိမြန်မာပြည်တွင်းမှာ ရနိုင်တဲ့
အာမခံအမျိုးအစားတွေကို အနှစ်ချုပ်စုစည်းပေးထားပါတယ် ။

Credit-MYKS

ကိုယ်ထားချင်တဲ့ဟာကို
ကျွန်မဆီမှာ
ဆွေးနွေးတိုင်ပင်ပြီး ရွေးချယ်နိုင်ပါတယ် ။

အာမခံထားတဲ့သူ သေဆုံးသွားရင်  အာမခံရုံး က ချက်ချင်း သိမှာလား။အဖြေ က  ရှင်း ပါ တယ်။    #မသိနိုင်ပါဘူး အာမခံကုမ္ပဏီတွေက လူတ...
14/09/2026

အာမခံထားတဲ့သူ သေဆုံးသွားရင် အာမခံရုံး က ချက်ချင်း သိမှာလား။

အဖြေ က ရှင်း ပါ တယ်။ #မသိနိုင်ပါဘူး

အာမခံကုမ္ပဏီတွေက လူတစ်ယောက်ထဲကို
ရောင်းထားတာ မဟုတ်သလို
အာမခံအကြံပေးတွေကလည်း လူဦးရေ အများကြီးကို
ရောင်းနေကြတာမို့ ကာစတမ်မာ တစ်ယောက်
သေဆုံးသွားတာကို ချက်ချင်း မသိနိုင်ပါဘူး။

▪️မိသားစုဝင်တစ်ဦးဦးက ရုံးကို ဆက်သွယ်အကြောင်းကြားရပါမယ်။ ကိုယ့်မှာအာမခံအကြံပေး ရှိရင် အာမခံအကြံပေး ကို ဆက်သွယ်ရပါမယ်။
ဒါမှသာ သူတို့ သိမှာပါ။ အာမခံစာချုပ်တိုင်းမှာ ရုံးလိပ်စာ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အကြံပေးဖုန်းနံပါတ် အပြည့်အစုံ ပါပါတယ် အကြောင်းကြားပါ။ ဒါမှသာ အသက်အာမခံလျော်ကြေး ရရှိဖို့ မြန်မြန်ဆန်ဆန် စတင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

▪️မိသားစုဝင်တွေကို ပေးမသိစေချင်ဘူး ဆိုရင် စိတ်ချရတဲ့ မိတ်ဆွေ တစ်ဦးဦးကို သင် အသက်အာမခံ ထားထားကြောင်း အသိပေးထားပါ။ သူကမှတဆင့် အကြံပေး (သို့မဟုတ်) ရုံးကို ဆက်သွယ်ပါလိမ့်မယ်။

▪️ဘယ်သူ့ကိုမှ အသိပေးမထားရင်တော့ နောက်တခေါက် ပရီမီယံငွေ သွင်းခါနီး ရုံးဘက်က ဆက်သွယ်မှသာ သေဆုံးတဲ့ဖြစ်စဉ်ကို သိမှာ ဖြစ်ပါတယ်။

▪️ကမ္ဘာပေါ်မှာရှိတဲ့ အသက်အာမခံကုမ္ပဏီအားလုံးက "ဒီနေ့ အသက်ရှင်နေသေးလား" လို့ ဘယ်သူ့ကိုမှ နေ့တိုင်း မေးမနေပါဘူး။ (ငွေသွင်းခါနီး ဖုန်းဆက်အကြောင်းကြား‌ပေးရင်တောင် တချို့က စိတ်ဆိုးကြပါသေးတယ်) ဒါ့ကြောင့် အသက်သေဆုံးခြင်းကို ချက်ချင်း မသိနိုင်ပါဘူး။

▪️အသက်အာမခံ မူရင်းစာချုပ် ရှာမတွေ့ဘူးဆိုရင်လည်း ရုံးမှာ (သို့) အကြံပေးပုဂ္ဂိုလ်ဆီမှာ အမည် နဲ့ အာမခံပေါ်လစီ နံပါတ် ရှိနေတာမို့ စိတ်ပူစရာ မလိုပါဘူး။ (လူတစ်ဦးမှာ ပေါ်လစီ နံပါတ်တစ်ခုစီ သီးသန့် ရှိနေတာမို့ နံပါတ်-ရို-က်ထည့်လိုက်တာနဲ့ အချက်အလက်အားလုံး ကျလာမှာပါ)

▪️သတိထားရမှာတစ်ချက်က
အာမခံဟာ အသက်ဝင်နေဆဲ၊ ငွေပုံမှန်သွင်းနေဆဲ ဖြစ်ရပါမယ်။
လွန်ခဲ့တဲ့ ၄/၅ နှစ်ကတည်းက ဝယ်တော့ ဝယ်ထားတယ်။ နောက်ပိုင်း ငွေလည်း ဆက်မသွင်းဖြစ်တော့ဘူး။ ရုံးက ဖုန်းဆက်ရင်လည်း မကိုင်တော့ဘူး။ အကြံပေးက ဖုန်းဆက်တာ/ စာပို့တာတွေကိုလည်း အကြောင်းမပြန်တော့ဘူး။ အာမခံပျက်ပြယ်ကြောင်း အကြောင်းကြားတာကိုလည်း ဘာမှ အ‌ကြောင်းမပြန်တော့ဘူး ဆိုတဲ့ အာမခံတွေအတွက် လျော်ကြေးခံစားခွင့်ရမှာ မဟုတ်ဘူး ဆိုတာကို သတိပြုပါ။
(အကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်သွားတဲ့ အသက်အာမခံတွေ ကို သတ်မှတ်ကာလအတွင်း အသက်ပြန်သွင်းလို့ ရပါတယ်)

