06/06/2020
🖥 AMD CPU အကြောင်းသိကောင်းစရာ 🖥
=============================
မြန်မာနိုင်ငံရဲ့ CPU ဈေးကွက်ကို Intel ကချုပ်ကိုင်ထားတာကြောင့် ကွန်ပျူတာဝယ်ယူမယ်ဆိုရင် Celeron, Pentium, i3, i5, i7 အစရှိတဲ့ Intel CPU တွေကိုပဲ လူတိုင်းနီးပါး အကျွမ်းတဝင်နားလည်ကြပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းနီးပါးရဲ့ စိတ်ထဲမှာ ကွန်ပျူတာ System ပိုင်းကောင်းမကောင်းကို Intel CPU အမျိုးအစားတွေနဲ့ပဲ ဆုံးဖြတ်တဲ့အထိ Intel က လွှမ်းမိုးလာခဲ့ပါတယ်။ အဲ့တာဆို Intel က CPU လောကမှာ ပြိုင်ဘက်မရှိတော့တာလား ....
CPU တွေကိုအဓိက ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ Intel နဲ့ AMD က ခေတ်အဆက်ဆက် CPU တွေကိုပြိုင်ဆိုင်ထုတ်လုပ်ခဲ့ကြပေမယ့် ၂၀ ရာစုလောက်ကစပြီး Intel ရဲ့ CPU တွေဟာ ပိုမိုကောင်းမွန်လာတာနဲ့အမျှ CPU Market ကို AMD ဆီကလုယူနိုင်ခဲ့ပါတယ်။ AMD အနေနဲ့ သူ့ရဲ့ CPU တွေဟာ Intel ကိုပြန်လည်ယှဉ်ပြိုင်နိုင်ဖို့အတွက် Ryzen ဆိုတဲ့ အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းလည်း Intel ထက်သက်သာတဲ့ CPU ကိုမိတ်ဆက်ခဲ့ပါတယ်။
ဒီနေ့မှာ အက်ဒ်မင်ပြောပြမှာက Intel ရဲ့ အဓိကပြိုင်ဘက် AMD Ryzen CPU အကြောင်းပဲဖြစ်ပါတယ်။ Ryzen ဟာ လက်ရှိမြန်မာနိုင်ငံ Market ထဲကိုစတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ Ryzen CPU တွေက စွမ်းဆောင်ရည်ကောင်းမွန်ပြီး Intel CPU တွေထက်ဈေးနှုန်းလည်းသက်သာတာကြောင့် ရွေးချယ်သင့်တဲ့ CPU အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
Ryzen CPU ဆိုတာဘာလဲ ?
*****
Ryzen ဆိုတာ AMD ကထုတ်လုပ်တဲ့ Brand တစ်ခုဖြစ်ပြီး x64 နှင့် x86 Microprocessor တွေကို Desktop, Laptop, Mobile အတွက်အဓိကထုတ်လုပ်ပါတယ်။ Ryzen CPU ဟာ Zen and Zen+ microarchitectures ကိုအခြေခံဒီဇိုင်းပြုလုပ်ထားပြီး Entry Level CPU, Flapship Level CPU တွေကို ထုတ်လုပ်ပါတယ်။
Ryzen ရဲ့ Zen microarchitecture ကိုအသုံးပြုထားတဲ့ ပထမဆုံး Product ကို December 2017 မှာ တရားဝင်ကြေငြာခဲ့ပြီး February 2018 မှာထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Ryzen ရဲ့ Second Generation ဖြစ်တဲ့ Zen+ microarchitecture နှင့် 12nm process technology ကိုအသုံးပြုထားတဲ့ CPU ကို April 2018 မှာမိတ်ဆက်ခဲ့ပါတယ်။
Ryzen CPU တွေကို ဘယ်လိုသတ်မှတ်ထားလဲ ?
*****
Ryzen CPU တွေကို Entry, Mainstream, Performance, High-end desktop(HEDT) ဆိုပြီး သတ်မှတ်ထားပါတယ်။ Entry မှာဆိုရင် Ryzen 3, Mainstream မှာဆိုရင် Ryzen 5, Performance မှာဆိုရင် Ryzen 7 နှင့် High-end desktop (HEDT) မှာဆိုရင် Ryzen Threadripper ဆိုပြီး Model လေးတွေခွဲခြားထားပါတယ်။
Ryzen CPU တွေကို ဘယ်လိုကြည့်ပြီးဝယ်ယူရမလဲ ?
