May Thakhu Company Limited

May Thakhu Company Limited Car Dealer Company Limited

06/12/2021

🚫Covid ကစပီး ၂နှစ်တိတိ Low Budget ပြသွားလို့ 🚫

ထပ်ပီးမ​တောင့်ခံနိုင်​တော့လို့ ကျ​နော်တို့ကုမ္ပဏီလဲ​ပိတ်သိမ်း​တော့မည် 😔

လုပ်​ဖော်ကိုင်ဖက်​တွေအတွက်​တော့ အားနာ​ပေမယ့် ​ခေတ်ပျက်ထဲမှာ မနည်းရုံးကန်​နေရတာမို့ ကိုယ်ချင်းစာမိပါတယ် 😢

​ခေတ်​ကောင်းလို့ ပြန်ရုံးထနိုင်ရင် ချစ်​သော်လုပ်​ဖော်ကိုင်ဖက်ကောင်းတွေနဲ့ ပြန်ဆုံချင်ပါတယ်ဗျာ 😭

စိတ်မ​ကောင်းခြင်းများစွာဖြင့် ........
၆.၁၂.၂၀၂၁

🚨အကယ်၍ပစ်ခတ်မှုဖြစ်လာပြီဆိုရင်🚨 #သေနတ်သံကြားတာနဲ့ ၁။  ဘယ်ကပစ်တာလဲဆိုတာမစူးစမ်းပါနဲ့ ....မတ်တပ်ရပ်ပြီး  ပစ်နေပြီလား ???တစ...
20/02/2021

🚨အကယ်၍ပစ်ခတ်မှုဖြစ်လာပြီဆိုရင်🚨

#သေနတ်သံကြားတာနဲ့

၁။ ဘယ်ကပစ်တာလဲဆိုတာမစူးစမ်းပါနဲ့ ....
မတ်တပ်ရပ်ပြီး ပစ်နေပြီလား ???
တစ်ကယ်လား??? ဆိုပြီး စူးစမ်းချင်စိတ်နဲ့
လိုက်မကြည့်ပါနဲ့။

အသံကြားတာနဲ့ Platform, ဓာတ်တိုင်စသည့် တစ်ခုခုနှင့်နီးစပ်ရာမှာရှိသူသည် *အရင်ဆုံး* ထိုင်ချလိုက်ပါ။
(ရှေ့တန်းမှာစစ်ကြောင်းနဲ့သွားနေရင်း သေနတ်သံကြားတာနဲ့ ထောက်၊လှိမ့်၊မှောက်လို့သင်ကြရတာပါ။

၂။ အကာကွယ်မရှိဘဲ လမ်းမပေါ်မှာရောက်နေသူသည် သေနတ်သံကြားတာနဲ့ မှောက်ချပါ။
မှောက်တဲ့အခါ ကတ္တရာလမ်းနဲ့ မိမိရင်ဘက်နဲ့မထိစေဘဲ ချက်ချင်းပြန်ထလို့ရအောင် လက်နှစ်ကိုအောက်မှာထောက်ထားပြီးမှောက်ပါ။

၃။ ၁ နဲ့ ၂ မှာ ပြောခဲ့သလိုထိုင်ချ မှောက်ပြီး ငြိမ်မနေရပါဘူး, မှောက်ပြီးသူသည် ထိုနေရာမှ အမြန်ဆုံးထွက်ခွာပြေးရမှာကို စိတ်ထဲအမြဲမှတ်ထားပါ။
ထိုင်တဲ့သူသည်လည်း ထိုနေရာမှ အမြန်ဆုံးထွက်ခွာပြေးရပါမယ်။

#ဘယ်လိုပြေးမလဲ?

