Shwe Myanmar Family

Shwe Myanmar Family Hlaing Township

-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nip...
26/01/2026

-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�

- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ် - မြန်မာတွေ ဘာတွေသတိထားရမလဲ? 🦇🚨

မင်္ဂလာပါ... ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်း သတင်းတွေမှာ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နီပါ (Nipah Virus) ပြန်တွေ့နေရသလို၊ ထိုင်းနိုင်ငံဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံက ပြည်သူတွေလည်း ကြိုတင်သတိထားနိုင်အောင် ဒီဗိုင်းရပ်စ်အကြောင်းလေး အရေးပေါ် မျှဝေပေးချင်ပါတယ်။

Nipah ဆိုတာက သာမန်တုပ်ကွေးလိုလိုနဲ့ အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒီရောဂါအတွက် အတိအကျ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးသလို၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေး (Vaccine) လည်း ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
သေဆုံးနှုန်းက (၄၀% ကနေ ၇၅%) အထိ မြင့်မားနိုင်တာမို့ လုံးဝပေါ့ဆလို့ မရပါဘူး။

🔍 ဘယ်လိုကူးစက်နိုင်လဲ?
အဓိကကတော့ တိရစ္ဆာန်ကနေ လူကို ကူးစက်တာပါ။

(၁) လင်းနို့များ
လင်းနို့တွေက အသီးမှည့်ရင် အရမ်းကြိုက်ပါတယ်။ သရက်သီး၊ မာလကာသီး စတာတွေပေါ့။
* ❌ အပင်အောက် ပြုတ်ကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။
* ❌ ငှက်ဆိတ်ရာ၊ အကောင်ကိုက်ရာ ပါတဲ့ အသီးဆိုရင် နှမြောပြီး လှီးထုတ်စားတာမျိုး လုံးဝ မလုပ်ပါနဲ့။ တစ်လုံးလုံး လွှင့်ပစ်လိုက်ပါ။ အဲ့ဒီအသီးမှာ လင်းနို့တံတွေးကနေတဆင့် ဗိုင်းရပ်စ်ပါလာနိုင်ပါတယ်။

လင်းနို့တွေက ထန်းရည်အိုးတွေမှာ လာတွဲခိုတတ်သလို၊ အိုးထဲကို အညစ်အကြေးစွန့်တာတွေ ရှိနိုင်ပါတယ်။
* ❌ ထန်းရည်အိုးဖွင့်ထားတာတွေကို သောက်တာက အရမ်းအန္တရာယ်များပါတယ်။

(၂) ရောဂါပိုးရှိတဲ့ ဝက် တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

(၃) ရောဂါပိုးရှိတဲ့ လူနာ ရဲ့ ခန္ဓာကိုယ်အရည် (တံတွေး၊ သွေး၊ ဆီး) နဲ့ အနီးကပ်ထိတွေ့မိရင်လည်း လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

🚨 သတိထားရမည့် လက္ခဏာများ (Symptoms)
ဗိုင်းရပ်စ်ဝင်ပြီး (၄) ရက်ကနေ (၁၄) ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။
1. ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း။
2. ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။
3. အော့အန်ခြင်း၊ လည်ချောင်းနာခြင်း။
4. မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း
5. အရေးကြီးဆုံးအဆင့် - ရောဂါရင့်လာရင် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ဖြစ်လာမယ်။ ခေါင်းမူးဝေမယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ သတိလစ်မလိုဖြစ်မယ်။ ဒီအဆင့်ရောက်ရင် (၂၄) နာရီကနေ (၄၈) နာရီအတွင်း ကိုမာ (Coma) ဝင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

-လောလောဆယ် နီပါဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းကသာ အထိရောက်ဆုံး ကုသမှုပါ။

🛡️ ဘယ်လိုကာကွယ်ကြမလဲ?

