Family Business Network Myanmar

Family Business Network Myanmar မြန်မာနိုင်ငံ၏မိသားစုစီးပွားရေးလုပ်ငန်းများနိုင်ငံတကာအဆင့်မှီဖွင့်ဖြိုးတိုးတက်စေရေးအတွက်ဖြစ်ပါသည်။

26/12/2023

Atmospheric Gold by Lovepik.com

စိတ်ဝင်စားမယ်ထင်လို့ အသိပေးပါရစေခင်ဗျ..📣📣📣ကျနော်တို့ဆီကလုပ်ငန်းရှင်းများဟာ လေ့လာသင်ယူမှုတွေအားကောင်းလာကြတာနဲ့အမျှ မိရိုး...
28/05/2023

စိတ်ဝင်စားမယ်ထင်လို့ အသိပေးပါရစေခင်ဗျ..📣📣📣

ကျနော်တို့ဆီကလုပ်ငန်းရှင်းများဟာ လေ့လာသင်ယူမှုတွေ
အားကောင်းလာကြတာနဲ့အမျှ မိရိုးဖလာကနေနိုင်ငံတကာ
စီမံစနစ်တွေနဲ့သွားကြဖို့စိတ်ဝင်စားလာကြတာတွေ့နေရပါတယ်။

ဒီနေရာမှာ ကာလံဒေသံဆိုသလို
သူ့နိုင်ငံ သူ့ရေမြေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့
တည်ဆောက်ထားတဲ့ စီမံစနစ်တွေမို့ ကျနော်တို့နဲ့
အမြဲမကိုက်ညီနိုင်ပါဘူး။

ကော်ပီကူးလို့ မဖြစ်နိုင်ပါဘူး၊

မြန်မာပြည်မှာအောင်မြင်နေတဲ့
စီးပွားရေးလုပ်ငန်းတွေကိုကြည့်ရင်
တနိုင်တပိုင် မိသားစုစီးပွားရေး (Family Business)
ကနေစကြပြီး တဖြည်းဖြည်း အောင်မြင်ချဲ့ထွင်
နိုင်ခဲ့ကြတာဖြစ်ပါတယ်။

အနာဂါတ်မှာလည်း သားသမီးမြေးမြစ်တွေလက်ထဲ
ထည့်ခဲ့ကြမှာဘဲဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း
အမေရိကားရဲ့ Wal-mart နဲ့ Ford ကားလိုမျိုး ၊
ကိုရီးယားမှာဆို Samsung နဲ့ Hyundai
ဂျာမနီမှာ BMW,
အိန္ဒိယမှာ ဆို တာတာကား
ဂျပန်မှာ တိုယိုတာ
အစရှိသဖြင့် မိသားစု အဆက်ဆက် ဆက်ခံ
လုပ်ကိုင်နေတာဘဲဖြစ်ပါတယ်။

ဒါက ကား ဉပမာဘဲရှိသေးပါတယ်။
အခြားလုပ်ငန်းတွေအများကြီးပါ။

ဒီလုပ်ငန်းတွေဟာ သူတို့လူမျိုး နိုင်ငံနဲ့ ကိုက်ညီတဲ့
စီမံစနစ်တွေတည်ဆောက်ပြီး
ကမ္ဘာကို ထိုးဖောက်နိုင်ငံခဲ့ကြတာပါ။

ဒီအဖြစ်အပျက်တွေကို နမူနာယူနိုင်သလို့
ပြည်တွင်းမှာလည်းအောင်မြင်နေကြတဲ့
မြန်မာမိသားစုပိုင်လုပ်ငန်းတွေကတဆင့်
အချင်းချင်းချိ်တ်ဆက်ကြပြီး တစ်ဦးကိုတစ်ဦး
ပံ့ပိုး ကူညီ အကြံပေး လက်တွဲ ပူးပေါင်း
လုပ်ကိုင်နိုင်ကြမယ်ဆိုရင် လက်ရှိကြုံနေကြရတဲ့
အခက်ခဲတွေကြားက ရုန်းထွက်ဖို့ နည်းလမ်းတွေ
ရလာနိုင်မယ်လို့မျှော်လင့်ယုံကြည်ထားပါတယ်ခင်ဗျ။

