Pan Chit Thu

Pan Chit Thu အမေသည်မေတ္တာပေးသည် အဖေသည်ခွန်အားပေးသည်

18/12/2025
18/12/2025
လုပ်ငန်းခွင် Respect မရှိသူများကို ကိုင်တွယ်ဖြေရှင်းနည်း လုပ်ငန်းခွင်မှာ အရည်အချင်းရှိတာထက် ပိုခက်ခဲတာက Respect မရှိတဲ့သ...
18/12/2025

လုပ်ငန်းခွင် Respect မရှိသူများကို ကိုင်တွယ်ဖြေရှင်းနည်း

လုပ်ငန်းခွင်မှာ အရည်အချင်းရှိတာထက် ပိုခက်ခဲတာက Respect မရှိတဲ့သူတွေကြားထဲမှာ စိတ်ဓာတ်မကျဘဲ အလုပ်ဆက်လုပ်ရတာပါပဲ။ အထင်သေးတဲ့အကြည့်၊ လှောင်ပြောင်တဲ့စကား ဒါမှမဟုတ် ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့လာရတဲ့အခါ ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာက အရမ်းအရေးကြီးပါတယ်။

✅ ကိုယ့်ရဲ့ Professionalism ကို လက်နက်အဖြစ်သုံးပါ။
သူတို့က ရိုင်းပြလာရင်တောင် ကိုယ်က ယဉ်ကျေးမှုကို လက်မလွှတ်ပါနဲ့။ ဒါဟာ သူတို့ကို ကြောက်လို့မဟုတ်ဘဲ ကိုယ့်ရဲ့ Level က သူတို့ထက် အများကြီးမြင့်တယ်ဆိုတာကို ပြသတာပါ။ "အလုပ်ကိစ္စကိုပဲ အာရုံစိုက်ပါ၊ ကျန်တဲ့အပြောအဆိုတွေကို ဂရုမစိုက်ဘူး" ဆိုတဲ့ ပုံစံမျိုးနဲ့ ပြတ်ပြတ်သားသား ဆက်ဆံပါ။

✅ "No" လို့ ပြောတတ်ပါစေ (Boundaries သတ်မှတ်ပါ)။
လေးစားမှုမရှိတဲ့သူတွေဟာ အားနာတတ်တဲ့သူတွေကို ပိုပြီး နှိပ်ကွပ်တတ်ကြပါတယ်။ ကိုယ့်အလုပ်မဟုတ်တာကို ခိုင်းတာမျိုး၊ ကိုယ့်ကို ကျော်ခွလုပ်တာမျိုး ကြုံလာရင် "ဒါက ကျွန်တော့် တာဝန်မဟုတ်ဘူး" ဒါမှမဟုတ် "ဒီလိုပြောဆိုတာကို ကျွန်တော်တော့ သဘောမကျဘူး" လို့ မျက်နှာမပျက်ဘဲ တည့်တည့်ပြောဖို့ လိုပါတယ်။

✅ စိတ်ခံစားချက်ကို အသားမပေးပါနဲ့။
သူတို့ရဲ့ ရိုင်းပြမှုတွေဟာ ကိုယ့်ရဲ့ တန်ဖိုးကြောင့်မဟုတ်ဘဲ သူတို့ရဲ့ Insecurity (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း) ကြောင့်ဆိုတာကို နားလည်ထားပါ။ သူတို့ပြောသမျှကို စိတ်ထဲမထားဘဲ အလုပ်ပြီးမြောက်အောင်မြင်ဖို့ကိုပဲ အာရုံစိုက်လိုက်တဲ့အခါ သူတို့ရဲ့ လှောင်ပြောင်မှုတွေက အရာမထင်တော့ပါဘူး။

✅ အထောက်အထား (Evidence) ထားပါ။
Respect မရှိသူတွေဟာ အလုပ်ထဲမှာ ကိုယ့်ကို အပြစ်ရှာဖို့ ဒါမှမဟုတ် နာမည်ဖျက်ဖို့ ကြိုးစားတတ်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဆက်သွယ်မှုတွေကို Chat မှာပဲဖြစ်ဖြစ်၊ Email မှာပဲဖြစ်ဖြစ် အထောက်အထား ချန်ထားပါ။ ဒါဟာ နောင်တချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အကောင်းဆုံး ဒိုင်းကာတစ်ခု ဖြစ်လာပါလိမ့်မယ်။

✅ ကိုယ့်ရဲ့ ရလဒ် (Success) နဲ့ သက်သေပြပါ။
သူတို့ ဘယ်လောက်ပဲ နှောင့်ယှက်ပါစေ၊ ကိုယ့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြလိုက်တာက အထိရောက်ဆုံး တုံ့ပြန်မှုပါ။ ကိုယ်က အောင်မြင်နေတဲ့အခါ သူတို့ရဲ့ ရိုင်းပြမှုတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကိုပဲ ပြန်ကျဆင်းစေတာပါ။

