မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ

  • Home
  • Myanmar
  • Yangon
  • မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ

မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချူပ်၊ မ

မြင်းပိုင်ရှင်များ/မြင်းကလပ်အသင်း ပိုင်ရှင်များ သိရှိ​​နိုင်ပါရန် .....
18/05/2022

မြင်းပိုင်ရှင်များ/မြင်းကလပ်အသင်း ပိုင်ရှင်များ သိရှိ​​နိုင်ပါရန် .....

30/10/2020
နှစ်သစ်အခါသမယ မှာ မြန်မာနိုင်ငံ၏မြင်းလောကကို ချစ်ခင်မြတ်နိူးသူကြသူများနှင့်မြင်းရတနာများအတွက် လေးနက်စွာဆုတောင်မေတ္တာပို့...
16/04/2020

နှစ်သစ်အခါသမယ မှာ မြန်မာနိုင်ငံ၏မြင်းလောကကို ချစ်ခင်မြတ်နိူးသူကြသူများနှင့်မြင်းရတနာများအတွက် လေးနက်စွာဆုတောင်မေတ္တာပို့သအပ်ပါသည်...

ဇော်လွင်ဦး
ဥက္ကဌ
မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်

30/03/2020
မြင်းဝါသနာရှင် ချစ်သူငယ်ချင်းတို့ရေ..ကျွန်တော်တို့နိုင်ငံမှာ လူတွေအတွက် COVID-19(ကပ်ရောဂါ)ရဲ့အခြေအနေက ဘာမှန်းရေရေရာရာမသိ...
30/03/2020

မြင်းဝါသနာရှင် ချစ်သူငယ်ချင်းတို့ရေ..ကျွန်တော်တို့နိုင်ငံမှာ လူတွေအတွက် COVID-19(ကပ်ရောဂါ)ရဲ့အခြေအနေက ဘာမှန်းရေရေရာရာမသိရသေးဘူး..မြင်းတွေအတွက် African Horse Sickness
(A.H.S)..အဖရိကန် မြင်းအပြင်းဖျားရောဂါက ကျွန်တော်တို့ဝါသနာရှင်တွေအတွက် သတင်းဆိုးတစ်ခုအနေနဲ့ ၂၇.၃.၂၀၂၀ နေ့မှာ ကြားသိလိုက်ရပါတယ်။ အဆိုးထဲကအကောင်းလို့ပြောရလေမလားပဲ..ဒီရောဂါက ကျွန်တော်တို့တိုင်းပြည်မှာတော့မဖြစ်သေးပါဘူး..မဖြစ်သေးတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး ကိုယ့်မြင်းတွေကို အကောင်းဆုံး ကာကွယ်ဖို့ရာအတွက် အချိန်တစ်ခုရလိုက်တယ်လို့ အောင့်မေ့မိပါတယ်။
ထိုင်းနိုင်ငံ ခရိုင်တစ်ခုမှာ ၂၄.၃.၂၀၂၀နေ့က စတင်တွေ့ရှိပြီး..၂၇.၃.၂၀၂၀ နေ့မှာ ​ရောဂါအဖြစ်သတ်မှတ်ခဲ့ပါတယ်..ဒီသတ်မှတ်ချက်ကို ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ (World Animals Health Organization)က
အာဖရိကန်မြင်းအပြင်းဖျားရောဂါအဖြစ် အမည်ပေးသတ်မှတ်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သူငယ်ချင်းတို့ ကိုယ့်မြင်းတွေကို ကိုယ်တိုင်အကဲခပ်ခန့်မှန်းနိုင်ဖို့အတွက် ရောဂါလက္ခဏာတွေကို ကနဦးတင်ပြပေးပါ့မယ်။
(ရောဂါလက္ခဏာများ)
၁။ အဖျားတက်ခြင်း
၂။ ချောင်းဆိုးခြင်း
၃။ အသက်ရှူရခက်ခဲခြင်း
၄။ ခေါင်း၊လည်ပင်း၊ရင်ဘတ်၊မျက်ခွံတို့ ယောင်ရမ်းခြင်း
၅။ နှာရည်ကျများခြင်း
၆။ ချွေးထွက်များခြင်း
၇။ စိတ်ပိုင်းဆိုင်ရာ အားနည်းချိနဲ့ခြင်း
၈။ ဗိုက်အောင့် ဗိုက်နာဖြစ်ခြင်း
၉။ သေဆုံးခြင်း တို့ဖြစ်ပါတယ်။

