အိမ်ရှင်မ အိမ်တွင်းစီးပွားသင်တန်းများ

  • Home
  • Myanmar
  • Yangon
  • အိမ်ရှင်မ အိမ်တွင်းစီးပွားသင်တန်းများ

အိမ်ရှင်မ အိမ်တွင်းစီးပွားသင်တန်းများ ဆပ်ပြာသင်တန်းမှ ကြိုဆိုပါ၏

 #ကွမ်းယာစားတဲ့အလေ့အကျင့်ဟာ မြန်မာပြည်မှာ အနည်းဆုံး နောင် နှစ်လေးငါးဆယ်ထိ ပျောက်မှာမဟုတ်ပါဘူး ဘယ်လောက်စျေးကြီးကြီး ကုန်စ...
21/03/2023

#ကွမ်းယာစားတဲ့အလေ့အကျင့်ဟာ မြန်မာပြည်မှာ အနည်းဆုံး နောင် နှစ်လေးငါးဆယ်ထိ ပျောက်မှာမဟုတ်ပါဘူး ဘယ်လောက်စျေးကြီးကြီး ကုန်စျေးနှုန်း ဘယ်လောက်တက်တက် ကွမ်းကြိုက်တဲ့သူကတော့ စားတာပါပဲ အရင်က အပေါင်းအသင်းတွေ့ရင် ကွမ်းထုပ်ကမ်းတယ် အခုတော့ ကိုယ့်ဟာကိုယ် ခါးပုံစထဲ ကျစ်ထားတယ် 😂😂😂

#အလွယ်တကူလုပ်လို့ရတဲ့လုပ်ငန်း လူတော်တော်များများ လက်လှမ်းမှီတဲ့လုပ်ငန်းဟာလဲ ကွမ်းယာဆိုင်ပဲ ရှိပါတယ်

#ကွမ်းယာရောင်းပြီးတိုက်ဆောက် ကားစီးတဲ့သူတွေ မြင်ဘူးကြမှာပါ အဲ့လို အကြီးအကျယ် စီးပွားဖြစ်တဲ့ဆိုင်တွေက ထုံးကို ကိုယ်တိုင်ဖောက်ပါတယ် ထုံးကြမ်း ထုံးပြင်းကို ဖောက်ပြီး ကိုယ်တိုင်စပ်ပြီး နည်းပညာကို လျို့ဝှက်ထားပါတယ်

#ထုံးပြင်းစားပြီးရင် ဘယ်ဆိုင်မှမတိုးတော့ပါ သူ့အရသာကို ခွဲခြမ်းကြည့်မယ်ဆိုရင် အေးတယ် ဆိမ့်တယ် လေးတယ် မြေဓာတ် မြေအရသာမျိုးလဲ ရပါတယ် ဒါကို ကွမ်းသမားတိုင်း သိပါတယ် ပြီးတော့ လုံးဝလုံးဝ မပေါက်ပါ ထုံးတကယ်ကောင်းရင် လက်ဖဝါးထဲ ဇွန်းနဲ့ခပ်ထည့်ပြီး လျှာနဲ့ယက်လို့ ရပါတယ် မပေါက်ပါဘူး

ကူညီပေးခဲ့ဖူးတဲ့ ညီမလေးတစ်ယောက်ရှိတယ် သူက ဖန်စီပစ္စည်းဆိုင်လေး ဖွင့်ထားတယ် ( ပိုက်ဆံအိတ်တို့ စလင်းဘက်တို့ ခေါင်းစည်းကြိုးတို့ မိန်းကလေးအသုံးအဆောင်ပစ္စည်းလေးတွေ ရောင်းတယ်) သိပ်အလုပ်မဖြစ်ဘူး ဆိုင်ခန်းငှားထားတာလဲ စာချုပ်အများကြီးကျန်သေးတယ် ဒါနဲ့ ကွမ်းယာခုံလေး တွဲလုပ်ဖို့ အကြံပေး သင်ပေးလိုက်တယ် အခု သူ့နဂိုဖန်စီဆိုင်က အဲ့လောက်မဟုတ်ပဲ ကွမ်းယာဆိုင်က အကြီးအကျယ်ရောင်းရပြီး ကွမ်းယာဖို့ ဝန်ထမ်းပါ ငှားထားရတယ် တစ်ရက်ရောင်းကြေး ၅သိန်းဝန်းကျင် ရှိပါတယ်

