20/09/2026
**“အဖေ တရုတ်ပြည်သွားပြီး တစ်ခုသိလာတယ်သား။**
**တရုတ်မှာ အခု ကြိုးစားရုံနဲ့တောင် မလုံလောက်တော့ဘူး။
ကိုယ့်ဆီမှာတော့ ကြိုးစားပြီး အဖြေရှာတဲ့သူ ဖြစ်ရုံနဲ့တောင်
သူများထက် ရှေ့ရောက်နိုင်သေးတယ်။”**
သားက မေးတယ်။
“ဘာကြောင့်လဲ အဖေ။”
အဖေက ပြောတယ်။
“တရုတ်မှာ စကားတစ်လုံး အရမ်းသုံးလာကြတယ်။
**内卷**
**Nèijuǎn**
ပြိုင်ဆိုင်မှုက အရမ်းပြင်းလာလို့
လူတိုင်း ပိုကြိုးစားတယ်။
ဒါပေမယ့် ပိုကြိုးစားတာနဲ့အမျှ
လူတိုင်းရဲ့ အကျိုးရလဒ်က အဲ့ဒီအတိုင်း တိုးမလာတော့ဘူး။
တစ်ယောက်က မနက် ၈ နာရီဆိုင်ဖွင့်ရင်
နောက်တစ်ယောက် ၇ နာရီဖွင့်တယ်။
သူက ဈေး ၁၀% လျှော့ရင်
နောက်တစ်ယောက် ၂၀% လျှော့တယ်။
သူက ဒီနေ့ပို့ရင်
နောက်တစ်ယောက် တစ်နာရီအတွင်းပို့တယ်။
သူက AI တစ်ခုသုံးရင်
နောက်တစ်ယောက် AI Agent အများကြီးသုံးပြီး
လူနည်းနည်းနဲ့ ပိုအလုပ်လုပ်တယ်။
လူတိုင်းပြေးနေတယ်။
ဒါပေမယ့်—
**ပိုပြေးရုံနဲ့ ရှေ့မရောက်တော့ဘူး။**
ဒါကို **Neijuan — 内卷** လို့ ပြောကြတာ။
အဖေ Shantou သွားတုန်းကလည်း
ဒီအရှိန်ကို မြင်ခဲ့ရတယ်။
နည်းပညာအသစ်တစ်ခု ထွက်လာတယ်။
OpenClaw လိုဟာမျိုး အသစ်ထွက်လာတာ မကြာသေးဘူး။
လုပ်ငန်းသမားတွေနဲ့ စကားပြောကြည့်တော့
စမ်းနေကြပြီ။
အသုံးချနေကြပြီ။
အဖေက မေးတယ်။
“ဒီဟာ သုံးကြလား။”
သူတို့ရဲ့ သဘောထားက—
**“မသုံးလို့ ဘယ်ဖြစ်မလဲ။
မသုံးရင် ကျန်ခဲ့မှာပေါ့။”**
သား…
အဖေ စိတ်ဝင်စားတာ OpenClaw မဟုတ်ဘူး။
**သူတို့ရဲ့ စိတ်နေစိတ်ထား။**
ပြိုင်ဆိုင်မှုက သူတို့ကို
အသစ်တွေ မြန်မြန်စမ်းဖို့ တွန်းနေတယ်။
ပိုကောင်းတဲ့ နည်းလမ်းရှာဖို့ တွန်းနေတယ်။
လုပ်ငန်းပုံစံအသစ် စမ်းဖို့ တွန်းနေတယ်။
မပြောင်းရင် ကျန်ခဲ့မယ်ဆိုတာ သိနေတယ်။
ဒါပေမယ့် ကိုယ့်ဈေးကွက်ဘက်ကို ပြန်ကြည့်တဲ့အခါ
အဖေက တခြားအရာတစ်ခု မြင်တယ်။
ပြဿနာတစ်ခုဖြစ်လာရင်
တချို့လူတွေက အရင်ဆုံး အဖြေမရှာဘူး။
**ဘေးထိုင်ပြီး ပြောတယ်။**
“အခြေအနေမကောင်းဘူး။”
“ဝန်ထမ်းတွေ မကောင်းဘူး။”
“ဖောက်သည်တွေ မဝယ်တော့ဘူး။”
“ပစ္စည်းသွင်းလို့ မရဘူး။”
“ဈေးတွေတက်တယ်။”
“ဒီနိုင်ငံမှာ လုပ်စားလို့မရဘူး။”
မှားလားဆိုတော့ မမှားဘူးသား။
ပြဿနာတွေ တကယ်ရှိတယ်။
ဒါပေမယ့်—
**ပြဿနာမှန်တာနဲ့
အပြစ်တင်နေတာ အသုံးဝင်တယ်ဆိုတာ မတူဘူး။**
သားက မေးတယ်။
“ဒါဆို စိတ်ညစ်စရာမဟုတ်ဘူးလား အဖေ။”
အဖေက ရယ်တယ်။
“အဖေကတော့ အဲ့လိုမမြင်ဘူး။
**ဒါက Opportunity — အခွင့်အလမ်းပဲ။**
စဉ်းစားကြည့်။
လူတိုင်း
‘ဝန်ထမ်းရှာရခက်တယ်’
လို့ ငြီးနေတဲ့အချိန်
သားက—
**လူနည်းနည်းနဲ့ လည်နိုင်တဲ့ System တည်ဆောက်နိုင်ရင်
အားသာချက်ရပြီ။**
လူတိုင်း
‘ပစ္စည်းရှားတယ်’
လို့ ငြီးနေတဲ့အချိန်
သားက—
