Digital Base

Call Directions Website Contact the business

Digital Base We Design, Develop, Deliver delightful digital products & experiences

လုပ်ငန်းများ နည်းပညာကိုအသုံးပြုပြီး ပိုမိုလွယ်ကူချောမွေ့စေရန် နဲ့ ပိုမိုတိုးတက်စေရန်မှာ Digital Base ရဲ့ Mission ဖြစ်ပါတယ်။

လုပ်ငန်းတိုးချဲ့ပြီး 24 နာရီရောင်းအားတင်မယ့် Website ကောင်းတစ်ခု🆙ယနေ့ခေတ် စီးပွားရေးလောကမှာ Website တစ်ခုဆိုတာ သာမန်ရိုး...
11/10/2026

လုပ်ငန်းတိုးချဲ့ပြီး 24 နာရီရောင်းအားတင်မယ့် Website ကောင်းတစ်ခု

🆙ယနေ့ခေတ် စီးပွားရေးလောကမှာ Website တစ်ခုဆိုတာ သာမန်ရိုးကျ လုပ်ငန်းမိတ်ဆက် တဲ့ အပေါ်ယံ စာမျက်နှာတစ်ခု မဟုတ်တော့ပါဘူး။ သင့်လုပ်ငန်းကို ပိတ်ရက်မရှိ ၊ ၂၄ နာရီပတ်လုံး မနားတမ်း လည်ပတ်ပေးနေပြီး သုံးစွဲသူတွေကို စိတ်ကျေနပ်မှု ဝန်ဆောင်မှုပေးနေမယ့် "Digital Assistant " တစ်ဦး လို့လည်း သတ်မှတ်လို့ ရနိုင်ပါတယ်။

💯သင့်လုပ်ငန်းကို နယ်ပယ်သစ်တွေဆီ တိုးချဲ့ပေးပြီး ရောင်းအားကို ပိုမို တက်လာစေမယ့် အဆင့်မှီစေသည့် Website ကောင်းတစ်ခု၏ မရှိမဖြစ် သိထားရမယ့်အချက် (၄) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

⚡မြန်ဆန်လှပပြီး သုံးစွဲသူ စိတ်ကြိုက် UI/UX Design

👉Website တစ်ခုရဲ့ Loading Speed ဟာ ၃ စက္ကန့်အတွင်း ပွင့်မှသာ မိမိရဲ့ ဝယ်ယူသူတွေကိုထွက်မသွားဘဲ ကြည့်ရှုမှာ ဖြစ်ပါတယ်။ ဖုန်း၊ Tablet၊ ကွန်ပျူတာ စတဲ့ Device အမျိုးအစားအားလုံးမှာ ကြည့်ရတာ လွယ်ကူစမတ်ကျပြီး ဝယ်ယူမှုပြုလုပ်ရတာ လွယ်ကူရိုးရှင်းစေမယ့် UI/UX Structure မျိုး ဦးစွာ တည်ဆောက်ထားရှိရပါမည်။

🤖 အလိုအလျောက် ရောင်းဝယ်မှုနှင့် E-commerce စနစ်

👉ဝယ်ယူသူတွေဘက်က ပစ္စည်းကြည့်ရုံတင်မကဘဲ အော်ဒါတင်ခြင်း၊ ငွေချေစနစ်များ (Payment Gateway) နှင့် တိုက်ရိုက် ချိတ်ဆက် အလွယ်တကူ ဆောင်ရွက်နိုင်သည့်စနစ် စတာတွေ ပါဝင်ရပါမည်။ ဒါမှသာ လုပ်ငန်းရှင်ဘက်မှ လူကိုယ်တိုင် စောင့်ကြည့်စရာမလိုဘဲ ၂၄ နာရီပတ်လုံး အလိုအလျောက် ရောင်းအားရရှိနေမှာ ဖြစ်ပါတယ်။

🔍Google Search တွင် လွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ခြင်း

👉ဝယ်ယူလိုသူတွေက Google မှာ မိမိကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ရှာဖွေလိုက်တာနဲ့ သင့် Website ကို ထိပ်ဆုံးကနေ အလွယ်တကူ တွေ့ရှိနိုင်အောင် Search Engine Optimization (SEO) စနစ်တကျ ထည့်သွင်းတည်ဆောက်ထားရပါမည်။

