PAI Food & Beverage Consulting And Hospitality Management Service

  • Home
  • Myanmar
  • Yangon
  • PAI Food & Beverage Consulting And Hospitality Management Service

PAI Food & Beverage Consulting And Hospitality Management Service We are professional Hospitality Management Company to provide Setup & Consulting service , Managemen

ကျွန်တော်တို့ PAI Consultant Service တွင်ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်ရန် Office Staff တစ်ဦး အလိုရှိပါသည်။ Office Staff ...
27/12/2023

ကျွန်တော်တို့ PAI Consultant Service တွင်
ကျွန်တော်တို့နဲ့အတူ အလုပ်လုပ်ရန် Office Staff တစ်ဦး အလိုရှိပါသည်။

Office Staff - 1 Post

လျှောက်ထားလိုသူများသည်အောက်ဖော်ပြပါ
အရည်အချင်းများနှင့်ကိုက်ညီရမည်။

- ရုံးစာများအား စာစီစာရိုက်ပြီး ပြင်ဆင်ရန် Computer Microsoft Office Word , Microsoft Excel , Page Maker အသုံးပြုတက်ရမည်။
- Gmail Account ဖွင့်လှစ်ခြင်းနှင့် Website များကိုအသုံးပြုတက်ရမည်။ အသုံးမပြုတက်ပါကသင်ပေးမည်။
- ရုံးပိုင်းဆိုင်ရာနှင့်ပတ်သက်သော စာရွက် စာတမ်းများပေးပို့ခြင်း ဖောင်တင်ခြင်းကိစ္စများနှင့် သွားလာနိုင်ရမည်။ မလုပ်တက်ပါကသင်ပေးပါမည်။
- လူအများနှင့်အဆင်ပြေအောင် ယဉ်ကျေးပျူဌာစွာ စကားပြောဆိုတက်ရမည်။
- အလုပ်နှင့်ပတ်သက်သည်များကို သင်ယူလိုစိတ်ရှိရမည်။
- နှစ်စဉ် လုပ်ငန်းနှင့်ပတ်သက်သည်များအားကျိုးစားပြီး လုပ်နိုင်စွမ်းရှိရမည်။
- ရိုးသားပြီး စာရိတ္တကောင်းမွန်ရမည်။
- အခါအားလျော်စွာ အလုပ်နှင့်သက်ဆိုင်သည့်သင်တန်းများတက်ရောက်နိုင်ရမည်။
- ပညာအရည်အချင်း အနည်းဆုံး ၁၀တန်း သို့မဟုတ် ၁၀တန်းအောင်။

အလုပ်ချိန်
တနင်္လာ မှ စနေနေ့ထိ မနက် ၉:၃၀ မှ ညနေ ၅:၀၀ ထိ။
စနေနေ့တစ်ဝက် သို့မဟုတ် အလုပ်လုပ်ရန်မရှိပါကရုံးပိတ်ပါသည်။
တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်များရုံးပိတ်ပါသည်။

အလုပ်တည်နေရာ
ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့။

စိတ်ဝင်စားပါက CV Form တွင် ဓာတ်ပုံတစ်ပုံကပ်ပြီး မျှော်မှန်းလစာနှင့်အတူ 09422217514 Viber သို့ 31.12.2023 မတိုင်မှီထိ ပေးပို့လျှောက်ထားနိုင်ပါသည်။

Shortlist Candidate များကိုသာ Interview
ရန်အတွက် ပြန်လည်ဆက်သွယ်ပေးမည်
ဖြစ်ပါသည်။

ရန်ကုန်မြို့တွင်အသစ်ဖွင့်လှစ်မည့်ထိုင်းကြက်ဆီထမင်းဆိုင်အတွက်အောက်ဖော်ပြပါဝန်ထမ်းများအလိုရှိပါသည်။ ❇️ Chef De Patie - 1 P...
07/09/2023

ရန်ကုန်မြို့တွင်အသစ်ဖွင့်လှစ်မည့်
ထိုင်းကြက်ဆီထမင်းဆိုင်အတွက်
အောက်ဖော်ပြပါဝန်ထမ်းများအလိုရှိပါသည်။

❇️ Chef De Patie - 1 Post
❇️ Demi Chef - 1 Post
❇️ Commis 1 - 1 Post

အထက်ဖော်ပြပါ ရာထူးများအားလုံးအတွက်
သက်ဆိုင်ရာရာထူးတွင် လုပ်ငန်းအတွေ့အကြုံ
အနည်းဆုံး၂နှစ်ရှိရမည်။

သွက်လက်တက်ကြွစွာဖြင့် အဖွဲ့အစည်းနှင့်
ပူးပေါင်းပြီး လိုက်လျောညီထွေဖြစ်အောင်
လုပ်ကိုင်နိုင်ရမည်။