(ရောဂါ၏ အလေ့အထများနှင့်သက်တမ်း)
၁။ ရာသီအလိုက်ဖြစ်ပွားသောရောဂါဖြစ်သည်
၂။ ဖေဖော်ဝါရီလတွင်စတင်ဖြစ်ပွားပြီး မတ်လမှဧပြီလကုန်အထိမှာ ရောဂါပြင်းထန်သောကာလဖြစ်သည်။
၃။ ၎င်းရောဂါသည် ဖြစ်ပွားလေ့ရှိသောဒေသများတွင်အများဆုံးဖြစ်ပွားလေ့ရှိသည်။

(ကူးစက်ခြင်းနှင့်ပျံနှံ့ခြင်း)
၁။ သွေးစုပ်သောအင်းဆက်များမှရောဂါသယ်ဆောင်ပျံ့နှံ့ ကူးစက်စေသည်။
၂။ ခြင်၊မှက်၊မွှားတို့မှ မြင်းတစ်ကောင်နှင့်တစ်ကောင်ကိုကူးစက်စေသည်။(Corona Virus နှင့် ရောဂါပိုးဗီဇချင်းမတူညီသည့်အတွက် လူကိုလုံးဝမကူးစက်နိုင်ပါ)

(လတ်တလောအကောင်းဆုံးကာကွယ်ခြင်း)
၁။ မိမိတို့မြင်းဇောင်းများတွင် သွေးစုပ်ပိုးမွှားများမှကာကွယ်ရန် ခြင်ဆေးဖျန်းခြင်း(DTT(သို့)ဆိုက်ပါမီသရင်း)
၂။ နွား၊သိုး၊ဆိတ်တို့နှင့်တွဲဖက်မွေးမြူသောမြင်းဇောင်းများတွင် ခြံဝန်းတစ်ခုလုံးအား ဆေးဖျန်းကာကွယ်ခြင်း။
၃။ နံနက်ခင်းပိုင်းတွင်ရေချိုးပေးခြင်း။
၄။ မြင်းများကိုတစ်နေရာမှတစ်နေရာသို့ရွှေ့ပြောင်းခြင်းအား ယာယီဆိုင်းငံထားခြင်း။
၅။ မဖြစ်မနေရွှေ့ပြောင်းရမည်ဆိုပါက နီးစပ်ရာဆရာဝန်နှင့် ကနဦးစမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပြီးမှရွှေ့ပြောင်းခြင်း။
၆။ နိုင်ငံရပ်ခြားမှာမြင်းများဝယ်ယူတင်သွင်းသူများအနေနှင့် မေလအထိ ဆိုင်းငံ့တင်သွင်းခြင်း။
၇။ မိမိတို့မြင်းများသည်ဖော်ပြပါရောဂါလက္ခဏာများဖြစ်ပေါ်လာပါက မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်နှင့်ကျွမ်းကျင်ဆရာဝန်များထံသတင်းပေးပို့ခြင်းနှင့်အခြားမြင်းများနှင့်အဝေးသို့ ခွဲ၍ထားပေးခြင်း(သို့)ရောဂါလက္ခဏာတွေ့ရှိရသောမြင်းဇောင်းအား အခြားမြင်းများမလာနိုင်ရန်တားဆီးထားခြင်း။
၈။ မြင်းများအား ခြုံဆောင်များစီစဥ်ပေးခြင်း။

(ကုသခြင်း)
၁။ တိကျသောကုသဆေးမရှိသေးပါ။
၂။ အချို့နိုင်ငံများတွင် မှတ်ပုံတင်ထားခြင်း သက်ဆိုင်ရာနိုင်ငံ၏ခွင့်ပြုချက်ရရှိခြင်းများမရှိသေးသောတိုင်းရင်းဆေူများဖြင့်ကုသကြပါသည်။ဥပမာ..
(က) လဘက်ရွက်
(ခ) စပါးလင်
(ဂ) ပျားရည်
(ဃ) လေးညှင်းပွင့်
(င) ချင်း(ဂျင်း)
(စ) မန်ကျည်းသီး
(ဆ) တရုတ်နံနံ
(ဇ) တရုတ်နံနံကြီး
(ဈ) သခွားသီး
(ပါဝင်နှုန်းများမသိပါ)

