Bet Master - Ibet789

Bet Master - Ibet789 Ibet789/555mix/Batman

‘’𝟏𝟎𝟎% 𝐓𝐫𝐮𝐬𝐭𝐰𝐨𝐫𝐭𝐡𝐲’’

📲Viber: 09-693366031

ရီးရဲလ်မက်ဒရစ်ရဲ့ အ၀တ်လဲခန်းအတွင်းတင်းမာမှုတွေက အတော်လေး မြင့်တက်လာနေပြီ ဖြစ်ပါတယ်။သြဇာညောင်းတဲ့ ကစားသမားအချို့က ဖီဒီ ဗယ...
12/05/2026

ရီးရဲလ်မက်ဒရစ်ရဲ့ အ၀တ်လဲခန်းအတွင်းတင်းမာမှုတွေက အတော်လေး မြင့်တက်လာနေပြီ ဖြစ်ပါတယ်။

သြဇာညောင်းတဲ့ ကစားသမားအချို့က ဖီဒီ ဗယ်ဗာဒီကို အသင်းကနေ ရောင်းထုတ်ဖို့အထိ တွန်းအားပေးနေကြပါတယ်။

ဒါဟာ မကြာသေးခင်က သူနဲ့ ချူအာမန်နီတို့ကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာကြောင့် ဖြစ်ပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကစားသမား နှစ်ဦးစလုံးဟာ ငွေကြေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေ ခံခဲ့ရပါတယ်။

အသင်းအဝတ်လဲခန်းအတွင်းက အဖွဲ့အချို့ရဲ့ အဆိုအရ ဗယ်ဗာဒီဟာ ဒီရာသီအတွင်း အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြဿနာတွေ ခဏခဏ ဖြစ်ပွားနေတာကြောင့် သူ့မှာ တာဝန်ပိုရှိတယ်လို့ ယူဆနေကြပါတယ်။

ဂိုးသမားကို ဖိလို့ ပယ်ဖျက်ကြေးဆို အာဆင်နယ် ဇယားထိပ်မှာတောင်ရှိနေမှာမဟုတ်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ ရှမိုက်ကယ်ယူနိုက်တက်ဂန္တ...
11/05/2026

ဂိုးသမားကို ဖိလို့ ပယ်ဖျက်ကြေးဆို အာဆင်နယ် ဇယားထိပ်မှာတောင်ရှိနေမှာမဟုတ်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ ရှမိုက်ကယ်

