Develop companie Ltd.

Develop companie Ltd. အားလုံးတိုးတက်ကြီးပွားဖို့ အမြန်ဆက်သွယ်ကြပါစို့

မြန်မာနိုင်ငံ အလှူအတန်းရက်ရောမှု့ ထိပ်ဆုံးတွင်ဆက်လက်ရပ်တည်World Giving Index -Charities Aid ဖောင်ဒေးရှင်း၏ ပရဟိတအများဆုံ...
11/02/2023

မြန်မာနိုင်ငံ အလှူအတန်းရက်ရောမှု့ ထိပ်ဆုံးတွင်ဆက်လက်ရပ်တည်

World Giving Index -Charities Aid ဖောင်ဒေးရှင်း၏ ပရဟိတအများဆုံးနိုင်ငံ ၂၀၂၃ ထုတ်ပြန်ချက်များအရ ​မြန်မာနိုင်ငံသည်အလှူအတန်းရက်ရောမှု့အစီအစဥ်စုပေါင်း တွင် ၅၈% ရရှိကာ အမေရီကန်နှင့်ပူးတွဲ ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

စီးပွားရေးအကျပ်အတည်း ​ကိုဗစ်၁၉ ပြန်လည်ထူထောင်ရေးနှင့် ပထဝီနိုင်ငံရေးမငြိမ်သက်မှု့များအတွင်း လူအများ၏ပရဟိတလုပ်ဆောင်မှု့များကို စာရင်းပြု့စု့ မှတ်တမ်းတင် ဂုဏ်ပြု့ထားကြောင်းဖော်ပြထားသည်။

အဆိပါစာရင်းတွင် ဂရိ.တရုတ်.ယီမင်.လစ်သူရေးနီးယား.ပါလက်စတိုင်း.ဘူဂေးရီးယား. ဆာဘီးယား.မွန်တီနီဂရို.အာမေးနီးယား.ဂျော်ဂျီယာ.ခရိုအေးရှား.ရဝမ်ဒါ. စသည်ဖြင့်အောက်ဆုံးအဆင့်များမှ အစဥ်လိုက် အသီးသီးရပ်တည်နေကြောင်း ဇယားတွင်ဖော်ပြထားပါသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ၏ သတ်မှတ်ထားသော ဝင်ငွေနည်းနိုင်ငံများတွင်ပါဝင်သော်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်ဦးရေများပြားသဖြင့် ဤစာရင်းတွင် နှစ်စဥ်လိုပင်ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ကြောင်းဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် အလှူအတန်းရက်ရောမှု့စာရင်းတွင် ထိပ်ဆုံးမှ ၅ နှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့သည်အပြင် ၂၀၀၉ မှ၂၀၁၈... ၁၀နှစ်တာအတွင်းတွင်လည်း ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ကြောင်း ဂုဏ်ပြု့ဖော်ပြထားပါသည်။@@@@@@@@@@@@@
တိုင်းပြည်အခြေအနေကြောင့် စစ်တပ်အာဏာသိမ်းရာ ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံတွင် မငြိမ်မသက် အကြမ်းဖက်မှု့များ ပေါ်ပေါက်စေရန် အများဆုံးထောက်ပံ့နေသော အမေရီကန်နှင့် နိုင်ငံရေးဆူပူမှု့များဖြစ်ပေါ်နေသော မြန်မာနိုင်ငံသည် အလှူအတန်းရက်ရောမှု့တွင် ပူးတွဲရပ်တည်နေသည်မှာ အင်မတန်အံသြစရာကောင်းလှပါသည်။

မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့်လည်း ​ေအဂေလီဆန်စွာဂုဏ်ယူရပါသည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့်လည်း google တွင်အထက်ပါအချက်အလက်များယူထားပြီး ပြသကာမြန်မာနိူင်ငံသားများအပေါ်မနှိမ်သင့်ကြောင်း အချက်အလက်တစ်ခုအနေဖြင့်သုံးကာ မြန်မာနိုင်ငံသားများ ဂုဏ်တက်အောင်ပြု့မူကျင့်ကြံ နေထိုင်ကြပါစို့ဟု့ တိုက်တွန်းလိုက်ရပါတော့သည်။

22/07/2022
ပြည်သူအများလေ့လာနိုင်ရန် ပါ၀င်နိုင်ရန် ကြိုဆိုပါသည်။join*phone - 09781002526==========                      U Win Kyaw M...
27/06/2022

ပြည်သူအများလေ့လာနိုင်ရန် ပါ၀င်နိုင်ရန် ကြိုဆိုပါသည်။
join*phone - 09781002526
==========
U Win Kyaw Myint Develop Companie Limited
ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်(ခံ၀န်ချက်အားဖြင့်တာ၀န်ကန့်သတ်သော)၏ဖွဲ့စည်းပုံအခြေခံစည်းများ ၁။ ဖွံ့ဖြိုးရေးစီးပွားရေးလုပ်ငန်းဆိုသည့်အတိုင်း တည်ထောင်သူများကတိုင်းပြည်တိုးတက်ရန် လူသားအရင်းအမြစ်တိုး တက်ရန် အစွမ်းကုန်ကြိုးစားမည်ဖြစ်ပြီး ပါ၀င်ပါတ်သတ်သူများကလည်း လိုက်ပါဆောင်ရွက်ရမည်။ ၂။ ကုမ္ပဏီတွင်ဒါရိုက်တာများနှင့် ၀န်ထမ်းများကကုမ္ပဏီနှင့် ရှယ်ယာရှင်များအကျိုးစီးပွားကို အစွမ်းကုန် တာ၀န်ယူဦး ဆောင်သွားပါမည်။ ၃။ စာရင်းကိုင်များ ၊ ဆရာ၀န်များ ၊ ရှေ့နေများ ၊ အင်္ဂလိပ်ဆရာများ ၊အင်ဂျင်နီယာများ အများအပြားပါ၀င်မည်ဖြစ်ပြီးထို၀န် ထမ်းများ၏လုပ်အားခကို ရှယ်ယာရှင်များကကျခံခြင်းမရှိစေရ။ ၄။ ကုမ္ပဏီသည် ဆယ်သိန်းကျပ်တန်ရှယ်ယာများအား ၀န်ထမ်းမဟုတ်သူ ၅၀ ဦးကိုထုတ်ရောင်းသွားမည်ဖြစ်ပြီး ရှယ်ယာ၀ယ်ယူနှုန်း အလိုက် လက်ခံသွားမည်။ ရှယ်ယာမှာ RED အမျိုးအစားဖြစ်ပါသည်။ ၅။ ရှယ်ယာရှင်များသည် တစ်လအတွင်း ၂ ကြိမ်အထိအကျိုးအမြတ်များကို ရှယ်ယာအားလုံးတွင်ပါ၀င်သောဝေစုအလိုက် ရာခိုင်နှုန်းအလိုက် ခံစားခွင့်ရှိသော်လည်း ကုမ္ပဏီကပေးရမည့် ကြွေးမြီးများအားပါ၀င်ပေးသွင်းစရာမလိုပါ။ ၆။ ရှယ်ယာရှင်များသည် ရှယ်ယာလက်မှတ်အား ငွေပြန်ထုတ်ယူလိုပါက အနည်းဆုံးအကျိုးအမြတ် တစ်ကြိမ်ထုတ်ယူပြီးမှ သာပေးသွင်းထားသောငွေကြေးအတိုင်း ရယူခွင့်ရှိသည် ။ ရှယ်ယာရှင်များအားလုံးတပြိုင်တည်း ပြန်လည်ထုတ်ပေးချင်မှ ထုတ်ပေးမည်ဖြစ်သော်လည်း နောက်အကြိမ်များတွင်ပြန်ထုတ်လိုသူအားလုံးကိုထုတ်ပေးပါမည်။ ၇။ ကုမ္ပဏီကလည်းလိုအပ်ပါက ရှယ်ယာရှင်များပိုင်ဆိုင်ထားသောရှယ်ယာများကို နဂိုတန်ဖိုး၏ ၂ ဆဖြင့်ပြန်လည်ရယူနိုင် ခွင့်ရှိသည်ကို ရှယ်ယာရှင်များကသဘောတူပြီးသားဖြစ်ရပါမည်။ ၈။ ရှယ်ယာရှင်များသည် စီးပွားတိုးတက်အောင်လုပ်ငန်းများပိုမိုကောင်းမွန်အောင်အကြံအဥာဏ်များကိုစာဖြင့်ရေးသားပေး ပို့ပါ၀င်ခွင့်ရှိပြီး အဆိုပါအကြံအဥာဏ်အားလုံးကိုဖြစ်စေ တစိတ်တစ်ပိုင်းကိုဖြစ်စေကုမ္ပဏီကသုံးစွဲပါက ထိုက်တန်သောငွေ ကြေးတစ်ခုဖြင့်အသုံးပြု့မည်ဖြစ်သော်လည်း ကုမ္ပဏီ၏အုပ်ချုပ်ရေးနှင့် ဆုံးဖြတ်ချက်များတွင်ပါ၀င်ပါတ်သတ်ခြင်းမပြု့ရ။ ၉။ ကုမ္ပဏီတည်နေရာရုံးခန်းမှာ အမှတ်(၁၆၀) ဘုန်းကြီးလမ်း၊ ၂၄ ရပ်ကွက်(တောင်ပိုင်း)၊ ရွှေပြည်သာ၊ ရန်ကုန်ဖြစ်သည်။ ၁၀၊ ကုမ္ပဏီသည်ကုသိုလ်လည်းရ ၀မ်းလည်း၀ ၊ အများအကျိုးဆောင် ကိုယ်ကျိုးအောင် ဆိုသကဲ့သို့သော စီးပွားရေးများ ကိုလုပ်ကိုင်ပြီး Consumer (ခံစားသူများ) နှင့် အစုရှယ်ယာပါ၀င်သူများ(ငွေရင်းစိုက်သူများ)အားလုံးကိုအကျိုးရှိအောင်စီမံ ခန့်ခွဲမှု့နည်းပညာဖြင့် စီးပွားလုပ်နေသည်ကို အကောင်းမြင်ကာ ပါ၀င်ဆောင်ရွက်ကြရန်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ၁၁။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အခန်း(၅)ပါ ပုဒ်မ ၁၁ ၊ ၁၂ ၊ ၁၃ များလည်း ဤဖွဲ့စည်းပုံစည်းမျည်းတွင်အကြုံး ၀င်ကြောင်းကုမ္ပဏီဖြင့်ပါတ်သတ်သူတိုင်းနားလည်သိရှိရမည်။

