SPK Delivery

SPK Delivery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SPK Delivery, Business service, Bagan Road, Yangon.

22/08/2022

အမေး - ကြက်ရိုး ပြုတ်ရည် နှင့် ဝက်ရိုး ပြုတ်ရည် မှာ ဘယ်ဟာက ပိုပြီး အာဟာရပိုရှိလဲ?

အဖြေ

နှစ်ခုစလုံး အသားပါမှ အာဟာရဖြစ်ပါတယ်။

ကျွန်တော်တို့ လူမမာ ကို နေမကောင်းရင် ကြက်စွပ်ပြုတ် ဝက်စွပ်ပြုတ် အမဲရိုး ဆိတ်ရိုး စွပ်ပြုတ် စတာတွေ တိုက်ကြပါတယ်။

ဒီ စွပ်ပြုတ်တွေ က အသားမပါဘူးဆိုရင် ရိုးတွင်းချဉ်ဆီ ထဲ က အဆီဓါတ် တချို့ သာ စွပ်ပြုတ်ထဲပါပါတယ်။ အရသာ ခပ်ထားတော့ ဆားဓါတ်ပါပါတယ်။ အသားဓါတ် များများ စားစား မပါတော့ အာဟာရ မပြည့်ပါဘူး။ လူမမာကို တိုက်ပြန်ရင် လဲ ဗိုက်ပြည့်သွားပြီး တခြား အာဟာရ ဓါတ် မယ်မယ်ရရ မရပါဘူး။

ဒါဆိုရင် လူမမာ အသားသိပ်မစားနိုင်ဘူးဆိုရင် စွပ်ပြုတ် ကို အသားနူးနေအောင်ပြုတ်ပါ။ အသားနူးပြဲ နေရင် အသားတွေ နွှင်ပြီး ထပ်ပြုတ်ပါ။ အသားတွေ အတော်အတန်လေး ဟင်းချို နှင့် တသားတည်း နီးပါး ဖြစ်လာပြီ ဆိုရင် တော့ ဒီစွပ်ပြုတ်ဟာ အတော်လေး အာဟာရ ဓါတ် ကြွယ်ဝလာပါပြီ။

အဲ့လိုမျိုးကျွေးပါ။

ကြက်တကောင်လုံးပေါင်းပြီး အရည်လေးပဲ တိုက်တာ၊ အရိုး စွပ်ပြုတ် တိုက်တာဟာ အာဟာရ သိပ်မပါတော့ လူနာ အတွက် နာလန်ထ ဖို့လဲ မလွယ်ပါဘူး။

အသား ဘာအသား သုံးရမလဲ ဆိုရင် တော့

အဖြူရောင် အသား ငါး၊ ကြက်သား ပိုသုံးစေချင်ပါတယ်။

အနီရောင်အသား ဝက်သား၊ အမဲသား၊ ဆိတ်သား ကတော့ တပါတ် နှစ်ရက် ဆိုရင် တောင် လုံလောက်ပါတယ်(မစားလဲ ရပါတယ်)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်



Photo >> Google

👨‍🌾အိမ်ရှင်မတို့ရေ ဒီနေ့အတွက် စျေးစာရင်း📝အသစ်လေးတင်ပေးလိုက်ပြီနော်🙏စျေးနှုန်း အပြောင်းလဲ နဲ့ ပစ္စည်း အသစ် ထပ်တိုးတာလေးတွ...
28/10/2021

👨‍🌾အိမ်ရှင်မတို့ရေ ဒီနေ့အတွက် စျေးစာရင်း📝အသစ်လေးတင်ပေးလိုက်ပြီနော်🙏
စျေးနှုန်း အပြောင်းလဲ နဲ့ ပစ္စည်း အသစ် ထပ်တိုးတာလေးတွေရှိတာမို့ အခုပဲစျေးစာရင်းလေးကြည့်ပြီးမှာလိုက်ကြပါအုံးနော်🙏

👇👇👇

06/08/2021

ခုလိုရောဂါအန္တရယ် ဆိုးဝါးနေတဲအချိန်မှာ
အားလုံးပဲ ကျန်းမာရေး ကို ဂရုစိုက်ကြပါနော်
အားရှိဖိုအတွက် အစားများများစားဖို့လဲ မမေ့နဲ့အုံးနော်👩‍🍳

👩‍🌾ဒီတစ်ခါတော့ ကြိုက်တက်သူတွေအတွက် ခံတွင်းတွေ့စေမဲ့ ပဲခေါက်ဆွဲ🍝လုပ်နည်းလေး မျှဝေပေးလိုက်တယ်နော်

