DKL Distribution

DKL Distribution The most trusted partner for your product distribution 👍

Easy Mart warehouse သို့ပို့ဆောင် 👍👍👍
18/01/2024

Easy Mart warehouse သို့ပို့ဆောင်
👍👍👍

တစ်နိုင်ငံလုံးရှိ ကိုဗစ်လူနာစာရင်းမှာ ရန်ကုန်မှ ၇၈ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး သေဆုံးမှုလည်း အများဆုံးဖြစ်~~~~~~~~~~~~~...
08/10/2020

တစ်နိုင်ငံလုံးရှိ ကိုဗစ်လူနာစာရင်းမှာ ရန်ကုန်မှ ၇၈ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး သေဆုံးမှုလည်း အများဆုံးဖြစ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သေဆုံးသူ (၅၁၀)ဦးမှာလည်း ရန်ကုန်က (၄၀၀)ကျော်ပါဝင်နေပါတယ်။

တစ်နိုင်ငံလုံး ကိုဗစ်ပိုးတွေ့လူနာ နှစ်သောင်းကျော်အနက် ရန်ကုန်မှာ တစ်သောင်းခွဲခန့် တွေ့ရှိထားပြီး ပိုးတွေ့လူနာတွေရဲ့ ၇၈ ရာခိုင်နှုန်းအထိဖြစ်နေပါတယ်။

ရန်ကုန်မှာ ပိုးတွေ့လူနာအများဆုံး တွေ့ရှိထားသလို သေဆုံးသူ (၅၁၀) ဦးမှာလည်း ရန်ကုန်က (၄၀၀) ကျော်အထိ ပါဝင်နေပြီး ၉၃ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ရန်ကုန်မှာ လူနေလူထပ်သလို စီးပွါးရေးမြို့တော်လည်းဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပ လူအဝင်အထွက်များစွာရှိတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် အခုလို ကူးစက်မှုများပြားရခြင်းဖြစ်တယ်လို့ ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး အမေး၊အဖြေကဏ္ဍမှာ ကျန်းမာရေးတာဝန်ရှိသူတွေက သုံးသပ်ပြောကြားခဲ့ပါတယ်။

“ရောဂါပိုးရှိတဲ့သူတွေက ရန်ကုန်တိုင်းကို ဝင်ရောက်လာခဲ့ကြသလို ရန်ကုန်နေ ပြည်သူလူထုအနေနဲ့ကလည်း ကိုဗစ်နဲ့ပတ်သက်ပြီး လိုက်နာကာကွယ်မှုအပိုင်းမှာလည်း တော်တော်လေးအားနည်းပါတယ်။ လိုက်နာမှုတွေ အားနည်းနေတဲ့သူတွေကြား ရောဂါပိုး သယ်ဆောင်လာတဲ့လူတွေ ရှိနေတဲ့အချိန်မှာ ရန်ကုန်ရဲ့ မြို့နယ်တစ်ချို့ ကူးစက်မှုကနေစတင်ပြီး လက်ရှိအခြေအနေအထိ ရောက်လာခဲ့တာပဲ” လို့ အငြိမ်းစားဆရာဝန်ကြီး ဒေါက်တာသန်းဝင်းက သုံးသပ်ပြောကြားခဲ့ပါတယ်။

ရောဂါပိုးကူးစက်မှုများနေတဲ့ ရန်ကုန်ကို ထိန်းချုပ်နိုက်ဖို့က ပြည်သူတွေ လုံးဝ အပြင်ထွက်သွားလာတာမျိုးကို လုပ်ဖို့မသင့်တာကြောင့် ရန်ကုန်ကို Stay at Home ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကနဦး သတ်မှတ်ထားတဲ့ Stay at Home ကာလနှစ်ပတ်ကို နောက်ထပ် နှစ်ပတ်ထပ်တိုးလိုက်တဲ့အပေါ်မှာလည်း ပြည်သူတွေ အထူးလိုက်နာကြဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက မေတ္တာရပ်ခံ ပြောကြားခဲ့ကြပါတယ်။

ရန်ကုန်မှာ လူနာတွေအတွက် နေရာလုံလောက်မှုရှိအောင် အစိုးရဆေးရုံတွေကိုလည်း တိုးချဲ့ပြင်ဆင်နေသလို ယာယီဆေးရုံတွေကိုလည်း ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ တစ်နိုင်ငံလုံးရှိ ကိုဗစ်လူနာ (၂၁,၄၃၃) ဦးအနက် ရန်ကုန်မှာ (၁၅,၆၈၂) ဦးအထိ ပါဝင်ပြီး ဒီနေ့ (အောက်တိုဘာ ၇ ရက်) ည ထပ်တိုးလူနာသစ် (၁၄၀၀) ရဲ့ နေရပ်ဒေသတွေကိုတော့ မသိရှိရသေးပါဘူး။


မှကူးယူဝေမျှဖော်ပြပါသည်။

Address

Yangon
11433

Website

Alerts

Be the first to know and let us send you an email when DKL Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share