(ရောဂါပိုး၏သက်တမ်း)

၁။ ပုံမှန်အားဖြင့် ၇ရက်မှ ၁၄ရက်
၂။ တစ်ခါတစ်ရံ ၂ရက်

ကျွန်တော်သိရှိသလောက်အချက်အလက်များကို ဝါသနာတူသူငယ်ချင်းတို့သိရှိလိုက်နာနိုင်စေခြင်းအလို့ငှာ ကျွန်တော်တို့တန်ဘိုးထားမြတ်နိုးရတဲ့မြင်းတွေရဲ့ အသက်အန္တရာယ်အတွက် ရောဂါဆိုး(အာဖရိကန်မြင်းအပြင်းဖျားရောဂါ)ကိုကာကွယ်ကြပါစို့။ ။


(ဝန်ခံချက်)ဖော်ပြပါသတင်းအချက်အလက်များအား တိရိစ္ဆာန်များကျန်းမာရေးနှင့်ပတ်သက်၍ ကျွမ်းကျင်ပညာရှင် ဒေါက်တာဆန်းထွန်းဦး(မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်)၏ ကူညီပံပိုးမှုဖြင့်ရေးသားခြင်းဖြစ်ပါသည်။
လေးစားလျှက်
ဝင်းအောင်
(သတင်း၊မှတ်တမ်းနှင့်ပြန်ကြားရေးတာဝန်ခံ)
မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်

မြန်မာ့မြင်းဝါသနာရှင်များခင်ဗျာ..မကြာသေးမီကဖြစ်ပေါ်လာတဲ့ မြင်းများ အဆုပ်ယောင် အသက်ရှူလမ်းကြောင်းရောဂါသစ်တစ်ခုကြောင့် မိမ...
29/03/2020

မြန်မာ့မြင်းဝါသနာရှင်များခင်ဗျာ..မကြာသေးမီကဖြစ်ပေါ်လာတဲ့ မြင်းများ အဆုပ်ယောင် အသက်ရှူလမ်းကြောင်းရောဂါသစ်တစ်ခုကြောင့် မိမိတို့မြင်းများကိုပုံမှန်ထက်ပိုမိုဂရုစိုက်ပေးကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် တာဝန်ရှိသူများအနေနှင့်လည်း သက်ဆိုင်ရာပညာရှင်များနှင့် ကာကွယ်ရေး/ကုသရေးများနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြပါပြီ..ဆွေးနွေးမှုရလာဒ်များနဲ့အတူ အထိရောက်ဆုံးကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် မြန်မာ့မြင်းဝါသနာရှင်များထံသို့အချိန်နှင့်တစ်ပြေးညီ သတင်းဖြန့်ဝေပေးပါမည်။
လေးစားလျှက်
ဝင်းအောင်
(သတင်း၊မှတ်တမ်းနှင့်ပြန်ကြားရေးတာဝန်ခံ)
မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ
မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ လမ်းညွှန်မှုဖြင့်(၆၁)ကြိမ်မြောက် မန္တလေးတိုင...
13/03/2020