> ကိုယ်နှိမ့် ခါးချိုးပြေးရပါမယ်။
> ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးကျုံ့ပါ ။
(ထိုသို့ကျုံ့ခြင်းအားဖြင့် ပစ်ခတ်သူအဖို့ ပစ်မှတ်သေးသွားသည့်အတွက် ထိခိုက်စေရန်သိပ်မလွယ်ကူတော့ပါဘူး။)
> ခါးကိုအရှေ့ကိုချိုးထားပါ။
> ပြေးပါ။ (လုံခြုံတဲ့အကာကွယ်ရောက်သည်အထိ)
> လုံခြုံတဲ့အကွယ်တစ်ခုရမှသာ မှတ်တမ်းတင်တာလုပ်ပါ။
#နီးစပ်ရာအိမ်_တိုက်တွေထဲဝင်ပြေးပါ။
#အဓိကကအသက်ပါ။
(မိမိအသက်ရှင်သေးရင် နောက်ဘာမဆိုထပ်လုပ်လို့ရပါတယ်။)

ဒီ (၃) ချက်သည်သာ ထိခိုက်မှုနည်းစေမှာပါ
ကိုယ်နှိမ့်_ခါးချိုး_အသံကြားတာနဲ့ ကြောင်မသွားနဲ့ ရပ်မနေနဲ့..

#သေနတ်ဒဏ်ရာအရေးပေါ်ပြုစုနည်း
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏

၁။ အဝတ်စအရှည် ဆောင်ထားပါ။
အဝတ်ကို ကျပ်နေအောင်စည်းပေးပါ။
ပေါင်ရင်း / ဒူးပေါ် လက်ရင်း / လက်မောင်း မှာကျပ်နေအောင်စည်းပေးပါ။
(သွေးထွက်မလွန်စေရန်နဲ့
ကျည်ခဲများခန္ဓာကိုယ်တွင်းမပြန့်စေရန်ဖြစ်ပါသည်)

၂။ ထိုလူနာကို ၂နာရီ အတွင်းနီးစပ်ရာ ဆေးခန်းပို့ပေးပါ။
(၂နာရီ အထက္မထားရပါ)

၃။ #ပွင့်ထွက်အနာများအတွက်
အနာကို အကျီစများ ဂွင်းစ အဝတ်များဖြင့် (မသန့်လဲရပါတယ်. အဓိကက ကျည်ဆံ ယမ်းအဆိပ်များ ခန္ဓာကိုယ်တလျှောက် မပြန့်ရန်ဖြစ်သည်)
ကျည်မှန်ရာ အဝကို ဖိပေးပါ။
လေမဝင်ပါစေနဲ့။

အပေါက်ဖြစ်တဲ့နေရာကို ၃ မိနစ် - ဖိအားများများနဲ့ဖိပေးပါ။
တတ်နိုင်သလောက် ဖိထားပေးပါ။
သွေးတိတ်တဲ့အထိ ဖိထားပေးပါ။
ထိုနောက် အထက်အောက် ကြိုးဖြင့်စည်းပေးပါ။

၄။ ်ဘတ်ပွင့်လူနာအတွက်
ပလပ်စတစ်အိတ် သို့မဟုတ် တိတ်ဖြင့် ပိတ်လိုက်ပါ။
ခန္ဓာကိုယ်ထဲ အပြင်လေမဝင်ပါစေနဲ့။
(အပြင်လေဝင်ရင် အသက်အန္တရယ် စိုးရိမ်ရပါတယ်)

ထိုနောက် သွေးခုန်နှုန်းတိုင်းပေးပြီး လူနာကိုဘေးကင်းရာရွေ့ပေးပါ။
#လူနာရဲ့ခန္ဓာကိုယ်အပူအချိန် မမျှဖြစ်လာရင် စောင်နဲ့ ခန္ဓာတစ်ခုလုံးပတ်ပေးပါ။
(ဖြစ်နိုင်ရင်အကျီတွေ အကုန်ချွတ်ပြီး စောင်နဲ့သာ ထုပ်ထားပေးပါ)

