OK Rice and Oil Sales Center

OK Rice and Oil Sales Center အိုကေ ဆန်၊ဆီ လက်လီ လက္ကားရောင်းဝယ်ရ? မင်္ဂလာပါ အိုကေ မှ နွေးထွေးစွာကြိုဆိုပါတယ်။

Walk for peace    ငါတို့အသက်ရူနေတာမေ့နေကြတယ်  ဗုဒ္ဓဘာသာဘုန်းကြီးများ၏ Usa အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်ကနေ ဝါရှင်တန်ဒီစီ...
12/02/2026

Walk for peace
ငါတို့အသက်ရူနေတာမေ့နေကြတယ်
ဗုဒ္ဓဘာသာဘုန်းကြီးများ၏ Usa အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်ကနေ ဝါရှင်တန်ဒီစီထိ့ မိုင်ပေါင်း၂၃၀၀ ကျော် ငြိမ်းချမ်းရေးခရီးရှည်လမ်းလျှောက်ချိတက်ပွဲကြီး အောင်မြင်စွာပြီးဆုံးပါပြိ
အဲဒိမှာ ဦးဆောင်ဆရာတော် တရားဟောသွားတဲ့အထဲက ကမ္ဘာကြီးကလူတိုင်းဘာသာတိုင်းနှင့်ဆိုင်တဲ့ အလင်းလေးတစ်ခုပြသွားပေးပါတယ်
"လူတိုင်းလိုခြင်နေတဲ့ ငြိမ်းချမ်းအေးချမ်းဘို့အတွက် အရမ်းမခက်ခဲပါဘူး မိမိကိုယ်ထဲက စိတ်ထဲက သဏ္ဌာန်တွေကို အရင်ပြုပြင်စယ်ကြယ်ရမယ်လို့ဆရာတော်ကအလင်းပေးပါတယ်
ကမ္ဘာကြီးမှာလူတွေအားလုံးရုန်းကန်လှုပ်ရှားနေကြတာ စိတ်ရောလူရောမောပန်းနွမ်းနေကြတယ် အသက်ရှုနေကြတာမေ့နေကြပြီး ငြိမ်းချမ်းမှုကိုမရကြဘူး
ငြိမ်းချမ်းဘို့အတွက် မိမိကိုယ်ကို အရင်ချစ်ပါ အသက်ရှင်ဘို့အတွက် အသက်ရှုနေတာလေးတွေ ခနလေး မှတ်ပေးပါတဲ့ ဝင်လေထွတ်လေသတိ့လေးတွေကပ်ပါ သတိ့လေးတွေကပ်မိ့လာရင် မိမိကိုယ်တိုင် ငြိမ်းချမ်းလာမယ် မိသားစုတွေလည်းငြိမ်းချမ်းလာမယ် ကမ္ဘာကြီးလည်းငြိမ်းချမ်းလာပါမယ်တဲ့
ရုန်းကန်လှုပ်လျှားဖိ့အားတွေကြောင့် ငါတို့အသက်ရှူနေတာ့မေ့နေကြတယ် ငါတို့အသက်ရူနေတာမမေ့အောင်မှတ်ဘို့လိုနေပြိလား?
သင်ခန်းစာအကြီးကြီးရသွားတယ် အလင်းရောင်အကြီးကြီး မြင်လိုက်ရတယ်ထင်မိ့လား?

ကြည့်ရှောင် သတိ့ထား သေနတ်မပစ်သေးလဲ ရွှေတုံး ဒေါ်လာအုပ်တွေနှင့် ပစ်နေတဲ့ကြားမှာနော်photo : crd
03/02/2026

ကြည့်ရှောင် သတိ့ထား
သေနတ်မပစ်သေးလဲ ရွှေတုံး ဒေါ်လာအုပ်တွေနှင့် ပစ်နေတဲ့ကြားမှာနော်
photo : crd

22/01/2026

ဝမ်းမြောက်စွာကြိုဆိုပါတယ် စက်မှုလုပ်ငန်းတွေအတွက်တော့ ဈေးအရမ်းကြီးနေတဲ့မြေဈေးကြောင့် အခက်ခဲတစ်ခုကျော်ဖြတ်နိုင်ဘို့ လမ်းပွင့်သွားစေပါတယ်
ဈေးမိုထိုးနေသော အိမ်ခြံမြေကိစ္စလည်း တိုးချဲ့ချထားလမ်းဖွင့်ပေးနိုင်ကြပါစေ
*အခြားနည်းသုံးစွဲခွင့် *လျှောက်ထားပြီးဖြစ်သော လယ်/ယာမြေကို စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း
လျှောက်ထားပြီးဖြစ်သော အခြားနည်းသုံးစွဲခွင့်များကိုလည်း အပြိးပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
၂၁.၁.၂၆ MRTV ည၈နာရိသတင်း

