Golden stream local product & service

Golden stream local product & service local product & service

တပေါင်းလပြည့်နေ့အခါသမယတွင်ပြည်သူပြည်သားများအားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏
05/03/2023

တပေါင်းလပြည့်နေ့အခါသမယတွင်ပြည်သူပြည်သားများအားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏

အရွက်မှာ လက်ဖက်အရွက်မှာ အကောင်းဆုံးက လက်ဖက်ပါလို့ ဆိုထားတဲ့ လက်ဖက်ပင်လေး အကြောင်း လေ့လာကြည့်ကြမယ်။လက်ဖက်TeaFamily Theace...
02/03/2023

အရွက်မှာ လက်ဖက်

အရွက်မှာ အကောင်းဆုံးက လက်ဖက်ပါလို့ ဆိုထားတဲ့ လက်ဖက်ပင်လေး အကြောင်း လေ့လာကြည့်ကြမယ်။

လက်ဖက်
Tea
Family Theaceae
Camellia sinensis

လက်ဖက်ပင်က နေရောင်အပြည့်အဝရတဲ့နေရာ / ကွက်ကြားနေရောင်ရတဲ့နေရာက အကောင်း‌ဆုံးဖြစ်ပါတယ် နေရောင်များရင်တော့ အရွက်တွေမာကြောနေမှာ ဖြစ်ပါတယ်

အပူချိန် 55 - 90°F (13 - 32°C)၊ တစ်နှစ်မိုးရေချိန် အနည်းဆုံး 100 centimeters (40 inches)၊ ရေမျက်နှာပြင် နှင့် အထက် 2,100 meters (6,300 feet) ရှိတဲ့

ပူနွေးစွတ်စိုတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ထွန်းပါတယ် မြေအနေအထားမှာ ရေစီးစိမ့်မှုကောင်းတဲ့ သဲဆန်တဲ့ မြေချဉ်ကို နှစ်သက်ပါတယ်

အပင်သက်တမ်းက နှစ်ပေါင်း ၄၀ မှ ၅၀ အထိဖြစ်ပြီး တစ်ချို့မျိုးစိတ်တွေက နှစ်ပေါင်း ၁၀၀ အထိရှိနိုင်ပါတယ် အပင်သက်တမ်း ၃ နှစ်ဝန်းကျင်မှာ အရွက်များခူးလို့ ရပါပြီ

တစ်နှစ်တစ်ခါ ပန်းပွင့်ပါတယ်
ပန်းပွင့်များကို ဗျစ်ရည်/ကဇော်ရည်ချက်ကြပါတယ်

လက်ဖက်အသီးမှာ လုံးဝိုင်းပုံ အစိမ်းရောင် အခွံမာအသီးဖြစ်ပြီး အတွင်းမှာအညိုရောင်အစေ့ ပါရှိပါတယ် အစေ့ကို လက်ဖက်အဆီထုတ်ရာမှာ အသုံးပြုပါတယ်

လက်ဖက်အစေ့မှ အဆီကို အသားအရေလိမ်းဆေး ဆံပင်နူးညံ့စေတဲ့ဆေး ပိုးမွှား၊ မှို ကာကွယ်ဆေးအဖြစ်သုံးကြပါတယ်

လက်ဖက်ကို ပြုလုပ်ခြင်းအမျိုးမျိုးပေါ်မူတည်ပြီး အမျိုးအစား ၆ မျိုးခွဲထားပါတယ်
White tea: wilted and unoxidized
Yellow tea: unwilted and unoxidized
but allowed to yellow
Green tea: unwilted and unoxidized
Oolong tea: wilted, bruised and
partially oxidized
Black tea: wilted, bruised and fully
oxidized
Dark tea (post-fermented tea):
green tea that has been
allowed to ferment/compost

wilted=အရွက်ကိုညှိုးနွမ်းသွားအောင်
ချေပေးခြင်း
Unoxidized= ဓါတ်တိုးစေတဲ့လုပ်ငန်း
မပြုလုပ်ခြင်း
Oxidized=ဓါတ်တိုးစေတဲ့လုပ်ငန်း
ပြုလုပ်ပေးခြင်း
(အရွက်များကိုချေ အနီရောင် အနက်ရောင်ပြောင်းရင် ဗန်းထဲမှာ၂-၃ ရက်ဖြန့်ထား Oven မှာ ၂၅၀°F မှာ မိနစ်၂၀ အပူပေးထားခြင်း )
Bruised=ထုရိုက်ခြင်း
Ferment=အချဉ်ဖေါက်ခြင်း

