The Lab

The Lab မြန်မာ့လုပ်ငန်းငယ်များ ရှင်သန်အောင်မြင်ရန် ပံ့ပိုးကူညီ
Helping small businesses in Myanmar thrive

The Lab သည် Yever ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အသေးစားနှင့် လုပ်ငန်းငယ်များ အောင်မြင်ရှင်သန်နိုင်ရေးအတွက် နှစ်ဉီးနှစ်ဖက်ကြား သတ်မှတ်ထားသည့် သတ်မှတ်ချက်များ ဖြင့် အခမဲ့ ကူညီပံ့ပိုး‌ပေးခြင်း (pro-bono) နှင့် သတ်မှတ်ထားသည့် နှုန်းထားထက်သက်သာသည့် စျေးနှုန်းဖြင့် ကူညီ ပံ့ပိုးပေးခြင်း (low-bono) အစရှိသည့် အခြေပြုူများဖြင့် စီးပွားရေးအကြံ ပေးများက အထူးစီးပွားရေးအကြံပေးဝန်ဆောင်မှုများ

ကို ထောက်ပံ့ပေးအပ်လျက် ရှိပါသည်။

The Lab ၏ရည်ရွယ်ချက်သည် လုပ်ငန်းနယ်ပယ် အတွင်း နောက်ကျကျန်လျက် ရှိနေသည့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ ကို ကူညီပံ့ပိုး ပေးရန် ဖြစ်ပြီး အသေးငယ်ဆုံးသော စီးပွားရေးလုပ်ငန်းများအထိ ၎င်းတို့လိုအပ်သောအကူအညီများကို ပေးအပ် နိုင်ရန် ရည်ရွယ်ပါသည်။

The Lab is a subsidiary of Yever comprised of business consultants who provide pro-bono and low-bono personalised business consulting services to help small businesses in Myanmar thrive. Our mission is to serve those who are left behind, so that even the smallest businesses can get the help they need.

09/03/2026

[English Below]
ဟိုးအရင်ကတည်းက လူ့အဖွဲ့အစည်းက အမျိုးသမီးတွေကို စိတ်ခံစားမှုဆိုင်ရာ ကျောထောက်နောက်ခံသမားတွေ၊ ပြုစုစောင့်ရှောက်သူတွေ၊ သူတစ်ပါးအတွက် စိတ်ချမ်းသာစရာ နေရာတစ်ခုအဖြစ် မျှော်လင့်ထားတတ်ကြတယ်။ ဒီအခန်းကဏ္ဍက အရေးပါတာမှန်ပေမယ့်၊ ဒါဟာ ပုံပြင်တစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုမျှသာပါ။
ဒီလို လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေကနေ လွတ်မြောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ဒီနှစ် (၁၁၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ စိတ်ခံစားမှုဆိုင်ရာ အားပေးကူညီမှုတွေထက် ပိုမိုတဲ့ အရာတွေကို ပေးအပ်ဖို့ အသင့်ရှိနေတဲ့ အမျိုးသမီးတွေကို ကျေးဇူးတင်ဂုဏ်ပြုချင်ပါတယ်။ လမ်းညွှန်မှုပေးတဲ့သူတွေ၊ ဆုံးဖြတ်ချက်တွေ ချရဲတဲ့သူတွေ၊ ဦးဆောင်မှုပေးတဲ့သူတွေ၊ အတူတကွ စွမ်းအားဖြစ်စေတဲ့သူတွေကို ပြောချင်တာပါ။
ဒီလိုအမျိုးသမီးတွေကို ရင်းနှီးမြှုပ်နှံတဲ့အခါ၊ သူတို့ကို ပံ့ပိုးကူညီတဲ့အခါ၊ လမ်းညွှန်သင်ကြားပေးပြီး ဦးဆောင်ဖို့ နေရာပေးတဲ့အခါမှာ လူတိုင်းအတွက် အကျိုးရှိလာပါတယ်။ ပိုမိုခိုင်မာတဲ့ လူ့အဖွဲ့အစည်းတွေ၊ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ၊ စစ်မှန်တဲ့ တိုးတက်မှုတွေ ရရှိလာမှာပါ။
အခြေအနေတွေကို ထိန်းထားရုံသက်သက်မဟုတ်ဘဲ ဖြစ်နိုင်ခြေအသစ်တွေကို ပြောင်းလဲဖန်တီးနေတဲ့ အမျိုးသမီးတွေအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။

For a long time, women have been expected to be the emotional backbone: the listeners, the caretakers, the ones who make everything feel okay. And while that role matters, it’s not the whole story.
Breaking away from that expectation isn’t easy. So we want to take a moment, on this 115th International Women’s Day, to appreciate the women who offer more than just comfort. The ones who step up with direction, make the tough calls, take the lead, and lift others as they climb.
When we invest in these women: when we support them, mentor them, and give them space to lead - everyone benefits. Stronger communities. Better opportunities. Real progress.
Here’s to the women who aren’t just holding it together, but changing what’s possible.