📣 ရွှေဘိုပေါ်ဆန်းနှင့်မခြား ခွဲခြားဘို့ခက်တဲ့ 🌹ပုသိမ် ဧရာရွှေဘို OK မှာရပါပြီ 🌹    💐ဈေးနူန်းကတော့ ရွှေဘိုပေါ်ဆန်းထက် ၅၀၀...
21/01/2026

📣 ရွှေဘိုပေါ်ဆန်းနှင့်မခြား ခွဲခြားဘို့ခက်တဲ့

🌹ပုသိမ် ဧရာရွှေဘို OK မှာရပါပြီ 🌹

💐ဈေးနူန်းကတော့ ရွှေဘိုပေါ်ဆန်းထက် ၅၀၀၀၀ ကျပ် အထက်ဈေးသက်သာပါတယ်
ဆန်လည်းမကွာ ထမင်းလည်းသိပ်မကွာပါဘူး ဒါ့ကြောင့်ပိုငွေကို အခြားလိုအပ်တာသုံးပစ်လိုက်ပါ
ပေါ်ဦးပေါ်ဖျားဘဲ ရနိုင်လို့ အမြန်လာအားပေးကြပါနော်
တစ်နှစ်စာဝမ်းစာဘဲဖြည့်ဖြည့်
လှူဖို့ဘဲဖြစ်ဖြစ်
လက်ဆောင်ပေးဘို့ဘဲဖြစ်ဖြစ်
🌺OK ဧရာရွှေဘိုရှိပါတယ်
phone : 09425379268
09425379294

၄.၁.၂၀၂၆ ဇန်နဝါရီလတွင်ကျရောက်သော  🦚၇၈ နှစ်မြောက် မြန်မာနိုင်ငံလွပ်လပ်ရေးနေ့ 🦚ကို   “လှိုက်လှဲဝမ်းမြောက်စွာ”ဂုဏ်ပြုကြိုဆိ...
04/01/2026

၄.၁.၂၀၂၆ ဇန်နဝါရီလတွင်ကျရောက်သော
🦚၇၈ နှစ်မြောက် မြန်မာနိုင်ငံလွပ်လပ်ရေးနေ့ 🦚ကို
“လှိုက်လှဲဝမ်းမြောက်စွာ”ဂုဏ်ပြုကြိုဆိုပါသည်
🌷ကမ္ဘာ့အလည်မှာ ခေတ်မှိဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသာယာသော မြန်မာနိုင်ငံတော်ကြီး မနှေးအမြန်ဖြစ်ပါစေလို့
⭐OK ဆန်၊ဆီနှင့်ဆန်စက်လုပ်ငန်းမိသားစုမှဆုတောင်းအပ်ပါသည်
Photo::card

🌟မင်္ဂလာပါ ၂၀၂၆🌟    🎄🔔HAPPY NEW YEAR 2026🔔🎄 နှစ်သစ်ကူးပြောင်းချိန်မှစပြီး သင်နှင့်အတူ မိသားစုများအားလုံးတို့သည် နှစ်သစ်မ...
01/01/2026

🌟မင်္ဂလာပါ ၂၀၂၆🌟
🎄🔔HAPPY NEW YEAR 2026🔔🎄
နှစ်သစ်ကူးပြောင်းချိန်မှစပြီး သင်နှင့်အတူ မိသားစုများအားလုံးတို့သည် နှစ်သစ်မှာ
🪷မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ
🪷ကိုယ်စိတ်နှစ်ဖျာ ကျန်းမာချမ်းသာကြ
ပါစေ
🪷စီးပွားဥစ္စာဒီရေအလားတိုးပွားကြပါစေ
🪷ကပ်ကြီးသုံးပါးဘေးအန္တရာယ်ဟူသမျှ
တို့လည်းကင်းငြိမ်းကြပါစေလို့
OK ဆန်၊ဆီရောင်းဝယ်ရေးနှင့်ဆန်စက်လုပ်ငန်းမိသားစုမှဆုမွန်ကောင်းပို့သအပ်ပါသည်

