Digital Base

Digital Base We Design, Develop, Deliver delightful digital products & experiences

လုပ်ငန်းများ နည်းပညာကိုအသုံးပြုပြီး ပိုမိုလွယ်ကူချောမွေ့စေရန် နဲ့ ပိုမိုတိုးတက်စေရန်မှာ Digital Base ရဲ့ Mission ဖြစ်ပါတယ်။

" What new technology does is create new opportunities to do a job that customers want done. " Tim O’Reilly-------------...
06/06/2026

" What new technology does is create new opportunities to do a job that customers want done. "

Tim O’Reilly
-----------------------
အသစ်သစ်သော နည်းပညာများဟာ အသုံးပြုသူ
( customers ) များ၏ လိုချင်သည့်အလုပ်တစ်ခုကို လုပ်ဆောင်ပေးရန်အတွက် အခွင့်အလမ်းအသစ်တွေကို ဖန်တီးပေးပါတယ်။

Tim O’Reilly

🖥️ နည်းပညာခေတ်မှာ ကျွန်တော်တို့ " Server " ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးကြမှာပါ။ 📎Server ဆိုတာ ဘာလဲ။ ဘယ်လို အလုပ်လုပ်သ...
03/06/2026

🖥️ နည်းပညာခေတ်မှာ ကျွန်တော်တို့ " Server " ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးကြမှာပါ။

📎Server ဆိုတာ ဘာလဲ။ ဘယ်လို အလုပ်လုပ်သလဲ
ဆိုတာကို အလွယ်ကူဆုံး ဥပမာတွေနဲ့ ရှင်းပြပေးချင်
ပါတယ်။

Server ဆိုတာ "အချက်အလက်တွေကို သိမ်းဆည်းပေးပြီး တောင်းဆိုလာတဲ့ ဝန်ဆောင်မှုတွေကို (၂၄) နာရီ ပြန်လည်ပေးပို့ပေးတဲ့ အထူးပြုကွန်ပျူတာ" ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ Facebook ၊ Youtube ၊ Tiktok နဲ့ အခြားသော Websites တွေဟာ
ကမ္ဘာ့တစ်နေရာမှာရှိတဲ့‌Serve‌rတွေအပေါ်မှာ သိမ်းဆည်းထားကြပါတယ်။

ဥပမာအားဖြင့် - သင်က စားသောက်ဆိုင်တစ်ဆိုင်ကို သွားတဲ့အခါ သင့်ဆီကို Order လာယူပြီး စားစရာတွေ ပြန်ချပေးတဲ့ (Waiter) နဲ့ တူပါတယ်။ (Client) က တစ်ခုခုကို တောင်းဆိုတဲ့အခါ (24) နာရီမပြတ် Server က အဲဒီတောင်းဆိုမှုကို ရှာဖွေပြီး သင့်ဆီ ပြန်ပို့ပေးတာပါ။

Serve‌r များမှာလည်း အမျိုးအစားများစွာ ရှိပါတယ်။

✅Types of Servers

(1) Web Server
(2) Mail Server
(3) Database Server
(4) Application Server
(5) DNS Server
(6) Proxy Server
(7) Game Server
(8) File Server
(9) FTP Server
(10) Cloud Server စသဖြင့် အမျိုးအစားများစွာ ရှိပါတယ်။

📎Server အမျိုးအစားများစွာထဲက အသုံးအများဆုံး (၃) မျိုးရှိပါတယ်။

💼လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါ အများဆုံးသုံးလေ့ရှိတဲ့ Server အမျိုးအစားတွေကတော့ -

(1) Web Server : သင့်လုပ်ငန်းရဲ့ Website အချက်အလက်တွေကို သိမ်းဆည်းပေးပြီး လူတွေ ဝင်ကြည့်တဲ့အခါ Website ပေါ်လာအောင် လုပ်ဆောင်ပေးပါတယ်။

(2) Mail Server : ကုမ္ပဏီအတွင်း Email ပေးပို့ခြင်း၊လက်ခံခြင်းနဲ့ သိမ်းဆည်းခြင်းတွေကို တာဝန်ယူပါတယ်။

(3) Database Server : လုပ်ငန်းရဲ့ အရေးကြီးတဲ့ User Datas တွေ၊ အရောင်းစာရင်းတွေနဲ့ ဖိုင်တွဲ စတာတွေကို စနစ်တကျ သိမ်းဆည်းပေးတဲ့ နေရာဖြစ်ပါတယ်။