၁၂။ ဖွံ့ဖြိုးရေးစီးပွားရေးလုပ်ငန်းကုမ္ပဏီလီမိတက်၏ ခံစားခွင့်ရသူများနှင့်သာသတ်ဆိုင်သော တန်ဖိုးနည်းတိုက်ခန်းနှင့် လူမှု့ဘဝြမှင့် တင်ခြင်းဆိုင်ရာ လိုက်နာရမည့်နောက်ဆက်တွဲအခြေခံစည်းများမှာ-
က။ လူတိုင်းလူမှု့ဘဝြမှင့်တင်မည့်အစီအစဉ်တွင်ပါ၀င်နိုင်သည်။ သို့သော်ခံစားခွင့်ကတ်နှင့်ကံစမ်းမဲနံပါတ်များရရှိပြီး ခံစား
ခွင့်ကြေး ပုံမှန်ပေးသွင်းသူများသာလျှင် တိုက်ခန်းများမဲဖောက်ခြင်းနှင့် လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်တွင်ပုံမှန်ပါ၀င်နိုင်
မည်ဖြစ်သည်ကို ခံစားခွင့်ရရှိသူများ သိရှိနားလည်ရပါမည်။

ခ။ တိုက်ခန်းများမဲဖောက်ပေးမည့်အစီအစဉ်တွင် မိသားစု၀င်ရှိသလောက်ပါ၀င်ခွင့်ရှိပါသည်။ သို့သော် ၂ ပတ်ကို ၅၀၀ ကျပ်
ပေးသွင်းရုံဖြင့် တိုက်ခန်းမဲဖောက်ပေးသည်ဆိုပါကရလိုဇောဖြင့် မရှိသောနာမည်များထည့်၍ မဲပေါက်ခဲ့သည်ကိုစစ်ဆေး တွေ့ရှိပါကတိုက်ခန်းကိုပြန်သိမ်းမည့်အပြင် အဆိုပါမရိုးဖြောင့်သူကိုလည်း ခံစားခွင့်များရုတ်သိမ်း၍ အဆိုပါတိုက်ခန်းကို လည်း နောက်မဲဖောက်မည့်အခါတွင် အပိုထည့်သွင်းမဲဖောက်ပေးပါမည်။

ဂ။ ပထမဦးဆုံးယုံယုံကြည်ကြည်ပါ၀င်သူများကို ကျေးဇူးဆပ်မည့်အစီအစဉ်ရှိပါသည်။ နောက်ပိုင်းတွင် ၂ ပတ်ကို ၅၀၀ ကျပ်
ပေးသွင်းရုံဖြင့် တန်ဖိုးနည်းတိုက်ခန်းများရလိုကာ တလဟောပါ၀င်လာမည့်လူများထက်မူ တိုက်ခန်းပေးဝေရာတွင် အခွင့်ပို
သာသောအခွင့်အရေးများရရန် စီမံသွားပါမည်။

ဃ။ တိုက်ခန်းကိုမိသားစု ၅ ယောက် ချောင်ချောင်ချိချိနေနိုင်မည့်အနေအထားဆောက်ပေးမှာဖြစ်သဖြင့် မိသားစု၀င်အကုန်
လုံးမဲပေါက်နေသော်လည်း ၅ ယောက်ဆိုပါက တစ်ခန်းရပါမည်။ ၅ ယောက်ထက်ပိုပါက ၂ ခန်းရပါမည်။ ၁၀ ယောက်ထက်
ပိုပါက ၃ ခန်းရပါမည်။ တိုက်ခန်းတွင်နေထိုင်သူတိုင်း ဖွံ့ဖြိုးရေး
ရေးကုမ္ပဏီခံစားခွင့်ကြေး(၅၀၀ ကျပ်)ပုံမှန် ပေးသွင်းနေသူ ဖြစ်ရပါမည်။ လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်ကို တစ်သက်လုံးခံစားခွင့်ရှိပါသည်။ မဲပေါက်တိုက်ခန်းတွင်နေထိုင်သူဖြစ်ပါက
တိုက်ခန်းများမဲဖောက်မည့်အစီအစဉ်တွင် ပါ၀င်ထည့်သွင်းတော့မည်မဟုတ်ပါ။ တိုက်ခန်းသီးသန့်လိုချင်ပါက မဲပေါက်ထား
သောတိုက်ခန်းတွင်မနေဘဲ သီးသန့်နေရပါမည်။

င။ မဲပေါက်ထားသောတိုက်ခန်းကိုဆက်ခံမည့် မိသားစု၀င်ဖြစ်ပါက ထိုတိုက်ခန်းကိုဆက်ခံမည့်ရက်မှရေတွက်ပါက ၃ နှစ်လုံး
ကို ရက် ၆၀ သာပျက်ကွက်၍နေထိုင်ထားသူဖြစ်ရပါမည်။ သန်းခေါင်စာရင်း၀င်မဟုတ်သူကို လက်ဆင့်ကမ်းနေထိုင်ခွင့်မပြု့
ပါ။ အခကြေးငွေဖြင့်သော်လည်းကောင်း တစ်စုံတစ်ရာသောအကျိုးရလိုမှု့ဖြင့်သော်၎င်း ဆက်ခံခွင့်မရှိသူကို လက်ဆင့်ကမ်း
သည်ကိုစစ်ဆေးတွေ့ရှိပါက ကုမ္ပဏီ၏ကန့်သတ်တားမြစ်ချက်ကိုချိုးဖောက်သဖြင့် ခံစားခွင့်ရှိသူမှထုတ်ပယ်မည့်အပြင် တရားစွဲဆိုခြင်းပါခံရပါမည်။ အဘယ့်ကြောင့်ဆိုသော်ကုမ္ပဏီသည် မဲပေါက်ပြီးတိုက်ခန်းနေထိုင်ခွင့်ရသူများကို ၉ နှစ်တစ် ကြိမ်အငှားစာချုပ်ဖြင့် တိုက်ပျက်စီးသည်ထိနေထိုင်ခွင့်ပြု့ထားခြင်းဖြစ်သည်။ ရေမီတာ၊ မီးမီတာနှင့် နိုင်ငံတော်ကကောက် သောအခွန်အခများကို နေထိုင်သူများကသာပေးဆောင်ရပါမည်။ တိုက်ခန်းတွင်နေထိုင်ခွင့်ရသူများကို ကုမ္ပဏီကငွေကြေး များထပ်မံတောင်းခံထားခြင်းမရှိဘဲ တိုက်ခန်းတွင်နေထိုင်သူများကိုသာ ပုံမှန်ခံစားခွင့်ကြေးသာတောင်းခံထားပြီး တိုက်ခန်း
မဲဖောက်သည့်အစီအစဉ်မှလွဲ၍ လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်အကုန်လုံးကိုခံစားခွင့်ပြု့ထားပါသည်။(တချို့တိုက်ခန်းမ လိုအပ်သော ပါ၀င်သူများအနေဖြင့် မဲပေါက်လာပါက ထိုသူ၏အခွင့်အရေးမယူပါ၀င်ခြင်းကိုလည်း ထိုတိုက်ခန်းတွင်ကမ္ပည်း
တင်ပြီး နောက်တစ်ကြိမ်မဲဖောက်ရာတွင် အပိုတိုက်ခန်းအနေဖြင့်မဲဖောက်ပေးပါမည်။)