တရုတ်နိုင်ငံ က လက်ဖက်အထွက်ဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့ထွက်နှုန်းရဲ့ ၄၀% က တရုတ်နိုင်ငံမှ ထွက်ရှိပြီး ပမာဏကတော့ တန်ချိန်ပေါင်း ၂.၄ သန်းထွက်ပါတယ်

လက်ဖက် က ကျန်းမာရေးအတွက်အကောင်းဆုံးဖြစ်ပြီး ဦးနှောက်၊ နှလုံး နဲ့ အူလမ်းကြောင်း ကျန်းမာရေးကိုကောင်းစေတဲ့ Polyphenols နဲ့ Antioxidants များစွာပါဝင်ပါတယ်

Vitamin C ကြွယ်ဝလို့ ခန္ဓာကိုယ်ခုခံစွမ်းအားတိုးတက်စေပါတယ်
မကောင်းတဲ့ Cholesterol များ၊ သွေးဖိအား‌ နဲ့ သွေးတွင်းအချိုဓါတ် ကျစေခြင်းကို ကူညီပေးပါတယ်

ခန္ဓာကိုယ်အလေးချိန်ကို ထိန်းနိုင်တဲ့အပြင် အသည်းအဆီဖုံးခြင်းကိုလည်း ကာကွယ်ပေးပါတယ်

တစ်ရက်ကို လက်ဖက်ရည် နှစ်ခွက်မှ သုံးခွက်အထိ သောက်သုံးနိုင်ပါတယ်

Black tea နဲ့ Green tea နှစ်မျိုးစလုံးက ကျန်းမာရေးအတွက် အကျိုးပြုပါတယ်

Black tea မှာ လက်ဖက်ရွက်များ အညိုရောင် / အနက်ရောင်ရတဲ့အထိ အပူပေးပြီး အပြည့်အဝ ဓါတ်တိုးခြင်း ပြုလုပ်ပေးထားရပါတယ် (fully oxidized)

Green tea မှာ အရွက်များမှာအပူပေးသော်လည်း ဓါတ်တိုးခြင်းအဆင့်မရောက်ခင် ရပ်တန့်လိုက်လို့ (heated to halt oxidation) အရွက်များ အစိမ်းရောင်အတိုင်း ရှိနေပါတယ်

Black tea ပြုလုပ်ရာမှာ ဓါတ်တိုးခြင်းပြုလုပ်ချက် (Oxidation process) ပါတဲ့အတွက် Theaflavins (Powerful Antioxidant) များလျှော့နည်းသွားပါတယ်

Black tea နဲ့ Green tea မှာ Caffeine ပါဝင်မှု ပမာဏကလည်း မတူပါ

Black tea မှာပါတဲ့ Caffeine က ကော်ဖီတစ်ခွက်မှာပါတဲ့ Caffeine တစ်ဝက်မျှသာပါရှိပါတယ်

Green tea မှာ Caffeine ပါဝင်တာနည်းပါတယ် Black tea မှာပါဝင်တာရဲ့ တစ်ဝက်သာ ပါဝင်ပါတယ်

Caffeine ပါဝင်မှာ Black tea 1 gm မှာ 22 - 28 mg ပါဝင်ပြီး Green tea 1 gm မှာ 11 - 20 mg ပါဝင်ပါတယ်

ဖျော်ရည်အနေနဲ့ Caffeine ပါဝင်မှုမှာ Black tea မှာ 39 - 109 mg / 8 ounce (230 ml) နဲ့ Green tea မှာ 35 mg / 8 ounce ပါဝင်ပါတယ်

Caffeine က အာရုံကြောဆိုင်ရာ‌
ဟော်မုန်းများကို လှုံ့ဆော်ပေးပါတယ်

Black tea ရော Green tea မှာပါ
စူးစိုက်မှုကောင်းစေပြီးစိတ်အနားရ ငြိမ်သက််စွာရှိနေရန် ကူညီပေးတဲ့ Amino acid L theanine ပါဝင်နေပါတယ်

လက်ဖက်မှာ Theaflavins ပါဝင်လို့ Cholesterol နဲ့ သွေးတွင်းသကြား ပမာဏကို‌ လျော့နည်းစေပါတယ်

Green tea မှာ နှလုံးရောဂါကို တိုက်ဖျက်ကာကွယ်နိုင်တဲ့ EGCG (well known Anti - oxidant, Epigallocatechin-3-gallate) များစွာပါဝင်ပါတယ်

