Batteryဆိုက်ကယ် နဲ့ Battery ရောင်းဝယ် ပြုပြင်ရေး

  • Home
  • Myanmar
  • Yangon
  • Batteryဆိုက်ကယ် နဲ့ Battery ရောင်းဝယ် ပြုပြင်ရေး

Batteryဆိုက်ကယ် နဲ့ Battery ရောင်းဝယ် ပြုပြင်ရေး အမုန်းစကား များအား လက်မခံပါ ။

Big shout out to my newest top fans! 💎 Ma Ma
18/06/2024

Big shout out to my newest top fans! 💎 Ma Ma

..Edit.. ရောင်းပြီYamaha pas baby ၃၀၀၀၀၀ ကျပ်မြောက်ဒဂုံ  ၃၀ ရပ်ကွက် ရန်ကုန်battery အာမခံ 1 လ..09760620889
09/08/2023

..Edit.. ရောင်းပြီ
Yamaha pas baby
၃၀၀၀၀၀ ကျပ်
မြောက်ဒဂုံ ၃၀ ရပ်ကွက်
ရန်ကုန်
battery အာမခံ 1 လ..
09760620889

Battery များ ပေါ်တွင် ရေးသားထားAH   /   mAh အကြောင်း ပြောပြပေးပါမယ်AH = ampere hourmAh = milli ampere hourAH သင်္ကေတ ကတေ...
30/07/2023

Battery များ ပေါ်တွင် ရေးသားထား
AH / mAh အကြောင်း ပြောပြပေးပါမယ်
AH = ampere hour
mAh = milli ampere hour
AH သင်္ကေတ ကတော့ Ampere Hour
ကို အတိုကောက် ရေသားထားတာပါ
ampere hour အမ်ပီယာနဲ နာရီ မြှောက် ပြီး ထွက်လာတဲ့ အဖြေကို ပြတဲ့ unit တစ်ခုပါ
ဥပမာ
12V 100AH battery တလုံးကို နမူနာထားပြောပါမယ်
Battery မှထုတ်ပေးနိုင် သော volt က
12v ဖြစ်ပါတယ်
100AH က battery ၏ သိုလှောင် နိုင်စွမ်း ( capacity ) ကိုဖော်ပြပေးတာ
ဖြစ်ပါတယ်
ဘက်ထရီကို လျှပ်စီးကြောင်း 100A နူန်းထုတ်ယူသုံးစွဲမယ် ဆိုရင် တစ်နာရီ ခံမယ် တစ်နာရီသုံးလို့ရမယ်လို့ ဆိုလိုပါတယ်
100 amp 1hour = 100AH
ဒါပေမဲ့ လက်တွေ့မှ 100AH battery
၁၀၀ အိုး ဘက်ထရီကို စွမ်းရည်ပြည့်
100 amp လျှပ်စီးကြောင်း
ထုတ် ယူသုံး ခဲ့ရင် ၁၅ မိနစ်လောက်သာ
အသုံး ပြု နိုင်ပြီး အပူချိန်တတ်လာ ကာ
ပေါက်ကွဲပျက်စီး နိုင်ပါတယ်။
ဒါဆို ဘယ်လို အသုံးပြုရမလဲ???
battery တွေမှာ life time သက်တမ်းရှိပါတယ်
အဲပေါ်မှာ တွက်ချက် ပြီးအသုံးပြု ရပါတယ်။
Battery တစ်လုံးကို discharge time
အသုံး ပြုချိန် ကို အနည်းဆုံး ၈နာရီ နှင် အထက် ထားပြီးအသုံးပြုရပါတယ်
သိုမှသာ Battery ကို ရေရှည်သက်တမ်း
life time ပြည့် အသုံးပြု နိုင်မှာပါ
၁၀၀ အိုး ဘက်ထရီ တစ်လုံးကို ၈နာရီ အသုံးခံအောင်တွက်ပြပါမယ်
100AH
100 amp 8 hours = 12.5A
For 1 hour =12.5A
တစ်နာရီကို 12.5A နူန်းသုံးစွဲမယ် ဆိုရင်
၈နာရီခံမယ် ၈နာရီကြာ သုံးနိုင်ပါတယ်
စံနူန်း များအရ ဘယ် ဘက်ထရီကိုပဲ ဖြစ်ဖြစ် သုံးစွဲ ချိန် အနည်း ဆုံး
၈နာရီနှင့် အထက်
ထား တွက်ချက် ပြီး ရလာတဲ့ Amp တန်ဖိုး အတွင်းသာ ထုတ် ယူသုံးစွဲမယ်ဆိုရင် ဘက်ထရီများ နှစ်ရှည်ခံ သက်တမ်းပြည့် အသုံးပြုနိုင်မှာ
သေချာပါတယ်
100AH ဘက်ထရီကို တစ်နာရီ 10A နူန်း
ထုတ်ယူသုံး စွဲမယ်ဆိုရင်
100amp 10hours = 10A
၁၀နာရီကြာ ဆက်တိုက် အသုံးပြုနိုင်ပါတယ်
ဖုန်း ဘက်ထရီတွေပေါ်မှာ mAh နဲဖော်ပြပါတယ်
1 ampere = 1000 milli ampere
ဖြစ်ပါတယ်
1000mAh = 1 AH
1000mAh ရေးထားတဲ့ ဖုန်း lithium battery ဟာ သိုလှောင်နိုင်စွမ်း (capacity) 1 AH ရှိတယ်လိုနားလည်ရပါမယ်။