👇👇👇

` ကိုရီးယား ပဲခေါက်ဆွဲ´🍝

ပါ၀င်သောပစ္စည်း

၀က်သား - အနည်းငယ်
ကိုရီးယားပဲအနှစ် (Choonjang) - စားပွဲတင်ဇွန်း ၄ဇွန်း
ဆီ - စားပွဲတင်ဇွန်း ၄ဇွန်း
သကြား - စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ - စားပွဲတင်ဇွန်း ၁ဇွန်း
ပြောင်းဖူးမှုန့် သို့ ကော်မှုန့်- စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ - ၂လုံး
Zucchini - ၁လုံး
အာလူး - ၂လုံး
ဂျပန်သခွားသီး - အနည်းငယ်
ရေ - အနည်းငယ်

ပဲခေါက်ဆွဲ ပြုလုပ်နည်း

ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။ ၀က်သားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။ ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါ၀င်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

🥦🥒🥬🍅ဒီနေ့တွက် စျေးနှုန်းလေးတွေ တင်ပေးလိုက်ပါပြီနော် 🍗🥩🥚စျေးစာရင်းလေးကြည့်ပြီး 🥔🐖🍅🥕🥓ခုပဲ updated စျေးနှုန်းလေးတွေနဲ့ မှာလ...
28/07/2021

🥦🥒🥬🍅ဒီနေ့တွက် စျေးနှုန်းလေးတွေ တင်ပေးလိုက်ပါပြီနော် 🍗🥩🥚စျေးစာရင်းလေးကြည့်ပြီး 🥔🐖🍅🥕🥓ခုပဲ updated စျေးနှုန်းလေးတွေနဲ့ မှာလို့ရပြီနော်👩‍🌾

🍲အသင့်စား ဟင်းပွဲလေးတွေရဲ့ 💵စျေးနှုန်းတွေနဲ့ အရသာ ပါဝင်တဲ့ ပမာဏ ကတော့ ဝယ်ယူသူတိုင်း ⚖️တန်တယ် လို့ ပြောကြမှာ အသေချာပါပဲနေ...
16/11/2020

🍲အသင့်စား ဟင်းပွဲလေးတွေရဲ့ 💵စျေးနှုန်းတွေနဲ့ အရသာ
ပါဝင်တဲ့ ပမာဏ ကတော့ ဝယ်ယူသူတိုင်း ⚖️တန်တယ် လို့ ပြောကြမှာ အသေချာပါပဲနော်👨‍🍳

၁၇.၁၁.၂၀၂၀ နေ့မှ ၂၅.၁၁.၂၀၂၀ အတွင်းဝယ်ယူမယ်ဆို

🖐🛵🤚🖐🛵🤚🖐🛵🤚
ကြိုက်တဲ့ ၅ မျိုးဝယ် ယူရုံနဲ့ Delivery free 🛵ပို့ပေးမှာ မို့ အမြန်ဆုံး မှာယူပေးကြပါအုံးနော်🙏

တစ်ပွဲချင်း ဆိုင်တော့ Delivery ခ ၁၅၀၀ကျပ် ကျသင့်ပါမယ်နော်🙏

🌭🥙🌮 အစားသောက်လေးတွေက🍔🍟🍤🍧 လူနဲ့တည့် ပါတယ် ဒါပေမဲ့ သန့်ရှင်းလတ်ဆတ်ပြီး ကျန်မာရေး နဲ့ညီညွတ် ဖို့လည်း လိုတာပေါ့ နော် ရောဂါကာ...
13/11/2020

🌭🥙🌮 အစားသောက်လေးတွေက🍔🍟🍤🍧 လူနဲ့တည့် ပါတယ်

ဒါပေမဲ့ သန့်ရှင်းလတ်ဆတ်ပြီး ကျန်မာရေး နဲ့ညီညွတ် ဖို့လည်း လိုတာပေါ့ နော်

ရောဂါကာကွယ်စေတဲ့ 🥬🌽🥦🥕အသီးအရွက်တွေလဲ🥒🍋🥗 စားပေးသင့်ပါတယ်နော်

အဆီအဆိမ့်၊အချို နဲ့ အငံ တို့ကိုလဲ အလွန်ကျွန် မစားမိဖို့ သတိပေးပါရစေ🙏

ဒီနေ့မှာလဲ အိမ်ရှင်မတို့ တွက် ကျန်မာရေးနဲ့ ညီညွတ်ပြီး အရသာအသစ်ဖြစ်စေမဲ့ ဟင်းပွဲ လေးတစ်ခု ရှာဖွေဖော်ပြပေးလိုက်ပါတယ်နော်🙏🙏

