Beatrix

Beatrix Beatrix comes from Latin word “Beatrice” which means “bringer of happiness”. We promise that your business will not be left behind others.

We will bring happiness to your business by providing a smart and effective business solution.

FYI
18/05/2021

FYI

The wait is over! The Fall 2021 YSEALI Academic Fellows Program is now calling for applications! 📢📢

YSEALI Academic Fellowship provides undergraduates or recently graduated students between 18 and 25 intensive and short-term academic exchanges with a deeper understanding of the United States while developing leadership skills. If conditions allow, participants will travel to the U.S. in spring 2022 to participate in educational and cultural activities inside and outside the classroom, lectures and site visits to local communities.

Please note that each country has different application dates. Be sure to check out the dates and send in your questions to the contact info provided.

Learn more about the eligibility requirements and how to apply here: bit.ly/YSEALIAFP

Good luck!

FYI ❗️
13/05/2021

FYI ❗️

🔉 UNDERGRADS UNITE FOR
BURMA/MYANMAR! 🔉

SHAPE-SEA, ASEAN University Network-Human Rights Education Theme (AUN-HRE), and the Norwegian Centre for Human Rights (NCHR) at University of Oslo invite you to join this year's Essay Writing Competition for Undergraduate Students on Critical Human Rights and Peace Issues in ASEAN/Southeast Asia. Our theme is "ASEAN's Golden Chance to Save the "Golden Land:" Seeking Regional Solutions for the Protection of Human Rights and Restoration of Democracy in Myanmar!"

This essay competition aims to provide Southeast Asian undergraduate students a platform to analyse the current situation in Myanmar, and to share sound recommendations for ASEAN and its member-states in pursuit of the restoration of democracy and to support the people to fully claim their basic rights and freedoms.

🌱 Deadline for submission is on 30 June 2021. 🌱 Be sure to check details before submitting your Essay: https://bit.ly/2RR4sWA or Scan the QR Code on the Poster

07/03/2021

CDM တံခါးကြီး ပိတ်တော့မည် ….
-------------------------------

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ကျန်းမာရေး၊ အားကစား၊ ပညာရေး၊ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား၀န်ကြီးဌာန ၏ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ဇော်၀ေစိုး ၏ ညွှန်ကြားချက်အတိုင်း အထက်ပါဌာနများမှ CDM ပါ၀င်သည့် ၀န်ထမ်းများအားလုံး ယခုည (၁၂) နာရီမတိုင်မီ စာရင်းပေးသွင်းကြဖို့အတွက် ဖိတ်ခေါ်လိုက်ရပါတယ်။

အခု နွေဦးတော်လှန်ရေးကြီးအတွင်းမှာ အကြမ်းဖက်လက်နက်ကိုင်တွေရဲ့ ဥပဒေနဲ့မညီ လူမဆန်တဲ့လုပ်ရပ်တွေ၊ လူတွေသတ်နေတာတွေ၊ ကျောင်းသားတွေနဲ့အပြစ်မဲ့ပြည်သူတွေကိုဥပဒေမဲ့ဖမ်းဆီးထားတာတွေ၊ ညညဆို ကြောက်လန့်နေရတာတွေ အကုန်မြင်ကြ ကြားကြမှာပါ။

အဲ့လိုလူတွေဘက်မှာနေပြီး အကြမ်းဖက်အုပ်စုဘက်မှာရပ်တည်ကြပြီး လူသတ်အားပေးမလုပ်ကြပါနဲ့။

ပူးပေါင်းပါဝင်ကြပါ အချိန်မှီပါသေးတယ်🙏

ည ၁၂:၀၀ ထိအချိန်ရတာမို ပြည်သူတွေဘက် ကျောင်းသားတွေဘက်မှာ ရပ်တည်ပြီး list ပိုကြဖို သက်ဆိုင်ရာဌာနများ၊ဆရာ ဆရာမများကို တောင်းဆိုအပ်ပါတယ် 🤍

[email protected]
[email protected] ( CRPH ကမအဝ)
[email protected] (CRPH ပညာရေး)
[email protected] ( CRPH လဝက)