🌲Merry Christmas To You All🌲  🌹ခရစ်ယာန် ဘာသာဝင်များ၏ မြတ်သောခရစ်စမတ်နေ့မှ စပြီး မြန်မာနိုင်ငံသူ နိုင်ငံသား ကမ္ဘာသူကမ္ဘာသ...
24/12/2025

🌲Merry Christmas To You All🌲
🌹ခရစ်ယာန် ဘာသာဝင်များ၏ မြတ်သောခရစ်စမတ်နေ့မှ စပြီး မြန်မာနိုင်ငံသူ နိုင်ငံသား ကမ္ဘာသူကမ္ဘာသားများအားလုံး
🌹စိတ်လည်းချမ်းသာ ကိုယ်ကျန်းမာကြပါစေ
🌹စီးပွားဥစ္စာဒီရေအလားတိုးတက်ကြပါစေ
🪻ဘယဘေးအန္တရာယ်အပေါင်းလည်းကင်းငြိမ်းချမ်းသာကြပါစေ
🌻OK ဆန်၊ဆီ၊ဆန်စက်နှင့် အထွေထွေရောင်းဝယ်ရေးမိသားစုမှ ဆုမွန်ကောင်းပို့သအပ်ပါသည်

23/12/2025

အမေရိကန်ဒေါ်လာ/ မြန်မာကျပ် ငွေလဲနူန်း ပြုတ်ကျဆင်း
USD/MMK exchange rate
4000 ကျပ် အောက် တစ်ဖန် ပြန်ကျသွားပါပြိ
ဒိတစ်ခါ ၄၀၀၀ ကျပ် အောက်ဆင်းခြင်းက ပြန်ဖောက်တက်ဘို့ ခက်မယ်လို့ယူဆနေကြပါတယ် စောင့်ကြည့်ကြပါစို့
ဒေါ်လာဈေးကျဆင်းသွားခြင်းသာ သိစေရန်ပါ အခြားအကြောင်းအရာများမသိ့ပါ

မင်္ဂလာပါ သူတော်ကောင်းတို့                ၄.၁၁.၂၀၂၅ ရက်နေ့ 🙏သာမညဖလ အခါတော်နေ့ 🙏         🌹တန်ဆောင်မုန်းလပြည့်နေ့🌹     ကုသ...
04/11/2025

မင်္ဂလာပါ သူတော်ကောင်းတို့
၄.၁၁.၂၀၂၅ ရက်နေ့
🙏သာမညဖလ အခါတော်နေ့ 🙏
🌹တန်ဆောင်မုန်းလပြည့်နေ့🌹
ကုသိုလ်ပြုရန် နှိုးဆော်အပ်ပါ၏
🌼🌼🙏🙏🙏🌼🌼
တန်ဆောင်မုန်း လပြည့်နေ့တွင် မြတ်စွာဘုရားက အဇာတသတ်မင်းအား သာမည ဖလသုတ္တန်ကို ဟောကြားတော် မူသောကြောင့် ဤနေ့တိုင်းတွင် သာမည ဖလ အခါတော်နေ့ အထိမ်းအမှတ်ကိုကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါသည်။

၁။ သာမည ဖလ ဆိုသည်မှာ ရဟန်းပြုရခြင်း၏ အကျိုးဟုအဓိပ္ပာယ် ရပါသည်။

၂။ ရဟန်း ပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ ဤနေ့ကိုသံဃာတော်များ၏နေ့ဟု ခေါ်ဆိုနိုင်ပါသည်။

၃။ သာမည ဖလသုတ်သည် ဒီဃနိကာယ် သီလခန္ဓ၀ဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

၄။ သာမည ဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ်ဖြစ်၍ ကိုယ်ကျင့်သီလရှိသည် မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

၅။ သာမည ဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤ သုတ္တန်ဖြင့် ချိန်ကိုက် ကြည့်နိုင်ပါသည်။

၆။ အဇာတသတ်မင်းသားသည် ဒေ၀ဒတ်ကိုဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူဗိမ္မိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာစွဲကပ်ခဲ့ပါသည်။

၇။ ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆ယောက်တို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း (သာမညဖလ) ၏အကျိုးကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သောအဖြေကို မရရှိခဲ့ပါ။