05/03/2026

Call for Application for SN@IL Program 🗞

WTM က SN@IL Program လို့ လူသိများတဲ့ “Enhance Self-Dependency and Self-Resilience of Peri-Urban Communities through SN@IL Method Program" Batch 3 ကို လာမယ့် ဧပရယ်လမှာ ပြန်စပါတော့မယ်။

SN@IL ပရိုဂရမ်က ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမှာလုပ်ကိုင်နေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းတွေအတွက် ရေရှည်တည်တံ့မှုနဲ့ ကြံ့ကြံ့ခံနိုင်ဖို့အပြင် လုပ်ငန်းပိုမိုတိုးတက်လာရေးအတွက် ရည်ရွယ်ထားတဲ့စွမ်းရည်မြင့်တင်ရေး ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။

ဒီပရိုဂရမ်ရဲ့ ရည်ရွယ်ချက်က အသေးစား၊ အလတ်စားလုပ်ငန်းတွေကို စွမ်းရည်မြင့်တင်ပေးခြင်းဖြင့် ရည်ရှည်တည်တံမှုနဲ့ ကြံကြံခံနိုင်မှု မြင့်တက်လာပြီးတော့ ဝင်ငွေတိုးလာစေရန်၊ လုပ်ငန်းတစ်ခုရဲ့ ဝင်ငွေထွက်ငွေနဲ့ ငွေကြေးဆိုင်ရာနဲ့ စီမံခန့်ခွဲမှုတွေကို ပိုမိုတိကျစေရန် ရည်ရွယ်ပါတယ်။

ပါဝင်လျှောက်ထားရန်လိုအပ်ချက်တွေက



🔰ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း စတဲ့ peri-urban ဧရိယာ မှာလုပ်ကိုင်နေတဲ့ SMEs, MSMEs လုပ်ငန်းတွေကို ဦးစားပေးခေါ်ယူပါမယ်။ရန်ကုန် urban ဧရိယာ မှာရှိတဲ့ SMEs, MSMEs လုပ်ငန်းတွေလည်း ဝင်ရောက် လျှောက်ထားနိုင်ပါတယ်။

🔰အမျိုးသမီး ဦးဆောင်သော လုပ်ငန်းဖြစ်စေ၊လုပ်ငန်းထဲမှာ အနည်းဆုံး ဝန်ထမ်း (3) ယောက် အမျိုးသမီး ဝန်ထမ်း ၅၀% ထက်ပိုတဲ့ လုပ်ငန်းဖြစ်ရပါမယ်။



🔰လျှောက်ထားသူသည် လုပ်ငန်းပိုင်ရှင်/ CEO (သိုမဟုတ်)Sales & Marketing အပိုင်း စီမံခန့်ခွဲရေးတွင်တာ၀န်ယူနေသူဖြစ်ရမယ်။

🔰လုပ်ငန်းသက်တမ်း တစ်နှစ် လုပ်ကိုင်ထားပြီးလုပ်ငန်းလိုင်စင်ရှိသူ သို့မဟုတ် ကုမ္ပဏီ မှတ်ပုံတင်ထားသူဖြစ်ရပါမယ်။

ပရိုဂရမ်ကို ပါဝင်လျှောက်ထားတဲ့ သူတွေထဲကနေ လုပ်ငန်း (၃၀) ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။

လူတွေ့သင်တန်းကို (ဧပရယ်) လတတိယပတ်မှာ စတင်သွားမှာဖြစ်ပြီးတော့ လျှောက်လွှာကို နောက်ဆုံးပေးနိုင်မယ့်ရက်ကတော့ မတ်လ (၂၂) ရက်နေ့ ဖြစ်ပါတယ်။

ပရိုဂရမ်မှာ ပါဝင်ခွင့်ရသွားတဲ့ သူတွေကို ဧပရယ်လ အစမှာ ရွေးချယ်ပြီး အကြောင်းပြန်ပေးသွားပါမယ်။

လျှောက်လွှာတင်ရန်လင့်ခ် - https://forms.gle/e1b23FnVjV9T4zAw8


#2026

05/02/2026

[English below]
၂၀၂၅ ခုနှစ်မှာ The Lab အတွက် မိတ်ဆွေများနှင့် အတူတကွလက်တွဲပြီး တိုးတက်မှုနဲ့ အကျိုးသက်ရောက်မှုများဖြင့် ပြည့်စုံခဲ့တဲ့နှစ်ဖြစ်ပါတယ်။ The Lab မှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ မြန်မာပြည်အတွင်းသာမက အခြားဒေသများပါ MSME များ နှင့် ဒေသခံအဖွဲ့အစည်းများကို ကူညီပံ့ပိုးနိုင်ခဲ့ပါတယ်။
ဒီရည်မှန်းချက်ကို အတူတကွ အကောင်အထည်ဖော်နိုင်အောင် လက်တွဲပူးပေါင်းပါဝင်ခဲ့ကြတဲ့ မိတ်ဆွေများအားလုံးကို The Lab မှ အထူးကျေးဇူးတင်ပါတယ်။
၂၀၂၆ ခုနှစ်မှာလည်း ကျွန်ုပ်တို့ The Lab နှင့်အတူတကွ ဆက်လက် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။