မိမိတာဝန်ယူထားသော ရာထူးအလိုက် တာဝန်ယူမှု /
တာဝန်ခံမှု အပြည့်အဝ တာဝန်ယူနိုင်သူဖြစ်ရမည်။

စိတ်ပါဝင်စားပါက
ဓာတ်ပုံကပ်ထားသော CV Form / သက်ဆိုင်ရာစာရွက်စာတမ်းများ / မျှော်မှန်းလစာ နှင့်အတူ

Email : [email protected]
သို့မဟုတ်
Viber Number : 09793823181 သို့
၁၂-၉-၂၀၂၃ တွင်နောက်ဆုံးထားပြီး ပေးပို့
လျှောက်ထားနိုင်ပါသည်။

Shortlist Candidate များကိုသာ အုပ်ချုပ်မှုအဖွဲ့
မှစီစစ်ရွေးချယ်ပြီး Interview ရန် ပြန်လည်
ဆက်သွယ်ပေးသွားပါမည်။

UAE Visit Visa ကို လိုင်စင်ရကုမ္ပဏီနဲ့အမြန်လျှောက်ကြမယ်။UAE နိုင်ငံ Dubai မြို့ကို အလုပ်သွားရှာဖို့ကိုယ်ပိုင်စီးပွားရေးလ...
24/09/2022

UAE Visit Visa ကို လိုင်စင်ရကုမ္ပဏီနဲ့
အမြန်လျှောက်ကြမယ်။

UAE နိုင်ငံ Dubai မြို့ကို အလုပ်သွားရှာဖို့
ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ဖို့ ဒါမှမဟုတ်
အလည်အပတ်သွားလိုသူများအနေနဲ့
UAE Visit Visa လျှောက်ထားဖို့အတွက်ဆိုရင်

၂၀၁၆ခုနှစ်တည်းကကုမ္ပဏီစတင်ထည်ထောင်ထားပြီး
ခရီးသွားလုပ်ငန်းလိုင်စင်လည်းရရှိထားပြီးဖြစ်တဲ့
ကျွန်တော်တို့ Edge Of Universe Travel & Tours မှာယုံကြည်စိတ်ချစွာနဲ့ လျှောက်ထားနိုင်ပါပြီ။

လူကြီးမင်းတို့အနေနဲ့ UAE Visit Visa လျှောက်ထားဖို့
ဆိုရင်

👉 အနည်းဆုံးသက်တမ်း ၇လနှင့်အထက်ကျန်ရှိ
သည့် Passport colour scan jpeg photo

👉 ၃လအတွင်းရိုက်ကူးထားသော ၂လက်မ
ပတ်လည် ဓာတ်ပုံ (နောက်ခံအဖြူ) jpeg photo

👉 အသက် ၁၈နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
အသက် ၁၈နှစ်အောက်ဖြစ်ပါကမွေးစာရင်းနိုတြီ
တို့သာလိုအပ်မှာဖြစ်ပါတယ်​။

ကြာချိန်ကတော့ UAE အစိုးရရုံးဖွင့်ရက် ရုံးချိန်
၃ရက်အတွင်းVISA ရရှိမှာဖြစ်ပါတယ်။

UAE Visit Visa Fees လေးကတော့

UAE Visit Visa + Insurance ကိုမှ
30 Days Visit Visa = US$ 120 / Per Person
90 Days Visit Visa = US$ 250 / Per Person
သာကျသင့်မှာပါ။

ကျွန်တော်တို့ EOU Travel မှာ Visa Service
သာမကပဲ Flight Ticket, Hotel Booking, Return Show Ticket တို့ကိုပါ One Stop Service အနေနဲ့
ဆောင်ရွက်ပေးမှာဖြစ်လို့

UAE ကိုသွားကြမယ့်လူကြီးမင်းများအနေနဲ့
Edge Of Universe Travel & Tour မှာ
ဝယ်ယူကြဖို့ အခုပဲ Page Messenger မှတဆင့်
ဆက်သွယ်လိုက်ပါတော့နော်။

လူကိုယ်တိုင်ရုံးမှာလာမေးချင်တယ်ဆိုရင်လည်း
ရုံးချိန် Mon to Fri / 10:30 am - 5:30 pm အတွင်း
ကျွန်တော်တို့ကုမ္ပဏီရုံးခန်းမှာလာရောက်စုံစမ်း
မေးမြန်းနိုင်ပါတယ်။

👉 📱 09422217514
👉 ☎️ 09774788846
👉 📧 [email protected]
👉 🏠 No 6/8, 1st Floor, Upper Pazuntaung Road, Pazuntaung Township, Yangon, Myanmar.






Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 🤗PAI Food & Beverage Consulting And Hospitality Management Service Page မှာအများတောင်းဆိ...
22/08/2022

Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ။ 🤗

PAI Food & Beverage Consulting And Hospitality Management Service Page မှာ
အများတောင်းဆိုထားတဲ့ Service လေးတစ်ခုကို
Amazing Discount 😍 များအတူ သိပ်မကြာခင်
ကာလတစ်ခုမှာရရှိတော့မှာဖြစ်တဲ့အတွက်

အခွင့်အရေးများလက်လွတ်မဆုံးရှုံးရလေအောင်
ကျနော်တို့ Page ကို Like လုပ်ထားပြီး
စောင့်ကြည့်ထားဖို့လိုအပ်နေပါပြီနော်။

ဘာ Service ဖြစ်လာမလဲဆိုတဲ့ထင်မြင်ချက်လေးတွေကိုလည်း Comment မှာရေးပြီး
ကြိုတင်ရင်ခုန်နိုင်ပါပြီနော်။ 🥰

အခုချိန် Dubai ကို Visit visa နဲ့ သွားပြီးအလုပ်ရှာဖို့ပြင်ဆင်နေသူများအတွက်။ ယနေ့ April လ ၁ရက်နေ့ကနေစပြီးအစ္စလာမ်ဘာသာဝင်မ...
01/04/2022

အခုချိန် Dubai ကို Visit visa နဲ့ သွားပြီး
အလုပ်ရှာဖို့ပြင်ဆင်နေသူများအတွက်။

ယနေ့ April လ ၁ရက်နေ့ကနေစပြီး
အစ္စလာမ်ဘာသာဝင်များရဲ့ ဥပုဒ်လ Ramadan
စပါပြီ။

ကိုယ်က အခုချိန်မှာ UAE, Dubai ကိုသွားပြီး
အလုပ်ရှာမယ်ဆိုရင် Ramadan ကာလ
ဖြစ်တဲ့အတွက် သိထားရမှာက အပြင်ထွက်ချိန်မှာ
ကန့်သတ်ချက်တွေရှိပါတယ်။ ဥပမာ - Public Area မှာ အစားမစားရတာတို့ ၊ ဆေးလိပ်မသောက်ရတာ ၊ ရေမသောက်ရတာတို့ အစရှိသဖြင့်ပေါ့ ..........
ပြီးတော့ UAE နိုင်ငံရဲ့ အစိုးရရုံးဌာနတွေ
ကုမ္ပဏီတွေ ၊ စားသောက်ဆိုင်တွေရဲ့
အလုပ်လုပ်ချိန်အလွန်နည်းပါတယ်။
တချို့ဆိုပိတ်ထားတတ်ပါတယ်။

Ramadan ကာလမှာ အလုပ်ခေါ်တာ ၊ Interview ခေါ်တာ ၊ အလုပ်ခန့်တာ မရှိသလောက်နည်းမှာ
ဖြစ်လို့ အလုပ်ရှာနေသူများအတွက် အလုပ်ရနိုင်ခြေ
အလွန်နည်းပါလိမ့်မယ်။

အဲ့တော့ ပြောချင်တာက ဘာဖြစ်ဖြစ်သွားရပြီးရော
ဆိုပြီးမသွားကြပါနဲ့ဦး။

သင် Dubai ကိုသွားတယ်ဆိုတာ
Dubai ကိုရောက်သွားဖို့လား?
Dubai မှာအလုပ်ရဖို့လား? ဆိုတာကို
အဓီကနဲ့ သာမည ခွဲခြားသိနိုင်ကြပါစေခင်ဗျာ။

လေးစားစွာဖြင့်

Restaurant ၊ Bar နဲ့ Hotel လုပ်ငန်းတွေပြီးပြည့်စုံဖို့ရာPAI Consultant Service ကို ဆက်သွယ်ပါ.......🔺"ဥတု၊ရာသီ တောကိုမှီ၏...
10/01/2022

Restaurant ၊ Bar နဲ့ Hotel လုပ်ငန်းတွေပြီးပြည့်စုံဖို့ရာ
PAI Consultant Service ကို ဆက်သွယ်ပါ
.......

🔺"ဥတု၊ရာသီ တောကိုမှီ၏" ဆိုတဲ့ အတိုင်း
ရာသီ ဥတု ကောင်း၊မကောင်း သစ်တောတွေ ပေါ်
မှီခိုနေသလို
ကိုယ့် လုပ်ငန်းကောင်း၊ မကောင်းဆိုတာကလည်း
စီမံခန့်ခွဲ မှုဆိုတဲ့ အုတ်မြစ် ပေါ် ကို မူတည်ပါတယ်။

🤵‍♂️ကိုယ်က ငွေအရင်းအနှီးတတ်နိုင်လို့ ဒါမှမဟုတ်
ဝါသနာပါလို့ စားသောက်ဆိုင် ၊ Bar လုပ်ငန်းလေး
တစ်ခုလုပ်ချင်တယ် ဒါမှမဟုတ် လုပ်ငန်းကြီးတစ်ခု
အနေနဲ့ ဟိုတယ်လုပ်ငန်းကို ခန့်ခန့်ထည်ထည်ကြီး
လုပ်ချင်တယ်လို့တွေးထားပေမယ့်
ဘယ်ကစ ရမှန်းလည်း မသိ ၊ လုပ်ငန်းအတွေ့အကြုံ
လည်းမရှိ နဲ့ မစခင် ကတည်းက ပူပန်မှုတွေပြည့်
နေပြီလား?