၃။ ျားအတွက် (ဦးနှောဏ်ပွင့်)
ပွင့်ထွက်နေရာကို အဝတ်စနဲ့ အပြည့်သိပ်ပေးပါ။
လေမဝင်ပါစေနဲ့။
မကြောက်ပါနဲ့။
အသက်ကို ကယ်နိုင်သလောက်ကယ်ပေးပါ။
ထို့နောက် ဦးခေါင်းပွင့်သူရဲ့ပါးစပ်ကို တတ်နိုင်သလောက် အောက်စီဂျင်ရအောင် ကူညီပေးပါ။
(gender မခွဲပါနဲ့ အသက်က အဓိကပါ)

သွေးများကို မစို့တပို့ မသုပ်ပါနဲ့။
အဝတ်စနဲ့ အပြည့်ထည့်ပေးပါ။
ဦးနှောက်ပွင့် or ဦးခေါင်းပွင့် ကောင်လေးကို အကျီစများနဲ့ ပြည့်သိပ်အောင်ထည့်နိုင်ရင် နှလုံးခုန်နေသေးရင် အသက်ကယ်နိုင်ပါတယ်။

head injury ကို မေးသိုင်းကြိုးချည်ပုံစံ ပတ်တီးမစီးပါနဲ့
ခေါင်းပေါင်းပုံပဲ စည်းပေးပါ။

#လက်_ပေါင်_ကျည်ထိလူနာအား
အဖြတ်ခံမထိအောင် အနာ အပေါ်နဲ့အောက် ၃ လက်မ ကွာကျပ်ထုပ်စည်းပေးပါ။
ယမ်းက သွေးထဲပြန့်ရင် သေနိုင်ပါတယ်။

*** #စစ်တပ်နဲ့_ရဲ_ပူးပေါင်းလိုက်တဲ့နေရာမျိုးဆိုစရှောင်ထွက်ပါ ****
တစ်နေရာရာရောက်တာနဲ့ ပတ်ဝန်းကျင် အရိပ်အခြေတွေ Vantage Point တွေ Escape Route တွေ ကြည့်ထားကြပါ
အန္တရာယ်ကင်းကြပါစေ

(ကျောပိုးအိတ်ထဲ အဝတ်ပို, ပလတ်စတစ်အိတ်တွေ, တိတ်အလိပ်တွေ ထည့်သွားကြပါ - ဝိတ်သိပ်မရှိပါ)

ဒီစာတွေကိုသေချာဖတ်ပြီး အချင်းချင်းမျှဝေပေးပါ

08/02/2021

မေတန်ခူးကုမ္ပဏီလီမိတက် ပိတ်ရက်​ကြေညာခြင်း
ယ​နေ့ ၈.၂.၂၀၂၁ မှစ၍ ရက်အကန့်သတ်မရှိ ရန်ကုန်(ရုံးချုပ်)နှင့် ပဲခူး (ရုံးခွဲ) ပိတ်ထားမည်ဖြစ်​ကြောင်း အသိ​ပေးအ​ကြောင်းကြားအပ်ပါသည် ခင်မျာ။
ပြန်လည်ဖွင့်လှစ်မည်ရက်ကို MTK Page က​နေပြန်လည်အ​ကြောင်းကြား​ပေးသွားပါမည်။

ကဲ​ရောင်းမည်ဗျာ၊ဘယ်ဂိုင်းUSA Chevolet Colorado ရင်ကွဲ နံပတ်မြင့်....Auto Hand Gear.....Model ..............2005Horse Pow...
27/01/2021

ကဲ​ရောင်းမည်ဗျာ၊ဘယ်ဂိုင်း
USA Chevolet Colorado ရင်ကွဲ နံပတ်မြင့်....Auto Hand Gear.....
Model ..............2005
Horse Power ....2800CC
Kilo...................8​ # # # #
Air Con .............ရှယ်​အေး
Price ................$$$

မေတန်ခူးကုမ္ပဏီလီမိတက် မိသားစုအလှူ 🙏🙏🙏
24/01/2021

မေတန်ခူးကုမ္ပဏီလီမိတက် မိသားစုအလှူ 🙏🙏🙏

20/01/2021

Credit op(Myanmar Automobile Guide )

