Knowledge Garden

Knowledge Garden Keep Trying

MayMay : ၂နှစ်သမီးလေးအတွက်                   သင်ထောက်ကူပုံလေးတွေ ပို့ပေးပါလားDeepSeek : 👇၂ နှစ်အရွယ် ကလေးငယ်လေးတွေအတွက် ...
22/02/2025

MayMay : ၂နှစ်သမီးလေးအတွက်
သင်ထောက်ကူပုံလေးတွေ ပို့ပေးပါလား

DeepSeek : 👇
၂ နှစ်အရွယ် ကလေးငယ်လေးတွေအတွက် သင်ထောက်ကူပုံလေးတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

# # # ၁။ **အရောင်များကို သင်ကြားပေးခြင်း**
- **ပုံစံ** - အရောင်စုံပစ္စည်းလေးတွေရဲ့ပုံတွေ (ဥပမာ - အနီ၊ အဝါ၊ အပြာ စတဲ့အရောင်တွေပါတဲ့ ဘောလုံး၊ ပန်းကန်၊ ရေခဲမုန့်)
- **သင်ကြားနည်း** - ကလေးကို အရောင်တစ်မျိုးစီပြပြီး အဲဒီအရောင်ကို ပြန်ပြောခိုင်းပါ။

# # # ၂။ **ပုံပြင် စာအုပ်များ**
- **ပုံစံ** - ရိုးရှင်းပြီး အရောင်စုံပုံလေးတွေပါတဲ့ ပုံပြင်စာအုပ်လေးတွေ (ဥပမာ - တိရစ္ဆာန်လေးတွေ၊ သစ်သီးတွေ၊ သစ်ပင်တွေရဲ့ပုံ)
- **သင်ကြားနည်း** - ပုံပြင်ဖတ်ပြီး ကလေးကို ပုံထဲကအရာတွေကို ညွှန်ပြခိုင်းပါ။

# # # ၃။ **ပုံဆွဲခြင်း**
- **ပုံစံ** - ရိုးရှင်းတဲ့ပုံဆွဲစာရွက်နဲ့ ခဲတံ၊ ရောင်စုံခဲတံတွေ
- **သင်ကြားနည်း** - ကလေးကို လွတ်လပ်စွာ ပုံဆွဲခိုင်းပါ။ သူဆွဲတဲ့ပုံကို မေးခွန်းတွေမေးပြီး စကားပြောဆိုခိုင်းပါ။

# # # ၄။ **တိရစ္ဆာန်များကို သင်ကြားပေးခြင်း**
- **ပုံစံ** - တိရစ္ဆာန်လေးတွေရဲ့ပုံတွေ (ဥပမာ - ခွေး၊ ကြောင်၊ ငှက်၊ ငါး)
- **သင်ကြားနည်း** - တိရစ္ဆာန်တစ်ကောင်ချင်းစီကို ပြပြီး အသံထွက်ပုံကို သင်ပေးပါ။

# # # ၅။ **ပုံတူကပ်ခြင်း**
- **ပုံစံ** - ရိုးရှင်းတဲ့ပုံတူကပ်ကစားနည်း (ဥပမာ - သစ်သီးပုံတွေ၊ တိရစ္ဆာန်ပုံတွေ)
- **သင်ကြားနည်း** - ကလေးကို ပုံတူတွေကို ရွေးခိုင်းပြီး ကပ်ခိုင်းပါ။

# # # ၆။ **အရုပ်များနဲ့ ကစားခြင်း**
- **ပုံစံ** - ရောင်စုံအရုပ်လေးတွေ (ဥပမာ - အောက်ခံပြား၊ တုံးလေးတွေ၊ ပုံဖော်အရုပ်လေးတွေ)
- **သင်ကြားနည်း** - အရုပ်လေးတွေကို စီခိုင်းပါ၊ အရောင်တူတာတွေ ရွေးခိုင်းပါ။

# # # ၇။ **ဂဏန်းများကို သင်ကြားပေးခြင်း**
- **ပုံစံ** - ဂဏန်းပုံလေးတွေ (ဥပမာ - ၁ မှ ၁၀ အထိ)
- **သင်ကြားနည်း** - ဂဏန်းတစ်လုံးချင်းစီကို ပြပြီး ပြန်ပြောခိုင်းပါ။