2025 was a year of partnership, growth, and shared impact for the Lab and our partners. Together with our partners, we supported MSMEs and local organisations across Myanmar and beyond.
Thank you to everyone who worked with us toward our shared goals.

We look forward to continuing this work together in 2026.

Reach out to The Lab:
Email: [email protected]
Phone: +95 9 260 927 690
Connect with us:
https://linktr.ee/thelabbyyever

05/01/2026
[English Below] တာဝန်သိ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) တိုင်းတာခြင်း အစီရင်ခံစာ အစီအစဉ် ...
19/11/2025

[English Below]
တာဝန်သိ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) တိုင်းတာခြင်း အစီရင်ခံစာ အစီအစဉ် မှာ ပါဝင်နိုင်ဖို့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

EU SWITCH-Asia Programme မှ အထောက်အပံ့ပေးထားသော Prevent Plastics+ ပရောဂျက်အောက်တွင် Yever နှင့် အတူ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှု တိုင်းတာမှုအစီအစဉ် ကို မိတ်ဆက်ပေးချင်ပါတယ်။ ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှု တိုင်းတာခြင်း ဟာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအား မိမိတို့၏ ထုတ်လုပ်မှုမှ ထွက်ပေါ်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့များအကြောင်း ပိုမိုသိရှိ နားလည်စေနိုင်ပြီး၊ မည်သည့်ကုန်ထုတ်လုပ်အပိုင်းမှ အဓိက ထုတ်လွှတ်နေလဲ ဆိုတာကို မြင်သာအောင် ဖော်ပြပေးကာ အပြုသဘောဆောင်သည့် ပြောင်းလဲမှုများကို လက်တွေ့ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။

စာရင်းသွင်းလိုက်ရုံနဲ့ ပွင့်လင်းမြင်သာမှုရှိပြီး အချက်အလက် ခိုင်လုံတဲ့ GHG တိုင်းတာမှု အစီရင်ခံစာ (Report) ကို ရရှိမယ်။ သဘာဝနဲ့ သဟဇာတဖြစ်တဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုများကို ထုတ်လုပ်သော တာဝန်သိ စီးပွားရေးလုပ်ငန်းများအတွက် အစိမ်းရောင်ချေးငွေ (Green Loan) နှင့် အနာဂတ် ကာဗွန်ဈေးကွက်များ အတွက် အဆင့်သင့် ဖြစ်စေမယ့် အပြင် မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်အတွက် စီးပွားရေးအခန်းကဏ္ဍကနေ အထောက်အကူပြုမယ်ဆိုတော့ အခုပဲ ပါဝင်နိုင်ရန် စာရင်းပေးလိုက်ပါနော်။

https://airtable.com/appvnzaOvjgVrYGga/pagpkpSGZK71OHSsp/form

ပိုမိုသိရှိလိုပါက > https://coda.io/-team/prevent-plastics-guideline-mm

Calling All Businesses in Myanmar: Measure Your Carbon Footprint Today!

We’re excited to launch the GHG Emission Measurement Tool, developed under the Prevent Plastics+ project funded by the EU SWITCH-Asia Programme in collaboration with Yever. This tool helps businesses in Myanmar understand their greenhouse gas emissions, identify primary sources, and take meaningful steps toward sustainability.

Why join?
✔ Build credibility with transparent GHG reporting
✔ Prepare for green financing and future carbon markets
✔ Contribute to Myanmar’s low-emission future

📌 Registration is now open!
Start your journey toward sustainable business practices.

https://airtable.com/appvnzaOvjgVrYGga/pagpkpSGZK71OHSsp/form

Learn More > https://coda.io/-team/prevent-plastics-guideline

+

[English Below]Myanmar Innovative Life Sciences (MILS) မှ စီစဉ်ကျင်းပခဲ့သော Food Systems Forum 2025 ပွဲဖြစ်မြောက်ရေးအတွက...
24/10/2025

[English Below]
Myanmar Innovative Life Sciences (MILS) မှ စီစဉ်ကျင်းပခဲ့သော Food Systems Forum 2025 ပွဲဖြစ်မြောက်ရေးအတွက် Supporting Partner အဖြစ် The Lab မှ ပူးပေါင်းပါဝင်ခွင့်ရခဲ့သည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါသည်။