✅ (၁) အသီးအနှံများကို သတိထားစားသုံးပါ - အသီးတွေကို ရေစင်စင်ဆေးပြီးမှ စားပါ။ အခွံနွှာစားပါ။ ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝ(လုံးဝ) မစားပါနဲ့။ မြေကြီးပေါ် ကြွေကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။

✅ (၂) လက်သန့်ရှင်းရေး - ဆပ်ပြာနဲ့ ရေကိုသုံးပြီး မကြာခဏ လက်ဆေးပါ။ အထူးသဖြင့် အစားမစာခင်နဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးချိန်မှာ လက်ဆေးပါ။

✅ (၃) ထန်းရည် - ထန်းရည်အိုးတွေမှာ လင်းနို့တွေ လာပြီးတွဲခိုနေတတ်တာကြောင့် သတိထား သောက်သုံးပါ။

✅ (၄) လူနာနှင့် ထိတွေ့မှု - ဖျားနာနေတဲ့လူနာကို ပြုစုရမယ်ဆိုရင် Mask တပ်ပါ၊ လက်အိတ်စွပ်ပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။

ဒီရောဂါက ကုဆေးမရှိပေမယ့် "ဆင်ခြင်မှု" နဲ့ ၁၀၀% ကာကွယ်လို့ ရပါတယ်။

ကျန်းမာရေးသတိ၊ အမျိုးသားသတိ ဆိုသလိုပဲ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ကြပါခင်ဗျာ။

ဒီအကြောင်းအရာလေးကို ကိုယ်ချစ်ရတဲ့ သူတွေလည်း သိရအောင် Share လုပ်ပြီး သတိပေးလိုက်ကြပါဦးနော်။

(Update ဖြစ်သော ကျန်းမာရေးဗဟုသုတများကို နေ့စဉ်ဖတ်ရှုရန် Dr. Ye Page ကို See First လုပ်ထားပါ)

#နီပါဗိုင်းရပ်စ် #ကျန်းမာရေး
#နီပါဗိုင်းရပ်စ် #ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ

ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆော...
19/07/2025

ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

၁၉ ဇူလိုင် မမေ့နိုင်

ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာ...
19/06/2025

ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်
နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪

🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။

🔸အထူးသဖြင့် ... အိမ်ကျဉ်းပြီး အခန်းနည်းရင်
အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။

🔰၂။ air borne ဆိုပေမယ့် တစုံတယောက်က
နှာချေလိုက်မှ အမှုန် droplet လေးတွေက
လေထဲမှာကြာကြာနေတာပါ။

🔹.Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။

🔹.ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊
မျက်စိ၂-လုံးကဘဲဝင်နိုင်တယ်။

🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။

🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာ
ရိုးရိုးမျက်မှန်သုံးပါ။

🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင်၊
မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

🔰.၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။

🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။

🔹.အားမှလျှော်။ မလျှော်လဲ (၅)ရက်ကြာရင်
ပိုးကအလိုလို သေသွားလိမ့်မယ်။

🔰.၆။ အရေးကြီးတာက 👇👇

🔹.အော်ကျယ်ပြောနေတဲ့လူ..

🔹.ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူ..တွေကို
ဝေးဝေးကရှောင်ပါ။

🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်
လဲကိစ္စမရှိဘူး။

🔸 ၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။

🔸.ရွရွလျှောက်ပြေးနေတာမဟုတ်ဘူး။

🔸.သူ့ဖာသာသူကပ်နေတာ။

🔸.ကိုယ်ကလက်နဲ့ယူပြီး နှာခေါင်းနိုက် .မျက်စိပွတ်..
ပါးစပ်နိုက်မှ ..ဝင်ကုန်တာ။

🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹

🔰၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။
🔹.ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာက
အလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက်ပိုကောင်းတယ်။
🔹.ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ်ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။
🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံးကျန်းမာချမ်းသာကြပါစေ။🔹
( ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်shareရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ )

ါမောက္ခဦးသိန်းဝင်း
#အရှင် ဇာဂရ မန်း
Supported by Education Kyaw Kyaw Zin

မြန်မာနိုင်ငံ ရန်ကုန်မြို့တခုတည်းအနေနဲ့ တကျော့ပြန် ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မူ ရှိလာတဲ့ အနေအထားကို တွေ့လာရပါတယ် ။ အိမ်နီး...
27/05/2025

မြန်မာနိုင်ငံ ရန်ကုန်မြို့တခုတည်းအနေနဲ့ တကျော့ပြန် ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မူ ရှိလာတဲ့ အနေ
အထားကို တွေ့လာရပါတယ် ။ အိမ်နီးချင်းနိုင်ငံ
ဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ လအနည်းငယ်
ကတည်းက ကူးစက်မူ တဟုန်ထိုး ထိုးတက်လာ
ခဲ့ပါတယ် ။

၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှု အစီရင်ခံစာအရ -
• ဓာတ်ခွဲနမူနာ ၂,၇၅၄ ခု စစ်ဆေးခဲ့ရာ လူနာသစ်
၆ ဦး (ပိုးတွေ့နှုန်း ၀.၂%) တွေ့ရှိခဲ့။
• ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုခံယူသူ သို့မဟုတ် သေဆုံးသူ တစ်ဦးမျှ မရှိပါ။

⚠️ အကြံပြုချက်များ:
👏 လက်ကို ပုံမှန်ဆေးပါ။
🤧 အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာရှိသူများ နှင့် လူထူထပ်သောနေရာ ရှောင်ပါ။
😷 မဖြစ်မနေသွားရပါက Mask တပ်ပါ။
👵👴 အသက် ၆၀ နှစ်အထက်၊ နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ဝန်ဆောင်များ ကိုဗစ်ကာကွယ်ဆေး ထပ်ထိုးရန် လိုအပ်ပါသည်။

မေတ္တာဖြင့် 🌿
AI INFO TEAM

Ref : MOH

မျိုးဗီဇပြောင်း COVID-19 ကာကွယ်ဆေး၂၀၂၄ - ၂၀၂၅ ကိုဗစ် ကာကွယ်ဆေး များမှာ Omicron မျိုးစိတ်ကနေ ဗီဇပြောင်း လာတဲ့ JN.1  အုပ်စ...
21/05/2025

မျိုးဗီဇပြောင်း COVID-19 ကာကွယ်ဆေး

၂၀၂၄ - ၂၀၂၅ ကိုဗစ် ကာကွယ်ဆေး များမှာ Omicron မျိုးစိတ်ကနေ ဗီဇပြောင်း လာတဲ့ JN.1 အုပ်စုများကို ကာကွယ်ဖို့ရန် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

ဘယ်သူတွေကာကွယ်ဆေးထိုးကိုထိုးသင့်လဲ

• တစ်ကြိမ် တစ်ခါမှ ဆေးထိုးထားခြင်းမရှိသူ
• အသက် ၆၅ နှစ် နှင့် အထက်ရှိသူများ
• နာတာရှည် ရောဂါအခံ တစ်ခုခုရှိသူများ
• ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ

Booster Dose

ကလေးအသက် ၆ လ မှ ၄ နှစ်
၁ ကြိမ်မှ ထိုးထားခြင်း မရှိပါက ဆေးအမျိုးစားပေါ်မူတည်ပြီး Dose ပြည့်အောင် ထိုးပေးထားသင့်ပါသည်။

အသက် ၅ နှစ်မှ ၁၁ နှစ်
၂၀၂၄ -၂၀၂၅ ဗီဇပြောင်း ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ်ထိုးထားသင့်ပါသည်။

အသက် ၁၂ မှ ၆၄ နှစ်
၂၀၂၄ -၂၀၂၅ ဗီဇပြောင်း ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ်ထိုးထားသင့်ပါသည်။

၆၅ နှစ် နှင့် အထက်
၂၀၂၄ -၂၀၂၅ ဗီဇပြောင်း ကိုဗစ်ကာကွယ်ဆေး ၆ လခြားပြီး ၂ ကြိမ်ထိုးထားသင့်ပါသည်။

ခြွင်းချက်
တစ်ကြိမ်တစ်ခါ မှ ကိုဗစ်ကာကွယ်ဆေး မထိုးထားရသေးပါက ဆရာဝန်နှင့် တိိုင်ပင်ပြီး Dose ပြည့်အောင် ထိုးထားသင့်ပါသည်။

ကာကွယ်ဆေးထိုးခြင်းအပြင် ကိုယ်ခံအားကောင်းမွန်စေရန် အောက်ပါအချက်များကိုပါ ဂရုစိုက်ထားသင့်ပါသည်

