The Lab

Directions Website Contact the business

The Lab မြန်မာ့လုပ်ငန်းငယ်များ ရှင်သန်အောင်မြင်ရန် ပံ့ပိုးကူညီ
Helping small businesses in Myanmar thrive

The Lab သည် Yever ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် လုပ်ငန်းငယ်များ အောင်မြင်ရှင်သန်နိုင်ရေးအတွက် နှစ်ဉီးနှစ်ဖက်ကြား သတ်မှတ်ထားသည့် သတ်မှတ်ချက်များ ဖြင့် အခမဲ့ ကူညီပံ့ပိုး‌ပေးခြင်း (pro-bono) နှင့် သတ်မှတ်ထားသည့် နှုန်းထားထက်သက်သာသည့် စျေးနှုန်းဖြင့် ကူညီ ပံ့ပိုးပေးခြင်း (low-bono) အစရှိသည့် အခြေပြုူများဖြင့် စီးပွားရေးအကြံ ပေးများက အထူးစီးပွားရေးအကြံပေးဝန်ဆောင်မှုများ ကို ထောက်ပံ့ပေးအပ်လျက် ရှိပါသည်။

The Lab ၏ရည်ရွယ်ချက်သည် လုပ်ငန်းနယ်ပယ် အတွင်း နောက်ကျကျန်လျက် ရှိနေသည့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ ကို ကူညီပံ့ပိုး ပေးရန် ဖြစ်ပြီး အသေးငယ်ဆုံးသော စီးပွားရေးလုပ်ငန်းများအထိ ၎င်းတို့လိုအပ်သောအကူအညီများကို ပေးအပ် နိုင်ရန် ရည်ရွယ်ပါသည်။

The Lab is a subsidiary of Yever comprised of business consultants who provide pro-bono and low-bono personalised business consulting services to help small businesses in Myanmar thrive. Our mission is to serve those who are left behind, so that even the smallest businesses can get the help they need.

A Little Eco-lodge in Inle will be ready to host the visitors soon!
08/10/2026

A Little Eco-lodge in Inle will be ready to host the visitors soon!

[English below]လချုပ်စာရင်းမှာတော့ အမြတ်ရနေပြီး လက်ထဲမှာ ငွေအမြဲပြတ်နေတဲ့ အခက်အခဲမျိုး ကြုံနေရပါသလား မိတ်ဆွေ။“စာရင်းထဲမှ...
11/09/2026

[English below]

လချုပ်စာရင်းမှာတော့ အမြတ်ရနေပြီး လက်ထဲမှာ ငွေအမြဲပြတ်နေတဲ့ အခက်အခဲမျိုး ကြုံနေရပါသလား မိတ်ဆွေ။

“စာရင်းထဲမှာတော့ အမြတ်ရှိတယ်၊ လက်တွေ့မှာတော့ သုံးစရာ ငွေမရှိဘူး” ဆိုတာ လုပ်ငန်းခွင် ငွေလည်ပတ်မှုကို စနစ်တကျ မစီမံမိလို့ ဖြစ်ပါတယ်။

မိတ်ဆွေတို့လုပ်ငန်းမှာ ငွေသားပြတ်လပ်ရတဲ့ အကြောင်းအရင်းများစွာထဲက အဓိက အဖြစ်များကြတဲ့ (၃)ချက် နဲ့ လုပ်ဆောင်နိုင်တဲ့ ဖြေရှင်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အကြွေး စီမံခန့်ခွဲမှု အားနည်းခြင်း
ပြဿနာရင်းမြစ် - ရောင်းအားတိုးမြှင့်ရောင်းချရာတွင် ရောင်းရရန်ဦးစားပေး၍ အကြွေးဖြင့် အလွန်အကျွံရောင်းမိခြင်း။
- ဖြေရှင်းနည်း
• အကြွေးမရောင်းမီ လေ့လာပါ - ဝယ်သူ၏ ငွေချေနိုင်စွမ်းကို စိစစ်ပြီးမှ သင့်တော်သည့် အကြွေးပမာဏနှင့် စည်းကမ်းများကို သတ်မှတ်ပေးပါ။
• ငွေဝင်/ငွေထွက် ကာလ ချိန်ညှိပါ - Supplier သို့ ပေးရမည့်ရက် မတိုင်မီ ဝယ်သူထံမှ ငွေပြန်ဝင်အောင် ကြိုတင် ချိန်ညှိလုပ်ဆောင်ပါ။