သက်ဆိုင်ရာဌာနအလိုက်

✅အမည်
✅မတ်ပုံတင်
✅ရာထူး
✅တာဝန်ထမ်းဆောင်သည့်ဌာန
✅CDM စတင်ပါဝင်သည့်နေ့ရက်
✅မိမိဆန္ဒဖြင့်ပါဝင်ကြောင်းခံဝန်ချက် လက်မှတ်တိုကို ရေးထိုးပြီး ပို့ပေးကြပါ 💪🏻

ပြည်သူ့အစိုးရအမိန့်ကိုနာခံကြဖို ထပ်လောင်းတိုက်တွန်းပါတယ် ❤️🙏

“အရေးတော်ပုံအောင်ရမည်”

R2P (Responsibility to Protect) ဆိုတာ !!! ဘာသိလို့R2P တောင်းဆိုရတာလဲလို့ မေးနေကြသူ တစ်ချို့အတွက်၁) Responsibility to Pro...
06/03/2021

R2P (Responsibility to Protect) ဆိုတာ !!!

ဘာသိလို့R2P တောင်းဆိုရတာလဲလို့ မေးနေကြသူ တစ်ချို့အတွက်

၁) Responsibility to Protect (R2P) ဆိုတာ ဘာလဲ
—————————————-

Responsibility to Protect (R2P) ဆိုတာ 2005 ကုလသမဂ္ဂ ကမ်ဘာထိပ်သီး အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံး ချွင်းချက်မရှိထောက်ခံလက်မှတ် ရေးထိုးခဲ့တဲ့ ကမ်ဘာနိုင်ငံရေး ကတိကဝတ် တခု (a global political commitment) ဖြစ်ပါတယ်။

၂) R2P ထဲ ဘာတွေ အကျုံးဝင်လဲ
——————————————-
အောက်ပါ ရာဇဝတ်မှု ၄ မျိုးကို ဖြေရှင်းဖို့ပါဝင်ပါတယ်။ ရာဇဝတ်မှု ၄ မျိုးဟာ ရက်စက်ယုတ်မာသော ရာဇဝတ်မှု။ အစုအပြုံလိုက် ရက်စက်ယုတ်မာသော ရာဇဝတ်မှု (Atrocity crimes or mass atrocity crimes) အဖြစ်ကျူးလွန်ရပါမယ်။

က) လူမျိုးတုန်းသတ်ဖြတ်မှု (Genocides)

ခ) စစ်ရာဇဝတ်မှု (War Crimes)

ဂ) လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှု (Ethnic Cleansing)

ဃ) ပြည်သူတရပ်လုံးအား ဆန့်ကျင်သည့်အမှုကို ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်)

စနစ်တကျ မူဝါဒ ချမှတ်၍ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှု

(Crimes against humanity: Acts that are purposely committed as part of a widespread or systematic policy, directed against civilians, in times of war or peace)

၃) R2P က ဘာလုပ်ပေးလဲ
———————————-
က) ညှိနှိုင်းဖျန်ဖြေပေးခြင်း

ခ) သတိပေးခြင်း

ဂ) စီးပွါးရေးပိတ်ဆို့ခြင်း

ဃ) UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲအပ်ခြင်း (ဒါကို နောက်ဆုံး မှလုပ်ရပါမယ်)

ဃ၁ ) ငြိမ်းချမ်းရေး ပျက်စီးရန် အန္တရာယ်ရှိလျင်၊

ဃ၂) ငြိမ်းချမ်းရေးကို ဖောက်ဖျက်လျင်၊

ဃ၃) ငြိမ်းချမ်းရေးကို စော်ကားကျူးကျော်သော လုပ်ရပ် လုပ်လျင်

UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲ၍ စစ်ရေးအရ (သို့မဟုတ်) စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခွင့်ရှိပါတယ်။

R2P ထောက်တိုင် ၃ ခုက ဘာလဲ
———————————-
၁) ကိုယ်နိုင်ငံမှာ ဖော်ပြပါ ရာဇဝတ်မှု ၄ ခုမရှိအောင် နိုင်ငံတိုင်း ကာကွယ်ရမယ်