ဒီလိုအလုပ်ခွင်မှာ လိုအပ်တဲ့ စိတ်နေစိတ်ထား၊ စိတ်ဓာတ်တွေနဲ့ Growth Mindset တွေကို သိရှိပြီး ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်း၊ Skills တွေ၊ Mindset တွေကို ရက် 30 တည်းနဲ့ Online ကနေတဆင့် သင်ကြားပေးနေတဲ့ Work Mindset Program ရှိနေပါပြီ။

ချိုသာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ပြီး လက်တွေ့ဘဝမှာပါ အကျိုးရှိတဲ့ ပညာရပ်တွေကို တစ်သက်တာလေ့လာခွင့်ရနိုင်တာကြောင့် အခုပဲ ပေးထားတဲ့ Messenger link (http://m.me/workmindsetprogram) မှာ WMP လို့ ရိုက်ထည့်ပြီး သင်တန်းအကြောင်း သိရှိနိုင်ပါပြီရှင်။

19/09/2025
စိတ်ဆိုတာ လျော့လိုက်တဲ့နေ့ကစပြီးအရာအားလုံးပုံမှန်မဖြစ်တော့ပါဘူးအရာအားလုံးပြန်ဖြစ်ဖို့ အသစ်တဖန်မွေးဖွားရမှာမို့အနာဂတ်ပန်း...
19/09/2025

စိတ်ဆိုတာ လျော့လိုက်တဲ့နေ့ကစပြီး
အရာအားလုံးပုံမှန်မဖြစ်တော့ပါဘူး

အရာအားလုံးပြန်ဖြစ်ဖို့ အသစ်တဖန်မွေးဖွားရမှာမို့
အနာဂတ်ပန်းလေးများပွင့်အောင်
အသစ်တဖန်စိုက်ပျိုးသင့်ပြီ

‎'စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ""‎‎"နေရာတကာ အလိုက်သိတာက‎‎ကောင်းတယ်ဆိုပေမဲ့‎‎"တချို့အရာတွေက မသိချင်ယောင်ဆောင...
19/09/2025

‎'စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ""

‎"နေရာတကာ အလိုက်သိတာက

‎ကောင်းတယ်ဆိုပေမဲ့

‎"တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ်

‎ဒါမှ စိတ်ချမ်းသာရမှာပါ ။

‎"သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး

‎"ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင်

‎ကိုယ်ပဲပင်ပန်းရလိမ့်မယ်၊

‎"လွှတ်ချသင့်တဲ့အရာတွေကို

‎"လွှတ်ချတတ်အောင်သင်ယူပါ၊

‎အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ ။

‎"ဒါကြောင့်မှန်နေရင်တောင် မငြင်းနဲ့ တိတ်ဆိတ်နေခြင်းက ပညာပါ၊ မြင်နေရင်တောင် မပြောပဲနေရမဲ့အနေအထားဆို

‎"မသိချင် ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။

ငါမရှိရင်လည်း ငါ့နေရာ၀င်မယ့်သူဆိုတာရှိလာမှာမို့ လက်လွတ်လိုက်ပါ

‎🌱🍂🌿

‎ #စာပေဥယျာဉ်

တချို့တွေကမေတ္တာမဲ့အောင် သင်ပေးသွားတယ်။တချို့တွေကစေတနာပျက်အောင် သင်ပေးသွားတယ်။တချို့တွေကရင်နာတတ်အောင် သင်ပေးသွားတယ်။တချိ...
19/09/2025

တချို့တွေက
မေတ္တာမဲ့အောင် သင်ပေးသွားတယ်။

တချို့တွေက
စေတနာပျက်အောင် သင်ပေးသွားတယ်။

တချို့တွေက
ရင်နာတတ်အောင် သင်ပေးသွားတယ်။

တချို့တွေက
ရက်စက်တတ်အောင် သင်ပေးသွားတယ်။

တချို့တွေက
ဒေါသထွက်အောင် သင်ပေးသွားတယ်။

တချို့တွေက
နှလုံးသားမရှိအောင် သင်ပေးသွားတယ်။

တချို့တွေက
စိတ်နာတတ်အောင် သင်ပေးသွားတယ်။

တချို့တွေက
ခုခံတုန့်ပြန်ချင်အောင် သင်ပေးသွားတယ်။

တချို့တွေက
အားမနာတတ်အောင် သင်ပေးသွားတယ်။

တချို့တွေက
ဟန်ဆောင်ကောင်းအောင် သင်ပေးသွားတယ်။

တချို့တွေက
မပြုံးပြချင်လောက်အောင် သင်ပေးသွားတယ်။

တချို့တွေက
မျက်နှာကြောတင်းအောင် သင်ပေးသွားတယ်။

တချို့တွေက
တည်ငြိမ်သွားအောင် သင်ပေးသွားတယ်။

တချို့တွေက
ရင့်ကျက်သွားအောင် သင်ပေးသွားတယ်။

တချို့တွေက
မစာနာတတ်အောင် သင်ပေးသွားတယ်။

တချို့တွေက
နေသားကျအောင် သင်ပေးသွားတယ်။

တချို့တွေက
ဥပေက္ခာပြုတတ်အောင် သင်ပေးသွားတယ်။

တချို့တွေက
ဘဝသင်ခန်းစာအဖြစ် ပြောင်းလဲပေးသွားတယ်။

တချို့တွေက
နောက်ထပ်မကူညီချင်အောင် သင်ပေးသွားတယ်။

လူတချို့ရဲ့အဆိုးအကောင်း တုန့်ပြန်မူ့တိုင်းဟာ
ဆန့်ကျင်ဘက်လူကို ဆက်နွယ်ကူးပြောင်း
ရိုက်ခတ်သွားစေနိုင်တာမို့