၂။ မလိုအပ်ပဲ ငွေမြုပ်နေခြင်း
ပြဿနာရင်းမြစ် - ကုန်ကြမ်းနှင့် ကုန်ချောများဝယ်ယူရာတွင် မလိုအပ်ပဲ ငွေအလွန်အကျွံ သုံးစွဲမိခြင်း။
- ဖြေရှင်းနည်း
• ဝယ်ယူမှု ပမာဏ ထိန်းချုပ်ပါ - ပုံမှန်ရောင်းအားပေါ် မူတည်၍ ရှိရမည့် အနည်းဆုံးနှင့် အများဆုံး (Min-Max Stock Level) သတ်မှတ်ပြီးမှ ဝယ်ယူပါ။
• မရောင်းရသည့် ပစ္စည်းများ စိစစ်ပါ - နှစ်ရှည်လများ မရောင်းရဘဲ ငွေမြုပ်နေသော ပစ္စည်းများ ရှိ/မရှိကို ပုံမှန်စစ်ဆေးပြီး ရှိပါက အမြန်ဆုံးငွေသားပြန်ဖော်ရန် လုပ်ဆောင်ပါ။

၃။ ကိုယ်ပိုင်ငွေနှင့် လုပ်ငန်းငွေ ရောထွေးသုံးစွဲခြင်း
ပြဿနာရင်းမြစ် - လုပ်ငန်းငွေထဲမှ ကိုယ်ရေးကိုယ်တာအသုံးစရိတ်များကို စနစ်တကျ မဟုတ်ဘဲ စိတ်ကြိုက် ထုတ်ယူသုံးစွဲမိခြင်း။
- ဖြေရှင်းနည်း
• အကောင့် သီးသန့်ခွဲခြားပါ - လုပ်ငန်းသုံးနှင့် ကိုယ်ပိုင်သုံး ဘဏ်အကောင့်ကို သီးသန့်ခွဲခြားပါ။
• လစာ ပုံသေယူပါ - လုပ်ငန်းပိုင်ရှင်ဖြစ်သော်လည်း မိမိအတွက် သင့်တော်သည့် လစဉ်ပုံသေလစာ သတ်မှတ်၍ ထိုပမာဏအတိုင်းသာ ထုတ်ယူပါ။
သတိထားရန် - စာရင်းထဲက "အမြတ်" နဲ့ လက်ထဲက "ငွေသား" မတူပါဘူး။ လုပ်ငန်း ရေရှည် ဆက်လည်ဖို့ဆိုရင် လက်ထဲမှာ ငွေသား ရှိနေဖို့ လိုပါတယ်။
ငွေသားကိုင်တွယ်မှု စနစ်ကျမှသာ မိတ်ဆွေ၏ လုပ်ငန်းသည် ရေရှည်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
The Lab သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ငွေသားကိုင်တွယ်မှု စနစ်ကျစေရန် ကူညီပေးနေပါသည်။
ဆက်သွယ်ရန် -
• Website: thelab.yever.org
• Facebook: The Lab Myanmar
• Phone: +95 9 260 927 690

Do you make a profit on your monthly statements, but constantly find yourself short on cash?

Saying "I have profit on paper, but no cash to spend in reality" happens when a business's cash flow is not managed systematically.

Among the many reasons for cash shortages, here are the 3 most common causes in businesses along with actionable solutions to resolve them:
1. Weak Credit Management
Root Cause: Selling excessively on credit just to boost sales, prioritising revenue over actual payment.
Solutions:
- Assess before extending credit: Evaluate the buyer's ability to pay before setting appropriate credit limits and terms.
- Balance cash inflows and outflows: Adjust your timelines in advance so that you receive payments from your buyers before your due dates to pay suppliers.

2. Unnecessarily Tied-Up Cash
Root Cause: Spending excessively to stockpile raw materials and finished goods beyond what is actually needed.
Solutions:
- Control purchasing volume: Set minimum and maximum (Min-Max) stock levels based on your regular sales volume before making purchases.
- Review unsold inventory: Regularly check for unsold items that have been tying up your cash for long periods. If you find any, take immediate action to liquidate them back into cash.