ဖောက်စွပ်ကားဟု သတ်မှတ်ထားသည့် ကားများ
〰〰〰〰〰〰〰〰〰〰
ဖရိမ်မချိန်းဘဲ ဘော်ဒီပြောင်း (အရိုးလွတ်ချိန်း) သည့် ကားများကိုလည်း ဖောက်စွပ်အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါသည်။

ကားတစ်စီး၏ Body Coach ဆိုသည်မှာ လူနှင့် ကုန်ပစ္စည်းများတင်ဆောင်ရန် တစ်ဆက်တည်း တည်ဆောက်ထားသော မော်တော်ယာဉ်ကိုထည်ကို ခေါ်သည်။ Body Coach တွင် ဖြုတ်/တပ်နိုင်သော ဘောနတ်၊

ဘမ်ပါ၊ တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း စသည့် အစိတ်အပိုင်းများ တပ်ဆင်ထားသည် မူလ မှတ်ပုံတင်ထားသော မှတ်တမ်းဝင်ဘော်ဒီကို အခြားဘော်ဒီတစ်ခုခုနှင့် အစားထိုးပြောင်းလဲခြင်းအား Body Coach ပြောင်း (အလုံးချိန်း/ဖောက်စွပ်) ဟု ခေါ်သည်။

Body Coach ပြောင်းလဲခြင်းတွင် သီးခြားဖရိမ် ပါရှိသော Station Wagon အုပ်စုဝင်ယာဉ်များ ဥပမာ Toyota Land Cruiser၊ Toyota RAV4၊ Mitsubishi Pajero၊ Insuzu Bighorn စသည့်ယာဉ်များ Body Coach ပြောင်းလဲခြင်းနှင့် သီးခြားဖရိမ်မပါသော ဆလွန်းအုပ်စုနှင့် ဘတ်စ် အုပ်စုဝင်များ ဥပမာ Toyota Crown၊ Toyota Alphard၊ Toyota Caldina၊ Toyota Mark II၊ Express၊ Bus စသည့် ယာဉ်များ Body Coach ပြောင်းလဲခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ဖောက်စွပ်ကားအဖြစ် သတ်မှတ်မည်။

Body Coach ပြောင်း (ဖောက်စွပ်) အဖြစ် သတ်မှတ်ရာတွင် သီးခြား ဖရိမ်ပါရှိသော ယာဉ်၌ မူလဖရိမ်အမှတ်ပါ သံများအား အခြားယာဉ်တွင် ဖောက်ကပ်ဖြတ်ဆက်၍ ပြောင်းလဲခြင်းနှင့် ဖရိမ်အမှတ်ဖောက်ထည့်ခြင်းမရှိဘဲ

မူလဖရိမ်ပေါ်တွင် အခြား Body Coach ကို ပြောင်းလဲတပ်ဆင်ခြင်း၊ သီးခြားဖရိမ်မပါရှိသော ယာဉ်များအနေဖြင့် ဖရိမ်အမှတ်၊ သို့မဟုတ် ချက်စီနံပါတ် Member အတိုင်းအား အခြားယာဉ်တွင် ဖောက်ထည့်ဖြတ်ဆက်ခြင်း/

Member တန် းပြန်လည်တွဲဆက်၍ ပြောင်းလဲခြင်းတို့ကိုလည်း ဖောက်စွပ်အဖြစ် သတ်မှတ်မည် ဖြစ်သည်။

သီးခြား ဖရိမ်ပါရှိသောကားများတွင် ဖရိမ်မပြောင်းဘဲ Body Coach ပြောင်းမည်ဆိုလျှင်လည်း ဖောက်စွပ်အဖြစ် သတ်မှတ်ပါသည်။ ထိခိုက်မှုဖြစ်၍ ပြင်ဆင်၍ရသည့်အပိုင်းပျက်စီးလျှင် ပြင်ဆင်ပါ။