စ။ ကုမ္ပဏီ၏အခြေခံစည်းမျည်းများကိုမလိုက်နာသူများအနေဖြင့် ခံစားခွင့်များရုတ်သိမ်းပြီး ထုတ်ပယ်ခံရပါမည်။ ခံစားခွင့်ရ
သူအချင်းချင်းပြဿနာဖြစ်ပွားပါက ပြဿနာစသူကိုအရေးယူပါမည်။ တုံ့ပြန်ချက်ကြီးသူကိုအရေးယူပါမည်။ ခံစားခွင့်မ ဟုတ်သူကို ပြဿနာရှာပါကလည်း အရေးယူပါမည်။ ကုမ္ပဏီရှေ့နေများ၏ တရားစွဲဆိုခြင်းကိုလည်းခံရနိုင်ပါသည်။

ဆ။ ပါ၀င်သူများအနေဖြင့် အပတ်စဉ်ခံစားခွင့်ကြေးများပေးသွင်းကြရာတွင် တစ်ကြိမ်ပျက်ကွက်သူများကို ထို ၁ လအတွင်း
လူမှု့ဘဝြမှင့်တင်ခြင်းအစီအစဉ်များခံစားခွင့်ရုတ်သိမ်းထားပြီး တိုက်ခန်းမဲဖောက်ရာတွင် ပေါက်မဲတစ်ကြိမ်ကိုခံစားခွင့်မ ပြု့ပါ။ ၂ ကြိမ်ပျက်ကွက်သူများကို ထိုအနီးဆုံး ၂ လအတွင်းခံစားခွင့်များမပေးတော့မည့်အပြင် တိုက်ခန်းမဲဖောက်ရာတွင် ပေါက်မဲ ၂ ကြိမ်ကိုခံစားခွင့်မပြု့ပါ။ ၃ ကြိမ်ပျက်ကွက်သူများကို ခံစားခွင့်ရှိသူအဖြစ်မှ ရာသက်ပန်ထုတ်ပယ်သွားပါမည်။ ထို
သူနှင့်ကုမ္ပဏီဘာတစ်ခုမှပါတ်သတ်ခြင်းမရှိတော့ပါ။ ထိုသူကမလိုက်နာဘဲနှောက်ယှက်ပါက တည်ဆဲဥပဒေများနှင့်အညီ တရားဥပဒေအတိုင်း ပြတ်ပြတ်သားသားရင်ဆိုင်သွားပါမည်။ သက်ဆိုင်ရာကာလအတွင်း ခံစားခွင့်ကြေး ၅၀၀ ကျပ်မပေး သွင်းပါကတစ်ကြိမ်ပျက်ကွက်သူအဖြစ်သတ်မှတ်ပါမည်။ ပျက်ကွက်သူများအနေဖြင့်ပျက်ကွက်သူမဖြစ်လိုကြောင်း လျှောက်
ထားပါက ခံစားခွင့်ကြေး၏ ၁၀ ဆဖြင့်လျှောက်ထားရာတွင် သက်ဆိုင်ရာကုမ္ပဏီအရာရှိများ၏ဆုံဖြတ်ပေးမှု့အရ ပျက်ကွက်
ခြင်းကိုပယ်ဖျက်နိုင်ပါသည်။ ၂ ကြိမ်ပျက်ကွက်သူမဖြစ်လိုပါက ခံစားခွင့်ကြေး၏ ၁၀၀ ဆဖြင့်လျှောက်ထားနိုင်သည်။ သို့သော် အရာရှိများ၏ဆုံးဖြတ်မှု့ကသာအတည်ဖြစ်ပါသည်။ ၃ ကြိမ်ပျက်ကွက်သူကိုမူ ဘာအကြောင်းပြချက်မှမရှိ ရာ သက်ပန် ခံစားခွင့်ရှိသူအဖြစ်မှ ထုတ်ပယ်ပြီးသားဖြစ်စေရပါမည်။(ဖွံံ့ဖြိုး​ရေးကုမ္ပဏီသည် လူတိုင်း၀န်မလေးစေသော ၂
ပတ်ကို ၅၀၀ ကျပ်သာသတ်မှတ်ထားပြီး အနည်းဆုံးကိုတောင်း၍ အများဆုံးကိုပေးထားခြင်းဖြစ်သဖြင့် မလိုက်နာသူများကို
လည်း ပြတ်ပြတ်သားသားတုံ့ပြန်ထားခြင်းဖြစ်ပါသည်။ စည်းကမ်းရှိမှတိုင်းပြည်တိုးတက်ပါမည်။)

ဇ။ တိုက်ခန်းတွင်နေထိုင်ခွင့်ရသူတိုင်း ခံစားခွင့်ကြေးပေးရမည့်အချိန်နောက်ကျခဲ့ပါက အပါတ်စဉ်ကြေး၏ အဆ ၁၀၀ ဖြင့် လျှောက်ထားနိုင်ပါသည်။ တစ်ပတ်အတွင်းလျှောက်ထားခြင်းမရှိပါက မဲပေါက်ထားသောတိုက်ခန်းကို တစ်ပတ်အတွင်း သိမ်းယူသွားပြီး မရသေးသောခံစားခွင့်ရှိသူများကိုအပိုမဲဖောက်ပေးပါမည်။ ထိုသို့ပျက်ကွက်ဒဏ်ကြေးဆောင်ခြင်းကိုလည်း
၃ ကြိမ်သာလက်ခံ ပယ်ဖျက်ပေးမည်ဖြစ်ပြီး ၄ ကြိမ်မြောက်တွင် အကြောင်းပြချက်မရှိ မဲပေါက်တိုက်ခန်းကိုပြန်လည်သိမ်းယူ
ခံရပါမည်။ ခံစားခွင့်ရှိသူများအနေဖြင့် ပျက်ကွက်သူများမဖြစ်လိုပါက အပတ်စဉ်ကြေးကိုကြိုတင်ပေးသွင်းနိုင်မည့်အစီအစဉ်
များ ပြု့လုပ်ပေးထားပါသည်။

စျ။ ဖွံ့ဖြိုးရေးစီးပွားရေးကုမ္ပဏီသည်တိုင်းပြည်၏လိုအပ်ချက်များကိုတစ်ထောင့်တစ်နေရာက ပါ၀င်သယ်ပိုးနေသည်ကိုသင်
စာတတ်ပါကသိမြင်နိုင်ပါသည်။ထေိုကြာင့်ကုမ္ပဏီ၏လူမှုဘဝြမှင့်တင်ခြင်းလုပ်ငန်းစဉ်များကိုနှောက်ယှက်ဖူးခြင်း၊မမှန်မကန်
သတင်းများဖြန့်ဝေနေခြင်းကို စစ်ဆေးတွေ့ရှိပါက ခိုင်မာသောအထောက်အထားများဖြင့် ကုမ္ပဏီရှေ့နေများ၏ထိုက်သင့် သည့်တရားစွဲဆိုခြင်းများရင်ဆိုင်ရပါမည် ။ ထို့ကြောင်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ လုပ်ရပ်နှင့်ပါတ်သက်ပြီး မျက်တောင်တဆုံးမ
ကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်ပေးစေလိုပါသည်။