Cr .to all teacher

ဘက်ထရီတွေမှာ တချိူ့ကလည်း ၆လအာမခံပေးတယ်။တနှစ်ကျော်အထိခံတယ်။တချိူ့ကလည်း ၈လပေးတယ်။တနှစ်ကျော်၂နှစ်နီးပါးခံတယ်။တချိူ့ကလည်း ၁န...
27/10/2021

ဘက်ထရီတွေမှာ

တချိူ့ကလည်း ၆လအာမခံပေးတယ်။တနှစ်ကျော်အထိခံတယ်။
တချိူ့ကလည်း ၈လပေးတယ်။
တနှစ်ကျော်၂နှစ်နီးပါးခံတယ်။
တချိူ့ကလည်း ၁နှစ်/၂နှစ်အာမခံပေးတယ်။နှစ်ကြာကြာလေးအသုံးခံတယ်။

တချိူ့ကြတော့လည်း ၆လတောင်မခံဘူး။၈လတောင်မပြည့်ဘူး။ခနနဲ့ပျက်တယ်။
ဘက်ထရီသက်တမ်းပြည့်အောင်သုံးရတာတို့။သက်တမ်းမပြည့်ပဲသုံးရတာတို့၊ပေးထားတဲ့သက်တမ်းထက်ကျော်လွန်သွားတဲ့အထိသုံးရတာတို့က။

၁/ကွာလတီကောင်းတာကိုသာရွေးချယ်ဝယ်ယူမယ်။(အာမခံပေးတာတော့တူတယ်၊ဘယ်တံဆိပ်က ဘယ်လိုအမျိူးအစားက လူအရမ်းအသုံးပြုတာများလဲ လေ့လာသုံးသပ် ။ဘယ်အမျိူးအစားက ဘယ်လောက်အထိအသုံးခံလဲ လေ့လာသင့်ပါတယ်။ဈေးများတိုင်း ကောင်းတယ်မဆိုသလို၊ဈေးသက်သာတိုင်းလဲ မညံပါဘူး)။တချို့ဘက်ထရီကြ‌ေတာ့လည်း‌ေစျးမျယးပြီးကွာလတီ‌ေကာင်းပါတယ်၊‌ေစျးနည်းပြီးကွာလတီမ‌‌ေကာင်းတာ‌ေတွလည်းအများကြီးပါ။အမျိူးအစားကောင်းသော၊အရည်အသွေးကောင်းသော ဘက်ထရီများကိုသာရွေးချယ်ပါ၊