ယူနိုက်တက်ဂန္တဝင်ဂိုးသမား ရှမိုက်ကယ်ကတော့ ဂိုးသမားကို ဖိလို့ သွင်းဂိုးပယ်ဖျက်ကြေးဆိုရင် အာဆင်နယ်တို့ အမှတ်ပေးဇယားထိပ်မှာ ရှိနေမှာမဟုတ်ဘူးလို့ ဒဲ့ဆော်လိုက်ပြီဖြစ်ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲဟာ အာဆင်နယ်အတွက် အမှတ်လျော့နို်ငချေရှိတဲ့ပွဲ ဖြစ်ပါတယ်။ ပွဲစကတည်းက အာဆင်နယ်က ဖိကစားခဲ့ပေမယ့် ဝက်စ်ဟမ်းရဲ့ ခံစစ်က တောင့်တင်းလွန်းတာကြောင့် ဂိုးရဖို့ တော်တော်ရုန်းကန်ခဲ့ရတာပါ ။ ကြားထဲမှာ နောက်ခံလူ ဘန်ဝှိုက် ဒဏ်ရာရသွားလို့ လူစားလဲလိုက်ရတာကလည်း အာဆင်နယ်ရဲ့ အရှိန်ကို နည်းနည်းပျက်စေခဲ့ပါတယ် ။ ပွဲရဲ့ အလှည့်အပြောင်းကတော့ ၇၈ မိနစ်မှာ ဝက်စ်ဟမ်းဘက်က ဖာနန်ဒက်စ် ဂိုးသွင်းဖို့ အပိုင်အခွင့်အရးရခဲ့တာကို ဂိုးသမား ဒေးဗစ်ရာယာက အံ့မခန်း ကာကွယ်သွားနိုင်ခဲ့တာပါ ။ အဲ့ဒီနောက် ၈၂ မိနစ်မှာတော့ အိုဒီဂတ်ရဲ့ ဖန်တီးမှုကနေ ထရော့ဆတ်က အနိုင်ဂိုး သွင်းပေးခဲ့တာဖြစ်ပြီး ဒါဟာ သူ ဂိုးမသွင်းနိုင်တာ ၁၄ ပွဲကြာခဲ့တဲ့ စံချိန်ဆိုးကိုလည်း အဆုံးသတ်ပေးလိုက်တာပါ ။ ဒါပေမယ့် ပွဲပြီးခါနီး ၉၅ မိနစ်မှာတော့ VAR ဒရာမာကြီးက အသည်းယားစရာပါပဲ။ ဝက်စ်ဟမ်းက ကော်လံဝီလ်ဆင် ဂိုးသွင်းလိုက်လို့ ဒိုင်က ဂိုးပေးခဲ့ပေမယ့် VAR က ပြန်စစ်ကြည့်တဲ့အခါမှာ ဝက်စ်ဟမ်းကစားသမား ပါဘလိုက ဂိုးသမား ရာယာရဲ့ လက်မောင်းကို ဆွဲချခဲ့တယ်ဆိုတာ တွေ့ရလို့ ဂိုးကို ပြန်ပယ်ဖျက်ခဲ့ပါတယ် ။ ဒီဆုံးဖြတ်ချက်ကြောင့် ဝက်စ်ဟမ်းနည်းပြ နူနိုက တော်တော်လေး စိတ်ပျက်ခဲ့ပေမယ့် အာတီတာကတော့ ဒိုင်တွေရဲ့ ရဲရင့်တဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ပါတယ်။ ဒီဖြစ်ရပ်အပေါ် အမြင်တွေကတော့ အမျိုးမျိုးကွဲထွက်နေတာပါ။ ယူနိုက်တက်ဂန္တဝင်ဂိုးသမား ရှမိုက်ကယ်ကတော့ အကယ်၍ ဂိုးသမားကို ဆွဲလို့သာ ပြစ်ဒဏ်ဘောသတ်မှတ်ကြေးဆိုရင် လက်ရှိမှာ အာဆင်နယ်တို့ ဇယားထိပ်ကိုတောင် ရောက်နေမှာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ အာဆင်နယ်ဟာ မန်စီးတီးထက် ၅ မှတ် အသာနဲ့ ဇယားထိပ်မှာ ရှိနေပါတယ် ။ မန်စီးတီးက တစ်ပွဲလျော့နေသေးပေမယ့် အာဆင်နယ်ကသာ သူတို့ရဲ့ လက်ကျန် ၂ ပွဲဖြစ်တဲ့ ဘန်လေနဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲတွေကို နိုင်အောင်ကစားနိုင်ရင် ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရဖို့ သေချာနေပြီလို့ ပြောလို့ရပါတယ် ။

🏴󠁧󠁢󠁳󠁣󠁴󠁿❤️ လွန်ခဲ့တဲ့ ၁၃ နှစ်က ဒီနေ့မှာ ဆာ အဲလက်စ် ဖာဂူဆန်ဟာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။နည်းပြဘ၀ ဆာအဲ...
08/05/2026

🏴󠁧󠁢󠁳󠁣󠁴󠁿❤️ လွန်ခဲ့တဲ့ ၁၃ နှစ်က ဒီနေ့မှာ ဆာ အဲလက်စ် ဖာဂူဆန်ဟာ ဘောလုံးလောကကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။

နည်းပြဘ၀ ဆာအဲလက်စ်ရဲ့ စွမ်းဆောင်ရည်..