# # # ၈။ **သီချင်းနဲ့ ကခုန်ခြင်း**
- **ပုံစံ** - ကလေးသီချင်းလေးတွေ (ဥပမာ - "ခြေကျင်တဲ့ကလေး"၊ "ငါးကလေးရေ" စတဲ့သီချင်းတွေ)
- **သင်ကြားနည်း** - သီချင်းဆိုပြီး ကလေးနဲ့အတူ ကခုန်ပါ။

ဒီပုံလေးတွေနဲ့ ကစားရင်း ကလေးရဲ့ ဉာဏ်ရည်နဲ့ စိတ်ကူးစိတ်သန်းကို ဖွံ့ဖြိုးစေပါတယ်။ ကလေးကို စိတ်ဝင်စားမှုရှိအောင် ပျော်ရွှင်စရာနဲ့ သင်ကြားပေးပါ။ 😊

17/03/2024
https://www.facebook.com/1593922374193412/posts/2693544300897875/
09/12/2020

https://www.facebook.com/1593922374193412/posts/2693544300897875/

“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ရေးခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ဖတ်ဖြစ်တော့ အဲဒီထဲမှာ အားနွဲ့တဲ့မိန်းမသား ဆိုတဲ့ စကားလုံးကို ကြိမ်ဖန်များစွာ အသုံးပြုထားတာ တွေ့ရပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဘုရင်မအဖြစ်ပါဝင်တဲ့ ဇာတ်ဆောင်ကိုလည်း ဦးမဆောင်နိုင်သူ၊ မိုက်မဲသူ၊ ဘဝင်မြင့်သူအဖြစ် ပုံဖော်ထားတယ်။

အားနွဲ့တယ်ဆိုတာက ကိုယ်ခန္ဓာသန်မာမှုကို ပြောတာပေ့ါလေ။ ဒါကလည်း သဘာဝပဲကိုး၊ ယောကျာ်းလေးတစ်ယောက်မှာ ဖိုဟော်မုန်းထွက်လာရင် ကြွက်သားထု ဖြစ်လာပေမဲ့ မဟော်မုန်းဆိုတာက မိန်းကလေးတစ်ယောက်ရဲ့ အသားအရည်ကို နူးညံ့စေတာမျိုးလေ။ ဒါတောင် ခုနောက်ပိုင်း ကြွက်သားတွေ အမြှောင်းမြှောင်းနဲ့ အမျိုးသမီးတွေလည်း ရှိလာပြီ။ စစ်မက် ဖြစ်ပွားတဲ့အချိန်၊ သဘာဝဘေးသင့်တဲ့အချိန်၊ ဒီလို တည်ငြိမ်မှု ပျက်ပြားသွားပြီး တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ အနေအထားမျိုးတွေမှာ အမျိုးသမီးတွေဟာ ခွန်အားနည်းတာကြောင့် အနိုင်ကျင့်စော်ကားမှုတွေ ခံကြရတယ်။ အထိခိုက်လွယ်ဆုံး လူအုပ်စု ဖြစ်လာတယ်။ ဒါကြောင့် အဲဒီလိုအချိန်တွေဆို အမျိုးသမီးတွေကို ပိုပြီး အကာအကွယ် ပေးကြရတယ်။

ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ တည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု ရှိနေတဲ့ အနေအထားမျိုးမှာကျ အားနွဲ့တယ်ဆိုတာက ပြောရခက်သွားပြီ။ ဘာလို့ဆိုတော့ ဒီခေတ်မှာ ခွန်အားကြီးလို့ အလုပ်ဖြစ်တဲ့နေရာ သိပ်မကျန်တော့ဘူး။ အားလုံးက ပညာနဲ့လုပ်ကြ၊ ယှဉ်ကြတဲ့ခေတ် ဖြစ်နေပြီ။ ဒါကြောင့် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာဟာ ပညာမတတ်တာကို ခေါ်တာဖြစ်ပါတယ်။ ဒီတော့ အားနွဲ့သူက မိန်းမလည်း ဖြစ်နိုင်တယ်၊ ယောကျာ်းလည်း ဖြစ်နိုင်တယ်။