▪️ဘဏ်တွေတောင် သတ်မှတ်ကာလအတွင်း
Active လုံးဝ မဖြစ်တော့ဘူးဆိုရင် Account ကို
ပိတ်ချလိုက်တယ်ဆိုတာ သိရမှာ ဖြစ်ပါတယ် ။
ဖုန်းဆင်းမ်ကဒ်တွေလည်း ထို့နည်းတူပါပဲ။ သတ်မှတ်ကာလအတွင်း အဝင်အထွက် ခေါ်ဆိုမှု မရှိ၊ ငွေမဖြည့်တော့ဘူး ဆိုရင် ကဒ်ပိတ်ပစ်လိုက်ပါတယ်။

ဒါ့ကြောင့် အသက်အာမခံ ယူထားတယ် ဆိုရင်
- မိသားစုဝင် သို့မဟုတ် မိတ်ဆွေတစ်ဦးဦးကို
အကျိုးအ‌ကြောင်း ပြောပြထားသင့်ပါတယ်။
- ကုမ္ပဏီနာမည် ပြောထားရင်ကို အဆင်ပြေနိုင်ပါတယ်။
- ပရီမီယံ ပုံမှန်သွင်းပါ။
- အာမခံရုံး/ အာမခံအကြံပေး နဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။

Credit with Thanks: Min Yel Kyaw Swar

13/09/2026
11/09/2026

နေ့တိုင်းလမ်းလျှောက်နေတဲ့ ခြေလှမ်းတွေကို iPhone 18 Pro အသစ်စက်စက် ကံထူးနိုင်မယ့် အခွင့်အရေးအဖြစ် ပြောင်းလိုက်ရအောင်။

Manulife MOVE နဲ့အတူ စက်တင်ဘာလ (၁၂) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ (၂) လတာအတွင်း ကိုယ်ပုံမှန်လှုပ်ရှားနေတဲ့အတိုင်း MOVE Mission တွေမှာ ပါဝင်ရင်း iPhone 18 Pro အထူးဆုကြီးအပြင် ကျန်းမာရေး၊ အားကစားသုံး Fitbit Air လက်ပတ်တွေကိုပါ ကံစမ်းရယူနိုင်မှာပါ။

ဒီအစီအစဉ်မှာ ပါဝင်ပြီး iPhone 18 Pro ကံစမ်းရယူနိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုရင် -
ᐧ Manulife Myanmar Application ကို Download ဆွဲပြီး အကောင့်ဖွင့်တာနဲ့ ကံထူးနိုင်ခွင့် အခွင့်အရေး (1 Token) ရသွားမှာပါ။
ᐧ အပတ်စဉ် စနေနေ့တိုင်း လုပ်ပေးမယ့် MOVE Mission တွေမှာ သတ်မှတ်ထားတဲ့ ခြေလှမ်းပမာဏ ဒါမှမဟုတ် ကယ်လိုရီလောင်ကျွမ်းမှုပမာဏကို ပြီးမြောက်ရပါမယ်။
ᐧ Mission တစ်ခု ပြီးသွားတိုင်းမှာ ကံထူးနိုင်ခွင့်အခွင့်အရေး (Token) တွေကို ရသွားမှာဆိုတော့ Mission များများပါဝင်လေ ကံထူးနိုင်မယ့် အခွင့်အရေး (Token) အရေအတွက် များများရလေပဲ၊ ဒါဆို ကိုယ့်အတွက် iPhone 18 Pro နဲ့ Fitbits တွေရယူဖို့လဲ အခွင့်အရေးတွေပိုများလေပေါ့။
ᐧ ဒီအစီအစဉ်မှာ Manulife Myanmar ဝန်ထမ်းများနဲ့ အသက်အာမခံ အကြံပေးတွေအနေနဲ့ ပါဝင်ခွင့်ရှိမှာမဟုတ်ပါဘူး။

Application Download ဆွဲတာနဲ့ Chance က ရှိနေပြီ၊ ပထမဆုံးထွက်မယ့် Mission 1 ကလည်း ဒီနေ့စနေပြီဆိုတော့ တစ်ပတ်အတွင်း ခြေလှမ်း (၅,၀၀၀) ပြည့်အောင်လျှောက်ပြီး ကံထူးနိုင်ခွင့်အခွင့်အရေး (1 Token) ရယူလိုက်တော့။