🔒 အမှားအယွင်းမရှိ စိတ်ချရသည့် လုံခြုံရေးနှင့် ဒေတာစနစ်

👉ဝယ်ယူသူများ၏ အချက်အလက်များနှင့် ငွေပေးချေမှုများကို ဘေးကင်းစိတ်ချရစေရန် SSL Certificate စနစ်များနှင့် အဆင့်မြင့် Encryption Technology များ သုံးစွဲထားရပါမည်။ ထို့အပြင် မလိုလားအပ်သော System Error များ မဖြစ်ပေါ်စေရန် စနစ်တကျ Structure တည်ဆောက်ထားရပါမည်။

💁Website ကောင်းတစ်ခုဟာ သင့်လုပ်ငန်းရဲ့ ယုံကြည်မှုကို ရာနှုန်းပြည့် မြှင့်တင်ပေးနိုင်ရုံတင်မကဘဲ နယ်ပယ်အသီးသီးက အလားအလာရှိသော ဝယ်ယူသူများဆီသို့ လွယ်ကူစွာ ရောက်ရှိစေမှာ ဖြစ်ပါတယ်။

🚀သင့်လုပ်ငန်းအတွက်လည်း အမှားအယွင်းမရှိ စနစ်တကျ လည်ပတ်ပြီး ရောင်းအားကို အမှန်တကယ် တိုးတက်စေမယ့် အဆင့်မြင့် Website များ၊ Mobile Applications များနှင့် Business Automation Systems များကို တည်ဆောက်လိုပါက Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲ အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ ခင်ဗျာ။

☎️ Contact Us: 09-775999680

" Father of Java " ဟု လူသိများတဲ့ James Gosling🤗ဒီနေ့ခေတ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြတဲ့ Mobile Application ပေါင်းများ...
09/10/2026

" Father of Java " ဟု လူသိများတဲ့ James Gosling

🤗ဒီနေ့ခေတ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြတဲ့ Mobile Application ပေါင်းများစွာ၊ Enterprise Software တွေနဲ့ Android ( Operating System ) တို့ရဲ့ နောက်ကွယ်မှာ အဓိက မောင်းနှင်ပေးနေတဲ့ Java Programming Language ကို တီထွင်ခဲ့သူကတော့ ကနေဒါနိုင်ငံသား ကွန်ပျူတာ သိပ္ပံပညာရှင် James Gosling ပဲ ဖြစ်ပါတယ်။

☝️၁၉၅၅ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ James Gosling ဟာ ၁၉၉၅ ခုနှစ်မှာ Sun Microsystems ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်စဉ် Java ကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

👤James Gosling ဟာ Java မတိုင်မီက ရေးသားခဲ့တဲ့ Code တွေဟာ Operating System တစ်ခုနဲ့တစ်ခုကြား ( ဥပမာ - Windows မှ Mac သို့ ) ပြောင်းလဲသုံးစွဲဖို့ အလွန် ခက်ခဲခဲ့ပါတယ်။ James Gosling ဟာ Java Virtual Machine (JVM) ကို တီထွင်လိုက်ပြီး Code တစ်ကြိမ် ရေးရုံဖြင့် မည်သည့် စက်ပစ္စည်း/Platform မဆို တိုက်ရိုက် လည်ပတ်နိုင်သည့် စနစ်ကို ဖန်တီးပေးခဲ့ပါတယ်။

C/C++ တို့ Memory Control စနစ်တွေကို လွယ်ကူစေရန် Garbage Collection စနစ်ကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါကြောင့် Developer တွေအနေနဲ့ Pointer အမှားအယွင်းများနဲ့ Memory Leaks ဖြစ်နိုင်ခြေကို နည်းပါးစေပြီး ပိုမို လုံခြုံစိတ်ချရတဲ့ Software များကို ရေးသားလာနိုင်ကြပါတယ်။

Java ရဲ့ တည်ငြိမ်မှုနဲ့ အဆင့်မြင့် Object-Oriented Programming ( OOP ) ဒီဇိုင်းကြောင့် ကမ္ဘာ့ ဘဏ်စနစ်များ၊ E-commerce Platform ကြီးများနှင့် Android App သန်းပေါင်းများစွာ၏ အဓိက အုတ်မြစ် မောင်းနှင်အား အဖြစ်လည်း ဖြစ်လာခဲ့ပါတယ် ။

