15/11/2020
လက်ဆွဲနှုတ်ဆက်ခြင်းအမျိုးမျိုး
ယနေ့ခေတ်မှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ လက်ဆွဲနှုတ်ဆက်လာကြပါပြီ။ စီးပွါးရှာလုပ်ငန်းနယ်ပယ်မှာ အမျိုးသားတွေက လက်ဆွဲနှုတ်ဆက်ဖို့ အလိုလို လက်ကမ်းပြီးသား အကျင့်ကိုဖြစ်နေကြပါြပီ။
ယနေ့ခေတ်လက်ဆွဲနှုတ်ဆက်ခြင်းဟာ ကြိုဆိုခြင်းအဓိပ္ပါယ်ဖြစ်ပြီး လက်ဝါးခြင်းဆုပ်ကိုင်ထားခြင်းက ပွင့်လင်းတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။ ရှေးအခါက လက်နှစ်ဖက် လက်ဝါးဖြန့်လျက်သားမြှောက်ပြပြီး လက်ထဲမှာဘာမှ မကိုင်ထားကြောင်းပြသသည့် ကိုယ်ဟန် အမူအရာကို ပြုပြင်မွမ်းမံထားခြင်းဖြစ်ပါတယ်။ ရောကမခေတ်က အမျိုးသားတစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ကြတဲ့အခါ တစ်ဦးရဲ့လက်ဖျံကို တစ်ဦးက ဆုပ်ကိုင်ပြီးနှုတ်ဆက်ခဲ့ကြပါတယ်။
လက်ဆွဲနှုတ်ဆက်တဲ့ဓလေ့က တစ်နိုင်ငံနှင့်တစ်နိုင်ငံကွဲပြားပါတယ်။ ပြင်သစ်တို့သည် အခန်းထဲကို ဝင်ရောက်စဉ်နှင့် ထွက်ခွါစဉ်မှာ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ အမေရိကန်တို့က လက်ဆွဲနှုတ်ဆက်လျင် လက်ကိုဖျစ်မှကြိုက်ကြပါတယ်။ အင်ဒီးယန်းလူမျိုးတို့နပန်းသတ်တုန်းက လက်ညှစ်အားကို ပြိုင်ကြသည့်ဓလေ့မှ ဆင်းသက်လာလို့ဖြစ်ပါလိမ့်မယ်။
လူကတာမကြိုက်တာကတော့ စေးထန်းထန်းလက်ကို လက်ဆွဲနှုတ်ဆက်ရတာမကြိုက်ကြပါဘူး။ ချွေးထွက်ပြီး စေးထန်းနေတဲ့လက်က အကြောက်တရားဖိစီးထားလို့ဖြစ်ပါတယ်။ အားမပါတဲ့ လက်ဆွဲနှုတ်ဆက်ခြင်းကိုလည်း လူကြိုက်နည်းလွန်းပါတယ်။ ဒါ့ကြောင့် အင်တာဗျူးဖြေလို့လက်ဆွဲနှုတ်ဆက်တဲ့အခါ၊ အရေးကြီးတဲ့ တွေ့ဆုံပွဲတွေတက်ရတဲ့အခါ လက်ကစိတ်လှုပ်ရှားပြီးချွေးထွက်နေလျင် သုတ်ပြီးမှ အားအနည်းငယ်ထည့်ပြီး လက်ဆွဲဖို့ CV Solutions မှ စေတနာများစွာဖြင့်အကြုပြုလိုက်ပါတယ်ခင်ဗျာ။
Ref: How to read person like a book
အင်တာဗျူးမှာ ရွေးခံရဖို့ CV ကောင်းကောင်းလေးရေးဖို့လိုအပ်လာလျင်တော့ CV Solutions ကိုပဲရွေးလိုက်ပါ။ ဘာ့ကြောင့်ရွေးချယ်သင့်လဲဆိုရင်..
CV Solutions က အလုပ်အမျိုးအစားနှင့်၊ အတွေ့အကြုံပေါ်မူတည်၍ must include information များဖြစ်သော Contact, Personal statement, Work Experience စတာတွေကို စံညွှန်းနဲ့အညီရေးပေးခြင်း
လှပသပ်ရပ်သော Template ကောင်းကောင်းဖြင့် ပြုလုပ်ပေးခြင်း
PDF ဖိုင်ဖြင့်ပြုလုပ်ပေးသည့်အတွက် email/online မှ တိုက်ရိုက်လျှောက်ထားနိုင်ခြင်း
Soft copy ပါပေးသည့်အတွက် မိမိဘာသာ edit လုပ်၍ရခြင်း။
ပြိုင်ဆိုင်မှုများတဲ့ အလုပ်ရှားတဲ့ခေတ်ကြီးမှာ ဆွဲဆောင်မှုရှိတဲ့ CV နဲ့ အလုပ်ရချင်ရင်တော့ CV solutions ကို messenger မှဖြစ်စေ၊ [email protected] မှဖြစ်စေဆက်သွယ်လိုက်ပါ။
photo credit: google