ငြိမ်း - ကလေးစိတ်ပညာ

ငြိမ်း - ကလေးစိတ်ပညာ က​လေးများအားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရမည်

ကလေးတစ်ယောက်ကို နည်းလမ်းမှန်မှန်နဲ့ ပြုစုပျိိုးထောင်နိုင်ဖို့ လိုအပ်တယ်။
12/12/2025

ကလေးတစ်ယောက်ကို နည်းလမ်းမှန်မှန်နဲ့ ပြုစုပျိိုးထောင်နိုင်ဖို့ လိုအပ်တယ်။

ကလေးတစ်ယောက်ရဲ့ဘဝကောင်းကောင်းမွန်မွန်ကြီးပြင်းပြီး အနာဂတ်လှပဖို့ဆိုတာ အုပ်ထိန်းသူမိဘတွေအပေါ်အများကြီး သက်ဆိုင်ပါတယ်။ တစ်ချို့စုံတွဲတွေကတော့အိမ်ထောင်ပြုပြီးရင် ဘယ်အချိန်မှာ ကလေးယူမယ်၊ ဘယ်လိုပြုစုပျိုးထောင်ကြမယ် ဆိုတဲ့ အစီအစဥ်ရှိ​ကြတယ်။ များသောအားဖြင့်တော့ အစီအစဥ်မရှိတဲ့စုံတွဲတွေကပိုများမယ်ထင်တယ်။

ဒါကြောင့် မထင်မှတ်ပဲ ကလေးရသွားတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိပဲ ဖြစ်တတ်ကြတယ်။ အထူးသဖြင့်ကလေးကို ပြုစုပျိုးထောင်နည်းတွေမသိထားတဲ့အခါ ပိုဆိုးပါတယ်။ မိဘတွေအနေနဲ့ စနစ်တကျ plan ချပြီးကလေးယူတာပဲဖြစ်ဖြစ်၊ မတော်တဆရတာပဲဖြစ်ဖြစ် ကလေးရှိပြီဆိုတာနဲ့ကလေးအတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကလေးနဲ့ပတ်သက်ပြီးမိဘတွေအနေနဲ့မဖြစ်မနေသိထားသင့်တဲ့အချက်ကို မျှဝေပေးပါရစေ။

(၁)ကလေးရဲ့ဘဝအစဖြစ်တဲ့သန္ဓေသားအရွယ်

ကိုယ်ဝန်ဆောင်ကာလဟာ အရမ်းကိုအရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ

◾ သန္ဓေသားနဲ့ပတ်သက်တဲ့ဗဟုသုတတွေ၊

◾ဘယ်လိုအစားအသောက်ကို စားသုံးသင့်တယ်၊

◾ဘယ်အစားအသောက်ကိုတော့ မဖြစ်မနေရှောင်သင့်တယ်၊

◾ဘယ်လိုပြုမူနေထိုင်သင့်တယ်၊

◾သန္ဓေသားကျန်းမာအောင် ကျန်းမာရေးစောင့်ရှောက်မှုကို ဘယ်လိုခံယူရမယ်ဆိုတာ မဖြစ်မနေသိထားဖို့လိုပါတယ်။

(၂)မွေးကင်းစကနေ အသက်၅နှစ်အတွင်း ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဟာ အမြင့်မားဆုံးအချိန်ဖြစ်ပါတယ်။ ဒီအသက်အရွယ်အတွင်း မိဘတွေအနေနဲ့

◾ကလေးကလေးရဲ့အပြုအမူဘယ်လိုရှိတယ်၊

◾ဥိီးနှောက်ကဘယ်လောက်ထိဖွံ့ဖြိုးပြီး ဘာတွေကိုသင်ယူနိုင်ပြီလဲသိဖို့လိုပါတယ်။

◾ပြုစုပျိုးထောင်တဲ့နည်းတွေ၊သင်ကြားနည်းတွေသိဖို့လိုအပ်ပါတယ်။

(၃)နောက်ထပ်အရေးကြီးတဲ့ အသက်အရွယ်တစ်ခုကဆယ်ကျော်သက်အရွယ်ပါ။

ဒါကြောင့်မိဘတွေအနေနဲ့

◾ဆယ်ကျော်သက်အရွယ်နဲ့ပတ်သက်တဲ့ အပြုအမူ၊ စိတ်နေစိတ်ထား၊ ခံစားချက်တွေကိုသိထားရမယ်။

◾ မိဘနဲ့ သားသမီးကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်ဖို့လိုတယ်။