၁။ အာဟာရစုံလင်မျှတစွာစားပါ။
အသား၊ ငါး ၊ အသီးအရွက် ၊ ဗီတာမင်စီ ဓာတ် ၊ Zinc ဓာတ်နှင့် ဗီတာမင် ဒီ ဖြည့်ထားပါ။
၂။ အိပ်ရေးဝဝ အိပ်ပါ။
၃။ တစ်ရက်လျှင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း မိနစ် ၃၀ ခန့် လုပ်ပါ။
၄။ ရေ တစ်ရက် (၂) လီတာ ခန့် သောက်ပါ။

သင်ကိုယ်တိုင် က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်း စိတ်ရောကိုယ်ပါ ကျန်းမာကြပါစေ

ဒေါက်တာရဲရင့်
အာဟာရအထူးပြု



Reference
https://www.cdc.gov/covid/vaccines/stay-up-to-date.html

ထိုင်းမှာ COVID-19 ကူးစက်ခံရသူ ၃၃,၀၃၀ ဦးအထိ တိုးလာကြောင်း ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြဘန်ကောက်၊ မေလ ၂၀ - ၂၀၂၅ထိုင်းနိုင်...
21/05/2025

ထိုင်းမှာ COVID-19 ကူးစက်ခံရသူ ၃၃,၀၃၀ ဦးအထိ တိုးလာကြောင်း ဘန်ကောက်ပို့စ်သတင်းမှာဖော်ပြ

ဘန်ကောက်၊ မေလ ၂၀ - ၂၀၂၅

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၃၃,၀၃၀ ဦးအထိ တိုးလာခဲ့ပြီး ဘန်ကောက်တစ်မြို့တည်းမှာတောင် ကူးစက်ခံရသူ ၆,၀၀၀ ထက်မနည်း ရှိကြောင်း ရောဂါထိန်းချုပ်ရေးဌာနရဲ့သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းစာက မေလ ၂၀ ရက်၊ ဒီကနေ့ ရေးသားဖော်ပြပါတယ်။

အခု မေလ ၁၁ ရက်မှ ၁၇ ရက်အထိ COVID-19 ကူးစက်ခံရသူ ၃၃,၀၃၀ ရှိကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်ခဲ့တာကြောင့် အရင်ရက်သတ္တပတ်ထက် ကူးစက်ခံရသူအရေအတွက် ၁၆,၀၀၀ ရှိလာတာကြောင့် နှစ်ဆတိုးတယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီအရေအတွက်ထဲမှ ၁,၉၁၈ ဦးကို ဆေးရုံတင်ထားရပြီး နှစ်ဦးကတော့ ဆူခိုထိုင်းနဲ့ ကန်ချနဘူရီပြည်နယ်တို့မှ ဖြစ်ပြီး ရောဂါကြောင့် သေဆုံးခဲ့ပါတယ်။

ဘန်ကောက်မြို့မှာ ဖြစ်ပွားသူအရေအတွက်ဟာ အများဆုံးဖြစ်ပြီး ၆၂၉၀ ဦးအထိရှိနေပါတယ်။ ချောင်ဘူရီပြည်နယ်မှာ ၂,၅၇၃ ဦး၊ ရယောင်းမှာ ၁၆၈၀ ဦး၊ နွန်သဘူရီ ၁,၄၈၂ ဦးနဲ့ စမွတ်ပရာကန် ၁၄၄၂ ဦးတို့ အသီးသီးစာရင်းကောက်ယူထားပါတယ်။

ကူးစက်ခံရသူအများစုဟာ အသက် ၃၀ နဲ့ ၃၉ နှစ်ကြားရှိသူတွေ ဖြစ်ပါတယ်။ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း (ဒါမှမဟုတ်) မောပန်းနွမ်းနယ်ခြင်းစတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာရင် နှာခေါင်းစည်း (mask) တပ်ဖို့ကြနဲ့ ATK စမ်းသပ်ကိရိယာကို ချက်ချင်းအသုံးပြုကြဖို့ အကြံပြုထားပါတယ်။

မအီမသာခံစားရသူတွေအနေနဲ့ “BMA Doctor” လျှောက်လွှာကနေတစ်ဆင့် တယ်လီဆေးဝါးဝန်ဆောင်မှုကို လက်ခံရရှိနိုင်သလို ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေရှိပါက 1646 မှာ MSD hotline ကိုခေါ်ဆိုနိုင်ပါတယ်လို့ ထိုင်းအာဏာပိုင်တွေက နှိုးဆော်ထားပါတယ်။