James Gosling ရဲ့ "တစ်ကြိမ်ဖန်တီးရုံဖြင့် ဘယ်နေရာမဆို စိတ်ချလက်ချ အသုံးပြုနိုင်ရမည်" ဆိုတဲ့ မူဝါဒဟာ နည်းပညာလောကရဲ့ တိုးတက်မှုကို အရှိန်အဟုန်မပျက် စမတ်ကျစေခဲ့ပါတယ်။

သင့်လုပ်ငန်းမှာလည်း Platform တိုင်းမှာ အသုံးပြုရ လွယ်ကူမြန်ဆန်ပြီး ရေရှည် စိတ်ချယုံကြည်ရမယ့် Web & Mobile Applications တွေ၊ Business Automation Systems တွေကို အဆင့်မြင့် နည်းပညာတွေနဲ့ စနစ်တကျ တည်ဆောက်ချင်တယ်ဆိုရင် Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲ တိုင်ပင်ဆွေးနွေးနိုင်ပါပြီခင်ဗျာ။

☎️ Contact Us: 09-775999680

📱Instagram App ရဲ့ နောက်ကွယ်က နည်းပညာ🔗နေ့စဉ် ဘီလီယံနှင့်ချီသော သုံးစွဲသူများရှိသည့် Instagram ဟာ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ Ree...
07/10/2026

📱Instagram App ရဲ့ နောက်ကွယ်က နည်းပညာ

🔗နေ့စဉ် ဘီလီယံနှင့်ချီသော သုံးစွဲသူများရှိသည့် Instagram ဟာ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ Reels တွေ ဝေမျှနေကြတဲ့ သာမန် Social Media App တစ်ခုတင် မဟုတ်ပါဘူး။ စက္ကန့်မလပ် စီးဆင်းနေတဲ့ ဒေတာ ပမာဏမြောက်မြားစွာကို ချောမွေ့စွာ လည်ပတ်နိုင်ဖို့နဲ့ သုံးစွဲသူတစ်ဦးချင်းစီရဲ့ အကြိုက်ကို အတိကျဆုံး ခန့်မှန်းပြသပေးနိုင်ဖို့ နောက်ကွယ်မှာ အလွန်အမင်း အဆင့်မြင့်လှတဲ့ Software Architecture နဲ့ AI စနစ်တွေကို ပေါင်းစပ် မောင်းနှင်ထားတာ ဖြစ်ပါတယ်။ Instagram ကို ကမ္ဘာတစ်ဝန်းတွင် လူသုံးအများဆုံး ရုပ်ပုံနှင့် ဗီဒီယိုမျှဝေသည့် Social Media Platform တစ်ခု လည်း ဖြစ်ပြီး Meta ကုမ္ပဏီမှ ပိုင်ဆိုင်ပါတယ်။။

I💁nstagram ကို မြန်ဆန်၊ လုံခြုံပြီး စွဲလန်းစရာကောင်းအောင် ဖန်တီးပေးထားတဲ့ နောက်ကွယ်က အဓိက နည်းပညာ (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။

⚡ [High Performance Backend] - Python & Django Framework

👉 Instagram ရဲ့ Backend Architecture တစ်ခုလုံးကို Python Programming Language နဲ့ Django Framework အပေါ်မှာ အခြေခံပြီး တည်ဆောက်ထားပါတယ်။ Devices သန်းပေါင်းများစွာဆီက လာတဲ့ Request တွေကို မြန်ဆန်စွာ တုံ့ပြန်နိုင်အောင် Async Python နဲ့ WSGI Server များကို အဆင့်မြှင့်တင်၍ အသုံးပြုထားခြင်း ဖြစ်ပါတယ်။Instagram ဟာ လုပ်ဆောင်ချက် တစ်ခုချင်းစီ (ဥပမာ- အကောင့်ဝင်ခြင်း၊ ပိုစ့်တင်ခြင်း၊ မက်ဆေ့ချ်ပို့ခြင်း) အလိုက် (Microservices) သီးသန့်ဆာဗာငယ်လေးများ ခွဲထုတ်ကာ စီမံခန့်ခွဲထားပါသေးတယ်။