၂) သက်ဆိုင်ရာနိုင်ငံက ကိုယ်တိုင် ကာကွယ်လိုသော်လဲ ၊ မနိုင်လျင် အပြည်ပြည်ဆိုင်ဆိုင်ရာ အကူအညီကို လွှတ်ပေးရမယ်

၃) အမြန်ဆုံးနဲ့အထိရောက်ဆုံး ဆောက်ရွက်ရမယ်။

R2P ကို ဘယ်မှာ ဘယ်လိုသုံးခဲ့သလဲ
———————————-
၁) Kenya 2007/2008

ရွေးကောက်ပွဲ အငြင်းပွါးပြီး သမ္မတ တစ်ဦးတက်ပြီးခြင်း အုံကြွမှုဖြစ်ပွါးခဲ့တယ်။ လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှုအကျုံးဝင်ခဲ့တယ်။ လူ ၁၀၀၀ကျော်သေဆုံးပြီး ၅သိန်းကျော်တိမ်းရှောင်ရတယ်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက UN လုံခြုံရေးကောင်စီတင်ပြပြီး ကုလကြားဝင်ညှိနှိုင်းခဲ့ရပါတယ်။

၂) Ivory Coast 2011

ရွေးကောက်ပွဲအလွန် အုံကြွမှုဖြစ်ပြီး မဆင်းတဲ့ သမ္မတဟောင်းနဲ့ အဖွဲ့ကိုဖယ်ချဖို့ UN စစ်တပ် ၅ရက်အတွင်းဝင်ရောက်ခဲ့တယ်။ ၁၁ ရက်အတွင်း သမ္မတအသစ်က သမ္မတေဟာင်းကို ဖမ်းပြီး ICC ပို့ခဲ့တယ်။

၃) Libya 2011

UN တပ်ကို R2P အနေဖြင့်စသုံးခဲ့တယ်။ လုံခြုံရေး ကောင်စီ အပစ်အခပ်ရပ်စဲရေး အမိန့်ပေးပြီး NATO တပ်တွေဝင်လာခဲ့တယ်။ အာဏာရှင်ကတာဖီ ထွက်ပြေးပြီး လမ်းဘေးမှာ ဘယ်လို သေလဲဆိုတာတော့ အားလုံးသိပြီးဖြစ်လိမ့်မယ်။

တခြား case တွေလဲရှိပါသေးတယ်။

📛📛📛📛📛

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ အခြေအနေနဲ့မရတော့ပါဘူး။ UN တပ်များ စစ်ရေးနဲ့ကာကွယ်ဖို့ Responsible to Protect (R2P) ကို တစ်ပြည်လုံး တညီတညာတည်း တောင်းဆိုကြရမယ့်အချိန် ရောက်ရှိလာပါပြီ။ သဘောတူရင် R2P Campaign ကို စကြပါစို့။ CRPH မှ R2P ကို ပြည်သူသန်း ၅၀ ကိုယ်စား တောင်းဆ်ိုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ် ။ R2P ကိုသဘောတူညီရင် မျှဝေကြပါ။




ထပ်ဖြည့် ။ အခု Dr.SaSa ကတောင်းဆိုလိုက်ပြီဆိုတော့ အမြန်ဆုံးလက်ခံအရေးယူနိုင်ဖို့ ဆုတောင်းကြရအောင်ပါ !!!!! 🙏🏼🙏🏼🙏🏼
Credit : original

20/02/2021
20/02/2021

"သေသွားပါပြီ" ဆိုတဲ့ စကား အစား
"အသတ်ခံလိုက်ရပါတယ်" လို့သုံးပါ
ဒီပွဲမှာ ပြည်သူတွေဘက်က လူ့အသက်တွေ ရင်းနှီးထားပြီး တိုက်နေကြရပါတယ်
ကျည်တစ်တောင့် အသက်တစ်ချောင်းနှုန်းနီးပါး
ပစ်သတ်ခံနေရပါတယ်


