Supply Chain Management Mentor

Supply Chain Management Mentor Supply Chain, Lean, Productivity, Operational Excellence
Practical Knowledge | Professional Training | Business Improvement

🚀 Pharmaceutical & Cold Chain Management Training (Batch 2) 🚀💊 ဆေးဝါးနှင့် Cold Chain Management ကို Professional Level ...
17/07/2026

🚀 Pharmaceutical & Cold Chain Management Training (Batch 2) 🚀
💊 ဆေးဝါးနှင့် Cold Chain Management ကို Professional Level ဖြင့် လေ့လာလိုသူများအတွက် အထူးအစီအစဉ် 💊
ယနေ့ခေတ် Pharmaceutical Industry နှင့် Healthcare Supply Chain တွင်
ဆေးဝါးအရည်အသွေး၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှုနှင့် Temperature Control Management များသည် အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်လာပါသည်။
❓ သင်သည်…
✅ Pharmaceutical Warehouse တွင် အလုပ်လုပ်နေသူလား?
✅ Cold Chain Logistics ကို နားလည်လိုသူလား?
✅ Healthcare Supply Chain Career တိုးတက်လိုသူလား?
✅ GMP, GDP, Quality Management နှင့် International Best Practice များကို လေ့လာလိုသူလား?
ဒါဆိုရင် Pharmaceutical and Cold Chain Management Training (Batch 2) သည် သင့်အတွက် အသင့်တော်ဆုံးသော Professional Training ဖြစ်ပါလိမ့်သည်။ ⭐

📚 သင်ကြားမည့် အကြောင်းအရာများ
🔹 Introduction to Pharmaceutical and Cold Chain Management
(ဆေးဝါး Supply Chain နှင့် Cold Chain အခြေခံများ)
🔹 Cold Chain Storage and Transportation
(Temperature-controlled Storage & Transportation System များ)
🔹 Traceability and Packaging Technology in Cold Chain Management
(Product Tracking, Packaging Technology နှင့် Risk Control)
🔹 Cold Chain Quality Management System
(Quality Assurance, Compliance နှင့် Quality Control System)
🔹 Pharmaceutical Manufacturing & Distribution Best Practices
(Pharmaceutical Industry ရဲ့ Best Practices များ)
🔹 Cold Chain Benchmarking
(Global Standard များနှင့် Performance Comparison)
🔹 Introduction to Dangerous Goods (DG)
(Dangerous Goods Handling အခြေခံများ)
🔹 Disposal of Healthcare Wastes
(Healthcare Waste Management System)
🔹 Packaging and Documentation of Dangerous Goods (DG)
(DG Packaging, Labeling နှင့် Documentation Requirements)

#အထူးအခွင့်အရေးနှင့်သင်တန်းအသေးစိတ်
• သင်ကြားပေးမည့်သူ - Dr. Aung Myo Lwin, Ph.D., M.Eng. (Logistics & SCM)
🗓 6 August 2026 – 4 September 2026 Weekly (Thursday & Friday)
⏰ 7:30 PM – 9:30 PM (MMT)
💻 Online Class (Zoom)
💰 Course Fee – 600,000 MMK
🔥 20% Discount Available (ပထမဆုံးသင်တန်းအပ်သူ ၁၀ ဉီးအတွက်)

သင်တန်းတွင် သင်ကြားသော Lecture PowerPoint များ၊ မြန်မာဘာသာဖြင့် ရေးသားထားသော Training Note များ နှင့် Video Record များကိုလည်း email မှတဆင့် ပေးပို့သွားပါမည်။ သင်တန်းပြီးဆုံးပါက Certificate ရရှိမည် ဖြစ်ပါသည်။

#စာရင်းသွင်းရန်နှင့်အသေးစိတ်သိရှိလိုပါက
Messenger မှာ "Cold Chain" ဟု စာရိုက်၍ စုံစမ်းနိုင်ပါသည်။
ဖုန်း – 09-262605225, 09-756971515
Viber / Telegram – 09- 262605225

သင်ဟာ Logistics နှင့် Supply Chain Management ဘာသာရပ်ကို စတင်လေ့လာဖို့ ပြင်ဆင်နေပါသလား။  အခြေခံမှစ၍ စာတွေ့ကနေလက်တွေ့ချဉ်...
12/07/2026