🏆 ပရီးမီးယားလိဂ် ၁၃ ကြိမ်
🏆 ချန်ပီယံလိဂ် ၂ ကြိမ်
🏆 ကလပ်ကမ္ဘာ့ဖလား
🏆 FA ဖလား ၅ ကြိမ်
🏆 လိဂ်ဖလား ၄ ကြိမ်
🏆 UEFA စူပါဖလား ၂ ကြိမ်
🏆 အင်တာကွန်တီနန်တယ် ဖလား

-Ibet789

ဆော်ဒီလိဂ်မှာ ဂိုးတစ်ရာပြည့်စံချိန်တင်တော့မယ့်အပြင် ချန်ပီယံဆုပါ ယူမယ့် ဆိတ်ကြီး ရော်နယ်ဒိုရော်နယ်ဒိုကတော့ ဘောလုံးသမိုင်...
08/05/2026

ဆော်ဒီလိဂ်မှာ ဂိုးတစ်ရာပြည့်စံချိန်တင်တော့မယ့်အပြင် ချန်ပီယံဆုပါ ယူမယ့် ဆိတ်ကြီး ရော်နယ်ဒို

ရော်နယ်ဒိုကတော့ ဘောလုံးသမိုင်းမှာ ဘယ်သူမှ လိုက်မီမှာမဟုတ်တဲ့ ပြိုင်စံရှားကစားသမားကြီးပါပဲ။ အခုလည်း သူ့ရဲ့ အယ်လ်နက်ဆာအသင်းဟာ အယ်လ်ရှာဘတ်ကို ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ယူပြီး ဆော်ဒီပရိုလိဂ် ချန်ပီယံဖလားကို ကိုင်မြှောက်နိုင်ဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိသွားခဲ့ပါပြီ။ ဒီပွဲမှာ ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီလစ်က ၃ မိနစ်၊ ၁၀ မိနစ်နဲ့ ပွဲပြီးခါနီး ပင်နယ်တီဂိုးတွေနဲ့ ဟက်ထရစ်ရယူပြီး ခြေစွမ်းပြခဲ့သလို၊ အသင်းခေါင်းဆောင် ရော်နယ်ဒိုကလည်း ပွဲချိန် ၇၅ မိနစ်မှာ မာနေးရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို အပိုင်ကန်သွင်းယူပေးခဲ့တာပါ။ အခုဆိုရင် အယ်လ်နက်ဆာဟာ ၃၂ ပွဲ ကစားအပြီးမှာ ရမှတ် ၈၂ မှတ်နဲ့ ဇယားထိပ်မှာ ဦးဆောင်နေပြီး ဒုတိယနေရာက အယ်လ်ဟီလယ်ထက် ၅ မှတ် အသာရနေတာမို့ ချန်ပီယံဆုကတော့ တော်တော်လေးကို နီးစပ်နေပါပြီ။ တကယ်တော့ လာမယ့် မေလ ၁၂ ရက်နေ့မှာ ကစားမယ့် အယ်လ်ဟီလယ်နဲ့ ထိပ်တိုက်တွေ့ဆုံပွဲဟာ ချန်ပီယံဆုအတွက် တကယ့် ဗိုလ်လုပွဲပါပဲ။ အယ်လ်ဟီလယ်က တစ်ပွဲလျော့ ကစားထားပေမဲ့ ဒီပွဲမှာသာ ရော်နယ်ဒိုတို့ အနိုင်ရခဲ့ရင်တော့ ချန်ပီယံဖြစ်ဖို့ ၁၀၀ ရာခိုင်နှုန်း သေချာသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် ဆော်ဒီမြေမှာ ပထမဆုံးသော လိဂ်ဖလားကို ရယူနိုင်ဖို့ အရေးကြီးဆုံး ခြေလှမ်းလည်း ဖြစ်ပါတယ်။ ဒီပွဲက ရော်နယ်ဒိုအတွက် နိုင်ပွဲတင်မဟုတ်ဘဲ မှတ်တမ်းကောင်းတွေ အများကြီး ရခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ သူဟာ အယ်လ်နက်ဆာအတွက် ဆော်ဒီပရိုလိဂ် သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့သလို၊ ဒီရာသီမှာ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက် ၁၇ သင်းစလုံးကို တစ်သင်းမကျန် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် သမိုင်းဝင်သွားခဲ့တာပါ။ ဒါတင်မကသေးပါဘူး ရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ မန်ယူ၊ ရီးရဲလ်၊ ဂျူဗင်တပ်နဲ့ အယ်လ်နက်ဆာ ဆိုတဲ့ ကလပ်အသင်း ၄ သင်းစလုံးအတွက် လိဂ်သွင်းဂိုး ၁၀၀ စီ ပြည့်အောင် သွင်းနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။ အသက် ၄၁ နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုကတော့ လူသားလို့တောင် မထင်ရလောက်အောင်ပါပဲ။ သူဟာ အသက် ၃၀ ပြည့်ပြီးနောက်ပိုင်းမှာတင် သွင်းဂိုး ၅၀၀ ကျော်အထိ သွင်းယူထားနိုင်တဲ့ ကမ္ဘာ့တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူ့ရဲ့ ကစားသမားဘဝ စုစုပေါင်း သွင်းဂိုးက ၉၇၁ ဂိုးအထိ ရှိနေပြီဖြစ်လို့ သူ မျှော်မှန်းထားတဲ့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ကလည်း နောက်ထပ် ၂၉ ဂိုးပဲ လိုပါတော့တယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ ဒီနှစ်ထဲမှာတင် ဂိုးတစ်ထောင်ပြည့်တဲ့ သမိုင်းဝင်မှတ်တမ်းကြီးကို ကျွန်တော်တို့ မြင်တွေ့ရတော့မှာ အသေအချာပါပဲ။