ခေါင်းဆောင်မှုကို တစ်ခွန်းတည်းပြောပါ ဆိုရင် အဲဒါ လွှမ်းမိုးနိုင်စွမ်း (Influence) ပါပဲ။ အဲဒီလို လွှမ်းမိုးဖို့ဆိုရင် ခေါင်းဆောင်မှာ ပါဝါရှိရတယ်။ အဓိကအားဖြင့်တော့ ပါဝါ ၂ မျိုးပေါ့၊ Positional Power နဲ့ Personal Power ။ ကိုယ်ရထားတဲ့ ရာထူးကြောင့် ပြောခွင့်၊ ဆိုခွင့်၊ လုပ်ခိုင်းခွင့် ရှိနေတာက Positional power ဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ စွမ်းဆောင်ရည် စတာတွေကြောင့် ရလာတဲ့ ပါဝါကိုတော့ Personal power လို့ခေါ်ပါတယ်။

တကယ်ဆို အဲဒီ Personal power ထဲမှာ ယောကျာ်းဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာ မပါပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်က ယောကျာ်းဖြစ်နေခဲ့ရင် (ခေတ်စကားနဲ့ပြောရရင်တော့) လူပိုရှိန်ပြီး၊ မိန်းမဖြစ်နေခဲ့ရင်တော့ အထင်သေးတယ်၊ တခုခုဆို ကလန်ကဆန် လုပ်ချင်တယ်ပေါ့။ ရာထူးကြောင့် မတတ်သာလို့သာ နေရမယ်၊ မိန်းမတွေက ခေါင်းဆောင်နိုင်စွမ်း မရှိပါဘူး၊ တွေဝေတယ်၊ မပြတ်သားဘူး၊ မဆုံးဖြတ်နိုင်ဘူး ဒါမျိုးတွေ ထင်တတ်ကြတယ်။ ကျားမခွဲခြားဆက်ဆံမှု များတဲ့နေရာမှာဆို အဲဒီပုံစံမျိုး ပိုတွေ့ရတတ်တယ်။ မိန်းကလေးတစ်ယောက် ခေါင်းဆောင်နိုင်စွမ်း မရှိခဲ့ရင် မိန်းမမို့လို့ လို့ ပြောတတ်ကြပေမယ့် ယောကျာ်းလေးတစ်ယောက် ခေါင်းမဆောင်နိုင်ဘူးဆိုရင်တော့ ယောကျာ်းမို့လို့ ဆိုတာမျိုး မပြောတတ်ကြဘူး။

ဘာဖြစ်လို့ အဲဒီလို သတ်မှတ်နေကြတာလဲ။ တွေးကြည့်ရင် တရားသေသတ်မှတ်ချက် (Stereotype) ဆိုတာတွေဟာ အကြောင်းမဲ့ပေါ်လာတာတော့ မဟုတ်ပါဘူး။ ဥပမာ ဆိုပါတော့၊ တောသူတောင်သားတွေဟာ ရိုးသားကြတယ် ဆိုတဲ့ သတ်မှတ်မှု။ ဘာလို့ဖြစ်လာလဲ။ တောသူတောင်သားတွေဟာ ရိုးသားကြတယ်၊ ပွင့်လင်းကြတယ်၊ လှည့်တာပတ်တာ ရှားတယ်၊ အဲဒါကြောင့် ဒီလိုသတ်မှတ်လိုက်ကြတယ်။ ဒါပေမယ့် တောသူတောင်သားတိုင်း ရိုးသားနေသလား ဆိုတော့ မဟုတ်ဘူး။ ဒါကြောင့် တောသူတောင်သားမှန်ရင် အားလုံးရိုးသားတယ်လို့ တထစ်ချ သတ်မှတ်လိုက်လို့ မရဘူး။ ဒါကို သတိပေးရမယ်။ နောက်ပြီး လှည့်တတ်ပတ်တတ်တဲ့ တောသူတောင်သားတွေ များလာခဲ့မယ်ဆိုရင် အဲဒီသတ်မှတ်ချက်တွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။

အခု အမျိုးသမီးတွေ ဦးဆောင်နိုင်စွမ်း မရှိဘူး ဆိုတဲ့ သတ်မှတ်ချက်ဟာလည်း ဒီသဘောပဲ။ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။ မိန်းကလေးတွေဟာ တခုခုဆို မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ။ အစည်းအဝေးတွေမှာ ဟောဟောဒိုင်းဒိုင်း ပြောနေပြီဆို ကြည့်လိုက်၊ ယောကျာ်းလေး ဖြစ်နေတာများတယ်။ ကိုယ့်အမြင် ကိုယ့်အတွေးကို ရဲရဲတင်းတင်း မထုတ်ဖော်ရဲကြဘူး။ ဒီမှာတင်လားဆိုတော့ မဟုတ်ဘူး၊ ဖေ့စ်ဘွတ်ရဲ့ Chief Operation Officer ဖြစ်တဲ့ Sheryl Sandberg ကိုယ်တိုင်လည်း သူ့စာအုပ်ထဲမှာ အဲဒီလိုရေးဖူးတယ်။ အစည်းအဝေးတွေမှာ မဲခွဲလို့ လက်ထောင်ကြရင်တောင် ရဲရဲတင်းတင်း မထောင်ရဲကြဘူး တဲ့။ ဒါတွေကြောင့်ပဲ မိန်းကလေးဆိုတာ ဦးဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ပေါ်လာရတာ။