သင်ဟာ Logistics နှင့် Supply Chain Management ဘာသာရပ်ကို စတင်လေ့လာဖို့ ပြင်ဆင်နေပါသလား။
အခြေခံမှစ၍ စာတွေ့ကနေလက်တွေ့ချဉ်းကပ်လေ့လာပြီး ဒီနယ်ပယ်မှာ Professional ဆန်ဆန် ရပ်တည်လိုပါသလား။
လက်တွေ့မှာ အတွေ့အကြုံရှိပြီးသူများ အနေနဲ့ စာတွေ့နဲ့ပါချိတ်ဆက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးချဖို့ စဉ်းစားနေပါသလား။
ကျွန်တော်တို့ရဲ့ လူမေးအများဆုံးနဲ့ သင်တန်းတက်ရောက်သူအများဆုံး၊ သင်တန်းအပတ်စဉ် အများဆုံးဖွင့်လှစ်ခဲ့ရတဲ့ ‘Certificate in Applied Logistics and Supply Chain Management’ သင်တန်း အပတ်စဉ် (၂၉) လေးဟာ သင့်အတွက် အဖြေကောင်းတစ်ခု ဖြစ်ပါလိမ့်မယ်။
ဒီသင်တန်းလေးကို အထူးအစီအစဉ်အနေနဲ့ ၅၀% Discount ဖြင့် အတွေ့အကြုံများစွာရှိသည့် Instructor (၃) ယောက်မှ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ Discount ခံစားခွင့်ကို ယခုအပတ်စဉ် တစ်ခုတည်းသာ ရရှိမည် ဖြစ်ပါ၍ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

#သင်ကြားရမည့်အကြောင်းအရာများ
Introduction to Supply Chain Management
Supply Chain Strategy
Competing Through Logistics
Enterprise Resources Planning (ERP)
Logistics and Transportation Management
Distribution Management
Procurement Management
Demand Forecasting
Inventory Management
Warehouse Management
Roles and Responsibilities of Logistics & Supply Chain Leaders
Impact of AI Booming in Logistics & Supply Chain Management
Green Logistics & Supply Chain Management

#သင်တန်းကိုဘယ်သူတွေသင်ကြားပေးမှာလဲ?
ယခုသင်တန်းကို အဓိကသင်ကြားမည့် Principal Instructor Dr. Aung Myo Lwin သည် Supply Chain Expert တစ်ဉီးဖြစ်ပြီး Supply Chain Management နယ်ပယ်တွင် လုပ်ငန်းနှင့်သင်ကြားရေး အတွေ့အကြုံ (၁၀) နှစ်ကျော်ရှိသည့် Trainer တစ်ဉီးဖြစ်ပါသည်။ Logistics & Supply Chain Management ဘာသာရပ်ကို ITS Indonesia တွင် အခြေခံမှစပြီး စာတွေ့လက်တွေ့ သင်ယူခဲ့ပြီး M.Eng. (Logistics & Supply Chain Management) ဘွဲ့ကို ရရှိခဲ့ပြီး Ph.D. (Industrial & Manufacturing Engineering) ဘွဲ့ကိုလည်း YTU မှရရှိထားပါသည်။ International & Local Company ကြီးများတွင်လည်း Corporate Training များပို့ချခြင်း၊ International Project များ၊ International MBA Program များနှင့် UK Diploma သင်တန်းများတွင်လည်း Logistics & Supply Chain Management ဘာသာရပ်ကို သင်ကြားပို့ချပေးနေသူ တစ်ဉီးလည်းဖြစ်ပါသည်။

ယခုသင်တန်းကို အားဖြည့်သင်ကြားပေးမည့် Guest Instructor Dr. Dean Than Aung သည် Logistics Manager, Purchasing Director, Production Director, Supply Chain Director, MD/CEO level အထိ International နှင့် Local company ကြီးများတွင်နှစ်ပေါင်း ၄၀ ကျော် လုပ်ကိုင်ခဲ့သော အတွေ့အကြုံ ရှိ expert တစ်ဦးဖြစ်ပါသည်။ International နှင့် Local company ကြီးများ၏ Middle Management Level မှ Top Level အထိ၀န်ထမ်းများကို Logistics Management, Warehousing Management, Purchasing management, Operation Management, Distribution Management Training များကို အခါအားလျှော်စွာ ပို့ချပေးနေသော Active Trainer တစ်ဦးလည်းဖြစ်ပါသည်။

