12/07/2022
🙏 မင်္ဂလာနံနက်ခင်းလေးပါ🙏
မင်္ဂလာပါ သူတော်ကောင်းတို့
🙏🌹🙏🌹🙏🌹
🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏
“ ဝါဆိုလပြည့်နေ့ “ ၏ ထူးခြားချက်များ
*************************************
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက်
ဝါဆိုလပြည့်နေ့သည် -🌹
၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၂။ ဂေါတမဘုရားလောင်း
တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း၊🌹
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍
ထူးခြားခြင်း၊🌹
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊🌹
ဟူ၍ဖြစ်ပါသည်။
#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့
သ စ္စာ ဂ ဝေ သီ
မြတ်ဗုဒ္ဓ၏သာသနာ page