Crown princess.USA Vitamin Shop

Crown princess.USA Vitamin Shop �USA စက်ရုံကနေ တိုက်ရိုက်ဝယ်ယူပြီး
အရ?

အာရောဂျံ ပရမံ လာဘံ==============အုန်းစိမ်းရည်  အူနံရံကို ဆေးကြောမယ်။ ကျောက်ကပ် အညစ်အကြေးကိုလည်းသန့်စေတဲ့ ကမ္ဘာပေါ်မှာ အက...
26/02/2023

အာရောဂျံ ပရမံ လာဘံ
==============

အုန်းစိမ်းရည်

အူနံရံကို ဆေးကြောမယ်။
ကျောက်ကပ် အညစ်အကြေးကိုလည်း
သန့်စေတဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံး
ရေဟာ အုန်းစိမ်းရည်ပါပဲ။

သဘာဝတရားကြီးကပေးတဲ့
အားအင်အရှိဆုံးအရည်ဟာ အုန်းစိမ်းရည်ပါ။
ကြိုက်သလောက် သောက်သုံးနိုင်ပါတယ်။

လူတိုင်း တစ်ခုမေးချင်တာ ရှိကြမယ်
အပူမကန်ဘူးလား? ဝိတ်မတက်ဘူးလား?
မကန်ပါဘူး လုံးဝ ဝိတ်မတက်ပါဘူး။
ဝိတ်တောင်ကျစေပါတယ်။

အုန်းသီးရင့်ရည်ကမှ
တကယ်အပူကန်တာပါ။
ကျန်းမာရေးလို့ခေါ်တဲ့
အနုကိုသောက်ရပါမယ်။

အုန်းသီးစိမ်းရည်နဲ့
အုန်းသီးရင့်ရည်က
ဆန့်ကျင်ဘက်ပါ။
အုန်းစိမ်းရည်ကတော့
အဟာရဓာတ်တွေ အကျိုးပြုဓာတ်များစွာ ပါဝင်ပါတယ်။

အုန်းစိမ်းရည်က အပူကန်တာကိုတောင်
ကာကွယ် ပေးပါသေးတယ်။
ဝမ်းလျောလို့ အားအင်မရှိရင်လည်း
ဓာတ်ဆားတွေအစား သဘာဝအုန်းစိမ်းရေကို
သောက်သုံးနိုင်ပါတယ် ။

ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ်ဓာတ်
များစွာပါရှိပါတယ်။
အားကစားလုပ်တဲ့ နေရာမှာလဲ
ကြွက်မတက်အောင် ထိန်းချုပ်ပေးပါတယ်။

ကျောက်ကပ်က အညစ်ကြေးတွေကိုလဲ
ဆီးမှတဆင့် ဆေးကြောသန့်စင်ပေးပါတယ်။
ကျောက်ကပ်မှာ ကျောက်မတည်အောင်
လည်း ကာကွယ်ပေးပါတယ် ။

မကောင်းတဲ့အဆီ အဆိပ်အတောက်
အညစ်အကြေးတွေကိုလဲ ဆီးမှတဆင့်
ဖယ်ရှားပေးပါတယ်။

အရေပြားလမ်းကြောင်းက စွန့်ပစ်ရမယ့်
အဆိပ်တွေကိုလဲ စွန့်ထုတ်ပေးပါသေးတယ်။

အညစ်ကြေးတွေ ဖယ်ရှားပေးတဲ့အတွက်
ကိုယ်အလေးချိန် ကျစေပါတယ်။
အုန်းစိမ်းရေက ဝိတ်ကျစေပြီး
Gas ပါတဲ့ အချိုရည်မျိုးစုံနဲ့
အားဖြည့်အချိုရည်မျိုးစုံကို သောက်မဲ့အစား
အုန်းစိမ်းရည်ကို သောက်သုံးကြရအောင်။

Credit.