၂/အသုံးပြုသူရဲ့ဂရုတစိုက်၊စနစ်တကျအသုံးပြုမှုကတော့ အဓိက အရေးကြီးဆုံးအချက်ပါပဲ။

ဘယ်ပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း။စက်ပစ္စည်းဆိုတာပျက်တတ်ကြစမြဲပါ။အသုံးပြုသူကသာ ဂရုတစိုက် စနစ်တကျသာအသုံးပြုရင်။ရေရှည်သက်တမ်းကျော်လွန်အောင် အသုံးပြုလို့ရပါတယ်(ကိုယ်တွေ့)။
ကြာရှည်အသုံးခံအောင် ဆိုတဲ့ဂရုစိုက်မှုတွေကိုတော့ လက်လှမ်းမှီသရွေ့လေးရေးပေးထားပါတယ်။

အပြင်ကပြန်လာလာခြင်း အားသွင်းခြင်း
💀💀💀💀💀💀💀💀💀💀💀💀💀
ဘက်ထရီဆိုင်ကယ်ဆိုတာ သူအားရှိသလောက်သာသွားနိုင်တာပါ။သူအားကုန်ရင် သူမသွားတော့ပါဘူး။(အဲ့အချက်က လူတိုင်းသိပေမယ့် မသိချင်ယောင်ဆောင်လေ့ရှိကြပါတယ်)မိမိရဲ့ ဘက်ထရီဘီးက မိုင်၂၀လောက်သွားလို့ရတဲ့အနေအထားကို မိုင်၃၀လောက် သွားကြပါတယ်။ဟိုရောက္မှ အားဆက်သွင်းမယ်ကွာ၊ဘာမှမဖြစ်လောက်ပါဘူး။တခါတလေမှာဘာမှမဖြစ်ပေမယ့် ခနခန အဲလိုသုံးနေရင် ဘက်ထရီကခနလေး ပျက်စီးမြန်ပါတယ်။အတော်များများကအပြင်ကပြန်ရောက်တာနဲ့ ဘက်ထရီကိုအားသွင်းပါတယ်။ဘက်ထရီကအားမပြည့်သေးဘူးနောက်တခေါက်ထွက်ဖို့ပြင်ဆင်နေတတ်ကြတယ်။ပြီးရင် အားသွင်းကြိုးဖြုတ်ပြီး အပြင်ပြန်ထွက်ကြတော့တာပါပဲ။🌡️🌡️🌡️အဲဒိတော့ မိမိသွားလိုသော ခရီးအကွာအဝေးကို ချင့်ချိန်တွက်ဆပြီးသွားပါ။ခရီးရောက္မဆိုက် ချက်ခြင်းအားမသွင်းပါနှင့်ဘက်ထရီကို အချိန်အနည်းငယ် အနားပေးပါ။ပြီးမှ အားသွင်းပါ။