Manulife Myanmar Application ကို Download ဆွဲဖို့ -
(App Store): https://apple.co/4iZa2At
(Google Play Store): https://bit.ly/4gZxXgO

Manulife Myanmar Application မှာ အကောင့်ဖွင့်နည်း - bit.ly/HowtoDownloadManulifeMyanmarApp

MOVE App ကို Tracker နဲ့ ချိတ်နည်း - bit.ly/HowtoLinkwithTrackerApplication

Turn every daily step you take into a chance to win a brand-new iPhone 18 Pro!
From September 12th to November 15th, join the 2-month MOVE Missions with Manulife MOVE while staying active as usual. Stand a chance to win the special iPhone 18 Pro grand prize alongside Fitbit Air health and fitness trackers.
Here’s how you can participate and enter the lucky draw to win an iPhone 18 Pro:

ᐧ Download the Manulife Myanmar Application and create an account to instantly receive 1 lucky draw Token.

ᐧ Finish the required step counts or calorie burn targets for the MOVE Missions released every Saturday.

ᐧ Each completed mission earns you additional Tokens. The more Tokens you collect, the higher your chances of winning the iPhone 18 Pro and Fitbit Air.

ᐧ Manulife Myanmar employees and Life Insurance Advisors are not eligible to participate in this campaign.

ᐧ Your chance to win starts the moment you download the app! The first Mission launches this Saturday—walk 5,000 steps within a week to earn your first Token now.

Download the Manulife Myanmar Application:
• App Store: https://apple.co/4iZa2At
• Google Play Store: https://bit.ly/4gZxXgO
How to register on the Manulife Myanmar Application: bit.ly/HowtoDownloadManulifeMyanmarApp
How to connect Manulife MOVE: bit.ly/HowtoLinkwithTrackerApplication


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

11/09/2026

ယုံမလားတော့မသိဘူး
လူတိုင်းမှာ အာမခံရှိပြီးသားဗျ

ဘာပဲကွာသွားလဲသိလား?

ကိုယ့်ဆီမှာကိုယ်ပြန်ထားထားတဲ့ အာမခံနဲ့ Company မှာ ထားတဲ့အာမခံပဲကွာတာ

ကိုယ့်ဆီမှာကိုယ်ထားထားတော့ သွင်းရမယ့် Premium ကြေးကို ကိုယ့်ဘာသာကိုယ် မုန့်ဝယ်စားပစ်လိုက်မယ်၊ လိုချင်တဲ့ ပစ္စည်းအသစ်တွေဝယ်ပစ်လိုက်မယ်၊ ဖြုန်းချင်တဲ့ဟာလေး တစ်ခုခုဖြုန်းလိုက်မယ်ပေါ့

Premium ကြေးကို ကိုယ့်ဆီမှာပဲကိုယ်ပြန်သွင်းထားရတာဆိုတော့ တစ်ခုခုဖြစ်ရင်လည်း ကိုယ့်ဘာသာကိုယ် ပြန်လျော်ပြီး ကိုယ့်ဘာသာကိုယ်ပြန်ကုပဲ

ကင်ဆာလို ပြင်းထန်ရောဂါတွေဖြစ်ရင်ကော ကိုယ့်ဆီမှာကိုယ်ပြန်ထားထားရတဲ့ အာမခံက လောက်ပါ့မလား

သိန်း 1000 ထိကုရမယ်ဆို လောက်မှာလား
သိန်း 2000 ထိကုရမယ်ဆိုရင်ကော လောက်မှာလား

စဉ်းစားကြည့်နော်
ကိုယ့်ဆီမှာကိုယ်ပြန်သွင်းပြီး ဖြုန်းလိုက်တဲ့ Premium ကြေးက မနဲဘူးဗျ
ဒါပေမယ့် တစ်ခုခုဖြစ်ရင်ကျလည်း Cover ရဖို့က သိန်းရာထောင်ချီသွားရင် မလွယ်ဘူးနော်

ဒါဆိုရင် ကိုယ့်ဆီမှာကိုယ် ပြန်ထားထားတဲ့ အာမခံက ကောင်းပါဦးမလား

ရိုးရိုးလေးပဲတွေး ကိုယ်နဲ့ မှန်ကန်ခိုင်မာစွာ ရပ်တည်နေတဲ့ Multinational Insurance Company
Financially ဘယ်သူက ပို Strong ဖြစ်မလဲ

ဒါဆိုရင် Premium ကြေးအရမ်းများပြီး Cover များများရဖို့မသေချာတဲ့ ကိုယ့်ဆီမှာကိုယ် အာမခံထားမလား?
Premium ကြေးအသင့်အတင့်နဲ့ သေချာပေါက် Protection ပေးနိုင်တဲ့ Company မှာ အာမခံထားမလား?

ဒါဆိုရင် အာမခံထားဖို့ စဉ်းစားဦးမယ်လို့ ပြောစရာမလိုတော့ဘူးထင်တယ် 😊

Address

Yangon

Telephone

+95943049925

Website

Alerts

Be the first to know and let us send you an email when Khaing Si Lwin Myint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khaing Si Lwin Myint:

Shortcuts

Share