ပြင်ဆင်၍မရတော့ဘူးဆိုလျှင် တိုက်ကြေအဖြစ်သာ အပ်နှံပါ။ ဖရိမ် ဖြတ်ဆက်လုပ်ခြင်းများ၊ Body Coach ပြောင်းခြင်းများ စစ်ဆေးတွေ့ရှိပါက ဖောက်စွပ်ကားအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး

ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

မူလဖရိမ်ပေါ်တွင် အခြား Body Coach ပြောင်းလဲတပ်ဆင်ခြင်းနှင့် ချက်စီတန်းကို အခြားယာဉ်တွင် တွဲဆက် ပြောင်းလဲခြင်းကို ဖောက်စွပ်အဖြစ် သတ်မှတ်သော်လည်း Body Coach တွင် ပါရှိသော ဖြုတ်/တပ်နိုင်သည့်

ဘောနတ်၊ ဘန်ပါ၊ တံခါး၊ ထိုင်ခုံ၊ ပါးခြမ်း၊ ရှဲလ်၊ မီးခွက်စသည့် အစိတ်အပိုင်းများကို ယာဉ်ထိခိုက်မှုကြောင့် ပြောင်းလဲတပ်ဆင်ခြင်းကိုမူ ဖောက်စွပ်အဖြစ် မသတ်မှတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ

သိရပါသည်။

Automobile
TunTunWin

26/12/2020

အရေးကြီးပါသည်ကာကွယ်ကြပါ
********************************
အနံ့မရသူကိုအိမ်မှာ နေခိုင်းပြီး
အခြေနေ စောင့်ကြည့်ဖို့
သတင်းမှာ ပါလာပါသည်။

[ D 6I4 G ] သန္ဓေပြောင်း
ဗိုင်းရပ်စ်ဟာ ကူးစက်နနူ်း
" ၁၀ဆ " မြန်နေပါသည်။

[ ကာကွယ်ထားပါတစ်ခု
ချင်း တင်ပြပါမည် ]

၁▪အားဆေး " ဗီတာမင် "
[ အီး▪စီ▪ဒီ ] သောက်
ထားပါ။

၂▪အဖျားဝင်မလိုဖြစ်ရင်
[ ပါရာစီတမော့ ] တရက်
" ၃ " ကြိမ်သောက်ပါ။

ချောင်းဆိုးပြီဆိုရင်
[ ဒက်စထရိုမီသောဖန် ]
[ အိုင်ဗျူပရိုဖန် ] ဆေးအညွန်း
တိုင်းသောက်ပါ။

၃▪ဓာတ်ဆား ၊ ဆားရေ ၊
အာလုပ်ကျင်း ၊ ရေနွေးသောက်၊
ရေနွေးသောက်ရင်း ရေနွေးငွေကို
ရှုသွင်းပါ။

အခိုး ၊ အငွေ ၊ အငံ ၊ အစပ် ၊အားလုံးဟာ
ဓာတ်နဲ့တွေ့ရင် ဝင်နေတဲ့ ပိုး သေပါတယ်။

ဗိုင်းရပ်စ်ပိုးကို နိူင်တဲ့ဓာတ်ဟာ
" အပူဓာတ်ပါ " ဗိုင်းရပ်စ်ပိုးဟာ
အပူဓာတ်ကို ပိုကြောက်ပါတယ်။

အဆုတ်ကို မရောက်ဖို့ ဒီနည်းပဲ
ရှိပါတယ် ဗိုင်းရပ်စ်ဟာ အဆုတ်ကို
တိုက်ခိုက်ပါတယ်။

အဆုတ်နဲ့ လေပြွန်လမ်းကြောင်းတွေကို
ထူထဲတဲ့ ချွဲသလိပ်တွေနဲ့ ပိတ်ဆို့ပြီး
အစိုင်အခဲ ဖြစ်စေခြင်းအားဖြင့် အသက်ရှု
လမ်းကြောင်းကို ပိတ်ဆို့စေပါတယ်။