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၊မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ လမ်းညွှန်မှုဖြင့်(၆၁)ကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့နယ်၊​ကန်နီကျေးရွာအုပ်စု၊ညောင်ကုန်းကျေးရွာမြင်းစီးအားကစားကွင်း၌ ၁၀.၃.၂၀၂၀ မှ ၁၂.၃.၂၀၂၀ အထိ ၃ရက်တိုင်တိုင် မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ..၁၀.၂.၂၀၂၀ နေ့ ဖွင့်ပွဲအခမ်းအနားတွင် ရပ်/ကျေးဥက္ကဌ ဦးသိန်းဦး၊ဆရာတော်အရှင်ဥူးသုန္ဒရ၊မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏နည်းစနစ်မှူးဦးသိန်းဝင်း၊မိတ္ထီလာခရိုင်မြင်းစီးအသင်းဥက္ကဌဦးအောင်မြတ်ထွန်းတို့မှ အခမ်းအနားကိုဖဲကြိုးဖြတ် ၍ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် မြန်မာ့ရိုးရာဒုံးပြိုင်ပွဲများကိုစတင်ကျင်းပခဲ့ရာ ၄ပေ ၉လက္မနှင့်အောက်(အငယ်တန်း)နှင့် ၄ပေ ၉လက္မ၏အထက်(အကြီးတန်း)များ၌စုစုပေါင်း အားကစားသမား(၁၆)ဦး မြင်း(၁၆)ကောင်ဖြင့်ယှဥ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများနှင့် မြင်းဝါသနာရှင်များ၊ဒေသခံများက တစ်ခဲနက်အားပေးကြည့်ရှုခဲ့ကြပါသည်။
၁၂.၃.၂၀၂၀နေ့၌ ဗိုလ်လုပွဲများဆက်လက်ယှဥ်ပြိုင်ခဲ့ရာ..အကြီးတန်းဒုံးပြိုင်ပွဲများတွင် မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်မှကိုယ်စားပြုယှဥ်ပြိုင်သော အားကစားသမား မျိုးအောင်က..မြင်းအမည် ဒိတ်ဒိတ်ကျဲဖြင့် ပထမ..မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်မှကိုယ်စားပြုယှဥ်ပြိုင်သော အားကစားသမား မိုးဒီက.. မြင်းအမည် ရန်နိုင်အောင်ဖြင့် ဒုတိယ၊မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်မှကိုယ်စားပြုယှဥ်ပြိုင်သော အားကစားသမား ဇော်ဝင်းထွဋ်က.. မြင်းအမည် ရန်ကျော်ဟိန်းဖြင့် တတိယဆုများအသီးသီးရရှိခဲ့ကြပြီး..ဒုံးအငယ်တန်းပြိုင်ပွဲများတွင် မတ္ထီလာမြို့မှကိုယ်စားပြုယှဥ်ပြိုင်သောအားကစားသမား ဟာရှင်က မြင်းအမည် ရွှေတိုးဖြင့် ပထမ၊မကွေးတိုင်းဒေသကြီး၊ပေါက်မြို့နယ်မှကိုယ်စားပြုယှဥ်ပြိုင်သောအားကစားသမား ဘိုတုန်က မြင်းအမည် ပေါက်ကျော်မဖြင့် ဒုတိယ၊မိတ္ထီလာမြို့မှကိုယ်စားပြုယှဥ်ပြိုင်သောအားကစားသမား နေလင်းက မြင်းအမည် ဗိုလ်မထားဖြင့် တတိယဆုများအသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။
ထို့နောက် ကုန်းနှီးမဲ့ဒုံးပြိုင်ပွဲများဆက်လက်ကျင်းပခဲ့ရာတွင် မိတ္ထီလာမြို့မှကိုယ်စားပြုယှဥ်ပြိုင်သောအားကစားသမား သံဘီးက မြင်းအမည် ထီလာနဂါးဖြင့် ပထမ၊မိတ္ထီလာမြို့မှကိုယ်စားပြုယှဥ်ပြိုင်သောအားကစားသမား ဇော်လေးက မြင်းအမည် ထီလာသားဖြင့် ဒုတိယ၊မန္တလေးမြို့ ရွှေစာရံမြင်းစီးအသင်းမှကိုယ်စားပြုယှဥ်ပြိုင်သောအားကစားသမား မျိုးမင်းက မြင်းအမည် ရွှေနန်းထိုက်ဖြင့် တတိယဆုများအသီးသီးဆွတ်ခူးရရှိခဲ့ကြပါသည်။
ဆုရရှိသူများကို တာဝန်ရှိသူအသီးသီးတို့က ဆုများချီးမြှင့်ခဲ့ကြောင်းသိရှိရပါသည်။
ယင်းပြိုင်ပွဲ၏ထူးခြားချက်မှာ ယခုလို မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲများကို စဥ်ဆက်မပြတ် နှစ်စဥ်ကျင်းပလာသည်မှာ ယခုအကြိမ်နှင့်ဆိုလျင်(၆၁)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်းသိရှိရပါသည်။
ယခုနှစ်(၆၁)ကြိမ်မြောက်ပြိုင်ပွဲသည် လက်ရှိကမ္ဘာ့အရပ်ရပ်၌ဖြစ်ပွားလျက်ရှိသော ဝူဟန်ဗိုင်းရပ်စ်(Wuhan virus)ကူးဆက်ရောဂါ၏အခြေအနေနှင့်အန္တရာယ်ကြောင့် မူလကရည်ရွယ်ထားသော ရည်ရွယ်ချက်များအောက်များစွာလျှော့နည်းကျင်းပခဲ့ရသော်လည်း (၆၂)ကြိမ်မြောက် ပြိုင်ပွဲကြီးတွင် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီအနေဖြင့် ယခင်နှစ်များထက်ပိုမိုစည်ကားသိုက်မြိုက်သော မြန်မာ့ရိုးရာမြင်းစီးအားကစားပြိုင်ပွဲကြီးကို မိတ္ထီလာခရိုင်၌ မိတ္ထီလာခရိုင်မြင်းစီးအသင်းနှင့်ပူးပေါင်၍ကျင်းပပြုလုပ်ရန်ရည်သန်ထားလျှက်ရှိကြောင်းသိရှိရပါသည်။
လေးစားလျက်
ဝင်းအောင်
(သတင်း၊မှတ်တမ်းနှင့်
ပြန်ကြားရေးတာဝန်ခံ)
မြန်မာ့ရိုးရာမြင်းစီးအားကစား
ကော်မတီ)