​​ပြောချင်တာ ကွမ်းယာဆိုင်ဆိုတာ သူ့ချည်းဖွင့်လို့ရသလို မိမိလက်ရှိလုပ်နေတဲ့လုပ်ငန်း၊ဆိုင် တစ်ခုခုနဲ့ တွဲဖွင့်လိုလဲ ရပါတယ် တချို့ ဖုန်းဆိုင် ဖုန်းပြင်ဆိုင်နဲ့ တွဲဖွင့်ကြပါတယ် လက်ဖက်ရည်ဆိုင်နဲ့ တွဲမလား ရတယ် ကွမ်းယာခုံလေးချလိုက်တာ ထူးပြီး မပင်ပန်းသွားပါဘူး ကိုယ်တိုင်မယာချင်ဘူးလား အနည်းငယ်လည်ပတ်သွား ဖောက်သည်အနည်းငယ်ရပြီဆိုတာနဲ့ ဝန်ထမ်းငှားနိုင်ပါတယ် ကွမ်းလာဝယ်ရင်း စောင့်ရင်းနဲ့ မိမိနဂိုဆိုင်ကပစ္စည်းကို ကြည့်သွား ဝယ်သွားတာမျိုးနဲ့ ကြော်ငြာပြီးသားလည်း ဖြစ်စေပါတယ်

#ကွမ်းယာဆိုင်ဖွင့်ချင်သူများအတွက် သင်တန်းတက်လို့ ရပါပြီ -

ကူညီပေးခဲ့ ဖွင့်ပေးခဲ့တဲ့ ဆိုင်ပေါင်း ၅၀ ကျော်ပါပြီ ဖွင့်ပေးခဲ့သမျှ ဆိုင်အားလုံး အောင်မြင်နေပါတယ် နေရာပေါ် မူတည်ပြီး တချို့ ဝန်ထမ်း သုံးလေးယောက် ငှားထားရပါတယ် 😃😃😃

ထုံးနဲ့ပက်သက်တာပဲလားဆိုတော့ မဟုတ်ပါဘူး ပြည့်စုံသွားအောင် ကွမ်းသီးအတွက်ပါ ပါပါတယ် 😃

#သင်ခန်းစာများ -

📌 ထုံးပြင်းကိုယ်တိုင်ဖောက်နည်း (ဆိုင်ကြီးသမားများအတွက်)

📌 ထုံးပြင်း အမြန်ဖောက်နည်း (အမြန်လိုချင်သူများ အချိန်မရသူများအတွက်)

📌 ကွမ်းသီး ကန့်ရိုက်နည်း ( ဆိုင်ကြီးသမားများအတွက်)

ကန့်ရိုက်နည်းကို တချို့ သိရုံသာသိပြီး သေချာမလုပ်တတ်ပါ ဒီတစ်ခုနဲ့တင် တန်နေပါပြီ ကွမ်းယာဆိုင်အတွက်သာမက ကွမ်းသီးဒိုင် ပွဲရုံလုပ်ငန်းလုပ်လိုသူများ၊ လှောင်လိုသူများ တတ်ကိုတတ်ထားရမည့် ပညာ

ကန့်ရိုက်နည်းအတွက် -

ကွမ်းသီး ကန့်ရိုက်ပုံ
ကန့်ဖိုဆောက်ပုံ
ကွမ်းသီးရေစိမ်ပုံ အဆင့်ဆင့်

📌 ကွမ်းသီး အမြန်ပေါင်းနည်း (အမြန်လိုချင်သူများအတွက်)

#ဘယ်လိုလူတွေတက်သင့်လဲ ❓❓❓

✔ ကွမ်းယာဆိုင် ဖွင့်ချင်သူများ

✔ လက်ရှိ ကွမ်းယာဆိုင်ဖွင့်ထားပြီး သိပ်အလုပ်မဖြစ်သူများ

✔လက်ရှိ ဆိုင်တစ်ခုခု ဖွင့်ထားသူများ (ဘာဆိုင်မဆို တွဲလို့ရတယ်နော် ကုန်စုံဆိုင်၊ စတိုးဆိုင်၊ အထည်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ ဖုန်းဆိုင်......) နောက်ဆုံး အိမ်ရှေ့မှာ သစ်ပင်ရိပ်ကောင်းကောင်း ရှိရင်ကို ရပြီ 😃