#ပိန္နဲသီးဆူးပုတ်ချက်

ပိန္နဲသီးကို ဆား နနွင်း ငပိ အားလုံးနဲနဲဆီပါရုံ ထည့်ပြီး ရေထည့်နူးအောင်တည်ပါ နူးလာရင် ကြက်သွန်ဖြူ လိုသလောက်ထောင်းထည့် ဆီ အနံ့ပါတယ်ဆိုရုံလေး ထည့် ပြန်အုပ်ထားပါ ရေနည်းနည်းကျန်ရင် ငါးနီတူခြောက်ထည့် နူးရင် ဆူးပုတ်ရွက်ထည့်ပါ
ငရုပ်ကြမ်းမှုန့် ငရုပ်သီးစိမ်း ကြိုက်ရင် ထည့်လို့ရပါတယ်

Credit : Shwe Htar

🛒စျေးမှာမယ်ဆိုရင်တော့
👇👇👇အောက်က link ထဲမှာ စျေးစာရင်းလေး📝လုပ်ပေးထားတယ်နော်🙏🙏🙏

last https://bit.ly/3kmiIPF

🛵🛵🛵🛵🛵

👨‍🌾အိမ်ရှင်မတို့ရေ ဒီနေ့အတွက် စျေးစာရင်း📝အသစ်လေးတင်ပေးလိုက်ပြီနော်🙏စျေးနှုန်း အပြောင်းလဲ နဲ့ ပစ္စည်း အသစ် ထပ်တိုးတာလေးတွ...
11/11/2020

👨‍🌾အိမ်ရှင်မတို့ရေ ဒီနေ့အတွက် စျေးစာရင်း📝အသစ်လေးတင်ပေးလိုက်ပြီနော်🙏
စျေးနှုန်း အပြောင်းလဲ နဲ့ ပစ္စည်း အသစ် ထပ်တိုးတာလေးတွေရှိတာမို့ အခုပဲစျေးစာရင်းလေးကြည့်ပြီးမှာလိုက်ကြပါအုံးနော်🙏

👇👇👇

https://docs.google.com/spreadsheets/d/1Z3EIsR4zG-hYVmJtEJQFCYqM2W9blSqeWS7WMF0wYNY/edit

🏃‍♀️အပြေးရုန်းနေတဲ့ 🏃လုပ်သားများ နဲ့stayhome နေတဲ့ 👩‍👧‍👦အိမ်သားများ တွက် စျေးသုံးလဲ မများပဲ💸💸ကျန်းမာရေးနဲ့လဲညီညွတ် ပြီး ...
11/11/2020

🏃‍♀️အပြေးရုန်းနေတဲ့ 🏃လုပ်သားများ နဲ့
stayhome နေတဲ့ 👩‍👧‍👦အိမ်သားများ တွက်
စျေးသုံးလဲ မများပဲ💸💸
ကျန်းမာရေးနဲ့လဲညီညွတ် ပြီး 💪အာဟာရရှိ တဲ့အပြင် အရသာလဲရှိတဲ့ 🏡home made အစားသောက်လေးတွေ ပြုလုပ်နိုင်မဲ့ နည်းလမ်းလေးတွေ ရှာဖွေ ဖော်ပြပေးလိုက်ပြီနော်

★ပဲကြာဇံချိုချဉ်စပ်သုပ်★

ပဲကြာဇံ ၁၀ ကျပ်သား
ကြက်သွန်ဖြ ူ ၃မွှာနုတ်နုတ်စင်း
ငရုတ်သီးစိမ်း ၄တောင့်ပါးပါးလှီး
ပုဇွန် အနည်းငယ်
မြေပဲဆန် အနည်းငယ် ( ထောင်း ထားပါ )
သံပုရာသီး ၂လုံး
ငံပြာရည်အနည်းငယ်
သကြား၃ဇွန်း
မျှင်ငပိ မီးဖုတ်
ပဲကြာဇံကိုပြုတ်ကို ရေစစ်ထားပါ ကြက်သွန်ဖြူ ပုဇွန် ငပိ နံနံပင် ငရုတ်သီးစိမ်း ခရမ်းချဉ်သီး မုန်လာဥနီ ရှီတာကဲမှိုပြုပ်
ပါးပါးလှီး
မြေပဲဆန် အရောင်တင်မှ ုန့်ဆီချက်
ဟင်းခပ်မှ ုန့်အနည်းငယ်နှင့်ရောသုပ်အရသာစိတ်
ကြိ ုက်မြည်းထည့်လျှင်
အလွန်အရသာရှိတဲ့ ပဲကြာဇံချိုချဉ်စပ်
သုပ်ရပါပြီရှင်

👨‍🌾အိမ်ရှင်မတို့ရေ ဒီနေ့အတွက် စျေးစာရင်း📝အသစ်လေးတင်ပေးလိုက်ပြီနော်🙏စျေးနှုန်း အပြောင်းလဲ နဲ့ ပစ္စည်း အသစ် ထပ်တိုးတာလေးတွ...
10/11/2020