✅ညက Al Ahli နဲ့ ပွဲအပြီးက ရော်နယ်ဒိုက သူ့ကို လှောင်ပြောင်ခဲ့တဲ့ သူတွေကို တုန့်ပြန်မှု တစ်ခုပြုလုပ်ခဲ့ပါတယ်။✅Al Ahli ပရိသ...
30/04/2026

✅ညက Al Ahli နဲ့ ပွဲအပြီးက ရော်နယ်ဒိုက သူ့ကို လှောင်ပြောင်ခဲ့တဲ့ သူတွေကို တုန့်ပြန်မှု တစ်ခုပြုလုပ်ခဲ့ပါတယ်။

✅Al Ahli ပရိသတ်တွေက သူတိူ့အသင်းဟာ အာရှချန်ပီယံလိဂ်ကို နှစ်ကြိမ်ဆက် ရထားတယ်ဆိုပြီး လှောင်ပြောခဲ့ပါတယ်။

✅ ဒါပေမယ့် ရော်နယ်ဒိုက ပွဲအပြီးအင်တာဗျူးမှာ ငါ့မှာက ချန်ပီယံလိဂ်ဖလား ၅ လုံးတောင် ရှိတယ်ဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

✅အိုးထရက်ဖိုဒ့်မှာ ပရိသတ်တွေကို မျက်ရည်များနဲ့ နှုတ်ဆက်ခဲ့တဲ့ Casemiro 🥹🥹✅ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် Casemiro ...
28/04/2026

✅အိုးထရက်ဖိုဒ့်မှာ ပရိသတ်တွေကို မျက်ရည်များနဲ့ နှုတ်ဆက်ခဲ့တဲ့ Casemiro 🥹🥹

✅ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ့် Casemiro ဟာ ညက ဘရန်ဖိုဒ့်နဲ့ ပွဲအပြီး ပရိသတ်တွေကို နှုတ်ဆက်တဲ့အချိန်မှာ မျက်ရည်များကျခဲ့ရပါတယ်။