👨🏼‍💻Server နဲ့ ပက်သက်ပြီး ဗဟုသုတတစ်ခုအနေဖြင့် ရစေဖို့ရာ ရည်ရွယ်ပြီး ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Why not you ?  Decision Maker is “ You “.လူအများစုရဲ့ အတွေးတွေထဲမှာ ကြောက်ရွံ့နေတတ်တဲ့အရာတစ်ခု ရှိပါတယ်။အဲ့ဒီအရာဟာ ဘာလဲလ...
03/06/2026

Why not you ? Decision Maker is “ You “.

လူအများစုရဲ့ အတွေးတွေထဲမှာ ကြောက်ရွံ့နေတတ်
တဲ့အရာတစ်ခု ရှိပါတယ်။အဲ့ဒီအရာဟာ ဘာလဲလို့
မေးတဲ့အခါ ကိုယ်အစီအစဉ်ချထားတဲ့ အစီအစဉ်များအတွက် " မဖြစ်နိုင်ပါဘူး " " မလုပ်နိုင်ဘူး "ဆိုတဲ့ အတွေးတစ်ခုပဲ ဖြစ်ပါတယ်။

သင့်မှာ စဉ်းစားတွေးခေါ်နိုင်ပြီး တီထွင်ဖန်တီးနိုင်စွမ်း
ရှိတဲ့ ဦးနှောက်တစ်ခုကို ပိုင်ဆိုင်ထားပါတယ်။
သင်ကိုယ်တိုင် ဆုံးဖြတ်ချက်တွေကို လွတ်လပ်စွာ ချမှတ်ဆုံးဖြတ်နိုင်ပြီး အစီအစဉ်တွေကိုလည်း လက်တွေ့ အပြည့်အဝ အကောင်ထည်ဖော်လုပ်ဆောင်နိုင်ပါတယ်။

လေ့လာ၊သင်ယူမှုတွေကိုလည်း အချိန်မရွေး၊အကန့်အသတ်မရှိ လွယ်ကူစွာလေ့လာသင်ယူနိုင်လို့ သင်ရွေးချယ်ထားတဲ့ အစီအစဉ်၊လမ်းကြောင်းတို့အတွက် များစွာ အထောက်အကူပြုနိုင်ပါတယ်။

သင်ချမှတ်ထားသည့် အစီအစဉ်တို့အတွက် မဖြစ်နိုင်ဘူး၊မလုပ်နိုင်ဘူး ဆိုတဲ့ အတွေးအမြင်တွေကို ဖယ်ထုတ်ထားလိုက်ပါ။

သင့်ရဲ့ အစီအစဉ်များအတွက် ကောင်းမွန်အဆုံးအဖြတ်ပေးနိုင်မည့်သူက "သင်" ကိုယ်တိုင် ဖြစ်လို့ မိမိအစီအစဉ်များအပေါ် ယုံကြည်မှုအပြည့်ထားပြီး ဆောင်ရွက်လုပ်ကိုင်လိုက်ပါ မိတ်ဆွေ .......။

🍃 Welcome to "June ".Time to recharge for the new month ..... !Let's welcome June with some joy and good vibes ..... !🍃 ...
01/06/2026

🍃 Welcome to "June ".
Time to recharge for the new month ..... !
Let's welcome June with some joy and
good vibes ..... !

🍃 စိမ်းလန်းစိုပြည်ခြင်း၊သစ်လွင်တောက်ပခြင်း၊
မြေသင်းရနံ့တို့ နှင့် မွှေးပျံ့နေခြင်း စသည့် အလှတရားများ နှင့် ပြည့်စုံလွန်းလှသည့် မိုးဦးအစ "ဇွန်လရာသီ" လေးမှာ အားအင်အပြည့်ဖြင့် စတင်ပြီး ပျော်ရွှင်ခြင်းများနှင့်အတူတကွ ဖြတ်သန်းလိုက်ကြရအောင် မိတ်ဆွေတို့ .....

