14/03/2022
ရွှေဘိုပေါ်ဆန်းမွှေးဆန်ကို အဟောင်းလေး မှ ဆက်စားချင်ကြပါတယ် ဆိုတဲ့သူများအတွက် ရွှေဘိုပေါ်ဆန်မွှေး ဆန်အဟောင်းလေးတွေ ရသလောက် ထပ်စုထားပါတယ် ခင်ဗျာ။
တက်ဈေးလေးတွေနဲ့ လိုက်စုထားရလို့ ဈေးလေးတွေ အနည်းငယ် တက်တာကို ဖောက်သည်ကြီးများ နားလည်ပေးဖို့ မျှော်လင့်ပါတယ် ခင်ဗျာ။ ဆန်အမျိုးအစားတူ အရည်အသွေးတူချင်း ယှဉ်ကြည့်တဲ့အခါ စည်စံတို့ တက်ရောင်းရတဲ့ဈေးက သက်သာပြီး ပစ္စည်း အရည်အသွေးက မှန်ကန်နေဦးမယ် ဆိုတာကိုတော့ စိတ်ချပါ ခင်ဗျာ။
ရွှေဘိုပေါ်ဆန်း ဆန်အသစ်လေးတွေလည်း စားကောင်းနေပြီမို့ လက်လီ စတင် ရောင်းချနေပါပြီ ခင်ဗျာ။
ဆီဈေးတွေကလည်း တစ်နေ့တခြား ပြောင်းလဲနေတာ သိသိနဲ့ ချက်ချင်းမတက်သေးဘဲ ထိန်းရောင်းပေးနေရင်း.. ခုတော့ ကျွန်တော်တို့ ထိန်းရောင်းနိုင်တဲ့ ပမာဏ ကျော်သွားပြီမို့ အနည်းငယ် တက်ရပါတော့မယ် ခင်ဗျာ။
ဆီဈေးအပြောင်းအလဲတွေမှာ ကွာလတီကိုလည်း မထိခိုက်အောင် ပိုကြိုးစားထားပါတယ်။ အကောင်းဆုံး မြေပဲ လုံးဆံ ထိပ်စ သီးသန့်ကိုပဲ သေချာရွေးပြီး ကိုယ်တိုင်ကြိတ်တာမို့ အကောင်းဆုံး မြေပဲဆီ စစ်စစ်ဖြစ်ကြောင်းလည်း အာမခံပါတယ် ခင်ဗျာ။
🚛 Delivery service လည်း အိမ်အရောက်ပို့ အစီအစဉ်လေးကို အောက်ပါအတိုင်း စီစဉ်ပေးထားပါတယ် ခင်ဗျာ။
- ဆန် ၂၄ ပြည် တစ်အိတ် (သို့) ဆီ ၅ ပိဿာနဲ့အထက် ဝယ်ယူအားပေးရင် (သို့)
- ဆန်/ဆီ ဘာဝယ်ဝယ် ၅၀,၀၀၀ နဲ့ အထက် ဝယ်ယူအားပေးတာနဲ့
ရန်ကုန်တစ်မြို့လုံးနီးပါးကို (အရမ်းဝေးတဲ့ မြိုနယ်တချို့က လွဲလို့) အိမ်အရောက် အခမဲ့ ပို့ဆောင်ပေးဖို့ စီစဉ်ထားပါတယ် ခင်ဗျာ။
(အလွှာတက်ခ - ၂၅၀ကျပ် ကိုတော့ ထမ်းတင်ပေးမယ့် အစ်ကိုတွေအတွက် ဈေးဝယ်ကြီးများဖက်မှ မေတ္တာဖြင့် ကူညီပေးဖို့ တောင်းဆိုပါရစေ..)
💸 📱 ငွေပေးချေမှုအတွက်လည်း အရင်လိုပဲ ငွေသားနဲ့သာမက 𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠 နဲ့ပါ % 𝐏𝐞𝐫𝐜𝐞𝐧𝐭 အပို လုံးဝ(လုံးဝ) ထည့်ပေးရန် မလိုဘဲ ဝယ်ယူနိုင်ပါတယ် ခင်ဗျာ။
၅သောင်းဖိုး ဝယ်ယူတိုင်း Stamp တစ်ခု စုဆောင်းနိုင်မယ့် စုဗူးအစီအစဉ်လေးလည်း ရှိတာမို့ ဆန်ကောင်းကောင်း၊ ဆီသန့်သန့်လေးကို မှာစားရင်း စုဗူးလေးထဲမှာ စုသွားနိုင်ဦးမှာပါ ခင်ဗျာ။
မှာယူအားပေးလိုပါက..
📞 095074301
📞 09974436000
𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫
m.me/SiSanRiceAndEdibleOil
တို့ကို ခုပဲ ဆက်သွယ်ပြီး မှာယူ အားပေးလိုက်ပါတော့ ခင်ဗျာ..
ဆန်ဈေး နဲ့ ဆီဈေးလေးတွေကို သိရဖို့ အောက်ကပုံလေးမှာ အသေးစိတ် ကြည့်ပေးပါ ခင်ဗျာ။