အဆိုပါပွဲတွင် ဒေသတွင်းရှိ အစားအစာလုပ်ငန်းဆိုင်ရာ MSME လုပ်ငန်းအသီးသီးမှ မိတ်ဆွေများ အပြင် The Lab ၏ MSME မိတ်ဆွေဟောင်းများနဲ့ ပြန်လည်တွေ့ဆုံခဲ့ရသည့်အတွက် ဝမ်းသာကျေနပ်မိပါသည်။

မိတ်ဆွေတို့အနေဖြင့် မိမိတို့လုပ်ငန်းများ၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်နှင့် ပိုမိုစနစ်ကျသည့်လုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ရန်အတွက် အကြံဉာဏ်များ လိုအပ်ပါက The Lab ၏ ဆွေးနွေးတိုင်ပင်မှုကိုရယူရန်အတွက် အောက်ပါ လင့်(ခ်) မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

စာရင်းပေးသွင်းရန်။ ။ https://airtable.com/appDHr65qzBA2S799/pagxQKdVdPhIumsEr/form

We are honoured to be one of the supporting partners of the Food Systems Forum 2025 organized by Myanmar Innovation Life Sciences (MILS)!

We loved engaging with local MSMEs from the food sector and catching up with our former clients who continue to grow and innovate.

Looking for expert support to solve challenges in your business?
Come and consult with The Lab.

Register here: https://airtable.com/appDHr65qzBA2S799/pagxQKdVdPhIumsEr/form

Registration Open NowFood Systems Forum မှာ The Lab လည်း ရှိမယ် နော်။ စားသောက်ကုန် SMES လုပ်ငန်းရှင် များ မိမိဧ။် လုပ်ငန...
14/10/2025

Registration Open Now

Food Systems Forum မှာ The Lab လည်း ရှိမယ် နော်။

စားသောက်ကုန် SMES လုပ်ငန်းရှင် များ မိမိဧ။် လုပ်ငန်း စိန် ခေါ် မှု များ နှင့် အခက်ခဲ များ ကို ကျော်လွှား နိုင် ဖို့ The Lab နဲ့ တိုင်ပင် ဆွေးနွေး ဖို့ အခွင့် အရေး ရှိမယ် နော်။

Register လုပ် ဖို့ ဖိတ် ခေါ် ပါရစေ။

🌾 Food Systems Forum 2025 တက်ရောက်နိုင်ရန် Registration အား စတင်ဖွင့်လှစ်လိုက်ပါပြီ။



ရက်စွဲ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် (မနက် ၈:၃၀ မှ ညနေ ၅:၀၀ နာရီအထိ)

နေရာ - Wyndham Grand ဟိုတယ်၊ ရန်ကုန်မြို့။

Food Systems Forum 2025 သို့တက်ရောက်နိုင်ရန် Registration အားစတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်!

ဤ Forum တွင် အစားအစာဘေးကင်းရေး၊ အာဟာရပြည့်ဝရေးနှင့် ရာသီဥတုဒဏ်ကြံ့ကြံခံနိုင်သော စားနပ်ရိက္ခာစနစ်များအကြောင်း တစ်နေ့တာ ဆွေးနွေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လေ့လာသင်ယူခြင်းများအတွက် မြန်မာနိုင်ငံ ပုဂ္ဂလိကကဏ္ဍမှ အစားအစာ စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များ နှင့် လူမှုအဖွဲ့အစည်းများနှင့်အတူ ယခုနှစ် Forum ၏ ဆောင်ပုဒ်ဖြစ်သော “Building Resilience for Uncertainties” အခင်းအကျင်းအောက်တွင် တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မည်ဖြစ်ပါတယ်။

ပြည်တွင်း နှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူ ခေါင်းဆောင်များ၊ သုတေသန ပညာရှင်များ၊ တီထွင်ဖန်တီးသူများ အားလုံးပါဝင်ဆွေးနွေးကြမည့် ဤဆွေးနွေးပွဲတွင် နေရာအကန့်အသတ် ရှိပါသဖြင့် စောလျှင်စွာ စာရင်းပေးသွင်းကြပါရန် တိုက်တွန်းအပ်ပါတယ်။

👉 စာရင်းပေးသွင်းရန် https://www.foodsystemsforum.com/ သို့သွားရောက်၍ "Register" ခလုတ်ကို နှိပ်၍ စာရင်းသွင်းနိုင်ပါသည်။

စာရင်းသွင်းပြီးနောက် တစ်ပတ်အတွင်း အတည်ပြုအီးမေးလ် ပေးပို့ပါမည်။

ဆွေးနွေးပွဲ၏ အစီအစဉ်များ၊ ပြောကြားမည့်ပညာရှင်များ၊ ပြခန်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် နောက်ဆုံးရသတင်းများကို လေ့လာရန် ဝက်ဘ်ဆိုက်ကို ပုံမှန် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

🌾 Food Systems Forum 2025 – Registration Now Open!