💁‍♂️ဒါဆိုရင်တော့ သင့်အတွက် အနွေးထွေးဆုံး
ဝန်ဆောင်မှုတွေ နဲ့ ထာဝရ လက်ကမ်း နေမယ့်
PAI Consultant Service ကို သာ တမ်းတ လိုက်ပါ။

လူကြီးမင်းတို့ရဲ့ Hotel, Restaurant and Bar
လုပ်ငန်းများအတွက်

❇️ လုပ်ငန်းဆောင်ရွက်ရန်အတွက် မြေနေရာ
ဝယ်ယူ ၊ ငှားရမ်းခြင်း နှင့် အကျိုးတူလုပ်ငန်းစာချုပ်
တို့အတွက် စာချုပ်ချုပ်ဆိုပေးခြင်း။ (Legal Contracting Service)

❇️ လုပ်ငန်းအမှတ်တံဆိပ်ရေးဆွဲပေးခြင်း
နှင့် တရားဝင်လုပ်ငန်းအမှတ်တံဆိပ်အဖြစ်
မှတ်ပုံတင်ပေးခြင်း (Logo Design & Trademark Registration)

❇️ လုပ်ငန်းရှင်များရဲ့ ဆန္ဒနှင့်ကိုက်ညီသော Building & Interior Design များရေးဆွဲပေးခြင်း။

❇️ လုပ်ငန်းခွင်နှင့်ကိုက်ညီမည့် အသုံးအဆောင်
ပစ္စည်းများနှင့် Facilities များကိုအကြံပေး၍
ရွေးချယ်ဝယ်ယူပေးခြင်း။

❇️ လုပ်ငန်းအတွက်လိုအပ်သော ဝန်ထမ်းများကို
ရွေးချယ်ခန့်အပ်ပေးခြင်း။ (Organization Plan, Interview and Staff Hiring)

❇️ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းခွင်ဝင်
သင်တန်းများသင်ကြားပို့ချပေးခြင်း။ (Hospitality Training)

❇️ လုပ်ငန်းစတင်ဖွင့်လှစ်နိုင်သည်အထိတာဝန်ယူ
ဆောင်ရွက်ပေးခြင်း။ (Setup and Pre Opening Service)

❇️ လုပ်ငန်းတစ်ခုလုံးအားစီမံအုပ်ချုပ်ပေးခြင်း။ (Hospitality Management )

❇️ စာရင်းအင်းလုပ်ငန်းများနှင့်အခွန်စာရင်းများကို
စီမံအုပ်ချုပ်ပေးခြင်း။ (Accounting, Audit & Tax Service) လုပ်ငန်းများအတွက်

🔹ကျွန်တော်တို့ PAI Consultant Service က လုပ်ငန်း
တစ်ခု စတင်တည်ဆောက် ရာ ကနေ ၊ စီမံခန့်ခွဲမှု
အဆင့်ဆင့်နဲ့လုပ်ငန်းစတင်လုပ်ကိုင်နိုင်သည်အထိ
ပြည်တွင်း ၊ ပြည်ပ Hotel , Restaurant နဲ့ Bar
များမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့
Operation Manager များကိုယ်တိုင်တာဝန်ယူ
ဆောင်ရွက်ပေးမှာ ဖြစ်လို့ အခုမှ လုပ်ငန်းစလုပ်မယ်
ဆိုလည်းဘာမှစိုးရိမ်စရာမလိုတော့ပါဘူးနော်။

☎ဒါကြောင့် အခုပဲ 09 4222 17 514 ၊ 09 77 47 888 46 နဲ့ Page Messenger တို့ကနေ တစ်ဆင့်...

"Restaurant ၊ Bar နဲ့ Hotel လုပ်ငန်းတွေပြီးပြည့်စုံဖို့ရာ
PAI Consultant Service ကို ဆက်သွယ်လိုက်ပါ
"
📧 [email protected]
🏠 No 6/8, 1st Floor, Upper Pazuntaung Road, Pazuntaung Township, Yangon, Myanmar.