(၄)သားသမီးအပေါ်အတ္တမကြီးပါနဲ့။

◾ငါမိဘပဲငါခိုင်းတာပဲလုပ်ရမယ်။

◾ငါကြိုက်တာပဲလုပ်ရမယ်၊ငါဖြစ်စေချင်တဲ့အတိုင်းလုပ်ရမယ်ဆိုတဲ့အတ္တမျိုးမထားပါနဲ့။

◾ကိုယ့်ရဲ့အတ္တတစ်ခုကိုပဲဦးစားပေးပြီးကလေးကိုကိုယ်ဖြစ်စေချင်တဲ့အတိုင်းပုံမသွင်းပါနဲ့၊စိတ်ဒဏ်ရာမပေးမိပါစေနဲ့။

◾ကလေးရဲ့ဝါသာနာ၊စိတ်ခံစားချက်တွေကိုထည့်သွင်းစဉ်းစားပေးပါ။ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒနဲ့ကလေးရဲ့ဝါသာနာကြားညှိနှိုင်းပါ။

(၅)စံနမူနာဖြစ်အောက်နေထိုင်ပါ။မိဘတွေဆိုတာကလေးရဲ့လက်ဦးဆရာပါ။

◾ကလေးရဲ့ရှေ့မှာအပြောအဆို၊အပြုအမူ၊အနေအထိုင်အသေးစိုက်ဂရုစိုက်ဖို့လိုပါတယ်။

◾မိဘတွေကိုယ်တိုင်စာများများဖတ်ပြီးဗဟုသုတကြွယ်ဝဖို့လိုပါတယ်။ ဒါမှကလေးကိုအသက်အရွယ်အလိုက်ဘယ်လိုပြုစုပျိုးထောင်ရမယ်၊ လမ်းညွှန်ပေးရမယ်၊ ဘယ်လိုစည်းကမ်းလေးတွေ ချမှတ်ပေးရမယ်၊ကိုယ်ကိုယ်တိုင်က ဘယ်လို​နေထိုင်ရမယ် ဆိုတာသိနိုင်မယ်။

မိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုငွေကြေးတွေအများကြီးနဲ့ထောက်ပံ့နိုင်မှကလေးရဲ့အနာဂတ်အောင်မြင်တာမဟုတ်ပါဘူး။ ငယ်စဥ်ကတည်းနည်းမှန်လမ်းမှန်နဲ့ပြုစုပျိုးထောင်နိုင်မှသာအနာဂတ်မှာတိုးတက်အောင်မြင်ပြီးလူတော်လူကောင်းလေးတွေဖြစ်လာမှာပါ။

ကလေးတစ်ယောက် နည်းလမ်းမှန်မှန်နဲ့ ပြုစုပျိုးတောင်ဖို့ဆိုတာက ထင်သလောက်မလွယ်ကူပေမဲ့ အတတ်နိုင် ​ကြိုးစား ပျိုးထောင်ရမှာက မိဘတွေရဲ့ တာဝန်ပါ။

#ကလေးများအားလုံးသာယာလှပတဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ကြပါစေ🙏🙏

copy ခွင့်မပြုပါ။❌❌
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ✅✅


ဆရာနှင့်တပည့်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားခြင်းက အောင်မြင်တဲ့ သင်ယူမှုဝန်းကျင်ဖန်တီးပေးနိုင်ပါတယ်။ ကလေးတွေနဲ...
06/12/2025

ဆရာနှင့်တပည့်ကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားခြင်းက အောင်မြင်တဲ့ သင်ယူမှုဝန်းကျင်ဖန်တီးပေးနိုင်ပါတယ်။
ကလေးတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ထားနိုင်တဲ့ ဆရာတွေရဲ့ စာသင်ချိန်ဆိုရင် ကလေးတွေက ပျော်တယ်၊ တတ်ကြွစွာသူယူနိုင်တယ်။

ဆရာနှင့်ကျောင်းသားတွေအကြား အပြုသဘောဆောင်တဲ့ ဆက်ဆံရေးတည်ဆောက်ထားခြင်းက အောင်မြင်တဲ့သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။