Crd

Photo Credit
18/02/2021

Photo Credit



13/02/2021
ရော့ အက်မှာ အိမ်မပိုင်လို့ အပြင်ထွက်ပြီး protest မလုပ်နိုင်တဲ့ keyboard fighter လေးတို့ အတွက် ၁ကွက် 👀❓❓📣📣💢အပြင်လည်းမထွက်...
11/02/2021

ရော့ အက်မှာ အိမ်မပိုင်လို့ အပြင်ထွက်ပြီး protest မလုပ်နိုင်တဲ့ keyboard fighter လေးတို့ အတွက် ၁ကွက် 👀❓❓📣📣

💢အပြင်လည်းမထွက်ရ လူစုလူဝေးလည်း မဖြစ်စေပဲ အိမ်မှာပဲ ငြိမ်းချမ်းစွာ protest လုပ်လို့ရမဲ့ Virtual Protseting Event အကြောင်းလေး ပြောပြချင်လို့ပါ။အဲ့ဒီတော့

❗၁။ Virtal Protesting ဆိုတာဘယ်လိုမျိုးလဲ?

အိမ်ကနေပဲ Zoom App plartform ကို အသုံးပြုပြီး protest လုပ်ကြမှာပါ။ အချိန် ၂ နာရီခန့်ကြာမြင့်ပါမယ်။

❗၂။ ဘယ်သူတွေပါဝင်လို့ရလဲ?

Military Dictatorship ကိုဆန့်ကျင်တဲ့ မည်သူမဆို လူကြီးလူငယ်မရွေး၊ ကျား၊မ မရွေး၊ gender မရွေး ပါဝင်လို့ရပါတယ်။

❗၃။ ဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲ?

Board ပေါ်မှာ Military Coup ကို ဆန့်ကျင်တဲ့ စာလေးတွေရေးထားရပါမယ်။ Memes တွေဆိုလည်း အဆင်ပြေပါတယ်။ ‼️

ဒါပေမဲ့ အထူးဂရုပြုရမှာက ဆဲရေးတဲ့ စကားလုံးမျိုး၊ hate speech လိုမျိုးတွေ မသုံးရပါနော်။

❗၄။ Protest လုပ်မယ့် fighters လေးတို့အနေနဲ့ ကိုယ်ရဲidentity ကိုကာကွယ်ချင်လို့ Mask လေးတွေတပ်ပြီး ဆန္ဒပြမယ်ဆိုလဲအဆင်ပြေပါတယ်နော်။

❗၅။ နောက်တစ်ခုစိတ်ပူတာကလေ အာဏာရှင်အဖွဲ့အစည်းဟာ လျော့တွက်လို့မရတဲ့အပြင် record လဲကျန်ခဲ့မှာဖြစ်လို့ fighters လေးတို့ရဲ့ နောက်ကြောင်းလိုက်တာဖြစ်ဖြစ်၊ IP ကိုခြေရာခံတာဖြစ်ဖြစ် လုပ်မှာစိုးရိမ်တဲ့အတွက် ကိုယ်ရဲ့မျက်နှာ ၊ နောက်ခံစာတွေကို ဖျောက်ထားပေးစေလိုပါတယ်🥺။

💢ဒီ event လေးမှာပါဝင်ချင်တဲ့ fighters လေးတွေက အောက်မှာပါတဲ့ Telegram Channel လေးကို join ပေးပါနော်။

ဒီ channel လေးထဲမှာ အသေးစိတ်တွေကိုထပ်ပြောပြပေးသွားမှာပါ။ (Telegram မရှိရင်လည်း down လိုက်ကြဦးနော်)။ Facebook မှာလည်း Live လွှင့်မှာဖြစ်ပြီး အခြား Social Medias တွေမှာလည်း record ယူပြီး ပြန်တင်မှာပါနော်။ ဒါ့ကြောင့် အပြင်ထွက်ဆန္ဒပြလို့မရတဲ့ fighters လေးတွေလည်း ဒီ Event လေးကနေ ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ပါဝင်နိုင်ပါတယ်🙌

https://t.me/joinchat/UE-1rZI_rR_H3NZB 👈 [ Telegram Channel Link ]