ဒါကြောင့် အဲဒီသတ်မှတ်ချက်တွေ ပျောက်သွားချင်ရင် တစ်ဖက်ကလည်း မိန်းကလေးဆိုတိုင်း ခေါင်းဆောင် မဖြစ်နိုင်ဘူးလို့ တရားသေ မသတ်မှတ်ကြဖို့လိုသလို၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတွေ ခပ်များများ ပေါ်လာဖို့လည်း လိုတယ်။ အဲဒါက ဒီသတ်မှတ်ချက်တွေကို ဖျက်ဆီးနိုင်တဲ့ အကောင်းဆုံးလက်နက်ပဲ။

နေရာမပေးချင်တာ နဲ့ ယူနိုင်စွမ်းမရှိတာ နှစ်ခုပေါ့။ ဒီတော့ မပေးချင်တဲ့နေရာကို ယူနိုင်စွမ်းရှိကြောင်း သက်သေပြခြင်းနဲ့ပဲ အရယူပြကြရလိမ့်မယ်။

တကယ်တော့ မိန်းကလေးတွေ ဘာလို့ အဲလိုဖြစ်ရလဲဆိုတာက သားနဲ့သမီးကို မိဘက၊ ဆရာက၊ အသိုင်းအဝိုင်းက ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲဆိုတာနဲ့ အဓိကသက်ဆိုင်တယ်။ သားကိုတော့ လွတ်လွတ်လပ်လပ် နေစေတယ်၊ ရဲရဲတင်းတင်း ဖြစ်အောင် လေ့ကျင့်ပေးတယ်၊ သမီးကိုတော့ ယဉ်ကျေးမှုတို့၊ အစဉ်အလာတို့ ခေါင်းစဉ်တပ်ပြီး မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်၊ အိမ်မှုကိစ္စ နိုင်နင်းရတယ်၊ တခုခုဆို အနစ်နာခံရတယ်၊ ဒါမျိုးတွေ ပုံသွင်းခဲ့တယ်။ အဲဒီအခါမှာ မိန်းကလေးတွေရဲ့ သတ္တိ၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြတ်သားမှု၊ ဒါတွေက အသားသေကုန်တယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာဖို့ဆိုရင် မိန်းကလေးတွေကို ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြောင်းဖို့လိုတယ်။ မဟုတ်ရင် အဲဒီထဲကနေ ဖောက်ထွက်နိုင်ဖို့ အတော်ကြိုးစားရမှာကိုး။

EQ ဆိုတာကို စမိတ်ဆက်ခဲ့တဲ့ Daniel Goleman ကတော့ သူ့ဘလော့ဂ်တစ်ခုမှာ ရေးထားတယ်။ အဖွဲ့အစည်းအသီးသီးက အမျိုးသား အမျိုးသမီး ၅၅,၀၀၀ ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Soft skill ပိုင်းမှာ ပိုပြီးသာလွန်တာကို တွေ့ရတယ် တဲ့။ Soft skill ဆိုတာ ရော့ ဒါက ဒီလို ဆိုပြီး သင်ပေးလိုက်လို့ မရတဲ့ ပြဿနာဖြေရှင်းခြင်း (Problem solving)၊ ပဋိပက္ခကိုင်တွယ်ခြင်း (Conflict management)၊ ကိုယ်ချင်းစာစိတ် (Empathy) နည်းပြခြင်းနဲ့ လမ်းညွှန်ပေးခြင်း (Coaching &mentoring) ရည်မှန်းချက်ပြည့်မြောက်အောင် အာရုံစူးစိုက်ခြင်း (Focus on achieving goals) ဒါတွေပါတယ်။ အရှင်းဆုံးပြောရရင် EQ ပဲပေါ့။