စာသင်ကျောင်းတွေမှာ ကျောင်းသားငါးဦးထက် ပိုပြီး ကူးစက်ခံရရင် ကျောင်းက ကျန်းမာရေးဌာနကို မဖြစ်မနေ ကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်။

MyanmaPlatform

19 July မမေ့နိုင် ဆိုတဲ့စကားအတိုင်း​ဗိုလ်ချုပ်အောင်ဆန်း နှင့်ကျရှုံးသွားသောအာဇာနည်(၉) ဦး နှင့်ကျရှုံးသွားသောအာဇာနည်များအ...
19/07/2022

19 July မမေ့နိုင် ဆိုတဲ့စကားအတိုင်း

​ဗိုလ်ချုပ်အောင်ဆန်း နှင့်ကျရှုံးသွားသောအာဇာနည်(၉) ဦး နှင့်ကျရှုံးသွားသောအာဇာနည်များအတွက်ဒီလိုကျ
ရှုံးမူဟာ နိုင်ငံနှင့်တိုင်းပြည်လူမျိုးကိုစောင့်ရှောက်မူကြောင့်ဖြစ်ပေါ်လာ
တဲ့အတွက် တန်ဖိုးရှိသောကျရှုံးမူကြီးတစ်ရပ်ဖြစ်သောကြောင့်ဒီလိုနေ့ရက်မျိုးသည်အထူးဝမ်းနည်းရပါကြောင်းနှင့်ကျရှုံးသွားသောအာဇာနည်ခေါင်းဆောင်များအတွက်ကျနော်တို့ Shwe Myanmar Family မှ အထူးပင်ဂါရဝပြုအပ်ပါသည် ❣️

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများကူးစက်ခံရပြီး...
13/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်ပါသည်။

ကိုဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅ Omicron BA.4  and BA.5  ကြားဖြတ် အရေး တကြီး...
11/07/2022

ကိုဗစ် လှိုင်း အသစ် လာ ပြန် ပါ ပြီ
နောက်ဆုံး ပေါ် အိုမီခရွန် ဘီအေ၄ နဲ့ ဘီအေ၅
Omicron BA.4 and BA.5

ကြားဖြတ် အရေး တကြီး ကိုဗစ် လှိုင်း အသစ် ဖြစ် ပေါ် မှု အကြောင်း
သတိ ပေး ရေး ပါရ စေ

အား လုံး သိ ကြတဲ့ အတိုင်း ကိုဗစ် ဒယ်လ်တာ delta ပိုး လှိုင်း ကြောင့် ကမ္ဘာ တဝှမ်း လူ ပေါင်း များ စွာ အသက် ဆုံး ခဲ့ ကြ ရ ပါတယ်

ဒယ်လ်တာ ပြီး တော့ အိုမီခရွန် ဆို ပြီး လှိုင်း တခု ထပ် အ လာ မှာ တော့ ပိုး က အဆ ပေါင်း များစွာ ပိုမို ပြန့် ပွား နိုင် ပေမဲ့ ဒယ်လ်တာ ပိုး လို လူ မသေ ခဲ့ ပါ ဘူး

ကာကွယ် ဆေး တွေ ထိုး ထား ခဲ့ တဲ့ နောက် ပိုင်း အိုမီခရွန် လဲ ညိမ် သွား ခဲ့ ပါ တယ်

အခု အိုမီခရွန် ပိုးသစ် တွေ နဲ့ လှိုင်း အ သစ် တခု လာ ပြန် ပါပြီ

* အိုမီခရွန် ပေါ် စ မှာ ဘီအေ ၁ လို့ နာ မယ် ပေး ခဲ့ ပြီး သူ က ရောဂါ ပိုး ပြန့် တာ အရမ်း မြန်ပေ မဲ့ လူ သိပ် မသေ ခဲ့ ပါ
* ပြီး တော့ ဘီအေ ၂ ပေါ် လာ တယ်
ဘီအေ ၂ က ဘီ အေ ၁ ထက် ပိုး အကူး မြန် ပြီး ပို ဆိုး ပါ တယ်
ခု တော့ ဘီအေ ၁ နဲ့ ၂ က ညိမ် သွား သ လောက် ဖြစ် ပါ ပြီ
* နောက် ဘီအေ ၃ လဲ ခဏ ပေါ် လာ ပြီး သူ က မရှိ သလောက် ရှား ပါ တယ်