📱 [Cross-Platform Frontend]- React Native Technology

👉 iOS နဲ့ Android App နှစ်ခုလုံးမှာ User Experience တူညီပြီး မြန်ဆန်ဆွဲဆောင်မှု ရှိစေဖို့ Meta ရဲ့ ကိုယ်ပိုင် Framework ဖြစ်တဲ့ React Native ကို သုံးစွဲထားပါတယ်။ ဒါကြောင့် App ၏ UI/UX ကို ပြုပြင်ပြောင်းလဲရာမှာ လျင်မြန်ပြီး သုံးစွဲသူများဘက်တွင် လျှင်မြန်လှပသည့် Interface ကို ရရှိစေပါတယ်။ ဒါ့အပြင် Web Browser မှတဆင့် အသုံးပြုရာမှာလည်း မြန်ဆန်ပြီး တုံ့ပြန်မှုကောင်းမွန်စေရန်အတွက် React.js ကဲ့သို့ ခေတ်မီ JavaScript Framework များကိုလည်း အသုံးပြုလို့ထားပါတယ်။

🤖 [AI Machine Learning] Recommendation & Feed Algorithms

👉 Reels နဲ့ Explore Page တွေမှာ သင်ကြည့်ချင်မယ့် ဗီဒီယိုတွေကို အတိကျဆုံး ဖော်ပြပေးနေတာဟာ PyTorch AI Framework ပဲ ဖြစ်ပါတယ်။ သုံးစွဲသူ၏ ကြည့်ရှုချိန်၊ Interaction နှင့် အကြိုက်များကို Machine Learning စနစ်ဖြင့် စက္ကန့်မလပ် လေ့လာ၍ Personalized Content များကို အလိုအလျောက် ရွေးချယ်ပြသပေးခြင်း ဖြစ်ပါတယ်။

☁️ [Global Cloud Storage] AWS Cloud & Media Compression

👉 ဓာတ်ပုံနှင့် ဗီဒီယို သန်းပေါင်းများစွာကို အရည်အသွေး မကျဘဲ စက္ကန့်ပိုင်းအတွင်း လျင်မြန်စွာ အလုပ်လုပ်နိုင်စေရန် Amazon Web Services (AWS), S3 Storage နှင့် Content Delivery Network (CDN) များကို အသုံးပြုထားပါတယ်။ ထို့အပြင် Media File များကို Size သေးငယ်သွားအောင် အလိုအလျောက် ချုံ့ပေးသည့် (Compression) အဆင့်မြင့် စနစ်များ ပါဝင်ပါတယ်။

☝Instagram ရဲ့ နည်းပညာ တည်ဆောက်ပုံက ပြသနေတာကတော့ သုံးစွဲသူများပြားသည့် Digital Product တစ်ခုတွင် နောက်ကွယ်မှ Software System ခိုင်မာမှုနှင့် မြန်ဆန်မှု (Scalability & Performance) ဟာ အရေးကြီးဆုံး ဖြစ်တယ်ဆိုတာပါပဲ။

🚀သင့်လုပ်ငန်းမှာလည်း သုံးစွဲသူများ အသုံးပြုရ တာ လွယ်ကူ၊လျင်မြန်ပြီး အမှားအယွင်းမရှိဘဲ ရေရှည် စိတ်ချယုံကြည်ရမယ့် Web & Mobile Applications တွေ၊ Business Automation Systems များကို အဆင့်မြင့် နည်းပညာများဖြင့် စနစ်တကျ တည်ဆောက်လိုပါက Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အတူ အခုပဲ တိုင်ပင်ဆွေးနွေးပါပြီ ခင်ဗျာ။

☎️ Contact Us: 09-775999680

The only impossible journey is the one you never begin.____Tony Robbins
05/10/2026

The only impossible journey is the one you never begin.

____Tony Robbins


📲လုံခြုံရေးအတွက် အဓိကသော့ချက် OTP Code (One-Time Password)🔑 OTP ဆိုတာ တစ်နည်းအားဖြင့် ( One-Time Password ) လို့လည်း ခေါ...
03/10/2026

📲လုံခြုံရေးအတွက် အဓိကသော့ချက် OTP Code (One-Time Password)