EGCG ပါဝင်တာကြောင့် အဆိပ်အတောက်ပြေစေပြီး အသား အရေကို ကြည်လင်တောက်ပစေပါတယ် ဆံသားတောက်ပြောင်မှု နဲ့

Collagen ထုတ်လုပ်မှုမှာလည်း အကူအညီပေးပါတယ် ဇီဝစက်လည်ပတ်မှု နဲ့ ခန္ဓာကိုယ်ခုခံနိုင်မှုစွမ်းအားကို တိုးတက်စေပါတယ်

EGCG ပါဝင်လို့ ကင်ဆာရောဂါ၊ အသည်းရောဂါ၊ Alzheimer ရောဂါ များကို ကာကွယ်ပေးနိုင်ပါတယ်

Black tea နဲ့ Green tea နှစ်မျိုးလုံးမှာ Flavonoids ပါဝင်နေခြင်းက နှလုံးရောဂါကို ကာကွယ်မှုပေးနေပါတယ်

Green tea ကိုသုတေသနပြု စမ်းသပ်ရာမှာ တစ်ရက်မှာ တစ်ခွက် မှ သုံးခွက်သောက်သုံးပါက နှလုံးရောဂါဖြစ်ပွားမှုကို ၁၉% လျော့နည်းစေပြီး လေဖြတ်တာကို ၃၆% လျော့နည်းစေတာကိုတွေ့ရပါတယ်

လက်ဖက်ရည်မှာ Oxalate များစွာပါဝင်လို့ သိတ်အများကြီးသောက်ရင် ကျောက်ကပ်မှာကျောက်တည်နိုင်ပါတယ်‌

Dietary mineral Manganese တစ်မျိုးသာပါဝင်ပြီး တစ်ခြားအာဟာရဓါတ်များပါဝင်ခြင်းမရှိပါ

Manganese ကလက်ဖက်ရည်တစ်ခွက်မှာ 0.5 mg ပါဝင်ပြီး တစ်နေ့တာလိုအပ်ချက်ရဲ့ 26% ပါဝင်ပါတယ် (Reference Daily Intake RDI)

Black tea နဲ့ Green tea မှာ Tannins များပါဝင်နေပါတယ် Tannin က သထ္ထုဓါတ် (Minerals) တွေကို ထိန်းချုပ်ထားလို့ သထ္ထုဓါတ်များကို အူ နဲ့ အစာအိမ်က စုပ်ယူနိုင်မှု နည်း‌နေပါတယ်

လက်ဖက်ရည်ကို အစာစားနေချိန်မှာ
မသောက်သုံးသင့်ပါ

လက်ဖက်ရည်ကို အကောင်းဆုံး သောက်သုံးသင့်တဲ့အချိန်ကတော့

အစားအစာစားနေချိန်မှာ မသောက်သုံးသင့်ပဲ ကြားကာလမှာသာ သောက်သုံးသင့်ပါတယ် (best consumed between meals)

လက်ဖက်ရည်ကို နေ့တိုင်း မနက်စောစာ စားပြီးတဲ့အခါမှာ သောက်သင့်ပါတယ် ခန္ဓာကိုယ်တွင်းမှာ အအေးဓါတ်ကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှု ကောင်းစေပါတယ်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေရှင်။

တောင်သူလယ်သမားနေ့အားဂုဏ်ပြုကြိုဆိုပါ၏🤗👨‍🌾👩‍🌾
02/03/2023

တောင်သူလယ်သမားနေ့အားဂုဏ်ပြုကြိုဆိုပါ၏🤗👨‍🌾👩‍🌾

🙏မင်္ဂလာပါရှင့်🙏ပင်​​ လောင်းဒေသထွက်  သဘာဝ scrub ကင်ပွန်းသီးမှုန့်နဲ့အတူ ပြန်လာပါပြီရှင့်🌿ကင်ပွန်းသီးမှုန့်ဆိုတာဘာလဲ?တောင...
11/01/2023

🙏မင်္ဂလာပါရှင့်🙏

ပင်​​ လောင်းဒေသထွက် သဘာဝ scrub ကင်ပွန်းသီးမှုန့်နဲ့အတူ ပြန်လာပါပြီရှင့်

🌿ကင်ပွန်းသီးမှုန့်ဆိုတာဘာလဲ?
တောင်ပေါ်ဒေသမှာဆို ဆပ်ပြာတိုက်ပြီး အသားချောပြီးကြည်အောင်တိုက်တဲ့ သဘာဝစစ်စစ် အမှုန့်လေးပါရှင်