3. Mixing Personal and Business Funds
Root Cause: Withdrawing business funds for personal expenses randomly and without a proper system.
Solutions:
- Separate your accounts: Keep your business and personal bank accounts strictly separate.
- Take a fixed salary: Even though you are the business owner, set a reasonable fixed monthly salary for yourself and withdraw only that exact amount.
Important Note: "Profit" on the books and "Cash" in hand are not the same thing. For a business to survive in the long run, you need to have cash on hand. Your business will only operate sustainably if your cash management is systematic.

The Lab helps small and medium enterprises (SMEs) systematise their cash management.
Contact:
• Website: thelab.yever.org
• Facebook: The Lab Myanmar
• Phone: +95 9 260 927 690

Yever နဲ့ The Lab မှာ Analyst position အတွက် အလုပ် ခေါ်နေပါပြီ။ Sustainable business ကို စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ လျှ...
10/09/2026

Yever နဲ့ The Lab မှာ Analyst position အတွက် အလုပ် ခေါ်နေပါပြီ။ Sustainable business ကို စိတ်ပါဝင်စားတဲ့ မိတ်ဆွေများ လျှောက် ဖို့ ဖိတ်ခေါ် ပါတယ်။

Skip the CV. Bring your analytical mind.

If you love uncovering trends and turning complex business data into clear, actionable insights, this is for you.

We are looking for someone who can:
• Be Yever-Minded, which is to be self-driven, curious, adaptable, committed to learning, and demonstrate professional maturity.
• Research & Analyse current economic and market trends to drive better decisions.
• Synthesise Data into sharp, quality draft-ready presentations and reports for high-impact client deliverables.

Join Yever, a Certified B Corporation, driving sustainable impact in Myanmar since 2016.
Yever values your insights into our questions over your resume. To apply, simply submit your cover letter with your answers to our questions. No CV is required. For more details, https://www.yever.org/careers.

28/08/2026
[English below] အသေးစားလုပ်ငန်းရှင် တဦးအနေနဲ့ ငွေတောင်းရမှာ အားနာလို့ပဲဖြစ်ဖြစ်၊ စာရင်းမမှတ်မိလို့ပဲဖြစ်ဖြစ် ရစရာရှိတဲ့...
25/08/2026

[English below]

အသေးစားလုပ်ငန်းရှင် တဦးအနေနဲ့ ငွေတောင်းရမှာ အားနာလို့ပဲဖြစ်ဖြစ်၊ စာရင်းမမှတ်မိလို့ပဲဖြစ်ဖြစ် ရစရာရှိတဲ့ငွေတွေ ဆုံးရှုံးနေပါသလား။

တစ်ယောက်ယောက်က မိတ်ဆွေကို 'ရစရာကျန်ငွေ ဘယ်လောက်ရှိလဲ' လို့ လာမေးရင် စက္ကန့် ၃၀ အတွင်း အဖြေပေးနိုင်မလား။

ဒီမေးခွန်းကို အသေးစားလုပ်ငန်းရှင် အများစုက မဖြေနိုင်ကြပါဘူး။ ဒါဟာ ပေါ့ဆမှုကြောင့် မဟုတ်ဘဲ စနစ်တကျ မှတ်တမ်းတင်ထားတဲ့ လုပ်ငန်းစဉ် (Process) အားနည်းလို့ပါ။

ရရန်ရှိ (Receivable) တွေ ရဖို့က ငွေတောင်းခံလွှာ (Invoice) ပို့လိုက်ရုံနဲ့ အလုပ်ပြီးသွားတာ မဟုတ်ပါဘူး။ အဓိက အလေ့အကျင့်ကောင်းက အဲဒီငွေရဖို့ ဆက်လိုက်နေဖို့ (Tracking လုပ်ဖို့) ပါ။

ရိုးရှင်းတဲ့ လုပ်ငန်းစနစ်တစ်ခုမှာ အဆင့် ၃ ဆင့် ရှိပါတယ်။

၁။ ငွေတောင်းခံလွှာ ထုတ်ခြင်း (Issue)။ ။ ရှင်းလင်းပြီး အစဉ်လိုက်နံပါတ်ပါတဲ့ ပုံစံ (Template) ကို သုံးပါ။ ဥပမာ - INV-001၊ INV-002၊ INV-003 ဆိုပြီး ဝယ်သူတိုင်းကို ချွင်းချက်မရှိ အမြဲတမ်း ထုတ်ပေးပါ။