🔑 OTP ဆိုတာ တစ်နည်းအားဖြင့် ( One-Time Password ) လို့လည်း ခေါ်ဆိုပြီး အင်တာနက် သို့မဟုတ် မိုဘိုင်းအက်ပလီကေးရှင်းတွေမှာ အကောင့်(Login) ဝင်တဲ့အခါ ဒါမှမဟုတ် ငွေကြေးလွှဲပြောင်းမှုတွေ ပြုလုပ်တဲ့အခါ လုံခြုံရေးကို အမြင့်ဆုံးအဆင့် မြှင့်တင်ပေးဖို့အတွက် တစ်ကြိမ်သာ သုံးလို့ရတဲ့ (Temporary) လျှို့ဝှက်နံပါတ်တစ်ခုလည်း ဖြစ်ပါတယ်။ အကောင့်ဝင်တဲ့အခါ သာမန်ရိုးကျ Password တစ်ခုတည်းနဲ့တင် မခိုင်မာတော့ဘဲ အကောင့်တွေ ဖောက်ထွင်းခံရနိုင်ခြေ များပြားလာတဲ့အတွက် လုံခြုံရေး အဆင့်မြှင့်တင်ဖို့ OTP စနစ်ကို နည်းပညာနယ်ပယ်မှာ မရှိမဖြစ် အဓိက အသုံးပြုလာကြတာလည်း ဖြစ်ပါတယ်။

💁OTP စနစ် အသုံးပြုခြင်းဟာ ဘယ်လိုအရာတွေကို အကျိုးပြု ကောင်းမွန်စေလဲ။

👉လုံခြုံမှု အထူးကောင်းမွန်ခြင်း - သာမန်လျှို့ဝှက်နံပါတ် (Password) တွေလို Hackers တွေ ခိုးယူလို့ မလွယ်ကူပါဘူး ။ တစ်ကြိမ်သုံးပြီးတာနဲ့ အဲ့ဒီကုဒ်က သက်တမ်းကုန်သွားပါမယ်။ OTP များကို စနစ်နောက်ကွယ်မှ Cryptographic Algorithm များဖြင့် စက္ကန့်မလပ် အသစ်ထုတ်ပေးနေခြင်း ဖြစ်ပါတယ်။

👉အချိန်အကန့်အသတ်ရှိခြင်း - OTP ကုဒ်အများစုဟာ (၁) မိနစ်ကနေ (၅) မိနစ်အတွင်းသာ သက်တမ်းရှိပြီး အချိန်ကျော်သွားရင် အသုံးမပြုနိုင်တော့ပါဘူး။

👉 လိမ်လည်မှုများ ကာကွယ်ပေးခြင်း - အကောင့်ကို အခြားသူတစ်ဦးက ခိုးဝင်ဖို့ ကြိုးစားရင်တောင် သင့်ရဲ့ လက်ကိုင်ဖုန်းရဲ့ ဖုန်းနံပါတ် နဲ့ အီးမေးလ် ဆီသို့ OTP ကုဒ်ရောက်လာမှသာ ဝင်လို့ရတဲ့အတွက် လုံခြုံမှုလည်း အပြည့်ရှိပါတယ်။

🛡သင့်ရဲ့ OTP ကုဒ်ကို မည်သူ့ကိုမျှ လုံးဝ (လုံးဝ) မပေးပါနဲ့။ လတ်တလောမှာလည်း ဟက်ကာအများစုဟာ OTP တောင်းပြီး အကောင့်နဲ့ ငွေကြေးတွေကို လွယ်ကူလျင်မြန်စွာဖြင့် ခိုးယူတတ်လာကြပါတယ်။OTP ဟာ သင့်အကောင့်၏ နောက်ဆုံး တံခါးသော့ဖြစ်သဖြင့် မည်သည့် ဘဏ်ဝန်ထမ်း၊ အဖွဲ့အစည်း သို့မဟုတ် မည်သူ့ကိုမျှ မျှဝေခြင်း (Share) မပြုလုပ်ရပါ။

OTP လိုမျိုး အဆင့်မြင့် Security စနစ်တွေကို မိမိတို့ရဲ့ Digital Platform တွေမှာ စနစ်တကျ ထည့်သွင်းထားခြင်းဟာ သုံးစွဲသူတွေရဲ့ ဒေတာအချက်အလက်ကို ဘေးကင်းစေပြီး လုပ်ငန်းအပေါ် ယုံကြည်မှု ရာနှုန်းပြည့် တိုးတက်စေပါတယ်။သင့်လုပ်ငန်းမှာလည်း သုံးစွဲသူများအတွက် လုံခြုံစိတ်ချရပြီး အမှားအယွင်းမရှိ စနစ်တကျ လည်ပတ်နိုင်မယ့် Web & Mobile Applications တွေ၊ Business Automation Systems တွေကို အဆင့်မြင့် နည်းပညာတွေနဲ့ တည်ဆောက်ချင်တယ်ဆိုရင် Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခုပဲ တိုင်ပင်ဆွေးနွေးနိင်ပါပြီခင်ဗျာ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/1FmLEZSRC3/