ဗိုင်းရပ်စ်ဟာ ဘယ်ကဝင်ဝင်
လည်ချောင်းတွင်း " ၄ " ရက်ခန့်ကြာ
နေထိုင်ပါတယ်။

ဒါ့ကြောင့် ပူသောအရည် ၊ ကော်ဖီ
စွပ်ပြုတ် ၊ ရေနွေးများ သောက်ပြီး
ကာကွယ်ထားပါ။

ဗိုင်းရပ်စ်ကို အစာအိမ်ထဲသို့ ပို့ကာ
အက်ဆစ်များဖြင့် အစာခြေခြင်းဖြင့်
အဆုတ်ထဲ မဝင်အောင် တားဆီးပေး
ပါလိမ့်မယ်။

ဖြစ်နိူင်ရင် ရှာလကာရည် ၊ သံပုရာရည်
လိမ္မော်ရည် ၊ ဆားထည့်ထားသည့်
ရေနွေးပူပူ စည်တို့ကို တစ်ရက်တစ်ကြိမ်
လောက် သောက်ပေးပါ။

ထမင်းစားရင် ကြက်သွန် [ ဖြူ နီ ] အစိမ်း
မြုတ်စားပေးပါ အပူ ၊ အခိုး ၊အငွေ့ဓာတ်
သည် ဗိုင်းရပ်စ်ကို နိူင်သည့်ဓာတ် ဖြစ်ပါ
သည်။

အနံ့မရ ဖြစ်လာပြီဆိုရင် ဆရာဝန်ပြ
ရမှာ သေချာနေပါပြီ။

ဒါ့ကြောင့် မိမိကိုယ်ကို ကာကွယ်ရင်း
ဆရာဝန် ဆရာမ ကျန်းမာရေးဝန်ထမ်း
များကို ကူညီကြပါစို့လို့ တိုက်တွန်းပြော
ကြားချင်ပါတယ်။

အမျိုးတွေအားလုံးအတွက်
တင်ပြ လိုက်ပါသည် ရှင် ....

ကျမ ဗိုင်းရပ်စ်ကို " ၄ " လတိတိ
တိုက်ပွဲဝင် ကုသပေးခဲ့ရသူ
" ခွဲစိတ်အထူးကု " နောက်ဆုံးနှစ်က
ဒေါက်တာ [ နန်းခင်ညွန့် ] ပါ။

မေတ္တာဖြင့်ပြန်လည်
မျှဝေပေးခြင်းပါ 🙏

အရေးပေါ်ကားမှန်သော်လည်း ယာဉ်/လမ်း စည်းကမ်းအရသီးခြားအထူးခံစားခွင့်မရှိပါ********************************သူငယ်ချင်းမင်းမော...
27/11/2020

အရေးပေါ်ကားမှန်သော်လည်း ယာဉ်/လမ်း စည်းကမ်းအရသီးခြားအထူးခံစားခွင့်မရှိပါ
********************************
သူငယ်ချင်း
မင်းမောင်းနေတဲ့ယာဉ်ဟာ လူနာတင်ကားဖြစ်ချင်ဖြစ်လိမ့်မယ်
မီးသတ်ကား(သာမန်အချိန်တွင်မောင်းနှင်ခြင်း)
ဌာနဆိုင်ရာကား အရေးပေါ်ကားလဲဖြစ်ချင်ဖြစ်လိမ့်မယ်
မည်သည့်ယာဉ်ကိုပဲမောင်းမောင်း ကိုဟာယာဉ်မောင်းပါပဲ
ယာဉ်မောင်းဆိုကထဲက ယာဉ်မောင်းတို့လိုက်နာရမဲ့ကျင့်ဝတ်တွေ
အလိုလိုအပြည့်အဝရှိသွားပါပြီ
လူကြီးကားပဲမောင်းမောင်း နာရေးကားပဲမောင်းမောင်း
ရဲကားပဲမောင်းမောင်း စည်းကမ်းဖောက်ဖျက်မ်ိရင်တော့ အများနည်းတူအရေးယူခံရမှာပဲ
ရှင်းစရာရှိတာရှင်း လျော်စရာရှိတာလျော်လို့
ထောင်ကျစရာရှိကျကိုကျမှာပဲ
ငါမောင်းတဲ့ကားက ဘာကား ညာကားရယ်ဆိုပီး
သီးခြားအထူးခံစားခွင့်ရယ်လို့မရှိပါဘူး
ဒါကြောင့် မင်းမလိုက်နာရင် မင်းခံရမှာပဲ.