✔ ကွမ်းသီးလုပ်ငန်း လုပ်ချင်သူများ (ဝယ်၊ရောင်း၊လှောင်)

✔ ဗဟုသုတအဖြစ် တတ်ထားချင်သူများ (ကွမ်းယာပညာ တတ်ထားရင် ထမင်းမငတ်ပါဘူး ထမင်းစားလက်မှတ်ပါပဲ 😃)

#ဘယ်လိုသင်မှာလဲ ❓❓❓

FB Private Group ထဲတွင် လုပ်နည်းကိုင်နည်းအသေးစိတ်ကို ရှင်းလင်းစွာသင်ကြားပေးပါတယ် မရှင်းတာကို အချိန်မရွေး ပြန်မေးနိုင်ပါတယ်

👉👉👉 သင်တန်းကြေး - တစ်သောင်းကျပ်

👉👉👉 သင်တန်းတက်ရန် - ကွန်းမန့်တွင်
"ထုံးပြင်း 𝟮𝟬𝟮𝟯"

ဟု မန့်ခဲ့ပါ 😃

လက်ရာပေါင်းချုပ်😍😍😍
24/12/2021

လက်ရာပေါင်းချုပ်😍😍😍

❤❤❤👍
24/12/2021

❤❤❤👍

ပညာရှင်လေးတွေ လက်ရာပါ 😍😍😘
23/12/2021

ပညာရှင်လေးတွေ လက်ရာပါ 😍😍😘

  ဆပ်ပြာခဲပြုလုပ်ရာတွင် သုံးရသော အသီးအနှံများ၏အကျိုးအာနိသင်ကို ဖော်ပြပေးလိုက်ပါတယ်။ဘယ်ဆပ်ပြာလုပ်ရင် ဘယ်လိုအကျိုးရမလဲဆိုတ...
23/12/2021

ဆပ်ပြာခဲပြုလုပ်ရာတွင် သုံးရသော အသီးအနှံများ၏အကျိုးအာနိသင်ကို ဖော်ပြပေးလိုက်ပါတယ်။ဘယ်ဆပ်ပြာလုပ်ရင် ဘယ်လိုအကျိုးရမလဲဆိုတာ စမ်းလုပ်ဖို့သိသွားပီပေါ့နော်😍☘️🌿

1.ရှာစောင်းဆပ်ပြာ ( Aloe vera) - Vitamin C,B 3 ပါ၀င်ပြီး ရှားစောင်း၏အနှစ် များဖြင့်ပါ၀င်ထည့်သွင်းထားသောကြောင့် အမည်းစက်၊ အမာရွတ်တို့ကိုပျောက် ကင်းစေနိူင်ပါသည်။

2.သခွားဆပ်ပြာ (Cucumber) - အသားအရေခြောက်သွေ့ခြင်း ကိုကာကွယ်ပေး ပြီးအသားအရေကိုချောမွတ်စေသည်။ အမည်းစက်နှင့်တင်းတိတ်များကိုလည်း ပျောက်ကင်းစေသည်။

3.ခါကြက်ဥဆပ်ပြာ (Carrot) - ၀က်ခြံ၊ အရေပြားရောဂါနှင့် ကြမ်းတမ်းသောအသား အရေတို့ကို ထူးခြားစွာသက်သာပျောက်ကင်းစေပြီး ခရမ်းလွန်ရောင်ခြည်ကိုပါ ကာကွယ်ပေးနိူင်ပါသည်။

4. စံပယ်ဆပ်ပြာ (Jasmine) - စံပယ်ဆပ်ပြာသည် စိတ်ပင်ပန်းနွှမ်းနယ်မှုကို လျော့ပါးစေပြီး တစ်နေ့လုံးလန်းဆန်းနေစေသည်။၀က်ခြံများကိုလည်း သက်သာ ပျောက်ကင်းစေသည်။

5.ပူစီနံဆပ်ပြာ (Peppermint) - ယားယံခြင်းမိတ်ဖု တို့ကိုသက်သာပျောက်ကင်း စေပြီး သင့်အသားအရေကိုချောမွတ်စေသည်။အနံ့ဆိုးများကိုလည်းသက်သာ ပျောက်ကင်းစေနိူင်ပါသည်။