ည။ ခံစားခွင့်ရ တိုက်ခန်းနေခွင့်ရသူများအနေဖြင့် အချင်းချင်းထိန်းထိန်းသိမ်းသိမ်း နေထိုင်သွားပြီး ဖောက်ဖျက်သတင်းများ
ကိုလည်း အလျင်အမြန်အကြောင်းကြားခြင်းဖြင့် ခံစားခွင့်ရသူများအပြစ်ဒဏ်လှိုင်းဂရက်မှလွတ်မြောက်နိုင်ရန်စီစဉ်ထားပါ သည်။ ထိုသို့မဟုတ်ဘဲ ခံစားခွင့်ရသူတစ်ဦးက ကုမ္ပဏီကပြဌာန်းထားသော အခြေခံဖွဲ့စည်းပုံစည်းမျဉ်း ပုဒ်မ ၁၂ ရှိပုဒ်မခွဲ များတစ်ခုခုဖောက်ဖျက်ခြင်းကို အကြောင်းမကြားဘဲဖာသိဖာသာနေထိုင်ပါက ကြံရာပါမှု့ဖြင့်သတ်မှတ်ခံရပါမည်။

ဋ။ ကုမ္ပဏီ၏မဲဖောက်ပေးထားသောတိုက်ခန်းများတွင် နေထိုင်ခွင့်ရသူများအနေဖြင့် တိုက်ခန်းကိုပြု့ပြင်ခြင်း၊ ပြင်ဆင်ခြင်း များပြု့လုပ်လိုပါက ကုမ္ပဏီသို့အကြောင်းကြားရမည်ဖြစ်ပြီး ကုမ္ပဏီကခွင့်ပြု့သည့်ပုံစံမျိုးကိုသာ ပြင်ဆင်ခွင့်ရပါမည်။

ဌ။ မည်သို့ဆိုစေဖွံ့ဖြိုးရေးကုမ္ပဏီသည် ခံစားခွင့်ရသူများ၏နှမ်းတစ်စေ့စီလိုက်လံတောင်းယူစုဆောင်းကာ လူမှု့ဘဝြမှင့်
တင်ခြင်းများကိုဆောင်ရွက်နေခြင်းဖြစ်ကြောင်းကိုသိမြင်နိုင်လောက်ပါပြီ ။ တစ်ကယ့်ဆိုရှယ်ကျသောအစုကြီးဖြစ်သည့်အ ပြင် ဝိုင်းကြီးချုပ်စနစ်ဖြင့်လည်ပတ်နေပြီး ပေးဆပ်မှု့များဖြင့်အပြန်အလှန်နားလည်မှု့များရယူကာ တရားမျှတသောလွန်စွာ ကောင်းမွန်သော လူ့အသိုက်အ၀န်းကြီးဖော်ဆောင်နေသည်ကို သိမြင်နိုင်ပြီဖြစ်သော လူကြီးမင်းများနှင့် မြန်မာပြည်သူတစ်
ရပ်လုံးအား ခံစားခွင့်များရယူကြရန် လေးလေးမြတ်မြတ်ဖိတ်မန္တကပြု့လိုက်ပါသည်။

တိုက်ခန်းများလျှောက်ထားနိုင်😀🤣😌😜🤡😀🤣😌😜🤡ပိုက်ဆံတတ်နိုင်သူ မိသားစု  တစ်ရာကျော်ကတော့​​နေပြည်တော်မှာလျှောက်ပေါ့ မတတ်နိုင်သူ​တ...
29/05/2022

တိုက်ခန်းများလျှောက်ထားနိုင်
😀🤣😌😜🤡😀🤣😌😜🤡
ပိုက်ဆံတတ်နိုင်သူ မိသားစု တစ်ရာကျော်ကတော့​​နေပြည်တော်
မှာလျှောက်ပေါ့ မတတ်နိုင်သူ​တွေက
တော့ ဖွံဖြိုးရေးကုမ္ပဏီလီမိတက် ph/Viber 09 78 100 2526 မှာလျှောက်ပါ
$$$$$$$$$
နေပြည်တော်မှ တိုက်ခန်း ၁၂၈ ခန်းကို မဲစနစ်ဖြင့် ရောင်းမည်
-------------------------------
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ သုခတော်ဝင်အိမ်ရာရှိ တိုက်ခန်း ၁၂၈ ခန်းကို မဲစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ နေပြည်တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။ တိုက်ခန်း လျှောက်ထားလိုသူတွေအနေနဲ့ လာမယ့် ဇွန် ၁ ရက်ကစတင်ပြီး ဇွန်လကုန်ထိ လျှောက်လွှာပုံစံနဲ့ လာရောက် လျှောက်ထားရမှာဖြစ်ပြီး လူတစ်ယောက်ကို တိုက်ခန်းတစ်ခန်းသာ ဝယ်ယူခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။ ရောင်းချပေးမယ့် တိုက်ခန်းတန်ဖိုးတွေကတော့ မြေညီထပ်ကို ကျပ်သိန်း (၃၅၀)၊ ပထမထပ်ကို ကျပ်သိန်း (၃၂၀)၊ ဒုတိယထပ်ကို ကျပ်သိန်း (၂၅၀) နဲ့ တတိယထပ်ကို ကျပ်သိန်း (၂၁၀) ဈေးနှုန်းရှိတယ်လို့ နေပြည်တော် စည်ပင် သာယာရေး ကော်မတီက သိရပါတယ်။
တိုက်ခန်းလျှောက်ထားသူတွေဟာ လျှောက်ထားတဲ့တိုက်ခန်းတန်ဖိုးရဲ့ (၁၀) ရာခိုင်နှုန်းကို အာမခံစပေါ်ငွေအဖြစ် ပေးသွင်းရမှာဖြစ်တယ်လို့ နေပြည်တော်ကောင်စီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။ တိုက်ခန်း လျှောက်ထားသူတွေကို မဲစနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး မဲပေါက်သူတွေအနေနဲ့ မဲပေါက်ပြီး ရုံးဖွင့်ရက် (၇) ရက်အတွင်း တိုက်ခန်းတန်ဖိုး (၃၀) ရာခိုင်နှုန်းကို ပေးသွင်းရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ တိုက်ခန်း ဝယ်ယူခွင့်ရရှိသူဟာ သတ်မှတ်ရက်အတွင်း ငွေပေးသွင်းတာ မရှိရင် တိုက်ခန်းဝယ်ယူခွင့် ပယ်ဖျက်ပြီး အာမခံ စပေါ်ငွေ (၁၀) ရာခိုင်နှုန်းကို ကော်မတီပိုင်အဖြစ် သိမ်းယူမှာဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီက သိရပါတယ်။ တိုက်ခန်းဝယ်ယူခွင့် မရရှိတဲ့သူတွေကိုတော့ ပေးသွင်းထားတဲ့ အာမခံစပေါ်ငွေကို (၁၄)ရက်အတွင်း ပြန်လည်ထုတ်ပေးမယ်လို့ သိရပါတယ်။ ဓာတ်ပုံ-နေပြည်တော်စည်ပင်
crd news myanmar

27/05/2022

AFF 2022 ဖူဆယ်လ် ချန်ပီယံရှစ် မြန်မာလက်ရွေးစင်က သြစတြေးလျ လက်ရွေးစင်ကို 6:1 နဲ့နိုင်တဲ့ပွဲ အားရချက်🤸‍♀️🤸‍♂️🤸‍♀️🤸‍♂️🤸‍♀️🤸‍♂️🤸‍♀️🤸‍♂️🤸‍♀️🤸‍♂️
တိုက်ခန်းလျှောက်လိုသူများ ဦးဝင်းကျော်မြင့် ဖွံဖြိုးရေးကုမ္ပဏီလီမိတက် ph/Viber 09 78 100 2526 သို့ဆက်သွယ်ပါ။