ဒါကို ကြည့်ပြီး ခေါင်းဆောင်နေရာဆို မိန်းကလေးပဲရွေး လို့ ဆိုလိုတာတော့ မဟုတ်ဘူး။ ခေါင်းဆောင်မှု အရည်အသွေးဟာ ယောကျာ်းရယ် မိန်းမရယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ဆိုင်တယ်၊ ဘယ်သူမဆို လေ့ကျင့်ပျိုးထောင်လို့ ရနိုင်တယ်ဆိုတာကို သိစေချင်တာပါ။

ခေတ်က ပြောင်းနေပြီ။ ကမ္ဘာမှာရော ကျွန်တော်တို့ဆီမှာပါ အမျိုးသမီးခေါင်းဆောင်တွေ နယ်ပယ်အသီးသီးမှာ ရှိနေပြီ။ ဒါကြောင့် မိန်းမအုပ်ချုပ်ရင် တိုင်းပြည်ဘာဖြစ်မယ်၊ မိန်းကလေးဆိုတာ ခေါင်းဆောင်နေရာနဲ့ မသင့်တော်ဘူး ဆိုတဲ့ ရှေးရိုးစွဲအမြင်တွေ ထားခဲ့မှ ရတော့မယ်။

အဲဒီလို ရှေးရိုးစွဲအမြင်တွေ၊ တရားသေအမြင်တွေ ဆုပ်ကိုင်ထားတဲ့သူဟာ အကယ်၍များ ယောကျာ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် အိမ်ထောင်ရေးအဆင်ပြေဖို့ မလွယ်ဘူး၊ လိုအပ်ချက်တွေ များလာတဲ့ ခေတ်ကြီးထဲမှာ မိသားစုတာဝန်ကို ကိုယ်တစ်ယောက်တည်း ထမ်းနေရလိမ့်မယ်၊ ကိုယ့်သားသမီးတွေအတွက် မိခင်ကောင်းတစ်ယောက်ကို လက်လွတ်သွားရလိမ့်မယ်။

အကယ်၍များ ဝန်ထမ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့လက်အောက်မှာ မလုပ်ချင်ဘူး ဆိုပြီး အလုပ်မှာ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်။

အကယ်၍များ မိခင်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် ကိုယ့်သမီးလေးရဲ့ အစွမ်းအစတွေဟာ အစဉ်အလာ သတ်မှတ်ချက်တွေအောက်မှာ ပျောက်ဆုံးသွားရလိမ့်မယ်။ ရွယ်တူမိန်းကလေးချင်းမှာကို တစ်တန်း နိမ့်နေလိမ့်မယ်။ ကိုယ့်သား ယူလာမယ့် ထက်ထက်မြက်မြက် ချွေးမနဲ့လည်း အဆင်ပြေမယ်မဟုတ်ဘူး။

အကယ်၍များ ပြည်သူအများစု ဖြစ်နေခဲ့မယ်ဆိုရင်တော့ ကိုယ့်တိုင်းပြည်အတွက် တကယ်သင့်တော်တဲ့ ခေါင်းဆောင်ကောင်းရဖို့ အခွင့်အလမ်း ၅၀%ကို ငြင်းပယ်လိုက်တာနဲ့ တူနေပါလိမ့်မယ်။

ဒါကြောင့် ပြန်ပြောရရင် ဒီခေတ်မှာ အားနွဲ့တယ်ဆိုတာ ပညာမတတ်တာကို ခေါ်တာဖြစ်တယ်၊ ဒီတော့ အားနွဲ့သူက ယောကျာ်းလည်း ဖြစ်နိုင်တယ်၊ မိန်းမလည်း ဖြစ်နိုင်တယ်၊ အမျိုးသမီးခေါင်းဆောင်တွေ ပိုများလာဖို့အတွက်ဆိုရင် ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြင်ဖို့လိုတယ်၊ ခေါင်းဆောင်နေရာအတွက် စဉ်းစားတဲ့အခါ ယောကျာ်းရယ် မိန်းမရယ် မကြည့်ဘဲ အရည်အချင်းရှိတဲ့သူကို နေရာပေးနိုင်ဖို့ လိုတယ်၊ လေးစားတတ်ဖို့ လိုတယ်။ ဒါပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၁၄.၉.၂၀၁၆