အာရုံကြော အားနည်းခြင်းအကြောင်း သိကောင်းစရာ             အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သ...
10/09/2022

အာရုံကြော အားနည်းခြင်းအကြောင်း သိကောင်းစရာ

အာရုံကြော အားနည်းရောဂါ သည် အာရုံကြောများ ပျက်စီးမှု ကြောင့် ဖြစ်သော ရောဂါဖြစ်ပါသည်။ အာရုံကြောများ၏ တာဝန်မှာ ဦးနှောက်နှင့် ပင်မအာရုံကြောမကြီးမှ သတင်းအချက်အလက်များကို ခန္ဓာကိုယ်၏ ကျန်အစိတ်အပိုင်းများသို့ ပို့လွှတ်ပေးပါသည်။

ရောဂါလက္ခဏာများမှာ လက်များ၊ ခြေထောက်များ လှုပ်ရှားမှု အားနည်းခြင်း၊ ပင်အပ်နှင့် ထိုးသကဲ့သို့ စူးကနဲ၊ ပူကနဲ ဖြစ်ခြင်း၊ ထုံကျင်ခြင်း၊ အထိမခံနိုင်ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ အချို့လူနာများတွင် ချွေးထွက်မမှန်ကန်ခြင်း၊ အထိုင်အထ မိုက်ခနဲဖြစ်ခြင်း၊ ဆီးဝမ်းနှင့် အစာခြေဆိုင်ရာ ပြဿနာများ၊ ယောကျာ်းများ စွမ်းဆောင်ရည် အားနည်းခြင်းတို့ ဖြစ်နိုင်ပါသည်။

နောက်ဆက်တွဲပြဿနာများ

ထုံနေခြင်းကြောင့် အရေပြားထိခိုက် လွယ်ခြင်း၊ အပူလောင်လွယ်ခြင်း၊ ထိခိုက်ရှနာဖြစ်လွယ်ခြင်း၊ ပိုးဝင်လွယ်ခြင်း၊ ဟန်ချက်မညီပဲ ချော်လဲလွယ်ခြင်း။

ဆောင်ရန် ရှောင်ရန်များ

အာရုံကြောအားကောင်းစေသော ရဲယို၊ မြင်းခွာရွက်၊ ဒန့်သလွန်ရွက်၊ ဆင်တုံးမနွယ်တို့ကို မကြာခဏ စားပေးသင့်သည်။ ထို့ပြင် ငါးကြင်း၊ ငါးလူး၊ ငါးသလဲထိုး တို့ကို ကင်ပွန်းချဉ်ရွက်နှင့် ချက်စားခြင်း၊ ရှောက်သီးသုပ်၊ သံပရာသီးသုပ်တို့ကို မကြာခဏ စားပေးသင့်သည်။ မျှတသော၊ ကြေညက်လွယ်သော အာဟာရတို့ကို စားပေးရမည်။ သွေး အားကောင်းစေသော အစားအစာ၊အသီးအနှံများကိုလည်း စားသုံးပေးသင့်သည်။

အာရုံကြောအားနည်း ရောဂါတွင် အအေးခံလွန်းခြင်း၊ အအေးစာများကို လွန်စွာစားသုံးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အစာကိုအချိန်မှန်မစားခြင်း၊ ကွမ်းစားခြင်း၊ အတက်စာများ အစားများခြင်း၊အိပ်ရေးပျက်ခံခြင်း၊ ပင်ပန်းသောအလုပ်များ လွန်စွာ လုပ်ကိုင်ခြင်းတို့ကို ရှောင်ကြဉ်ရမည်။

အာရုံကြော အားနည်းရောဂါကို သက်သာစေရန်အတွက် သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးသင့်သည်။ စားသောက်ချိန်ကို အချိန်မှန်စေခြင်း၊ အချိန်မှန်မှန် အိပ်ခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေရန်အတွက် တရားထိုင်ခြင်း၊ နွေးနွေးထွေးထွေးနှင့် သန့်ရှင်းလတ်ဆတ်သော နေရာတွင်နေခြင်း၊ နံနက်စောစောတွင် နေပူဆာလှုံခြင်းတို့ကို ပြုလုပ်ပေးသင့်သည်။