မော်ဒန်ဒါန@@@@@@အပိုင်း၁။ YBS တွေစပေါ်ကာစ စီးတုန်းကအဖြစ်အပျက်လေးပါမကြပ်တကြပ်ကားပေါ် မိန်းမပျိုတစ်ယောက်တက်လာခဲ့ပါတယ်။ သူက...
25/05/2022

မော်ဒန်ဒါန
@@@@@@
အပိုင်း၁။ YBS တွေစပေါ်ကာစ စီးတုန်းကအဖြစ်အပျက်လေးပါ
မကြပ်တကြပ်ကားပေါ် မိန်းမပျိုတစ်ယောက်တက်လာခဲ့ပါတယ်။ သူကမိမိရှေ့က မိန်းမငယ်လေး ၂ ယောက်ထိုင်နေတဲ့ခုံတန်းဘေးမှာသွားရပ်ပါတယ်။ ၂ မှတ်တိုင်လောက်ရောက်တော့ ထိုင်နေတဲ့မိန်းမငယ်လေးကထရပ်ပေးပါတယ်။ မိန်းမပျိုကအားနာစွာနဲ့ပဲဝင်ထိုင်လိုက်ပါတယ် နာရီဝတ်လောက်ကြာတော့ ထပေးတဲ့မိန်းမငယ်လေးကပြန်ထိုင်နေပါတယ် ကိုယ်ကလည်းသူတို့ကိုကြည့်နေတာမဟုတ်တော့ သြော်တစ်ယောက်ဆင်းသွားလို့ နေရာရသွားတယ်ပေါ့။နောက်နာရီဝတ်ကြာတော့ နေရာရထားတဲ့မိန်းမပျိုက ပြန်ထပေးပြီး
ဘေးမှာရပ်နေတဲ့မိန်းမငယ်ဟာ ဝင်ထိုင်ပါတယ် ပြီးတော့ဘေးနားကမိန်းမငယ်လေးနဲ့တွတ်တီးတွတ်တာပြောနေတာကို သတိပြု့မိတော့မှ သြော်ဒီလိုပါလား ၂ ယောက်ပဲဆန့်တဲ့ခုံတစ်ခုံကို သုံးယောက်မျှဝေသုံးစွဲနေပါလားလို့ တွေးမိသွားပြီး ကောင်းသဟ အင်မတန်မွန်မြတ်တဲ့စိတ်ကူးလေးပါလားလို့ မိန်းမငယ်လေး ၂ ယောက်ကိုချီးကျူးဂုဏ်ပြု့စကားပြောမိပါတယ်။ သာဓု သာဓု သာဓုပါ။
အပိုင်း၂ ။ကျွန်တော်သည် လွန်ခဲ့သောနှစ် ၂၀ ကဂျာနယ်ရောင်းသောအလုပ်ကိုလုပ်ဖူးပါသည် ။ ရွှေပြည်သာကနေ ရွာမ ၄၈ မီနီဘတ်စ်ကားဂိတ်သို့သွားရပါသည် ။ နံနက် ၄ နာရီမထိုးမီကတည်းက အိပ်ယာထထွက်လာခဲ့ခြင်းဖြစ်ပါသည် ။ ညသန်းခေါင်
ဘောလုံးပွဲကြည့်မိပါက အိပ်ရေးလုံး၀မ၀ခဲ့ပါ ။ သို့သော် ၄၈ ကားသည် ဆူးလေမြို့ထဲသို့ ၁ နာရီခွဲ ကျော်ကျော်မောင်းပါသည် ။ ဒါကြောင့်မို့ အိပ်ငိုက်လို့အကောင်းဆုံးသောကား နောက်ဆုံးထိုင်ခုံနေရာရသော ကားကိုတက်စီးပြီး
အိပ်လိုက်ခဲ့ပါသည် ။ မှတ်တိုင်ကျော်မှာလည်းမပူရပါ ကားဂိတ်ဆုံးစီးပြီးမှ လမ်းလျှောက်သွားရခြင်းဖြစ်ပါသည် ။ ညတုန်းက အကြောင်းကြောင်းကြောင့် အိပ်ယာ၀င်နောက်ကျခဲ့ပြီး အဲ့ ၄၈ ကားပေါ်မှာအိပ်ပြီးလိုက်လာရမှာသာ မိမိကိုယ်ကို
အိပ်ရေး၀သက်သာသည် လန်းဆန်းမှု့ရှိသည်ဟု့ခံစားရပါသည် ။
-------သည်နေ့ကတော့ တနင်္လာနေ့ဖြစ်ပါသည် ။ ဂျာနယ်အရောင်းရဆုံးနေ့ဖြစ်ပါသည် စနေ ၊ တနင်္ဂနွေ ဘောလုံးပွဲများ၏ ပွဲပြီးရလဒ်များ သုံးသပ်ချက်များ အဆင့်အတက်အဆင်း အဝါကတ်အနီကတ် စသည်ဖြင့်စာဖတ်သူများသိချင်သည့်
သတင်းအကြောင်းအရာအမျိုးစုံ နောက်လာမည့်ပွဲ ခန့်မှန်းချက်များပါဖတ်ရမည်ဖြစ်ပါသည် ။ ယနေ့ခေတ်လို လူမှု့ကွန်ယက်များ ခေတ်စားသေးခြင်းမရှိသေးသဖြင့် ဂျာနယ်များကိုအားကိုးရသော ဂျာနယ်တစ်ခေတ်ဖြစ်ခဲ့ခြင်းဖြစ်ပါသည် ။
ညကအာဆင်နယ် မန်ယူပွဲကိုညည့်နက်ပွဲကြည့်ခဲ့သည့်အပြင် နောက်ကျပွဲ ရီးရဲမတ်ဒရစ်ပွဲပါငေးခဲ့သဖြင့် အိပ်ယာ၀င်နောက်ကျခဲ့ပါသည် ။ထို့ကြောင့်ယခုအလိုအပ်ဆုံးနေရာသည် ၄၈ ကား၏အိပ်လို့အကောင်းဆုံးသောနေရာတစ်နေရာသာ
ဖြစ်ပါသည် ။ပထမဦးဆုံးထွက်မည့်ကားကိုတက်ကြည့်ပါသည် အ၀င်အထွက်အပေါက်နားကခုံသာလွတ်ပါသည် ။ ခရီးသည်တွေတက်လိုက်ဆင်းလိုက် ပြောလိုက်ဆိုလိုက်နှင့်ကောင်းကောင်းအိပ်ရမည်မဟုတ်ပါ။ ဒုတိယထွက်မည့်ကားကို
တက်ကြည့်ရာ အိပ်လို့ကောင်းသောနေရာများမဟုတ်သဖြင့် နောက်ဆုံး တတိယထွက်မည့်ကားမှသာ လိုချင်သောခုံလွတ်သဖြင့်တက်ကာအိပ်ပြီးစီးနင်းလိုက်ပါလာပါသည်။
------ကျွန်တော့ကိုလူအများကတိုးဝှေ့သွားသဖြင့်နိုးလာပါသည် ။ ၄၈ ကားဂိတ်ဆုံးရောက်နေပါပြီ တစ်လမ်းလုံး တွဲလွဲစွဲလာသောလက်ကိုမှီအိပ်ခဲ့ရသဖြင့် လက်မှာညောင်းချိပြီး ထုံကျဉ်နေပါသည်။ အိုငါအိပ်လို့ကောင်းမယ့်ခုံနေရာကို
ခက်ခက်ခဲခဲရှာခဲ့ရပြီး အခုဘာဖြစ်လို့ မတ်တပ်ကြီးအိပ်နေရပါသလဲ ။ အိပ်ချင်မူးတူးဖြင့် ဂျာနယ်တိုက်ရှိရာသိုဒရောသောပါးလျှောက်လာစဉ် ပြန်စဉ်းစားလာခဲ့ရာ ကားပေါ်အိပ်ကောင်းကောင်းဖြင့်အိပ်နေစဉ် ၂ မှတ်တိုင်လောက်အရောက်
အင်းစိန်ဂုံးတံတားမှတ်တိုင်တွင် မိမိနားထဲသို့ ဆူညံသောကလေးအသံများကြားသဖြင့်နိုးလာရပါသည် ။ကလေးများတို့လို့တွဲလောင်း ၃ ယောက်လောက်ဖြင့် mုလားမလေးမိသားစုတစ်စုကိုတွေ့လိုက်ရပါသည် ။ အရွယ်မရောက်ခင်အိပ်
ထောင်ကျပြီး ကလေးများများစွာယူထားပြီး အဆင်မပြေသောမိသားစုဖြစ်မှန်းလူတိုင်းသိနိုင်ကြပါသည် ။ ကျွန်တော်က အနီးအနားကမအိပ်ပဲထိုင်လိုက်လာသော ယောက်ျားရင့်မာကြီးများကို မကြည့်ကြည့်ဖြင့်ဝှေ့ကြည့်ပြီး အဲ့ဒိမိသားစုကို
ကျွန်တော်အိပ်ဖို့အကောင်းဆုံးရှာထားသောခုံနေရာကိုပေးလိုက်ပြီး ကျွန်တော်ကတော့မတ်တပ်ရပ် တွယ်စီးကာ လိုက်ပါခဲ့ရကြောင်းပြန်သတိရမိသဖြင့် ပီိတိဖြစ်ကာပြုံးမိပါသည် ။
------ထိုအချိန်နောက်ပိုင်းကစပြီး ကျွန်တော်၏နဂိုရည်ရွယ်ချက်ဖြစ်သော ဘတ်စ်ကားစီးရာတွင် သက်ကြီးရွယ်အို လူနာ ကိုယ်၀န်သည်မိခင်များအပြင် မိမိထက်ပိုပြီးနေရာလိုအပ်သောခရီးသည်များကို နေရာထပေးသောကုသိုလ်ကို သက်
ဆုံးတိုင်လုပ်မည်ဟု့စိတ်ဆုံးဖြတ်ပြီး ယခုအချိန်ထိလိုက်နာနေခဲ့ပါသည်။ ဘတ်ကားစီးခရီးသည်များအနေဖြင့် မိမိထက်ပိုလိုအပ်သော ခရီးသည်များကို နေရာပေးခြင်းဖြင့် ငွေမကုန်အကျိုးများသောကုသိုလ်ကိုပြု့နိုင်ကြပါစေဟု့သာ ...။
@@@@
ဘဝတွေနီးစပ်မှု့ရှိမှသာ နားလည်မှု့စာနာမှု့များထားနိုင်မည်ဖြစ်သဖြင့် ကျွန်တော် ဦးဝင်းကျော်မြင့် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်၏တိုက်ခန်းများပေမည့်လူမှု့ဘဝမြင့်တင်ခြင်းအစီအစဥ်မှာပါဝင်ကြကာ တိုင်းပြည်ကို ဝိုင်းဝန်းတွန်းကြပါစို့လို့ ဖိတ်ခေါ်လိုက်ပါတယ်။ Viber / ဖုန်း - 09 78 100 2526 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရတာ စိန်ရတုဝင်နေပါပြီ ၇၄ နှစ်ကျော်ကာလအတွင်းမှာ ဘယ်အစိုးရကမှ အခြေခံလူတန်းစားဘဝကိုမြင့်တင်ပေးနိုင်ခ...
23/05/2022