သူငယ်ချင်းမင်းသိလား
ပရဟိတကားတွေ နာရေးကားတွေ မီးပွိုင့်မှာမီးနီဖြတ်လို့ယာဉ်တိုက်မှုဖြစ်ရင်
ယာဉ်/လမ်းစည်းကမ်းချိုးဖေါက်လို့ယာဉ်တိုက်မှုဖြစ်ရင်
သူတို့လဲအများနည်းတူ အရေးယူခံရမှာပါ
မှန်ပါတယ် အခြားယာဉ်တွေက အဲ့ဒီလိုအရေးပေါ်ယာဉ်တွေကို ဦးစားပေးရမှာဟုတ်တယ် ဒါကိုအားလုံးသိတယ်
ဒါကဦးစားပေးရမည့်ယာဉ်မို့ ဦးစားပေးတာလေ
ယာဉ်စည်းကမ်းကယာဉ်းစည်းကမ်းပဲ
တခြားစီ တကန့်စီလေ.

တချို့လူနာတင်ကားတွေ အန်းဗျူးလင့်တွေ
အရေးကြီးလို့ဆိုပီး အရမ်းမောင်းတယ်
အရေးပေါ်လူနာပါလို့ဥသြသံဆွဲတယ်
တချို့က လူနာမပါလဲ ဥသြသံဆွဲတယ်
ဝါယာလက်တွေလဲဖွင့်ထားတယ်
အရေးကြီးလို့မီးနီဖြတ်တာ ဖြတ်လို့ရတယ်
အဲ့ဒီလိုအတွေးတွေနဲ့မောင်းရင် မှားပါလိမ့်မယ်
ဦးစားပေးရမှာမှန်ပေမဲ့ ယာဉ်တိုက်မှုဖြစ်ကြည့်ပါလား
အများနည်းတူ အရေးယူခံရမှာပါပဲ
ဒါကြောင့် သီခြားအခွင့်အရေးရှိတယ်လို့တော့ အမှတ်မမှားနဲ့သူငယ်ချင်း
မသာကားမောင်းမောင်း ဆရာ့ကားမောင်းမောင်း တို့တွေယာယာဉ်မောင်းဖြစ်ပီဆိုကထဲက
ယာဉ်/လမ်းစည်းကမ်းတွေအားလုံး ငါတို့နဲ့သက်ဆိုင်ပီမို့ လိုက်နာကြရအောင်သူငယ်ချင်း။

( စည်းကမ်းလိုက်နာစေ
ယာဉ်/လမ်းစည်းကမ်းကို
သိစေလို၍ဖော်ပြခြင်းဖြစ်ပါသည် အမှန်တကယ်အရေးပေါ်ကားများအား(မီးသတ်ကားကဲ့သို့) ဥသြဆွဲလာသည်နှင့် ယာဉ်အားလုံးက ဂရုပြုရှောင်းပေးကြသလို တာဝန်ကျတပ်ဖွဲ့ဝင်များ မီးပွိုင့်များမှလည်း အဆင်ပြေအောင် ကြိုတင်ဆောင်ရွက်ပေးကြပါသည်
မီးသတ်ကားသည် သာမာန်ချိန်မှာတော့ အများနည်းတူပါ အရေးပေါ်ချိန်မှာတော့ မီးသတ်ကားသည်အုပ်စုဖွဲ့ ထွက်ခွာခြင်းဖြစ်၍ဦးစားပေးရပါမည် အရေးပေါ်ချိန်တွင် သဘောရိုးဖြင့် မီးသတ်ကားဖြင့်ထိမိမှုမှန်သမျှ ဥပဒေကြောင်းအရ တရားစွဲဆိုခွင့်မရှိစေရဟု ဥပဒေပြဌာန်းထားပြီးဖြစ်ပါသည်)


ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

30.9.2018

#တိုက်ပြန်ပြီဟေ့

မေတန်ခူး ကုမ္ပဏီလီမိတက် တန်​ဆောင်တိုင်ရုံးပိတ်ရက်​ကြေငြာခြင်း၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၇ရက် မှ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၃၀ရက်ထိ ...
26/11/2020

မေတန်ခူး ကုမ္ပဏီလီမိတက် တန်​ဆောင်တိုင်ရုံးပိတ်ရက်​ကြေငြာခြင်း

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၂၇ရက် မှ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၃၀ရက်ထိ ​မေတန်ခူးကုမ္ပဏီ ရုံးချုပ်(ရန်ကုန်) နှင့် ရုံးခွဲ (ပဲခူး) ပိတ်ထားမည်ဖြစ်​ကြောင်း အသိ​ပေးအ​ကြောင်းကြားအပ်ပါသည် ခင်မျာ🙏🙏🙏

ရန်ကုန်မြို့တွင် ကိုဗစ်စစ်နိုင်သောနေရာများ........................................................(၁) Test and Care ဧရာဝ...
25/11/2020

ရန်ကုန်မြို့တွင် ကိုဗစ်စစ်နိုင်သောနေရာများ........................................................

(၁) Test and Care ဧရာဝတီစင်တာ

ကိုဗစ်စစ်ရန် အွန်လိုင်းမှတဆင့် ကြိုတင်စာရင်းသွင်းရန်လိုအပ်ပါသည်။
▪️… စာရင်းပေးသွင်းရမည့် ဝက်ဘ်ဆိုက်

https://bit.ly/36UvIss

▪️အသေးစိတ်သိရှိလိုပါက Hotline: 0147055555

▪️စည်းကမ်းများ https://m.facebook.com/story.php?story_fbid=5342740972418530&id=548301828529159

▪️လိပ်စာ - သု၀ဏ္ဏအားကစားကွင်း

(၂) မြောက်ဥက္ကလာပ မြို့နယ် Fever Clinic

အချိန်....မနက် ၉ နာရီ မှ ၁၁ နာရီ ထိ
နေရာ.... မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ မှ သောကြာ တာဝန်ခံ ဆရာဝန် - ဒေါက်တာစိုးဝေဖြိုး(📞 09664824714)

(၃) အင်းစိန်မြို့နယ် Fever Clinic

အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ
နေရာ.... အင်းစိန်မြို့တော်ခန်းမ ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ၊စနေ တာဝန်ခံ ဆရာဝန် - ပါမောက္ခကြီး ဒေါက်တာဒေါ်မာမာကြည်(ဆေးပညာဌာန အင်းစိန်ပြည်သူ့ဆေးရုံကြီး) ဒေါက်တာ သောင်းလင်း (📞 09260206401) ဒေါက်တာ နေမျိုးအောင် (📞 095157863) ကထိက ဆေးတက္ကသိုလ်(၂) အင်းစိန်ပြည်သူ့ဆေးရုံကြီး ဒေါက်တာ မိကွန်ချမ်း (📞 09400434274) ဒေါက်တာ ညီညီစိုး (📞 095038108)

Address

အမှတ်၃၇၊အ​နောက်မြင်းပြိုင်ကွင်းလမ်း၊ဗိုလ်စိန်မှန်ရပ်ကွက်၊ဗဟန်းမြို့နယ်
Yangon

Telephone

+959400150644

Website

Alerts

Be the first to know and let us send you an email when May Thakhu Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to May Thakhu Company Limited:

Share