Photo credit


01/11/2020

Happy Thadingyut 2020

ချစ်တဲ့သူနဲ့သာဆိုရင် 🌷Credit original photo
01/11/2020

ချစ်တဲ့သူနဲ့သာဆိုရင် 🌷
Credit original photo

Credit ❤️
25/10/2020

Credit ❤️

Credit 💙
22/07/2020

Credit 💙

https://m.facebook.com/story.php?story_fbid=718279598610030&id=160419477729381&sfnsn=mo
08/08/2019

https://m.facebook.com/story.php?story_fbid=718279598610030&id=160419477729381&sfnsn=mo

မြန်မာ့စကားပုံ ၁၀၀

1 A wonder lasts nine days.
ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက် ။

2 Out of the frying pan into the fire.
ကျားကြောက်လ်ု့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး။

3 Follow the river and you will get to the sea.
လမ်းဆုံးရင် ရွာတွေ့။

4 The more you have; the more you want.
ရလေ လိုလေ အို တစ္စေ ။

5 A burnt child dreads the fire.
တသ်ခါသေဘူး ပျဉ်ဖိုးနားလည်။

6 Every dog is Valiant at his own door.
ကိုယ်ရွာ ကြက်ဖ သူများရွာ ကြက်မ ။

7 A thief knows a thief just as a wolf knows a
wolf ./ Diamonds cut diamonds.
မြွေမြွေ ချင်း ခြေမြင်။

8 Old customs are the best.
ရှေးထုံးလည်းမပယ်နဲ့။

9 Set a thief to catch a thief.
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်။

10 So near yet so far.
နီးလျှက်နဲ့ ဝေး။

11 Bite off more than one can chew.
ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်။

12 Don't cry for the moon.
မမီတဲ့ပန်း မလှမ်းနဲ့။

13 One swallow doesn't make a summer.
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်။

14 The pestle cannot go after grains of rice.
ဆန်စင်ရာကျည်ပွေ့ မလိုက်နိုင်ဘူး။

15 Bees can swar on and squeels scamper.
ရှဥ့် လည်းလျှောက်သာ ပျားလည်းစွဲသာ။

16 He may be clever and yet he sometimes
lacks foresight.
ပညာရှိ သတိဖြစ်ခဲ။

17 Testing lie brings serious sorrows .
အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်။

18 Love begets love.
တစ်ဦးမေတ္တာ တစ်ဦးမှာ။

19 Change of pasture makes fat calves.
တစ်ရွာမပြောင်း သူကောင်းမဖြစ်။

20 At the tree; so is the fruit.
အပွေးမြင် အပင်သိ ။

21 Better to slip with the foot than with the
tongue.
ကြမ်းကျွံရင်နှုတ်လို့ ရ စကားကျွံရင်နှုတ်မရ။

22 A man's reach should exceed his grasp.
ဒူးလောက်တင်မှ ရင်လောက်ကျ။

23 There are ups and downs in life.
ရေစီးတစ်ခါ ရေသာတသ်လှည့်။

24 When the bow is too much bent;it brokes.
ကွေးလွန်းတဲ့လေး ကျိုး တတ်တယ်။

25 It is never too late to mend.
ပျက်အစဉ် ပြင့် ခဏ။

26 Everything in time comes to him who knows
how to wait.
စောင့်နိုင်ရင် သူခိုးမိ အောင့်နိုင်ရင် အကျိုးရှိ။

27 Don't put off till tomorrow what you can
do today.
ယနေ့ လုပ်နိုင်သောအလုပ်ကို မနက်ဖြန်မရွှေ့ပါနဲ့ ။

28 Do it now .It will do.
ချက်ချင်းလုပ် အဟုတ်အကျိုးဖြစ်။

29 Strike the iron while it is hot.
လ သာတုံန်း ဗိုင်းငင့်။

30 The ugly one is truly vain.
အကျည်းတန် မှန်ကြိုက်။

21 Better to slip with the foot than with the
tongue.