၂။ မှတ်တမ်းတင်ခြင်း (Record)။ ။ Excel ကဲ့သို့ နေရာ တစ်ခုတည်းမှာပဲ ဝယ်သူအမည်၊ ငွေတောင်းခံလွှာနံပါတ်၊ ကျသင့်ငွေ၊ ပို့လိုက်တဲ့ရက်စွဲနဲ့ ငွေချေပြီး/မပြီးတို့ကို မှတ်ပါ။

၃။ အကြောင်းကြားခြင်း (Follow up)။ ။ ကိုယ့်ရဲ့မှတ်တမ်းကို ကြည့်လိုက်တာနဲ့ ဘယ်သူက ငွေပေးချေဖို့ ရက်လွန်နေပြီလဲဆိုတာ အတိအကျ သိနိုင်ပါတယ်။ ဝေခွဲမရ တွေးနေစရာမလိုသလို "ငွေလွှဲပြီးပြီလားခင်ဗျာ" ဆိုတဲ့ အားနာစရာ အခြေအနေမျိုးလည်း မကြုံရတော့ပါဘူး။

စျေးကြီးတဲ့ ဆော့ဖ်ဝဲလ်တွေ မလိုပါဘူး။ သေသပ်တဲ့ ငွေတောင်းခံမှုစနစ်တစ်ခု ဖြစ်ဖို့အတွက် Word၊ Excel နဲ့ Viber ရှိရင်တင် လုံလောက်ပါတယ်။

မိတ်ဆွေတို့ရဲ့ လုပ်ငန်းလည်ပတ်ပုံတွေကို ပြန်လည်သုံးသပ်ပြီး ရေရှည်တည်တံ့မယ့် အလေ့အကျင့်ကောင်းတွေ တည်ဆောက်ချင်တယ်ဆိုရင်တော့ The Lab က ကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။

ဒီနေ့ပဲ ကျွန်တော်တို့ဆီ ဆက်သွယ်လိုက်ပါ။

As a small business owner, are you losing money you’re owed either because you feel too polite to ask or simply because you’ve lost track of the records?

Most small business owners can't. Not because they're careless, but because there's a weak system in place.

Sending an invoice is just the start. The real power habit is tracking it.

A simple, stress-free system only takes three steps:
1. Issue: Use a clean, numbered template (e.g., INV-001, INV-002, INV-003). Send it to every customer, every time, without exception.

2. Record: Keep it to one simple Excel sheet. Track the customer's name, invoice number, amount, date sent, and payment status (Paid/Unpaid). That's it.

3. Follow up: Let your log tell you exactly who is overdue. No guessing games, and no more awkward "did you pay already?" moments.

You don't need expensive software. Microsoft Excel and Viber are more than enough to run a clean, professional payment tracking process.

If you want to review your business processes and build better operational habits that last, The Lab is here to help.
Contact us today to get started.



Reach out to The Lab:
Email: [email protected]
Phone: +95 9 260 927 690
Connect with us:
https://linktr.ee/thelabbyyever

[English Below]The Lab မှ မြန်မာနိုင်ငံရှိ လူငယ်များအတွက် အချိန်ပြည့် လစာပါ အလုပ်သင် (Internship) အခွင့်အလမ်းကောင်းတစ်ခု...
14/08/2026

[English Below]

The Lab မှ မြန်မာနိုင်ငံရှိ လူငယ်များအတွက် အချိန်ပြည့် လစာပါ အလုပ်သင် (Internship) အခွင့်အလမ်းကောင်းတစ်ခုကို ဝမ်းမြောက်စွာ သတင်းကောင်းပါးချင်ပါတယ်။

ဒေသတွင်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) တွေနဲ့ တိုက်ရိုက် ပူးပေါင်းလုပ်ကိုင်ဖို့ စိတ်ပါဝင်စား တဲ့ လူငယ်တွေကို ဖိတ်ခေါ်လိုပါတယ်။