မှန်တစ်ချပ်လိုမျိုးဆက်ဆံခြင်းသည်
အကောင်းဆုံးထိရောက်သောတုန့်ပြန်မူ့သာဖြစ်သည်။

Credit
#မေတ္တာများဖြင့် _ 𝑯𝒐𝒏𝒆𝒚 𝑵𝒘𝒂𝒚 𝑶𝒐 ...❣️

%%%%%%%% ချစ်သောရင်ငြိမ်းပန်း

ငါရဲ့ယုံကြည်မူငါရဲ့ထက်မြတ်မူငါရဲ့သတ္တိငါရဲ့ပျော်ရွှင်ခြင်းတွေကိုရိုက်ချိုးခံလိုက်ရပီးချိန်မှာငါကိုယ်ငါသိလာတယ်ဒီနေရာဟာ ငါ...
19/09/2025

ငါရဲ့ယုံကြည်မူ
ငါရဲ့ထက်မြတ်မူ
ငါရဲ့သတ္တိ
ငါရဲ့ပျော်ရွှင်ခြင်းတွေကို
ရိုက်ချိုးခံလိုက်ရပီးချိန်မှာ
ငါကိုယ်ငါသိလာတယ်
ဒီနေရာဟာ ငါ့နေရာမဟုတ်ဘူးဆိုတာသိပြီးတဲ့နောက်
ငါဆိုတဲ့ ယုံကြည်မူအတွက်
ငါဆိုတဲ့ ထက်မြတ်မူအတွက်
ငါဆိုတဲ့ပျော်ရွှင်ခြင်းအတွက်
ငါ . . . . . လက်လွတ်သင့်ပီ

လူတစ်ယောက်ရဲ့ခံနိုင်ရည်ကို ဘယ်တော့မှ လက်တည့်မစမ်းပါနဲ့ ရေစက်ကုန်သွားတတ်တယ်။ငါ့ကို အရေးမပါသလို ဆက်ဆံလာရင်ဘယ်လောက်အရေးကြီး...
18/09/2025

လူတစ်ယောက်ရဲ့ခံနိုင်ရည်ကို
ဘယ်တော့မှ လက်တည့်မစမ်းပါနဲ့
ရေစက်ကုန်သွားတတ်တယ်။

ငါ့ကို အရေးမပါသလို ဆက်ဆံလာရင်
ဘယ်လောက်အရေးကြီးကြီး
တဖြေးဖြေး ငါ့အတွက်
အရေးမပါတဲ့သူပဲ ဖြစ်သွားမှာပါ။

လူတစ်ယောက်နဲ့
တစ်ယောက်ဆက်ဆံရာမှာ
respect ဟာသိပ်အရေးကြီးပါတယ်။

ကိုယ်က
ဘာမှမပေးနိုင်ပဲ
သူများဆီကချည်း လိုချင်နေလို့မရဘူး။

ငါ့အတွက်တော့
ငါ့မာနကိုထိပါးစေတဲ့
ဒါမှမဟုတ် ငါ့ကိုသိမ်ငယ်လာအောင်
ခံစားစေရတဲ့ ဘယ်သူ့ကိုမဆို
ငါ့ဘ၀ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် ထားပစ်ခဲ့မှာ။


#လူငယ်များအတွက်
#ဘဝစာပေ
#ဘဝအတွက်စာဖတ်ပါ




Happy Birthday  ပါ ညီမလေးအရင်နှစ်တွေက မွေးနေ့ဆုတောင်းဆို အမေ ပထမဆုံး ဆုတောင်းပေးနေကြမို့ ဒီနှစ်တော့ မမကြီးကပဲ ပထမဆုံး ဆု...
18/09/2025

Happy Birthday ပါ ညီမလေး
အရင်နှစ်တွေက မွေးနေ့ဆုတောင်းဆို အမေ ပထမဆုံး ဆုတောင်းပေးနေကြမို့ ဒီနှစ်တော့ မမကြီးကပဲ ပထမဆုံး ဆုတောင်းပေးလိုက်ပါတယ်

မမ ညီမလေး ပျော်ရွှင်ပါစေ
စိတ်ချမ်းသာပါစေ
စိတ်ထားကောင်းတဲ့ မိတ်ဆွေများပေါများပြီး
စိတ်ယုတ်မာလူတွေနဲ့ ကင်းဝေးပါစေ

အမြဲရှေ့က မားမားမတ်မတ်ရပ်တည်ပေးမယ့်
မမကြီး ❤️

Address

Yangon
11041

Telephone

09421096896

Website

Alerts

Be the first to know and let us send you an email when Pan Chit Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share