MC Shop

MC Shop Wholesale & Retail

20/09/2020

#ရန်ကုန် အနီရောင်အဆင့်ပါ

(Dr.ဝင်းသန္တာဖြူ၊ ဆေးရုံအုပ် ၊
မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး မှ
ရန်ကုန်နေသူများသို့ ပန်ကြားချက်)

မိဘပြည်သူများရှင်
အရေးကြီးလို့
သတိပေးတောင်းဆိုပါရစေ။

အဓိက
လူနာအရေအတွက်ရှေ့ပြေးနေတဲ့
ကျွန်မတို့ မြို့ရွှေရန်ကုန်က
မိဘပြည်သူများ

၁။တတ်နိုင်သမျှ
အိမ်ပြင်မထွက်ဘဲနေလို့ရလျှင်
အိမ်ထဲမှာနေရန်။

၂။လိုအပ်၍လမ်းထွက်တိုင်း
Mask ကို နှာခေါင်းနှင့်
ပါးစပ်တို့ကိုလုံအောင်တပ်ပါ။

၃။မေးစေ့တွင်လုံးဝမချိတ်ပါနဲ့။

မေးစေ့တွင်ချိတ်ထားစဉ်
နှာခေါင်း၊ပါးစပ်ပတ်ဝန်းကျင်တွင်
ပိုးများကပ်နေနိုင်ခြင်း၊(သို့)
အသက်ရှူစဉ်ပါသွားခြင်း၊ (သို့)
မေးစေ့ကနေ အပေါ်သို့
ဆွဲအုပ်လိုက်ပါက
အကယ်၍ ရောဂါပိုးရှိ‌ နေသော
ပတ်ဝန်းကျင်ဖြစ်နေပါက
ရောဂါပိုးများ အလုံးလိုက်
အုပ်ရှူခိုင်းသလို ဖြစ်တဲ့အတွက်
အန္တရာယ်အထူးများပါတယ်။

၄။သုံးပြီးသား Mask
အလွယ်တကူ လွှင့်မပစ်ပါနဲ့။

၅။Face Shield ထပ်တပ်လိုက
တပ်နိုင်ပါသည်။

သို့သော် Mask မတပ်ဘဲ
Face Shield တခုတည်းတပ်၍
ရောဂါ ကူးစက်မှုကိုမကာကွယ်နိုင်ပါ။

၆။အပြင်က ပြန်လာသည်နှင့်
လက်ဆေးပါ။

အဝတ်အစားတခါတည်း
ဆပ်ပြာရည်စိမ်ပါ။

ရေချိုးလျှင်အကောင်းဆုံးပါ။

အသုံးပြု ပြီးMask ကို
ဆပ်ပြာရည် စိမ်ထားသော
အလုံပိတ်ဗူးနှင့်
အိမ်အဝင်တွင်ထား၍ စွန့်ပစ်ပါ။

၇။အပြင်ထွက်လျှင် Hand Gel
ဆောင်ပါ။

၈။အိပ်ရေးဝအောင်အိပ်၍
အဟာရပြည့်ဝအောင်စားပါ။

၉။အချိန်နှင့်တပြေးညီ
ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနမှ
ထုတ်ပြန်သော သတင်းများကို
တိကျစွာလိုက်နာပါ။

၁၀။အနည်းဆုံး ၂ ပတ်လောက်
အနေအထိုင်၊ အပြုအမူ၊
အသွားအလာထိန်းပေးပါ။

မိမိအသိစိတ်ဖြင့်
Semi Lock Down လုပ်ပါ။

၁၁။မိမိ စားဝတ်နေရေးအတွက်
အပြင်ထွက် စီးပွားရှာရင်း၊
အိမ်သို့ ရောဂါပိုးများ
ပြန်သယ်မသွားဖို့သည်
တစ်ဦးစီ၏လိုက်နာထိန်းသိမ်းရမည့်
ကျင့်ဝတ်ဖြစ်ပါသည်။

၁၂။ဆေးရုံတွေမှာ
အနံ့မရ၊ အရသာမရှိ၊ဖျား၍
ရောက်ရှိလာသော
လူနာအရေအတွက်
Suspected Case တွေ
များပြားလာနေတာမို့
မိဘပြည်သူ
မည်သူတစ်ဦးတစ်ယောက်ကို မျှ
အစွန်းအထင်း
အပွန်း အပဲ့ မခံလိုသဖြင့်

မိမိ မဆင်ခြင်မိတဲ့ခဏတွင်
အိမ်က ဘိုးဘိုးဖွားဖွား
နာတာရှည်လူနာများ
သားငယ်၊သမီးငယ်များကို
မထိခိုက်စေပါရန်
အားလုံးစောင့်ထိမ်း
လိုက်နာပေးကြပါလို့
မေတ္တာထားသတိပေးပါရစေ...