ဒီကြောင့်မို့ မိတ်ဆွေများကို အသိပေးချင်တာက
အထက်ပါရည်ရွယ်ချက်တွေကိုအကောင်အထည်
ဖော်ဆောင်နိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့
မြန်မာမိသားစုပိုင်စီးပွားရေးလုပ်ငန်းများအားလုံး
ပါဝင်ဆွေးနွေးနိုင်ကြမယ့် နေရာတစ်ခုဖြစ်တဲ့

Family Business Network Myanmar

ဆိုတဲ့ page ကိုမိတ်ဆက်ပေးချင်ပါတယ်။
ကျနော်တို့ Kudos Team ကနေ ဦးဆောင်ကူညီပါမယ်။

ပြင်ပမှာလည်း
လုပ်ငန်းရှင်များအချင်းချင်းတွေ့ဆုံပြီးမိ်တ်ဖွဲ့နိုင်အောင်၊
လုပ်ငန်းတွေအချင်းချင်းချိတ်ဆက်ပြီး
အပြန်အလှန် အခွင့်အလမ်းတွေရှာဖွေနိုင်အောင်
နိုင်ငံတကာမှာရှိတဲ့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေ
ရဲ့ စီမံမှုပညာတွေအတုယူပြီး မိမိလုပ်ငန်းမှာသင့်တော်သလို
အသုံးချနိုင်ဖို့ လေ့လာသင်ယူနိုင်အောင်
ပြည်တွင်းကနေ ပြည်ပအထိ လှမ်းနိုင်အောင်အထိပါ
လုပ်ဆောင်သွားချင်ပါတယ်။

ကျနော်ကိုယ်တိုင်လည်း သင်တန်းတစ်ဖက်၊
စီးပွားရေးလုပ်ငန်းတွေတစ်ဖက်နဲ့ လုပ်ကိုင်နေတာမို့
မိတ်ဆွေတို့ကိုကူညီနိုင်မယ်လို့ယုံကြည်ပါတယ်။

စိတ်ဝင်စားသူများ ကျနော် Check In လုပ်ထားတဲ့
Page ကိုသွားပြီး Like and Follow လုပ်ထားလို့ရပါတယ်။

မကြာခင်မှာ အိနွိယနိုင်ငံမှာပြုလုပ်မယ့်
နိုင်ငံတကာမိသားစု စီပွားရေးလုပ်ငန်းများကွန်ဖရင့်
ပွဲတစ်ခုကိုသွားရောက်လေ့လာမယ့်အစီအစဉ်ကိုလည်း
အဲ့ဒီပေ့ချ်မှာတင်ပြထားပါတယ်။

အသေးစိတ်သိလိုတာရှိရင် ကျနော်ကို အချိန်မရွေးဆက်သွယ်ပါ။
ကျေးဇူးတင်ပါတယ်။




India မှာ သွားရောက်လေ့လာဖို့ ရှိပါတယ်။လုပ်ငန်းရှင်မည်သူမဆိုလိုက်ပါလို့ရပါတယ်။ဇွန် ၁၀ ရက်နောက်ဆုံးထားစာရင်းပေးရပါမယ်။
28/05/2023

India မှာ သွားရောက်လေ့လာဖို့ ရှိပါတယ်။
လုပ်ငန်းရှင်မည်သူမဆိုလိုက်ပါလို့ရပါတယ်။
ဇွန် ၁၀ ရက်နောက်ဆုံးထားစာရင်းပေးရပါမယ်။

စီးပွားရေးက စီးပွားရေးသူငယ်ချင်းက သူငယ်ချင်းမိသားစုက မိသားစုဘဲ
21/05/2023

စီးပွားရေးက စီးပွားရေး
သူငယ်ချင်းက သူငယ်ချင်း
မိသားစုက မိသားစုဘဲ

Family Owned Business မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေကိုလေ့လာကြည့်ရင်၁။ ကမ္ဘာမှာ ၈၀ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်...
21/05/2023