ဆရာဆရာမတွေဟာ ကျောင်းသားများနှင့် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးကို တည်ဆောက်တဲ့အခါ သင်ယူမှုသင်ကြားမှုမှာ တစ်ဦးချင်းရဲ့ လိုအပ်ချက်တွေကို ပိုမိုနားလည်နိုင်ပြီး သက်တောင့်သက်သာရှိတဲ့ စာသင်ခန်းကို ဖန်တီးနိုင်သလို ကျောင်းသားတွေက သင်ယူမှုမှာပျော်ရွှင်ပြီး ထိတွေ့ဆက်ဆံမှုနှင့် အောင်မြင်မှုတို့ကို တိုးမြင့်လာစေပါတယ်။

ဆရာနှင့်ကျောင်းသားများအကြား အကောင်းဆုံးဆက်ဆံရေးတည်ဆောက်ဖို့ 🔹🔹🔹🔹

◾ အပြုသဘောဆောင်တဲ့ စာသင်ခန်းယဉ်ကျေးမှုကို ဖန်တီးပေးပါ
ဆရာဆရာမများအနေနဲ့ အပြုသဘောဆောင်တဲ့ပတ်ဝန်းကျင်၊ အပြန်အလှန်လေးစားမှုနှင့် ယုံကြည်မှုတို့ကို မွေးမြူခြင်းဖြင့် အပြုသဘောဆောင်တဲ့ စာသင်ခန်းယဉ်ကျေးမှုကို ဖန်တီးနိုင်ပါတယ်။ ကျောင်းသားတွေကို ပူးပေါင်းလုပ်ဆောင်တတ်ဖို့၊ အောင်မြင်မှုတွေကို ဂုဏ်ပြု‌ေပးဖို့နဲ့ ကျောင်းသားများကို လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ ထုတ်ဖော်ပြောဆိုရေးသားနိုင်တဲ့ နေရာတစ်ခု ဖန်တီးပေးဖို့လိုပါတယ်။

◾ ကျောင်းသားများအကြောင်းကို သိအောင်လုပ်ပါ
ဆရာဆရာမတွေအနေနဲ့ ကျောင်းသားတွေရဲ့ တစ်ဦးချင်း သင်ယူမှုလိုအပ်ချက်၊ စိတ်ဝင်စားမှုနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို သိရှိဖို့ အချိန်ယူသင့်ပါတယ်။ စစ်တမ်းတွေကောက်ယူမှုလုပ်တာ၊ တစ်ဦးချင်းစကားပြောဆိုမှုများပြုလုပ်တာ ဒါမှမဟုတ် ကလေးတစ်ဦးချင်းစီအလိုက် နေ့စဉ်လေ့လာစောင့်ကြည့်ခြင်းမှတ်စု (Observation Notes)ပြုလုပ်တာမျိုးတွေနဲ့ ကျောင်းသားတွေအကြောင်း နားလည်သိရှိအောင်လုပ်နိုင်ပါတယ်။

◾ စည်းမျဥ်း စည်းကမ်းတွေကို အတူချမှတ်ပါ။ ချမှတ်ထားသောစည်းကမ်းကို ချိုးဖောက်ရင် ဘယ်လို အပြစ်ပေးမယ်ဆိုတာကိုပါ ရှင်းရှင်းလင်းလင်း ချပြထားပါ။

◾ အပြုသဘောဆောင်တဲ့တွန်းအားပေးမှုမျိုးပြုမူပါ
ဆရာဆရာမတွေအနေနဲ့ ကျောင်းသားတွေကို ချီးမွမ်းခြင်း၊ ဆုကြေးများနှင့် အသိအမှတ်ပြုခြင်းတို့လို အပြုသဘောဆောင်တဲ့တွန်းအားပေးမှုတွေကို အသုံးပြုခြင်းဖြင့် ကလေးများကို အောင်မြင်ဖို့အထောက်အပံ့ပေးနိုင်သလို ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ပါတယ်။

◾ အချိန်နှင့်တစ်ပြေးညီ Feedback ပေးပါ
Feedback ဆိုတာဟာ ကျောင်းသားတွေရဲ့သင်ယူမှုအတွက် အရေးပါသလို ဆရာဆရာမတွေနှင့်ကျောင်းသားတွေအကြား ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့အတွက်လည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဆရာဆရာမတွေအနေနဲ့ ကျောင်းသားတွေရဲ့ တိုးတက်မှုအပေါ် အာရုံစိုက်ပြီး အချိန်နှင့်တပြေးညီ အပြုသဘောဆောင်တဲ့ Feedback ပေးသင့်ပါတယ်။

