GDS Group Co.Ltd

GDS Group Co.Ltd To get achivement

12/08/2023

Job Vacancy: Junior Account Executive (Alchemy Marketing Solutions) - 4 positions

Are you a passionate and driven individual looking to kickstart your career in the fast-paced world of marketing? Do you have a positive mindset, a can-do attitude, and the determination to excel? If you are eager to take on challenges, grow professionally, and contribute to the success of our agency, then we want you to join our team as a Junior Account Executive!

Key Responsibilities:

- Support the Account Management team in coordinating and executing marketing campaigns for our clients.

- Communicate with clients and internal teams to ensure the smooth implementation of marketing strategies.

- Assist in managing project timelines, budgets, and deliverables to meet client expectations.

- Collaborate with creative teams to develop compelling marketing materials and content.
Monitor campaign performance and prepare performance reports for clients.

- Identify opportunities for account growth and contribute ideas for improving client satisfaction.

Requirements:

Enthusiastic and positive mindset, with a proactive approach to problem-solving.

Ability to thrive under pressure and meet tight deadlines in a dynamic environment.

A strong desire for success and self-development, constantly seeking to improve skills and knowledge.

Excellent written English skills (intermediate level) for crafting engaging communications.

Fluent spoken English to communicate effectively with clients.

While direct job experience is preferable, we welcome fresh graduates with a keen interest in marketing and a willingness to learn.

Basic knowledge of marketing principles and concepts is a plus.

Benefits:

Opportunity to work with a creative and dynamic team in the marketing industry.

Mentorship and growth opportunities to enhance your skills and career prospects.

Exposure to diverse projects and clients, providing a valuable learning experience.

Competitive salary package with performance-based quarterly bonus, health insurance and other benefits.

If you are ready to embark on an exciting journey and contribute your talents to our marketing agency, please submit your updated resume and a cover letter highlighting your passion for marketing and explaining why you would be a great fit for the Junior Account Executive role.

You can send them to our agency founder’s email, [email protected].

We look forward to hearing from you and exploring the possibilities of working together for many amazing campaigns.

12/08/2023

Job Vacancy: Senior Account Executive (Alchemy Marketing Solutions) - 2 Positions

Are you an experienced and accomplished professional seeking to elevate your career in the dynamic realm of marketing? Do you possess exceptional leadership skills, a proactive mindset, and the ability to drive success? If you are poised to lead, eager to make an impact, and ready to spearhead strategic initiatives, we invite you to become a vital part of our team as a Senior Account Executive!

Key Responsibilities:

- Lead and oversee the ex*****on of comprehensive marketing strategies for high-profile clients.

- Foster strong relationships with clients and internal stakeholders to ensure strategic alignment and successful project delivery.

- Manage complex projects, ensuring adherence to timelines, budgets, and quality standards.

- Provide mentorship and guidance to junior team members, fostering their professional growth and development.

- Collaborate closely with cross-functional teams to develop innovative and effective marketing campaigns.

- Analyze campaign performance data and derive actionable insights to enhance client outcomes.

Requirements:

- Proven track record of successfully managing client accounts in a marketing agency environment or brand marketing field, with a minimum of 3 years of working experience.

- Exceptional communication skills, both written and verbal, for effective client and team interaction.

- Strategic thinker with the ability to identify opportunities, solve problems, and drive results.

- Strong organizational skills and adeptness at multitasking in a fast-paced setting.

- Demonstrated leadership abilities and a passion for fostering collaboration and growth.

- Bachelor's degree in Marketing, Business, or a related field (Master's degree is a plus).

- Proficiency in marketing tools and platforms, as well as data analysis.

Benefits:

Join a high-impact team within the dynamic and innovative field of marketing.

Engage with diverse projects and prominent clients to fuel your professional growth.

Competitive compensation package including performance-based quarterly bonuses, health insurance package and other benefits.

If you are poised to embrace this exciting opportunity and contribute your expertise to our marketing agency, please submit your updated resume and a compelling cover letter detailing your passion for marketing and outlining how your experience aligns with the Senior Account Executive role.

Kindly send these documents to our agency founder’s email, [email protected].

We are excited to receive your application and explore the potential of collaborating on impactful campaigns together.

 #မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဖြစ်တဲ့_အိမ်ခြံမြေကိုအပိုင်ပေးချင်လျှင်မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း တွေဖြစ်တဲ့ အိမ်ခြံ မြေ...
26/12/2022

#မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းဖြစ်တဲ့_အိမ်ခြံမြေကိုအပိုင်ပေးချင်လျှင်

မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း တွေဖြစ်တဲ့ အိမ်ခြံ မြေ ကို မိဘ တွေက ကျန်ရစ်ခဲ့တဲ့ သားသမီးတွေ ကို အမွေပေးချင်တဲ့အခါမှာ ခိုင်ခိုင်မာမာ ပေးခဲ့နိုင်ဖို့အတွက် ပြုလုပ်ရမဲ့အချက်ကို မပြောခင် မှာ ရှေးဉီးစွာ ဗုဒ္ဓဘာသာဝင် မို့ “သေတမ်းစာ” ရေးပြီး အမွေပေးခြင်းကိစ္စက အကျုံးမဝင်တာလား ဆိုတာတဲ့အချက်ကို အကျယ်တဝင့်ရှင်းပြချင်ပါတယ်။ သေတမ်းစာကိစ္စ နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက် သီပေါမင်းတရားကြီး ပါတော်မူသွားတဲ့ ၁၈၈၅ ရဲ့ နောက် လေးနှစ်အကြာမှာ ” အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ့ သေတမ်းစာကိစ္စ” ကို မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းခြင်းကို ပြု လုပ်ခဲ့ကြပါတယ် ။ အဲ့ဒီအချိန်အခါတုန်းက (လွန်ခဲ့သော နှစ် ၁၀၀ ကျော်က ) ကင်းဝန်မင်းကြီး ဉီးကောင်းကလည်း “သေတမ်းစာ” ခြောက်စောင်တင်ပြပြီး ဆိုခဲ့ကြပါသေးတယ်။ အမျိုးမျိူး သုံးသပ်၊စဉ်းစား ၊ စုံစမ်းကြပြီးတဲ့နောက်မှာတော့ ၁၈၈၀ ခုနှစ်က စီရင်ခဲ့တဲ့ ” မဘွင့်နဲ့မရင်အမှု” အတိုင်းပဲ မြန်မာဗုဒ္ဓဘာသာများသည် “သေတမ်းစာ” နဲ့အိမ်ခြံ‌ မြေ ပိုင်ဆိုင်မှုများကို စီစဉ်ပိုင်ခွင့်မရှိလို့ အတည်ပြုချက်ထပ်မံပြီး ပေါ်လာခဲ့ပါတယ်။ ဒီနေ့ထိလည်း “သေတမ်းစာ” ရေးသားခွင့်မရှိဆို သော ဉပဒေမှာ အတည်ဖြစ်လျက်ပါပဲ။ သေတမ်းစာ က ဘာကြောင့်မဆီလျော်ရသလဲဆိုရင် သေတမ်းစာက”တရားဝင်ကြေညာစာတမ်း” တစ်ခုတော့ ဟုတ်ပါတယ် ။ ဒါပေမဲ့ ” အမွေရှင်” သေဆုံးတဲ့အခါမှာ ဘယ်ပစ္စည်း ၊ဘယ်မြေကွက်တွေကို ဘယ်သူတွေက ယူကြပါလို့ အမွေရှင်တစ်ဉီးတည်းရဲ့ ဆန္ဒနဲ့ ပြုလုပ်ခဲ့တာမျိုးပါ ။ ဒီတော့ သေတမ်းစာပြုလုပ်ခဲ့ခြင်းအားဖြင့် သားသမီးနဲ့အမွေဆိုင်တွေ က ” ဒီလို ခွဲဝေပေးခဲ့မှုကို ” ကို ကျေနပ်နိုင်ကြမှာမဟုတ်လို့ အမွေရှင်သေလွန်တဲ့ အခါမှာ အမွေအမှုအခင်းဖြစ်ဖို့ သေချာတော့တာပေါ့။ ” ငါသေပြီးရင် မင်းတို့မိသားစု ရန်ဖြစ်ကြတော့”လို့ အမှာစာရေးခဲ့တာမျိုး ဖြစ်နေတယ်လေဗျာ။ အိမ်ခြံမြေပိုင်ဆိုင်မှုတွေခွဲတဲ့အခါမှာ သေတမ်းစာထက်လည်း ပိုပြီးခိုင်မာတယ်။ ဥပဒေကလည်းခွင့်ပြုပြီး ခိုင်မာတယ်။ ခွင့်ပြုရုံတင်မဟုတ်ဘူး ရှိစေချင် “လုပ်စေချင်တာ” တစ်ခုရှိတယ် ။ အဲ့ဒါက ” မိသားစုစီမံမှု” ပါခင်ဗျာ မိသားစုစီမံမှုဆိုတာ အခြားမဟုတ်ပါဘူး ၊ အမွေရှင် (ပစ္စည်းရှင်) ကွယ်လွန်တဲ့အခါမှာ အမွေပစ္စည်းတွေ (အဓိကကတော့ မရွေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ” ဘယ်လိုခွဲဝေယူကြမယ်ဆိုတဲ့ မိသားစု တစ်စုလုံး သဘောတူပြီးလတ်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ စံမံမှုတစ်ခုပါပဲဗျာ ။ စာချုပ်တစ်ခုလုပ်ကြရတယ်ပေါ့ဗျာ ။ အဲ့ဒီ့စာချုပ်ကို “ကြေညာစာတမ်း” လို့ ခေါ်ရင်လည်းရပါတယ်။ “မိသားစုစီမံမှု” နဲ့ “သေတမ်းစာ” နဲ့ကွာခြားတာကတော့ နည်းနည်းလေးပါ ။ ဒါပေမဲ့ အကျိုးသက် ရောက်မှုကတော့ အလွန်တရာကွာပါတယ်။ “မိသားစုစီမံမှု” တစ်ခုကိုပြုလုပ်ရင် “အမွေရှင်” သေဆုံးတဲ့အခါ ဘယ်ပစ္စည်း ၊ ဘယ်မြေကွက်တွေကို ဘယ်သူယူကြမယ်ဆိုတာတော့ ပါရတာပါပဲ၊ဒါပေမဲ့ အမွေရှင်လည်း လက်မှတ် ရေးထိုးရသလို သားသမီးနဲ့ အမွေစားအမွေခံအားလုံးလည်း လက်မှတ်ရေးထိုးရပါတယ်။ အဲ့ဒီလို သားသမီးနဲ့အမွေဆိုင်တွေအားလုံးက ကိုယ်ရတာကိုပဲ ကျေနပ်တယ်။ ကျန်အမွေဆိုင်တွေ ပေးတာကိုလည်း ကျေနပ်ပါတယ်ဆိုတဲ့အချက်ကတော့ အရေးကြီး‌‌ပါ့ဗျာ။ ကိုယ်ရေးနေတဲ့ “မိသားစုစီမံမှု” လို့ပြောတဲ့ “စာချုပ်” ထဲမှာ စာတစ်ကြောင်းထည့်ရေးလိုက်လျှင်ရပါတယ် ။ တကယ့်အရေးကြီးတာက ” တကယ်သဘောတူကြဖို့”ပါပဲ။ အကြောင်းမညီညွတ်လို့ သားသမီးအကုန်မဆုံနိုင်ဘူးဆိုရင်လည်း အဝေးကနေသဘောတူကြောင်း ဆန္ဒပြုပြီး ကိုယ်စားတစ်ဉီးဉီးက လက်မှတ်ရေးထိုးလို့ရပါတယ်။ “မိသားစုစီစံမှု”ရဲ့ခိုင်မာချက်ကို ပြောရရင် အမွေဆိုင်တွေကြား မမျှမတ နဲ့ အနည်းအများမညီမညာဖြစ်နေမယ်ဆိုရင်လည်း “မိသားစုစီမံမှု” က ပျက်ပြယ်မသွားပါဘူးခင်ဗျာ။ ခွဲဝေမှုမှာအတိအကျမဖြစ်နေလည်း မပျက်ပြယ်ပါဘူး (ဉီးမြတ်ဖြူနှင့် ဒေါ်စောရှင် ၁၉၄၉ မတစ ၊လွှတ်တော် ၄၉၂၊ စီရင်ထုံးတွင် အတိအလင်းဖော်ပြထားပါတယ်။) နောက်တစ်ချက်က “အမွေပေးမယ့် (အမွေရှင်) မသေဆုံးခင်မှာ သားသမီးတစ်ယောက်ယောက်က ကြိုတင်တရားစွဲ တောင်းဆိုခွင့်လည်းမရှိပါဘူး ။ ဖောက်ဖျက်ခွင့်လည်း မရှိပါဘူး ။ ငြင်းဆိုခွင့်လည်းမရှိပါဘူး (မပန်းစီနဲ့မလှရင် ၊ ၁၉၆၃ ၊ မတစ ၊ ၈၀၀ (၈၀၈) အမှုမှာ စီရင်ခဲ့ဖူးပါတယ်) ဒါကြောင့် အမွေရှင်မိဘနှစ်ပါးဆုံးပါးသွားရင်လည်း အမွေအမှုအခင်း မဖြစ်နိုင်တော့ပါဘူးဗျာ။ မိသားစုစီမံမှုကိုသာ စနစ်တကျလုပ်ထားရင် အမှားအယွင်းဖြစ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး။ ဒါပေမဲ့ “အားသာ”မှုကို အဆိုးမြင်ပြီး အတုပြုလုပ်မယ်၊ မမျှမတဖြစ်အောင် တမင်ပြုလုပ်မယ်၊ လိမ်လည်ပြီးပြုလုပ်မယ်၊ ခြိမ်းခြောက်ပြီးပြုလုပ်ကြမယ်ဆိုရင်တော့ တရားရုံးတော်ကလည်း လက်ခံမှာ မဟုတ်ပါဘူး၊၊