နောက်ထပ်အားဖြည့်သင်ကြားပေးမယ့် Associate Instructor U Htet Aung Hlaing Myint သည် Supply Chain professional တစ်ဦးဖြစ်ပြီး Supply Chain Management နယ်ပယ်တွင် လုပ်ငန်းနှင့်သင်ကြားရေး အတွေ့အကြုံ (၅) နှစ်ကျော်ရှိသည့် Trainer တစ်ဉီးဖြစ်ပါသည်။ Supply Chain Management ဘာသာရပ်ကို အခြေခံမှစပြီး စာတွေ့လက်တွေ့ သင်ယူခဲ့ပြီး M.E (Supply Chain Management) ဘွဲ့ကို YTU မှရရှိထားပါသည်။ Diploma နှင့် Certificate သင်တန်း များကို သင်ကြားပို့ချလျက်ရှိပြီး International Project များ နှင့် International & Local Company ကြီးများတွင် Corporate Training များကိုလည်း Dr. Aung Myo Lwin နှင့်အတူ Trainer အဖြစ်လုပ်ကိုင်လျက်ရှိသော အတွေ့အကြုံရှိသူ ဖြစ်သည်။

#သင်တန်းကာလသင်ကြားမည့်နည်းစနစ်နှင့်သင်တန်းအချိန်ဇယား
သင်တန်းကာလ - 4 Weeks (2.8.2026 to 24.8.2026)
သင်ကြားမည့်နည်းစနစ် - Zoom (Face to Face) Online Class
အချိန်ဇယား - Sunday & Monday (7:30 PM to 9:30 PM)
သင်တန်းစမည့်နေ့ - (2 August, 2026) Sunday
ပုံမှန်သင်တန်းကြေး - ၂၀၀,၀၀၀ ကျပ် (၅၀ % Discount)
ယခုသင်တန်းကြေး - ၁၀၀,၀၀၀ ကျပ်
သင်တန်းတွင် သင်ကြားသော Lecture PowerPoint များနှင့် Video Record များကိုလည်း email မှတဆင့် ပေးပို့သွားပါမည်။ သင်တန်းပြီးဆုံးပါက Certificate ရရှိမည် ဖြစ်ပါသည်။ သင်တန်းသားဉီးရေ ကန့်သတ်ထားပါသဖြင့် စောလျှင်စွာ စာရင်းသွင်း အပ်နှံထားဖို့ လိုပါသည်။

#အသေးစိတ်စုံစမ်းရန်
Supply Chain Management Mentor (SCMM) Training Center, Parami Road, Hlaing Tsp, Yangon
ဖုန်းနံပါတ် - 09-262605225 / 09-756971515
Viber - 09-262605225 သို့မဟုတ် Facebook Messenger
သင်တန်းအပ်မည်ဆိုလျှင် Certificate မှာထည့်မည့်နာမည်၊ Viber သုံးတဲ့ဖုန်းနံပတ်၊ E-mail address ပေးပြီး စာရင်းသွင်းပါ။ သင်တန်းကြေးကို KPay or AYA Pay 09-262605225 ဉီးအောင်မျိုးလွင် ဆီသို့ သင်တန်း‌ကြေး ပေးသွင်းပြီး သင်တန်းကြေးသွင်းထားသော Screen Shot ကို Facebook Messenger သို့မဟုတ် Viber မှပို့ထားပေးပါ။ သင်တန်းမှ ပြန်လည်ဆက်သွယ်ပါမည်။


“SCMM Training Center မှ Company များအတွက် Corporate Training and Consultancy Service များကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

11/07/2026
11/07/2026

မိမိလုပ်ငန်းနဲ့ ကိုက်ညီတဲ့ Supply Chain ကို ဘယ်လို တည်ဆောက်မလဲ?

Operations Management (လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲမှု၏ အခြေခံသဘောတရားများ)သင်သည် မနက်ခင်းတွင် လက်ဖက်ရည်တစ်ခွက် သောက်သည...
08/07/2026

Operations Management
(လုပ်ငန်းလည်ပတ်မှု စီမံခန့်ခွဲမှု၏ အခြေခံသဘောတရားများ)