6.မင်းကွတ်ဆပ်ပြာ (Mangosteen) - ခန္ဓာကိုယ်ဧ။်ရနံ့ဆိုးများကိုထူးခြားစွာ ရှင်းလင်းပေးနိုင်ခြင်း ၊ချွေးပေါက်ငယ်များကိုကျန်းမားစေခြင်းနှင့် ခရမ်းလွန်ရောင် ခြည်ကိုလည်းကာကွယ်ပေးနိုင်ပါသည်။

7.မန်ကျည်းဆပ်ပြာ(Tamarind) - Feeble ထူးခြားစွာပါ၀င်မှုကြောင့်အမည်းစက် များကိုထူးခြားစွာ လျော့ပါးစေသည်။ဒူး၊ ချိုင်း၊ ပေါင်ခြေမျက်စိအမည်းကွက်များကိုဖြူ စေသည်။

8.ပျားရည်ဆပ်ပြာ (Honey) - နေလောင်ဒဏ်ကိုကာကွယ်ပေးပြီးအသားအရေ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်စေပြီး အမာရွတ်များကိုပျောက်ကင်းစေပါ သည်။9.စပါးနှံဆပ်ပြာ (Rice Milk) - အသားအရေကိုတင်းရင်းစေပြီး မျက်နှာပေါ်မှ အရေအကြောင်းများကိုပျောက်ကင်းစေသည်။ တင်းတိတ်၊မှဲ့ခြောက်နှင့်အစက် အပျောက်များကို လျော့့နည်းစေနိုင်သည်။

10.ဆနွမ်းဆပ်ပြာ (Tumeric) - ပတ်၀န်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်သောယား ယံခြင်း၊ ရောင်ရမ်းခြင်းတို့ကိုကာကွယ်ပေးပြီး အသားအရေကို ဖြူစင်၀င်းပစေသည်။

11.သနပ်ခါးဆပ်ပြာ(Thanakha) - သင့်မျက်နှာရှိအရေးအကြောင်းများကိုလျော့ပါး စေသည်။ အရွယ်မတိုင်မီအိုမင်းခြင်းမှ ကာကွယ်ပေးပြီးအသားရေ၀င်းပစေသည်။

12.ချယ်ရီဆပ်ပြာ (Sakura) - အစိုဓာတ်ကိုပေးစွမ်းနိုင်သောသဘာ၀ဆပ်ပြာဖြစ်ပြီး ချယ်ရီပန်းရနံ့သည် စိတ်ကိုအပန်းပြေစေနိုင်သည်။ အသားအရေကိုနူးညံ့ပျော့ ပျောင်းစေပါ သည်။

13.နှင်းဆီ (Rose) - နှင်းဆီဆပ်ပြာသုံးခြင်းဖြင့် တစ်နေကုန်မွှေး ရနံ့သင်းပျံစေ ပြီး၊မှဲ့ခြောက် နှင့် အသားအရေခြောက်ခြင်းကိုကာကွယ်ပေးပါသည်။

14.ပဲပန်းဆပ်ပြာ(Butterfly Pea) - Scrub များနှင့်အသားအရေချောမွေ့စေဖို့ အတွက်ထည့်သုံးထားပါသည်။နေလောင်ခြင်း နှင့်၀က်ခြံအမည်းစက်စသည် တို့ကိုလျော့ပါးစေသည်။

15.ဌက်ပျောဆပ်ပြာ (Banana) - Vitamin-E ပါ၀င်ထည့်သွင်းပေးသည့်အတွက် မျက်နှာအသားအရေကိုစိုပြေ၀င်းပစေသည်။အဆီပြန်ပြီး၀က်ခြံထွက်သူများအတွက် လည်းအသင့်တော်ဆုံးဖြစ်သည်။

16.မာလကာသီးဆပ်ပြာ (Guava) - သဘာ၀သစ်သီးများနှင့်ပေါင်းစပ်ထားသော ကြောင့်အိုမင်းရင့်ရော်ခြင်းနှင့် အရေးအကြောင်းများကိုကာကွယ်ပေးသည်။ ချွေးပေါက်များလည်းကျည်းစေသည်။