ဆရာကြီး ကြည်စိုး(I.C)

19/12/2022

🏠အိမ်အကူ(မ)တစ်ဦးအလိုရှိသည်🏠
✅မိသားစု(၃)ဦးသာရှိသောအိမ်တွင်အလုပ်လုပ်ရပါမည်။
✅သွားလာလှုပ်ရှားနိုင်သောအသက် ၉၀ အရွယ်အဖိုးကိုအထူးဂရုစိုက်ပေးရမည်ဖြစ်ပီး သူနှင့်အတူ မြန်မာစာတမ်းထိုးအိန္ဒိယရုပ်ရှင်ကား/ဘောလုံးပွဲ/သတင်း များကြည့်ရှုပေးရပါမည်။
✅တပတ်တခါစက်ဖြင့်အ၀တ်အနည်းငယ်လျော် မီးပူတိုက်ရပါမည်။
✅မီးဖိုချောင်ဝိုင်းကူ‌ပေးရန်နှင့်သန့်ရှင်းရေးလုပ်ရပါမည်။
✅အရေးပေါ်ကိစ္စမှလွဲ၍အလုပ်ချိန်အတွင်း ဖုန်းလုံး၀(လုံး၀)မသုံးနိုင်သူဖြစ်ရပါမည်။
✅မိသားစုလိုနေနိုင်ပီးအလိုက်သိတတ်စွာလုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
👌အစမ်းခန့်(၃)လအတွင်းနေစားငြိမ်းလစာ တသိန်းနှစ်သောင်းမှစပေးပါမည်။
👌၃လပြည့်ပီးအဆင်ပြေစွာလုပ်ကိုင်နှိုင်ပါက လစာတသိန်းခွဲပေးပါမည်။
👉စိတ်၀င်စားပါက CB ကနေဆက်သွယ်ပေးပါ👈

#အလုပ်ရှင်မှတိုက်ရိုက်ခေါ်ခြင်းဖြစ်ပါသည်

19/12/2022

မြေကွက်ဝယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

လူတစ်ယောက်အတွက်၊ မိသားစုအတွက် နေထိုင်စရာ ကျောတစ်ခင်းစာ နေရာဟာ မရှိမဖြစ် ဖန်တီးဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ စုဆောင်းထားတဲ့ ငွေကြေးအသပြာလေးနဲ့ တစ်ဘဝလုံးစာ နေထိုင်ဖို့ အိမ်နဲ့ ခြံလေး ဝယ်ယူတော့မယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် လူပင်ပန်း မဖြစ်ရအောင် မဖြစ်မနေ သိထားသင့်တဲ့ အိမ်ခြံမြေဆိုင်ရာ ဗဟုသုတလေးတွေကို ဖော်ပြလိုက်ပါတယ်နော်။

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေခွန်၊ အိမ်ခွန် ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင် –
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

Credit : Ra Wai
ကူးယူဖော်ပြပါသည်။

13/12/2022

◾ကျွန်တော်က သိန်းနှစ်ထောင်တန် အိမ်တစ်လုံးကို သိန်း ၅၀၀ နဲ့ အပေါင်ခံထားပါတယ် ။ ဒါပေမဲ့ ပေါင်နှံသူ အိမ်ထောင်ဦးစီးက ကျန်းမာရေးသိပ်မကောင်းပါဘူး ။ ကိုယ့်ငွေ မဆုံးရှုံးရလေအောင် ပေါင်နှံစာချုပ်အပြင် အရောင်းအဝယ်စာချုပ်ကိုလည်း ရှေ့နေနဲ့ချုပ်ထားပါတယ် ။ ဒါပေမဲ့ အဲဒီအိမ်က ဂရန်မရှိပါ။ စပယ်ရှယ်ပါဝါပဲ ရထားပါတယ် ။ တကယ်လို့များ ပေါင်နှံထားသူ ကွယ်
လွန်သွားရင် စာချုပ်ပျက်ပြယ်သွားနိုင်ပါသလား ❓

✅ဒီမေးခွန်းနဲ့ပတ်သက်လို့ ဖြေရမယ်ဆိုရင်တော့ စာချုပ်ပျက်ပြယ်သွားနိုင်သလား..။ ပေါင်နှံသူ ကွယ်လွန်သွား မယ်ဆိုရင် စာချုပ်မပျက်ပြယ်ပါဘူး။ မပျက်ပြယ်ပါဘူးဆိုတာ ဘာကြောင့် အကြောင်းရှိသလဲဆိုတော့ တရားမ ဥပဒေမှာက တရားဝင်ကိုယ်စားလှယ်ဆိုတာက ရှိတယ်။ အရပ်စကားဆိုရင်တော့ သေသူရဲ့အမွေဆက်ခံသူ ပေါ့။ သားသမီးတို့၊ တူ၊တူမတို့ Legal representative ခေါ်တာပေါ့ ။ အဲ့ဒီလို တစ်ကယ်လို့သေသွားရင် တရားဝင်ကိုယ်စားလှယ်အပေါ်မှာဘဲ တရားစွဲဆိုနိုင်တဲ့အတွက်ကြောင့် ပေါင်နှံထားသူကွယ်လွန်သွားရင် စာချုပ်ပျက်ပြယ်သလားဆိုတဲ့အချက်က.. မပျက်ပြယ်ပါဘူး။

ကျွန်တော်ပထမဆုံးမေးခွန်းကို ဖြေပေးပါ့မယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘယ်လိုဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ် သက်လို့ ဥပဒေအကြံဉာဏ် ပေးချင်ပါတယ်။ သူရဲ့မေးခွန်းက အိမ်ဂရန် မရှိပါဘူးတဲ့။ ပြဿနာမရှိပါဘူး။ special power ပဲဆိုတော့ special power တို့ general power တို့ဆိုတာလဲ ပေးတဲ့သူကွယ်လွန်သွားရင် အော်တိုမစ်တစ် ပျက်သွားတဲ့အတွက်ကြောင့် ဒါလဲသိပ်မလိုပါဘူး၊ သိပ်အရာမရောက်ပါဘူး။ သို့သော် သူ့ရဲ့ အဆိုအရ ကြည့်တဲ့အခါကျတော့ သိန်း၁၀၀၀ တန်ကို ၅၀၀ ပေးထားလိုက်တယ်ပေါ့၊ အဲ့တော့ ဒီ၅၀၀ က ဒီစာချုပ်သက်တမ်းကြည့်တစ်ချက်ကြည့်ရမယ်။ သူက နေမကောင်းဘူးလို့ပြောထားပြန်တယ်။ ဆိုတော့ သူ့ စာချုပ်က မပြည့်သေးဘူးထင်တယ်။ မပြည့်သေးတော့ စိတ်ပူနေတာ အဲ့တော့ ဒီကြားထဲမှာ အပေါင်ခံတဲ့သူများ ကွယ်လွန်သွားရင် အခက်အခဲရှိမလားဆိုပြီး စိတ်ပူတာပေါ့။