၈။ နောက်ဆုံး သမားတော်ကြီးဇီ၀က၏ အကြံပေးချက်အရ ရာဇဂြိုဟ်မြို့အနီး ဇီ၀ကလှူထားသော သရက်ဥယျာဉ်တော်၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံ သွားရောက်လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်း ပြုခြင်းအကျိုး (သာမညဖလ)ကို သိရှိရပါတော့သည်။

၉။ အဇာတသတ်မင်းသည် သာမညဖလသုတ်တော်ကို ကြားနာရသည့်အချိန်မှ စပြီး ဗုဒ္ဓသာသနာတော်ကို သက်၀င်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

၁၀။ အဇာတသတ်မင်းသည် သာမညဖလသုတ် တရားတော်ကို ကြားနာရ၍ သူ့အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျရောက်တော့ဘဲ အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီ ငရဲ၌သာကျရောက်ပြီးနောင်သောအခါ ဝိဇိတာဝီမည်သော ပစ်စကေဗုဒ်ဓါဖွဈ၍ ကျွတ်တမ်း၀င်ရပါလိမ့်မည်။

၁၁။ ဤနေ့တွင်ဟောကြားသော သာမညဖလသုတ်တော်ကြောင့် အဇာတသတ်မင်းတရားသည် ပထမသင်္ဂါယနာတင်မင်းတရား အဖြစ်ခံယူခဲ့ခြင်း၊ မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊ ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြု လုပ်ငန်းကြီးသုံးရပ်ကိုလည်း လုပ်ဆောင်သွားခဲ့ခြင်းတို့မှာ ဗုဒ္ဓဘာသာ၀င်များအတွက် ကျေးဇူး ကြီးလှပါသည်။

၁၂။ ပိဋကတ်တော်များ မပျက်စီးရအောင် သင်္ဂါယနာ အဆက်ဆက်တင်၍ ယနေ့ထက်တိုင် ထိန်းသိမ်းထားနိုင်ခြင်းမှာအဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါသည်။

၁၃။ အဇာတသတ်မင်း စုဆောင်းထားသော ဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်းရှစ်သောင်းလေးထောင် တည်ထား၍ သာသနာ ပြုခဲ့သောကြောင့် နှောင်းခေတ် ဗုဒ္ဓဘာသာ၀င်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

၁၄။ ဗုဒ္ဓဘာသာ၀င်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့် ရရှိနေသည်မှာ အဇာတသတ်မင်း၏ ကျေးဇူးနှင့်သာမညဖလသုတ်တော်တို့ ၏ အကျိုးဆက်ဟု ဆိုနိုင်ပါသည်။

သာသနာရေး ၀နျကွီးဌာန၊ သာသနာရေးဦးစီးဌာန၊ နိုင်ငံတော် ပိဋကတ်တိုက်စာကြည့်တိုက်မှူး ဘဒန္တ ပညာသာမိ
(မာဂဓီ- သာစည်) ဆရာတော်ရေးသားပြုစုတော်မူသော အခါတော်နေ့များ စာအုပ်မှ ကူးယူဖော်ပြ ပါသည်။.................................................

သာမည ဖလ = ရဟန်းပြုခြင်း၏ အကျိုးကျေးဇူးတွေကတော့
********************************************

၁။ မင်းခစားဘဝနှင့် မင်းပြစ် မင်းဒဏ်မှ လွတ်ကင်းခြင်း အကျိုး။

၂။ အခွန်ထမ်းဆောင်မှု မှ လွတ်ကင်းခြင်း အကျိုး။

၃။ ပါတိမောက္ခ သံဝရသီလ နှင့် ပြည့်စုံသဖြင့် အပါယ်ဘေးမှ ကင်းဝေးခြင်း အကျိုး။

၄။ ဒုစရိုက်ကို ရှောင်သဖြင့် ဒုစရိုက် ဒုက္ခ မှ ကင်းလွတ်၍ စူဠ သီလ နှင့်ပြည့်စုံ ခြင်း အကျိုး။

၅။ ပွဲသဘင် အမျိုးမျိုး၊ ကစားပွဲ အမျိုးမျိုး မကောင်းသောစကားအမျိုးမျိုး တို့မှ ရှောင်ကြဉ် သဖြင့် ထိုဒုက္ခများမှ ကင်းလွတ်၍ မဇ္စျိမ သီလနှင့်ပြည့်စုံခြင်း အကျိုး ။