Credit to original uploader

 #အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ                  အရိုး●အရိုးတွေ ချောင်လာတယ် ●ဒူးနာတတ်တယ်●ချဉ်ဆီခမ်းလို့ ဒူးချောင်တ...
08/07/2022

#အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
အရိုး
●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက်
အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး
သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ
( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ
ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ
ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့်
ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို
များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ
မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး
သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို
လဲမကျအောင် တုတ်ကောက်
က အကူရသည်။

credit - original
# ကျန်းမာရေး
mts

ဒူးရင်းသီး အဖိုးဖြစ်သူက ဒူးရင်းသီး ခြင်းလိုက်စားသူ၊ အမေကလည်း ဒူးရင်းသီးအလွန်ကြိုက်သူဖြစ်တာကြောင့် ကျွန်တော်လည်း မျိုးရို...
29/04/2022

ဒူးရင်းသီး

အဖိုးဖြစ်သူက ဒူးရင်းသီး ခြင်းလိုက်စားသူ၊ အမေကလည်း ဒူးရင်းသီးအလွန်ကြိုက်သူဖြစ်တာကြောင့် ကျွန်တော်လည်း မျိုးရိုးလိုက်ပြီး ဒူးရင်းသီး အရမ်းကြိုက်ပါတယ်။ မိတ်ဆွေတွေက ဒူးရင်းသီးအကြောင်းရေးခိုင်းတာကြောင့် ဒူးရင်းသီးနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးအကြောင်းသိသလောက်ရေးပေးလိုက်ပါတယ်။

အရှေ့တောင်အာရှမှာ ဒူးရင်းသီးက နာမည်ကြီးပါတယ်။ " အသီးတို့ရဲ့ဘုရင် " လို့တောင် တင်စားကြတယ်။ အနံပြင်းတာကြောင့် ဟိုတယ်အများစုက ဟိုတယ်အတွင်းသို့ ဒူးရင်းသီးယူခွင့်မပြုကြပါ။

ဒူးရင်းသီး အမျိုးအစားအများကြီးရှိပါတယ်။ ဒါကတော့ ဒူးရင်းသီး ရောင်းသူတွေပိုသိပါလိမ့်မည်။

ရုက္ခဗေဒအဆိုအရ လူသိများတဲ့ ဒူးရင်းသီးမျိုးစိတ်က Durio zibethinus ဖြစ်ပါတယ်။ အပူပိုင်းအသီးဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်းတို့လို အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒူးရင်းပင်ပေါက်ပါတယ်။

အခြားအသီးတွေထက် ဒူးရင်းသီးမှာ မြင့်မားတဲ့ အဟာရတွေပါဝင်ပြီး ဒူးရင်းသီးမှာ ဗိုက်တာမင် C ၊ ဗိုက်တာမင် B1 , ဗိုက်တာမင် B6 , ဗိုက်တာမင် B2 ၊ ဖောလိတ်၊ မက်ဂနီဆီယမ်၊ ဗိုက်တာမင် B3 ၊ ကော့ပါး နှင့် ပိုတက်ဆီယမ်တွေပါရှိနေတယ်လို့ရေးပါတယ်။ Antioxidant လို အစွမ်းရှိတဲ့ anthocyanins, carotenoids, polyphenols, နှင့် flavonoids လို ဓာတ်ပေါင်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေးကောင်းပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ မြင့်မားတဲ့အဟာရတွေ ကြွယ်ဝတဲ့ antioxidant တွေက ကင်ဆာရောဂါကိုဖြစ်စေသော free radicals တွေကို ချေဖျက်တယ်လို့ရေးတယ်။

ဒူးရင်းသီးက သွယ်ဝိုက်သောနည်းအားဖြင့် ကိုယ်လက်စထရောကိုကျဆင်းစေပါတယ်။ သွေးကြောကျဉ်းခြင်း နှင့် သွေးကြောမာခြင်းကို လျော့ချနိုင်ပြီး နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်ပေါင်းတွေမှာ ပိုးသတ်နိုင်စွမ်း ( antibacterial ) နှင့် မှိုသတ်နိုင်စွမ်း ( anti-yeast ) အစွမ်းရှိတယ်။ ခုခံစွမ်းအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေတယ်။

