Ko Kyaw Zin

Ko Kyaw Zin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ko Kyaw Zin, Business service, Hlaing Township, Yangon.

20/11/2024

တစ်ညနေ....
ကလေးငိုသံ စူးစူးဝါးဝါးက နားထဲရောက်လာတယ်
အသံလာရာ နားစွင့်ကြည့်တော့
နောက်လုပ်ဦးမလား ထပ်ငိုရဲငိုကြည့်
အဲ့ပါးစပ်ကိုပိတ်ထား အသံထပ်ထွက်တာနဲ့ အသေပဲဆိုတဲ့ စကားသံက လေလှိုင်းက
တဆင့်ပါလာတယ်
အဲ့နောက်မှာ ကလေးရဲ့ငိုသံဟာ ထပ်၍ မကြားရတော့ဘူး တိတ်ဆိတ်သွားတယ်
တိုးတိုးလေးတော့ ရှိုက်ပြီး တအီအီ နဲ့ အံကြိတ် ပါးစပ်ပိတ်နေမှာပဲလို့ တွေးလိုက်မိတယ်.....

တိတ်ဆိတ်ခြင်းရဲ့ နောက်မှာ ​ကြေ ကွဲ ဝမ်း နည်း ရခြင်းတွေက အမြဲ ကပ်ပါလာတတ်တယ်.. ငိုနေတဲ့ ပါးစပ် ကျယ်လောင်စွာအော်ဟစ်နေတဲ့ ပါးစပ်ကို ပိတ်ခိုင်းရုံတင်မကဘူး နုနယ်တဲ့နှလုံးသားသေးသေးလေးရဲ့ တံခါးကိုပါ ပိတ်ဖို့ ကြောက်ရွှံမှု ဆိုတဲ့ တံခါးချပ်ကို ဖွင့်လိုက်ပြီးသား ဖြစ်နေတတ်တယ်

တော်စေချင်လို့ လိမ္မာစေချင်လို့ ရိုက်နှက်ဆုံးမရတာပါဆိုတဲ့ မုသားဖြူဖြူနဲ့ ကိုယ့်စိတ်ကို လိမ်လိုက်တဲ့ဆုံးမသူရဲ့ စကားတွေက အဆုံးမခံရတဲ့ ကလေးရဲ့နားမှာ
သိပ်ခါးတာပဲ ...
စိတ်တွေရှုပ်လာလို့ စိတ်ဖိစီးမှုတွေများနေလို့ လုပ်ချင်တာတွေ မလုပ်ရသေးလို့ ဒေါသတွေ ပုံချလိုက်တယ်လို့ အဖြေမှန်ကို ဝန်မခံတတ်ခဲ့ဘူးလေ
ဘာတဲ့ အိုးကောင်းလို နာနာရိုက်
ကလေးတွေက သက်မဲ့ပစ္စည်းလား
ကိုယ့်အသားကိုယ် ပြန်ကိုက်ကြည့် အညိုအမဲစွဲတဲ့ထိ နာတတ်လား

နုနယ်တဲ့ နှလုံးသားလေးကတော့ အရွယ်မရောက်သေးခင်မှာတင် ကြေ ကွဲ ခဲ့ရတယ်
မျက်ရည်စတွေက ဝမ်းနည်းခြင်းရဲ့ မှတ်တမ်းတွေ
တိတ်ဆိတ်ခြင်းတွေက ကြောက်လန့်မှု မလုံခြုံမှုတွေရဲ့ မှတ်တမ်းတွေ
ဒီမှတ်တမ်းတွေကို ကလေးငယ်ရဲ့
ငယ်ဘဝ အမှတ်တရတွေမှာ ထားရစ်ခဲ့မလား....
ဘယ်အကြောင်းအရာနဲ့မှ
ကလေးကိုမရိုက်ပါနဲ့
နှလုံးသား တံခါး မပိတ်ပါနဲ့
ကြောက်လန့်ခြင်းတံခါး ကိုယ်တိုင်မဖွင့်ပေးပါနဲ့
အသားနုနု အသိဥာဏ်နုနု နှလုံးသားနုနုလေးတွေကို ဒဏ်ရာမပေးပါနဲ့နော်

"ကလေးတိုင်း ပျော်ရွှင်ချမ်းမြေ့ရတဲ့ အမှတ်တရများစွာ ပိုင်ဆိုင်နိုင်ကြပါစေ "

ဆိုင်ပြောင်းရွှေ့ဖွင်လှစ်ခြင်းလိပ်စာပါခင်ဗျာမိတ်ဟောင်း/မိတ်သစ်များကိာကြိုဆိုပါတယ်။
11/11/2022

ဆိုင်ပြောင်းရွှေ့ဖွင်လှစ်ခြင်းလိပ်စာပါခင်ဗျာမိတ်ဟောင်း/မိတ်သစ်များကိာကြိုဆိုပါတယ်။

မော်ဒယ်မြင့် ကားများကို Diagnostic စက်ဖြင့် စစ်ဆေး အဖြေရှာခြင်း 12 / 24 V ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ပြုပြင်...
31/08/2017

မော်ဒယ်မြင့် ကားများကို Diagnostic စက်ဖြင့် စစ်ဆေး အဖြေရှာခြင်း
12 / 24 V ကားများကို လူကြီးမင်းတို့ စိတ်တိုင်းကျ ပြုပြင် ပေးနေပါသည်။
မိတ်ဟောင်း မိတ်သစ်များ အားလုံးကို ကြိုဆိုပါသည်။

ဆိုင်လိပ်စာ - သာယာကုန်းလမ်း အထက - ၂ ကျောင်းအနီး BOC ကွေ့ အင်းစိန်မြို့နယ် ရန်ကုန်မြို့။

ဖုန်း - 09443211341
0973211341
ကိုကျော်ဇင်

Address

Hlaing Township
Yangon

Opening Hours

09:00 - 17:00

Telephone

+959798165981

Website

Alerts

Be the first to know and let us send you an email when Ko Kyaw Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share