Date: October 22, 2025 | Venue: Wyndham Grand Hotel, Yangon

The Food Systems Forum 2025 is now open for registration!

Join Myanmar’s leading voices from business, development, and civil society for a full day of dialogue, collaboration, and learning on food safety, nutrition, and climate resilience.

This year’s theme, “Building Resilience for Uncertainties,” calls on all stakeholders to come together and co-create solutions for safer, inclusive and more resilient food systems.

Spaces are limited — secure your seat today and be part of this year’s most important conversation on Myanmar’s food future.

👉 Register now via the “Register” button on https://www.foodsystemsforum.com/

A confirmation email will be sent within one week after registration.

Visit the website to explore the forum tracks, agenda, pavilions, partners, and updates.

16/09/2025

Dr. Yee Yee Mon, founder of Venus Skinlux, drives sustainable personal care, circular economy practices, and women-led entrepreneurship in Myanmar.

The Lab ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Community Partners Myanmar - CPM ရဲ့  အမြင့်ဆုံး မြန်မာငွေ ကျပ်သိန်း(၁၂၀) အထိ ...
25/08/2025

The Lab ရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Community Partners Myanmar - CPM ရဲ့ အမြင့်ဆုံး မြန်မာငွေ ကျပ်သိန်း(၁၂၀) အထိ
လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီပေးခြင်း အစီအစဉ်လေးကို The Lab ရဲ့ client များနဲ့ MSMEလုပ်ငန်းရှင်များကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

ဒီအစီအစဉ်လေးက တော့ Community Partners International ၏ ငွေကြေးနှင့် နည်းပညာပံ့ပိုးမှုဖြင့် ဒေသအတွင်း လူမှု အကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်လာစေရန် ရည်ရွယ်၍ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး လုပ်ကိုင်သူများ လုပ်ငန်း စတင်ရန် (သို့မဟုတ်) လုပ်ငန်းတိုးချဲ့ရန် အတွက် လည်ပတ်ရင်းနှီးငွေ အကူအညီ ပေးအပ်သွားမယ့်အစီအစဉ်လေးဘဲ ဖြစ်ပါတယ်။

အစီအစဉ်အသေးစိတ်အချက်အလက်များကိုတော့ အောက်ပါ postမှာ ဖတ်ရှုနိုင်ပါတယ်။

လျှောက်လွှာ တင်သွင်းရန် လိုအပ်သော အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://shorturl.at/zdC0K
👉အဆိုပြုလွှာလျှောက်ထားရန်အတွက် လမ်းညွှန်ချက်👈
✅အချက်အလက်ဖြည့်စွက်ပြီးသော လျှောက်လွှာများကို 𝐩𝐫𝐨𝐩𝐨𝐬𝐚𝐥𝐬@𝐜𝐩𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐨𝐫𝐠 သို့ ရုံးချိန်အတွင်း လျှောက်ထားရမည် ဖြစ်သည်။
✅လျှောက်လွှာ တင်သွင်းပြီးပါက သင်၏လျှောက်လွှာကို CPM မှလက်ခံရရှိကြောင်း အတည်ပြုသည့် အီးမေး(လ်)ကို (၂၄)နာရီအတွင်း ပြန်လည်ပေးပို့လာမည် ဖြစ်သည်။
✅လျှောက်လွှာနှင့်ပတ်သက်၍ ထပ်မံ မေးမြန်းလိုပါက 📞𝟎𝟗𝟗𝟖𝟐𝟓𝟏𝟒𝟏𝟏𝟓 သို့ ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
👉နောက်ဆုံးလျှောက်လွှာတင်ရမည့် နေ့ရက်နှင့် အချိန်👈
📅 နေ့ရက်: ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၅
🕠 အချိန်: မြန်မာစံတော်ချိန် ည (၁၁း၅၉) နာရီအထိ

[English below]

🌟 လူမှုအကျိုးပြု တနိုင်တပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အရေး ရယူလိုက်ပါ 🌟

📢 လူမှုအကျိုးပြု တနိုင်တပိုင်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးကူညီပေးခြင်း အစီအစဉ် 📢

𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 (𝐂𝐏𝐌) သည် ဒေသအတွင်း လူမှု အကျိုးပြု စွန့်ဦးတီထွင် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသေးစား၊ အငယ်စား နှင့် အလတ်စား အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်သူများ လုပ်ငန်း စတင်ရန် (သို့မဟုတ်) လုပ်ငန်းတိုးချဲ့ရန် အတွက် နည်းပညာ နှင့် ငွေကြေးပံ့ပိုးခြင်း အကူအညီ ပေးအပ်သွားမည် ဖြစ်ပါသည်။