ဒူးရင်းသီးရဲ့ glycemic index (GI) က 49 ဖြစ်ပါတယ်။ နာနတ်သီးက 82 ၊ သင်္ဘောသီးက 58 ၊ ဖရဲသီးက 55 ဆိုတော့ အပူပိုင်းအသီးတွေထဲမှာ ဒူးရင်းသီးက glycemic index (GI) နိမ့်ပါတယ်။ GI နိမ့်တဲ့အပြင် ဒူးရင်းသီးမှာ အမျှင်ဓာတ်ပါတာကြောင့် ဆီးချိုထိန်းနိုင်သူတွေ အနည်းငယ်စားလို့ ရပါတယ်။

ဒူးရင်းသီးမှာ အမိုင်နိုအက်ဆစ် tryptophan ပါဝင်ပြီး ပျော်ရွှင်စေသော ဟိုမုန်း ဆီလိုတိုနင်ကို ပွားများစေတယ်။ အိပ်ပျော်စေသော ဟိုမုန်း မယ်လတိုနင်ကို မြင့်တက်စေတယ်။

ကိုယ်ဝန်ဆောင်တွေ ဒူးရင်းသီးစားလို့ရပါတယ်။ ဒူးရင်းသီးမှာပါဝင်တဲ့ folate က ကိုယ်ဝန်ဆောင်ချိန်သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး ဒူးရင်းသီးရဲ့ အဖိုးတန်အာဟာရက ကိုယ်ဝန်ကို အကျိုးပြုပါတယ်။

ဒူးရင်းကို အရက်နှင့် အတူမသောက်ရပါ။ ဒူးရင်းသီး နှင့် အရက်အတူသောက်လျှင် ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

22/04/2022
04/03/2022

ဘာလာလာ ဒေါင်းမယ်ဟေ့
ဥမ္မာခင်ရဲ့ အကို
ဘတူး လာဦးမှာတဲ့။

Omicron BA.2ဆိုပြီးထပ်လာပါတော့မယ်။

ယခုOmicron BA.1ထက်ပိုကူးမြန်တယ်။ပိုကြမ်းမယ်။
ဆေးရုံတက်ရနှုန်းများမယ်။အဆုတ်ထိခိုက်မယ်။
ကာကွယ်ဆေးကိုဖောက်ထွက်နိုင်စွမ်းရှိတယ်။
ကုသဆေးတချို့လည်းမတိုးဘူးလို့
သတိပေးနေကြပါတယ်။
အရှေ့တိုင်းသားတွေမှာ
ရောဂါအခြေအနေပိုဆိုးနိုင်ပါတယ်။
ဂျပန်မှာတော့စနေပြီ။
ကြိုတင်သတိထားပါ။

credit.

နှစ်သစ်မှာ  ဘေးကင်းပါစေစိတ်ကူးတွေ အောင်မြင်ပါစေကပ်ဘေးမှ ကင်းစေပါစေလို့မင်မင် ဆုတောင်းပေးတယ်😍😍😍
31/12/2021

နှစ်သစ်မှာ ဘေးကင်းပါစေ
စိတ်ကူးတွေ အောင်မြင်ပါစေ
ကပ်ဘေးမှ ကင်းစေပါစေလို့
မင်မင် ဆုတောင်းပေးတယ်😍😍😍

သူလေးက လာပြန်ပြီနော်😁
28/12/2021

သူလေးက လာပြန်ပြီနော်😁

လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ (၁)လိမ္မော်သီးဖြစ်စေ၊ ကမ္ဗလာသီးဖြစ်စေ ပုံမှန်စားသုံးပ...
03/12/2021

လိမ္မော်သီးစားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးများ (၁)

လိမ္မော်သီးဖြစ်စေ၊ ကမ္ဗလာသီးဖြစ်စေ ပုံမှန်စားသုံးပါက သို့မဟုတ် အရည်ညှစ်ပြီး ဖျော်ရည်အဖြစ် သောက်ပါက အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