💢Virtual Protesting Event ကို သောကြာနေ့ညမှစတင်ကာ 5 ရက်တိုင်တိုင် ညတိုင်း 9pm to 11pm ထိ Zoom Application Platform ကနေပြုလုပ်သွားမှာ ဖြစ်ပါတယ်🥳

💢fighters လေးတို့အနေနဲ့ ဒီ Event လေးနဲ့ပတ်သက်ပြီး အကြံဉာဏ်၊ ထင်မြင်ချင်လေးတွေပေးချင်ရင် [email protected] ကို mail ပို့ပြီးပေးပို့နိုင်ပါတယ်နော်🙌




10/02/2021

ဆိုက်ဘာဥပဒေကို စက္ကူစုတ်ဖြစ်အောင်လုပ်ကြ

ဒီရက်ပိုင်းမှာ စစ်အာဏာရှင်အစိုးရက တိတ်တဆိတ်လုပ်ဆောင်နေတဲ့ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းဆိုသော စာစုတစ်ခုဟာ Social Media မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဥပဒေမူကြမ်းဆိုသော စာထဲက ပုဒ်မတွေဟာ ဆိုက်ဘာလုံခြုံရေးအတွက်လို့ ဆိုစေကာမူ တကယ့်လက်တွေ့မှာတော့ လူ့အခွင့်အရေးကို ပြင်းထန်စွာ ဖောက်ဖျက်ပြီး ရေးဆွဲထားတဲ့ အရာတစ်ခုဆိုတာ သေချာနေပါတယ်။ အဲ့ဒါကြောင့် ဒီဥပဒေမူကြမ်းဆိုသော စာထဲမှာ ဘယ်လို ပုဒ်မတွေက လူ့အခွင့်အရေးကို ဆန့်ကျင်ဖီဆန်နေလဲဆိုတာကို အသေးစိတ်ဖော်ပြပေးသွားပါမယ်။