✅ အဆိုပါ ပွဲမှာ Casemiro က အသင်းတွက် အနိုင်ရရှိစေမယ့် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

✅ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွေ့မှာ ဘာစီလိုနာအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး Robert Lewandowski ကို အလွတ်...
26/04/2026

✅ ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွေ့မှာ ဘာစီလိုနာအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး Robert Lewandowski ကို အလွတ်ဖြင့်ခေါ်ယူဖို့ စိတ်အားထပ်သန်နေပါတယ်။

✅ Robert Lewandowski ဟာ အသက်ရွယ်ကြီးမားနေပြီဖြစ်ပေမယ့် ချန်ပီယံလိဂ်လိုပြိုင်ပွဲမှာ အတွေ့ကြုံ‌ရှိပြီးသားဖြစ်လို့ ရေတိုဖြေရှင်စရာထဲက တစ်ခုအဖြစ်ရှိနေသလို Benjamin Šeško လို တိုက်စစ်မှူးအတွက်လည်း သင်ယူစရာတွေ ရရှိလာမှာ ဖြစ်ပါတယ်။




ရော်နယ်ဒိုကိုကျော်လွန်ပြီး စူပါဘောလွန်းဒေါကို GOAT အဖြစ် သိမ်းပိုက်သွားမလား မက်ဆီဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် အကောင်...
21/04/2026

ရော်နယ်ဒိုကိုကျော်လွန်ပြီး စူပါဘောလွန်းဒေါကို GOAT အဖြစ် သိမ်းပိုက်သွားမလား မက်ဆီ

ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားဟာ ဘယ်သူလဲ ဆိုတဲ့ အငြင်းပွားစရာ မေးခွန်းကို အဆုံးသတ်ပေးဖို့ Super Ballon d'Or ဆုကြီး ပြန်လာတော့မှာဖြစ်ပါတယ်။ ဒီဆုဟာ သာမန်ရွှေဘောလုံးဆုတွေထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိပြီး ဘောလုံးသမိုင်းမှာ ၁၉၈၉ ခုနှစ်တုန်းက ရီးရဲလ်ဂန္ထဝင် အယ်လ်ဖရက်ဒို ဒီ စတီဖာနို တစ်ဦးတည်းသာ ရရှိဖူးသေးတာပါ။ အခုတော့ လာမယ့် ၂၀၂၉ ခုနှစ်မှာ ဒုတိယမြောက် ဆုရှင်ကို ရွေးချယ်ပေးအပ်ဖို့ France Football က ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အကယ်၍ ဒီဆုသာ ပြန်လာခဲ့ရင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ထဲက တစ်ဦးဦးပဲရမှာပါ။ ဘယ်သူရမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ရော်နယ်ဒိုဘက်က ကြည့်မယ်ဆိုရင် သူဟာ Ballon d'Or ဆု ၅ ကြိမ် ရယူထားသလို ချန်ပီယံလိဂ် ၅ ကြိမ်နဲ့ ယူရိုဖလားကိုပါ ပိုင်ဆိုင်ထားသူပါ။ အသက် ၄၁ နှစ်အရွယ်အထိ ဂိုးသွင်းစံချိန်တွေကို ဆက်တိုက်တင်နေပြီး ကစားသမားဘဝ စုစုပေါင်း ၉၆၉ ဂိုးနဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက တကယ့်ကို လေးစားစရာ စံပြပုဂ္ဂိုလ်ကြီးအဖြစ် ရှိနေပါတယ်။ ဒါပေမဲ့ မက်ဆီရဲ့ အောင်မြင်မှုတွေကတော့ တကယ်ကို မယုံနိုင်စရာ ကောင်းလောက်အောင် ပြီးပြည့်စုံလွန်းနေပါတယ်။ Ballon d'Or ၈ ကြိမ်အထိ စံချိန်တင် ရထားသလို ၂၀၂၂ ကမ္ဘာ့ဖလားကိုပါ သိမ်းပိုက်နိုင်ခဲ့တာက သူ့ကို ရော်နယ်ဒိုထက် တစ်ပန်းသာသွားစေခဲ့တာပါ။ ကစားသမားတစ်ယောက် ရယူနိုင်တဲ့ ဆုဖလားအားလုံးကို ပိုင်ဆိုင်ထားသလို သမိုင်းမှာ ဆုဖလားအများဆုံး ရထားတဲ့ မက်ဆီဟာ ဂိုးသွင်းတာရော ဂိုးဖန်တီးတာမှာပါ ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၉ မှာ ဒီအရှားပါးဆုံး ဆုကြီးကိုသာ တကယ်ပေးဖြစ်ခဲ့ရင် အရာအားလုံးကို သိမ်းပိုက်ထားပြီးသားဖြစ်တဲ့ G.O.A.T မက်ဆီကလွဲလို့ တခြားသူ ရှိလာနိုင်စရာ မရှိတော့ပါဘူး။ ရော်နယ်ဒိုရဲ့ စံချိန်တွေက အားကျစရာကောင်းပေမဲ့ မက်ဆီရဲ့ ပြည့်စုံလွန်းတဲ့ မှတ်တမ်းတွေကတော့ သူ့ကို ဒီအမြင့်ဆုံးဆုကြီးနဲ့ အထိုက်တန်ဆုံးသူ ဖြစ်စေခဲ့တာပါပဲ။