🌿ဘာအတွက်ကောင်းတာလဲ?
အမာရွတ်ရာဟောင်း ၊ နေလောင်ပြီး အသားမညီတဲ့အညိုကွက် ၊အကြောပြတ်ရာတွေကို လျော့ပါးသွားစေပါတယ်

🌿ဘယ်လိုသုံးရတာလဲ?
Sensitive ဖြစ်တဲ့အသားရည်ဆို shower လေးနဲ့ရောပြီး သုံးပေးပါ
ပုံမှန်အသားရည်ဆို shower သုံးပြီး ကင်ပွန်းမှုန့်နဲ့အနှံ့ပွတ်တိုက်ပြီးသုံးနိုင်ပါတယ်ရှင်

🌿ဘယ်နှစ်မျိုးရှိတာလဲ?

အစိမ်းမှုန့်နဲ့အကျက်မှုန့်နှစ်မျိုးရှိပါတယ်.အာနိသင်ကတူတူပါဘဲ အနံ့လေးဘဲကွာပါတယ်ရှင့်

side effects တွေရောရှိလား?
Side effects လုံးဝမရှိပါဘူး
အရောအနှောကင်းတဲ့
သဘာဝ organic ပစ္စည်းစစ်စစ်မို့
ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်ရှင့်

Price-3500

Beauty salons နှင့် လက်ကား 👉🏻👉🏻cb

#သဘာဝကင်ပွန်းသီးမှုန့်စစ်စစ်

ဓာတုဆိုးဆေး 100%ကင်းတဲ့🌱ပင်လောင်းလက်ဖက်ခြောက်နဲ့ လက်ဖက်နှပ်🌱                                                            ...
11/01/2023

ဓာတုဆိုးဆေး 100%ကင်းတဲ့

🌱ပင်လောင်းလက်ဖက်ခြောက်နဲ့ လက်ဖက်နှပ်🌱
ရပါပြီရှင့်

🌱ရှယ်လက်ဖက်ခြောက်
🌱လက်ဖက်ညွှန့်နှပ် ချို/ချဉ်စပ်(ဆိုးဆေးမပါ)
🥓သဘာဝကင်ပွန်းသီးမှုန့် အစိမ်းမှုန့်/အလှော်မှု့န်
🫘ဂျူးပဲပုတ်ကြော် (အချိုမှု့န်မပါ)

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေပါရှင့်

လက်ကားများတွက် cb or ph ဖြင့်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင့်

🚚 #လက်လီ_လက်ကားပြည်တွင်းပြည်ပပို့ဆောင်ပေးပါတယ်ရှင့်

📱09-968624611

🙏အားပေးကြတဲ့တစ်ဦးတစ်ယောက်စီတိုင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေရှင့်

♥️Golden stream delivery service မှရေရှည်လက်တွဲလိုသော online shop များကိုလက်ခံနေပါပြီခင်ဗျာ🤝🤝🤝။ရန်ကုန်မြို့တွင်းပစ္စည်းမ...
26/01/2020

♥️Golden stream delivery service မှရေရှည်လက်တွဲလိုသော online shop များကိုလက်ခံနေပါပြီခင်ဗျာ🤝🤝🤝။

ရန်ကုန်မြို့တွင်းပစ္စည်းများကိုညနေပိုင်း pick up လုပ်ပီးနောက်ရက်🕛🕛🕛 48hrs အတွင်းပို့ပေးပါတယ်။

💚စမ်းချောင်းမြို့နယ်နှင့်အနီးတဝိုက်အခမဲ့လာ‌ေရာက်ယူေဆာင်ပြီးနေ့ချင်းပို့ဆောင်ပေးမည်ဖြစ်ပြီးမှော်ဘီ၊တိုက်ကြီး၊လှည်းကူး၊ထောက်ကြန့်၊သန်လျင်၊မဂ်လာဒုံမြို့နယ်များအားသုံးရက်နှင့်နောက်အကျဆုံးလေးရက်အတွင်းပို့ဆောင်ပေးပါမည်။

ရေရှည်လက်တွဲလိုသော OS များနှင့်deli လိုအပ်သော OSများခင်ဗျာ

📞📞📞09968624611,09250149496
Messenger မှတစ်ဆင့်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

23/01/2020

Address

No. 16-6/B Pyi Thu Kwet Thit (1)street
Yangon

Telephone

+959968624611

Website

Alerts

Be the first to know and let us send you an email when Golden stream local product & service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden stream local product & service:

Share