၆။ နက္ခတ်ဗေဒင် ၊ယတြာ လက္ခဏာ ဆေးကုခြင်း စသည်တို့မှ ရှောင်ကြဉ်သဖြင့် အာဇီဝ ပါရိသုဒ္ဓိ သီလ နှင့် ညီညွတ်၍ မဟာသီလနှင့် ပြည့်စုံခြင်းအကျိုး ။

၇။ ဣနြေ္ဒ ၆ပါး ၌ အကုသိုလ် မဖြစ်အောင် စောင့်စည်းနိုင်ခြင်း အကျိုး။ (ဤ သည်တို့ကား အခြေခံ သီလများဖြစ်ပါသည်)။

၈။ သတိ နှင့် ပြည့်စုံခြင်း အကျိုး။

၉။ သမ္ပဇဉ် (ဆင်ခြင်တုံ ) တရားနှင့်ပြည့်စုံခြင်း အကျိုး။

၁၀။ သန္တောသ ( ရောင့်ရဲခြင်း) အကျိုး။

အခြေခံသီလ ၊သတိ သမ္ပဇဉ် ၊ သန္တုဋ္ဌီ တရားများနှင့် ပြည့်စုံသော ရဟန်းသည် သမထ ဝိပဿနာ တရားကို ဆက်လက်အားထုတ်ပါက အေက်ပါ အကျိုး များကို လက်တွေ့ ခံစားရရှိနိုင်ပါသေးတယ်။

၁၁။ နီဝရဏ ငါးပါးမှ လွတ်ကင်းခြင်း အကျိုး

၁၂။ စျာန်တရား ရနိုင်ခြင်း အကျိုး

၁၃။ ဝိဇ္ဇာ ရှစ်ပါး နှင့် ပြည့်စုံ၍ မဂ် ဖိုလ် ရနိုင်ခြင်း အကျိုး။

သောတုဇန
crd:: မြတ်ဗုဒ္ဓ၏သာသနာ

🪷Happy Diwali🪷မင်္ဂလာအပေါင်းနှင့် ပြည်စုံခညောင်းကြပါစေ    ဟိန္ဒူဘာသာဝင်များ၏ဒေပါဝလီ နေ့မှစပြီး ကမ္ဘာသူကမ္ဘာသားအားလုံး ကျ...
20/10/2025

🪷Happy Diwali🪷
မင်္ဂလာအပေါင်းနှင့် ပြည်စုံခညောင်းကြပါစေ
ဟိန္ဒူဘာသာဝင်များ၏ဒေပါဝလီ နေ့မှစပြီး ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာကြပါစေ စီးပွားဥစ္စာဒီရေအလားတိုးတက်ကြပါစေ

၁၀.၁၀.၂၀၂၅   🌲အလှုများထဲတွင် တရားအလှုသည် အမြတ်ဆုံးတည်း🌲  မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော ခုဒ္ဒကနိကာယ် သုတ္ထနိပါတ်...
11/10/2025

၁၀.၁၀.၂၀၂၅
🌲အလှုများထဲတွင် တရားအလှုသည် အမြတ်ဆုံးတည်း🌲
မဟာစည်ဆရာတော်ဘုရားကြီးဟောကြားတော်မူသော ခုဒ္ဒကနိကာယ် သုတ္ထနိပါတ်ပါဠိတော် ပါရာယနဝဂ်⭐အဇိတသုတ်⭐ တရားတော်စာအုပ် ကို
စဉ်စဉ်မပြတ် ပြန်လည်ပုံနှိပ်ရိုတ်ဝေရန်အတွက် ငွေကျပ် ၆၀၉၂၀၀ဝိ/ ခြောက်ဆယ်သိန်းကိုးသောင်းနှစ်ထောင်ကျပ်ကို
🌼(ဦးငြိမ်း)+ အဂ္ဂမဟာသိရိသုဓမ္မသိင်္ဂီ ဒေါ်အုန်းကြင် OK ဆန်၊ဆီရောင်းဝယ်ရေး နှင့် ဆန်စက်လုပ်ငန်း သားသမီးမြေးမြစ် မိသားစုမှလှုဒန်းပူဇော်ပါသည်
🙏၃၁ ဘုံကျင်လည်ကြကုန်သောဝေနေယျအားလုံး ကုသိုလ် ထပ်တူရကြပါစေအမျှဝေပါသည်
မဟာစည်ဆရာတော်ဘုရား၏
"အဇိတ"သုတ်တရားတော်အားအနည်းငယ်ရှင်းပြပါသည်