*****
Ryzen ဟာ Intel ကိုယှဉ်ပြိုင်ဖို့ CPU တွေကိုထုတ်လုပ်ရာမှာ Customer တွေအနေနဲ့ ဘယ်မော်ဒယ်က ဘယ်လိုမျိုးအတွက်အသုံးပြုလဲဆိုတာကို အလွယ်တကူသိနိုင်အောင်ပြုလုပ်လာခဲ့ပါတယ်။ ဥပမာ ပြောရရင် Intel ရဲ့ i3 CPU ကဘယ်လို User တွေအတွက် သင့်တော်လဲဆိုတာကို တော်တော်များများသိကြမယ်ထင်ပါတယ်။ Ryzen အနေနဲ့လည်း Intel လိုမျိုး Model တွေကိုအလွယ်တကူသိနိုင်အောင် Ryzen 3, Ryzen 5, Ryzen 7, Ryzen Threadripper အစရှိသဖြင့် သတ်မှတ်ထားပါတယ်။
Ryzen 3 ကတော့ Entry အမျိုးအစားဖြစ်ပြီး 4 Cores, 4 Threads, Base Clock 3.1 GHz မှ Max Clock 4GHz အထိထွက်ပါတယ်။ Ryzen 3 က စာစီစာရိုက်၊ ရုံးသုံး၊ အိမ်သုံး အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i3 CPU နဲ့ တူတူလောက်ဖြစ်ပြီး ဈေးနှုန်းပိုင်းမှာတော့ သက်သာပါတယ်။
Ryzen 5 က mainstream အမျိုးအစားဖြစ်ပြီး 6 Cores, 12 Threads, Base Clock 3.4GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen 5 က Gaming ပိုင်းနှင့် Design ပိုင်း အသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i5 CPU နဲ့ တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်သက်သာပါတယ်။
Ryzen 7 က Performance အမျိုးအစားဖြစ်ပြီး 8 Cores, 16 Threads, Base Clock 3.7Ghz မှ Max Clock 4.3GHz အထိထွက်ပါတယ်။ Ryzen 7 က Graphic Design ပိုင်းနှင့် Gaming ပိုင်းကို Professtional ကျကျအသုံးပြုမယ့်သူတွေအတွက်အထူးသင့်လျော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU နဲ့တူညီပြီး ဈေးနှုန်းပိုင်းမှာလည်း Intel ထက်ပိုသက်သာပါတယ်။
Ryzen Threadripper ကတော့ High-end desktop (HEDT) ဖြစ်ပြီး 32 Cores, 64 Threads, Base Clock 3.1GHz မှ Max Clock 4.2GHz အထိထွက်ပါတယ်။ Ryzen Threadripper က High Performance User တွေအတွက် အထူးသင့်တော်ပါတယ်။ Performance ပိုင်းမှာလည်း Intel ရဲ့ i7 CPU ထက်ပိုကောင်းပြီး ဈေးနှုန်းပိုင်းကလည်း သင့်တင့်ပါတယ်။
(အပေါ်မှာပြောပြခဲ့တဲ့ Cores, Threads နှင့် Clock Speed တွေက Model အမျိုးအစားပေါ်မူတည်ပြီးပြောင်းလဲမှုရှိနိုင်ပါတယ်။)
အခုလောက်ဆိုရင် Ryzen CPU တွေအကြောင်း သိသင့်သလောက် သိသွားမယ်လို့ယူဆရပါတယ်။
#မူရင်းဆရာများအားလေးစားလျက် 😊
Credit to Computer Crazy
Intel အကြောင်းလေ့လာချင်ရင် မနေ့ကတင်ထားတဲ့ Link လေးပါဗျ..
https://m.facebook.com/story.php?story_fbid=2533192400340947&id=1453967728263425
AMD CPU Laptop လေးတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့...
အောက်က Link လေးထဲမှာ Promotion တွေပေးထားတယ်နော်...