ကြမ်းကျွံရင်နှုတ်လို့ ရ စကားကျွံရင်နှုတ်မရ။

22 A man's reach should exceed his grasp.
ဒူးလောက်တင်မှ ရင်လောက်ကျ။

23 There are ups and downs in life.
ရေစီးတစ်ခါ ရေသာတသ်လှည့်။

24 When the bow is too much bent;it brokes.
ကွေးလွန်းတဲ့လေး ကျိုး တတ်တယ်။

25 It is never too late to mend.
ပျက်အစဉ် ပြင့် ခဏ။

26 Everything in time comes to him who knows
how to wait.
စောင့်နိုင်ရင် သူခိုးမိ အောင့်နိုင်ရင် အကျိုးရှိ။

27 Don't put off till tomorrow what you can
do today.
ယနေ့ လုပ်နိုင်သောအလုပ်ကို မနက်ဖြန်မရွှေ့ပါနဲ့ ။

28 Do it now .It will do.
ချက်ချင်းလုပ် အဟုတ်အကျိုးဖြစ်။

29 Strike the iron while it is hot.
လ သာတုံန်း ဗိုင်းငင့်။

30 The ugly one is truly vain.
အကျည်းတန် မှန်ကြိုက်။

31 Be humble like a beggar in the quest for
learning.
ပညာရှာ ပမာသူဖုန်းစား

32 The seven vulgar creatures who announce
their own name.
ကိုယ့်ကိုယ်ကို ဖေါ်မသူတော် ခုနစ်ပါး။

33 A greedy man is always needy.
ရလေ လိုလေ အိုတစ္ဆေ။

34 He uncovers his own thigh and bangs it
wiith his elbow.
ကိုယ့်ပေါင် ကိုယ်လှန်ထောင်း။

35 Only the sufferer knows how his belly
aches.
ကိုယ့်ဝမ်းနာ ကိုယ်သာသိ။

36 A little learning is dangerous.
မရှိတာထက် မသိတာခက်။

37 Little pot is soon hot.
လူပုစိတ်တို ခွေးပု ရန်လို ။

38 A clean hand wants no washing.
ကိုယ်ကောင်း ခေါင်းဘယ်မှမရွေ့။

39 Revenge is as sweet as love.
အချစ်ကြီး အမျက်ကြီး။

40 The pot calls the kettle black.
နှုတ်ခမ်းပဲ့ချင်း မီးမှုတ်။

41 A fine thing is soon mopped up.
အထိမခံ ရွှေပန်းကန်။

42 A hint suffices for a wise man.
အရိပ်ပြ အကောင်ထင်။

43 Skill is stronger than strength.
ကျွမ်းကျင်ရာ လိမ္မာ။

44 Ecerybidy his due .
သူ့ နေရာ နဲ့ သူ ။

45 Big in size; small in wit.
အကောင်ကြီး အချိန်မစီး။

46 A nine day wonder.
ခွေးရူးကောင်းစားတစ်မွန်းတည့်။

47 There's no accourting for taste.
ရှမ်းကြိုက် နွားချော။

48 To put off with fair words.
ပျားရည်နဲ့ ဝမ်းချ။

49 Nothing ventured ; nothing gained.
ထိုင်နေလို့ တော့ ဘာမှ ဖြစ်မလားဘူး။

50 Walls have ears.
နေ့ ပြော နောက်ကြည့် ည ပြောအောက်ကြည့်။

51 Kill two birds with one stone.
တစ်ချက်ခုတ် နှစ်ချက်ပြတ်။

52 In the kingdom of blind; the one- eyed is
the king.
အနူတော လူချော။

53 The grass is always green on the other
side of the fence.
ရွားနားမြက် ရွာနွားမစား/ လွတ်တဲ့ငါး ကြီး
အမေကျော် ဒွေးတော် လွမ်း

54 A short cut is often a wrong cut.
အရင်လို လမ်းအိုလိုက်။

55 Least said soonest mended.
စကားစကားပြောပါများ စကားထဲက ဇာတိပြ။

56 One gets another boil on top of the
previous one.
နူရာဝဲစွဲ လဲရာ သူခိုးထောင်း ။

57 Birds of the same feather flock together.
သူတော်ချင်းချင်း သတင်းလွေ့လွေ့ ။

58 Between a rock and a hard place.
ဆုပ်လည်းစူး စားလည်းရူး ။

59 He cries before he is beaten.
ခါးတကယ်မတို့ ခင်က ယားတယ်လို့ တွန့် ။

60 A woman in love waits;a man in love comes
without fail .
မိန်းမကြိုက်တော့ မျှော်လ်ုက်တာ
ယောက်ျား ကြိုက်တော့ ဆိုက်ဆိုက်လာ ။