မြန်မာနိုင်ငံလွတ်လပ်ရေးရတာ စိန်ရတုဝင်နေပါပြီ ၇၄ နှစ်ကျော်ကာလအတွင်းမှာ ဘယ်အစိုးရကမှ အခြေခံလူတန်းစားဘဝကိုမြင့်တင်ပေးနိုင်ခြင်းမရှိပါ။ ဘယ်နိုင်ငံရေးပါတီမှလည်း မလုပ်ပေးပါ ဘယ်နိုင်ငံရေးသမားမှလည်း မလုပ်ပေးကြပါ ၈ နှစ်ကျော်အရွယ်တည်းက အခြေခံလူတန်းစားဘဝကို စာနာနားလည်ခဲ့သော ဦးဝင်းကျော်မြင့်က ကိုယ်စွမ်းဉာဏ်စွမ်း စွမ်းအားရှိသမျှကိုလုပ်ပေးပါမည်။ ဝန်ထမ်းများ
သားသမီးသည် ဝန်ထမ်းအမွေမဆက်ခံပါက ဝန်ထမ်းအိမ်ရာမှဖယ်ပေးရပါမည်။အလုပ်သမားမိသားစုများသည် စားလည်းသည်နေရာ အိပ်လည်းသည်နေရာ ဝတ်များကဲ့သို့နေထိုင်နေရသည်ကိုစာနာပါသည်။ မည်သည့်အချိန်ဘူဒိုဇာဖြင့်ဖြိုခံရမည်မသိသော ကျူးမိသးစုဘဝများကိုလည်းစာနာပါသည်။ ယခုအချိန်တွင် သင်တို့ဘဝကိုစာနာနားလည်ဆုံးသော ဦဝင်းကျော်မြင့်ဖွံဖြိုးရေးကုမ္ပဏီဖြင့်အမြန်ဆုံးဆက်သွယ်လိုက်ပါ။ ကျွန်တော်ကဘယ်အချိန်သေမည်မသိနိုင်သော လူသားတစ်ယောက်အနေဖြင့် ရှင်သန်နေတုန်းအချိန် သင်တို့နှင့်သင့်တို့သားသမီးများအနာဂတ်အကျိုးအတွက် အမြန်ဆုံးဆက်သွယ်လိုက်ပါ။fb page messenger မှာban ခံထားရသဖြင့် ဖုန်း ၀၉၇၈ ၁၀၀ ၂၅၂၆ နှင့် ထိုဖုန်း Viber သို့သာဆက်သွယ်ကြရန် လေးလေးစားစားတိုက်တွန်းလိုက်ပါသည်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများရှုံးနိပ်ရခြင်းအကြောင်းများမှ သိသာလွန်းသောအချက်တစ်ချက်ကဘာလဲ😖😣😖😖😖😖လွန်ခဲ့တဲ့ ၁၀ နှစ်ခန်ံ...
22/05/2022