သင်သည် မနက်ခင်းတွင် လက်ဖက်ရည်တစ်ခွက် သောက်သည်ဟု စဉ်းစားကြည့်ပါ။
ထိုလက်ဖက်ရည်တစ်ခွက် သင့်လက်ထဲ ရောက်လာရန်—
• လက်ဖက် စိုက်ပျိုးသူ
• သယ်ယူပို့ဆောင်ရေး လုပ်ငန်း
• ထုပ်ပိုးရေးလုပ်ငန်း
• လက်ကားရောင်းချသူ
• လက်လီဆိုင်
• ဝန်ထမ်းများ
စသည့် လူများစွာနှင့် လုပ်ငန်းစဉ်များစွာ ပါဝင်ခဲ့ရသည်။
အလားတူပင် သင်အသုံးပြုနေသော ဖုန်း၊ ကွန်ပျူတာ၊ အဝတ်အစား၊ ဆေးဝါး သို့မဟုတ် ဆေးရုံဝန်ဆောင်မှုတိုင်း၏ နောက်ကွယ်တွင် Operations Management ရှိနေသည်။
Operations Management သည် လုပ်ငန်းတစ်ခု၏ နှလုံးသားဖြစ်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် Customer များထံသို့ Value ပေးနိုင်ရန် လိုအပ်သော Product နှင့် Service များကို ဖန်တီးပေးသော အဓိက လုပ်ငန်းဆောင်ရွက်မှုများကို စီမံခန့်ခွဲသောကြောင့် ဖြစ်သည်။

Operations Management ဆိုတာ ဘာလဲ?
Operations Management (OM) ဆိုသည်မှာ Resources များကို ထိရောက်စွာ အသုံးပြုပြီး Customer များ လိုအပ်သော Products နှင့် Services များကို ဖန်တီးပေးနိုင်ရန် စီမံခန့်ခွဲသည့် လုပ်ငန်းဆောင်ရွက်မှုများ ကို ဆိုလိုသည်။
ရိုးရိုးပြောရလျှင် "Inputs များကို Outputs များအဖြစ် ပြောင်းလဲပေးသည့် လုပ်ငန်းစဉ်များကို စီမံခန့်ခွဲခြင်း" ဖြစ်သည်။
Operations Management ၏ အဓိက အစိတ်အပိုင်းများ
Operations Management တွင်
• Planning (စီမံကိန်းချခြင်း)
• Organizing (စီစဉ်ဖွဲ့စည်းခြင်း)
• Directing (ဦးဆောင်ခြင်း)
• Controlling (ထိန်းချုပ်ခြင်း)
• Improving (တိုးတက်အောင် ပြုလုပ်ခြင်း)
တို့ ပါဝင်သည်။

Input – Process – Output Model
Operations Management ၏ အခြေခံ Framework မှာ
Input → Process → Output ဖြစ်သည်။
Input
လုပ်ငန်းထဲသို့ ဝင်လာသော အရင်းအမြစ်များ
ဥပမာ
• လူ (People)
• ငွေ (Money)
• ကုန်ကြမ်း (Materials)
• စက်ပစ္စည်း (Machines)
• သတင်းအချက်အလက် (Information)
• စွမ်းအင် (Energy)
Process
Input များကို ပြောင်းလဲပေးသော လုပ်ငန်းစဉ်
ဥပမာ
• ချက်ပြုတ်ခြင်း
• ထုတ်လုပ်ခြင်း
• စစ်ဆေးခြင်း
• ထုပ်ပိုးခြင်း
• ဝန်ဆောင်မှုပေးခြင်း
Output
Customer ထံသို့ ရောက်ရှိသွားသော ရလဒ်
ဥပမာ
• Biscuit
• Mobile Phone
• Bubble Tea
• Bank Service
• Healthcare Service
မြန်မာနိုင်ငံမှ ဥပမာ
Bakery
Input
• ဂျုံမှုန့်
• သကြား
• ထောပတ်
• အလုပ်သမား
Process
• ရောစပ်ခြင်း
• မုန့်ဖုတ်ခြင်း
• ထုပ်ပိုးခြင်း
Output
• ပေါင်မုန့်
• ကိတ်မုန့်

Manufacturing Operations နှင့် Service Operations
Operations ကို အဓိကအားဖြင့် နှစ်မျိုး ခွဲခြားနိုင်သည်။
Manufacturing Operations
ပစ္စည်းထုတ်လုပ်သော လုပ်ငန်း
ဥပမာ
• Toyota
• Samsung
• Coca-Cola
• Garment Factory
အင်္ဂါရပ်များ
• မြင်နိုင်သော Product ရှိသည်။
• Inventory သိမ်းဆည်းနိုင်သည်။
• အရည်အသွေး တိုင်းတာရန် ပိုမိုလွယ်ကူသည်။
Service Operation
ဝန်ဆောင်မှုပေးသော လုပ်ငန်း
ဥပမာ
• Hospital
• Bank
• Hotel
• Airline
• University
အင်္ဂါရပ်များ
• Product မဟုတ်ဘဲ Experience ပေးသည်။
• Inventory သိမ်းဆည်း၍ မရ။
• Customer ပါဝင်မှု မြင့်မားပါသည်။