https://m.facebook.com/story.php?story_fbid=2532626880397499&id=1453967728263425
Crd : original Author
Intel CPU (i3/i5/i7) မော်ဒယ်တစ်ခုနဲ့တစ်ခု ဘာကွာသလဲ...❓❓
အက်ဒမင်တို့ ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင် မဖြစ်မနေ ရွေးချယ်ရမယ့် အစိတ်အပိုင်းတစ်ခုက CPU (Central Processing Unit) ဖြစ်ပါတယ်။ ကွန်ပျူတာစနစ်တစ်ခုရဲ့ တွက်ချက်မှုတွေကို ပြုလုပ်ပေးတဲ့ အစိတ်အပိုင်းဖြစ်လို့အရေးပါပါတယ်။ ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် မြန်ခြင်းနှေးခြင်းကို လွန်စွာသက်ရောက်မှုရှိပါတယ်။
⚙️ ၁။ Personal Computer (PC) တွေမှာ အဓိကအသုံးပြုတဲ့ CPU အမှတ်တံဆိပ်နှစ်ခုရှိပါတယ်။ တစ်ခုက Intel ဖြစ်ပြီး နောက်တစ်ခုက AMD ဖြစ်ပါတယ်။ AMD ရဲ့ CPU တွေကို မြန်မာနိုင်ငံမှာ အသုံးအလွန်နည်းပါတယ်။ ယေဘုယျအားဖြင့် Intel CPU တွေက စွမ်းဆောင်ရည်ပိုကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Intel ဆိုတိုင်း ပိုကောင်းတယ်၊ AMD ဆိုတိုင်း ညံံ့တယ်ဆိုရင် လုံးဝမှားပါတယ်။ မော်ဒယ်အလိုက်၊ စျေးနှုန်းအလိုက်အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။
⚙️ ၂။ Intel က သူရဲ့ CPU တွေကို အသုံးပြုသူတွေ နားလည်လွယ်အောင် စီးရီးတွေ ခွဲခြားထုတ်လုပ်ပါတယ်။
🎆 စွမ်းဆောင်ရည်အနိမ့်ဆုံးစီးရီးကို အက်တမ် (Atom) စီးရီးနဲ့ ဆယ်လီရွန် (Celeron) စီးရီး
🎆 ဒုတိယအနေနဲ့ ပင်တီယမ် (Pentium) စီးရီး၊
🎆 Core i3/ Core i5/ Core i7 စသည်ဖြင့် စွမ်းဆောင်ရည်အဆင့်ဆင့် သတ်မှတ်ရောင်းချပါတယ်။
🎆 Desktop CPU တွေမှာ Core i9 ကို ၂၀၁၈ ခုနှစ်မှာစတင်ထုတ်လုပ်ပါတယ်။
🎆 အလွန်ပါးလွှာတဲ့ လက်တော့ (Ultra-book) နဲ့ တက်ဘလက်တွေအတွက် ပါဝါစားသက်သာတဲ့ Core m စီးရီးလည်းရှိပါသေးတယ်။ စွမ်းဆောင်ရည်က အကြမ်းအားဖြင့်တော့ Core i3 စီးရီး ဝန်းကျင်ရှိပါတယ်။ ဘက်ထရီစားသက်သာဖို့နဲ့အပူစွန့်ထုတ်မှုနည်းအောင်အဓိကထားပါတယ်။
(Pentium စီးရီးဟုဆိုရာတွင် ယခင် Pentium III/ Pentium IV/ Pentimum D ကဲ့သို့ မော်ဒယ်ဟောင်းများကို ဆိုလိုခြင်းမဟုတ်ပါ။ ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်တဲ့ Pentium များကိုဆိုလိုပါတယ်။)
(အထူးအသုံးပြုပုံတွေအတွက် အခြား CPU စီးရီးများလည်းရှိပါသေးသည်။ ပုံမှန်အသုံးပြုသော စီးရီးများကိုသာ ရွေးချယ်ဖော်ပြထားပါသည်။)