ဘက်ထရီကိုအားလုံးဝကုန်အောင်သုံးခြင်း💀💀💀💀💀💀
မိမိသွားလိုသော ခရီးအကွာအဝေးကိုမတွက်ပဲ။အသုံးပြုတဲ့အခါမှာ လမ်းတဝက်(သို့)မိမိသွားလိုသောနေရာမရောက်တရောက္မှာ အားကုန်သွားတတ်ပါပြီ၊အဲ့အချိန်မီာ ဘီး ကနှေးကွေးပြီး၊မရုနါးနိုင်မဆွဲနိုင်တော့ပဲ၊အီနေ၊လေးနေတာကို ခြေ‌ေထာက်နဲ့ကန်လိုက်၊ယက်လိုက်၊လီဗာဆွဲလိုက်နဲ့အသုံးပြုတတ်ကြပါတယ်။လုံးဝ သွားလို့မရတဲ့အခါကျမှသာလက်လျော့တတ်ကြပါတယ်။ပြီးရင် ဘက်ထရီကို အားတရပ်စပ် သွင်းပါတော့တယ်။လူတယောက်ကို ခွေးလိုဝက်လိုနွားလို မတရားကြ္းမျော့မျော့ကျန်အောင်ခိုင်းပြီးထမင်းချက်ခြင်းစားခိုင်းပြီး နောက်တခါခိုင်းဖို့အတွက် ပြုနေခြင်းနဲ့တူပါတယ်။ကြာကြာမခံပဲ ချက်ခြင်းတောင်ပျက်စီးတတ်ပါတယ်။အဲလိုမျိူး မလုပ်ဖြစ်အောင် အမြဲဂရုတစိုက်နေသင့်ပါတယ်။

အားခနခန သွင်းခြင်း
💀💀💀💀💀💀💀
တချိူ့ကလည်း ဘီးကိုသိပ်တေယ့အသုံးမပြုဘူး။အားခနခနသွင်းတတ်တယ်။လမ်းထိပ်ကို၊ကွမ္းလေးသွားဝယ်၊ဆေးလိပ်သွားဝယ်ပြီး၊ပြန်လာတာနဲ့အားခနခနသွင်းပါတော့တယ်။အားမကုန်လည်းသွင်းနေတတ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှ ဘက်ထရီက ပျက်စီး ပူဖောင်းလာတတ်ကြပါတယ်။အဲဒိတော့ ၁၀၀%ပြည့်နေရင် အနည်းဆုံး ၃၀%ကျန်မှသာ အားသွငါးသင့်ပါတယ်။ခနခနမသွင်းပါနှင့်။

တွေ့ကရာ အားသွင်းဘူးနှင့် အားသွင်းခြင်း💀💀💀💀💀💀
မိမိသွင်းနေကြအားသွင်းဘူးနှင့်သာသွင်းပါ။မိမိအပေါင်းအသင်း မိတ်ဆွေများရဲ့ လက်လှမ်းမှီရာ အားသွင်းဘူးတွေနဲ့မသွင်းပါနှင့်(အမျိူးအစားကောင်းသော အားသွင်းဘူးများကိုသာရွေးချယ်ပါ။)

Cr.. အောင်အောင်
၀၉၇၇၇၂၉၉၄၇၉/၀၉၆၈၇၇၇၇၉၉၆

Battery တွေမှာ တွေ့လေ့ရှိတဲ့ အခေါ်အဝေါ်-------------------------------------------ဘတ်ထရီတွေမှာ ဖေါ်ပြလေ့ရှိတဲ့ အခေါ်အဝေါ...
03/09/2021

Battery တွေမှာ တွေ့လေ့ရှိတဲ့ အခေါ်အဝေါ်
-------------------------------------------

ဘတ်ထရီတွေမှာ ဖေါ်ပြလေ့ရှိတဲ့ အခေါ်အဝေါ် အချို့ပါ
Ah (Ampere per Hour)
တနာရီ အတွင်း ထုတ်ပေးနိင်တဲ့ အမ်ပီယာလို့ ဆိုထားပါတယ်။ သဘောက 10Ah ဆိုတာ 10 Ampere ကို တနာရီအတွင် သုံးဆွဲရင် ကုန်သွားမည်ဟု သတ်မှတ်ချက်ပါ။
Cycle
ဘတ်ထရီ၏ သက်တန်း (သို့) အားသွင်းနိုင်တဲ့ အကြိမ်အရေ အတွက်ပါ၊
အားသွင်းနိုင်တဲ့ အကြိမ်အရေအတွက်ဆိုတာ ဘတ်ထရီ 100% အပြည့် ပြန်သွင်းရတဲ့ အကြိမ်ကို တကြိမ် ( 1cycle) အနေဖြင့် သတ်မှတ်ပါတယ်၊ ဥပမာ 50% ကျန်တဲ့ ဘတ်ထရီကို 100% ဖြစ်ရန်သွင်းပါက 2 ကြိမ်သွင်းမှ 1 cycle လို့ သတ်မှတ်ပါတယ်
Wh (Watt per Hour)
Battery Ah နှင့် Volt ကို မြှောက်၍ ရလာသော ရလာဒ်ဖြစ်ပါတယ်
ဥပမာ 5Ah x 12V = 600 Wh လို့ ဆိုလိုတာပါ။