မင်္ဂလာပါရှင့်... mcshop မှ ကြိုဆိုပါတယ်...ကျမတို့ Admin များအနေဖြင့် များမကြာမီကာလအတွင်း စိတ်ကူးကောင်းကောင်း ဆန်းသစ်တီထ...
17/09/2020

မင်္ဂလာပါရှင့်... mcshop မှ ကြိုဆိုပါတယ်...
ကျမတို့ Admin များအနေဖြင့် များမကြာမီကာလအတွင်း စိတ်ကူးကောင်းကောင်း ဆန်းသစ်တီထွင်မှုများစွာနဲ့ ဖန်တီးထားသော mcshop online shopping website ကို လွှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်... Mobile ကနေလည်း အသုံးပြုလို့ရအောင် လုပ်ပေးသွားမှာပါ... ကျမတို့ Target ထားရာ Customer ... Supplier ... Partner များကိုပါ အကြောင်းကြားပေးသွားပါမယ်... တမူထူးခြားတဲ့ အစီအစဉ်များစွာနဲ့ ကလေးငယ်များ ပညာရေးကိုပါ အထူးဂရုစိုက်ပေးသွားပါမယ်... ချိုသာသောနှုန်းထားများကိုလည်း သတ်မှတ်နေပါတယ်... Complete ပြီးပြည့်စုံတဲ့အချိန်ရောက်ရင် ကျမတို့ အပြင်းအထန် စတင်ပါမယ်... လောလောဆယ် ခဏလေးငြိမ်နေတာကို နားလည်ပေးကြပါရှင့်...
ကျေးဇူးတင်ပါတယ်...

ဒီနည်းလေး စမ်းကြည့်ကြမလား 😜Crd
01/09/2020

ဒီနည်းလေး စမ်းကြည့်ကြမလား 😜

Crd

အိမ်အရောက် ဆိုင်အရောက် ပို့ဆောင်ပေးပါတယ်
06/06/2020

အိမ်အရောက် ဆိုင်အရောက် ပို့ဆောင်ပေးပါတယ်

03/06/2020

M150 -10လုံး1ကဒ် 3600

Love to wear
02/06/2020

Love to wear

၄ခုပါ တစ်စုံ ၁၁,၀၀၀ကျပ်လက်ကားစျေး စုံစမ်းနိုင်ပါသည်
29/05/2020

၄ခုပါ တစ်စုံ ၁၁,၀၀၀ကျပ်
လက်ကားစျေး စုံစမ်းနိုင်ပါသည်

26/05/2020

Please Like & Share
ဖုန်းဘေလ် ကမ်းစမ်းပါမယ် 1K ပြည့်ရင်

ချိုသာစျေးနှုန်းနဲ့ လက်လီ လက်ကား ရပါပြီ
26/05/2020

ချိုသာစျေးနှုန်းနဲ့ လက်လီ လက်ကား ရပါပြီ

"ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဘာနဲ့ကာကွယ်ရသလဲဆိုရင်" ကံဆိုးမိုးမှောင်ကျလာတဲ့အခါ ဖြစ်လာမယ့်အရိပ်အရောင် ရှိပြီဆိုတဲ့ အချိန်မ...
24/05/2020

"ကံဆိုးမိုးမှောင်ကျလာတဲ့အခါ
ဘာနဲ့ကာကွယ်ရသလဲဆိုရင်"

ကံဆိုးမိုးမှောင်ကျလာတဲ့အခါ
ဖြစ်လာမယ့်အရိပ်အရောင်
ရှိပြီဆိုတဲ့ အချိန်မှာ
ဘာနဲ့ကာကွယ်ရသလဲဆိုရင် …

ဘုရားကိုအာရုံပြုပြီး
ဗုဒ္ဓါနုဿတိ ကို ပွားရမယ်။
ဘုရားရဲ့ဂုဏ်တော်တွေကို
အာရုံပြု၊ ကမ္မဌာန်းထိုင်၊
ဂုဏ်တော်တွေကို
နှလုံးသွင်းဆင်ခြင်ပြီး
အချိန်များများ …
မြတ်စွာဘုရားကိုပူဇော်ရမယ်။

လုပ်ပြီးတဲ့အခါ…

ကိုယ်လုပ်တဲ့
ကုသိုလ်ကောင်းမှုကို
ကိုယ်မမြင်ရတဲ့ သတ္တဝါတွေ၊
ကိုယ့်အနီးအပါးမှာရှိတဲ့
အိမ်စောင့်နတ်တွေကို
အမျှအတန်း ပေးဝေရမယ်။

အဲဒီ အမျှအတန်း
ပေးဝေခြင်းအားဖြင့်…
ကိုယ်နဲ့ သူတို့နဲ့က
မိတ်ဆွေဖြစ်သွားတယ်။
ခင်မင်ရင်းနှီးမှုတွေ ရလာတယ်။

မိတ်ဆွေဖြစ်လို့ရှိရင်…
ကိုယ် အန္တရာယ် မရောက်အောင်
သူတို့က ကြည့်ရှုပေးတယ်။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
(Ph.D) ဟောကြား
ရေးသားတော်မူသော
မြတ်ဗုဒ္ဓ၏ ဂုဏ်တော်ကိုးပါး
တရားတော်မှ ကူးယူပူဇော်ပါသည်။

ပြန်လည်မျှဝေခြင်း၊ share ခြင်းဖြင့်
ကုသိုလ်ယူနိုင်ပါသည်။
(ဓမ္မဒါန)

23/05/2020

🎁မကြာမီ လာမည်🎁

23/05/2020

Born on 23.06.2020 3:26PM

မကြာမီ လာမည် မျှော်

🎁🎁🎁🎁🎁

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MC Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MC Shop:

Share