05/03/2020
မြင်းစီး အားကစားပြိုင်ပွဲ သတင်းဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်၊ရွှေမြင်တင်ကျေးရွာ၌ တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟ...
03/03/2020

မြင်းစီး အားကစားပြိုင်ပွဲ သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ပန်းတနော်မြို့နယ်၊ရွှေမြင်တင်ကျေးရွာ၌ တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟောင်းသမိုင်းဝင် ရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဒပူဇနိယပွဲတော်တွင် မြန်မာ့ရိုးရာမြင်းစီးအားကစားပွဲတော်တစ်ရပ်ထည့်သွင်းကျင်းပရာ ၂၀၂၀ပြည့်နှစ် မတ်လ ၃ရက်နေ့ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီမှ ဘဏ္ဍာရေးမှူး ဧရာဝတီတိုင်းဒေသကြီးမြင်းစီးအသင်း ဥက္ကဋ္ဌ ဦးသန်းစိုး၊ မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီမှ ဦးဝင်းအောင် (မှတ်တမ်းသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ)၊ ဦးသိန်းဝင်း (နည်းစနစ်မှူး) တို့မှ တက်ရောက်ခဲ့ကြပြီး၊ ဧရာဝတီတိုင်းဒေသကြီးမြင်းစီးအသင်းဥက္ကဋ္ဌ ဦးသန်းစိုးနှင့် နည်းစနစ်မှူး ဦးသိန်းဝင်းတို့က မြင်းစီးအားကစားဆိုင်ရာကိစ္စရပ်များနှင့် နည်းစနစ်ပိုင်းဆိုင်ရာတို့အားအမှာစကားအဖြစ်အသီးသီးပြောကြားခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ၏ ပြိုင်ပွဲအတွက်ပံပိုးကူညီငွေ ကျပ်(နှစ်သိန်း)ကို ဦးဝင်းအောင်မှပေးအပ်ပြီး ဧရာဝတီတိုင်းဒေသကြီးမြင်းစီးအသင်း၏ပံ့ပိုးကူညီငွေကျပ်(သုံးသိန်း)ကို ဦးမောင်မောင်သော် ဒုဥက္ကဋ္ဌ(ဧရာဝတီတိုင်းဒေသကြီးမြင်းစီးအသင်း)က ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် မြန်မာ့ရိုးရာဒုံးစီးပြိုင်ပွဲများစတင်ကျင်းပခဲ့ရာ ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲချုပ် မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီမှတာဝန်ရှိသူများ၊ဧရာဝတီတိုင်းဒေသကြီးမြင်းစီးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များနှင့် ဒေသခံဧည့်ပရိသတ်များကတခဲနက်အားပေးကြည့်ရှုခဲ့ကြပြီး ပြိုင်ပွဲများကို ၂၀၂၀ပြည့်နှစ်မတ်လ(၃)ရက်နေ့မှ(၈)ရက်နေ့အထိစည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မြင်းလောကဝါသနာရှင်အပေါင်းအား အသိပေးအပ်ပါသည်...

မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြန်မာ့ရိုးရာမြင်းစီးအားကစားကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category