🍊သွေးတိုးရောဂါကို သက်သာစေခြင်း
-------------------------------------------
လိမ္မော်သီးတွင် ဆိုဒီယမ် လုံးဝနီးပါးမပါဝင်ဘဲ ပိုတက်စီယမ်ပါဝင်မှု များသဖြင့် သွေးတိုးရောဂါသည်များအတွက် အထူးအကျိုးရှိပါသည်။ ပိုတက်စီယမ် ပါဝင်သော သဘာဝသစ်သီးများသည် သွေးတွင်းရှိ ပိုလျှံနေသော ဆိုဒီယမ်များကို ဆီးမှတစ်ဆင့် စွန့်ထုတ်ပေးသဖြင့် ဖောရောင်ခြင်းများကို လျော့နည်းစေပါသည်။ သွေးထုထည်ပမာဏ (Blood volume) ကို လျော့နည်းစေသဖြင့် သွေးဖိအားကို ကျစေပါသည်။ ထို့အပြင် နှလုံးကြွက်သားနှင့် သွေးလွှတ်ကြောရှိ ကြွက်သားများ ကျန်းမာရေးနှင့် လုပ်ငန်းများ ပုံမှန်လုပ်ဆောင်ရေးအတွက် အကျိုးရှိပါသည်။ တခြားပါဝင်သော ဗီတာမင်နှင့် သတ္တုဓာတ်များကလည်း အထောက်အကူပြုပါသည်။

🍊သွားဖုံးနှင့် သွားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
-------------------------------------------------------------
လိမ္မော်သီးတွင် ပါဝင်သော ဗီတာမင် စီ သည် သွားဖုံးနှင့် သွားကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါသည်။ သွားဖုံး သွေးထွက်တတ်သူများ၊ သွားမခိုင်သူများ၊ သွားပိုးစားသူများ လိမ္မော်သီးစားခြင်းဖြင့် သက်သာစေပါသည်။

🍊မလိုအပ်သောအဆီများ လျှော့ချပေးခြင်း
----------------------------------------------
လိမ္မော်သီးစားပါက အရည်ရော အဖတ်ပါစားခြင်းသည် အရည်ချည်းသက်သက် သောက်ခြင်းထက် ပို၍အဆာခံစေပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အလေးချိန် လျှော့ချလိုသူများသည် ကယ်လိုရီဓာတ်များသည့် ဆန်ဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ထမင်း၊ မုန့်ဟင်းခါး၊ ဆန်ခေါက်ဆွဲ)၊ ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာများ (ဥပမာ-ပေါင်မုန့်၊ ဂျုံခေါက်ဆွဲ၊ ကိတ်မုန့်) အစား လိမ္မော်သီးကဲ့သို့ အရည်ရွှမ်းသည့် သစ်သီးများစားပါက ကယ်လိုရီနည်းနည်းနှင့် အဆာခံစေသဖြင့် ခန္ဓာကိုယ်အလေးချိန် တဖြည်းဖြည်း လျော့ကျလာပါမည်။ ပါဝင်သော ဗီတာမင် စီ နှင့် အခြားသတ္တုဓာတ်များကလည်း အဆီဓာတ်များ ပိုမလာစေရန် လုပ်ဆောင်ပေးသဖြင့် သွေးတွင်းရှိ မကောင်းသည့် အဆီများကို လျှော့ချပေးပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