အသေးစိတ်ကို ‌သိလိုပါက ဖော်ပြပါ ဖုန်းလေး

☎️09 775999680 မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

💁အမှားအယွင်းမရှိ စိတ်ချရဖို့၊ Digital Base နဲ့ အတူရေးဆွဲစို့။☝️လုပ်ငန်းရှင်တိုင်းရဲ့ နေ့စဉ်လုပ်ငန်းခွင်တွေမှာ အချိန်ကုန်...
30/09/2026

💁အမှားအယွင်းမရှိ စိတ်ချရဖို့၊ Digital Base နဲ့ အတူရေးဆွဲစို့။

☝️လုပ်ငန်းရှင်တိုင်းရဲ့ နေ့စဉ်လုပ်ငန်းခွင်တွေမှာ အချိန်ကုန်သက်သာပြီး လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုမြန်ဆန်ချောမွေ့ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ပိုင်ဆိုင်ချင်ဖို့အတွက် ခေတ်မီနည်းပညာ အဖြေရှာဖို့ဆိုတာ မရှိမဖြစ် လိုအပ်လာပါပြီ။ လက်ရှိလုပ်ငန်းကို ပိုမိုချဲ့ထွင်ဖို့၊ ဖောက်သည်တွေနဲ့ ပိုမိုနီးစပ်ဖို့အတွက် ကိုယ်ပိုင် App တွေ၊ Website တွေနဲ့ စနစ်တကျ တည်ဆောက်ချင်ပေမဲ့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ၊ အမှားအယွင်းတွေ ဖြစ်မှာကို စိုးရိမ်နေရပါသလား။

🤝သင့်လုပ်ငန်းရဲ့ တကယ့်လိုအပ်ချက်နဲ့ အလိုဆန္ဒမှန်သမျှကို နားလည်ပေးပြီး အမှားအယွင်းကင်းကင်းနဲ့ အကောင်းဆုံး အကောင်အထည်ဖော်ပေးဖို့ဆိုရင် Digital Base က အသင့်ရှိနေပါပြီ။ နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းကင်းစင်ပြီး လုပ်ငန်းလိုအပ်ချက်နဲ့ အကိုက်ညီဆုံး ဖြစ်စေဖို့ဆိုရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ အတူ သေချာစွာတိုင်ပင်ဆွေးနွေးဖို့လည်း များစွာ လိုအပ်ပါတယ်။ သင့်လုပ်ငန်းအတွက် လိုအပ်တဲ့ ဆွေးနွေးတိုင်ပင်မှုများအတွက် Digital Base မှ ဝန်ဆောင်မှုအပြည့်ဖြင့် အမြဲကြိုဆိုလျက်ပါ မိတ်ဆွေ။

💼 Digital Base မှ ရရှိနိုင်သော ဝန်ဆောင်မှုများ —

(1) Website Design Packages ( One Page and SMEs )

👉( သင့်လုပ်ငန်းအတွက် ခေတ်မီဆန်းသစ်ခြင်းနှင့်အတူ ဆွဲဆောင်မှုရှိပြီး စွမ်းဆောင်ရည်မြင့်မားသော ဝဘ်ဆိုဒ် ဒီဇိုင်းရေးဆွဲပေးသော ဝန်ဆောင်မှုများ )

(2) E-Commerce System Packages

👉 ( သင့်လုပ်ငန်း စျေးဆိုင်များအတွက် စိတ်ချရသော အွန်လိုင်း ရောင်းချရေးစနစ်များ ကိုယ့်ရဲ့ကုန်ပစ္စည်းများကို အွန်လိုင်းမှတဆင့် အမြို့မြိုအနယ်နယ်ရှိ ဝယ်ယူသူများထံသို့ 24/7 ဝယ်နိုင်ရန် အလိုအလျောက်ဝန်ဆောင်မှုပေးမည့် အွန်လိုင်းအရောင်းစနစ် ရေးဆွဲပေးသော ဝန်ဆောင်မှု )