အဲဒါက ပြဿနာမရှိနိုင်ဘူး။ သူက ပထမ စာချုပ်က သိန်း ၅၀၀နဲ့ပေါင်ထားတယ်။ ပေါင်ထားတာကို သူက ပေါင်နှံစာချုပ် ချုပ်လိုက်သေးတယ်။ ပေါင်တဲ့အကြောင်းကို စာချုပ်ချုပ်ထားတယ်။ နောက်ပြီးတော့ ထပ်ပြီးတော့ ရှေ့နေနဲ့လည်း အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့လိုဆိုတော့ သူ့အတွက်က ဘာမှပြဿနာ မရှိဘူး။ သို့သော် လုပ်ရမဲ့အနေအထားက.. အကယ်၍များ ပေါင်နှံသူကွယ်လွန်သွားရင် ဆိုရင် အခုသူပေါင်နှံထား တဲ့ငွေသိန်း၅၀၀ ပြန်ရလိုမှု အပေါင်စာချုပ်အပေါ်မှာ မူတည်ပြီးတော့ တရားစွဲလို့ရတယ်။ ပေါင်ထားကြောင်းကို အထောက်အထားအဖြစ် ကျွန်တော်တို့ အရောင်းအဝယ်စာချုပ် ချုပ်ထားတယ်။ အဲ့တော့ နှစ်ခုမှာ တစ်ခုပဲ တောင်းခွင့်ရှိတယ်။ အပေါင်နဲ့တောင်းမလား. ကျွန်တော်တို့ အရောင်းနဲ့တောင်းမလား။ သို့သော် တရားမျှတ စွာ အကြံပြုလိုတာကတော့ ပေါင်တဲ့အတိုင်းပဲတောင်းပြီးတော့ ဒီရှေ့နဲ့ချုပ်ထားတယ်ဆိုတဲ့ အရောင်းအဝယ် စာချုပ်ဆိုတာက ယုံကြည်စိတ်ချအောင်လို့ ချုပ်ထားတာဆိုရင် သူ့ကိုပံ့ပိုးပေးရမယ်။ အပေါင်စာချုပ်ကို အရောင်းက ပံ့ပိုးပေးမယ်ဆိုရင် ဒီအမှုက မအောင်မြင်စရာ အကြောင်းမရှိပါဘူး။ ရမှာပါ။ မဆုံးရှုံးပါဘူး လို့ဖြေကြားလိုပါတယ်။

Credit>DVBlawlab #ပေါင်နှံခြင်း

12/12/2022

အိမ်ခြံမြေအဆောက်အအုံကို အရပ်စာချုပ်ဖြင့် ဝယ်ထားပါက မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင် ရန်အတွက် အိမ်ခြံမြေတည်ရှိရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ ပထမဆုံးသွားရောက်၍ ကာလ တန်ဖိုးစိစစ်သတ်မှတ်မှု ခံယူရန် ဆောင်ရွက်ရပါမည်။

ထိုအခါတင်ပြရမည့် စာရွက်စာတမ်းများမှာ-
(၁) ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း နေထိုင်သူများဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တစ်နှစ်အတွင်း ထုတ်ယူထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူ။
(၂) အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်ပါက သက်ဆိုင်ရာမြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနက တစ်နှစ်အတွင်းထုတ်ပေးထားသော မြေပုံနှင့်မြေရာဇဝင် မူရင်း/ မိတ္တူကိုလည်း ကောင်းပူးတွဲတင်ပြရမည်။ (၃) အကယ်၍ မိမိဝယ်ယူသည့် မြေဂရန်ပေါက်သူ ကွယ်လွန်သွားပါက အမွေဆက်ခံ ထိုက်သူများ၏ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုထားသည့် အမွေဆက်ခံ ပိုင်ဆိုင်ကြောင်းစာချုပ် မူရင်း/ မိတ္တူ တို့ကို တင်ပြရန် (လိုအပ်ပါက အမွေဆက်ခံခွင့်လက်မှတ် တင်ပြနိုင်ရပါမည်)
(၄) မူလအမည်ပေါက်ပိုင်ဆိုင်သူကိုယ်စား ကိုယ်စားလှယ်လွှဲစာ SP / GP မူရင်း/ မိတ္တူ။
(၅) ဝယ်ယူထားသည့် မြေ (သို့မဟုတ်) မြေနှင့်အဆောက်အဦအတွက် ဓာတ်ပုံ (ရှေ့၊ နောက်၊ ဘေးနှစ်ဖက်)
(၆) မြေငှားစာချုပ် (ဂရန်) မူရင်း/ မိတ္တူ၊
အရောင်းအဝယ်ကတိစာချုပ် မူရင်း/မိတ္တူ (ဥပဒေနှင့် ညီညွှတ်ရန်မှာ လျှောက်ထားတဲ့ရက် မတိုင်မီ ရက်ပေါင်း(၃၀)အတွင်း ချုပ်ဆိုထားတဲ့ အိမ်ခြံမြေအရောင်းအဝယ်ကတိစာချုပ်ဖြစ်ရန် လိုအပ်ပါသည်။ ပိုင်ရှင်နှင့် အဆင်ပြေပါက စာချုပ်ကို ရက်စွဲပြောင်း၍ ပြန်ချုပ်တင်ပြရပါမည်။) ဂရန်အမည်ပေါက်ကွယ်လွန်သွားသည့်အတွက် အထက်အပိုဒ်(၃) တွင် ဖော်ပြထားသည့် “အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်” ချုပ်ဆိုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့ပြစီမံကိန်းနှင့် မြေစီမံ ခန့်ခွဲမှုဌာန (သို့မဟုတ်) လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့တွင် မြေပုံရေးကူးရန် အရင် လျှောက်ထားရပါဦးမည်။