၂၀၂၆ ခုနှစ်၊ မေလ ၊၂၈ရက် ( ကြာသပတေးနေ့ )သည်အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ " အီဒွလ်အဿွ်ဟာ(ကုရ်ဗာနီအီးဒ်)နေ့ " ဖြစ်ပါ...
28/05/2026

၂၀၂၆ ခုနှစ်၊ မေလ ၊၂၈ရက် ( ကြာသပတေးနေ့ )သည်
အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ
" အီဒွလ်အဿွ်ဟာ(ကုရ်ဗာနီအီးဒ်)နေ့ " ဖြစ်ပါသည်၊၊

အဆိုပါနေ့တွင် ကမ္ဘာတစ်ဝန်းရှိ အစ္စလာမ်ဘာသာဝင်များနှင့်အတူ ပြည်သူ၊ပြည်သားများ အားလုံး စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ချမ်းသာခြင်း နှင့် ပြည့်စုံကြပါစေကြောင်း
" Digital Base " မိသားစု မှ ဆုမွန်ကောင်းတောင်းပေး
အပ်ပါသည်၊၊

ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာဖို.....သင့်လုပ်ငန်းမှာ ရှိပြီးသား "Data" တွေကို ဘယ်လို အသုံးချမလဲ?" ခေတ်သစ် စီးပွားရေးလောက...
27/05/2026

ပြိုင်ဘက်တွေထက် ခြေတစ်လှမ်းသာဖို.....
သင့်လုပ်ငန်းမှာ ရှိပြီးသား "Data" တွေကို ဘယ်လို အသုံးချမလဲ?

" ခေတ်သစ် စီးပွားရေးလောကမှာ Data ဟာ ရွှေလို တန်ဖိုးရှိပါတယ် "

ကိုယ့်ဆိုင်ကို လာသမျှ လူတွေရဲ့ စိတ်ကြိုက်၊ ဝါသနာနဲ့ ဝယ်ယူတဲ့ ပုံစံတွေကို မှတ်တမ်းတင်ထားတဲ့ "Data" သင့်မှာ ရှိနေတယ်ဆိုရင် ဘယ်လောက်တောင် အလုပ်တွင်သွားမလဲ?

၂၀၂၆လို ဒစ်ဂျစ်တယ်ခေတ်မှာ ဒါဟာ စိတ်ကူးယဉ်စရာ မဟုတ်တော့ပါဘူး။

Data Analytics & Big Data ( အချက်အလက် စိစစ်သုံးသပ်ခြင်း ) နည်းပညာက သင့်အတွက်အလုပ်လုပ်ပေးမှာပါ။

🔍 Data Analytics & Big Data က ဘယ်လို အလုပ်လုပ်တာလဲ?

- သင့်ရဲ့ စီးပွားရေး ဝဘ်ဆိုဒ် (Website) ဒါမှမဟုတ်
မိုဘိုင်းလ်အက်ပ် (Mobile App) ပေါ်မှာ Customer တွေ ဘယ်နေရာတွေကို ပိုနှိပ်ကြည့်နေလဲ?
- ဘယ်ပစ္စည်းတွေကို စိတ်ဝင်စားမှု အများဆုံး
ဖြစ်နေလဲ?
- ဘယ်နေ့၊ ဘယ်အချိန်တွေမှာ အဝယ်ဆုံးဖြစ်နေလဲ?
စသည့် အချက်အလက် (Data) တွေကို စနစ်ကနေ အလိုအလျောက် သိမ်းဆည်းပေးပြီး၊ နားလည်ရလွယ်ကူတဲ့ ဇယားတွေ၊ Graph တွေအဖြစ်
ခွဲခြမ်းစိတ်ဖြာ ချပြပေးတာ ဖြစ်ပါတယ်။

💡 ဒါဟာ လုပ်ငန်းရှင်တစ်ယောက်အတွက်

၁။ ရောင်းအားကောင်းမယ့် ပစ္စည်းကို ကြိုသိနိုင်မယ်။ Customer တွေရဲ့ အကြိုက်ကို တိတိကျကျ သိသွားတဲ့အတွက် ဘယ်ပစ္စည်းတွေကို ပိုပြီး Stocks သွင်းရမလဲ၊ ဘယ်ပစ္စည်းကို ပိုတွန်းရမလဲဆိုတာ ကြိုတင် ခန့်မှန်းနိုင်ပါတယ်။