(3) Learning Management System (LMS) Packages

👉 ( သင်တန်းကျောင်းများနှင့် ပညာရေးအတွက် စီမံခန့်ခွဲမှုစနစ်များ ရေးဆွဲပေးသော ဝန်ဆောင်မှုများ )

🚀သင့်လုပ်ငန်းအတွက် Custom Mobile Application‌ & Web Development တွေကို လုပ်ငန်းရှင်တို့ စိတ်ကြိုက် ရေးဆွဲပေးလို့ Digital Base မှ ကျွမ်းကျင်ပညာရှင်များနှင့်အတူ ပုံဖော်နိုင်ပါပြီ။ အရည်အသွေးမြင့်မားတဲ့ ဆော့ဖ်ဝဲလ်တည်ဆောက်မှုတွေနဲ့ လုပ်ငန်းကို ဒစ်ဂျစ်တယ်စနစ်ဆီ အောင်မြင်စွာ ကူးပြောင်းဖို့ဆိုရင် Digital Base ဆီသို့ ယုံကြည်စိတ်ချစွာ ဆက်သွယ်နိုင်ပါပြီ။

အသေးစိတ်ကို ‌သိလိုပါက ဖော်ပြပါ ဖုန်းလေး

☎️09 775999680 မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

"Fall seven times, stand up eight." — Japanese Proverb
28/09/2026

"Fall seven times, stand up eight."

— Japanese Proverb


"Programming isn't about what you know; it's about what you can figure out." ______Chris Pine
25/09/2026

"Programming isn't about what you know; it's about what you can figure out."

______Chris Pine


🆙လုပ်ငန်းခွင် ဆက်သွယ်ရေးကို ပိုမိုမြန်ဆန် စနစ်ကျစေမယ့် Slack🔗ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေမှာ မိမိတို...
23/09/2026

🆙လုပ်ငန်းခွင် ဆက်သွယ်ရေးကို ပိုမိုမြန်ဆန် စနစ်ကျစေမယ့် Slack

🔗ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေမှာ မိမိတို့ရဲ့လုပ်ငန်းစဉ်တွေကို အဆင်ပြေ ချောမွေ့စေရန် ချိတ်ဆက် ပြီး ဆောင်ရွက်လုပ်ကိုင်ကြတဲ့အခါမှာ နှောင့်နှေးကြန့်ကြာရတဲ့ အကြောင်းအရင်းတစ်ခုကတော့ လွယ်ကူမြန်ဆန်မှု မရှိစေတဲ့ ဆက်သွယ်ရေးစနစ် ( Internal Communication System ) ကြောင့်လည်း ဖြစ်ပါတယ်။ လုပ်ငန်းပေါင်းများစွာမှာလည်း တွင်ကျယ်စွာနဲ့ အသုံးပြုလာကြတဲ့ လုပ်ငန်းခွင်သုံး ဆက်သွယ်ရေး App တွေထဲမှ တစ်ခုကတော့ Slack ပဲ ဖြစ်ပါတယ်။ Viber, Telegram , Facebook , Messenger စတဲ့ Chat App တွေ နဲ့ တွဲဖက် ပြိုင်တူ အသုံးပြုတဲ့အခါ Vpn ချိတ်ဆက်မှု အခက်အခဲများစွာလည်း ရှိတတ်ပါတယ်။ ယနေ့ခေတ် Fast-paced ဖြစ်တဲ့ လုပ်ငန်းခွင်တွေမှာ အီးမေးလ်တွေနဲ့ အချိန်ကုန် လုပ်ငန်းမတွင်ကျယ် overload ဖြစ်နေတာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

💡Slack ကို စနစ်တကျ အသုံးပြုခြင်းဖြင့် အဖွဲ့အစည်း၏ သတင်းအချက်အလက် စီးဆင်းမှုကို ဘယ်လို ပိုမိုမြန်ဆန် စနစ်ကျသွားစေသလဲဆိုတဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

(1) Channels များဖြင့် ခေါင်းစဉ်အလိုက် စနစ်တကျ ခွဲခြားနိုင်ခြင်း

🟦 Slack မှာ သာမန် Group Chat တွေလို မဟုတ်ဘဲ Project အလိုက်၊ Department အလိုက် (ဥပမာ - , , ) ဆိုပြီး Channels တွေ သီးသန့် ခွဲခြားထားနိုင်ပါတယ်။ ဒါကြောင့် မိမိနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်အလိုက်ပဲ အာရုံစိုက် ဆွေးနွေးနိုင်ပြီး သတင်းအချက်အလက် ရောထွေးမှုကို ကာကွယ်ပေးပါတယ်။