61 Brush the cavities for beautiful teeth and
all you get is pyorrhoea.
လှစေလို၍ သွားချောင်တိုက် ရေစီးကမ်းပြိုလိုက်။

62 A good tree can lodge ten thousand birds.
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခိုနိုင်။

63 Pieces of curry- meat go to the man of high
position.
မိက်နှာကြီးရာ ဟင်းဖတ်ပါ။

64 Driving a spare into low ground.
မြေနိမ့်ရာ လှံစိုက်။

65 Woe to the river when a monitor lizard
becomes an alligator.
ဖွတ် မိချောင်းဖြစ် မြစ် မချမ်းသာ။

66 His successful notes were spoilt by the
noise of " Ding- d**g ".
အရေးကောင်း ဒိန်းဒေါင်း ဖျက်။

67 He does not catch the monitor lizard and
he has lot his chopper.
ဖွတ် မရ ဒါးမ ဆုံး ။

68 Scanty; when I steal for my living the dogs
bark.
လုပ်စား မိုးခေါင် ခိုးစား ခွေးဟောင်။

69 I have no money to pay ( the dept ) and
no land to abscond to.
ပေးစရာလည်း ငွေ မရှိ ပြေးစရာလည်း မြေ မရှိ။

70 As you are fated to eat ( honey ) bees
swarm in your beard.
စားရကံကြုံ မုတ်ဆိတ် ပျားစွဲ ။

71 A wise man never shows his anger.
ပညာရှိအမျက် အပြင်မထွက်။

72 Let your mind be there; but body here.
စိတ်ပေါင်းက်ုယ်ခွါ။

73 A genuine rubies never sink in mud.
ပတ္တမြား မှန် နွံ မနစ်။

74 Parsimony spoils the bread.
မစားရက် လောက်တက်။

75 A single deal and ten times shy.
တစ်ခါ ဆက်ဆံ ဆယ်ခါလန်။

76 Onion was quite safe alone but in compsny
with chilli got pounded.
ကြက်သွန်ချည်းနေ အကောင်းသား ငြုပ်သီးနဲ့ပေါင်းမှ
အထောင်းခံရ။

77 Wife's whispers finally with out.
မယားပြော တစ်ည ။

78 Buffalo impersonated by godking has short
tail and crooked horn.
သိကြားမင်း ကျွဲယောင်ဆောင် အမြီးတို ချိုစောင်း။

79 You can't get away from fate and destiny.
ဝဋ်နှင့် ကြမ္မာ မလွတ်သာ။

80 An extended family is secure;
intermarriage is nobel.
ဆွေချင်း ခြုံ - လုံ ဆွေခြင်းထပ် - မြတ် ။

81 Ranks bring responsibilities.
ကျားကြီး ခြေရာကြီး။

82 Peny wise; pound foolish.
ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာာ။

83 A light heart lives long.
ပျော်ပျော်နေ သေခဲ။

84 A small spark makes a great fire.
အမှိုက်ကစ ပြဿမီးလောင်။

85 A bitter jest is the position of friendship.
ကျီစားသန်က ရန်များ၏။

86 A good servant makes a good master.
တပည့် လိမ္မာ ဆရာအာပါတ်လွတ်။

87 What is done cannot be undone.
ထွက်ပြီးဆစ်စွယ် ပြန်ဝင်ရိုးမရှိ။

88 Like master; like man.
ဆရာကောင်းတပည့် ပန်းကောင်းပန်။

89 Beauty is only skin deep.
လှတာမက်တော့ ညစာခက်

90 Speech is sliver; silence is golden.
တိတ်တိတ်နေ ထောင်တန်။

91 A sound mind is a sound body.
စိတ်ထောင်းကိုယ်ကျေ။

92 Sink or swin.
ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်။

93 Satisfaction is beauty.
ရှမ်းကြိုက် နွားချော။။

94 To live in a fool's paradise.
ဝါးလုံးခေါင်းထဲ လသာ။

95 Absence makes the heart grow fonder.
နီးတကျက်ကျက် ဝေးတသက်သက်။

96 Bring oil to the fire.
မီးလောင်ရာ လေ ပင့်။

97 God arms the harmless.
လူ မစွမ်း နတ် မ ။

98 The crockling of dawn never hails the
dawn.
ကြက်မ ဘယ်လောက်တွန်တွန် မိုးမလင်းပါဘူး။

99 Sadness and gladness succeed each other.
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ။

100 Every shoots at other but hits oneself.
သူများမကောင်းကြံ ကိုယ်ဘေးဒဏ်ထိ။

Credit Learning English Language Online

Address

Yangon

Alerts

Be the first to know and let us send you an email when Knowledge Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share