တင်ပြရန်လိုအပ်သော စာရွက်စာတမ်းများမှာ -
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် အမျိုးသားမှတ်ပုံတင် ကတ်ပြား မိတ္တူ၊
(ခ) မြေငှားစာချုပ်(ဂရန်)၊ စကွာတာမြေနှင့် သက်ကုန်မြေဖြစ်ပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်းထောက်ခံချက် (သို့မဟုတ်) မြေငှားခနောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ၊
(ဂ) မြေငှားစာချုပ်(ဂရန်)မြေနှင့် ဂရန်သက်တမ်းကုန်မြေဖြစ်ပါက မြေငှားစာချုပ် (ဂရန်) မိတ္တူ၊
(ဃ) ကွယ်လွန်သူ၏ သေစာရင်း၊ သချိုင်းလက်မှတ်နှင့် သေစာရင်းတင်ပြနိုင်ခြင်းမရှိပါက မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ရပ်ကွက်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ သေဆုံး ကြောင်းထောက်ခံချက်မိတ္တူ၊ အမွေဆက်ခံခွင့်ရှိသူက တရားရုံးတွင်ပြုလုပ်ခဲ့သည့် ကျမ်းကျိန်လွှာ (သို့မဟုတ်) ကတိသစ္စာပြုလွှာမူရင်း၊
(င) အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင်မူရင်း၊
(စ) မြေပိုင်မြေ၊ ဘိုးဘပိုင်မြေနှင့် ဂရန်ရှိမြေပိုင်မြေများဖြစ်ပါက အမည်ပေါက်စာချုပ် (သို့မဟုတ်) မှတ်ပုံတင်ထားသောစာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် တရားရုံးမှ ချမှတ် ထားသည့် အမိန့်ဒီကရီ တစ်ရပ်ရပ် မိတ္တူ၊၊
(ဆ) ၁၉၈ရခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကိုကန့်သတ်သည့်ဥပဒေ ဆိုင်ရာ စိစစ်ရေးအဖွဲ့၏ဆောင်ရွက်မှုအပေါ် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မိတ္တူ တို့ဖြစ်ပါသည်။
ထို့ကြောင့် ဂရန်အမည်ပေါက် ကွယ်လွန်၍ ၎င်းကိုယ်စားလျှောက်ထားခြင်းဖြစ်၍ အထက် အပိုဒ်(ဃ)နှင့် (င) တို့တွင် ဖော်ပြထားသော ကွယ်လွန်သူ၏ သေစာရင်းအစရှိသည်တို့ကို တင်ပြနိုင် ခြင်းမရှိပါက သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ အမွေဆက်ခံခွင့်ရှိသူဆိုပါက တရားရုံး ကျမ်းကျိန်လွှာမူရင်း/ မိတ္တူ။ အထက်အပိုဒ်(ဃ)ပါ အမွေဆက်ခံခွင့်ရှိသူကို သိရှိသူလူပုဂ္ဂိုလ်(၂)ဦး သိရှိကြောင်းနှင့် မှန်ကန်ကြောင်းကို တရားရုံးတွင်ပြုလုပ်ခဲ့သည့် ထောက်ခံကျမ်းကျိန်လွှာ(၂)စောင် မူရင်း တို့ကို ရှေးဦးစွာဆောင်ရွက်ထားရပါမည်။
ထိုကြောင့် လုပ်ငန်းစဉ်ကို ပြန်လည်ပြောပြရပါလျှင် ကွယ်လွန်သူ၏ သေစာရင်းအထောက် အထားနှင့် အမွေဆက်ခံခွင့်ရှိကြောင်း တရားရုံးကျမ်းကျိန်ဆိုချက်၊ အဆိုပါ အမွေဆက်ခံခွင့်ရှိသူ ဦး/ ဒေါ်ကို သိရှိသူ လူပုဂ္ဂိုလ်နှစ်ဦးက သိရှိကြောင်း၊ မှန်ကန်ပါကြောင်း တရားရုံးတွင် ကျမ်းကျိန်ချက်ကို တစ်ခုစီပြုလုပ်ရန်လိုအပ်ပါသည်။
အဆိုပါအချက်များနှင့်ပြည့်စုံပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြုလုပ်ရပါမည်။
ထိုသို့ဆိုလျှင် ယခုစာစုတွင် ပထမဆုံးဖော်ပြထားသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ကာလတန်ဖိုးစိစစ်သတ်မှတ်ပေးရန် အဆင့်ကို ပြန်လည်သွားရောက်နိုင်ပြီ ဖြစ်ပါ သည်။ ကာလတန်ဖိုးစိစစ်သတ်မှတ်ပြီးပါက နှစ်အလိုက်ပြဌာန်းထားသော ပြည်ထောင်စု၏အခွန် အကောက်ဥပဒေအရ သတ်မှတ်ထားသော အခွန်အခများကို ပေးဆောင်ရန် လိုအပ်ပါသည်။

Credit - Yuzanarland

ပြန်လည်ကူးယူဖော်ပြပါသည်။

03/12/2022

ရှေ့နေအလုပ်က Professional အလုပ်ပါ
သူငယ်ချင်းတစ်ယောက် အိမ်ခြံမြေဝယ်ဖို့
စာချုပ်ချုပ်ပေးဖို့ ဖုန်းဆက်မေးတယ်၊

သူငယ်ချင်းရေ ရှေ့နေ နဲ့စာချုပ်ချုပ်ရင်
ဘယ်လောက်ကုန်လဲ ဟ

သူငယ်ချင်း စာချုပ်ချုပ်ခပဲဆိုရင် 5သိန်းပါ ၊
သတင်းစာထည့်ကြေညာမယ်ဆိုရင်ဘယ်လောက်ပါ၊ စာရွက်စာတမ်းတွေ YCDC မှာ စစ်ရင်ဘယ်လောက်ပါ၊ ပါဝါယူရင်ဘယ်လောက်ပါလို့ပြောတော့

မင်းဟာက များလိုက်တာကွာတဲ့.....

အေးသူငယ်ချင်း......
မင်းအခုဝယ်မယ့်မြေကွက်ဘာမြေကွက်လဲ...
ပါမစ်လား၊ ဂရန်လား၊ လယ်မြေလား၊ မေးတော့

ငါလဲမသိဘူးကှ....

အေး...ဒါဆို စာရွက်စာတမ်းကြည့်မယ်၊
ဆွေးနွေးတိုင်ပင်ခဘယ်လောက်ပါလို့ပြောလိုက်တယ်....

သူငယ်ချင်း အချင်းချင်း ဆွေးနွေးတိုင်ပင်ခ
ယူတာပဲလားတဲ့ သူငယ်ချင်း

ငါ့ရဲ့ ရှေ့နေအလုပ်က Professional အလုပ်ပါ၊ သူငယ်ချင်းဝယ်မယ့် အိမ်ခြံမြေကွက် (ရတနာသီရိဂေဟာ) အိမ်ခြံ တိကျခိုင်မာဖို့အတွက်၊
နောင်စိတ်အေးချမ်းသာဖို့အတွက်ပါ
သူငယ်ချင်း မြင်တော့ စာချုပ်လေ
(၂)ရွက် (၃)ရွက်ပဲ မြင်တာပါ....
အဲ့ဒီ(၂)ရွက် (၃)ရွက် ဖြစ်အောင် ရေးတတ်ဖို့အတွက်
ငါအချိန်တွေအများကြီးပေးဆပ်ခဲ့ရတယ်သူငယ်ချင်း ၊
ဥပဒေစာအုပ်တွေအများကြီးဖတ်ရတယ်....

ဒါဆိုသူငယ်ချင်း ရပ်ကွက်ထဲမိတ္တူဆိုင်ကစာချုပ်နဲ့ရောချုပ်လို့မရဘူးလား...