၂။ မှန်းဆချက်တွေနဲ့ ဆုံးဖြတ်ခြင်းကို ရပ်တန့်နိုင်မယ်။ "ဒီပစ္စည်းတော့ ရောင်းရမှာပဲ" ဆိုပြီး ရမ်းသန်း ဆုံးဖြတ်မယ့်အစား တကယ့် အချက်အလက်အစစ်အမှန် (Data-driven Decision) ပေါ် မူတည်ပြီး ဘတ်ဂျက်တွေကို
ထိထိရောက်ရောက် သုံးစွဲနိုင်ပါတယ်။

၃။ ထိရောက်တဲ့ မားကတ်တင်း ဗျူဟာ ချနိုင်မယ်။ ဝယ်ယူသူတွေရဲ့ အပြုအမူကို သိတဲ့အတွက် အချိန်ကိုက် Discount ချတာမျိုး၊ ကိုက်ညီတဲ့ Promotion ပေးတာမျိုးကို ပြုလုပ်ပြီး ရောင်းအားကို အဆမတန်မြှင့်တင် နိုင်ပါတယ်။ စီးပွားရေးလောကမှာ "အချက်အလက် လက်ဦးမှုရသူကသာ ဈေးကွက်ကို စိုးမိုးနိုင်တာ"
ဖြစ်ပါတယ်။

သင့်လုပ်ငန်းမှာနေ့စဉ် ရှိနေတဲ့ အဖိုးတန် ဒေတာတွေကို အလဟဿ အဆုံးရှုံးမခံပါနဲ့။ နည်းပညာကို အသုံးချပြီး လုပ်ငန်းရဲ့ စီးပွားရေးဗျူဟာကို စနစ်တကျ အဆင့်မြှင့်တင်ဖိုအတွက် Digital Baseနဲ့ ဆက်သွယ်တိုင်ပင်လိုက်ပါဗျာ။

"Data-driven Business အဖြစ် ပြောင်းလဲဖို ယနေ့ပဲ Digital Base နဲ့ ချိတ်ဆက်လိုက်ပါ "

သင့်လုပ်ငန်းအတွက် Mobile App တစ်ခု တည်ဆောက်တဲ့အခါ Native နဲ့ Cross-Platform ဘယ်အရာကို ရွေးချယ်မလဲ? လုပ်ငန်းသုံး Mobile A...
20/05/2026

သင့်လုပ်ငန်းအတွက် Mobile App တစ်ခု တည်ဆောက်တဲ့အခါ Native နဲ့ Cross-Platform ဘယ်အရာကို ရွေးချယ်မလဲ?

လုပ်ငန်းသုံး Mobile Application တစ်ခုကို စတင်အကောင်အထည်ဖော်တော့မယ်ဆိုရင် လုပ်ငန်းရှင်အများစု အမေးများဆုံးမေးခွန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ "Native အသုံးပြုမလား၊ Cross-Platform ကို ရွေးမလား" ဆိုတာပါပဲ။

ဒီစနစ်နှစ်ခုလုံးမှာ လူကြီးမင်းတို့ လုပ်ငန်းရဲ့ မဟာဗျူဟာအပေါ်မူတည်ပြီး ကွဲပြားတဲ့ အားသာချက် ကိုယ်စီရှိနေပါတယ်။

⚡ 1. Native App Development (Faster, more customizable)

iOS (Swift) သို့မဟုတ် Android (Kotlin) အတွက် သီးသန့်စီ တည်ဆောက်ရတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

✅ Faster & Smoother: ဖုန်းရဲ့ Hardware စနစ်တွေနဲ့ တိုက်ရိုက်အလုပ်လုပ်တဲ့အတွက် ပိုမိုမြန်ဆန်ပြီး အဆင်ပြေချောမွေ့တဲ့ User Experience ကို ပေးစွမ်းနိုင်ပါတယ်။

✅ More Customizable: လုပ်ငန်းလိုအပ်ချက်အရ ရှုပ်ထွေးတဲ့ Features တွေ၊ UI/UX Design ဆန်းဆန်းတွေကို စိတ်ကြိုက်ပြောင်းလဲဖန်တီးနိုင်စွမ်း (High Customization) လည်း ရှိပါတယ်။

⏳ 2. Cross-Platform Development (Faster Development Time, Easier Management)