(2) Thread Message စနစ်ဖြင့် အကြောင်းအရာအလိုက် သီးသန့် ပြန်လည်ဖြေကြားနိုင်ခြင်း

🟩 Main Chat ထဲမှာ စာတွေ တစ်ပြိုင်နက်တည်း တက်လာပြီး ရှုပ်ထွေးသွားခြင်း မရှိစေရန် မေးခွန်း သို့မဟုတ် ပို့စ်တစ်ခုချင်းစီ၏ အောက်တွင် Thread ဖွင့်၍ သီးသန့် အကြောင်းပြန်နိုင်ပါတယ်။ ဒါကြောင့် မေးခွန်းတစ်ခုရဲ့ အဖြေနဲ့ ဆွေးနွေးချက်များကို လိုအပ်သည့်အချိန်တွင် လွယ်ကူစွာ ပြန်လည်ရှာဖွေနိုင်ပါတယ်။

(3) စက်ပစ္စည်း/Tools ပေါင်းများစွာနှင့် တိုက်ရိုက် ချိတ်ဆက်နိုင်ခြင်း

🟧 Slack ရဲ့ အကြီးမားဆုံး အားသာချက်ကတော့ Google Drive, Trello, GitHub, Zoom, Figma နဲ့ Jira စတဲ့ လုပ်ငန်းခွင်သုံး App ပေါင်းများစွာနဲ့ တိုက်ရိုက် ချိတ်ဆက် (Integrate) လို့ ရတာပဲ ဖြစ်ပါတယ်။ ဥပမာ - GitHub မှာ Code Commit လုပ်လိုက်တာ သို့မဟုတ် Trello မှာ Task တစ်ခု ပြီးသွားတာနဲ့ Slack Channel ထဲမှာ Notification အလိုအလျောက် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

(4) အစွမ်းထက်သည့် Search & File Sharing စနစ်

🟨 Slack တွင် ပေးပို့ထားသည့် စာတိုများ၊ Upload တင်ထားသည့် Documents နဲ့ Images များကို Keyword ရိုက်ထည့်ရုံဖြင့် စက္ကန့်ပိုင်းအတွင်း တိကျစွာ ပြန်လည် ရှာဖွေနိုင်ပါတယ်။ File Size အကန့်အသတ်မရှိ သက်တောင့်သက်သာ မျှဝေနိုင်သည့်အတွက် လုပ်ငန်းခွင် အဆင်ပြေမှုကို များစွာ အထောက်အကူပြုပါတယ်။

🤝Slack လိုမျိုး ခေတ်မီ ဆက်သွယ်ရေးနဲ့ စီမံခန့်ခွဲမှု Tools တွေကို စနစ်တကျ အသုံးပြုခြင်းဟာ လုပ်ငန်းခွင် ရဲ့ working process ကို အဆမတန် မြှင့်တင်ပေးနိုင်ပါတယ်။

🚀သင့်လုပ်ငန်းမှာလည်း အချင်းချင်း ချိတ်ဆက်ရလွယ်ကူပြီး အလိုအလျောက် လည်ပတ်နိုင်မယ့် အဆင့်မြင့် Website, Mobile Application နဲ့ Custom Business Automation Systems များကို စနစ်တကျ ဖန်တီးတည်ဆောက်လိုပါက Digital Base ရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

📌Packages ဝန်ဆောင်မှုအသေးစိတ်ကို ဖော်ပြပါ လင့်ခ်လေးကနေလည်း ဖတ်ရှုနိုင်ပါတယ်။

👉 https://www.facebook.com/share/p/1FmLEZSRC3/

အသေးစိတ်ကို ‌သိလိုပါက ဖော်ပြပါ ဖုန်းလေး

☎️09 775999680 မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်‌ဗျာ။

"Believe you can and you're halfway there." — Theodore Roosevelt
21/09/2026

"Believe you can and you're halfway there."

— Theodore Roosevelt


Address

MICT Park, Building 15, 3rd Floor
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959775999680

Alerts

Be the first to know and let us send you an email when Digital Base posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Base:

Shortcuts

Share