⚙️ ၃။ နောက်တစ်ခုက Core i7 တိုင်းက Core i5 ထက်ကောင်းတယ်။ Core i3 တိုင်းက Pentium ထက်ကောင်းတယ်လို့မှတ်ထားရင် လုံးဝမှားပါတယ်။ CPU ရဲ့ စွမ်းဆောင်ရည်မှာ Core i3/ Core i5 စသည်ဖြင့် သိရှိရန်လိုသလို ထွက်ရှိတဲ့ ခုနှစ် (Generation) နဲ့ မော်ဒယ်နံပါတ်ကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် ၂၀၁၈ မှာထွက်ရှိတဲ့ ဒေါ်လာ ၁၃၀ တန် Core i3 8100 က ၂၀၁၀ ခုနှစ်က ထွက်ရှိတဲ့ ဒေါ်လာ ၅၀၀ ကျော်တန်ခဲ့တဲ့ Core i7 880 ထက် စွမ်းဆောင်ရည် ၆၀% လောက်ပိုမြန်ပါတယ်။
⚙️ ၄။ Intel Core CPU (i3/ i5/ i7) တွေမှာ အရှေ့ဆုံးနံပါတ်က ထွက်ရှိတဲ့အမှတ်စဉ် (Generation) ကိုဖော်ပြပါတယ်။ ဥပမာ i3-8100 ဆိုတာ 8th Generation ဖြစ်ပြီး i3-7100 ဆိုတာ 7th Generation ဖြစ်ပါတယ်။ i3-6100 ဆိုရင်တော့ 6th Generation ပါ။
အနောက်မှာပါဝင်တဲ့ အက္ခရာတွေမှာလည်း ဆိုလိုချက်တွေရှိပါတယ်။
🎆 “u” ဆိုတာ လက်တော့ မှာသုံးတဲ့ စီးရီးဖြစ်ပါတယ်။ (i3-7100u)
🎆 “HQ” ဆိုတာ လက်တော့မှာသုံးတဲ့ စွမ်းဆောင်ရည်မြင့် High Performance စီးရီးဖြစ်ပါတယ်။ (i7-7700HQ)
🎆 ရိုးရိုး Desktop CPU တွေမှာ မည်သည့် အက္ခရာမှ ပါလေ့မရှိပါ။ (i3-7100)
🎆 “T” ဆိုတာ Desktop CPU ကို ပါဝါစားနဲ့အပူထွက်ရှိမှုသက်သာတဲ့ အမျိုးအစားဖြစ်ပါတယ် (အဆင်သင့် တပ်ဆင်ပြီး ကွန်ပျူတာတွေမှာ တွေ့ရတတ်ပါတယ်။ အပြင်စျေးကွက်မှာ တွေ့ရလေ့မရှိပါ။) (i3-7100T)
🎆 “K” ဆိုရင် Desktop ရဲ့စွမ်းဆောင်ရည်မြင့်မော်ဒယ်ပါ။ အမြန်နှုန်းမြှင့်တင်ခြင်း (Overclocking) ကို အသုံးပြုနိုင်တဲ့ စီးရီးဖြစ်ပါတယ်။ (i7-7500K)
⚙️ ၅။ ကွန်ပျူတာတစ်ခုမှာ CPU အပြင် Memory၊ Storage (Hard Disk, SSD)၊ Graphic Card (GPU) နဲ့အခြားအစိတ်အပိုင်းတွေရှိပါသေးတယ်။ ဒါ့အပြင် Operating System (Windows/ Mac/ Linus) နဲ့အသုံးပြုထားတဲ့ ဆော့ဝဲလ် (ဥပမာအားဖြင့် Antivirus လို့ဆော့ဝဲလ်) ကိုလည်းထည့်သွင်း စဉ်းစားရမှာပါ။ ကွန်ပျူတာ တစ်လုံးထဲကိုပဲ မတူတဲ့ Windows ဗားရှင်း (ဥပမာ Windows 10 နှင့် Windows 7) အသုံးပြုရင် အမြန်နှုန်းကွာခြားပါတယ်။ Antivirus သွင်းထားတာနဲ့မသွင်းထားတာ အမြန်နှုန်းမတူပါဘူး။ စာဖတ်သူအနေနဲ့ သဘောပေါက်ရမှာက Core i7 သုံးလိုက်ရုံနဲ့ ချက်ချင်း လိပ်က ဒုံးပျံဖြစ်ချင်မှဖြစ်မယ်။ အခြားအစိတ်အပိုင်းတွေကလည်း Core i7 နဲ့ လိုက်မှီအောင်အလုပ်လုပ်နိုင်မှ အပြည့်အဝ အမြန်နှုန်းကို ရရှိမှာပါ။ (ဥပမာအားဖြင့် လုပ်သားတစ်ယောက်က မုန့်ဖုတ်တယ်။ နောက်တစ်ယေက်က မုန့်ကို ပါကင်ထုပ်တယ်ဆိုပါစို့။ လုပ်သားတစ်ယောက်ကို သုံးဆပိုမြန်တဲ့ သူနဲ့အစားထိုးလိုက်ရင် မုန့်သုံးဆ ပိုရမှာလား။ နောက်တစ်ယောက်ပေါ်လည်း မူတည်တယ်မဟုတ်လားဗျ။)