Operations Management ဘာကြောင့် အရေးကြီးတာလဲ?
လုပ်ငန်းတစ်ခု၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုတွင် Operations Management သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။
Operations ကောင်းသော လုပ်ငန်းများသည်
Cost လျော့နည်းသည်
Waste နည်းပြီး အမြတ်ပိုရသည်။
Quality ကောင်းသည်
Customer စိတ်ကျေနပ်မှု မြင့်မားသည်။
Delivery မြန်သည်
Customer များကို အချိန်မီ ပို့ဆောင်နိုင်သည်။
Flexibility မြင့်သည်
ဈေးကွက်ပြောင်းလဲမှုကို မြန်မြန်တုံ့ပြန်နိုင်သည်။

AI ခေတ်မှာ Supply Chain ဘယ်လိုပြောင်းလဲနေတာလဲ?လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က Supply Chain လို့ပြောလိုက်ရင် ကုန်ပစ္စည်းဝယ်ယူတာ၊...
06/07/2026

AI ခေတ်မှာ Supply Chain ဘယ်လိုပြောင်းလဲနေတာလဲ?

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က Supply Chain လို့ပြောလိုက်ရင် ကုန်ပစ္စည်းဝယ်ယူတာ၊ သိုလှောင်တာ၊ ပို့ဆောင်တာလောက်ပဲ လူအများက နားလည်ကြပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ Supply Chain ဟာ ကုန်ပစ္စည်းရွှေ့ပြောင်းရေးစနစ်တစ်ခုသာ မဟုတ်တော့ပါဘူး။ AI (Artificial Intelligence)၊ IoT (Internet of Things)၊ Blockchain နဲ့ Real-time Data တွေကို အသုံးပြုတဲ့ (Smart System) တစ်ခုအဖြစ် ပြောင်းလဲလာနေပါတယ်။

AI က Supply Chain ကို ဘာတွေပြောင်းလဲပေးနေတာလဲ?

AI မပေါ် ခင်က ကုန်ပစ္စည်းဘယ်လောက်ရောင်းရမယ်ဆိုတာ ခန့်မှန်းရတယ်။
Stock ဘယ်လောက်ထားရမယ်ဆိုတာ အတွေ့အကြုံနဲ့ ဆုံးဖြတ်ရတယ်။
ကားဘယ်လမ်းကသွားရင် အမြန်ဆုံးရောက်မလဲဆိုတာ Driver ရဲ့ အတွေ့အကြုံကို အားထားရတယ်။

ယနေ့မှာတော့ AI က ဝယ်လိုအား (Demand) ကို ကြိုတင်ခန့်မှန်းပေးနိုင်တယ်။ Stock အလွန်များတာ၊ အလွန်နည်းတာကို လျှော့ချပေးနိုင်တယ်။
ပို့ဆောင်ရေးလမ်းကြောင်း (Route) ကို အကောင်းဆုံး ရွေးချယ်ပေးနိုင်တယ်။
Supply Chain Risk တွေကို ကြိုတင်သတိပေးနိုင်တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်တွေက ပိုမိုမြန်ဆန်လာပြီး ကုန်ကျစရိတ်ကိုလည်း လျှော့ချနိုင်လာပါတယ်။

Supply Chain မှာ "မြင်နိုင်စွမ်း (Visibility)" က ဘာကြောင့် အရေးကြီးလာတာလဲ?