👨‍🌾အိမ်ရှင်မတို့ရေ ဒီနေ့အတွက် စျေးစာရင်း📝အသစ်လေးတင်ပေးလိုက်ပြီနော်🙏
စျေးနှုန်း အပြောင်းလဲ နဲ့ ပစ္စည်း အသစ် ထပ်တိုးတာလေးတွေရှိတာမို့ အခုပဲစျေးစာရင်းလေးကြည့်ပြီးမှာလိုက်ကြပါအုံးနော်🙏

👇👇👇

👨‍🌾updated📝စျေးနှုန်းလေးတွေတင်ပေးလိုက်ပြီနော်အောက်က link ထဲမှာ ပါတဲ့ စျေးနှုန်းတွေနဲ့ မနက်ဖန်ကစပြီး မှာလို့ရပြီနော်🙏🙏🙏👇👇...
09/11/2020

👨‍🌾updated📝စျေးနှုန်းလေးတွေတင်ပေးလိုက်ပြီနော်

အောက်က link ထဲမှာ ပါတဲ့ စျေးနှုန်းတွေနဲ့ မနက်ဖန်ကစပြီး မှာလို့ရပြီနော်🙏🙏🙏

👇👇👇

👩‍🍳အိမ်ရှင်မတို့ရေ 🏃သွားလာလှုပ်ရှား 🏃‍♀️အလုပ်များနေကြတဲ့ အိမ်သူအိမ်သားတွေ နဲ့  💗ချစ်စရာ 👨‍👧‍👦သားသားမီးမီးလေးတို့အတွက် အမ...
03/11/2020

👩‍🍳အိမ်ရှင်မတို့ရေ
🏃သွားလာလှုပ်ရှား 🏃‍♀️အလုပ်များနေကြတဲ့ အိမ်သူအိမ်သားတွေ နဲ့ 💗ချစ်စရာ 👨‍👧‍👦သားသားမီးမီးလေးတို့အတွက် အမောပန်းပြေ ပြီး💪အားလဲရှိစေမဲ့ 🥥အုန်းနို့ ကျောက်ကျော လေးနဲ့ လက်စွမ်းပြလိုက်အုံးနော်

👨‍🍳ဟောဒီမှာအုန်းနို့ကျောက်ကျော 📝ပြုလုပ်နည်းလေးမျှဝေလိုက်မယ်နော်🙏🙏🙏

အုန်းနို့ကျောက်ကျော(တခါတည်း ၂ ထပ်ထိုးနည်း)
***********************************************
ရေ 👉 ၁ လီတာ
အုန်းနို့ရည် 👉 ၂ လီတာ(အုန်းသီး ၂ လုံး ခြစ်ညှစ်ထားပါ။)
သကြား 👉 ၂၀ သား
ကျောက်ကျော👉 25 g ( တယ်လီဖုန်းတံဆိပ် )

အားလုံးကို ကျိုမယ့်အိုးထဲထည့်မွှေပီး စ ကျိုပါမယ်။
လက်ကလဲ အဆက်မပြတ် မွှေပေးနေရပါမယ်။
ဗွမ်းဗွမ်းဆူလာရင် မီးအားလျှော့ရပါမယ်။
မီးအား အနေတော်နဲ့ မိနစ် ၂၀ ခန့် ဆက်ကျိုပီးရင်
ဗန်းထဲလောင်းထည့်ပီး အအေးခံထားပေးပါ။

အုန်းနို့များအပေါ်တက်လာပီး
၂ ထပ်အုန်းနို့ကျောက်ကျော ဖြစ်သွားပါလိမ့်မယ်။

________________________________________________

ချိုပေါ့ ဆိုရင် သကြား ၂၀ ကျပ်သားထည့်ပါ။
ချိုလေး ဆိုရင် သကြား ၂၅ ကျပ်သား ထည့်ပါ။

ဆားလက်တစ်ညှပ်က
ထည့်လဲရ, မထည့်လဲရပါတယ်။

အုန်းနို့ရည်က အုန်းသီး ၁ လုံးကို
ရေတစ်လီတာနဲ့ ဆုပ် ဆုပ်နယ်ပီး
အုန်းနို့ရည် ညှစ်ယူထားရမှာပါ။
၂ လုံးဆိုတော့ ရေ ၂ လီတာထည့်ညှစ်ရပါမယ်။

ကျမက အုန်းနို့ထူထူကြိုက်လို့
အုန်းသီးရင့်ရင့် ၂ လုံးသုံးထားတာပါ။
အုန်းသီးနုရင်တော့ အုန်းနို့ထူထူ မရပါဘူး။

ပဲခူးဒေါ်ထွေးရီ

Address

Bagan Road
Yangon
11031

Opening Hours

Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when SPK Delivery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share