23/08/2026
Asian Print Awards 2026 winner!
Greenovation ဆိုတာ Packaging အတွက်အမြဲဂုဏ်ယူနေရတဲ့ packaging ကုမ္ပဏီတစ်ခုဆိုတာအများအသိပါ။ ဒီနှစ်မှာတော့ Printing စက်အသစ်လည်းရပြီဆိုတော့ Printing အတွက်ပါဝင်ပြိုင်ဖြစ်တယ်။ ကြိုးစားနေတဲ့သူအတွက် အသိအမှတ်ပြုမှုဆိုတာ အရည်အသွေးအတွက် မှတ်ကျောက်တင်ခံရတယ်ဆိုတာ ဒီ 2026 Asian Print Awards ဆုက လက်တွေ့ပြခဲ့ပါပြီ။
အာရှတဝှမ်းက နိုင်ငံပေါင်းများစွာရဲ့ ပြိုင်ပွဲဝင်လက်ရာပေါင်း ၁,၈၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ စံချိန်တင်နှစ်မှာ ဆုရရှိတာဖြစ်လို့ ပိုပြီးတောင်ဂုဏ်ယူမိပါသေးတယ်။ ပြိုင်ပွဲဝင် Printing နဲ့ Packaging ပစ္စည်းတွေကို (ဘယ်ကုမ္ပဏီ ဘယ်အဖွဲ့အစည်းနဲ့မှ ချိတ်ဆက်မထားတဲ့) ဝါရင့်သဘာရင့် Independent Judges ၈ ဦးက အကဲဖြတ်ပြီး ဒေသတွင်း အကောင်းဆုံးအနက်မှ တစ်ခုအဖြစ် ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ကျွန်တော်တို့ဟာ ဂုဏ်သတင်းကြီးမားတဲ့ ထုပ်ပိုးမှု (Packaging) ကုမ္ပဏီတစ်ခုအဖြစ်တင် မကတော့ဘဲ၊ ဆုတံဆိပ်ရ အရည်အသွေး အထူးကောင်းမွန်တဲ့ ပုံနှိပ်စက်ရုံ (Printing Company) အဖြစ်ပါ ဂုဏ်ယူစွာ ရပ်တည်နိုင်ခဲ့ပါပြီ။
အစဥ်မပြတ် ကြိုးစားခဲ့ကြတဲ့ ကျွန်တော်တို့ အဖွဲ့သားများအားလုံးကို အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါတယ်။ ဒီဆုဟာ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒါ့အပြင် အမြဲတမ်း ယုံကြည်အားပေးကြတဲ့ ပရိသတ်များ၊ အဝယ်တော်များနှင့် မိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
Incredible news to kick off the week: We are officially 2026 Asian Print Awards winners!
In a record-breaking year with over 1,800 entries from across Asia, our work was selected by eight independent industry judges as among the very best in the region.
We are proud to say that we are now not only recognized as a good packaging company, but also an award-winning printing company.
A massive congratulations to our entire team—this award belongs to all of us. Thank you to our clients and partners for your continued support!
သင့်ရဲ့ တန်ဖိုးကြီး Product တွေကို ပိုမိုတင့်တယ်စေမယ့် Packaging မျိုးရဖို့ Greenovation က အသင့်ရှိနေပါတယ်။ နိုင်ငံခြား Quality ကို ရန်ကုန်မှာတင် ရယူလိုက်ပါ။
📍 Greenovation (Yangon)
ပိုမိုသိရှိလိုပါက Messenger ကတစ်ဆင့် အသေးစိတ်မေးမြန်းနိုင်ပါတယ်။
နိုင်ငံတကာအဆင့်မီ Packaging design, manufacturing, service, kitting, consultation စတာတွေကို တနေရာတည်းမှာ ရနိုင်တာ Greenovation ပါ။
09 773 733 507, 09 773 733 501
အမှတ်-၁၆၊ ဗိုလ်မင်းရောင်လမ်း၊ ၁၄ ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်။, Yangon, Myanmar