ဥပဒေမူကြမ်းဆိုသော စာရဲ့ အခန်း၁၊ ပုဒ်မ ၂(က၊ခ) တွေမှာ ပြည်တွင်းပြည်ပဆက်သွယ်မှု၊သဘောတူညီမှု၊ သတင်းအချက်အလက်ဖလှယ်မှုနဲ့ စီးပွားရေး၊ အီလက်ထရောနစ်၊ ဆိုက်ဘာအရင်းအမြစ် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို တားမြစ်ထားတဲ့အချက်တွေပါဝင်နေပါတယ်။ ဒီလို ပုဒ်မတွေဟာ မြန်မာနိုင်ံငံအတွင်းမှာ လုပ်ကိုင်နေတဲ့ INGO, NGO, Game Streamers, Investment , IT စတဲ့ နယ်ပယ်တွေတော်တော်များများကို ထိခိုက်စေနိုင်တဲ့ အပြင် လူမှုကွန်ယက်ပေါ်မှာ သတင်းဖြန့်ဝေမှုတွေကိုပါ တရားမဝင်တဲ့ သဘောမျိုးကို ဆောင်နေပါတယ်။ ဥပဒေမူကြမ်းဆိုသော စာရဲ့ အခန်း၉၊ ပုဒ်မ ၂၈(က) မှာဆိုရင် မြန်မာနိုင်ငံတွင်း အွန်လိုင်း ဝန်ဆောင်မှုပေးတဲ့ သူတွေအနေနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းမယ်ဆိုရင် အဲ့ဒီ သိမ်းဆည်းမယ့် စက်ပစ္စည်းတွေကို အာဏာရှင် ဝန်ကြီးဌာနက သတ်မှတ်တဲ့နေရာမှာပဲ ထားရပါမယ်ဆိုတဲ့ အချက်ကို အတိအလင်းရေးဆွဲထားပါတယ်။ ဒါဟာ အင်တာနက်သုံးစွဲသူတွေရဲ့ အချက်အလက်တွေမတရား သိမ်းဆည်းတာဖြစ်ပြီး လူတစ်ယောက်ရဲ့ အခွင့်အရေးကို ဖောက်ဖျက်တယ်ဆိုတာ ငြင်းစရာမရှိပါ။
ထိုနည်းတူစွာ အခန်း၉၊ ပုဒ်မ ၃၀ မှာ မြန်မာနိုင်ငံတွင်း ဝန်ဆောင်မှုပေးတဲ့သူတွေအနေနဲ့ ဝန်ဆောင်မှုအသုံးပြုသူတွေရဲ့ အမည်၊ Internet Protocol (IP) Address၊ ဖုန်းနံပါတ်၊ စိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာတွေ အပါအဝင် အသုံးပြုမှုမှတ်တမ်းတွေကိုပါ ဝန်ဆောင်မှုစသုံးတဲ့နေကစလို့ သုံးနှစ်အထိ ထိန်သိမ်းထားရမယ်ဆိုတဲ့ ပုဒ်မကို ရေးဆွဲထားတာတွေ့ရပါတယ်။ ဒါကြောင့် ဒီပုဒ်မ ၃၀ ဟာ အင်တာနက်သုံးစွဲသူရဲ့ လွတ်လပ်မှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေရုံသာမက လူတစ်ယောက်ရဲ့ အချက်အလက်တွေကို ဥပဒေဆိုတဲ့စကားနဲ့ မတရားခြိမ်းခြောက်ရယူနေတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းဆိုသောစာမှာ အခန်းပေါင်း ၁၇ ခန်း ပါဝင်နေပြီး အင်တာနက်သုံးစွဲသူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အချက်အလက်တွေကို မတရားရယူနိုင်ဖို့ အစီအစဉ်တွေကို ချမှတ်ရေးဆွဲထားပါတယ်။ နိုင်ငံတော်တည်ဆောက်ရေးမှာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေ၊ ဆိုက်ဘာအရင်းအမြစ်တွေကို လုံခြုံစွာ သိမ်းဆည်းဖို့၊ အများပြည်သူရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဥပဒေနဲ့ အညီကာကွယ်ပေးဖို့ စတဲ့ ရည်ရွယ်ချက်တွေကြောင့် ဒီလို သူတို့ဥပဒေလို့ခေါ်သောအရာကို ကောင်အထည်ဖော်ဖို့လုပ်နေပေမယ့် တကယ့် လက်တွေ့မှာတော့ ဥပဒေဆိုတဲ့စကားကို ခုတုံးလုပ်ပြီး ပြည်သူရဲ့ အချက်အလက်တွေ၊ အခွင့်အရေးတွေကို ဝါးမြိုဖို့ လုပ်ဆောင်ချက်တစ်ရပ်သာဖြစ်ပါတယ်။

ဒီဥပဒေကို လက်တွေ့အကောင်အထည်ဖော်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံကလူထုဟာလည်း မြောက်ကိုးရီးယား၊ တရုတ်တို့လို Youtube မကြည့်ရ၊ Google သုံးမရတဲ့ ဘဝကို နေ့ချင်းညချင်းရောက်သွားမှာဖြစ်ပါတယ်။

ဘယ်လိုတုံ့ပြန်ကြမလဲ?