1C
Battery ရဲ့ Charging / Discharging current rate ကို သတ်မှတ်တာ ဖြစ်ပါတယ်။ ဥပမာ 10Ah ဘတ်ထရီ တခု 10Ampere ကို ၁ နာရီ ထုတ်ပေးနိုင်တယ်လို့ ဆိုပြီး 1C သတ်မှတ်ထားပါတယ်။ အဲဒိဘတ်ထရီမှာ 0.5C လို့ရေးထားပါက 5Amper (Charging / Discharging current rate) ဖြစ်ပြီး ၂ နာရီ သုံးနိုင်ပါတယ်၊ 2C လို့ရေးထားပါက 20Amperes ဖြစ်ပြီး မိနစ် ၃၀ သုံးနိုင်ပါတယ်။

Volt
ဒါကတော့ တော်တော်များများ သိနေကြပြီးသားပါ။

# ဗဟုသုတ

Lithium နဲ့ lead acid battery မသိတဲ့သူများအတွက်ရည်ရွယ်ပါတယ်ဆယ်တန်း chemical activity series သိရင်ပဲBattery ဆိုတာတော်တော်...
28/08/2021

Lithium နဲ့ lead acid battery မသိတဲ့သူများအတွက်ရည်ရွယ်ပါတယ်

ဆယ်တန်း chemical activity series သိရင်ပဲ
Battery ဆိုတာတော်တော်သဘောပေါက်ပါပြီ
Chemical activity series အရ battery တွေကို
Material မျိုးစုံနဲ့လုပ်သုံးလို့ရပါတယ်

မြန်မာနိုင်ငံမှာတော့
Lead acid ကိူအသုံးများကြပါတယ်
Lead acid မှာတောင် jel type နဲ့ liquid type ဆိုပြီး
2မျိုးရှိပါတယ်
Liquid acid သုံး လျပ်စစ် ဆိုင်ကယ်တောင်ရှိပါတယ်
မြင်ရခဲပါတယ်

Jel typeရဲ့ အားနည်းချက်ကတော့
Power နည်းပါတယ်
Liquid ရဲ့ အားနည်းချက်ကတော့
Acid အငွေ့ပြန်ပါတယ်
စက်ဘီးထဲထည့်စီးရင်
အရည် ဖြစ်သည့်အတွက်အနရာယ်များပါတယ်

Lithium မှာ ၂ မျိုးရှိပါတယ်
Lithium ion နဲ့ polymer ပါ
Ion က ပါဝါ ကောင်းပါတယ်
Polyက bending moment ရှိပါတယ်
Lithium Cobalt Oxide(LiCoO2)
Lithium Manganese Oxide (LiMn2O4)
Lithium Nickel Manganese Cobalt Oxide (LiNiMnCoO2)
Cathode ကို ခေါ်ဝေါ်တာပါ
Anode ကိုတော့ graphite ကိုသုံးပါတယ်
Anode ကနေ Cathode ကို electron စီးသွားရင်
Discharge ( စက်ဘီးမှာဆိုအပြင်စီးသွားတယ်)
Cathode မှ anode ကိုစီးရင်
Charge ( ချာဂျာ ဘုတ်နဲ့ အိမ်မှာသွင်း) ရပါတယ်

ဘယ်နည်းပညာအရင် စခဲ့လဲ??