17. လိမ္မော်ဆပ်ပြာ(Orange) – VintaminC ပါ၀င်သောကြောင့်သင့်အသား အရေကို ပျော့ပျောင်းလန်းဆန်းစေပြီးဖြူစင်၀င်းပသည့်အသားအရေကိုရရှိနိုင် ပါသည်။

18. သံပုရာဆပ်ပြာ (Lemon)- အစိုဓာတ်နှင့်အဟာရဓာတ်ကိုပြည့်၀စွာဖြည်ှ့ဆည်း ပေးသည့်အပြင် ချွေးပေါက်များကိုကျည်းစေပြီးအသားအရေကိုပြန်လည်သန့်စင်ပေး ပါသည်။

19.ကော်ဖီဆပ်ပြာ (Coffee) - အသားအရေပေါ်ရှိ ဆဲလ်ဟောင်းများကိုဖယ် ရှားပေးပြီး အမည်းစက်များကိုသက်သာပျောက်ကင်းစေနိုင်သည်။Selenium ဓာတ်ပါ၀င်သောကြောင့် နေလောင်ဒဏ်ကိုကာကွယ်ပေးသည်။

20. ဒိန်ချဉ်ဆပ်ပြာ (Yoghurt) - ရေကစားခြင်းကြောင့်အသားအရေညိုညစ် ပြီးနေလောင်ခြင်းကိုကာကွယ်ပေးသည်။ မျက်နှာပေါ်အသုံးပြုရာတွင်လည်းအလွန် ကောင်းမွန်စေပါသည်။

21.နို့ဆပ်ပြာ (Milk)- အဆီပိုများကို စုတ်ယူထိန်းသ်ိမ်းထားနိုင်ပြီး မှုန်မှုန် ညက်ညက်လေး နှင့်အသားကိုချောမွှတ်လာစေပါသည်။

22.သီးစုံဆပ်ပြာ (Mixed Fruit) -သဘာ၀သစ်သီးများဧ။် အဆီအနှစ်ဖြင့်အဓိက ပေါင်းစပ်ပြုထားသောကြောင့် အသားအရေခြောက်သွေ့သူများအတွက် အလွန်ကောင်းမွန်စေပါ သည်။

23.ငုဝါပန်းဆပ်ပြာ(Goldern Flower) -Vitamin C,B ပါ၀င်ပေါင်းစပ်ထားသည့် အတွက်ကြောင့် အသားအရေကိုချောမွေ့စေသည်။

24. ပန်းသီးဆပ်ပြာ (Apple) - အသားအရေခြောက်သွေ့သူများအတွက်အထူး ထုတ်လုပ်ထားပြီးအရေပြားကို ကြည်လင်သန့်စင်စေသည်။နေရောင်ခြည်ဒဏ် ကာကွယ်ပေးနိူင်ပြီး အသားအရေစိုပြေစေသည်။

25. သဘောင်္သီးဆပ်ပြာ (Papaya) - သင့်ဧ။်အသားအရေကိုအစိုဓာတ်ပေးထားပြီး သဘာ၀ အတိုင်းဖြူ၀င်းလာစေသည်။ အသားအရေအေးမြစေပြီး နေလောင်ဒဏ်ကို ကာကွယ်ပေးသည်။

26. စပါးလင်ဆပ်ပြာ (Lemongrass) -သံလွင်ဆီ၊နေကြာဆီအလှဆီတို့နှင့် ရောစပ်၍ထုတ်လုပ်ထားသောစပါးလင်ဆပ်ပြာသည် အသားအရေယားယံခြင်း၊ မိတ်ဖုပေါက်ခြင်းနှင့်၀က်ခြံ တို့ကို သက်သာပျောက်ကင်းစေနိုင်သည်။

27.လက်ဖက်စိမ်းဆပ်ပြာ(GreenTea)-လက်ဖက်အဆီများပါ၀င်မှုကြောင့် အသားအရေမွဲခြောက်ခြင်းကို၁၀၀%ကာကွယ်ပေးပါသည်။

❤
27/10/2021

❤💕❤
27/10/2021

❤💕❤

👉 Caustics ( ‌ကော့စတစ်) 👈💁Caustics ကို     Lye      Sodium Hydroxide     NaOH     Caustic soda လို့လည်းခေါ်ပါတယ်ရှင့်💁 C...
25/10/2021