အလုပ်သင်ကာလမှာ (၆) လ ကြာမြင့်မည်ဖြစ်ပြီး၊ သာမန် ရုံးဝေယျာဝစ္စ လုပ်စေခြင်းမျိုး မဟုတ်ဘဲ လက်တွေ့ကျသော လုပ်ငန်းခွင်အတွေ့အကြုံများကို တိုက်ရိုက် ရရှိမည် ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်း၏ အဓိက ဒေါက်တိုင်ဖြစ်သော စီးပွားရေးလုပ်ငန်းငယ်များအတွက် အဓိပ္ပာယ်ရှိပြီး ရေရှည်တည်တံ့သော အကျိုးသက်ရောက်မှုများ ဖန်တီးပေးနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ပါသည်။

သင်၏ ခရီးစဉ်ကို ဒီနေရာကနေ စတင်လိုက်ပါ - https://thelab.yever.org/career-mm

The Lab is proud to announce a full-time paid internship opportunity for young people in Myanmar.

We are inviting passionate young people to work directly alongside local micro, small, and medium enterprises (MSMEs).

The internship duration is a 6-month program; you won't be running errands or grabbing coffee. You'll gain hands-on career experience; it's an opportunity to drive meaningful, lasting impact for the small businesses that form the heart of our community.

Start your journey here: https://thelab.yever.org/career

[English below]လုပ်ငန်းရှင် မိတ်ဆွေများခင်ဗျာ  နှစ်ဝက်ကျော်လာချိန်ဟာ လုပ်ငန်း အစီအစဉ်အသစ်များ ထပ်မံမသတ်မှတ်မီ ပြီးခဲ့သည့...
07/08/2026

[English below]

လုပ်ငန်းရှင် မိတ်ဆွေများခင်ဗျာ နှစ်ဝက်ကျော်လာချိန်ဟာ လုပ်ငန်း အစီအစဉ်အသစ်များ ထပ်မံမသတ်မှတ်မီ ပြီးခဲ့သည့် လများ၏ ရလဒ်များကို ပြန်လည် သုံးသပ်မှုပြုရန် ကောင်းမွန်သော ကာလဖြစ်ပါတယ်။

ရေရှည် ပန်းတိုင်များချမှတ်ရာမှာ လက်တွေ့ အတွေ့အကြုံများကို ပြန်လည် သုံးသပ်ခြင်းဟာ အ‌ရေးကြီးပါတယ်။

မြန်မာနိုင်ငံရှိ လုပ်ငန်းငယ်များအားလုံးလည်း ၂၀၂၆ ခုနှစ်တွင် ကျန်ရှိနေသည့် ကာလအတွင်း မိမိလုပ်ငန်းအတွက် ဦးစားပေး လုပ်ဆောင်ရမည့်အရာများကို ရှင်းလင်းစွာ ဖော်ထုတ် အကောင်အထည် ဆောင်ရွက်နိုင်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Halfway through the year is a good time to review your business before making new plans.

Evaluating the real-life experience is a vital step for long-term planning.

We encourage all SMEs in Myanmar to clearly identify their business priorities and focus on implementing them over the remaining six months of the year 2026.



Reach out to The Lab:
Email: [email protected]
Phone: +95 9 767 573 662
Connect with us:
https://linktr.ee/thelabbyyever

လုပ်ငန်းရှင် မိတ်ဆွေများ လျှောက်ထား နိုင်ပါတယ်...
02/07/2026

လုပ်ငန်းရှင် မိတ်ဆွေများ လျှောက်ထား နိုင်ပါတယ်...

[English below]

🌟 လူမှုအကျိုးပြု တနိုင်တပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အရေး ရယူလိုက်ပါ 🌟

📢 လူမှုအကျိုးပြု တနိုင်တပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီပေးခြင်း အစီအစဉ် 📢

မိတ်ဆွေစစ်/ 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞𝐬 (𝐂𝐀𝐈) သည် ဒေသအတွင်း လူမှုအကျိုးပြုစွန့်ဦးတီထွင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ယင်းရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၏ လုပ်ငန်းစတင်ဆောင်ရွက်မှုနှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီ နှင့် ငွေကြေးပံ့ပိုးမှု များကို ပေးအပ်သွားမည်ဖြစ်ပါသည်။