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများရှုံးနိပ်ရခြင်းအကြောင်းများမှ သိသာလွန်းသောအချက်တစ်ချက်ကဘာလဲ😖😣😖😖😖😖
လွန်ခဲ့တဲ့ ၁၀ နှစ်ခန်ံ့က သုဝဏ္ဏ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကိုရောက်ဖြစ်တယ် စီအီးအိုနဲ့ ဂိုးဦတင်မြင့်အောင်နဲ့တွေ့ဖြစ်တယ်။ စီအီးအိုနဲ့တွေ့တော့သူကသွားစရာရှိတယ် မြန်မြန်ပြောဆိုပြီး အဆောက်အဦးအပေါက်ဝမှာပဲပြောဖြစ်တယ်။အစ်ကို မြန်မာလက်ရွေးစင်အသင်းအောင်မြင်မှု့မရတာဘာကြောင့်လဲလို့ မေးတော့ အချိန်မရဘူးမြန်မြန်ပြောပါတဲ့ ။ဟုတ်အစ်ကို
ကစားသမားတစ်ဦးချင်းစွမ်းဆောင်ရည်တွေနိပ်နေလို့ပါလို့ပြောတော့ သူလက်ခံပါတယ်။အောင်မြင်မှု့တွေရအောင် ကျွန်တော့အစီအစဥ်နဲ့ကျွန်တော် မြန်မာ့လက်ရွေးစင်အသင်းကို လေ့လာသုတေသနပြု့ပြီး အဖွဲ့ချုပ်ကိုအကြံပြု့တင်ပြချင်ပါတယ်လို့ပြောလိုက်ပါတယ်။ ရတယ်လေလို့ပြန်ပြောပါတယ် ကျွန်တော်ကအဲ့ဒါဆို လက်ရွေးစင်အသင်းရဲ့လေ့ကျင့်ချိန်တွေ ပွဲစဥ်တွေဘယ်လိုသိနိုင်မလဲလို့မေးပါတယ်။သူက အစ်ကိုကဘယ်သူလဲ အစ်ကို့background ကဘာလဲလို့မေးပါတယ် (အဲ့ဒိအချိန်မှာ မှတ်ပုံတင်မရသေးတဲ့ တိုးတက်ရေးအသင်းဥက္ကဌ) ဖြစ်ပေမယ့်ချက်​ခြင်းပြောမထွက်ခဲ့ဘူး စိတ်ရှုပ်နေခဲ့တယ်
ငါ့အဲ့တရားမဝင်သေးတဲ့ဥက္ကဌရာထူးကိုသုံးသင့်လား
မသုံးသင့်လား အဲ့ဒါတွေကလိုလို့လားဆိုပြီး တုံ့ဆိုင်းနေတုန်း
စီအီးအိုက ကျွန်တော် အချိန်မရဘူးဆိုပြီးထွက်သွားပါတယ်။ကျွန်တော်အဲ့ဒိနေ့ကပဲ အခုမြန်မာအမျိုးသမီးအသင်းနည်းပြ ဂိုးဦးတင်မြင့်အောင်နဲ့ စကားပြောဖြစ်သေးတယ်။ကျွန်တော့အမြင်တွေပြော palan တွေချပြတော့ ညီလေးကဘာလုပ်ချင်တာလဲလို့မေးပါတယ် ကျွန်တော်က နည်းပြအဖွဲ့ထဲမှာလေ့လာသူအဖြစ်နဲ့ပါပြီး တစ်ကယ်လိုအပ်ပြီးကောင်းမွန်တဲ့ အကြံအဥာဏ်တွေပေးချင်ပါတယ်လို့ပြောပါတယ်။မဖြစ်နိုင်ဘူးလို့သူကပြောပါတယ်။
အစ်ကိုတို့အရင်လူတွေနည်းပြတွေတစ်ယောက်ပြီးတစ်ယောက်နဲ့ လုပ်နေတာပဲ ဘာအောင်မြင်မှုမှလည်းမရသေးဘူးအစ်ကိုလို့ပြောတော့ မကြားသလိုနဲ့ ဘားမှပြန်မပြောပါဘူး ကျွန်တော်ကဆက်ပြီး အစ်ကိုတို့လက်ရွေးစင်အသင်းမှာ ဘောလုံးပစ်ပေးတဲ့စက်ရှိလားလို့မေးပါတယ်
သူကမရှိဘူးလို့ဖြေပါတယ် စျေးသိတ်ကြီးတာလို့လည်းပြောပါတယ်။အဲ့ဒိအချိန်မှာဘေးမှာထိုင်နေတဲ့တစ်ယောက်က သူ့ကို ၅သောင်းပေး သူလုပ်ပေးမယ်ဆိုပြီး ကျွန်တော့ကိုကြည့်ပြီးပြောပါတယ် ကျွန်တော်ကလည်း ဦးတင်မြင့်အောင်ကို ညွှန်ပြီး သူ့စီကတောင်းပြီးလုပ်လိုက်ပေါ့လို့ပြောခဲ့ပါတယ်။အခုဗီယမ်နမ်ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းတွေကန်သွားတာကြည့်ခြင်းအားဖြင့်
ဘောပစ်ပေးတဲ့စက်ကလေးတောင်မပိုင်ဆိုင်သေးပါလားလို့ယူဆရပါတယ် ကစားသမားတွေဖမ်းထိန်းလိုက်တဲ့ဘောလုံးတိုင်း လျှံထွက်သွားပြီး တဖက်ကစားသမားစီရောက်သွားတာကို 80%ကျော်တွေ့ရပါတယ် ဘောလုံးပစ်ပေးတဲ့စက်မရှိတော့ ဘောလုံးကိုကောင်းကောင်းမထိန်းနိုင်ကြဘူးလေ အချက်တွေအများကြီးရှိပေမယ့် မြင်သာတဲ့ကျွန်တော့အကြံပြု့တစ်ချက်လောက်ပဲ မခံစားနိုင်လွန်းလို့ ရင်ဖွင့်မိတာပါ။ အစစအရာရာအင်မတန်နောက်ကျနေတဲ့ ကျွန်တော်တို့မြန်မာပြည်ကြီးကို ကျွန်တော်နဲ့အတူတူပါဝင်တွန်းပေးကြဖို့ဖိတ်ခေါ်ပါတယ် ဦးဝင်းကျော်မြင့်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် ဒါရိုက်တာ ဖုန်း09 78 100 2526 ကိုဆက်သွယ်ပါ။ထိုဖုန်း Viber ကိုဆက်သွယ်ပါ။
companine Ltd page မှာလဲဝင်လေ့လာလို့ရပါတယ်။

18/05/2022

ဦးဝင်းကျော်မြင့် တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရန်နိုင်ငံ​
ရေးမပါကြိုးစားခြင်း ၁၅ နှစ်အတွင်းမှအမှတ်တရ မှတ်တမ်းအနည်းငယ်။ ဒီလင့်မှာ တိုင်းပြည်ကိုဝိုင်းဝန်းတွန်းရန် ဖိတ်ခေါ်ပါတယ်။
https://www.facebook.com/107280591565788/posts/313086374318541/

ပြား ၉၀ တွေအခွင့်အရေးရနေတဲ့နိုင်ငံ # # # # # # # # # # #မြန်မာနိုင်ငံလွတ်လပ်ရေးရတာ စိန်ရတုဝင်နေပြီ အချင်းချင်း ရန်ဆောင်တ...
09/05/2022