🪷မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့သော **အဇိတသုတ်** သည် မဇ္ဈိမနိကာယ်၊ သုတ္တန္တပိဋက၌ ပါရှိသည့် သုတ္တန်တစ်ခုဖြစ်ပြီး၊ လောက၌ ဖြစ်ပေါ်နေသော အယူအဆများ၊ တဏှာနှင့် ဒိဋ္ဌိများကို ဖြိုခွင်းကာ **အမှန်တရားသစ္စာ**ကို ညွှန်ပြသည့် တရားတော်ဖြစ်ပါသည်။

# # # **အဇိတသုတ်၏ အဓိကအချက်များ**
၁. **"အဇိတ"** ဆိုသည်မှာ "မအိုနိုင်သောသူ" (သို့) "သစ္စာတရားကို သိမြင်ပြီး တဏှာ၊ ဒိဋ္ဌိ ကင်းသူ" ဟု အဓိပ္ပာယ်ရပါသည်။
၂. ဤသုတ်တွင် **"သစ္စာလေးပါး"**၊ **"အနိစ္စ"**၊ **"ဒုက္ခ"**၊ **"အနတ္တ"** တို့ကို နက်နက်ရှိုင်းရှိုင်း ဟောကြားထားပါသည်။
၃. လောကီအယူများ (ဥပမာ - အတ္တအယူ၊ ဗြဟ္မာအယူ) တို့ကို စွန့်လွှတ်ပြီး **ဝိပဿနာဉာဏ်ဖြင့် မြင်အောင်ကြည့်ရန်** ဆုံးမထားပါသည်။

# # # **မဟာစည်ဆရာတော်၏ ရှင်းလင်းချက်**
မဟာစည်ဆရာတော်ဘုရားကြီးက အဇိတသုတ်ကို ဟောကြားရာတွင် -
- **တဏှာ၊ ဒိဋ္ဌိတို့၏ ဆင်းရဲမှု**ကို သိရှိအောင် ဉာဏ်ဖြင့် မြင်စေခြင်း၊
- **သစ္စာတရားကို သိမြင်ပါက ဘဝသံသရာမှ လွတ်မြောက်နိုင်ကြောင်း** ညွှန်ပြခြင်း၊
- **သတိပဋ္ဌာန်၊ ဝိပဿနာတို့ဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တကို ပိုင်ပိုင်နိုင်နိုင် ရှုမြင်နည်း**ကို သင်ကြားပေးထားပါသည်။

# # # **အကျဉ်းချုပ်**
အဇိတသုတ်သည် **အမှန်တရားကို ရှာဖွေသူများ**အတွက် လမ်းညွှန်ဖြစ်ပြီး၊ မဟာစည်ဆရာတော်ဘုရားကြီး၏ တရားတော်များတွင် ဝိပဿနာဉာဏ်ရရှိရန် အထောက်အကူပြုသော သုတ္တန်တစ်ခုလည်းဖြစ်ပါသည်။

ဤသုတ်ကို နက်နက်နဲနဲလေ့လာလိုပါက **မဟာစည်ဆရာတော်၏ တရားတော်များ** (စာအုပ်/အသံသွင်း) ကို နာယူဖတ်ရှုနိုင်ပါသည်။

*(မှတ်ချက် - အဇိတသုတ်သည် မြတ်စွာဘုရား၏ မူရင်းဟောကြားချက်ဖြစ်ပြီး၊ မဟာစည်ဆရာတော်က ခေတ်အခါနှင့်လျော်ညီစွာ ရှင်းလင်းဟောကြားခြင်းဖြစ်သည်။)*
source:: DeppSeek AI မှ အဇိတ တရားအကျဉ်းရှာဖွေပေးပါသည်

sou

08/10/2025

ကမ္ဘာ့ရွှေထိပ်စီးပြောင်း
စံချိန်သစ်တစ်ခုပြီးတစ်ခုချိူးဖြတ်နေ
World gold ကမ္ဘာ့ရွှေ တစ်အောင်စ $4000 တန်းကိုဖောက်တက်သွားပါပြိ
now! WG $4006
$၄၉၀၀ တန်းကိုသွားတော့မလား

Address

Za/41, Kantkaw Street, Bayintnaung Market, Mayangone Township
Yangon
V474+M7YANGON

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 16:00

Telephone

+959425379268

Alerts

Be the first to know and let us send you an email when OK Rice and Oil Sales Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to OK Rice and Oil Sales Center:

Share