မိတ်ဆွေစစ် (CAI) သည် ၂၀၁၉ ခုနှစ်မှ စတင်ကာ ယခု ၂၀၂၆ ခုနှစ်အထိ ရှစ်နှစ်တိုင်တိုင် စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုကာလအတွင်း အထူးသဖြင့် ၂၀၂၅ ခုနှစ်တွင် လူမှုအကျိုးပြုစွန့်ဦးတီထွင်လုပ်ငန်း ၉ ခုအား လုပ်ငန်းချဲ့ထွင်ရေးအတွက် အောင်မြင်စွာ ပံ့ပိုးကူညီနိုင်ခဲ့ပြီး ဒေသတွင်း စွန့်ဦးတီထွင် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာထင်ရှားသော အထောက်အကူပြု နိုင်ခဲ့ပါသည်။

ယခုအကြိမ်အစီအစဉ်တွင် ရွေးချယ်ခံရသည့် လုပ်ငန်းများအား အမြင့်ဆုံး မြန်မာငွေကျပ်သိန်း ၁၂၀ အထိ ငွေကြေးအကူအညီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ၊ စျေးကွက်ချဲ့ထွင်ရေးနည်းလမ်းများနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ နည်းပညာအကူအညီများကိုလည်း ထည့်သွင်းပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။

လူမှုအကျိုးပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ဤအခွင့်အလမ်းကို ရယူနိုင်ရန် လျှောက်လွှာတင်သွင်း ခြင်းဆိုင်ရာ သတ်မှတ်ချက်များ၊ လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများနှင့် အသေးစိတ် အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

https://docs.google.com/document/d/1InlycdMdzYL04VBeY2zBAVBSQ-8i1XnE/edit?usp=drive_link&ouid=114420768099198301627&rtpof=true&sd=true

👉အဆိုပြုလွှာလျှောက်ထားရန်အတွက် လမ်းညွှန်ချက်👈

✅ ဖော်ပြပါလျှောက်လွှာform အား Download ပြုလုပ်ပြီး Form မှာ ပါဝင်သော မေးခွန်းများကို ဖြည့်ပေးရပါမည်။

✅အချက်အလက်ဖြည့်စွက်ပြီးသော လျှောက်လွှာများကို [email protected] သို့ ရုံးချိန်အတွင်း လျှောက်ထားရမည် ဖြစ်သည်။

✅လျှောက်လွှာ တင်သွင်းပြီးပါက သင်၏လျှောက်လွှာကို မိတ်ဆွေစစ် မှလက်ခံရရှိကြောင်း အတည်ပြုသည့် အီးမေး(လ်)ကို (၂၄)နာရီအတွင်း ပြန်လည်ပေးပို့လာမည် ဖြစ်သည်။

✅လျှောက်လွှာနှင့်ပတ်သက်၍ ထပ်မံ မေးမြန်းလိုပါက 📞09 943 437 000 သို့ ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👉နောက်ဆုံးလျှောက်လွှာတင်ရမည့် နေ့ရက်နှင့် အချိန်👈
📅 နေ့ရက်: ဇူလိုင် ၁၅ ရက်၊ ၂၀၂၆။
🕠 အချိန်: မြန်မာစံတော်ချိန် ညနေ (၅း၀၀) နာရီအထိ။

🌟 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐦𝐩𝐚𝐜𝐭 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐟𝐨𝐫 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭🌟

𝐌𝐚𝐭𝐞 𝐒𝐰𝐞 𝐒𝐢𝐭𝐭, so called 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞𝐬 (𝐂𝐀𝐈) in Myanmar is proud to play a pivotal role in nurturing the growth of social enterprises within our local communities. As part of our ongoing mission, we are pleased to offer a comprehensive support package specifically designed for Micro, Small, and Medium-sized entrepreneurs. This initiative provides both the technical expertise and financial support needed to help entrepreneurs confidently launch new ventures or expand current business operations.

Since 2019, Community Alliance Initiatives - CAI has been continuously supporting micro, small and medium entrepreneurs with the aim of promoting the growth of social enterprise. In 2025, we successfully supported 9 social enterprises to scale up their business activities, creating a tangible and positive impact on the local entrepreneurial landscape. For this year, selected micro, small and medium entrepreneurs will be eligible to receive financial assistance of up to 120 Lakhs MMK. Beyond funding, we are equally dedicated to offering strategic guidance on operational management, market expansion, and financial system to ensure long-term operation success.