◾ ဆက်သွယ်ရေးနည်းပညာကို အသုံးပြုပေးပါ
ဆရာဆရာမတွေအနေနဲ့ အီးမေးလ်၊ Viber, Messenger, Telegram တို့လို စာပို့တဲ့ဆော့ဖ်ဝဲလ်များနဲ့ Facebook, Youtube တို့လို Social Media ကို အဆက်အသွယ်မပြတ်စေရန်နှင့် ကျောင်းသားတို့ရဲ့တိုးတက်မှုဆိုင်ရာ Update များကို မျှဝေခြင်းဖြင့် မိဘများကို ကျောင်းသားများ၏တိုးတက်မှုကိုချပြနိုင်ပါတယ်။

◾ ပြင်ပလှုပ်ရှားမှုများကိုဖန်တီးပေးပါ
အားကစား သို့မဟုတ် ဂီတ/အကဖျော်ဖြေပွဲတွေလို သင်ရိုးပြင်ပလှုပ်ရှားမှုများကို ပြုလုပ်ပေးခြင်းဟာလည်း ကျောင်းသားတွေအတွက် မိမိရဲ့ပံ့ပိုးမှုကိုပြသဖို့နဲ့ ပိုမိုခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ဖို့ ဆရာဆရာမတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

◾ သင်ကြားရေးအလေ့အထများကို ဆက်လက်လေ့လာသင်ယူနေပါ
သင်ကြားရေးအလေ့အကျင့်တွေတိုးတက်ဖို့နဲ့ Professional Development ဖြစ်ဖို့ စဉ်ဆက်မပြတ်လေ့လာသင်ယူဖို့လိုတယ်။ နောက်ဆုံးပေါ် သုတေသနတွေနဲ့ အကောင်းဆုံး သင်ကြားနည်းအလေ့အကျင့်တွေအကြောင်း နားလည်တတ်ကျွမ်းတဲ့ ဆရာဆရာမတွေဟာ ကျောင်းသားများရဲ့ သင်ယူမှုလိုအပ်ချက်တွေကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်ပါတယ်။

ဆရာနှင့်ကျောင်းသားများကြား ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ခြင်းက ကျောင်းသားနဲ့ ဆရာကြား သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ ဆွေးနွေးမေးမြန်းနိုင်မယ်။ စာတွေနားမလည် လည်းပဲ ဆရာ့ကို ကြောက်နေရလို့ ၊ မမေးရဲတာ၊ မဆွေးနွေးရဲတာ မဖြစ်တော့ဘူး။

#ကလေးများအားလုံး သာယာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏

ခွင့်မပြုပါ။❌❌
#လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ✅✅

ပင်ကိုယ်ဉာဏ်ရည်ကောင်းပေမဲ့ screentime များလို့ သင်ယူမှုမှာ ပျင်းပြီး၊ဖျင်းသွားတာ။ ဘယ်လိုသင်သင် အာရုံမစိုက်နိုင်တော့ဘူး။
28/10/2025

ပင်ကိုယ်ဉာဏ်ရည်ကောင်းပေမဲ့ screentime များလို့ သင်ယူမှုမှာ ပျင်းပြီး၊ဖျင်းသွားတာ။ ဘယ်လိုသင်သင် အာရုံမစိုက်နိုင်တော့ဘူး။

တချို့ကလေးတွေက ပင်ကိုယ်ဉာဏ်ရည်လည်းကောင်းတယ်၊ သင်ယူမှု ​နှေးကွေးတဲ့ အထဲလည်းမပါဘူး၊ ဒါပေမဲ့ သင်ပေးသလောက်မရ​နေဘူး၊
အာရုံမစိုက်နိုင်ဘူး၊ စာမလုပ်ချင်ဘူ၊ စာမရဘူး
ဘာလို့လဲ/ ဘာကြောင့်လဲ ဆိုရင် 👇👇👇👇