လီဗာပူးလ်တိုက်စစ်မှူး အီကီတီကေဟာ PSG နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မည် ဖြစ်ပါတယ်။အဆိုပါ ဒဏ်ရာကြော...
16/04/2026

လီဗာပူးလ်တိုက်စစ်မှူး အီကီတီကေဟာ PSG နဲ့ ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူရတော့မည် ဖြစ်ပါတယ်။

အဆိုပါ ဒဏ်ရာကြောင့်ပဲ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ အီကီတီကေတစ်ယောက် လွဲချော်သွားတော့မှာ ဖြစ်တယ်။

၄ ပွဲနိုင်ရင်ရော်နယ်ဒိုဖလားရပြီ 🏆🏆ညက ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ အယ်လ်နာဆာဟာ ရာသီပိတ်သိမ်းဖို့ ၅ ပွဲအ...
16/04/2026

၄ ပွဲနိုင်ရင်ရော်နယ်ဒိုဖလားရပြီ 🏆🏆

ညက ပွဲမှာ အနိုင်ရရှိခဲ့ပြီးတဲ့နောက် ရော်နယ်ဒိုရဲ့ အယ်လ်နာဆာဟာ ရာသီပိတ်သိမ်းဖို့ ၅ ပွဲအလိုမှာ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်ကာ ဦးဆောင်ထားပါတယ်။

လက်ကျန် ၅ ပွဲမှာ ၄ ပွဲနိုင်ရခဲ့ရင် ရာသီကုန်ထိ စောင့်စရာမလိုတော့ပဲ ရော်နယ်ဒိုအနေနဲ့ အယ်နာဆာအသင်းနဲ့အတူ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်မှာ ဖြစ်ပါတယ်။ 🐐🏆

ယူနိုက်တက်လိုချင်နေတဲ့ အကောင်းစားကွင်းလယ်လူ တိုနာလီအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ပေးလိုက်တဲ့ နယူးကာဆယ်ယူနိုက်တက်ဟာ လာမယ့...
12/04/2026

ယူနိုက်တက်လိုချင်နေတဲ့ အကောင်းစားကွင်းလယ်လူ တိုနာလီအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ပေးလိုက်တဲ့ နယူးကာဆယ်

ယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အကြီးစား ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ စီစဉ်နေပါတယ် ။ ဆာဂျင်ရက်ကလစ်ဖ်လက်ထက်မှာ ကျန်တာတွေ အဆင်မပြေတာ တစ်ပိုင်းဆိုပေမယ့် ကစားသမားဝယ်ယူမှုပို်ငးမှာတော့ အရင်ကထက် ပိုကောင်းလာတယ်ဆိုတာ ထင်သာမြင်သာရှိတဲ့ ကိစ္စဖြစ်ပါတယ်။ အရင်ကလို နာမည်ကြီး ကစားသမားတွေကိုပဲ ဇွတ်ခေါ်တာမျိုး မဟုတ်တော့ဘဲ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိ အသင်းရဲ့ ကစားဟန်နဲ့လည်း ကိုက်ညီတဲ့ ကစားသမားတွေကိုပဲ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ် ။ အခု ကွင်းလယ်ပိုင်းကို အားဖြည့်ရမှာက ကတ်စမဲရိုး ရာသီကုန်မှာ ထွက်တော့မှာ မို့လည်း ဖြစ်ပါတယ်။ ကတ်စမဲရိုးက အရေးပါတဲ့ ကစားသမား ဖြစ်ခဲ့ပေမယ့် အသက်အရွယ်အရရော၊ လုပ်ခလစာအရပါ လမ်းခွဲချိန်တန်နေပြီဖြစ်တာကြောင့် ဖြစ်ပါတယ်။ ကတ်စမဲရိုးနေရာအတွက် ယူနိုက်တက်တို့ အားဖြည့်သွားမယ့် ကစားသမားကတော့ နယူးကာဆယ်ကွင်းလယ်လူ တိုနာလီပါပဲ။ တိုနာလီဟာ လက်ရှိမှာ ယူနိုက်တက်ရဲ့ နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ်တွေထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ် ။ နယူးကာဆယ်ဟာ လက်ရှိ ပရီးမီးယားလိဂ်အဆင့် ၁၃ နေရာမှာ ရောက်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့တာပါ။ ဒါကြောင့် တိုနာလီအနေနဲ့ ဥရောပ အဆင့်မြင့် ပြိုင်ပွဲတွေမှာ ဆက်ကစားနိုင်ဖို့အတွက် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ် ။ တိုနာလီကို ခေါ်ယူဖို့အတွက် ယူနိုက်တက်တင်မကဘဲ အာဆင်နယ်ကလည်း ဇန်နဝါရီ အပြောင်းအရွှေ့ ကာလကတည်းက ကြိုးပမ်းခဲ့တာ ရှိပါတယ် ။ ဒါပေမယ့် နောက်ဆုံး သတင်းတွေအရ ယူနိုက်တက်ဟာ ဒီပြိုင်ပွဲမှာ အသာစီး ရနေပြီး ကစားသမား ကိုယ်တိုင်ကလည်း မန်ချက်စတာကို ပြောင်းရွှေ့ချင်တဲ့ သဘောထား ရှိနေတယ်လို့ သိရပါတယ် ။ နယူးကာဆယ် ဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကို အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘဲ ပြောင်းရွှေ့ကြေးကို ပေါင် ၁၀၀ သန်း ဝန်းကျင်အထိ သတ်မှတ်ထားတာဖြစ်ပါတယ် ။ တိုနာလီဟာ အရင်က အေစီမီလန် အသင်းမှာ ကစားခဲ့စဉ်ကတည်းက ယူနိုက်တက်ရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ် ။ သူဟာ ကွင်းလယ်မှာ ဘောလုံး ဖြန့်ဝေမှုပိုင်းရော၊ ခံစစ် ကူညီမှုပိုင်းမှာပါ အလွန် ကောင်းမွန်တဲ့အတွက် မိုင်နူးနဲ့ တွဲဖက်ဖို့ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ် ။ ကစားသမားကလည်း ပြောင်းချင်နေပေမယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကတော့ အဟန့်အတားဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Bet Master - Ibet789 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share