ယနေ့ခေတ် Supply Chain မှာ အောင်မြင်တဲ့ကုမ္ပဏီတွေဟာ "ကုန်ပစ္စည်း ဘယ်မှာရှိနေသလဲ" ဆိုတာကို အချိန်နဲ့တစ်ပြေးညီ သိနိုင်အောင် ကြိုးစားနေကြပါတယ်။

ဥပမာ

Container က ဘယ်နိုင်ငံရောက်နေပြီလဲ။
Refrigerated Truck အတွင်း Temperature က ဘယ်လောက်ရှိလဲ။
Warehouse မှာ Stock ဘယ်လောက်ကျန်သေးလဲ။

ဒီအချက်အလက်တွေကို ချက်ချင်း သိနိုင်ရင် ပြဿနာဖြစ်လာတဲ့အခါ အချိန်မီ ဖြေရှင်းနိုင်ပါတယ်။

Resilience ဆိုတာ Trend အသစ်ဖြစ်လာတယ်။

COVID-19၊ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲ၊ ဆိပ်ကမ်းပိတ်ဆို့မှု စတဲ့ အဖြစ်အပျက်တွေကြောင့် ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေဟာ "ကုန်ကျစရိတ်အနည်းဆုံး" ဆိုတဲ့ အတွေးထက် "ပြဿနာဖြစ်ရင်တောင် ဆက်လက်ပြီးလည်ပတ်နိုင်တဲ့ Supply Chain" ကို ပိုပြီး အာရုံစိုက်လာကြပါတယ်။

ဒါကို Supply Chain Resilience လို့ ခေါ်ပါတယ်။ ယနေ့ခေတ်မှာ Supplier တစ်ဉီးတည်းကို အားကိုးမနေဘဲ Supplier အများအပြားထားရှိခြင်း၊ Safety Stock ထားခြင်း၊ Digital Monitoring အသုံးပြုခြင်းတို့ကို ပိုမိုလုပ်ဆောင်လာကြပါတယ်။

မြန်မာနိုင်ငံအတွက် ဘာတွေ သင်ယူသင့်သလဲ?

မြန်မာနိုင်ငံမှာလည်း Supply Chain Management ဟာ တဖြည်းဖြည်း Digital Transformation ဘက်ကို ရွေ့လျားလာနေပါတယ်။

အထူးသဖြင့်

Warehouse Management System (WMS)
Barcode နှင့် QR Code
GPS Vehicle Tracking
Temperature Monitoring
Inventory Management Software

တွေကို အသုံးပြုလာတဲ့ လုပ်ငန်းတွေ ပိုများလာပါတယ်။

အနာဂတ်မှာ AI နဲ့ Data Analytics ကို နားလည်တဲ့ Supply Chain Professionals တွေဟာ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာနိုင်ပါတယ်။

ဒါကြောင့် Supply Chain ဆိုတာ "ကုန်ပစ္စည်းပို့ဆောင်ရေး" လို့သာ သတ်မှတ်လို့မရတော့ပါဘူး။

ယနေ့ခေတ် Supply Chain ဟာ AI, Data, Visibility, Resilience နဲ့ Sustainability ကို အခြေခံတဲ့ Strategic Management System တစ်ခု ဖြစ်လာပါပြီ။

အနာဂတ်မှာ အောင်မြင်မယ့် စီးပွားရေးလုပ်ငန်းတွေဟာ ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ လုပ်ငန်းတွေထက် ပြောင်းလဲမှုကို မြန်မြန်ဆန်ဆန်လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်နိုင်တဲ့ Supply Chain ရှိတဲ့ လုပ်ငန်းတွေ ဖြစ်လာမယ်ဆိုတာ သေချာပါတယ်။

ဇူလိုင်လ 7 ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် Warehouse Management သင်တန်း၊ 8 ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် Inventory Managemen...
03/07/2026

ဇူလိုင်လ 7 ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် Warehouse Management သင်တန်း၊ 8 ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် Inventory Management သင်တန်း၊ 9 ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် Procurement Management သင်တန်းတို့ကို စာရင်းသွင်း အပ်နှံထားသူများအား Zoom meeting ID နှင့် Passcode များကို Viber (or) Facebook Messenger မှတဆင့် ပေးပို့ထားပါတယ်ခင်ဗျာ။ အပတ်စဉ် သင်ကြားမည့် Lecture PowerPoint များကို ကြိုတင်ပြီး email ပို့ပေးသွားမှာ ဖြစ်ပြီး၊ အပတ်စဉ် သင်ကြားသမျှများကိုလည်း Video Record လုပ်ထားပြီး ပို့ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းပြီးတာနဲ့ Certificate လည်းရရှိမှာ ဖြစ်ပါတယ်။

Address

Mindama Pyinnya Yeik Thar, Hlaing Township
Yangon
11011

Telephone

+959262605225

Website

Alerts

Be the first to know and let us send you an email when Supply Chain Management Mentor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Supply Chain Management Mentor:

Shortcuts

Share