&B_Setup &BConsultant

Dubai မှာအလုပ်ရှာမည့်သူများအတွက်မေးချင်ရာမေး Program (1) မှာမေးမြန်းထားတဲ့မေးခွန်းများကို ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။ ❇...
15/11/2021

Dubai မှာအလုပ်ရှာမည့်သူများအတွက်
မေးချင်ရာမေး Program (1) မှာမေးမြန်းထားတဲ့
မေးခွန်းများကို ပြန်လည်ဖြေကြားပေးလိုက်ပါတယ်။

❇️ Agency ခက Us $2000/1800လောက်ရှိကြတယ် ရတဲ့လစာ အဲ့လောက်မများဘဲ ဘာကြောင့် agentခ အများကြီးယူကြဒါလဲ

🅰️ ပုံမှန်အားဖြင့်တော့ Dubai ကအလုပ်တွေကသူတို့ဆီမှာအလုပ်သမားလိုအပ်ချက်ရှိလားတဲ့ နည်းလမ်း၂မျိုးနဲ့ အလုပ်ခေါ်ကြတယ်။
ပထမတစ်နည်းက DUBAI မှာရှိနေပြီးသားသူတွေကိုခေါ်တယ် ၊ ဒုတိယတစ်နည်း Dubai ပြင်ပနိုင်ငံတွေကနေခေါ်တယ်။
ဒုတိယတစ်နည်းနဲ့ခေါ်တဲ့အခါအရင်ကတော့ Agency ကနေတဆင့်ခေါ်ယူကြတယ် အဲ့လိုခေါ်ယူတဲ့အခါအလုပ်ခေါ်တဲ့ အလုပ်ရှင်ဘက်ကနေ Flight Ticket, Visa တို့ကို Free ပေးပြီးခေါ်ကြတယ် ၊ ပြီးတော့ Interview ကိုလည်း သူတို့ဆီကလူတွေကိုယ်တိုင်သူတို့ခေါ်မယ့်နိုင်ငံလာပြီး Interview ကြသလို video call interview နဲ့လည်း Interview ကြတယ်။ အဲ့တော့ Agent Fees က မြန်မာငွေ ၅သိန်းကနေ အများဆုံး ၁၀သိန်းကြားလောက်သာပေးရပါတယ်။
ယခုအချိန်မှာဘာကြောင့် တချို့ Agent တွေက Agent Fees $1800 / $2000 တောင်းနေရသလဲဆိုတာကို ကျွန်တော့်အထင်ပြောရရင်တော့သူတို့နဲ့ချိတ်ဆက်ထားတဲ့အလုပ်က Flight Ticket နဲ့ Visa provide မလုပ်ပေးလို့ (သို့မဟုတ်) ဒူဘိုင်းကို
ကိုယ့်အစီအစဉ်နဲ့ခေါ်သွားပြီးဟိုရောက်မှ အလုပ် Interview တွေဝင်ဖြေခိုင်းမှာမို့ဖြစ်ပါတယ်။

❇️ စိတ်အချရဆုံးနဲ့ အမြန်ဆုံးသွားလို့ရမယ့် အေဂျင်စီကိုလမ်းညွှန်ပေးပါ။

🅰️ ဘယ်အေဂျင်စီကစိတ်အချရဆုံးနဲ့အမြန်ဆုံးသွားလို့ရမယ်ဆိုတာကို By Name နဲ့တပ်ပြီး Recommend မပေးလိုပါဘူး။
ဒါပေမယ့် အေဂျင်စီဘယ်လိုရွေးချယ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။
အလုပ်ခေါ်တဲ့အေဂျင်စီက ကုမ္ပဏီလိုင်စင် ၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင်ရှိရပါမယ်။
အလုပ်ခေါ်ယူတဲ့ကုမ္ပဏီ ၊ ရရှိမယ့်လစာ ၊ ခေါ်ယူတဲ့ရာထူး ၊ ခေါ်ယူမယ့်ဦးရေ ၊ contract term နဲ့ လုပ်ငန်းတည်နေရာအတိအကျဖော်ပြထားတဲ့အလုပ်ခေါ်စာကိုတိကျစွာဖော်ပြပေးနိုင်ရပါမယ်။
ခေါ်တဲ့ရာထူးနဲ့ပေးတဲ့လစာဟာဖြစ်နိုင်ရဲ့လားဆိုတာကိုသေချာတွေးဆကြည့်ပါ။
ကိုယ်နဲ့ရင်းနှီးတဲ့သူတွေ သို့မဟုတ် အဲ့ကုမ္ပဏီနဲ့သွားတဲ့သူတွေကော အလုပ်ခေါ်စာအတိုင်း အမှန်တကယ်အလုပ်ရရှိထားတာသေချာလားဆိုတာကိုသေချာစုံစမ်းပါ။