* ခု တော့ ဘီအေ ၄ နဲ့ ၅ ပေါ် လာ ပြီး ကာကွယ် ဆေး ၂ လုံး ထိုး ထား သူ တွေ ရော ကိုးဗစ် ဖြစ် ပြီး သူ တွေ ပါ ထပ် ဖြစ် နိင် လို့ သတိ ပေး တဲ့ အ နေ နဲ့ အ မြန် ရေး သား လိုက် ရ ပါ တယ်

ဘီအေ ၄ နဲ့ ၅ က ပေါ် တာ သိပ် မ ကြာ သေး ပါ
ဒီနှစ် ပြီး ခဲ့ တဲ့ ဧပြီ လ က မှ ကမ္ဘာ့ ကျမ်းမာ ရေး အဖွဲ့ WHO က ဘီအေ ၄ နဲ့ ၅ ပိုး တွေ ကို နောက်ရောင် ခံ လိုက် ခဲ့ တာ ပါ
ဘီအေ ၄ ပိုး ကို တောင်အာဖရိက ဘော့စဝါးနား ဒိန်းမတ် စကော့တလန် နဲ့ အင်္ဂလန် တွေ မှာ ဖြစ် နေ တာ တွေ့ ခဲ့ တယ်
ဘီအေ၅ ကို တော့ မေလ ထဲ မှာ ပေါ်တူကီ နိုင်ငံ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ တော့ ဘီအေ၄ ရော ဘီအေ၅ ပါ ယူကေ ခေါ် အင်္ဂလန် နဲ့ ဂျာမဏီ မှာ တွေ့ ခဲ့ တယ်
ဂျွန် လ မှာ ဘဲ ပြင်သစ် မှာ ဘီအေ ၅ ပိုး တွေ တွေ့ တယ်
ဂျွန် ၂၈ရက် မှာ တော့ အမေရိကား မှာ ရောက် နေ ပါ ပြီ
ခု နယူးရောက် နဲ့ ကယ်လီ ဖိုးနီးယား မှာ ဘီအေ၄ ဘီအေ၅ စ ပြန့် နေ ပါ ပြီ
ဘီအေ ၄ နဲ့ ၅ ပေါ် လာ သလို ဘီအေ ၂ က လဲ ဆက် ရှိ နေ ပါတယ်
အမေရိကား မှာ ခုလ ထဲ မှာ
ဘီအေ ၅ က ၅၄%
ဘီအေ ၂ က ၂၇%
ဘီအေ ၄ က ၁၇%
ဖြစ်တာတွေ့ ရ ပါတယ်

အာရှ မှာ လဲ ယိုးဒယား နဲ့ မလေးရှား မှာ ပြန့် နေ ပြန် ပါ ပြီ

မြန်မာပြည် ကို လဲ ဘီအေ၄ နဲ့ ၅ မကြာမှိ လာ ပါ တော့ မယ်

ကာကွယ် ဆေး ၂ လုံး ထိုး ထား သူများ
အရင် ရော ဂါ ဖြစ် ပြီးသူ များ လဲ ကူး နိုင် ပါသည်

ဘယ် လို ကာ ကွယ် မ လဲ ဆို တာ ကမ္ဘာ မှာ အဖြေ ရှာ နေ ပါ တယ်
ကာကွယ် ဆေး တတိယ တ လုံး အပြင် စတ္တုထ တလုံး ထိုး ရင် ရ မ လား?
သေခြာ တာ က တော့
မတ် mask ပြန်တတ်
လူ များ တဲ့ နေရာ မလို အပ်ရင် ရှောင် ပါ
လက်ဆေး ပါ
အရက် ပျံ ပွတ်

ဘီအေ၄ နဲ့ ၅ က ထူးခြား တဲ့ ရောဂါ လက္ခဏာ အသစ် တွေ ခု ထိ တော့ မတွေ့ ပါ
ဖြစ် တာ လဲ မကြာ သေး တော့ သိပ် မသိ ကြ သေး ပါ