ခဲဘတ်ထရီဟာ 1859 ခုနစ်ထဲက
ပြင်သစ်နိုင်ငံက စတင်ခဲ့ပါတယ်
Lithium Cobalt Oxide(LiCoO2) ကတော့
1991 ကစပြီး နောက်ဆုံးနည်းပညာက 2008 မှာထွက်ထားပါတယ်

ဘယ်ကောင်က stable ဖြစ်သလဲ?
ဘယ်ကောင် စိတ်ချရလဲ???
လူအများစုက အသစ်ဆိုပျက်စီဆုံးရှုံးမှာကြောက်ကြပါတယ်
ငယ်ငယ်ကခဲသားဘောပင်နဲ့ ခဲတံခေတ်က
လူကြီးတွေက အသစ်အဆန်းဖြစ်တဲ့
ခဲသားဘောပင်ကို ခံဆံခနခနကြိုးမှာစိုးလို့ဆိုပြီး
မကြိုက်ကြပါဘုး
အခုကော ဘယ်သူက ခံတံသုံးသေးလဲ ?

ဒီလိုပါပဲ li ion ကို ဖုန်းတိုင်းမှာသုံးပါတယ်
အားသွင်းရင်း game မဆော့ဘူးဆိုရင်
လူကြီးမင်းတို့ရဲ့ဖုန်း ဘယ်လောက်သုံးရပါသလဲ
( ကြားဖြတ်ပြောရရင် ဖုန်းထဲမှာ စျေးပေါပေါနဲ့ mah များလာတာကို ပျော်နေကြတယ်မဟုတ်လား
Mi ဖုန်းတွေ တချို့မှာ li ion ကိုသုံးထားပါတယ်
အပေါ်မှာပြောထားသလို bending moment မခံနိူင်လို့
ကွေးမိရင် မီးလောင်ပေါက်ကွဲပါတယ် )

နောက်ဆုံးတခုနဲ့အဆုံးသတ်ချင်ပါတယ်
Practically ကြုံနေရတဲ့ပြသနာပါ

Ebike သမားများ ခဲ ဘတ်ထရီစီးဖူးပါတယ်
လေးတယ်မဟုတ်လား
နောက် lithium နဲ့စီးဖုးတဲ့သူလဲရှိတယ်
ပေါ့တယ်မဟုတ်လား
Feeling ကွာပါတယ်

ခဲ သမားများဟာ ကြုံရတဲ့ဒုက္ခရှ်ပါတယ်
Battery အလုံးရေများရင်များသလို
ကြာရှည်မခံပါဘုး
48 volt သမားက 24 v သမားထက်
မြန်မြန်လဲရလေ့ရှိတယ်
60 v သမားက 48 v သမားထက်
မြန်မြန်လဲရလေ့ရှိတယ်

ဘာဖြစ်လို့လဲဆိုတော့
ခဲ ဟာ 2 v ဝန်းကျင်ပဲ လက်ခံနိုင်ပါတယ်
၁၂ v အိုးဖြစ်အောင် 2 v လေးတွေကို အထဲမှာ အကန့်လိုက် series တွဲပေးထားတာပါ
12 volt အိုးမှာ 13.3 V နီးနီး open load တိုင်းရင်ထွက်ပါတယ်

Volt ကို လူအသက် (နစ် ) နဲ့တိုင်းတာပြပါစို
12 vပဲထားပါအုံး
2 v နဲ့ တွဲထားတာ ဆိုတော့
6 ခန်းရှိမယ်