We warmly invite passionate social entrepreneurs to take advantage of this incredible opportunity. To find all the details on eligibility, required documents, and how to apply, please visit the official link below. We can’t wait to partner with you and support your journey toward meaningful, lasting growth!

https://docs.google.com/document/d/1InlycdMdzYL04VBeY2zBAVBSQ-8i1XnE/edit?usp=drive_link&ouid=114420768099198301627&rtpof=true&sd=true

👉𝐒𝐮𝐛𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧𝐬👈

✅Please kindly submit your completed application form to the [email protected]

✅Please be noted that CAI receiving confirmation email will be sent back within 24 hours.

✅Any detailed information, contact 📞09 943 437 000 during office hours.

👉Application Deadline:👈
📅 Date: July 15, 2026
🕠 Time: 5:00 PM Myanmar Time

‼️𝐔𝐧𝐥𝐨𝐜𝐤 𝐧𝐞𝐰 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐟𝐨𝐫 𝐠𝐫𝐨𝐰𝐭𝐡 𝐚𝐧𝐝 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐢𝐦𝐩𝐚𝐜𝐭!‼️

𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬
Impact Hub Yangon
SME Hub Asia - Myanmar
The Lab
SheCreates သူမလက်ရာ
Impact Across Border






[English below] ပျော်ရွင်ဖွယ်ရာ ကမ္ဘာ့ MSME နေ့ပါ။ဇွန်လ ၂၇ ရက်နေ့ဟာ ကုလသမဂ္ဂမှ ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေသည့် အသေး...
27/06/2026

[English below]
ပျော်ရွင်ဖွယ်ရာ ကမ္ဘာ့ MSME နေ့ပါ။

ဇွန်လ ၂၇ ရက်နေ့ဟာ ကုလသမဂ္ဂမှ ကမ္ဘာ့စီးပွားရေးကို မောင်းနှင်နေသည့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များကို ဂုဏ်ပြုအသိအမှတ်ပြုသောနေ့တစ်နေ့ဖြစ်သည်။

ဒီနေ့ရဲ့ အထိမ်းအမှတ် အနေနဲ့ အပြည်ပြည်ဆိုင်ရာ လုပ်ငန်းငယ်များ ကောင်စီ (ICSB) ၏ ၂၀၂၆ ခုနှစ် အတွင်း ကမ္ဘာ့ MSME တွေရဲ့ လားရာများ အကြောင်း ဆောင်းပါးမှ မြန်မာနိုင်ငံက လုပ်ငန်းငယ်များနှင့် ပိုမို ထင်ဟပ်သော အချက်အချို့ကို ရွေးချယ်မျှဝေလိုက်ပါသည်။

၁) ဒေသတွင်း လုပ်ငန်းငယ်များသည် လူ့အဖွဲ့အစည်း၏ ကျောရိုးဖြစ်သည်။
မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော လုပ်ငန်းအားလုံး၏ ၉၉% ကျော်သည် MSME များဖြစ်သည်။ ICSB က "ဒေသတွင်း လုပ်ငန်းငယ်များသည် အထူးသဖြင့် မတည်မငြိမ်မှုနှင့် ရင်ဆိုင်နေရသော လူ့အဖွဲ့အစည်းများတွင် ဒေသတွင်း အလုပ်အကိုင်နှင့် စီးပွားရေး ဆက်လက်တည်မြဲမှု၏ အဓိကအင်ဂျင်များ" ဖြစ်သည်ဟုဆိုသည်။ လုပ်ငန်းငယ်များသည် အလုပ်အကိုင်သာမက ဒေသတွင်း ငွေကြေးလည်ပတ်မှုနှင့် လူ့အဖွဲ့အစည်းတည်မြဲမှုကိုပါ ထောက်ကူပေးနေသည်။

၂) တကိုယ်‌တော် လုပ်ငန်းစတင်သူများ များပြားလာသည်။
ကိုယ်ပိုင်စွမ်းရည်၊ ဝါသနာနဲ့ ရည်ရွယ်ချက်ကို အရင်းတည်ပြီး တကိုယ်တော် စီးပွားရေးလုပ်ငန်းတွေ တည်ဆောက်လာကြတာ ပိုများလာပါတယ်။ ဝန်ထမ်းတွေ၊ ရုံးခန်းတွေထက် ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှုတွေနဲ့ လုပ်ငန်းများကိုစတင်သူတွေဟာ ၂၀၂၆ ရဲ့ ထူးခြားတဲ့ လက္ခဏာတခုပဲဖြစ်ပါတယ်။