CPM သည် ၂၀၁၉ ခုနှစ်မှစတင်ကာ လူမှုအကျိုးပြု စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား အသက်မွေးဝမ်းကျောင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် ပံ့ပိုးကူညီလာခဲ့ပါသည်။ ယနေ့အထိ စဉ်ဆက်မပြတ် လုပ်ဆောင်လာခဲ့သောကာလသည် ၇ နှစ်ပြည့်သွားပြီ ဖြစ်သည်။ ၂၀၂၄ ခုနှစ် မှာ CPM မှ စွန့်ဦးတီထွင် လုပ်ငန်း ၁၁ ခုအား လုပ်ငန်းတိုးချဲ့ရေးအတွက် ပံ့ပိုးကူညီနိုင်ခဲ့ပြီး၊ ဒေသတွင်း စွန့်ဦးတီထွင် လုပ်ငန်း တိုးတက်မှုအတွက် တဖက်တလမ်းမှ ပံ့ပိုးကူညီပေးနိုင်ခဲ့ပါသည်။

နည်းပညာ နှင့် ငွေကြေးပံ့ပိုးခြင်း အကူအညီလိုအပ်သူများ အနေဖြင့် ဤ အခွင့်အလမ်းကို ရယူနိုင်ပါပြီ။ အမြင့်ဆုံး မြန်မာငွေ ကျပ်သိန်း(၁၂၀) အထိ ငွေကြေးပံ့ပိုး အကူအညီ ပေးအပ်သွားမည်ဖြစ်ပါသည်။
လျှောက်လွှာ တင်သွင်းရန် လိုအပ်သော အသေးစိတ်အချက်အလက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://shorturl.at/zdC0K

👉အဆိုပြုလွှာလျှောက်ထားရန်အတွက် လမ်းညွှန်ချက်👈

✅အချက်အလက်ဖြည့်စွက်ပြီးသော လျှောက်လွှာများကို 𝐩𝐫𝐨𝐩𝐨𝐬𝐚𝐥𝐬@𝐜𝐩𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐨𝐫𝐠 သို့ ရုံးချိန်အတွင်း လျှောက်ထားရမည် ဖြစ်သည်။

✅လျှောက်လွှာ တင်သွင်းပြီးပါက သင်၏လျှောက်လွှာကို CPM မှလက်ခံရရှိကြောင်း အတည်ပြုသည့် အီးမေး(လ်)ကို (၂၄)နာရီအတွင်း ပြန်လည်ပေးပို့လာမည် ဖြစ်သည်။

✅လျှောက်လွှာနှင့်ပတ်သက်၍ ထပ်မံ မေးမြန်းလိုပါက 📞𝟎𝟗𝟗𝟖𝟐𝟓𝟏𝟒𝟏𝟏𝟓 သို့ ရုံးချိန်အတွင်း တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

👉နောက်ဆုံးလျှောက်လွှာတင်ရမည့် နေ့ရက်နှင့် အချိန်👈
📅 နေ့ရက်: ဩဂုတ်လ ၃၁ ရက်၊ ၂၀၂၅
🕠 အချိန်: မြန်မာစံတော်ချိန် ည (၁၁း၅၉) နာရီအထိ

🌟 𝐒𝐨𝐜𝐢𝐚𝐥 𝐈𝐦𝐩𝐚𝐜𝐭 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐠𝐫𝐚𝐦 𝐟𝐨𝐫 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭🌟

𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 (𝐂𝐏𝐌) aims to promote the development of social enterprises within local communities by providing technical and financial assistance to micro, small, and medium-sized entrepreneurs seeking to establish or expand their operations.

Since 2019, 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 (𝐂𝐏𝐌) has been continuously supporting micro, small, and medium-sized entrepreneurs with the aim of promoting the growth of social enterprises. Over the past seven years, 𝐂𝐏𝐌 has remained committed to this mission. In 2024 , 𝐂𝐏𝐌 was able to support 11 social enterprises in expanding their operations, contributing meaningfully to the advancement of community-based entrepreneurship.

𝙀𝙡𝙞𝙜𝙞𝙗𝙡𝙚 𝙖𝙥𝙥𝙡𝙞𝙘𝙖𝙣𝙩𝙨 𝙘𝙖𝙣 𝙣𝙤𝙬 𝙩𝙖𝙠𝙚 𝙖𝙙𝙫𝙖𝙣𝙩𝙖𝙜𝙚 𝙤𝙛 𝙩𝙝𝙞𝙨 𝙤𝙥𝙥𝙤𝙧𝙩𝙪𝙣𝙞𝙩𝙮, 𝙬𝙞𝙩𝙝 𝙖 𝙢𝙖𝙭𝙞𝙢𝙪𝙢 𝙨𝙚𝙚𝙙 𝙛𝙪𝙣𝙙 𝙖𝙢𝙤𝙪𝙣𝙩 𝙤𝙛 𝙪𝙥 𝙩𝙤 12 𝙢𝙞𝙡𝙡𝙞𝙤𝙣 𝙈𝙈𝙆 (𝙈𝙮𝙖𝙣𝙢𝙖𝙧 𝙆𝙮𝙖𝙩𝙨) 𝙖𝙫𝙖𝙞𝙡𝙖𝙗𝙡𝙚 𝙖𝙨 𝙛𝙞𝙣𝙖𝙣𝙘𝙞𝙖𝙡 𝙖𝙨𝙨𝙞𝙨𝙩𝙖𝙣𝙘𝙚.