ရပါတယ် သူငယ်ချင်း၊
သို့သော် စာချုပ်ပါစည်းကမ်းများ၊ သူငယ်ချင်း
တောင်းဆိုချင်တဲ့အချက်တွေတော့ဥပဒေနဲ့အညီ မပါတော့ဘူးပေါ့......
ဘာလို့ဆွေးနွေးတိုင်ပင်ခယူလဲဆိုတော့
တစ်ချို့လူတွေက ဖုန်းတစ်မျိုး၊ စာနဲ့တစ်မျိုး၊
လူကိုယ်တိုင်လဲလာမေးကြတယ်...
ဦးနှောက်ဖောက်စားသွားကြတယ်..... ဒါကြောင့်ပါ....
ဟိုလူက ဒီဈေးနဲ့စာချုပ်ချုပ်ပေးတယ်...
ဒီလောက်မရဘူးလားလို့မေးကြသူလဲရှိတယ် သူငယ်ချင်း....
*ငါက ဥပဒေ ပညာသည်
*ငါ့ဘဝဖြစ်သည့်အတွက်
*ငါသည်ဥပဒေသမားတစ်ယောက်ဖြစ်သည့်အတွက်
Professional ကြေးတောင်းတာပါ....သူငယ်ချင်း
*ငါ့ကို Professional ကြေးပေးရတာထက်
ဝယ်လိုက်တဲ့မြေကွက်တန်ဖိုးရှုံးဆုံးသွားရင်
အများကြီးနစ်နာသွားမှာက သူငယ်ချင်းပါ....
*[ - ] စာချုပ်တစ်စောင်
ဥပဒေသမားPro ရေးတာထက်၊ ရပ်ကွက်လမ်းထဲ
မိတ္တူဆိုင်က ရတဲ့စာချုပ်တစ်စောင်နဲ့
တန်ဖိုးမတူသလို...ဈေးလဲကွာခြားပါလိမ့်မယ်....
*သူ့နေရာနဲ့သူ Professional ကြေးတော့ပေးရလိမ့်မယ်သူငယ်ချင်း....

***Credit to Original Writer***
(တစ်ဆင့်ပြန်လည်မျှဝေသည်)

28/11/2022

#ဆောက်လုပ်ေရေးနှင့်ပတ်သတ်သောဝေါဟာရပေါင်း ( ၂၀၀)