23/10/2021

ကပ်ရောဂါမှ လွတ်မြောက်နိုင်ရေးအတွက် လိုအပ်သည့်အချက်များ

1. ခံတွင်းကျန်းမာရေး ကောင်းနေသူ
2. အူကျန်းမာရေး ကောင်းနေသူ
3. Autoimmune ရောဂါမရှိသူ၊ ရှိနေရင်လဲ ထိန်းထားနိုင်သူ
4. Thyroid ရောဂါမရှိသူ၊ ရှိနေရင်လည်း ကောင်းစွာထိန်းထားနိုင်သူ
5. Vitamin D3 level 70-100 ng/mL ရှိနေသူ၊ သူနဲ့အတူ ကူဖော်လောင်ဖက် Magnesium, Zinc မှီဝဲနေကြသူ
6. Antioxidants (အ​ခြေခံ ၈ မျိုး) မှန်မှန် မှီဝဲလာသူများ
7. ဆီးချိုရောဂါ နှင့် အတူ နောက်ဆက်တွဲရောဂါများ မရှိသူများ၊ ရှိနေရင်လဲ ကောင်းစွာထိန်းထားနိုင်သူများ
8. ခုခံအားချဆေးများ မမှီဝဲနေသူများ
9. မလိုအပ်သည့်အချိန်မှာ မလိုအပ်သေးဘဲ အဖျားကျဆေး ပိုးသတ်ဆေးတွေ မသောက်သေးသူများ (မလိုအပ်သေးဘဲ သောက်နေသူများကြတော့ ခံစစ်တံတိုင်း မခိုင်မြဲတော့ပါ)
10. အကုသိုလ်စေတနာတွေ လျော့နိုင်သမျှ လျော့အောင် ကြိုးစားပြီး ကာယ၊ ဝစီ၊ မနောကံ တွေကို စောင့်ထိန်းသူများ
11. အကြောက်မလွန်ဘဲ သုတနဲ့ ပညာကို သုံးပြီး လက်ရှိအခြေအနေကို ကောင်းစွာ ရင်ဆိုင်နိုင်စွမ်း ရှိသူများလို့ ကျွန်မ မြင်မိပါတယ်။

ဖော်ပြပါ အချက်တွေကို ကြည့်လိုက်မယ်ဆိုရင် ပိုးရလာတာထက် ကိုယ်ရော စိတ်ပါ ကျန်းမာအောင် နေထိုင်ရမယ်ဆိုတာ ရှင်းနေတာပါပဲ။ ပိုးဆိုတာမျိုးက ပတ်ဝန်းကျင်မှာ အမျိုးမျိုးအစားစား ရှိနေပါတယ်။ တချိန်ချိန်မှာတော့ တွေ့ရမှာပါပဲ။

အထက်ပါ အကြောင်းတွေကိုလဲ သင်ပေး ညွှန်ပြပေးခဲ့တာ ၄၊ ၅ နှစ် ရှိသွားခဲ့ပါပြီ။ အရေးအကြောင်း ဖြစ်လာတဲ့အခါ ဟုတ်၊ မဟုတ်ဆိုတာ ရှင်းနေပြီ ဖြစ်ပါတယ်။

အရင်က မသိသေးလို့ မလိုက်နာခဲ့ပေမဲ့ အခု သေသေချာချာ သိသွားတဲ့အခါ မိမိကိုယ်ကို စတင်ပြီး စောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုပါတယ်။

ကိုယ့်ကိုယ်ကို အားကိုးရမယ်ဆိုတာ ကမ္ဘာကပ်ရောဂါက မျက်လုံးဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ မြင်အောင် ကြည့်ဖို့ဆိုတာကတော့ မိမိတို့အလုပ် ဖြစ်ပါတယ်။
ကြည့်နေပေမဲ့လဲ နှလုံးသွင်းမှုမရှိရင်၊ နှလုံးသွင်းမှု မမှန်ကန်ရင် မမြင်တတ်ပါ။

သေဆုံးရတဲ့ အဓိက အကြောင်းရင်းက လွန်စွာ​ရောင်ကိုင်းခြင်း မုန်တိုင်း (cytokine storm), ခန္ဓာကိုယ်အစိတ်အပိုင်းများ လုပ်ဆောင်မှုစွမ်းအားကျဆုံးသွားခြင်း (multi organ failure), သွေးခဲခြင်း (ရောင်ကိုင်းခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ) ဖြစ်ပါတယ်။ Credit A Better Health

🙏🙏🙏
20/10/2021

🙏🙏🙏

19/10/2021

ကျောက်ကပ်မှာ တစ်ခုခုဖြစ်နေပြီဆိုရင် သိနိုင်တဲ့
လက္ခဏာ (၉) မျိုး
================================