Download from the Link for necessary information and documents for your application

https://shorturl.at/zdC0K

👉𝐒𝐮𝐛𝐦𝐢𝐬𝐬𝐢𝐨𝐧 𝐈𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧𝐬👈

✅Please kindly submit your completed application form to the 𝐩𝐫𝐨𝐩𝐨𝐬𝐚𝐥𝐬@𝐜𝐩𝐦𝐲𝐚𝐧𝐦𝐚𝐫.𝐨𝐫𝐠

✅Please be noted that CPM receiving confirmation email will be sent back within 24 hours.

✅Any detailed information, contact 📞09982514115 during office hours.

👉Application Deadline:👈
📅 Date: August 31, 2025
🕠 Time: 11:59 PM Myanmar Time

‼️𝐔𝐧𝐥𝐨𝐜𝐤 𝐧𝐞𝐰 𝐨𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐟𝐨𝐫 𝐠𝐫𝐨𝐰𝐭𝐡 𝐚𝐧𝐝 𝐜𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲 𝐢𝐦𝐩𝐚𝐜𝐭!‼️

𝐓𝐞𝐜𝐡𝐧𝐢𝐜𝐚𝐥 𝐚𝐧𝐝 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬
Impact Hub Yangon
SME Hub Asia - Myanmar
The Lab
SheCreates သူမလက်ရာ
Impact Across Border



Hello ရန်ကုန် က မိတ်ဆွေများ အတွက်.... ယိုးဒယားဘဲစာမြက်နဲ့ ဂေါက်ကွင်းမြက်စိုက်ပျိုးပေးခြင်း🍀 𝐏𝐥𝐚𝐧𝐭 𝐂𝐢𝐭𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐋𝐚𝐧𝐝𝐬...
07/08/2025

Hello ရန်ကုန် က မိတ်ဆွေများ အတွက်....

ယိုးဒယားဘဲစာမြက်နဲ့ ဂေါက်ကွင်းမြက်စိုက်ပျိုးပေးခြင်း
🍀 𝐏𝐥𝐚𝐧𝐭 𝐂𝐢𝐭𝐲 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐋𝐚𝐧𝐝𝐬𝐜𝐚𝐩𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 ကို ရယူလိုပါက
📩 Page Messenger
📲 Viber & Telegram - 09421079203
📧 Email - [email protected] တို့ကို ဆက်သွယ်နိုင်ပါတယ်။

ဒီနေ့မှာတော့ The Lab ရဲ့ မန်နေဂျာဖြစ်တဲ့ ကိုမှုန်ပီးနဲ့ လျှပ်တပြတ်တွေ့ဆုံမေးမြန်းထားပြီး၊ သူ့ရဲ့ လုပ်ဆောင်မှုတွေကတဆင့် M...
16/07/2025

ဒီနေ့မှာတော့ The Lab ရဲ့ မန်နေဂျာဖြစ်တဲ့ ကိုမှုန်ပီးနဲ့ လျှပ်တပြတ်တွေ့ဆုံမေးမြန်းထားပြီး၊ သူ့ရဲ့ လုပ်ဆောင်မှုတွေကတဆင့် MSMEလုပ်ငန်းများကို အောင်မြင်တိုးတက်လာစေဖို့အတွက် ဘယ်လိုဆောင်ရွက်နေတယ်၊ သူ့ရဲ့ခံယူချက်နဲ့ စိတ်အားထက်သန်မှုတွေကို ပြန်လည်ဝေမျှပေးလိုပါတယ်။ 📣‼

ပြောင်းလဲမှုမြန်ဆန်နေတဲ့ ခေတ်ကြီးမှာ MSME လုပ်ငန်းတွေ နောက်ကျကျန်ရစ် မနေစေဖို့အတွက် ဆန်းသစ်တီထွင်မှုတွေ၊ လက်တွေ့ဆန်တဲ့ လုပ်ဆောင်ချက်တွေ၊ နည်းပညာတွေနဲ့ လုပ်ငန်းရှင်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ဝင်ရောက်ခံစားနားထောင်ပေး ရင်း ကူညီအဖြေရှာပေးနေတဲ့ The Lab အဖွဲ့ကို ဦးဆောင်နေရတဲ့သူ့ရဲ့ အတွေ့အကြုံတွေကို ဖတ်ရှုရမှာပါ။ ☺️