ပထမဆုံးမေးခွန်းထုတ်ရမှာက မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်မှာ ဒီလို ဥပဒေထုတ်နိုင်တဲ့ တရားဝင်မှု (legitimacy) ရှိလား ဆိုတာကိုပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ပြည်သူတွေအနေနဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာရူးတစ်စုကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုပါဘူး။ အဲတာကြောင့်လည်း Civil Disobedience Movement (CDM) တွေ လုပ်နေကြတာပါ။ ဆိုတော့ ဒီလို ပြည်သူ့ဆီက တရားဝင်မှုမရတဲ့ အစိုးရကထုတ်တဲ့ ဥပဒေဟာလည်း တရားမဝင်ပါဘူး။ တရားမဝင်တဲ့အစိုးရရဲ့ တရားမဝင်တဲ့ဥပဒေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကတော့ ရှင်းပါတယ်။ ဒီနေရာမှာလည်း Civil disobedience ဖြစ်တဲ့ CDM ကိုပဲ သုံးရပါမယ်။ CDM မှာ အလုပ်မသွားရုံတင်မကဘဲ ဒီလို မတရားအစိုးရရဲ့ မတရားဥပဒေတွေ၊ မတရားအမိန့်တွေကို မလိုက်နာတာတွေလည်း အကျုံးဝင်ပါတယ်။ ဆိုတော့ ဒီဆိုက်ဘာဥပဒေကိုလည်း အသိအမှတ်မပြုဘဲ မလိုက်နာဖို့အရေးကြီးပါတယ်။ အင်တာနက်အသုံးပြုပြီး စစ်အာဏာရှင်တွေကို ဆန့်ကျင့်တဲ့အရေးအသားတွေ၊ ပုံရိပ်တွေ ထပ်လုပ်နေဖို့လိုပါတယ်။ မြန်မာနိုင်ငံက facebook သုံးတဲ့သူအများစုကသာ ဒီလို သူတို့ဥပဒေကို မလိုက်နာကြတဲ့အခါ အဲ့မလိုက်နာသူအများစုကြီးကို အကုန်လိုက်ဖမ်းနိုင်မှာမဟုတ်ပါဘူး။ အဲ့ထဲက တစ်ချို့ကိုဖမ်းတယ်ဆိုရင်လည်း ကျန်တဲ့ အင်တာနက်အသုံးပြုပြီး ဆန့်ကျင်သူအများစုက မိမိတို့ကိုပါဖမ်းဖို့ ဝိုင်းပြောကြပါ။ သံပုံးတီးသလိုပါပဲ။ လူသာညီရင် ဒီလူတွေအကုန်လုံးကို သူတို့မဖမ်းနိုင်ပါဘူး။ သူတို့လက်လျှော့ရပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ ဆိုက်ဘာဥပဒေကိုကြောက်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးတွေ အင်တာနက်ထက်မှာဆက်မလုပ်ကြတော့ဘူးဆိုရင်တော့ စစ်အာဏာရှင်တွေအကြိုက်ဖြစ်သွားပါလိမ့်မယ်။

ဒါဟာ ရေရှည်တိုက်ပွဲဖြစ်တယ်။ End game ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းပြီး စစ်မှန်တဲ့ဒီမိုကရေစီကိုဖော်ဆောင်နိုင်တဲ့အထိ သွားဖို့လိုပါတယ်။ အဲကိုသွားတဲ့လမ်းတစ်လျှောက်မှာ ဒီဆိုက်ဘာဥပဒေလိုဟာမျိုးတွေလည်း ထပ်ပေါ်လာပါလိမ့်ဦးမယ်။ ကျွန်တော်တို့ကိုင်ရမယ့် လက်နက်ကတော့ CDM ပါပဲ။ သူတို့ရဲ့အမိန့်တွေ၊ ဥပဒေတွေတိုင်းကို ဖီဆန်ကြပါ။ Civil disobedience လုပ်ကြပါ။ လူသာညီရင် သူတို့ ဆိုက်ဘာဥပဒေဟာ စက္ကူစုတ်သက်သက်သာဖြစ်သွားပါလိမ့်မယ်။

09/02/2021

Don't Let the History Repeat Again !!!
၈၈မှာတုန်းက အခုလိုပဲ တစ်ရက်ပြီးတစ်ရက်ဆန္ဒပြမှုတွေ အားကောင်းလာခဲ့တာပဲ။ ဌာနဆိုင်ရာသပိတ်တွေအပြင် ရဲတပ်ဖွဲ့နဲ့လေတပ်လို လက်နက်ကိုင်အင်အားတွေကပါ, ပါဝင်လာကြတယ်။ အာဏာရှင်နေဝင်းအိမ်ကိုပါ လူတွေဝိုင်းတဲ့အဆင့်အထိရောက်ခဲ့ပြီး ခြေလွတ်လက်လွတ်ထွက်ပြေးရမယ့်ဆဲဆဲအထိဖြစ်ခဲ့တယ်။