နှာဆေး နှာခြေ
နှာရည်ယို
ချောင်းဆိုး
လည် ချောင်း နာ
ခေါင်းကိုက်
ကိုယ် လက် ကိုက်
လူနှုံး
နေမကောင်း

လူ အသေအပျောက် ဘယ် လောက် ထိ ဖြစ် နိုင် တယ် ဆို တာ က လဲ ပြော ဖို့ စော လွန်း ပါသေး ကြောင်း ပါ

အားလုံး ကိုဗစ် သတိ ရှိ ကြ ပါစေ



"

'မျောက်ကျောက်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ'===========================၁ -တိရစ္ဆာန်တွေကိုအကာအကွယ်မပါဘဲကိ...
26/05/2022

'မျောက်ကျောက်ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ'
===========================
၁ -တိရစ္ဆာန်တွေကိုအကာအကွယ်မပါဘဲကိုင်တွယ်ခြင်းမလုပ်ပါနဲ့။

၂- ဖျားနာသေဆုံးနေတဲ့သတ္တဝါတွေကိုအထူးရှောင်ပါ။

၃- ရောဂါပိုးရှိသည်ဟုသံသယရှိသောတိရစ္ဆာန်တွေကို သီးခြားခွဲထားပါ ။

၄- တကိုယ်ရေသန့်ရှင်းရေးနေ့စဉ်ပြုလုပ်ပါ။

၅- လက်ကို ဆပ်ပြာနဲ့မကြာခဏဆေးပါ။
(သို့) လက်သန့်ဆေးရည် သုံးပါ။

၆- သင့်ခန္ဓာကိုယ်ကို အကာအကွယ်အသုံးပြုပါ။

- မျောက်ကျောက်ရောဂါ ပိုးကူးစက်ခံရလျှင် ပြလာတတ်တဲ့လက္ခဏာများ

ကျောက်ရောဂါနဲ့ ပုံစံခြင်းတူပါတယ်။

ထိုရောဂါ ကူးစက်ခံရပြီး (၇)ရက်မှ (၁၄)ရက်အတွင်း- ရောဂါလက္ခဏာပြနှိုင်သလို ရောဂါကူးစက်ခံရပြီး (၅)ရက်မှ(၂၁)ရက်အတွင်း ရောဂါလက္ခဏာပြတာမျိုးလည်းရှိတတ်ပါတယ်။ထိုရောဂါ ကူးစက်ခံပြီဆိုရင် ဖြစ်လာတတ်တဲ့ ရောဂါလက္ခဏာများကတော့

၁- အဖျားဝင်ခြင်း၊

၂- ခေါင်းကိုက်ပြီး အဆစ်အမြစ်တွေနာလာခြင်း၊

၃- ခြေကုန်လက်ပန်းကျပြီး ရင်တုန်မောပန်းလာခြင်း
အဖျားဝင်ပြီး (၁)ရက်မှ (၃)ရက်အတွင်း အဖု အပိတ်တွေ စထွက်လာခြင်း၊

ထိုအဖုအပိတ်တွေဟာ ပထမ မျက်နှာမှတဆင့် ခန္ဓာကိုယ်သို့ တဖြည်းဖြည်း ပြန့်သွားပါမယ်၊

နောက်ထပ် အသားအရေအရောင်ပါပြောင်းလာပါတယ်၊

အနာစက်တွေထွက်လာခြင်း။
အရေကြည်ဖုတွေထွက်လာခြင်း၊

ပြည်တည်နာ ပုံစံလို အနာများထွက်လာခြင်း။

ထို မျောက်ကျောက်ရောဂါကို ၁၄-ရက်မှ ၁-လ နီးပါးအထိခံစားရပါတယ်၊

ထို့နောက် တဖြည်းဖြည်းပြန်လည်သက်သာသွားပါတယ်။ တခြားနိုင်ငံတွေမှာတော့ သေဆုံးမှုနည်းပါးသည်ဟု သိရပါတယ်ခင်ဗျာ ။

အားလုံးရောဂါဘယကင်းရှင်းကြပါစေ
Credit
Drစည်သူထင်လတ်

Address

No. (13). Pyinnyar(1)st. (13)Qtr. Hlaing Township
Yangon

Telephone

+959777776354

Website

Alerts

Be the first to know and let us send you an email when Shwe Myanmar Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share