Family Owned Business
မိသားစုပိုင်စီးပွားရေးလုပ်ငန်းတွေကိုလေ့လာကြည့်ရင်

၁။ ကမ္ဘာမှာ ၈၀ ရာခိုင်နှုန်းသော စီးပွားရေးလုပ်ငန်းတွေဟာ
မိသားစုပိုင်ဖြစ်ကြပါတယ်။

၂။ ကမ္ဘာ့အလုပ်သမား ၉၀ ရာခိုင်နှူန်းဟာ မိသားစုပိုင်
လုပ်ငန်းတွေမှာလုပ်နေကြတာပါ။

၃။ အမေရိကမှာ ၂၂ သန်းသော စီးပွားရေးလုပ်ငန်းတွေ
ဟာ မိသားစုပိုင်တွေဖြစ်ကြပါတယ်။

၄။ အမေရိကန်တို့ရဲ့ Wal-Mart Store ဝေါလ်မတ်စတိုး
ဟာကမ္ဘာ့အကြီးဆုံးမိသားစုပိုင်စီးပွားရေးလုပ်ငန်းပါ။

၅။ ဂျာမနီရဲ့ ဗောက်စ်ဝက်ဂွန်နဲ့ ပိုရှေးကားတွေ၊ BMW
အမေရိကားရဲ့ ဖို့ဒ်ကား လုပ်ငန်းတွေဟာ မိသားစုပိုင်ပါ။

၆။ ကိုရီးယားမှာဆို Samsung, LG, Hyudaiက
မိသားစုစီးပွားရေးလုပ်ငန်းပါ။

၇။ အိန္ဒိယမှာ တာတာဂရု၊ ဂျပန်မှာ တိုယိုတာက
မိသားစုစီးပွားရေးပါ။

၈။ မိသားစုအစဉ်အဆက်လုပ်ငန်းတွေကိုဆက်ခံကြရာမှာ
ဒုတိယမျိုးဆက်အထိ ၃၀ ရာခို်င်နှူန်း
တတိယ မျိုးဆက်အထိ ၁၂ ရာခို်င်နှူန်းနဲ့
ဆက်ခံလုပ်ကိုင်အောင်မြင်ကြပြီး
စတုတ္ထမျိုးဆက်နဲ့အထက်မှာတော့ ၃ ရာခိုင်နှူန်းသာ
ဆက်ခံအောင်မြင်ကြပါတယ်။

မိသားစုစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေကြသူမိတ်ဆွေများအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်။"Behind the success of every sm...
21/05/2023

မိသားစုစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေကြသူ
မိတ်ဆွေများအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်။

"Behind the success of every small BUSINESS,
there is a FAMILY." လိုဆိုကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံရဲ့ SME လုပ်ငန်းအများစုဟာ
မိသားစုတွေအတူတကွ အေးအတူ ပူအမျှ
ဝိုင်းဝန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

နိုင်ငံတကာမှာလည်း မိသားစုစီးပွားရေးလုပ်ငန်းတွေ
ပိုမိုဖွင့်ဖြိုးတိုးတက်အောင်လိုအပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ
အကြံပေးမှုတွေ၊ ကွန်ဖရန့်စ်တွေ၊သင်တန်းတွေနဲ့
အရှိန်အဟုတ်ပြင်းပြင်းလုပ်ဆောင်နေကြတာပါ။

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေမျိုးမှာ တနို်င်တပိုင်
သွားနေတဲ့မိသားစုလုပ်ငန်းတွေက ဆုတ်သာတက်သာ
ရှိပြီး ရင်းနှီးမြုပ်နှံရတာ၊စီမံရတာပိုမိုလွယ်ကူစေပါတယ်။

နောင်တစ်ချိန် မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းရမှာမို့
ရေရှည် စနစ်တစ်ခု စီမံပြီးလုပ်ကိုင်လို့ရပါတယ်။

အာရှ ၊ မြန်မာ ဓလေ့ထုံးတမ်းစဉ်လာနဲ့လည်းကိုက်ညီပါတယ်။

ဒီစာမျက်နှာကနေပြီး မိသားစုစီပွားရေးလုပ်ငန်းတွေအတွက်
ကူညီပေးသွားမှာမို့ LIKE & FOLLOW လုပ်ထားပေးပါ။

မိတ်ဆွေတွေသိရအောင် SHARE လုပ်ပေးစေချင်ပါတယ်။

Address

Room(606), MICT Park, Building No. 16, Thamine College Road, Hlaing Township
Yangon
11051

Alerts

Be the first to know and let us send you an email when Family Business Network Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share