ပြား ၉၀ တွေအခွင့်အရေးရနေတဲ့နိုင်ငံ
# # # # # # # # # # #
မြန်မာနိုင်ငံလွတ်လပ်ရေးရတာ စိန်ရတုဝင်နေပြီ အချင်းချင်း ရန်ဆောင်တိုက်ခိုက်နေတာနဲ့ပဲမပြီးနိုင်ဘူး ဘာသာရေးဂရု့တွေဆို တိုင်ပြည်အတွက်အကျိုးရှိရင်တောင်ပေးမတင်ဘူး ဘုရားအကြောင်းတရားအကြောင်းမဟုတ်လို့ဆိုပြီးအကြောင်းပြနေတယ် ။ဘုရားတရားလုပ်ပြီး ဆင်းရဲငတ်ပြတ်နေတော့ရောပြည့်စုံနိုင်ပါ့မလား။
ငတ်တော့မယ်ဆိုရင် မကောင်းတာတွေလုပ်တော့မှာပဲ သူလုပ်တာနဲ့မပြီးဘူး တစ်ယောက်ယောက် အစုအဖွဲ့ တွေနစ်နာရအုံးမှာပဲ အဲ့လိုနစ်နာတော့လည်းပေးစပ်ရမယ့်ဝဋ်ကြွေးလား နစ်နာသူကပြန်တုံ့ပြန်တော့လည်းသံသရာလား ဘယ်တော့ဘယ်လိုပြီးအုန်းမှာလဲ နိုင်ငံတစ်ခုမှာကောင်းမွန်တဲ့တရားရေးရာစနစ်ရှိမှသာ အမှု့အခင်းနည်းပါးမယ်ဆိုတာ
ဒီဂရု့က အက်ဒမင်တွေနဲ့အား
လုံးသိဖို့လိုပါတယ်။
=========
အားကစား ဂရု့တွေရှိသေးတယ် အားကစားလုပ်နိုင်ဖို့ အားလပ်တဲ့အချိန်တွေရှိနေရမယ် အားကစားကိုအားမှကစားတာမျိုးမဟုတ်ဘဲ ပြည့်စုံတဲ့မိသားစုဘဝတွေဖြတ်သန်းဖို့အတွက် ပရော်ဖက်ရှင်နယ်အသိုင်းအဝိုင်းထူထောင်ရမှာ လူချမ်းသာလူနည်းစုလက်တစ်ဆုပ်စာနဲ့ရည်ရှည်ဘယ်လိုမှရပ်တည်နိုင်မှာမဟုတ်ပါဘူး ရည်ရှည်ရပ်တည်နိုင်ဖို့အတွက် ထိုက်သင့်တဲ့အခကြေးငွေတွေပေးပြီး ကွင်းပြည့်ကြည့်ရှု့နိုင်တဲ့ပရိတ်သတ်ရှိရပါမယ် အဲ့ဒိလိုဖြစ်ဖို့အတွက် အားပေးသူလူများစု အခြေခံလူ
တန်းစားတွေ စီးပွားရေးကောင်းမွန်နေဖို့လိုပါတယ် ဒါကြောင့်အခြေခံလူ
တန်းစားတွေ ဖွံဖြိုးတိုးတက်ဖို့အစီအစဥ်ကောင်းတွေတင်တဲ့ post ကိုတော့ အားကစားမဟုတ်လို့ခွင်မပြု့ဘူးဆိုတဲ့ အက်ဒမင်တွေတော့မဖြစ်သင့်ပါဘူးလေ။
=======
မြန်မာပြည်မှာအနီကိုထောက်ခံတာ ဆင်းရဲသားတွေက ၇၀%ရှိပါတယ် အနီမဟုတ်သူတစ်ယောက်က ဆင်းရဲသားတွေအဆင်ပြေရေးအစီအစဥ်တစ်ခုကို post တင်တယ် ဖယ်ရှားခံရတယ် ဘမ်းခံရတယ်။ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်တို့ ဦးဥာဏ်ဝင်းတို့လို နိုင်ကျဥ်း ဗဟိုအလုပ်အမှု့ဆောင်တွေကိုယ်တိုင် ပါတီဝင်ဆင်းရဲသားအများစုအကျိုးစီးပွားကိုမကြည့်ပဲ ငြင်းဆန်ကြတယ်။ကိုယ်​
တွေ့။အဲ့ဒါမျိုးကလည်း အဆင့်ဆင့်တိုင်းပဲဖြစ်နေတယ် ပါတီဝင်ဆင်းရဲသားတွေနဲ့အများစုဘဝတွေတိုးတက်အောင်မလုပ်နိုင်တော့ ကော်မရှင်အဖွဲ့ကိုတွန်းအားတွေနင့်ကန်ပေးခဲ့တယ် နောက်ဆုံးအပျက်ပျက်နဲ့နှာခေါင်းသွေးထွက်
အားလုံးနင့်နာတဲ့အပြ​င်တိုင်းပြည်ပါနာ​ရတယ်။
=========
စာပေတို့ ဗဟုသုတတို့ ဂရု့တွေရှိသေးတယ်
သူဆင်းရဲတွေ အဆင်ပြေမယ့် post တင်တယ်လက်မခံဘူး မြန်မာနိုင်ငံလွတ်လပ်ရေးရတာ ၇၄ နှစ်ကျော်နေပြီ စာပေသမားတွေ တိုင်းပြည်တိုးတက်အောင်ဘာစွမ်းနိုင်လဲ စာပေဆိုင်ရာနိုဗယ်ဆုတွေရောရပြီလား ဗဟု့သုတတွေသိတ်များနေတဲ့ကောင်တွေ ပြည့်ဖြိုးမြဲလျှပ်စစ်တွေထုတ်နိုင်ပြီလား
တိုင်းပြည်တိုးတက်ဖို့အတွက်အကြံဉာဏ်ကောင်းတွေရှိလား အကောင်အထည်ဖော်နိုင်ပြီလား။ ဒိပြင်နိုင်ငံတွေမလုပ်နိုင်သေးတဲ့ဘယ်တစ်ခုထွင်နိုင်နေပြီလဲ။ထူးချွန်ပြောင်မြောက်တဲ့စာပေတွေရေးနိုင်ဖို့အတွက် စာအုပ်တွေဝယ်နိုင်ဖို့အတွက်ပြည်သူတွေဝင်ငွေကောင်းနေရမယ် တန်ဖိုးရှိတဲ့အချိန်တွေကိုလည်းစာဖတ်ဖို့ပေးနိုင်ရမယ် အဲ့ဒိအခြေအနေဖြစ်ဖို့အတွက်ဆင်းရဲသားတွေဘဝမြင့်မှဖြစ်နိုင်မယ်ဆိုတာလောက်တော့ဒီဂရု့က အက်ဒမင်တွေသိသင့်တာပေါ့။
========
ပြီးတော့ယူဆာတွေရှိသေးတယ် ကိုယ်အဆင့်ကဖြင့် တွေ့တဲ့နေရာ ကွမ်းသွေးထွေး တွေ့တဲ့နေရာအမှိုက်ချနေပြီး သူများပို့စ်မှာအဖျက်ဝင်ရေးနေကြတယ် သူများကိုလည်းသူလိုအောက်တမ်းစားစီတ်နဲ့နှိုင်းပြီး လိုက်စွပ်စွဲတယ် အခြေခံလုပ်ရမယ့် လူ့ကျင့်ဝတ်​​ဖြ စ်တဲ့ wall ထဲဝင် profil ပိတ်ထားလား ဖုန်းနံပါတ်မှန်လား အချက်အလက်တွေမှန်ရဲ့လားမစစ်ဆေးဘူး post ပိုင်ရှင်ကဖြေရှင်းနေတာတောင်
ဆဲဆိုရိုင်စိုင်းနေ နောက်ဆုံးအမှန်သမားကိုမနိုင်တော့ report ထု အောက်တမ်းစားဇူကာတင်းကလည်း ဘမ်းလိုက်တာပဲ။
======
ရောင်စုံပေါင်းစုံ နိုင်ငံရေးသမားတွေရှိသေးတယ်
အစိုးရကိုမှတ်ပုံတင်ပြီး ငွေကုန်လူပမ်း စိတ်ဆင်းရဲခံပြီး တိုင်းပြည်တိုးတက်ဖို့အတွက် တစ်ယောက်တည်းတွန်းနေတာကို တွေ့နိုင်ရဲ့သားနဲ့
အောက်ခြေအဆင့်ကနေအမျိုးမျိုးတိုက်ခိုက်ကြတယ်။အထက်ပိုင်းကတော့မတိုက်ခိုက်ဘူး သူတို့ယုတ်မှန်းလူသိပြီး ကိုယ်ထင်ပေါ်သွားမှားစိုး​နေ
တယ်လေဒီဖွံ့ဖြိုးရေးအစီအစဥ်ကိုကြိုးစားနေတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက
ပထမဦးဆုံး #တိုးတက်မျှတအဖွဲ့အစည်း@ ဆိုပြီး
သတင်းစာတွေမှာကြော်ငြာခဲ့တယ်
နောက် အသင်းမှတ်ပုံတင်တော့ #တိုးတက်ရေးအသင်း@ ပေါ့ ဝန်ကြီး ၄ ယောက်ရဲ့ခွင့်ပြု့ချက်ယူရမယ်ဆိုတော့ မတတ်နိုင်လို့ #တိုးတက်ရေးစီးပွားရေးအသင်း@ ဖြစ်သွားပြန်ရောနောက်ဆုံးတရားဝင်ရပ်တည်ဖို့ #ဦးဝင်းကျော်မြင့်ဖွံဖြိုးရေးကုမ္ပဏီ@ ကိုထောင်ပြီးတိုင်းပြည်တိုးတက်အောင်
အခြေခံလူတန်းစားတွေအဆင်ပြေအောင် အခက်အခဲအမျိုးမျိုးကြားက မမောနိုင်မပန်းနိုင်
တစ်ယောက်တည်းတွန်းနေတာကို ဘာစာနာမှု့မှမထားပဲ အဆင့်တိုင်းက နှောက်ယှက်ဖျက်စီးခြေထိုး
မအောင်မြင်အောင်လုပ်နေကြတယ် ဒီလိုအောက်တမ်းကျတဲ့ လူတွေနေတဲ့ ဒီနိုင်ငံကိုဖွံဖြိုးတိုးတက်အောင် ဘာဖြစ်လို့ ငါတစ်ယောက်တည်းတွန်းတင်ဖို့ကြိုးစားနေသလဲဆိုတာ ကိုယ်ကိုကိုယ်သုံးသပ်လို့မရအောင်ရူးသွတ်နေမိပါတယ်။ပန်းဖလပ် ၂၀၀၀ ဝေရအုန်းမယ်။ဒီအောက်ကလင့်မှာ မိမိနဲ့အတူတိုင်ပြည်ကိုဝိုင်းတွန်းတင်နိုင်ကြောင်းပါခင်ဗျား။https://www.facebook.com/107280591565788/posts/306525391641306/

Address

အမှတ် ၁၆၀ ၊ ဘုန်းကြီးလမ်း ၊ ၂၄ ရပ်ကွက် ၊ ရွှေပြည်သာ ၊ ရန်ကုန်တိုင်းဒေသကြီး။
Yangon

Telephone

+95781002526

Website

Alerts

Be the first to know and let us send you an email when Develop companie Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Develop companie Ltd.:

Share