Code တစ်ကြိမ်ရေးရုံရုံနဲ့ iOS ကော Android မှာပါ တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့ စနစ် (ဥပမာ - Flutter, React Native) တစ်ခုဖြစ်ပါတယ်။

📌 Faster Development Time: Code တစ်ခုတည်းကိုပဲ စနစ်နှစ်ခုလုံးမှာ သုံးနိုင်တဲ့အတွက် App ထွက်ရှိမယ့်အချိန် (Time-to-Market) ကို သိသိသာသာ လျှော့ချပေးနိုင်ပြီး ဈေးကွက်ထဲကို အမြန်ဆုံး ဝင်ရောက်ထိုးဖောက်နိုင်ပါတယ်။

📌 Easier Management: Platform နှစ်ခုလုံးအတွက် Codebase တစ်ခုတည်းနဲ့တင် ထိန်းသိမ်းနိုင်တဲ့အတွက် ရေရှည် စီမံခန့်ခွဲရလွယ်ကူပြီး ကုန်ကျစရိတ်ကိုလည်း အထူးသက်သာစေပါတယ်။

မှန်ကန်တဲ့ ရွေးချယ်မှုက လုပ်ငန်းရဲ့ နည်းပညာ ရင်းနှီးမြှုပ်နှံမှု (ROI) ကို အကောင်းဆုံး ဖြစ်စေပါတယ်။

📈 Digital Base မှာဆိုရင် လူကြီးမင်းတို့ရဲ့ လုပ်ငန်းအမျိုးအစား၊ ရည်မှန်းချက်များနဲ့ အကိုက်ညီဆုံးဖြစ်မယ့် စနစ်ကို သေသေချာချာတွက်ချက်ပြီး Custom Mobile App များ တည်ဆောက်ပေးလျက် ရှိပါတယ်။

📲 ဒါကြောင့် သင့်လုပ်ငန်းအဆင့်မြှင့်တင်ရန်အတွက် အကောင်းဆုံး Tech Partner ကို ရှာဖွေနေတယ်ဆိုရင် Digital Base နဲ့ ဆက်သွယ်တိုင်ပင်လိုက်ပါဗျာ။

ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို အိမ်ရှင်က ဧည့်ဝတ်ကျေပွန်အောင် ဧည့်ခံရသလိုမျိုး၊ Customer တိုင်းကိုလည်း စိတ်ချမ်းသာမှု အပြည့်အဝပ...
18/05/2026

ကိုယ့်ဆီလာတဲ့ ဧည့်သည်ကို အိမ်ရှင်က ဧည့်ဝတ်ကျေပွန်အောင် ဧည့်ခံရသလိုမျိုး၊ Customer တိုင်းကိုလည်း စိတ်ချမ်းသာမှု အပြည့်အဝပေးနိုင်ဖို့ ကျွန်တော်တို့က အမြဲတမ်း အဆင်သင့်ရှိနေရပါမယ်။

~Jeff BeZos

"Our industry does not respect tradition, it only respects innovation"~ Satya Nadella (Microsoft CEO)
11/05/2026

"Our industry does not respect tradition, it only respects innovation"

~ Satya Nadella (Microsoft CEO)

ဒီနေ့ မေလ (၁၀) ရက်နေ့ဟာ သက်ရှိအားလုံးရဲ့ ဘဝစာမျက်နှာတွေကို မေတ္တာတရားတွေနဲ့ လှပအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တို့ကို ဂုဏ်ပြ...
10/05/2026

ဒီနေ့ မေလ (၁၀) ရက်နေ့ဟာ သက်ရှိအားလုံးရဲ့ ဘဝစာမျက်နှာတွေကို မေတ္တာတရားတွေနဲ့ လှပအောင် ဖန်တီးပေးခဲ့တဲ့ မိခင်တို့ကို ဂုဏ်ပြုသော နေ့လေးပဲ ဖြစ်ပါတယ်။

ဒီလိုထူးမြတ်တဲ့နေ့လေးမှာ ကမ္ဘာပေါ်မှာရှိတဲ့ မေမေများအားလုံး ဘေးရန်ကင်းကွာလို့ လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း Digital Base မှ ရိုသေလေးစားစွာဖြင့် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Address

MICT Park, Building 15, 3rd Floor
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959775999680

Alerts

Be the first to know and let us send you an email when Digital Base posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Base:

Share