❇️ မြန်မာကနေအေဂျင်စီမလိုပဲအလုပ်ရှင်တွေဆီတိုက်ရိုက်လျှောက်ချင်ပါတယ်

🅰️ ရပါတယ်။ မြန်မာနိုင်ငံကနေ ဒူဘိုင်းက အလုပ်ခေါ်တဲ့ ကုမ္ပဏီတွေရဲ့ Website or Email ကနေတဆင့် CV Form ပို့ပြီး video call interview နဲ့ တိုက်ရိုက် Interview ပြီးသွားနိုင်ပါတယ်။

ဥပမာအနေနဲ့အောက်ဖော်ပြ website များကိုဖော်ပြပေးထားပါတယ်။ ခုဖော်ပြထားတဲ့ website လိုအခြားကုမ္ပဏီ က Website များလည်းရှာကြည့်ပြီးလျှောက်ထားနိုင်ပါတယ်။

Emirates Fight Catering

https://ekfc.taleo.net/careersection/ekfc-external/jobdetail.ftl

Jumeirah Hotel & Resort

https://dubaiholding.taleo.net/careersection/jum_ext_quickapply/jobsearch.ftl?lang=en&portal=32105023964

Alshaya

https://jobsearch.alshaya.com/cau/en/filter/?location-group=uae

Qatar Airways

https://careers.qatarairways.com/global/en/c/cabin-crew-cabin-services-jobs

Indeed

https://ae.indeed.com/m/jobs?q=&l=Dubai

❇️ ဒီကနေVisit Visa နဲ့သွားပြီးDubai ရောက်မှအလုပ်ရှာရတာလွယ်လားရှင့်

🅰️ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။

Dubai မှာအလုပ်လုပ်မယ့်သူများအတွက် Knowledge Sharing Post များကိုအချိန်မှီ ဖတ်နိုင်ဖို့အတွက်ကျွန်တော်တို့ Page ကိုLike & Share လုပ်ထားကြပါဦးနော်

UAE visit visa လျှောက်လိုသူများနဲ့ Flight Ticket
လိုအပ်သူများအနေနဲ့ ဖော်ပြပါ Link မှတဆင့်
မှာယူနိုင်ပါတယ်။

https://www.facebook.com/1733066936942499/posts/2911729749076206/?d=n



_Job

Dubai မှာအလုပ်ရှာမည့်သူများအတွက် မေးချင်ရာမေး Program (1) မေးချင်ရာမေး Program (1) ဆိုတာဘာလဲ?ဒူဘိုင်းမှာ အလုပ်ရှာမည့်သူမ...
06/11/2021

Dubai မှာအလုပ်ရှာမည့်သူများအတွက်
မေးချင်ရာမေး Program (1)

မေးချင်ရာမေး Program (1) ဆိုတာဘာလဲ?

ဒူဘိုင်းမှာ အလုပ်ရှာမည့်သူများအနေနဲ့
သိလိုသောအကြောင်းအရာများကိုအခမဲ့အမေးအဖြေ
ပြုလုပ်ပေးမယ့် Knowledge Sharing Program
တစ်ခုဖြစ်ပါတယ်။

ဘယ်လိုမေးရမလဲ ? ဘယ်လိုပြန်ဖြေပေးမလဲ?

သိလိုသည်များကို 10.Nov.2021 နောက်ဆုံးထားပြီး
Comment မှာ မေးမြန်းနိုင်ပါတယ်။

မေးမြန်းထားသောမေးခွန်းများအနက်မှ
ပြန်လည်ဖြေကြားသင့်သောအဖြေများကို
14.Nov.2021 မှာ ကျွန်တော်တို့ Page ကနေ
ပြန်လည်ဖြေကြားပေးသွားပါမယ်။

Knowledge Sharing အမေးအဖြေများကို
အချိန်မှီ ဖတ်နိုင်ဖို့အတွက်ကျွန်တော်တို့ Page ကို
Like & Share လုပ်ထားဖို့တော့လိုအပ်ပါမယ်။

Knowledge Sharing Program မို့ Fees က Free ပါ

UAE visit visa လျှောက်လိုသူများနဲ့ Flight Ticket
လိုအပ်သူများအနေနဲ့ ဖော်ပြပါ Link မှတဆင့်
မှာယူနိုင်ပါတယ်။

https://www.facebook.com/1733066936942499/posts/2911729749076206/?d=n

နိုင်ငံခြားမှာအလုပ်လျှောက်မယ်ဆိုဘာတွေပြင်ဆင်ထားရမလဲ(၁) ?  အလုပ်တစ်ခုစလျှောက်တော့မယ်ဆိုရင်မဖြစ်မနေစလုပ်ရမှာက အလုပ်လျှောက်...
14/09/2021

နိုင်ငံခြားမှာအလုပ်လျှောက်မယ်ဆိုဘာတွေပြင်ဆင်ထား
ရမလဲ(၁) ?