ကျောက်ကပ်ရောဂါဟာ ထူးခြားတဲ့ရောဂါ လက္ခဏာမပြတဲ့အတွက် ရောဂါကျွမ်းတဲ့ အခြေအနေရောက်မှသာ သိကြတာမို့ ကျောက်ကပ်ရောဂါနဲ့ပတ်သက်ပြီး သတိထားမိအောင် ဖော်ပြပေးလိုက်ပါတယ်။

၁. အချိန်တိုင်းလိုလိုမောပန်းနေခြင်း

ကျောက်ကပ်မကောင်းဘူးဆိုတာနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆိပ် အတောက်တွေ များလာစေသလို သွေးမသန့်တော့တာကြောင့် မောပန်းပြီး လေးလံ ထိုင်းမှိုင်းလာတတ်ပါတယ်။

အာရုံစူးစိုက်နိုင်စွမ်း လျော့ကျလာကာ မူးဝေခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာပြီဆို ရင် သတိထားဖို့လိုပါတယ်။

၂. ခံတွင်းပျက်ခြင်း

ကျောက်ကပ်ထဲမှာ အဆိပ်အတောက်တွေ များလာတဲ့အတွက် ခံတွင်းပျက် တာဖြစ်နိုင်သလို လျှာက ကောင်း ကောင်းအရသာ မခံနိုင်တဲ့အတွက် အလိုလို အစားနည်းပြီး ကိုယ်အလေးချိန်ပါ လျော့ကျစေပါတယ်။

၃. မျက်လုံးတစ်ဝိုက် မို့နေခြင်း

ကျောက်ကပ်ပျက်စီးနေတဲ့အခါ အဆိပ်အတောက်တွေ စစ်ထုတ် နိုင်စွမ်း လျော့နည်းလာတဲ့အတွက် ပြတဲ့လက္ခဏာ တစ်ခုလို့ဆို ရမှာပါ။

၄. အိပ်မပျော်ခြင်း

ကျောက်ကပ် လုပ်ငန်းစဉ်တွေ ပုံမှန်မဟုတ် တော့ရင် ဆီးကနေတစ်ဆင့် အဆိပ်အတောက်တွေ စွန့်ထုတ်ပစ် တဲ့အစား သွေးထဲကို အဆိပ်အတောက်ဝင်သွားတာကြောင့်ပါ။

၅. ဆီးနဲ့ပတ်သက်ပြီး ထူးခြားမှုများ ကြုံခြင်း

ဆီးမကြာခဏသွားချင်တာတို့၊ ဆီးအမြှုပ်ထတာတို့၊ သွေးပါလာတာတို့ဆို မပေါ့ဆသင့်ပါဘူး။

၆. ခြေဆစ်လက်ဆစ်များ ရောင်ရမ်းခြင်း

ဒီလက္ခဏာကတော့ ကျောက်ကပ်ရောဂါသာမက နှလုံးနဲ့အသည်း ရောဂါရှိနေရင်လည်း ပြတတ်ပါတယ်။

၇. အသားအရေခြောက်ပြီး

ယားယံခြင်းကျောက်ကပ်ပြဿနာရှိနေတဲ့အခါမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရနဲ့ သတ္တုဓာတ်တွေ မမျှတတော့ဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေက အရေပြားဆီကို ရောက်သွားတဲ့အတွက်ပါ။

၈. မူးဝေအော့အန်ခြင်း

ကိုယ်တွင်း အဆိပ်အတောက်တွေကို အော့အန်ခြင်းဖြင့် ထုတ်ပစ်တတ်တဲ့အတွက် သတိပြုစရာအချက်ပါ။

၉. ဟီမိုဂလိုဘင်လျော့ကျခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ လုံလောက်တဲ့ သွေးနီဥတွေထုတ်ပေး နိုင်ခြင်းမရှိတော့တဲ့အတွက် သွေး အားနည်းရောဂါ ဖြစ်လာစေပါတယ်။

Address

Yangon

Telephone

+959678623057

Website

Alerts

Be the first to know and let us send you an email when Crown princess.USA Vitamin Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share