21/05/2026
လုပ်ငန်းတော်တော်များများဟာ ကိုယ့်နိုင်ငံတွင်းမှာတင်မကဘဲ ပြည်ပဈေးကွက်တွေအထိပါ တိုးချဲ့ဖို့ ကြိုးစားလာကြပါတယ်။ အဲဒီအခါမှာ နိုင်ငံတစ်ခုနဲ့တစ်ခု မတူညီတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပါတော့တယ်။ International Business ဘာသာရပ်ဟာ အဲဒီစိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မယ့် "နည်းလမ်း" တစ်ခုကို ပေးနိုင်တာကြောင့် MBA မှာ အရေးပါဆုံး မဟာဗျူဟာမြောက် ဘာသာရပ်ဖြစ်လာရတာပါ။
ဒီဘာသာရပ်ကနေ ဘာတွေ အဓိက လေ့လာခွင့်ရမလဲဆိုရင်... 👀
✨🍃 Cultural Intelligence (မတူကွဲပြားတဲ့ ယဉ်ကျေးမှုကို နားလည်ခြင်း)
စီးပွားရေးမှာ လူမျိုး၊ ဘာသာနဲ့ ယဉ်ကျေးမှုမတူတာဟာ အကြီးမားဆုံး အဟန့်အတား ဖြစ်သွားနိုင်ပါတယ်။ ဥပမာ - ကိုယ့်နိုင်ငံမှာ အဆင်ပြေတဲ့ အရောင်၊ သင်္ကေတ သို့မဟုတ် Marketing အသုံးအနှုန်းက တခြားနိုင်ငံမှာ သွားပြီး အမှားအယွင်း ဖြစ်သွားတာမျိုးပေါ့။ ဒီဘာသာရပ်က နိုင်ငံတကာက Customer တွေရဲ့ စိတ်နေသဘောထားနဲ့ ယဉ်ကျေးမှုကို ပါးနပ်စွာ ချဉ်းကပ်တတ်စေပါတယ်။
✨ 🌍 Global Supply Chain & Logistics (ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု ကွန်ရက်)
ပစ္စည်းတစ်ခုကို ပြည်ပကနေ ဘယ်လိုကုန်ကြမ်းသွင်းမလဲ၊ ကုန်ချောကိုရော နိုင်ငံတကာဈေးကွက်ဆီ ဘယ်လိုစနစ်တကျ သယ်ယူပို့ဆောင်မလဲ (Packaging, Shipping & Logistics) ဆိုတဲ့ ကမ္ဘာ့စီးပွားရေး ရေစီးကြောင်းအိတ်စနစ်တစ်ခုလုံးကို ထဲထဲဝင်ဝင် သိရှိသွားစေပါတယ်။
✨ 🧑⚖️ International Laws & Trade Policies (နိုင်ငံတကာ ဥပဒေနှင့် မူဝါဒများ)
နိုင်ငံအသီးသီးရဲ့ အခွန်မူဝါဒတွေ၊ ပို့ကုန်သွင်းကုန် ဥပဒေတွေနဲ့ ငွေလဲနှုန်း (Exchange Rates) အတက်အကျကြားထဲကနေ လုပ်ငန်းအတွက် အမြတ်အစွန်းအများဆုံးဖြစ်အောင် ဘယ်လို Strategy ဆွဲရမလဲဆိုတာကို သင်ယူရပါတယ်။
✨ 📈Cross-Border Marketing (နယ်စပ်ဖြတ်ကျော် မားကတ်တင်း)
ကိုယ့်ရဲ့ ထုတ်ကုန်ပုံစံ (Packaging Design) ကအစ နိုင်ငံတကာစံနှုန်းနဲ့အညီ ဆွဲဆောင်မှုရှိဖို့ ဘယ်လိုပြင်ဆင်ရမလဲ၊ ကမ္ဘာလုံးဆိုင်ရာ Brand အဖြစ် ဘယ်လိုရပ်တည်မလဲဆိုတာကို လမ်းခင်းပေးပါတယ်
🗺 International Business ဆိုတာ စာအုပ်ကြီးအတိုင်း သင်ရတာထက် ကမ္ဘာ့စီးပွားရေးအမြင်ကို ဖွင့်ပေးတဲ့ ဘာသာရပ်ပါ။ ဒီအသိပညာရှိထားရင် သင့်လုပ်ငန်း သို့မဟုတ် သင့် Career က Local မှာတင် ရပ်တန့်မနေဘဲ တစ်ကမ္ဘာလုံးက အခွင့်အလမ်းတွေကို လှမ်းကိုင်နိုင်မှာ အသေအချာပါပဲ။✨
MBAအတန်းသစ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်း 09259264762 (သို့)
No.16 ၊ Aweiyar Street၊ Yankin Township၊Yangon သို့ အသေးစိတ်လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။