◾screen time အရမ်းများလို့ပါ။ ကျောင်းချိန်၊ ကျူရှင်ချိန်၊ အတန်းချိန် လောက်ပဲခဏနားတာ ကျန်တဲ့အချိန် တစ်ချိန်လုံးက screen time နဲ့ပဲအချိန်ကုန်နေတာမျိုး။ ကျောင်းမသွားခင်လည်း ဖုန်းကြည့်၊ ကျောင်းကပြန်လာလည်းဖုန်းကြည့် အဲတော့စာသင်ရင် ဘာအာရုံမှမရတော့ဘူး။

◾screen time ရဲ့ နောက်ဆက်တွဲပြဿနာက
စားချိန်၊ အိပ်ချိန် မမှန်တော့ဘူး။ စားချိန်မမှန်တော့
ကျောင်းရောက်​လာတဲ့အခါ မနက်စာမစားခဲ့ရလို့ ဗိုက်အောင့်ရတာနဲ့၊ကျောင်းရောက်မှ မနက်စာကျွေးပေးရတာနဲ့၊ ကျောင်းချိန်ရောက်မှ အစားကျွေးနေရလို့ ကျောင်းနောက်ကျရတာနဲ့။

◾အိပ်ချိန်ပုံမှန်မရှိ ညဥ့်နက်မှအိပ်တော့ အိပ်ရေးမဝတဲ့အတွက် စာသင်ရင် အာရုံမစိုက်နိုင်တော့ဘူး။ကြာတော့ကလေးက စာမလိုက်နိုင်တော့ဘူး ၊ screen time မှာတက်ကြွပြီး ၊ စာသင်ချိန်ကြတော့ ပျင်းနေတာ၊ ပျင်းတော့ ဖျင်းလာတယ်၊ နောက်ဆုံးကျတော့ စာမရလို့ ကျောင်းသွားရမှာ၊ အတန်းတက်ရမှာ ပျင်းလာတယ်၊ အကြောင်းအမျိုးမျိုးပြပြီး ပျက်လာတယ်၊ အလိုလိုက်တဲ့မိဘ၊ ပေါ့ပျက်ပျက်နိုင်တဲ့မိဘနဲ့တွေ့ရင် ပိုဆိုးရော ကလေးက ပျင်းပြီး ကျောင်းမသွားချင်ဘူး၊ အတန်းမတက်ချင်ဘူးဆိုတာနဲ့ မသွားချင်ရင် အိမ်မှာပဲနေဆိုပြီး ဖုန်းနဲ့လွတ်ထားပြန်ရော။ ကလေးကို တချိန်လုံး screen time ပေးထားပြီး စာမရရင်ကျတော့ ဆရာ/ မ ကိုပဲ အပြစ်တင်နေလို့မရပါဘူး။

◾ ကလေးရဲ့ကောင်းခြင်း၊ ဆိုးခြင်းက မိဘတွေအပေါ်မူတည်ပါတယ်။ ကိုယ့်ကလေးက ပင်ကိုယ်ဉာဏ်ရည်ကောင်းနေပါလျက်နဲ့ ဖုန်းကြောင့်/screen time ကြောင့် မပျက်စီးပါစေနဲ့။ screen time များတဲ့ကလေးက သင်ကြားရတာ အရမ်းခက်ပါတယ်။ တော်နေတဲ့ကလေးကနေ ဖျင်းပြီး ပျင်းရိတဲ့ကလေး ဖြစ်သွားတတ်ပါတယ်။
နှကိုယ်ကတည်းက သင်ယူမှုနှေးကွေးတဲ့ ကလေးဆိုရင်တော့ ပိုဆိုးပါလိမ့်မယ်။ ကလေးကိုချစ်ရင် / သင်ယူမှုမှာ လွယ်ကူတတ်မြောက်စေချင်ရင် screen time ကို ကန့်သတ်ပါ။ အိပ်ချိန်၊စားချိန် ပုံမှန်ဖြစ်အောင် ဂရုစိုက်ပါ။

မှတ်ချက်။ ။ screen time လို့ပြောလိုက်တာနဲ့ ဖုန်း၊ TV၊ tablet၊ computer အကုန်ပါတယ်။

ကလေးများအားလုံး သာယာလှပတဲ့ အနာဂတ်ကို ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏

copy ခွင့်မပြုပါ။ ❌❌
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ ✅✅


Address

Yangon

Alerts

Be the first to know and let us send you an email when ငြိမ်း - ကလေးစိတ်ပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ငြိမ်း - ကလေးစိတ်ပညာ:

Share