⚙️ ၆။ ကွန်ပျူတာတစ်လုံးကို မြန်တယ်လို့ပြောချင်ရင် ဘာတွေမြန်တာလဲဆိုတာရှိပါတယ်။ Windows တက်တာ (ကွန်ပျူတာဖွင့်တာ) မြန်ချင်တာလား။ ဂိမ်းတွေ ဆော့ဝဲလ်တွေ ဖွင့်လိုက်ရင် ချက်ချင်းပွင့်ချင်တာလား။ ဂိမ်းဆော့ရင် မထစ်ချင်တာလား။ Photoshop တို့၊ Video Editing တို့မှာ လုပ်ဆောင်ချက်မြန်ချင်တာလား စသည်ဖြင့်အမျိုးမျိုးရှိပါတယ်။ အသုံးပြုသူပေါ်မူတည်ပြီး လိုအပ်ချက်တွေကွာခြားပါတယ်။ အားလုံးကောင်းတဲ့ ကွန်ပျူတာမရှိဘူးလားဆိုတော့ ရှိပါတယ်။ စျေးလည်းအကြီးဆုံးဖြစ်မှာပါ။
ဒါပေမယ့် ကွန်ပျူတာအသုံးပြုသူတွေက ဖန်ရှင်အားလုံးကို အသုံးမပြုသလို စျေးအကြီးဆုံးကိုလည်းမဝယ်ကြပါဘူး။ ဒီတော့ လိုအပ်တဲ့ဖန်ရှင်ပေါ်မူတည်ပြီး ပိုမိုအလေးပေးသင့်တဲ့ အပိုင်းတွေကို ဖော်ပြလိုက်ပါတယ်။
🎆 တွက်ချက်မှု (Photo editing, Video editing, Auto CAD rendering,…) တွေအတွက် CPU ရဲ့ စွမ်းဆောင်ရည်ပေါ်ပိုမိုမူတည်ပါတယ်။
🎆 ဂိမ်းဆော့ဖို့အတွက်ဆိုရင် Graphic Card ရဲ့ စွမ်းဆောင်ရည်က ပိုပြီးအရေးပါပါတယ်။
🎆 ဖွင့်တာ ပိတ်တာ (Windows တက်တာ၊ ဂိမ်းနဲ့ ဆော့ဝဲလ်တွေစတင်တာ) မြန်ချင်တယ်ဆိုရင် SSD (Solid State Drive) က ပိုအရေးကြီးပါတယ်။ Hard Disk Drive (HDD) တွေက ဖွင့်တာပိတ်တာ နှေးပါတယ်။
🎆 ဆော့ဝဲလ်တွေအများကြီးပြိုင်တူသုံးမယ်၊ ဆော့ဝဲလ်အကြီးတွေသုံးမယ်၊ ပရောဂျက်အကြီးတွေလုပ်မယ်၊ အင်တာနက် ဗရောက်စာ (Internet Explorer, Chrome, Firefox, …) မှာ Tab တွေအများကြီးသုံးမယ်ဆိုရင် RAM များဖို့လိုပါတယ်။
⚙️ ၇။ CPU တစ်ခုမှာ မော်ဒယ်နံပါတ်ကို သိရင် သူ့ရဲ့အချက်အလက် (Specification) တော်တော်များများကို သိနိုင်ပါတယ်။ စျေးကွက်ထဲမှာအပြောများတဲ့ အမြန်နှုန်း (GHz) အပြင် အခြားအရေးကြီးတဲ့အချက်တွေလည်းရှိပါသေးတယ်။ တည်ဆောက်ထားတဲ့ နည်းပညာ (နာနိုမီတာ)၊ ပါဝါစားနှုန်း (TDP/ Watt)၊ CPU အစိတ်အပိုင်းအရေအတွက် (Cores/ Threads)၊ Cache Memory၊ တွဲဖက်ပါရှိတဲ့ internal GPU တို့ကိုမူတည်ပြီး စွမ်းဆောင်ရည်၊ အသုံးဝင်ပုံနဲ့ရွေးချယ်မှုတို့ကွာခြားနိုင်ပါတယ်။
စာဖတ်သူတို့လည်း လိုအပ်ချက်နဲ့ဘက်ဂျက်ကို ချိန်ဆပြီး မိမိအတွက် အကောင်းဆုံး ကွန်ပျူတာများကို အသုံးပြုနိုင်ကြပါစေ။
နည်းပညာများသည် အစဉ်ပြောင်းလဲတိုးတက်လျှက်ရှိသောကြောင့် အရာအားလုံးကို လှေနံဓားထစ်မှတ်ယူထားခြင်းထက် အမြဲမပြတ်လေ့လာနေရန်လိုအပ်ပါသည်။ ကျွန်တော်တို့တူတူ ဆက်လက်သင်ယူကြပါစို့။
#မူရင်းရေးသားသူကိုလေးစားလျက်