၃) လုပ်ငန်းငယ်များသည် လူသားဆန်မှု ပြန်လည် မွေးဖွားရာ နေရာ ဖြစ်လာသည်။
နည်းပညာတွေ ဘယ်လောက်ပဲ တိုးတက်လာပါစေ ဖောက်သည်တွေဟာ နွေးထွေးမှု၊ ယုံကြည်မှုနဲ့ ကိုယ်ချင်းစာနာတဲ့ ဆက်ဆံရေးမျိုးကို ရွေးချယ်လိုကြတယ်။ ဤသည်မှာ မြန်မာ့စီးပွားရေးလောကမှာ ရှေးကတည်းက ရှိခဲ့သည့် သဘာဝအားသာချက်တစ်ခု ဖြစ်ပါတယ်။

၄) အမျိုးသမီးလုပ်ငန်းရှင်များရဲ့ အခန်းကဏ္ဍဟာ လုပ်ငန်းငယ်များမှာ ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။
ကမ္ဘာ့အမျိုးသမီးလုပ်ငန်းရှင်များနှင့် အလားတူ မြန်မာ့အမျိုးသမီး လုပ်ငန်းရှင်များဟာလည်း အွန်လိုင်းမှဖြစ်စေ၊ လူချင်းတွေ့ဆုံ၍ဖြစ်စေ အချင်းချင်း လမ်းညွှန်မှု၊ ငွေကြေးပံ့ပိုးမှုနှင့် ကွန်ရက်ချိတ်ဆက်မှုများဖြင့် တစ်ဦးကိုတစ်ဦး ပံ့ပိုးနေကြသည်။ ဈေးဆိုင်ကလေးများမှ Facebook Live များအထိ အမျိုးသမီးများသည် မြန်မာ့စီးပွားရေးတွင် အင်အားကြီးမားသော ဂုဏ်ပြုထိုက်သည့် အဓိကတွန်းအားစုတစ်ရပ်ဖြစ်သည်။

မြန်မာ့ စီးပွားရေး၏ နှလုံးသားများဖြစ်ကျသော နိုင်ငံတစ်ဝှမ်းရှိ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များကို ယနေ့မှာ အမှတ်ရရ ချီးကျူး ဂုဏ်ပြုအပ်ပါတယ်။


Happy World MSME

27 June is a day the United Nations has dedicated to honouring the small and medium business owners who power the world's economy.

In commemoration of this day, we are sharing points from ICSB's (International Council for Small Business) 2026 Global MSME Trends article that resonate most closely with small businesses here in Myanmar.

1) Local businesses are the backbone of our community.
Over 99% of all registered businesses in Myanmar are MSMEs. ICSB says they are "the primary engines of local job creation and economic continuity, especially in communities facing volatility and disruption." Small businesses support not only employment but also local wealth circulation and community stability.

2) Solo entrepreneurs are on the rise.
More people are building businesses on their own: driven by skill, passion, and purpose. Those who start with nothing but their craft and determination, rather than teams and offices, are a defining characteristic of 2026.

3) Small businesses are where the human touch is reborn.
No matter how much technology advances, customers still seek warmth, trust, and genuine human connection. This is a natural strength that has always existed in Myanmar's business culture.

4) Women entrepreneurs continue to grow their role in small businesses.
Just like their global counterparts, Myanmar's women entrepreneurs support each other through mentorship, networks, and shared resources, from market stalls to Facebook Live. Women are a powerful and deserving driving force in Myanmar's economy.

To all small and medium business owners across the country, the heartbeats of Myanmar's economy, we celebrate and honour you today.

Source: ICSB Global MSME Trends 2026
Reach out to The Lab:
Email: [email protected]
Phone: +95 9 260 927 690
Connect with us:
https://lnkd.in/gwv4WmQh

Address

No1 Yangon City Villas, Pyay Road, 8 Mile, Mayangone Township
Yangon

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Alerts

Be the first to know and let us send you an email when The Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Lab:

Shortcuts

Share