1. Peg out -ပန္နက်
2. Stake /peg -တိုင်ငုတ်ချွန်၊ပန္နက်တိုင်
3. Pole/Column -တိုင်
4. Concrete Pole-ကွန်ကရစ်တိုင်
5. Pillar -ဖောင်းအလှတိုင်
6. Wall -နံရံ
7. Beam -ထုတ်/ယက်မ
8. Floor -ကြမ်းခင်း /ကြမ်းပြင်
9. Balcony Floor -လသာဆောင်ကြမ်းခင်း
10. Toilet Floor - အိမ်သာကြမ်းခင်း
11. Polished Concrete -ချောမွတ်ပြောင်လက်နေသော ကွန်ကရစ်နံရံကြမ်းပြင်
12. Brick - အုတ်
13. Lime -ထုံး
14. Sand lime brick -သဲအုတ်
15. Paving brick -လမ်းခင်းအုတ်
16. Ventilation brick -ပန်းအုတ်
17. Concrete brick -ဘိလပ်မြေအုတ်(ဘောက်အုတ်)
18. Joint -နှာ(အုတ္စီ)
19. Raking back -နောက်ဆုတ်အုတ်စီနည်း
20. Stretcher -အုတ်လျား
21. Plinth level -အုတ်ခုံမျက်နှာ
22. Cement -ဘိလပ်မြေ
23. Water -ရေ
24. Sand -သဲ
25. Sand Coarse-သဲကြမ်း
26 . Sand fine -သဲနု
27. Gravel -ကျောက်စရစ်
28. Stone chipping -ကျောက်ဆန်ကွဲ
29. Marble -စကျင်ကျောက်
30. Shingle -ကျောက်စရစ်
31. Steel bar -၃မူးနှင့်အထက်ကြီးသောသံချောင်းများ
32. Steel Round Bar -ပြောင်ချောသံချောင်း
33. Steel plate -သံပြား
34. Steel flat bar -သံပြားအရှည်
35. Steel wire rod -သွတ်ကြိုး
36. Angle steel bar -ကျင်တွယ်သံချောင်း
37. Welded panels -သံဇကာ
38. Welded net -သံဇကာအသေး
39. Iron nail -သံမှို
40. Concrete nail -စတီးသံမှို
41. Bamboo -ဝါး
42. Timber -သစ်
43. Plastic rope-ပလတ်စတစ်ကြိုး
44. Nylon rope -နိုင်လွန်ကြိုး
45. Hardwood Squares -ပျဉ်(သစ္မာ)
46. Plywood -သစ်သားပြား
47. Lumber -သစ်ပွ
48. Earth -မြေကြီး
49. Dig earth -မြေကြီးတူး
50. Earth leveling construction-မြေကြီးညှိ
51. Cement earth -ဘိလပ်မြေညှိ(မျဉ်းတိုက်)
52. Construction site clearing -နေရာဌာနရှင်းလင်း
53. Hall -ဟောခန်း
54. Bedroom -အိပ်ခန်း
55. Living room -ဧည့်ခန်း
56. Shrine /Buddha room -ဘုရားခန်း
57. Dinning room -ထမင်းစားခန်း
58. Kitchen -မီးဖိူချောင်
59. Pantry -စားနပ်ရိပ်ခါထားရာအခန်း
60. Bathroom -ရေချိုးခန်း
61. Lounge room/sitting room-အပန်းဖြေခန်း
62. Basement -မြေအောက်ခန်း
63. Garage -ကား ထားရန်
64. Study -စာကြည့်ခန်း
65. Balcony -လသာဆောင်
66. Verandah -ဝရန်တာ
67. Path -လျှောက်လမ်း
68.Roof -အမိုး
69. Ceiling -မျက်နှာကျက်
70. Sheds -အဖီများ
71. Gate -ဝိုင်းဝင်တံခါး
72. Fence - ခြံစည်းရိုး
73. Letter box-အိမ်ဝန်းရှေ့စာတိုက်ပုံး
74. Door bell -အိမ်ဝန်းရှေ့ အချက်ပေးဘဲ
75. Ditch - ရေမြောင်း
76. Water tank -ရေလှောင်ကန်
77. Wattle -ဝါးကပ်
78. Metal -သတ်တု
79. Brass -ကြေးဝါ
80.Aggreate -ရောစာ
81. Marble tile -စကျင်ကျောက်ပြား
82. Marble chipping-စကျင်ကျောက်ဆန်ကွဲ
83. Abutment wall -မြေကာနံရံ
84. Chimney -မီးဖိုခေါင်းတိုင်
85. Gypsum - စကျင် သလင်းကျောက်
86. Lodedtone -သံလိုက်ကျောက်
87. Bismuth(cast iron) -သံကြွပ်
88. Chowket /door&window frame -ကျည်းဘောင်
89. Formwork -ကျောက်ပုံး
90. Flooring tile- ကျောက်ပြား
91. Span -ခန်းဖွင့်အကျယ်
92. ridge -ခေါင်ရိုး
93. ridge piece-ခေါင်ချုပ်
94. Folding door -ခေါက်တံခါး
95. Hollw brick -ခေါင်းပွအုတ်
96. Pudlog -ငြမ်းဆင့်
97. Puglog hole-ငြမ်းဆင့်ထိုးပေါက်
98. Scaffolding -ငြမ်းဆင်ခြင်း
99. Binder -ထိန်းချုပ်ဆေး
100. Ledged&battened door-ပျဉ်ထောင်တံခါး
101. Putty -ထေးဆေး
102.Turpentine -ထင်းရူးဆီ
103.Tallow -အမဲဆီ
104.Angle bracket -ထောင့်ချိုးသံပြား
105.Angle -ထောင့်မှန်ချိုး
106.Corner -ထောင့်ချိုး
107.Header-ထိပ္စီကျောက်
108.Lime concrete -ထုံးကွန်ကရစ်
109. Binder/stirrup -ထိန်းကွင်း
110.Collar truss -ဒိုင်းငယ်
111.Truss -ဒိုင်းငယ်
112.Cavity tie -နံရံချုပ်
113.Gutter -ရေတလျှောက်
114.Parapet gutter -နံရံကပ်ရေတလျှောက်
115.Valley -ရေလိမ်
116.Valley rafter -ရေလိမ်ဒိုင်း
117.Valley gutter -ရေလိမ်ရေတံလျှောက်
118.Flat or flush pointing -နှာပြည့်
119.Nosing -နှာစွန်း
120.Coping -နံရံထိပ်စီး
121.Batter -နံရံစောင်း
122.Layout plan - ပန္နက်ရိုက်ပုံစံ
123. Bond - ကွန်ကရစ်သိပ်သည်း
124.Stencil -ပုံဖော်ပြား
125.Eave board -ပန်းဆွဲ
126.Moulding (plaster)-ပြော့ကြောင်းထိုးခြင်း
127.Formwork -ပုံစံခွက်
128.Plastic emulsion paint -ပလပ္စတစ္ဆီဆေး
129.Main rod-ပင်မသံချောင်း
130.Cleat -ဖားတုံး
131.Mixing -ဖျော်စပ်ခြင်း
132.Gable -မြင့်မိုရ်
133.Glazed door -မှန်တံခါး
134.Glazed window -မှန်ကွက်ပြတင်း
135.Centre hung fanlight -မှန်လည်လေဝင်ပြတင်းပေါက်
136.Fixed fanlight -မှန်အသေတပ်ပြတင်းပေါက်
137.Barbed wire -သံဆူးကြိုး
138.Mortar -သရိုး
139.Plaster -သရွတ်
140.Plastering -သရွတ်ကျံခြင်း
141.Metal lath -သံဇကာဘိလပ်မြေ
142. Quick setting cement-အအိပ်မြန်ဘိလပ်မြေ
143.Slow setting cement -အအိပ်နှေးဘိလပ်မြေ
144.Rapid hardening cement -အမာမြန်ဘိလပ်မြေ
145. Reinforcement rod -အားကူသံချောင်း
146.Deformed reinforcement rod- အရစ်ပါသောအားကူသံချောင်း
147.Plywood -အထပ်သား
148. Balancing reservoir -ထိန်းညှိ ရေလှောင်ကန်
149. Balanced cantilever -အစွန်းထွက်ယက်မ
150. ballast - အောက်ခံကျောက်များ
151. base line -အခြေခံမျဉ်း
152. base plate -တိုင်အောင်ခံပြား
153. batten or reeper -အုတ်ကြွပ်တန်း
154. bed of pier -တိုင်ခြေ
155. bedding plate- ခံဆောင်ပြားများ
156. bond -အုတ်စီနည်း
157. bonder -တွဲဆက်ကျောက်
158.cement motar -ဘိလပ်မြေသရွတ်
159. cement sand screed -ဘိလပ်မြေ သဲ သရွတ်ခင်း
160.column footings -တိုင်ဖိနပ်
161. combined footing -တွဲဖိနပ်
162. commode step -ကမုဒ်အနင်း
163. copings -ထိပ်အုပ်
164. corble -အစွန်းထွက်
165. cornices -ပန်းကလပ်
166. corrosive -သတ္တုစားခြင်း
167. cross hair -ကန့်လန့်ဖြတ်အမှတ်
168. cross -section -ကန့်လန့်ဖြတ်အပိုင်း
169. Curved roofs -အမိုးခုံး
170. efflorescence -ဆားပွင့်ခြင်း
171. Filter bed -ရေစစ်ကန်
172. final setting of cement -ဘိလပ်မြေအပြီးသတ်အိပ်ချိန်
173. fine aggregate -ရောစာနု
174. flag stone -ကျောက်ပြား
175. fl**ge -ဖလန်းပြား
176. flat arch -ခုံးပြား
177. flight -လှေကားပြေး
178. Gypsum -ဂျစ်ပဆန်ကျောက်
179. Precast -ကြိုတင်သွန်းလောင်းခြင်း
180. rain water pipe -မိုးရေပိုက်
181.septic tank -မိလ္လာကန်
182. service reservior -ရေဝေကန်
183. setting tank -အနည်ထိုင်ကန်
184. sump -ရေစုကန်
185. spill way -ရေပိုလွှဲ
186. surplus works -ရေပိုလွှဲပိုက်
187. waste pipe -စွန့်ပစ်ရေလွှဲပိုက်
188. waste weir -ရေလွှဲဆည်
189. water seal -ရေခံ
190. wearing course-အပွန်းခံလွှာ
191. vent pipet -လေထွက်ပိုက်
192. filter bed -ရေစစ်ကန်
193.fish plate -ပိုးပြား
194. flag -stone ကျောက်ပြား
195. sun shade -နေကာမိုး
196. super -structure အထက်ပိုင်းအဆောက်အအုံ
197. support beam -ထောက်ရက်မ
198. surveying -မြေတိုင်းပညာ
199. suspended floor -အလွတ်ကြမ်းခင်း
200. suspended span -ဆိုင်းထား ခန်းဖွင့်

Card.Original author

28/11/2022

အိမ်ခြံမြေအားမေတ္တာဖြင့်ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမည့်သူများအတွက်

▶️ မိခင်၊ဖခင် မှ သားသမီးများ
▶️ အကို၊အမ မှ ညီ၊ညီမ သို့ပေးကမ်းလိုသော
သူများအတွက်လမ်းညွန်

✅ ၁-မေတ္တာဖြင့်ပေးကမ်းခြင်း‌မြေပုံ

▶️ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မိမိပိုင်ဆိုင်သော ဂရန်‌မြေ၊မြေပိုင်‌။မြေများကိုအထောက်ထားပြုပြီး မေတ္တာဖြင့်ပေးကမ်းခြင်းမြေပုံမြေရာဇဝင်လျောက်ထားကူးယူရပါမည်။ကြာချိန် ၃၀ ရက်။