A.ဒါဆိုရင် ဘာဖြစ်လို့မအောင်မြင်ခဲ့တာလဲ?
- အာဏာရှင်ဟာ သူတို့မထိန်းနိုင်တော့တဲ့တိုင်းပြည်ကို ဖျက်ပစ်လိုက်လို့ပဲ

B. ဘယ်လိုဖျက်တာလဲ?
- ထောင်တွေဖွင့်ပေးလိုက်တယ်
- အကြမ်းဖက်မှုတွေဖန်တီးတယ်
- စက်ရုံ၊ဂိုထောင်လုယက်ခိုင်းတယ်
- ခေါင်းဖြတ်လူသတ်ပွဲတွေလုပ်ပစ်တယ်
- တစ်တိုင်းပြည်လုံး အနိဌာရုံတွေဖန်တီးယူတယ်

C. ပြီးတော့ဘာဆက်လုပ်လဲ?
- စစ်တပ်ကအာဏာသိမ်းလိုက်တယ်

D. အာဏာသိမ်းတော့ဘာဖြစ်သွားလဲ?
- ဆန္ဒပြသူတွေကို သောင်းနဲ့ချီအောင်ပစ်သတ်တယ်
- ဖမ်းတယ် ဆီးတယ် နှိပ်စက်တယ်
- လိပ်စာနဲ့လာပြီး အိမ်တိုင်ရာရောက်လိုက်ဖမ်းတယ်

E. စစ်အစိုးရက တရားဝင်ဘယ်လိုရပ်တည်သွားသလဲ?
- ရွေးကောက်ပွဲကျင်းပပြီးအာဏာပြန်လွှဲပေးမယ်လို့ ကမ္ဘာကိုကြေငြာတယ်
- တရုတ်ရဲ့ထောက်ခံအားကိုယူပြီး တရားဝင်အစိုးရအဖြစ် တဖြည်းဖြည်းချင်းလက်ခံလာအောင်လုပ်တယ်
- အခွင့်အလမ်းစီးပွားရေးစနစ်ကိုအသက်သွင်းပြီး ပြည်ပကစီးပွားရေးသမားတွေကို အောက်ဈေးနဲ့ထိုးပေးတယ်

F. ဘာ့ကြောင့် ၂၂နှစ်ကြာအောင်အုပ်စီးနိုင်သလဲ?
- ရွေးကောက်ပွဲအနိုင်ရပါတီကို အာဏာမအပ်ဘဲ ပါတီဝင်များနဲ့ပါတီကို နှိပ်စက်ဖျက်ဆီးခြင်း
- စီးပွားရေးကို‌သာကြည့်သော ပြည်ပနိုင်ငံအချို့က လာရောက်ရင်းနှီးမြှုပ်နှံခြင်း
- တိုင်းပြည်သယံဇာတ ကုန်ကြမ်းများကို အနိမ့်ဆုံးဈေး၊ ရရာဈေးများဖြင့်ရောင်းစားခြင်း
- ပညာရေးကို စနစ်တကျ အဆင့်နှိမ့်ပစ်ခြင်း
- အကြောက်တရားဖြင့်အုပ်ချုပ်ခြင်း

စစ်အာဏာရှင်တွေရဲ့ ကလင်ဒါကျပုံကျနည်းကို ပြန်ဆင်ခြင်နိုင်ကြဖို့ပါ။
ယခုလက်ရှိဆန္ဒပြမှုကြီးကို အပေါ်မှာရေးထားတဲ့ A to F အတိုင်းပဲ ကိုင်တွယ်ဖို့ရှိနေပါတယ်။

မကြာခင်မှာ အဆင့် B ကို လုပ်ကြပါလိမ့်မယ်။

#ပြည်သူတွေတော်တော်ကိုညီညွတ်မှလွတ်မြောက်နိုင်ပါလိမ့်မယ်။

(Copy ယူ၍ share ပါ)

Address

Yangon

Alerts

Be the first to know and let us send you an email when Beatrix posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Beatrix:

Share