09/10/2020
What is money?
ငယ်ပါသေးတယ်ဆိုပြီး
ဘဝကို ဖြစ်သလို မနေပါနဲ့
ပိုက်ဆံရှာပါ
လောကမှာပိုက်ဆံရှိမှ
ပိုအဆင်ပြေနိုင်ပါတယ်။
မိသားစုထဲမှာကြည့်ပါ
ပိုက်ဆံရှာနိုင်တဲ့သူက
ပိုအရေးပါအရာရောက်ပါတယ်။
အပေါင်းအသင်းတွေကြားထဲကြည့်ပါ
ပိုက်ဆံရှိတဲ့သူက ပိုလူရာဝင်ပါတယ်။
လူမှုအဖွဲ့အစည်းတစ်ခုခုကိုကြည့်ပါ
ပိုက်ဆံပိုရှိတဲ့သူက ပိုအရာရောက်ပါတယ်။
ဒါဟာလောကကြီးထဲမှာ
ရာခိုင်နှုန်းတော်တော်များဖြစ်နေတာပါ
ဘယ်နည်းနဲ့ကြည့်ကြည့်
သင်ပိုက်ဆံရှာရပါမယ်
ငွေစုရပါမယ်။
သင်ပိုက်ဆံရှိမှ
သင်ချစ်တဲ့သူတွေအတွက်
သင်လုပ်ချင်တဲ့အရာတွေအတွက်
သင်ပြောချင်တဲ့စကားတွေအတွက်
သင်လိုချင်တဲ့အရာတွေအတွက်
အားလုံးမဟုတ်ရင်တောင်
တော်တော်များများ လုပ်လို့ရမှာပါ။
" # ခင်မင်မှုက ပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူတော်တော်များများကတော့
ငွေရှိရင် ပိုခင်ကြပါတယ်။
" # ရိုးသားမှုက ပိုအရေးကြီးတယ်"
ဟုတ်ကဲ့
လူအများစုကတော့ မရိုးသားရင်တောင်
ငွေရှိတဲ့လူဆို သိပ်မပြောရဲကြပါဘူး။
" # ပညာကပိုအရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိမှ ပညာသင်လို့ရတဲ့ခေတ်မှာ
ပညာရွှေအိုးက ငွေရှိမှဝယ်လို့ရတာပေါ့။
" # ကိုယ်ကျင့်တရားက အရေးကြီးဆုံး"
ဟုတ်ကဲ့
ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေ
ငွေရှိလာရင်အမှန်တရားက ရောက်လာဖို့
ခြေလှမ်းသိပ်နှေးလွန်းပါတယ်။
" # စိတ်ချမ်းသာဖို့က အရေးကြီးတယ်"
ဟုတ်ကဲ့
ငွေရှိလဲစိတ်ဆင်းရဲတဲ့လူတွေရှိပါတယ်
ဒါပေမဲ့ ငတ်နေရင်းစိတ်ဆင်းရဲနေရတဲ့သူတွေထက်တော့
" # အချစ်ကအရေးကြီးတယ်"
ဟုတ်ကဲ့
ရယ်စရာအကောင်းဆုံးပြက်လုံးပါ
လူအားလုံးလိုလိုကတော့
ငွေမရှိရင် ရုပ်ဆိုးတယ်လို့မြင်ကြတယ်
ငွေမရှိရင် နံတယ်လို့ထင်တယ်
ငွေမရှိရင် ပိုင်းလုံးလို့မြင်တယ်
ငွေမရှိရင် ရင်မခုန်ကြတော့ဘူး
ဒါပါပဲ
ဘယ်နည်းနဲ့ေတွးတွေး
ဘယ်ဖက်ကတွေးတွေး
ငွေရှိမှ အရာအားလုံးလိုလို
အဆင်ပြေနိုင်ပါမယ်
ထို့ကြောင့် ပိုက်ဆံရှာပါ။🙏🙏🙏
# credit:original writer🌨️