အလုပ်တစ်ခုစလျှောက်တော့မယ်ဆိုရင်မဖြစ်မနေ
စလုပ်ရမှာက အလုပ်လျှောက်လွှာ (CV Form) စတင်
ရပါမယ်။
အလုပ်ခန့်မယ့်သူများကလည်းလူကိုကိုယ်တိုင်မမြင်ရသေးချိန်မှာ CV Form ကြည့်ပြီးစတင် ပဏာမ
စတင်ရွေးချယ်တာဆိုတော့ ကိုယ့် CV Form က
အများထက်သာနေဖို့တော့လိုအပ်ပါတယ်။
မသာရင်တောင် သူများထက်မနိမ့်ကျဖို့ကအရေးကြီး
ပါတယ်။
နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံမှာလို ရပ်ကွက်ထောက်
ခံစာ ၊ ရဲစခန်းထောက်ခံစာ ၊ အိမ်ထောင်စုစာရင်းတွေ
ထည့်ပေးဖို့မလိုအပ်ပါဘူး။

ကိုယ်နဲ့ကိုက်ညီမယ့်အလုပ် ၊ ကိုယ့်လုပ်ငန်းအတွေ့အကြုံမယ့်အလုပ် ၊ ကိုယ်နဲ့ကိုက်ညီမယ့်ရာထူးမျိုးကိုတော့
သေချာရွေးချယ်စေလိုပါတယ်။

ကိုယ်လျှောက်တဲ့ Organization အကြောင်း
အကျဉ်းချုပ်လေ့လာထားစေလိုပါတယ်။

ကိုယ်လျှောက်တဲ့ အလုပ်/ရာထူး နဲ့ပတ်သက်ပြီး
ကိုယ်ယူရမယ့်တာဝန်များများ ၊ ဘာတွေလုပ်ရမယ်
ဆိုတာမျိုးကိုလည်းကြိုတင်လေ့လာထားစေလိုပါတယ်။

အဲ့တော့ CV Form ကိုဘယ်လိုပြင်ဆင်မလဲ ?

CV Form format တွေဒီဇိုင်းအစုံနဲ့အများကြီးရှိတဲ့အထဲကမှ ကျွန်တော်ကတော့အရိုးရှင်းဆုံးပုံစံကိုသာ
အကြိုက်ဆုံးပါ။ ပုံစံနမူနာကိုအောက်မှာဖော်ပြပေး
ထားပါတယ်။

1. Colour ဓာတ်ပုံကိုဖော်ပြပါ။ ဓာတ်ပုံရိုက်တဲ့အခါ သပ်သပ်ရပ်ရပ်ဖီးလိမ်းပြင်ဆင်ပြီး။ Business Suit နဲ့
ရိုက်နိုင်ရင်ပိုကောင်းပါတယ်။
မရိုက်နိုင်လဲ Photoshop နဲ့ပြင်ခိုင်းလိုက်ပါ။
2. အမည်ကို ထင်ထင်ရှားရှားဖြစ်အောင်ဖော်ပြပါ။
3. Apply Position ကိုယ်လျှောက်ထားလိုတဲ့ ရာထူးကိုဖော်ပြပါ။
4. Phone Number ဖုန်းနံပါတ်, Email အီးမေလ်, Address နေရပ်လိပ်စာ တို့ကိုအစဉ်လိုက်ဖော်ပြပေးပါ။
5. Objective ကိုယ်ဘာကြောင့်ဒီအလုပ်ကိုလျှောက်
ချင်ကြောင်းအကျဉ်းဖော်ပြပေးပါ။
6. Education ကိုယ်ရထားတဲ့ဘွဲ့တွေကိုချရေးပါ။
ဘယ်နှနှစ်တတ်ထားကြောင်းဘေးမှာဖြည့်ပေးပါ။
7. Working Experience လုပ်ငန်းအတွေ့အကြုံ
ပထမဆုံးစလုပ်ခဲ့တဲ့အလုပ်ကနေ နောက်ဆုံးလုပ်ခဲ့တဲ့
အလုပ်အထိဖော်ပြပေးပါ။
Position = လုပ်ခဲ့တဲ့ရာထူး
Company Name = လုပ်ခဲ့တဲ့ဘူးတဲ့ကုမ္ပဏီအမည်
Responsible = ဘာတွေတာဝန်ယူပြီးဆောင်ရွက်ခဲ့
ကြောင်းအကျဉ်းချုပ်ဖော်ပြပေးပါ။
8. Other Qualification အခြားထားတဲ့သင်တန်း တွေနဲ့ တတ်ခဲ့တဲ့ခုနှစ်တွေကိုဖော်ပြပေးပါ။
Course Title = တတ်ခဲ့သည့်သင်တန်း
Training Center = သင်တန်းကျောင်းအမည်
Period = တတ်ခဲ့သည့်ခုနှစ်
9. Language ကိုယ်ဘယ်ဘာသာစကားတွေပြော
တတ်ကြောင်းရေးပါ။
10. Personal Information ကိုယ်ရေးအချက်အလက်အကျဉ်းချုပ်ကိုရေးပါ။
Name = အမည်
Date Of Birth = မွေးနေ့
Birth Of Place = မွေးဖွားသည့်နေရာ (နိုင်ငံ)
Nationality = နိုင်ငံသား
Religious = ကိုးကွယ်သည့်ဘာသာ
Marital Status = အိမ်ထောင်ရေးအခြေအနေ
အဲ့လောက်ပါရင်လုံလောက်ပါတယ်။