“လုပ်ငန်းငယ်လေးတွေဆိုတာ ကျွန်တော်တို့နိုင်ငံ့ လူမှုအသိုက်အဝန်းနဲ့ စီးပွားရေးအတွက် အရေးပါတဲ့ အသည်းနှလုံးတစ်ခုဘဲ” ဆိုတဲ့ ယုံကြည်ချက်က သူပါဝင်လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို အမြတ်ရရှိဖို့အတွက်တစ်ခုတည်း မဟုတ်ဘဲ အများအကျိုးနဲ့ ရည်ရွယ်ချက်ရှေ့ထားလုပ်ဆောင်နေတဲ့ လုပ်ငန်းများဖြစ်လာစေဖို့ကိုလည်း တွန်းအားပေးနေပါတယ်။ သူ့ရဲ့ဦးဆောင်မှုနဲ့ အတူ The Lab ဆိုတာကလည်း အကြံပေးဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းတစ်ခု ဆိုတာထက် လုပ်ငန်းရှင်တွေ၊ စွန့်ဦးတီထွင်သူတွေအတွက် အောင်မြင်တဲ့အချိန်ဖြစ်စေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့ရတဲ့အချိန်ဖြစ်စေ အတူတူဖြတ်ကျော်ရင်း လက်တွဲသွားမည့် မိတ်ဆွေကောင်းတစ်ဦးအသွင် ဖြစ်လာပါတယ်။

ဆိုတော့…ကိုမှုန်ပီးရဲ့ ပြောစကားတွေ ကို ဖတ်ရှုရင်း သူ့ရဲ့အမြင်၊ သူ့ရဲ့အားပေးစကားတွေနဲ့ သူ့ရဲ့ မြန်မာ့ MSME လုပ်ငန်းတွေအတွက် အားပေးစကားတွေ ကို ဝင်ရောက်ဖတ်ရှုပေးသွားပါအုံးနော်။ 🥰

Today, we are happy to share a conversation with Ko Hmungpi, the dedicated Manager of The Lab, whose passion for empowering MSMEs shines through every step of his work.

At The Lab, Ko Hmungpi leads with empathy, innovation, and purpose by offering practical tools, personalized support, and a listening ear to businesses that are left behind. His belief that “small businesses are the heart of our communities” drives his mission to help them grow not just for profit, but for people and purpose.

Through his leadership, The Lab has become more than just a consultancy, it’s a partner that walks alongside entrepreneurs and business owners during both challenges and successes. So, take a moment to read Ko Hmungpi’s words, and be inspired by his vision, his encouragement, and his heartfelt support for MSMEs in Myanmar.

Reach out to The Lab:
Email: [email protected]
Phone: +95 9 767 573 662
Connect with us:
https://linktr.ee/thelabbyyever

The Lab ရဲ့ မိခင် ကုမ္မဏီ ဖြစ်တဲ့ Yever မှ Analysts နဲ့ Consultants အတွက် အလုပ်ခေါ်နေပါတယ်။ မိမိ ရဲ့ အရည်အသွေးတွေ ကို မြ...
04/07/2025

The Lab ရဲ့ မိခင် ကုမ္မဏီ ဖြစ်တဲ့ Yever မှ Analysts နဲ့ Consultants အတွက် အလုပ်ခေါ်နေပါတယ်။ မိမိ ရဲ့ အရည်အသွေးတွေ ကို မြင့်တင် နိုင်မည့် အခွင့်အရေး နှင့် စီးပွားရေးလုပ်ငန်း များ တာဝန်ခံမှု တာဝန်ယူမှု ရှိစေရေး အပြင် ရေရှည် တိုးတက်ဖို့ အကြံပေး အတိုင်ပင်ခံ ပေး ရတဲ့ လုပ်ငန်းစဉ်မှာ ပါဝင် ရမှာ ပါ။

Join Our Team – Analysts & Consultants Wanted!

Yever is a sustainability-focused business consulting firm and a proud Certified B Corporation. We believe in using business as a force for good—helping organisations drive growth while creating positive social and environmental impact. Our team delivers strategic solutions through critical thinking, adaptability, and a deep commitment to sustainability and ethical business practices.

Open Roles:
Analyst – We seek self-driven, curious individuals committed to learning. Strong research and analytical skills are key.
Consultant – Adaptability, communication, and project management skills are essential for designing and delivering client solutions.

At Yever, diversity, inclusion, and equity are at our core. We encourage applicants from all backgrounds, including people with disabilities, and foster a culture built on trust, respect, and collaboration.

📩 Apply here: https://www.yever.org/careers/ -opportunities (No CV needed—we value your insights over your resume!)
If you have questions, you can send an email to [email protected]. (Please no CVs)

Address

No1 Yangon City Villas, Pyay Road, 8 Mile, Mayangone Township
Yangon

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30

Alerts

Be the first to know and let us send you an email when The Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Lab:

Share