👉 Caustics ( ‌ကော့စတစ်) 👈

💁Caustics ကို
Lye
Sodium Hydroxide
NaOH
Caustic soda လို့လည်းခေါ်ပါတယ်ရှင့်

💁 Caustics + ရေ + ဆီ တစ်မျိုးမျိုးနဲ့
ရောရင်ဆပ်ပြာဖြစ်ပါတယ်
သုံးတဲ့ဆီအမျိုးအစား နှင့်
အချိုးအစားအပေါ်မှာမူတည်ပြီး
ထွက်လာတဲ့ဆပ်ပြာကွဲပြားသွားပါတယ်

💁 ကော့စတစ်ကိုရေနဲ့ရောလိုက်တဲ့အခါမှာ
အပူထွက်လာပါတယ် အပူချိန်ကလည်း
တစ်ဖြည်းဖြည်းမြင့်တတ်လာပါတယ်

💁 ဒါ့ကြောင့်ကော့စတစ်ပျော်ရည်ဖျော်တဲ့အခါမှာ
ဖန်ခွက်မသုံးသင့်ပါ အခန့်မသင့်ရင် ထကွဲနိုင်
ပါတယ် /
( စတီးခွက် / ကော်ခွက် သုံးသင့်ပါတယ် )

💁 ရေထဲပဲ ကော့စတစ်ထည့်ရပါတယ်

❌ ကော့စတစ်ထဲ ရေမထည့်ရပါ ❌

🚨 ကော့စတစ် အသုံးပြုမှုပမာဏ နည်းရင်
ဘာမှမဖြစ်ပါ များရင်ပေါက်ကွဲနိုင်ပါတယ်🚨

💁 ကော့စတစ် ထိမိပါက
( ကော့စတစ်နဲ့အခြား Chemical နှင့်ဓါတ်မပြုခင်)
အသားအရေကို လောင်ကျွမ်းနိုင်ပါတယ်
မျက်လုံးထဲဝင်ရင် မျက်လုံးကန်းနိုင်ပါတယ်
ကော့စတစ်ကိုင်မယ်ဆိုရင်
မျက်မှန်/လက်အိတ်/နှာခေါင်းစည်း
မဖြစ်မနေတတ်သင့်ပါတယ်

💁 ကော့စတစ်က အောက်ဆီဂျင်နဲ့ဓါတ်ပြုပါတယ်
လေမလုံပါက ချက်ချင်းအရည်ပျော်ပါတယ်


💁 ကော့စတစ်က ပုံသဏ္ဍာန်အမျိုးမျိုးရှိပါတယ်
အရည်အသွေးအမျိုးမျိုးရှိပါတယ်
1Kg ကို 1500ks ကနေ 50000 ks
တန်အထိရှိပါတယ်
အကုန်ဆပ်ပြာလုပ်လို့ရပါတယ်
ကုန်ကြမ်းသုံးတဲ့အရည်အသွေးပေါ်မူတည်ပြီး
ထွက်လာတဲ့ကုန်ချောကွဲပြားပါတယ်
( ပုံထဲမှာပြထားပါတယ်ရှင့်)

💁 ဂျီးကျွတ်စေတဲ့ဂုဏ်သတ္တိရှိပါတယ်

💁 ထို့ကြောင့်
ဆပ်ပြာခဲ / ‌ဆပ်ပြာဆီ / ရေချိုးဆပ်ပြာရည်
တို့မှာထည့်သွင်းအသုံးပြုပါတယ်

ဆပ်ပြာခဲလုပ်ဖို့အထူးရှိသင့်တဲ့အရာတွေပါနော် 😃
25/10/2021

ဆပ်ပြာခဲလုပ်ဖို့အထူးရှိသင့်တဲ့အရာတွေပါနော် 😃

💕💞❤💞💕
24/10/2021

💕💞❤💞💕

❤❤❤
24/10/2021

❤❤❤

Address

184, Kyun Chan 1st Street, Kamayut
Yangon

Website

Alerts

Be the first to know and let us send you an email when အိမ်ရှင်မ အိမ်တွင်းစီးပွားသင်တန်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share