Interview သွားတဲ့အခါ။
👉 Business Suit သို့မဟုတ် သေသေသပ်သပ် ဝတ်စားဆင်ယင်သွားပါ။
👉 ဂျင်းဘောင်းဘီတို့ ၊တီရှပ်တို့ ၊ ဘောင်းဘီအတို ၊ အင်္ကျီလက်ပြတ် နဲ့ သရုပ်ပျက်အဝတ်အစားများ
ဝတ်ဆင်ခြင်းကိုအထူးရှောင်ရှားသင့်ပါတယ်။
👉 ဆံပင်ကိုသပ်ရပ်စွာဖီးလိမ်းသွားပါ။
👉 ခံတွင်း နဲ့ ကိုယ်အနံ့ကကင်ရှင်းအောင်ပြင်ဆင်ပါ။
👉 အနံ့ပြင်းလွန်းသောရေမွှေးများသုံးစွဲခြင်းကို
ရှောင်ကြည်ပါ။

Interview တွင်အမေးများသောမေးခွန်းများ။

Can you tell me about your self ?
မင်းရဲ့အကြောင်းလေးပြောပြပေးနိုင်မလား ?

Why do you want to apply this job ?
ဘာကြောင့်ဒီအလုပ်ကိုလျှောက်ချင်တာလဲ ?

Why do you want to work at this company ?
ဘာကြောင့်ဒီကုမ္ပဏီမှာအလုပ်လုပ်ချင်ရတာလဲ ?

What is your responsibility at previous job ?
အရင်အလုပ်မှာမင်းဘာတာဝန်တွေယူခဲ့ရလဲ ?

Why are you leaving your current job or previous job ?
ဘာကြောင့်ယခုလက်ရှိအလုပ်ကထွက်လာတာလဲ
သို့မဟုတ် အရင်အလုပ်ကထွက်ခဲ့တာလဲ ?

What are your strengths or weakness ?
မင်းရဲ့အားသာချက်ကဘာလဲ သိုမဟုတ်
အားနည်းချက်ကဘာလဲ ?

Why should we hire you ?
ဘာကြောင့်ငါတို့ကမင်းကိုအလုပ်ခန့်ရမှာလဲ ?

What are your salary expectations ?
မင်းလစာဘယ်လောက်မျှော်လင့်ပါသလဲ ?

When can you start ?
ဘယ်တော့ဒီအလုပ်ကိုစဝင်နိုင်ပါသလဲ ?

What's your working style or management style?
မင်းရဲ့အလုပ်လုပ်တဲ့ပုံစံ သို့မဟုတ် အုပ်ချုပ်မှုပုံစံ ကဘယ်လိုလဲ?

How do you deal with pressure or stressful situation ?
မင်းရဲ့အလုပ်ဖိအား သို့မဟုတ် စိတ်ဖိစီးမှုအခြေအနေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ?

Do you have any questions for us ?
မင်းအနေနဲ့ငါတို့ကိုဘာမေးခွန်းတွေမေးစရာရှိသေးလဲ ?

အထက်ဖော်ပြပါမေးခွန်းများနဲ့လျှောက်တဲ့ရာထူးအပေါ်
မူတည်ပြီး လုပ်ငန်းခွင် skill & Knowledge နဲ့ဆိုင်တဲ့
မေးခွန်းများပါမေးတတ်ပါတယ်။

လုပ်ငန်းခွင် skill & Knowledge နဲ့ဆိုင်တဲ့မေးခွန်းများ နဲ့ သင့်လျှော်တဲ့အဖြေများ
Interview တွင်အမေးများသော မေးခွန်းတွေရဲ့ သင့်လျှော်တဲ့အဖြေများကိုထပ်မံဖော်ပြပေးပါဦးမှာဖြစ်လို့
လေ့လာရန်စိတ်ဝင်စားပါက ကျွန်တော်တို့ Page ကို
Like & Share လုပ်ထားပါဦးနော်။

လေးစားစွာဖြင့်




Address

No 6/8, 1st Floor, Upper Pazuntaung Road, Pazuntaung Townnship
Yangon

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959422217514

Website

Alerts

Be the first to know and let us send you an email when PAI Food & Beverage Consulting And Hospitality Management Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PAI Food & Beverage Consulting And Hospitality Management Service:

Share