2 v = ၂ နစ်
6ခန်း = ၆ ယောက်

အားသွင်းရင်
အားသွင်းဘုတ်ကို 12 V သုံးတယ်
၁၂ နစ်လိုမှတ်

၂ နစ် အရွယ်သမီး ၆ ယောက်ကို
၁၂ နစ်သားတယောက်နဲ့ ပေးစားထားတာပဲ

စဉ်းစားကြည့်ပါ ၂ နစ်အရွယ်သမီး ခံနိုင်ပါ့မလား

ဒါကြောင့်ဘယ် battery ပဲဖြစ်ဖြစ်
Series တွဲထားပြီး အားသွင်းရင်
2 V cell လေးတွေ အထဲမှာ ပျက်သွားပါတယ်
အကုန်မပျက်ပါ electron စစီးခံရတဲ့ဘက်ကပျက်ပါတယ်
တိုင်းကြည့်တဲ့အခါမှာ 12 V မထွက်တော့ပါ

ဒါတွေကို ကာကွယ်ဖို့
Solar plant တွေမှာ Lead acid အတွက်
Battery equalizerတပ်ဆင်ကြပါတယ်
ဒါပေမယ့် ဘတ်ထရီ တအိုး 12 V ဟာ series ဖြစ်သည့်အတွက်
maintenanceလုပ်ရစမြဲပါ

ကိုင်း Lead ပြီးရင် lithium
Lithium ဟာ တစ်တောင့်ကို တစ် cell ပါ
Lead လိုမျိုး 12 V တစ်အိုးကို 2 V လေးတွေဆက်တာမဟုတ်
တစ် တောင့်ထဲက 3.7 V ~ 4.3 V ထွက်ပါတယ်
12 V ရဖို့ 7 လုံး 6 လူံး အမျိုးမျိုး တွဲကြပါတယ်
၈ လုံးတွဲတဲ့သူများတောင်ရှိပါတယ်
အပေါ်ကပြောထားသလိုပါပဲ
အားသွင်းတဲ့အခါ
Cell များသေသွားတတ်ကြပါတယ်
အဲ့တာကိုကာကွယ်ဖို့ BMS ဆိုတာတတ်ကြပါတယ်
BmS ဟာ တလုံးချင်းကို အားမျှအောင်လုပ်ပေးတာပါ
12 နစ် အားသွင်းဘုတ်( ကျော်ကြီးကို)
၃.၇ နစ် ကောင်မလေးများအခန်းကို စနစ်တကျ
နန်းဆောင်ရွေ့ပြီး သွင်းခိုင်းတာပါ
တလှည့်စီပေါ့ 😂😂

Solar plant မှာ lithiumတွေသူံးပါတယ်
Maintenance free ပြန်လှည့်မကြည့်ရလို့ပါ
နောက်ပြီး
ခဲနဲ့ အလေးချိန်ချင်းတူရင် power ချင်းမတူပါ
CR : all teacher.

26/01/2021

သိတဲ့ ဆရာများ ကျော်သွားပါခင်ဗျာ
ကို( V ) များအောင်တပ်နည်း၊ ( A ) များအောင်တပ်နည်း နှစ်မျိုးပေါင်း တပ်ဆင်နည်း ပါ

26/01/2021

ဒီည အခြေခံကျ တဲ့ battery တွဲနည်း နှစ်မျိုး တင်ပေးပါမယ်ခင်ဗျာ😇😇😇

23/01/2021

သိသလောက် တတ်သလောက် ရှာဖွေ ရလောက် ကိုအမြဲမျှဝေ ပေးပါမယ် ခင်ဗျာ ☺️☺️☺️

22/01/2021

ဆရာ တယောက် တင်ထားလေး တွေ့လို့ ပြန်တင်တာပါ ခင်ဗျာ ☺️☺️☺️ ကွန့်မန့် မှာ အဲ့ဆရာ လိပ်စာ ပါ ပါတယ်ခင်ဗျာ😇😇😇
Cr : :ပါ

Address

Yangon

Alerts

Be the first to know and let us send you an email when Batteryဆိုက်ကယ် နဲ့ Battery ရောင်းဝယ် ပြုပြင်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Batteryဆိုက်ကယ် နဲ့ Battery ရောင်းဝယ် ပြုပြင်ရေး:

Share