20/03/2022
"Page Members & Followers များအား တင်ပြခြင်း"
"Koe Family - Online Sale Service Group" Page အား ယာယီရပ်ဆိုင်းထားကြောင်း တရားဝင်ကြေညာအပ်ပါသည်။ Page Admin ဖြစ်သူ ကျွန်တော်သည် မြန်မာနိုင်ငံ၌ အာဏာရူးတသိုက်အာဏာသိမ်းထားမှုကို မကျေနပ်၍ ပြည်သူများနှင့်အတူ အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ပါသည်။ပြည်သူများနှင့်အတူ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ခြင်းဖြင့် မပြီးပြတ်ခဲ့သောကြောင့် ပြည်သူအများဆန္ဒ၊ပြည်သူအများလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လက်နက်ကိုင်တော်လှန်ရေးရဲဘော် (သို့) ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF စစ်သားတစ်ယောက်အဖြစ် ကျွန်တော့်အသက်ကို ပြည်သူလူထုတစ်ရပ်လုံးအတွက် ပေးလှူပြီး လက်နက်ကိုင်နေပါသည်။ထို့ကြောင့် ကျွန်တော်၏ Page အား ရပ်နားထားပါသည်။ဟိုအရင်ချိန်ကတည်းက Page မှ တရားဝင်ကြေညာပေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သင်တန်းကာလ၊တိုက်ပွဲအခြေအနေအကြောင်းအမျိုးမျိုးတို့ကြောင့် ယခုမှသာလျှင် ကြေညာပေးခြင်းဖြစ်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ့
Admin