**Supplier အသစ်ရှာနိုင်ရင်၊
ပြည်တွင်းမှာ ထုတ်နိုင်ရင်၊
အစားထိုး Product ရှာနိုင်ရင်
အားသာချက်ရပြီ။**
လူတိုင်း
‘ဖောက်သည်မဝယ်တော့ဘူး’
လို့ ပြောနေတဲ့အချိန်
သားက—
**ဖောက်သည်အခု ဘာအတွက်တော့
ပိုက်ဆံပေးနေသေးလဲဆိုတာ သိနိုင်ရင်
အားသာချက်ရပြီ။**
လူတိုင်း
‘AI ကြောင့် အလုပ်ပျောက်တော့မယ်’
လို့ ကြောက်နေတဲ့အချိန်
သားက—
**AI နဲ့ ကိုယ့်လုပ်ငန်းကို
ဘယ်လိုပိုမြန်၊ ပိုကောင်း၊ ပိုသက်သာအောင်
ပြန်တည်ဆောက်မလဲ စမ်းနေရင်
အားသာချက်ရပြီ။**
သား…
**Market မှာ လူတိုင်း အဖြေသိနေရင်
အဲ့ဒီအဖြေက အားသာချက် မဟုတ်တော့ဘူး။**
လူတိုင်းမဖြေရှင်းနိုင်သေးတဲ့ ပြဿနာကို
သားက ဖြေရှင်းနိုင်တဲ့အချိန်မှ
သားမှာ အားသာချက်ရတာ။
ဒါကြောင့် ပြဿနာများတာကို
အဖေ အမြဲအဆိုးမမြင်ဘူး။
ပြဿနာများတဲ့နေရာမှာ
ဖြေရှင်းစရာများတယ်။
ဖြေရှင်းစရာများတဲ့နေရာမှာ
တန်ဖိုးဖန်တီးစရာများတယ်။
တန်ဖိုးဖန်တီးနိုင်တဲ့နေရာမှာ
စီးပွားရေးအခွင့်အလမ်းရှိတယ်။
**ပြဿနာကို မြင်တဲ့သူတိုင်း
လုပ်ငန်းရှင်မဟုတ်ဘူးသား။**
**ပြဿနာကို အဖြစ်မှန်အတိုင်းလက်ခံပြီး
အဖြေတစ်ခုဖန်တီးနိုင်တဲ့သူကမှ
လုပ်ငန်းရှင်။**
တရုတ်မှာ ပြိုင်ဆိုင်မှုက
လူတွေကို ပိုမြန်အောင် ပြေးခိုင်းနေတယ်။
ကိုယ့်ဆီမှာတော့ တချို့နေရာတွေမှာ
လူအများက ထိုင်ပြီး အပြစ်တင်နေတဲ့အချိန်
**သားက ထပြီး အဖြေရှာရုံနဲ့
စပြီးကွာသွားနိုင်တယ်။**
ဒါကြောင့် အဖေက သားကို
အခြေအနေမကောင်းဘူးလို့ မပြောနဲ့လို့ မဆိုလိုဘူး။
အခြေအနေမကောင်းတာကို
အမှန်အတိုင်း မြင်။
ပြီးရင် မေး။
**“ဒါဆို ဘာလုပ်လို့ရသေးလဲ။”**
ဝန်ထမ်းမရဘူး။
**ဒါဆို ဘာလုပ်မလဲ။**
ပစ္စည်းမရဘူး။
**ဒါဆို ဘာလုပ်မလဲ။**
ဝယ်အားကျတယ်။
**ဒါဆို ဘာလုပ်မလဲ။**
နည်းပညာပြောင်းတယ်။
**ဒါဆို ကိုယ့်လုပ်ငန်းကို ဘယ်လိုပြောင်းမလဲ။**
ဒီမေးခွန်းကို အမြဲမေး။
ဘာကြောင့်လဲဆိုတော့—
**အပြစ်တင်တာက အကြောင်းပြချက်ပေးတယ်။
အဖြေရှာတာက အခွင့်အလမ်းပေးတယ်။**
သား…
လူတိုင်း အဖြေရှာနေတဲ့ Market မှာ
သားက အရမ်းတော်ဖို့လိုမယ်။
ဒါပေမယ့်—
**လူအများစု ပြဿနာပြောနေတဲ့ Market မှာ
သားက အဖြေရှာတဲ့သူဖြစ်ရုံနဲ့
စပြီးကွာခြားသွားပြီ။**
ဒါကို စိတ်ညစ်စရာလို့ မမြင်နဲ့။
**ဒါကို အခွင့်အလမ်းလို့မြင်။**
လူတိုင်း ဘေးထိုင်ပြီး ပြောနေတဲ့အချိန်
သားက စမ်း။
လူတိုင်း အပြစ်တင်နေတဲ့အချိန်
သားက ဖြေရှင်း။
လူတိုင်း စောင့်နေတဲ့အချိန်
သားက စလုပ်။
**သူများထက် ရှေ့ရောက်ချင်ရင်
သူများထက် ပိုငြီးဖို့ မလိုဘူးသား။**
**သူများမဖြေရှင်းသေးတဲ့ ပြဿနာတစ်ခုကို
ပိုကောင်းအောင် ဖြေရှင်းနိုင်ဖို့ပဲ လိုတယ်။**”
Akyanpay
ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။