လိုအပ်သောစာရွက်စာတမ်များ
▶️ မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်
▶️ မူရင်း၊မိတ္တူ
▶️ မှတ်ပုံတင် မူရင်းမိတ္တူ
▶️ မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
▶️ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေ
စီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ။

✅ ၂-မြို့နယ်အခွန်ရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်တန်ဖိုးသတ်မှတ်ခြင်း

မေတ္တာဖြင့်ပေးကမ်းခြင်း‌မြေပုံရပါကမိမိတို့နေထိုင်ရာမြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနသို့သွားရောက်ထွက်ဆိုချက်ပေးရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ
▶️ ပေးလိုသောမြေ၊အိမ်ဓါတ်ပုံ
▶️ မေတ္တာဖြင့်ပေကမ်းသည့်စာချုပ်
▶️ မေတ္တာဖြင့်ပေကမ်းခြင်းမြေပုံမြေရာဇဝင်
▶️ မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်
▶️ ပေးသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
▶️ လက်ခံသူ မှတ်ပုံတင်၊သန်ခေါင်စာရင်း
▶️ မိခင်၊ဖခင်၊အကို၊အမတော်စပ်ကြောင်းကျမ်းကျိန်
▶️ အဖိုးစားနားရယူခြင်းမရှိ၊မိမိပိုင်သော၊စီမံခန့်ခွဲလျက်ရှိသောကျမ်းကျိန်လွှာ( ပေးသူမှကျိန်ရပါမည်,)
▶️ မိခင်ဖခင်မှ သားသမီးများရှိသည့်အနက် တစ်ဦးတည်းသာပေးပါက ကျန်မောင်နှမများ သဘောတူသိရှိ‌‌ကြောင်း၊ကန့်ကွက်ရန်မရှိကြောင်း တစ်ဦးချင်းစီမှကျန်းကျိန်တစ်စောင်ချင်းစီ(မောင်နှစ်မငါးယောက်ဆို ကျမ်းကျိန်ကုန်ကျစားရိတ်နဲ့သွားပြီ၊အချက်လက်များ၊မှတ်ပုံတင်နံပါတ်များမမှားစေရန်သတိပြုပါ)
▶️ ပေးသူ၊ယူသူခံဝန်ချုပ်(အခွန်ရုံးမှာနမူနာတောင်းကြည့်နိုင်ပါတယ်၊၊)
▶️ စာချုပ်ပါ သက်သေနှစ်ယောက် နဲ့ မှတ်ပုံတင်မူရင်း

အထက်ဖော်ပြပါ အားလုံးစုံလျင်၊စာရွက်စာတမ်းများအားမိတ္တူ(၃)စုံဆွဲပါ၊

မူရင်းများအားလုံးနှင့် ပေးသူ၊ယူသူ၊အသိသက်သေများ၊ကြောင်းကျမ်းကျိန်ထားသူများပါလိုက်သွားရပါမည်။

အခွန်ရုံးရှိသက်ဆိုင်ရာအရာရှိထံမှန်ကန်‌ကြောင်းထွက်ဆိုချက်ပေး၊လက်ပွေနှိပ်၊ဓါတ်ပုံရိုက်မှတ်တမ်းတင်တာဝန်ကျအရာရှိမှလုပ်ပါသည်၊(တချို့ရုံးမှာတော့ဓါတ်ပုံမရိုက်ပါ၊၊)

တခါတရံတာဝန်ကျအရာရှိ အစည်းဝေးသွားခြင်း၊ကွင်းဆင်းသွားခြင်းများရှိပါတယ်၊ဝန်ဆောင်မူ့ပေးသူအ‌နေဖြင့်အရာရှိနှင့်ကြိုတင်ချိန်းထားသင့်ပါတယ်။

*၂/၃ပတ်ခန့်ကြာလျင်ခွင့်ပြုမိန့်ကျပါပြီ၊

တံဆိပ်ခေါင်းခွန်၄%ချလံအခွန်ရုံးတွင်ယူပြီး၊သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်တွင်ငွေသွင်းပါ၊ဘဏ်မှ‌ငွေသွင်းချလံတပိုင်းပြန်ပေးပါမည်၊

အဆိုပါ‌ချလံဖြင့်အခွန်ရုံးပြန်သွားပြီးတံဆိပ်ဂေါင်းထုတ်ပါ။

✅ ၃-စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခြင်း

အဆိုပါတံဆိပ်‌ခေါင်းများရပါက ရန်ကင်းမြို့နယ်ရှိ၊စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင်မှတ်ပုံတင်ခ
0-5%( အခွန်ရုံးမှသတ်မှတ်သည့်တန်ဖိုးရဲ့0-5% /သိန်း100လျင်50000နုန်း၊)ထပ်မံထမ်းဆောင်မှတ်ပုံတင်ရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ
▶️ ပိုင်ဆိုင်မူ့အထောက်ထား(ဂရန်၊အမည်ပေါက်စာချုပ်)
▶️ ဘဏ်ငွေသွင်းထားသည့်ချလံ
▶️ တံဆိပ်ဂေါင်း၊4%နှင့်မေတ္တာပေးစာချုပ်၊မေတ္တာပေးမြေပုံတွဲချုပ်
▶️ သက်သေနှစ်ယေက်နှင့်မှတ်ပုံတင်မူရင်း
▶️ ပေးသူ၊ယူသူ နှင့်မှတ်ပုံတင်မူရင်း
▶️ အစိုးရရုံးဖွင့်ရက်တိုင်း နံနက်၉:၀၀မှစတင်မှတ်ပုံတင်ပေးပါသည်။
▶️ မှတ်ပုံတင်စာချုပ်မှာ(၃) ပတ်နေလျင်ပြန်ရွေးရပါမည်

✅ ၄-ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင်မြေအမည်ပြောင်းဆောင်ရွက်ခြင်း

လိုအပ်သောစာရွက်စာတမ်များ
▶️ မိမိတို့ပိုင်ဆိုင်သောဂရန်၊မြေပိုင်မူရင်း၊မိတ္တူ
▶️ မေတ္တာဖြင့်ပေးကမ်းခြင်းစာမှတ်ပုံတင်စာချုပ် မူရင်း၊မိတ္တူ
▶️ လက်ခံရရှိသူမှတ်ပုံတင် မူရင်းမိတ္တူ
▶️ မြေခွန်ပြေစာ၊မြေပိုင်‌မြေဆိုမလိုပါ။
▶️▶ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊‌မြေစီမံခန့်ခွဲမူ့ဌာနဖွင့်ရက်မှာ တနလာ၊ဗုဒ္ဓဟူး၊သောကြာ ပါ အမူ့တွဲဖွင့်ပြီး၄၅ရက်ကြာရင်အမည်ပြောင်းလို့ပြီးပါပြီ။

လက်ရှိဆောင်ရွက်နေသည့်အကြောင်းအရာများပါ။တခါတရံ ရုံးတွင်းညွန်ကြားချက်များကြောင့်အပြောင်းလဲရှိနိုင်ပါတယ်။

Credit : UTZ Lawfirm(UTO

Address

Yangon

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when GDS Group Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share